← Chapters

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း (၂၉၁) ကျိုးယွမ် ဒုတိယမီးကို စတင်ရန် ပြင်ဆင်ခြင်း

အချိန်တိုလေးအတွင်းမှာပင် တိုက်ခိုက်နေသော နှစ်ဖက်စလုံးသည် ကွဲကွာသွားကြသော်လည်း သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ချိန်၌ သူတို့၏ မျက်လုံးများတွင် မုန်းတီးမှုများ ပြည့်နှက်နေလေ၏။

ကျိုးယွမ်သည် အဝေးတွင် ရပ်နေပြီး ရလဒ်အတွက် အံ့အားသင့်ခြင်း မရှိချေ။ သူ၏ နှုတ်ခမ်းများတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာလေ၏။ ဤသည်မှာ အစသာ ရှိသေးသည်။ အစစ်အမှန် ပြဇာတ်က လာဦးမည် ဖြစ်သည်။

"ပြောစမ်း... အတိအကျ ဘာတွေ ဖြစ်ခဲ့တာလဲ"

ချိုးကျန်းအန်း က မျက်နှာမည်းမှောင်နေကာ ချိုးဟယ်ကို ခေါ်လိုက်သည်။

ဤအခိုက်အတန့်တွင် ချိုးမိသားစု၏ အဆောက်အအုံ အများအပြားသည် မြေပြင်နှင့် တစ်ပြေးညီ ဖြစ်သွားပြီဖြစ်ပြီး ကြီးမြတ်သော မိသားစုကြီး တစ်ခု၏ ခမ်းနားကြီးကျယ်မှု အရိပ်အယောင်မျှ မရှိတော့ချေ။

ထို့ပြင် ချိုးမိသားစုသည် သန္ဓေတည်ဝိညာဉ်အဆင့် အကြီးအကဲ သုံးဦးကို ဆုံးရှုံးလိုက်ရသဖြင့် သူတို့၏ အင်အားမှာ အလွန်အမင်း လျော့ကျသွားလေပြီ။

စွန်းမိသားစုသည်လည်း သန္ဓေတည်ဝိညာဉ်အဆင့် အကြီးအကဲ တစ်ဦးကို ဆုံးရှုံးခဲ့သော်လည်း ချိုးမိသားစု၏ ဆုံးရှုံးမှုများနှင့် ယှဉ်လျှင် အနည်းငယ်မျှသာ ဖြစ်လေသည်။

ချိုးဟယ်၏ မျက်လုံးများတွင် လူသတ်လိုသော အရောင်များ ဖြတ်ပြေးသွားလေ၏။ ဤအခိုက်အတန့်တွင် သူသည် စွန်းမိသားစုကို အူလှိုက်သည်းလှိုက် မုန်းတီးနေလေပြီ။

သို့သော် ချိုးဟယ် သည် ဘိုးဘေးအား မည်သည့်အရာကိုမျှ မဖုံးကွယ်ရဲဘဲ ဇာတ်လမ်းစအဆုံး ပြောပြလိုက်ရာ ချိုးကျန်းအန်း၏ မျက်နှာမှာ မည်းသွားလေ၏။

ဤကိစ္စတွင် ချိုးမိသားစုသည် သေချာပေါက် မှားယွင်းနေလေ၏။

"ဘာလို့ အဲ့ဒီတိရစ္ဆာန်ကောင်ကို လွှတ်ပေးလိုက်ရတာလဲ"

ချိုးကျန်းအန်း သည် ချိုးဟယ်ကို အလွန် ဆိုးရွားသော အမူအရာဖြင့် ကြည့်လိုက်လေ၏။

ချိုးဟယ် လည်း တိတ်ဆိတ်သွားလေ၏။ ဤကိစ္စနှင့် ပတ်သက်၍ သူ လုံးဝ ဇဝေဇဝါ ဖြစ်နေဆဲပင်။

ထိုအချိန်တွင် နောက်ထပ် အဘိုးအို လေးဦး ပေါ်လာပြီး အားလုံးသည် ကောင်းကင်တံခါးအဆင့် ကျင့်ကြံမှုကို ပြသထားကြလေ၏။

