အခန်း ၇၉၆
Vol. 54 Ch. 796
အခန်း (၇၉၆) ကျိုလင် တာအိုသခင်ကြီးနှင့် ရှစ်ဝမ် တာအိုသခင်ကြီးအား ဖျောင်းဖျခြင်း
ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး ပျောက်ကွယ်သွားပြီး အတော်ကြာမှသာ လီဟော့ နန်းတော်၏ နန်းတော်သခင် ကျိုရုန် နှင့် ကိုးဝိဉာဉ် အင်မော်တယ်တောင်၏ အရှင် ကျိုလင်တို့ သတိပြန်လည်လာကြတော့၏။ သူတို့တစ်ဦးစီတိုင်း၏ မျက်နှာထက်တွင် ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး၏ ထွက်ပေါ်လာမှုအပေါ် ထိတ်လန့်အံ့သြမှုများ အထင်းသား ကျန်ရစ်နေဆဲပင်။
ထိုဆင်ကြီးသည် အလယ်အလတ် ပကတိ ဟင်းလင်းပြင်အဆင့် ခွန်အားရှိ ပုတူဗုဒ္ဓဂိုဏ်းမှ ဗုဒ္ဓသခင်ကြီး နှစ်ပါးကို ကောင်းကင်ယံမှနေ၍ ရက်စက်စွာ နင်းချေပစ်ခဲ့လေသည်။
တာ့ယန် မင်းဆက်မှ အင်မော်တယ် သခင်ကြီးများကိုလည်း နောက်လှည့်မကြည့်ရဲလောက်အောင် ကြောက်လန့်တကြား ထွက်ပြေးသွားစေခဲ့၏။
အင်မော်တယ် တစ်သောင်းနန်းတော်မှ တာအိုသခင်ကြီးများနှင့် အခြားသော အင်အားစုများမှာလည်း မျက်နှာများ မည်းမှောင်ကာ တုန်ယင်နေကြပြီး စကားတစ်ခွန်းပင် မဟရဲကြတော့ချေ။
ဤသည်ကပင် ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး ထွက်ပေါ်လာချိန်၌ ပြသလိုက်သော ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအားကြီးပင် ဖြစ်တော့သည်။
အချိန်အတော်ကြာပြီးနောက်
ကျိုရုန် တာအိုသခင်ကြီးနှင့် အခြားသူများ တဖြည်းဖြည်း သတိပြန်ဝင်လာကြသည်။ သူတို့က အရှင်သခင် ထိုက်ရှီးကို လှမ်းကြည့်လိုက်သောအခါ အရှင်သခင် ထိုက်ရှီး၏ မျက်နှာထက်တွင်လည်း အလားတူ ထိတ်လန့်အံ့အားသင့်နေသည့် အမူအရာမျိုး ရှိနေသည်ကို အံ့သြဖွယ် တွေ့လိုက်ရ၏။
ဤမြင်ကွင်းက ကျိုရုန် တာအိုသခင်ကြီးနှင့် အခြားသူများ၏ ရင်ထဲတွင် တစ်စုံတစ်ရာကို လှုပ်ခတ်သွားစေခဲ့သည်။
ကျိုရုန် တာအိုသခင်ကြီးက လေသံတိုးတိုးဖြင့် မေးလိုက်၏။
"မိတ်ဆွေထိုက်ရှီး... ဒီသားရဲအရှင်သခင်က"
အရှင်သခင် ထိုက်ရှီးလည်း သတိပြန်ဝင်လာပြီး ခေါင်းရမ်းလိုက်သည်။
"ကျွန်မလည်း မသိဘူး"
သူမက စကားဆက်မပြောတော့ဘဲ ကျိုရုန် တာအိုသခင်ကြီးနှင့် အခြားသူများကို ကြည့်လိုက်၏။
"တာအိုမိတ်ဆွေတို့... အခု အပြင်ဘက်က ကိစ္စတွေလည်း ပြီးသွားပြီဆိုတော့ ချိုးရှန်းတောင်ထွတ်ကို ဆက်သွားကြတာပေါ့"
[အင်မော်တယ် ရှာဖွေခြင်း တောင်ထွတ်- ချိုးရှန်း တောင်ထွတ် အတူတူပါပဲနော် ]
