← Chapters

အခန်း ၇၉၉

Vol. 54 Ch. 799

အခန်း ၇၉၉

Vol. 54 Ch. 799

အခန်း (၇၉၉) ဝမ်လုံနန်းတော်နှင့် ကောင်းကင်သိုင်းကျမ်း မျှော်စင်၏ သတင်းအချက်အလက် (၁)

ခန္ဓာကိုယ် သန့်စင် အင်မော်တယ် စစ်တပ်၏ လက်တွေ့လွှမ်းမိုးနိုင်စွမ်းမှာ မည်သို့ပင်ဖြစ်စေ အကန့်အသတ်ရှိနေခဲ့၏။

သို့ဖြစ်သော်ငြားလည်း မြေကမ္ဘာအင်မော်တယ်နန်းတော်သည် ဤကုန်သွယ်မှုများမှတစ်ဆင့် ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များကို စုဆောင်းကာ ၎င်းတို့၏စွမ်းအားနှင့် အခြေခံအုတ်မြစ်ကို တစ်ခုလုံးအနေဖြင့် မြှင့်တင်နိုင်စွမ်းရှိပေသည်။

ဤကဲ့သို့သော ကုန်သွယ်မှုမျိုးသည် အလွန်အမြတ်အစွန်းများကြောင်း သိသာထင်ရှားလှ၏။

နှစ်ဝက်ခန့် ကြာပြီးနောက် တာ့ချန်အင်မော်တယ်မဟာမိတ်အဖွဲ့သည် ပထမဆုံးအကြိမ်အဖြစ် စတင်လှုပ်ရှားလာခဲ့၏။ မြေကမ္ဘာအင်မော်တယ်နန်းတော်၏ ဦးဆောင်မှုအောက်တွင် ပကတိ ဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီးဆယ်ပါးက ရွှေအမြုတေအဆင့်နှင့်အထက် ကျင့်ကြံသူသောင်းချီကို ဦးဆောင်ကာ ဝမ်လုံမင်းဆက်ဆီသို့ ချီတက်သွားကြလေသည်။

တာ့ချန်အင်မော်တယ်မဟာမိတ်အဖွဲ့ စတင်လှုပ်ရှားသည့် ထိုနေ့တွင်ပင် ယခင်က ပုတူဗုဒ္ဓဂိုဏ်း၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသော ကိုးဝိညာဉ်အင်မော်တယ်တောင်ရှိ ခမ်းနားကြီးကျယ်သော အင်မော်တယ်မြို့တော်ကြီးနှစ်မြို့သည် ပုတူငရဲပြည်အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။

...

ပုတူဗုဒ္ဓဂိုဏ်းသည် အင်မော်တယ်မြို့တော်ကြီးနှစ်မြို့ကို ရက်စက်စွာ သတ်ဖြတ်ချေမှုန်းခဲ့ပြီး မြို့တွင်း၌ မိစ္ဆာဗုဒ္ဓအခင်းအကျင်းကို ခင်းကျင်းကာ တာ့ချန်အင်မော်တယ်မဟာမိတ်အဖွဲ့မှ လူများရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

အချိန်များ လျှင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး နောက်ထပ်ခြောက်နှစ်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်၏။

မြေကမ္ဘာအင်မော်တယ်နန်းတော်.. မြေအောက်လျှို့ဝှက်နယ်မြေ။

ဟွမ်ကျူးက အပြင်ဘက်မှ သတင်းများကို စုယွီအား အသေးစိတ် ရှင်းပြနေလေ၏။

"ဝမ်လုံမင်းဆက်ရဲ့ ဧကရာဇ်မြို့တော်ကြီး ကျသွားပြီ... ကိုးဝိညာဉ်အင်မော်တယ်တောင်ပေါ်မှာ ပုတူဗုဒ္ဓဂိုဏ်း ခင်းကျင်းထားတဲ့ သွေးအခင်းအကျင်းနှစ်ခုကို အင်မော်တယ်မဟာမိတ်အဖွဲ့က ဖြေရှင်းနိုင်ခဲ့တယ်... ပုတူဗုဒ္ဓဂိုဏ်းဘက်က ပကတိ ဟင်းလင်းပြင်အဆင့် ပထမအလွှာ ဗုဒ္ဓသခင်တစ်ပါး ကျဆုံးသွားတဲ့အထိ ပေးဆပ်လိုက်ရတယ်..."