ဤလူလေးဦးမှာ ဟန်၊ လျို၊ ကျန်း နှင့် လျန် မိသားစုများမှ ဘိုးဘေးများ ဖြစ်ကြသည်။

ဤဘိုးဘေး လေးဦးအနက် ဟန်မိသားစု ဘိုးဘေးမှာ ကျင့်ကြံမှုအဆင့် အမြင့်ဆုံးဖြစ်ပြီး ကောင်းကင်တံခါးအဆင့် နှောင်းပိုင်းတွင် ရှိလေသည်။ ဤအကြောင်းရင်းကြောင့် ဟန်မိသားစုကို တန်ယန်မြို့ ၏ အမှတ် ၁ မိသားစုအဖြစ် လူသိများကြသည်။

လျို၊ ကျန်း နှင့် လျန် ဘိုးဘေးသုံးဦးအနက် လျန်မိသားစု ဘိုးဘေးမှာ ကောင်းကင်တံခါးအဆင့် အစောပိုင်းအဆင့်ဖြစ်ပြီး အခြား ဘိုးဘေး နှစ်ဦးမှာ ကောင်းကင်တံခါးအဆင့် အလယ်အလတ်အဆင့် ဖြစ်ကြသည်။

"တာအိုမိတ်ဆွေ ချိုး... တာအိုမိတ်ဆွေ စွန်း... ဒီကိစ္စကို ထိုင်ပြီး ဆွေးနွေးကြရအောင်... ဘာလို့ ဒီလောက်တောင် ရုတ်ရုတ်သဲသဲ လုပ်နေရတာလဲ"

ဟန်မိသားစု၏ ဘိုးဘေးက ပြုံးလျက် ပြောဆိုလိုက်ပြီး အခြားသူများကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြလေ၏။

ချိုးမိသားစု ဘိုးဘေး၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေ၏။ ဤလူအိုကြီးများ၏ စိတ်ထဲတွင် ရှိနေသော ယုတ်မာသည့် အတွေးများကို သူ သိသည်။

အကယ်၍ သူတို့သာ အမှန်တကယ် တားဆီးချင်ခဲ့ပါက အစောကြီးကတည်းက ထွက်လာနိုင်ခဲ့ပေသည်။ ဘာကြောင့် အခုချိန်ထိ စောင့်နေရတာလဲ။

တန်ယန်မြို့ရှိ ကြီးမြတ်သော မိသားစု ၆ ခုသည် အပြင်ပန်းတွင် စည်းလုံးညီညွတ်သော်လည်း အတွင်းပိုင်း ပြိုင်ဆိုင်မှုများမှာ အလွန် ပြင်းထန်လှပေသည်။

ချိုးမိသားစုနှင့် စွန်းမိသားစုကြားမှ စစ်ပွဲသည် နှစ်ဖက်စလုံးကို သေချာပေါက် အားနည်းသွားစေမည်ဖြစ်ပြီး အခြား မိသားစု လေးခုကို အကျိုးအမြတ် ဖြစ်စေမည် ဖြစ်သည်။

ကြီးမြတ်သော မိသားစု ၆ ခုကြားမှ လက်ထပ်မှုများနှင့် ပတ်သက်၍မူ သူတို့ နှစ်ဦးစလုံးက အလေးအနက် မထားခဲ့ကြချေ။

‘လက်ထပ်ပြီးသား သမီးဆိုတာ ဖိတ်ကျသွားတဲ့ ရေလိုပဲ... ပြန်ယူလို့ မရဘူးလေ’

သို့သော် ယခုအချိန်တွင် ချိုးမိသားစုနှင့် စွန်းမိသားစုတို့သည် ဆက်လက် မတိုက်ခိုက်နိုင်တော့ချေ။ မဟုတ်ပါက မိသားစု နှစ်ခုစလုံးသည် ခွန်အား အကြီးအကျယ် ဆုံးရှုံးရပေလိမ့်မည်။

"တာအိုမိတ်ဆွေ စွန်း... ဒီကိစ္စကို အရင် ဆွေးနွေးကြမလား"

ချိုးကျန်းအန်း သည် စွန်းဝေ့ခယ်ကို ကြည့်ပြီး ပြောဆိုလိုက်လေ၏။

စွန်းဝေ့ခယ် သည် စွန်းမိသားစုဝင်များကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်လေ၏။

ကြီးမားသော တိုက်ပွဲကြီးသည် ယာယီ အဆုံးသတ်သွားပြီး စွန်းဇယ် ဦးဆောင်သော စွန်းမိသားစုဝင်များသည် ချိုးမိသားစုမှ ထွက်ခွာသွားကြလေ၏။