"စားပွဲသောက်ပွဲကို ဆက်လုပ်ကြတာပေါ့... ဒီလို ကိစ္စသေးသေးလေးတစ်ခုကြောင့်နဲ့တော့ ကျွန်မတို့ရဲ့ ပျော်ရွှင်မှုကို အပျက်ခံလို့ မဖြစ်ဘူးလေ"
ထိုအခါ ကျိုရုန် တာအိုသခင်ကြီး၊ ကျိုလင် တာအိုသခင်ကြီးနှင့် အခြားသော ဝိဉာဉ်ခွဲထွက်အဆင့် အရှင်သခင် အနည်းငယ်တို့က သဘောတကျ ပြုံးရယ်လိုက်ကြသည်။
"ဟုတ်ပါရဲ့... ချိုးရှန်းတောင်ထွတ်ကို သွားကြတာပေါ့... ငါတို့တွေ စုမဆုံဖြစ်ကြတာတောင် နှစ်တွေ အတော်ကြာခဲ့ပြီပဲ"
မြေကမ္ဘာ အင်မော်တယ်စံအိမ်မှ ပုန်းကွယ်နေသော ထူးကဲလှသည့် စွမ်းအားကြီးကို ပြသလိုက်ပြီးနောက်တွင် အခြားသော အင်မော်တယ်ဂိုဏ်းများမှ ဝိဉာဉ်ခွဲထွက်အဆင့် အရှင်သခင်များမှာ စံအိမ်အပေါ် ယခင်ကထက် ပိုမို စိတ်အားထက်သန်ကာ ရင်းနှီးဖော်ရွေလာကြတော့၏။
မြေကမ္ဘာ အင်မော်တယ်စံအိမ်မှ ရွှေအမြုတေအဆင့် တပည့်များနှင့် ရင်ဆိုင်ရချိန်တွင်ပင် သူတို့၏ မျက်နှာများထက်၌ အပြုံးများ ပြည့်နှက်နေပြီး အသံများမှာလည်း အလွန်တရာ ညင်သာကာ အပြုအမူများကလည်း အထူးပင် ရင်းနှီးဖော်ရွေနေကြလေသည်။
မြင့်မားသော ဧည့်ခန်းဆောင် စင်မြင့်ထက်တွင်
အင်မော်တယ် တစ်သောင်းနန်းတော် ရေခဲငှက်မွှေး ဝိဉာဉ်ခန္ဓာ၏ တာအိုသားတော်ဖြစ်သော ကူရှောက်ခွန်းသည် မြေကမ္ဘာ အင်မော်တယ်စံအိမ်မှ ထွက်ပေါ်လာသော ဆင်ကြီးက ပုတူဗုဒ္ဓဂိုဏ်းမှ ဗုဒ္ဓသခင်ကြီး နှစ်ပါးကို ရက်စက်စွာ နင်းချေပစ်လိုက်သည်ကို မျက်ဝါးထင်ထင် ကြည့်နေခဲ့ရသည်။ သူ၏ ကျောထောက်နောက်ခံများထဲမှ တစ်ဦးဖြစ်သော တာ့ယန် မင်းဆက်မှ အင်မော်တယ် အရှင်သခင်ကြီးမှာလည်း သူ၏ လူများနှင့်အတူ မြေကမ္ဘာ အင်မော်တယ်စံအိမ်မှ အရှက်တကွဲ ထွက်ပြေးသွားခဲ့ပြီ ဖြစ်၏။
ကူရှောက်ခွန်းမှာ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီး သူ၏ ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော ကြောက်ရွံ့ထိတ်လန့်မှု တစ်ခုကို ခံစားနေရလေသည်။
ယခင်က ကြားခဲ့ရသော စကားတစ်ခွန်းက သူ၏ စိတ်ထဲတွင် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
'ပြဿနာရှာတာ နည်းလေ အသက်ပိုရှည်လေပဲ... မင်း နားလည်လား'
ထိုစဉ်က သူသည် အနည်းငယ် အထင်သေးမိခဲ့၏။
'မင်းတို့ မြေကမ္ဘာ အင်မော်တယ်စံအိမ်က ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့'