"အခု ပုတူဗုဒ္ဓဂိုဏ်းက တာ့ချန်ကျင့်ကြံခြင်းကမ္ဘာကနေ ထွက်ပြေးသွားကြပြီ... ဝမ်လုံမင်းဆက်က ဝမ်မိသားစုလည်း စွန့်ပစ်ခံလိုက်ရတယ်... ဝမ်မိသားစုရဲ့ တာအို ပေါင်းစည်း အဆင့် အရှင်သခင်သုံးပါးစလုံး ကျဆုံးသွားပြီး ဝမ်မိသားစုလည်း ပျက်စီးသွားခဲ့ပြီ... ဝမ်လုံမင်းဆက်အတွင်းမှာရှိတဲ့ ပုတူဗုဒ္ဓဂိုဏ်းရဲ့ ဘုရားကျောင်းတွေ အားလုံးလည်း ဖျက်ဆီးခံလိုက်ရပြီ..."

"ပုတူဗုဒ္ဓဂိုဏ်းရဲ့ လှည့်စားခြင်းကို ခံခဲ့ရတဲ့ သေမျိုးတွေနဲ့ ကျင့်ကြံသူတွေ အားလုံးကို အင်မော်တယ်မဟာမိတ်အဖွဲ့က ကယ်တင်နိုင်ခဲ့တယ်... သူတို့ရဲ့ စိတ်အခြေအနေ တည်ငြိမ်သွားတာနဲ့ ယခင်ဘဝအတိုင်း ပြန်လည်နေထိုင်ဖို့ ဘာပြဿနာမှ မရှိတော့ဘူး..."

စုယွီက တိတ်ဆိတ်စွာ နားထောင်နေခဲ့၏။ ဝမ်လုံမင်းဆက် သို့မဟုတ် ပုတူဗုဒ္ဓဂိုဏ်းနှင့် ပတ်သက်၍ သူကိုယ်တိုင် ဝင်ရောက်စွက်ဖက်ရန် မလိုအပ်တော့ချေ။

တာ့ချန်အင်မော်တယ်မဟာမိတ်အဖွဲ့ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီး မြေကမ္ဘာအင်မော်တယ်နန်းတော်က ထိုနေရာသို့ လူအနည်းငယ်မျှသာ စေလွှတ်ထားခဲ့သည်ပင်။

ကျန်ရှိနေသော အင်မော်တယ်တစ်သောင်းနန်းတော်.. ကိုးဝိညာဉ်အင်မော်တယ်တောင်.. လီဟော့နန်းတော်နှင့် အခြားသောအင်အားစုများမှာမူ ပို၍ပင် လှုပ်လှုပ်ရွရွ ဖြစ်နေကြ၏။ အင်အားစုအားလုံးက ဝမ်လုံမင်းဆက် သို့မဟုတ် ပုတူဗုဒ္ဓဂိုဏ်းကို နောက်ထပ်စားစရာ ကိတ်မုန့်တစ်လုံးအဖြစ် သတ်မှတ်ကာ အလုအယက် ခွဲဝေယူငင်ရန် ပြေးဝင်သွားခဲ့ကြလေသည်။

လက်ရှိတွင် ပုတူဗုဒ္ဓဂိုဏ်း၏ လွှမ်းမိုးမှုကို ဖြတ်တောက်ချေမှုန်းရန် ရည်မှန်းချက်မှာ အောင်မြင်သွားခဲ့ပြီ ဖြစ်၏။ မကြာသေးမီနှစ်များအတွင်းက တာ့ချန်ကျင့်ကြံခြင်းကမ္ဘာသို့ တာ့ယန် အင်မော်တယ်မင်းဆက် ဖြန့်ကျက်ထားခဲ့သော လက်တံများမှာလည်း လုံးဝပျောက်ကွယ်သွားခဲ့လေပြီ။ အင်မော်တယ်တစ်သောင်းနန်းတော်မှ တာ့ယန် အင်မော်တယ်မင်းဆက်နှင့် ပတ်သက်သည့် မည်သည့်သတင်းကိုမျှ မကြားရတော့ချေ။