ချိုးမိသားစု၏ ဖရိုဖရဲ အခြေအနေကို ကြည့်ရင်း အလောင်းပင် ရှာမတွေ့ခဲ့ရသော သူ၏ ဒုတိယသား ချိုးကွမ် ကို တွေးမိကာ ချိုးဟယ် သည် စွန်းမိသားစုအပေါ် လွှမ်းမိုးနေသော မုန်းတီးမှုကို ခံစားလိုက်ရလေ၏။

"ဒီကိစ္စက ဒီလောက် အလွယ်တကူ ပြီးသွားမှာ မဟုတ်ဘူး... စွန်းမိသားစုကို မျိုးဖြုတ်ပစ်ရမယ်"

ထိုအခိုက်အတန့်တွင် ချိုးဟယ် သည် ဆုံးဖြတ်ချက်ချလိုက်လေ၏။

ဟန်၊ ချိုး၊ လျို၊ ကျန်း၊ လျန် နှင့် စွန်း မိသားစုများမှ အကြီးအကဲ ခြောက်ဦးသည် တစ်ချိန်တည်းတွင် ကိစ္စကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကို သဘာဝကျကျ ဆွေးနွေးရန် ထွက်ခွာသွားကြသည်။

ကြည့်ရှုနေသူများမှာ အတော်လေး စိတ်ပျက်သွားကြလေ၏။ သူတို့သည် စွန်းမိသားစုနှင့် ချိုးမိသားစုတို့ ဆက်လက် တိုက်ခိုက်ပြီး လူပိုများများ သေဆုံးရန် မျှော်လင့်နေခဲ့ကြသည်။

အကောင်းဆုံးမှာ ချိုးမိသားစု ဘိုးဘေးနှင့် စွန်းမိသားစု ဘိုးဘေးတို့ကြား စစ်ပွဲဖြစ်ပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရကာ နောက်တစ်ဦး သေဆုံးသွားခြင်း ဖြစ်သည်။

ဤနည်းအားဖြင့် သူတို့သည် အတူတကွ ထကြွပြီး စွန်းမိသားစု သို့မဟုတ် ချိုးမိသားစုကို ခွဲဝေယူနိုင်မည် ဖြစ်သည်။

ကံမကောင်းစွာဖြင့် တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်လိုက်ရလေ၏။

ကျိုးယွမ်က အနည်းငယ် ပြုံးလိုက်လေ၏။ မိသားစု နှစ်ခုကြားမှ စစ်ပွဲကို သူ ဘယ်လိုလုပ် ရပ်တန့်ခွင့် ပေးနိုင်မှာလဲ။ ဒါကို ပိုပြီး ပြင်းထန်လာအောင် လုပ်ရမည်။

သို့သော် သူသည် ပြန်သွားပြီး ပြင်ဆင်မှုအချို့ ပြုလုပ်ရန် လိုအပ်ပြီး ကျန်ရှိနေသော မိသားစု လေးခုကိုလည်း တဖြည်းဖြည်း သွေးထိုးပေးရန် လိုအပ်ပေသည်။ သို့မှသာ စစ်ပွဲသည် ပိုမို စိတ်လှုပ်ရှားဖွယ် ဖြစ်လာမည် ဖြစ်သည်။

တန်ယန်မြို့သည် ယနေ့ညတွင် အလွန် စည်ကားနေလေ၏။ ချိုးမိသားစုနှင့် စွန်းမိသားစုတို့၏ နေ့ခင်းဘက် တိုက်ပွဲသည် တန်ယန်မြို့ရှိ လူတိုင်းအတွက် ဆွေးနွေးစရာ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့လေပြီ။

"ချိုးမိသားစုရဲ့ တတိယသခင်လေး က တော်တော်လေး ထူးခြားတဲ့သူပဲ... သူက ထွက်သွားရုံပဲ ထွက်သွားတာ... ချိုးမိသားစုကတော့ တကယ် ဒုက္ခရောက်နေပြီ"

"ဟားဟား... ဟုတ်တယ်... ချိုးမိသားစုက သန္ဓေတည်ဝိညာဉ်အဆင့် အကြီးအကဲ သုံးဦး ဆုံးရှုံးလိုက်ရတော့ သူတို့ရဲ့ အင်အား အများကြီး လျော့ကျသွားပြီ"

"ချိုးမိသားစု ဘိုးဘေး နဲ့ စွန်းမိသားစု ဘိုးဘေး တို့ကြားက ဆွေးနွေးပွဲက ဘယ်လို အခြေအနေ ရှိလဲမသိဘူး... သူတို့ စစ်တိုက်တာ တွေ့ရခဲတယ်... ဒီတိုင်း ပြီးသွားရင်တော့ နှမြောစရာကြီး"