သို့သော် ယခုအချိန်တွင်မူ ကူရှောက်ခွန်း၏ ခြေထောက်များမှာ အနည်းငယ် တုန်ယင်နေခဲ့ပြီး မျက်နှာမှာလည်း အနည်းငယ် ဖြူရော်နေကာ သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် ထိတ်လန့်အံ့သြမှုတို့ အပြည့်အဝ ရှိနေတော့သည်။
ခဏအကြာတွင်
ကူရှောက်ခွန်းက ခေါင်းမော့ကာ လော့ချန်ယွီနှင့် လော့ချန်ယွီရှေ့ရှိ မြေကမ္ဘာ အင်မော်တယ်စံအိမ်မှ တာဝန်ခံ အကြီးအကဲကို ကြည့်လိုက်သည်။ သူက သူ၏ အငွေ့အသက်များကို သိမ်းဆည်းလိုက်ပြီး သူတို့ နှစ်ဦးကို ကိုးဆယ်ဒီဂရီ ခါးညွှတ် အရိုအသေပေးကာ တောင်းပန်လိုက်၏။
"စောစောက လူကြီးမင်းတို့ နှစ်ဦးအပေါ် ကျွန်တော် ရိုင်းစိုင်းမိခဲ့ပါတယ်... ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
ထိုအချိန်တွင် ယခင် အင်မော်တယ် တစ်သောင်းနန်းတော်၏ ဦးဆောင်သူ ဝိဉာဉ်ခွဲထွက်အဆင့် အရှင်သခင်က သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ လက်သီးဆုပ်အရွယ်အစားခန့်ရှိသော ခရမ်းရွှေရောင် တွင်းထွက်လကျောက်တုံး တစ်တုံး.. သူ၏ လက်ထဲတွင် ထွက်ပေါ်လာလေသည်။
သူက ထိုကျောက်တုံးကို လော့ချန်ယွီထံသို့ ယဉ်ကျေးပျူငှာသော အမူအရာဖြင့် ကမ်းပေးလိုက်စဉ် သူ၏ မျက်လုံးများထဲတွင် နှမြောတွန့်တိုမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
"မိတ်ဆွေငယ်... ကျွန်တော်တို့ကို ခွင့်လွှတ်ပါ... စောစောက ကျွန်တော်တို့ လက်ဆောင်ပေးတဲ့နေရာမှာ အမှားအယွင်းလေး ဖြစ်သွားလို့ပါ... ဒီ အဆင့်ငါး အဆင့်မြင့် ခရမ်းရောင်နှလုံးသား ဝိဉာဉ်ရွှေသတ္တုက ကျွန်တော်တို့ အင်မော်တယ် တစ်သောင်းနန်းတော်ရဲ့ လက်ဆောင်ပါ... ကျေးဇူးပြုပြီး လက်ခံပေးပါ"
အဆင့်ငါး အဆင့်မြင့် ခရမ်းရောင်နှလုံးသား ဝိဉာဉ်ရွှေသတ္တုကို အလယ်အလတ်အဆင့် မှော်လက်နက်တစ်ခု၏ အဓိက သတ္တုများ ဖန်တီးရာတွင် အသုံးပြုနိုင်ပြီး ၎င်းမှာ အလွန်တရာ တန်ဖိုးကြီးမားလှပေသည်။
ဤသည်မှာ အရှင်ကူယန်၏ အဓိက ပိုင်ဆိုင်မှုများထဲမှ တစ်ခုပင် ဖြစ်၏။
သို့သော် ယခုအခါ မြေကမ္ဘာ အင်မော်တယ်စံအိမ်က အားကောင်းလှသော စွမ်းအားကို ပြသလိုက်ပြီး တာ့ယန် မင်းဆက်နှင့် ပုတူဗုဒ္ဓဂိုဏ်းတို့ အပါအဝင် သူတို့အားလုံးကို ဖိနှိပ်ထားလိုက်ပြီ ဖြစ်သည်။
အကယ်၍ ဤအချိန်တွင် အခြေအနေနှင့် လိုက်လျောညီထွေစွာ မပြုမူတတ်ပါက သူတို့ တကယ်ပင် ဤနေရာ၌ ကျဆုံးသွားနိုင်ပေသည်။