အပေါ်ယံကြည့်လျှင်တော့ တာ့ချန်ကျင့်ကြံခြင်းကမ္ဘာ၏ အခြေအနေမှာ ယခင်ကကဲ့သို့ ငြိမ်းချမ်းတည်ငြိမ်မှုဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

သို့သော် ပုတူဗုဒ္ဓဂိုဏ်း ထွက်ခွာသွားချိန်တွင် ကိုးဝိညာဉ်အင်မော်တယ်တောင်က လှည့်ကွက်တစ်ခု သုံးသွားခဲ့လေသည်။ ခမ်းနားကြီးကျယ်သော အင်မော်တယ်မြို့တော်ကြီးနှစ်မြို့ လုံးဝပျက်စီးသွားခဲ့ပြီး ထိုမြို့နှစ်မြို့ကို သိမ်းပိုက်ထားသော အင်မော်တယ်တစ်သောင်းနန်းတော်မှာလည်း အကြီးအကျယ် ထိခိုက်နစ်နာသွားခဲ့ရ၏။

ပုတူဗုဒ္ဓဂိုဏ်း မရောက်လာမီအချိန်နှင့် နှိုင်းယှဉ်လျှင် နယ်မြေနှင့် လွှမ်းမိုးနိုင်စွမ်းမှာ သိသိသာသာ လျော့ကျသွားခဲ့လေပြီ။

ပြန်လည်ကုစားနိုင်ရန် နှစ်ထောင်ပေါင်း သို့မဟုတ် သောင်းပေါင်းများစွာပင် ကြာမြင့်နိုင်ပေသည်။

သေချာပေါက်ပင်။

ဤအရာများအားလုံးသည် စုယွီနှင့် ဘာမျှမသက်ဆိုင်ခဲ့ချေ။

ဟွမ်ကျူး၏ ရှင်းပြမှုကို နားထောင်ပြီးနောက် စုယွီက မေးလိုက်၏။

"စီနီယာ..ဟိုဘက်မှာ ချပ်ဝတ်နက် အစောင့်အရှောက် အခြေအနေ ဘယ်လိုရှိပါသလဲ..."

[အနက်ရောင်ဒေါသစစ်သည်တော်ကို ချပ်ဝတ်နက် အစောင့်အရှောက်လို့ ခေါ်တာပါ။]

ဟွမ်ကျူးက ပြန်ဖြေလေသည်။

"အတော်လေး ချောမွေ့ပါတယ်... အင်မော်တယ်မဟာမိတ်အဖွဲ့ရဲ့ အကာအကွယ်နဲ့ဆိုတော့ အရင်က ဝမ်လုံမင်းဆက်ပိုင်တဲ့ နယ်မြေထဲက အင်မော်တယ်မြို့ငယ်သုံးမြို့.. မြို့ရွာနဲ့ ဈေးကွက်ဆယ်ခုကျော်လောက်က ချပ်ဝတ်နက် အစောင့်အရှောက်ရဲ့ လက်ထဲကို ရောက်သွားပါပြီ..."

"သူက အမွှေးတိုင် စွမ်းအားတွေ စုဆောင်းဖို့ အဲဒီအင်မော်တယ်မြို့တွေ.. ရွာတွေနဲ့ ဈေးကွက်တွေမှာ ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီးရဲ့ ရုပ်တုတွေကို စတင်မြှင့်တင်နေပါပြီ..."

'အင်မော်တယ်မြို့ငယ်သုံးမြို့.. မြို့ရွာနဲ့ ဈေးကွက်ဆယ်ခုကျော်ဆိုတော့ ဝမ်လုံမင်းဆက် နယ်မြေရဲ့ ဆယ်ပုံတစ်ပုံလောက် ရှိမယ်ထင်တယ်...'