"ရပ်သွားမယ်လို့ မထင်ဘူး... ချိုးမိသားစုရဲ့ ဒုတိယသခင်လေး အသတ်ခံလိုက်ရတာ... သူက ချိုးမိသားစု ခေါင်းဆောင်ရဲ့ အသည်းနှလုံးပဲ"

"နှစ်ဖက်စလုံး ဆိုးဆိုးရွားရွား အထိနာရင် ပိုမကောင်းဘူးလား... အဲ့ဒါဆိုရင် ငါတို့လို မိသားစုငယ်လေးတွေအတွက် အခွင့်အရေး ပိုရလာမှာပေါ့"

ကျိုးယွမ်သည် ပတ်ဝန်းကျင်မှ ဆွေးနွေးမှုများကို အမူအရာ ကင်းမဲ့စွာ နားထောင်နေသော်လည်း ဘာတွေ ဖြစ်နေသလဲဆိုတာကို သူ သိနေလေ၏။

တန်ယန်မြို့ရှိ အခြားသော ထင်ရှားသည့် မိသားစုများသည် စိတ်မရှည် ဖြစ်နေကြလေပြီ။

ကျိုးယွမ်၏ ခန္ဓာကိုယ်သည် ချက်ချင်း ပျောက်ကွယ်သွားလေ၏။ သူ ဒုတိယမီးကို စတင်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။

တန်ယန်မြို့ ရွှန်းချွန်းဥယျာဉ် သည် တန်ယန်မြို့တွင် အကြီးဆုံး ပြည့်တန်ဆာအိမ်ဖြစ်ပြီး တန်ယန်မြို့ရှိ ကျင့်ကြံသူများ အားလုံး အနှစ်သက်ဆုံး နေရာဖြစ်သည်။

ဤပြည့်တန်ဆာအိမ်မှာ သာမန် နေရာတစ်ခု မဟုတ်ချေ။ တန်ယန်မြို့ရှိ ကြီးမြတ်သော မိသားစု ၆ ခုတွင် နံပါတ် ၁ ဖြစ်သော ဟန်မိသားစု ပိုင်ဆိုင်ခြင်း ဖြစ်သည်။

ဤနေရာရှိ အမျိုးသမီးများ၏ ထက်ဝက်ခန့်မှာ ကျင့်ကြံမှု မရှိသော သာမန် အမျိုးသမီးများ ဖြစ်ကြပြီး သာမန် ဧည့်သည်များကို ဧည့်ခံရန် တာဝန်ယူကြသည်။

နောက်တစ်အုပ်စုမှာ ဝိညာဉ်ကျင့်ကြံမှုရှိသော အမျိုးသမီးများဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရွှန်းချွန်းဥယျာဉ် သို့ ရောက်ရှိလာကာ အဖွဲ့ဝင် ဖြစ်လာခဲ့ကြသည်။

ဤအမျိုးသမီးများ၏ ကျင့်ကြံမှုအဆင့်မှာ ချီသန့်စင်ခြင်းအဆင့် မှ အခြေခံတည်ဆောက်ခြင်းအဆင့် အထိ ရှိကြသည်။ တစ်ခါတစ်ရံတွင် ရွှေအမြုတေအဆင့် တစ်ဦး သို့မဟုတ် နှစ်ဦး ပေါ်လာတတ်လေ၏။

သေချာသည်မှာ သူတို့အားလုံး မျက်နှာဖုံးများ ဝတ်ဆင်ထားကြပြီး အခန်းထဲသို့ ဝင်လာသော ဧည့်သည်မှလွဲ၍ မည်သူကမျှ သူတို့ မည်သို့ ပုံပေါ်ကြောင်းကို မသိကြချေ။

ရွှန်းချွန်းဥယျာဉ် သည် သူတို့နှင့် ပတ်သက်သမျှ အရာအားလုံးကို လျှို့ဝှက်ထားမည်ဖြစ်ပြီး သူတို့၏ အချက်အလက်များကို ဘယ်သောအခါမျှ ထုတ်ဖော်မည် မဟုတ်ချေ။

ရာစုနှစ်တစ်ခုကျော် အတွင်း သတင်းအချက်အလက် ပေါက်ကြားမှုနှင့် ပတ်သက်သည့် အဖြစ်အပျက်မျိုး တစ်ခါမျှ မဖြစ်ပွားခဲ့ချေ။