အင်မော်တယ်စံအိမ် တံခါးပေါက်အပြင်ဘက်တွင် ဝမ်လုံမင်းဆက်မှ ဘိုးဘေးတစ်ဦးသည် သူ၏ မျိုးဆက်သစ် လူငယ်အချို့နှင့်အတူ ရောက်ရှိလာခဲ့၏။ သူတို့သည် မူလက မြေကမ္ဘာ အင်မော်တယ်စံအိမ် အတွင်းသို့ ဝင်ရောက်ရန် ရည်ရွယ်ထားခဲ့သော်လည်း ပုတူဗုဒ္ဓဂိုဏ်းမှ ဗုဒ္ဓသခင်ကြီး နှစ်ပါးကို မြေကမ္ဘာ အင်မော်တယ်စံအိမ်၏ ဆင်ကြီးက ရက်စက်စွာ နင်းချေလိုက်သည်ကို မြင်တွေ့လိုက်ရပြီးနောက် သူသည် နဖူးမှ ချွေးအေးများကို သုတ်ကာ စကားတစ်ခွန်းမျှ မဟတော့ဘဲ သူ၏ လူများကို ခေါ်ဆောင်ကာ တိတ်ဆိတ်စွာ ထွက်ခွာသွားလေတော့သည်။
အခြားသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများမှာလည်း ဤအချိန်တွင် အချင်းချင်း တီးတိုးပြောဆိုနေကြပြီး ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီးနှင့် ပတ်သက်သော ခန့်မှန်းပြောဆိုမှုများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေခဲ့၏။
လူအုပ်ကြီးထဲတွင် လူတစ်ဦး၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားခဲ့ပြီး လုံးဝ ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။
'အဆင့်ခြောက် အထွတ်အထိပ်အဆင့် တာအိုရုပ်သေး... မြေကမ္ဘာ အင်မော်တယ်စံအိမ်မှာ ဘယ်လိုလုပ်ပြီး ဒီလိုအရာမျိုး ရှိနေရတာလဲ...'
သူက မယုံနိုင်စွာဖြင့် စိတ်ထဲမှ တွေးလိုက်သည်။ မြေကမ္ဘာ အင်မော်တယ်စံအိမ်တွင် ဤကဲ့သို့သော ဖဲချပ်ဝှက်တစ်ခု ရှိနေလိမ့်မည်ဟု သူတို့ စိမ်းပြာငရဲ အင်မော်တယ်နန်းတော်က လုံးဝ မသိရှိခဲ့ပေ။
မြေကမ္ဘာ အင်မော်တယ်စံအိမ်သာ ပုတူဗုဒ္ဓဂိုဏ်း အင်မော်တယ် တစ်သောင်းနန်းတော်နှင့် တာ့ယန် မင်းဆက်တို့၏ ဖိနှိပ်မခံရပါက ဤမှော်ရတနာမှာ ဆက်လက် ပုန်းကွယ်နေမည်သာ ဖြစ်ပေသည်။
ဤသည်က သူ၏ မျှော်လင့်ထားမှုများကိုသာမက စိမ်းပြာငရဲ အင်မော်တယ်နန်းတော်၏ ခန့်မှန်းချက်များကိုပါ အလွန်အမင်း ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။
ထို့ကြောင့် သူ အံ့အားသင့်သွားပြီးနောက် ဤသတင်းကို စိမ်းပြာငရဲ အင်မော်တယ်နန်းတော်သို့ အလျင်အမြန် ပြန်လည် ပေးပို့လိုက်လေသည်။
မြေကမ္ဘာ အင်မော်တယ်စံအိမ်က တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ကို ဦးဆောင် တည်ထောင်ရဲသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ သူတို့တွင် ဤမျှလောက် ယုံကြည်မှု ရှိနေခဲ့သည်ကိုး။
'ဒါပေမဲ့... ဒီ တာအိုရုပ်သေးက ဘယ်က ရောက်လာတာပါလိမ့်...'