ဤရုပ်တုများမှ အမွှေးတိုင် စွမ်းအား စုဆောင်းခြင်းသည် လူသားတို့၏ သဘာဝကို ဗုဒ္ဓနည်းလမ်းများဖြင့် လွှမ်းမိုးကာ နေ့စဉ်ကိုးကွယ်စေသော ပုတူဗုဒ္ဓဂိုဏ်းကဲ့သို့ မဆိုးယုတ်သော်လည်း ၎င်းသည် တည်ငြိမ်ပြီး အားလုံးကို မိမိပိုင်ဆိုင်ရသည့် အားသာချက်ရှိကြောင်း စုယွီ တွက်ဆလိုက်၏။

ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်ခန့် စုဆောင်းပြီးပါက ချပ်ဝတ်နက် အစောင့်အရှောက် တစ်ဦးကို ရှင်သန်လာစေရန် လုံလောက်သော စွမ်းအင်များ စုဆောင်းမိနိုင်ပေလိမ့်မည်။

သို့သော် ရှင်သန်လာပြီးနောက်တွင်လည်း ချပ်ဝတ်နက် အစောင့်အရှောက် သည် ရှင်သန်ရပ်တည်နိုင်ရန် အမွှေးတိုင် စွမ်းအား လိုအပ်နေမည်ဖြစ်ရာ ၎င်း၏စွမ်းအင်အရင်းအမြစ်ကို ဆက်လက်တိုးချဲ့နေရန် လိုအပ်ပေသည်။

အနည်းငယ် စဉ်းစားပြီးနောက် စုယွီက သူ့ဘာသာသူ ရေရွတ်လိုက်၏။

'မြေကမ္ဘာနန်းတော်မှာလည်း အဲဒါကို မြှင့်တင်ဖို့ ငါ ကြိုးစားကြည့်လို့ ရတယ်... ပိုများလေ ပိုကောင်းလေပဲ...'

တာ့ယွဲ့နန်းတော်နှင့် ဟွမ်လင်းကျွန်းတို့နှင့် ပတ်သက်၍မူ ထိုအကြံကို မေ့ထားလိုက်လေသည်။

တစ်ခုက သူ၏ ခိုအောင်းရာအဟောင်း ဖြစ်ပြီး နောက်တစ်ခုက သူ၏ အရန်ခိုအောင်းရာ ဖြစ်၏။

အနာဂတ်တွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်လာမည်ကို မည်သူသိနိုင်မည်နည်း။ ထို့ကြောင့် ဤနေရာနှစ်ခုတွင် ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီးရုပ်တုကို မမြှင့်တင်သင့်ချေ။

အမွှေးတိုင် စွမ်းအား စုဆောင်းရန်မှာ မလွယ်ကူလှပေ။

ပုတူဗုဒ္ဓဂိုဏ်း၏ အခက်အခဲများကို စုယွီ အတန်အသင့် နားလည်ထား၏။ ကျင့်ကြံခြင်းနယ်ပယ်က ဤမျှသာ ကျယ်ဝန်းပြီး နေရာတိုင်းတွင် ပိုင်ရှင်များ ရှိနေကြသည်။ သူက ထိုနေရာများသို့ သွားကာ အကြောင်းမဲ့သက်သက် အမွှေးတိုင် စွမ်းအား စုဆောင်းရန် နောက်လိုက်များ စုစည်းဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။

အကယ်၍ သူက အမွှေးတိုင် စွမ်းအား အရင်းအမြစ်ကို တိုးတက်စေချင်ပါက သူ၏ ကိုယ်ပိုင်နယ်မြေကို တိုးချဲ့ရမည် ဖြစ်သည်။

ထိုသို့ပြုလုပ်ရန် သူက တိုက်ပွဲဝင်ရပေမည်။

သေချာပေါက်ပင် အခြားသော ကျင့်ကြံခြင်းအင်အားစုများသည်လည်း အနည်းနှင့်အများ တူညီကြပေသည်။ ၎င်းတို့က တည်ငြိမ်ပြီး တိုးချဲ့ကာ အရင်းအမြစ်များ ပိုမိုရရှိလိုပါက အခြားအင်အားစုများကို လုယက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ။