ရလဒ်အနေဖြင့် ဤနေရာတွင် စီးပွားရေး အလွန်ကောင်းမွန်ပြီး တန်ယန်မြို့ရှိ "သခင်လေး" များ အနှစ်သက်ဆုံး နေရာတစ်ခု ဖြစ်လာခဲ့လေ၏။

လွန်ခဲ့သော ရက်အနည်းငယ်က အမျိုးသမီးတစ်ဦး ရွှန်းချွန်းဥယျာဉ် သို့ ရောက်ရှိလာခဲ့သည်။ သူမသည် အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ် ကျင့်ကြံမှုရှိပြီး မျက်နှာဖုံး တပ်ထားသော်လည်း လူအများအပြားမှာ သူမ၏ အလှကြောင့် ညှို့ယူဖမ်းစားခံရကာ လုံးဝ စွဲလန်းသွားခဲ့ကြလေ၏။

ဤအမျိုးသမီးက ယနေ့ညတွင် ဧည့်သည်တစ်ဦးကို ဧည့်ခံမည်ဖြစ်ကြောင်း ကြေညာထားခဲ့သော်လည်း မည်သူ ရွေးချယ်ခံရမည်ကိုမူ ပုဂ္ဂိုလ်ရေး ဓာတ်ကျမှုအပေါ် မူတည်မည် ဖြစ်သည်။

ဟန်မိသားစု သခင်လေး ဟန်ပင်း ၊ လျိုဖန် (လျိုမိသားစု သခင်လေး)၊ ကျန်းယီအိုက် (ကျန်းမိသားစု သခင်လေး)၊ နှင့် လျန်ရုံရှန်း (လျန်မိသားစု သခင်လေး) တို့သည် ရွှန်းချွန်းဥယျာဉ် တွင် စုဝေးခဲ့ကြလေ၏။

သူတို့ လေးဦး၏ ဆက်ဆံရေးမှာ အလွန် ရင်းနှီးကြသည်တော့ မဟုတ်သလို အလွန် ဆိုးရွားကြသည်လည်း မဟုတ်ချေ။ သူတို့သည် အသစ်အဆန်းများကို ရှာဖွေရန်သာ ဤနေရာသို့ လာခဲ့ကြခြင်း ဖြစ်သည်။

လျိုဖန် က ညည်းတွားလိုက်လေ၏။

"ချိုးကွမ် လည်း သေပြီ... စွန်းတာမင် လည်း သေပြီ... အခု ငါတို့ ကစားဖော် နှစ်ယောက် ထပ်ဆုံးရှုံးသွားပြန်ပြီ"

သူ စကားမဆုံးမီမှာပင် လျန်ရုံရှန်း က ရယ်မောလိုက်ပြီး ပြောဆိုလေ၏။

"တစ်ယောက် ပျောက်နေသေးတယ် မဟုတ်ဘူးလား... ချိုးချီ လေ"

ဤစကားကို ကြားချိန်၌ ကျန်းယီအိုက် က လှောင်ပြောင်လိုက်ပြီး ပြောဆိုလေ၏။

"အဲ့ဒီ ဦးနှောက်မရှိတဲ့ ကောင်အကြောင်း ဘာလို့ ပြောနေရတာလဲ"

ဤစကားကို ကြားချိန်၌ ဟန်ပင်း အနည်းငယ် ပြုံးလိုက်ပြီးနောက် ပြောဆိုလေ၏။

"ဘာလို့ ဒီအကြောင်းတွေ ပြောနေရတာလဲ... မိန်းကလေးလော့ဟုန်း အကြောင်းပဲ ပြောကြရအောင်"

လျိုဖန် က အားရပါးရ ရယ်မောလိုက်ပြီးနောက် ပြောဆိုလေ၏။

"လော့ဟုန်း... နာမည်ကောင်းလေးပဲ... ဒီနေ့ည ငါတို့ လေးယောက်ထဲက ဘယ်သူက ဒီ 'ပန်းဦးလွှတ်ခြင်း' တာဝန်ကို ထမ်းဆောင်မလဲ"

ကျန်းယီအိုက် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောဆိုလေ၏။

"သူမက အပျိုစစ်စစ်လို့ မင်း တကယ် ထင်နေတာလား... ငါ ထင်တာတော့ သူမက လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက အပျိုမဟုတ်တော့တာ ကြာလောက်ပြီ”

ကျန်းယီအိုက်၏ စကားကို ကြားသောအခါ အခြားသူများ ရယ်မောလိုက်ကြပြီး လေထုမှာ အလွန် သဟဇာတ ဖြစ်နေလေ၏။

All Chapters