အဆင့်ခြောက် အထွတ်အထိပ်အဆင့် တာအိုရုပ်သေးကို မြေကမ္ဘာ အင်မော်တယ်စံအိမ်က လုံးဝ မဖန်တီးနိုင်ပေ။ ထို့ကြောင့် ၎င်း၏ ဇာစ်မြစ်မှာ ရှေးဟောင်းခေတ် အကြွင်းအကျန် နယ်မြေများထဲမှ တစ်ခုခုက ဖြစ်မည်ဟု အတိအကျ အတည်ပြုနိုင်လေသည်။
အကယ်၍ သူတို့က တာအိုရုပ်သေး၏ တာအိုပုံစံကို လေ့လာဆန်းစစ်ပြီး ဖော်ထုတ်နိုင်မည်ဆိုလျှင် ၎င်းက မည်သည့် ရှေးဟောင်းမိသားစုမှ လာသည်ကို ဆုံးဖြတ်နိုင်ပေမည်။
'အဆင့်ခြောက် အထွတ်အထိပ်အဆင့် တာအိုရုပ်သေးကိုတောင် ထုတ်လုပ်ပေးနိုင်တဲ့ ရှေးဟောင်းနယ်မြေဆိုတော့...'
ထိုသူ၏ မျက်လုံးအနက်ရှိုင်းဆုံး နေရာ၌ လောဘရမ္မက် အရိပ်အယောင်တစ်ခု လက်ကနဲ ဖြတ်ပြေးသွားခဲ့သော်လည်း အလျင်အမြန်ပင် ဖုံးကွယ်သွားခဲ့သည်။ သူက ဘယ်ညာကို ပေါ့ပေါ့ပါးပါး အကဲခတ်ကြည့်လိုက်ပြီးနောက် စားပွဲသောက်ပွဲသို့ တက်ရောက်ရန်အတွက် သူ၏ အပေါင်းအပါများနှင့်အတူ မြေကမ္ဘာ အင်မော်တယ်စံအိမ်၏ ချိုးရှန်းတောင်ထွတ်ဆီသို့ ဦးတည်သွားလေတော့၏။
မြေကမ္ဘာ အင်မော်တယ်စံအိမ်မှ တည်ထောင်ထားသော ဤ တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေက မည်သို့ပုံစံ ရှိမည်ကို သူ သိမြင်ချင်နေခဲ့သည်။
အင်မော်တယ်နန်းတော်၏ ပင်မ ခန်းမဆောင်ကြီး အရှေ့ဘက်တွင်
ရွှေဝိညာဉ်မိစ္ဆာအရှင်သခင်နှင့် တာအိုသခင်ကြီး ဟုန်ယွဲ့တို့က အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီး သူတို့ နှစ်ဦးစလုံး တစ်ယောက်၏ မျက်လုံးထဲတွင်ရှိသော ထိတ်လန့်အံ့သြမှုများကို တစ်ယောက်က မြင်တွေ့နိုင်နေကြ၏။ ဝိဉာဉ်ကြော၏ ဗဟိုချက်ထဲမှနေ၍ စုယွီနှင့် ဖန်ရှောင်တို့၏ အငွေ့အသက်များကို သူတို့ သတိထားမိလိုက်ကြသည်။
သို့သော်ငြား ပကတိ ဟင်းလင်းပြင်အဆင့်၏ အလယ်အလတ်အဆင့်မှ ဗုဒ္ဓသခင်ကြီး နှစ်ပါးကို ရက်စက်စွာ နင်းချေပစ်နိုင်စွမ်းရှိသည့် စောစောက ထွက်ပေါ်လာသော ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီးသည် ဤလူငယ်နှစ်ဦးထံမှ ထွက်ပေါ်လာခဲ့ခြင်းလော။
မဟုတ်ချေ။
ဤသည်က စုယွီ တစ်ယောက်တည်း၏ လက်ထဲမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်မည်ဟု ဆိုရမည် မဟုတ်ပါလော။