စုယွီအတွက် ကံကောင်းသည်မှာ သူတို့မရှိသောအရာ.. အဆုံးမဲ့သက်တမ်းကို သူပိုင်ဆိုင်ထားခြင်းပင် ဖြစ်၏။ သူက အမွှေးတိုင် စွမ်းအား စုဆောင်းရန် အလျင်စလို မရှိဘဲ သူ၏ နယ်မြေကို တဖြည်းဖြည်း ချဲ့ထွင်ကာ ဖြည်းညင်းစွာ စုဆောင်းနိုင်ပေသည်။

အနာဂတ်တွင် သူ၏စွမ်းအားများ တိုးတက်လာပါက ပုတူဗုဒ္ဓဂိုဏ်းဆီသို့ တိုက်ရိုက်ပင် သွားနိုင်ပေလိမ့်မည်။

'ပုတူဗုဒ္ဓဂိုဏ်းကို ဖမ်းဆီးမယ်...'

'အမွှေးတိုင် စွမ်းအား အရင်းအမြစ်တွေကို ရိတ်သိမ်းမယ်...'

ပုတူဗုဒ္ဓဂိုဏ်းနှင့် ဝမ်လုံမင်းဆက်တို့၏ ခြိမ်းခြောက်မှုများကို ဖြေရှင်းပြီးနောက် တာ့ချန်အင်မော်တယ်မဟာမိတ်အဖွဲ့ကို လက်ဝယ်ရရှိထားသဖြင့် စုယွီသည် မြေကမ္ဘာအင်မော်တယ်နန်းတော်အတွက် အနည်းဆုံး နှစ်တစ်ရာခန့် ငြိမ်းချမ်းမှုကို ရယူပေးနိုင်ခဲ့ပြီ ဖြစ်၏။

အခြားသော မမျှော်လင့်ထားသည့် အဖြစ်အပျက်များ မရှိသရွေ့ မြေကမ္ဘာအင်မော်တယ်နန်းတော်၏ အင်အားသည် မလွှဲမသွေ ပိုမိုအားကောင်းလာပေလိမ့်မည်။

ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် စုယွီသည် စိတ်အေးချမ်းသာစွာဖြင့် တံခါးပိတ်ကျင့်ကြံခြင်းကို သဘာဝကျကျ အာရုံစိုက်နိုင်ပေသည်။

သို့သော် နှစ်ဝက်ခန့် ကြာပြီးနောက် အရှင်သခင်ဆယ်ပါးအင်မော်တယ်မြို့တော်မှ သတင်းတစ်ခုက စုယွီအား အံ့အားသင့်သွားစေပြီး သူ၏ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ခွာလာစေခဲ့၏။

'ကောင်းကင်သိုင်းကျမ်း မျှော်စင်က အရှင်သခင်ကြီးအန်းယွဲ့ဆိုတဲ့သူက ငါ့ကို တွေ့ချင်တယ် ဟုတ်လား...'

'အရှင်သခင်ကြီးအန်းယွဲ့...အဲဒီစီနီယာကြီးလား...'

ယခင်က တာ့ယွဲ့နန်းတော်ရှိ ကောင်းကင်သိုင်းကျမ်း မျှော်စင်မှ စီနီယာကို သတိရမိလိုက်သဖြင့် စုယွီ အနည်းငယ် လှုပ်ရှားသွားခဲ့၏။ ထိုသူ၏အမည်မှာ အန်းယွဲ့ပင်။

'စီနီယာက ငါ့ကို ရှာနေတယ်... ဘာအတွက်လဲ...'

'...'

စုယွီက တာအိုရုပ်သေးအား မှော်လက်နက်များ သန့်စင်သည်ကို ရပ်တန့်စေလိုက်ပြီး အင်မော်တယ်ဂိတ်တံခါးမှ ထွက်ခွာကာ ကောင်းကင်သိုင်းကျမ်း မျှော်စင်မှ အရှင်သခင်ကြီးအန်းယွဲ့အား တွေ့ဆုံရန် အရှင်သခင်ဆယ်ပါးအင်မော်တယ်မြို့တော်ဆီသို့ ဦးတည်သွားလိုက်လေသည်။

ဤစီနီယာက သူ့ကို အဘယ်ကြောင့် တွေ့ချင်ရသနည်းဆိုသည်ကို သူ အတော်လေး နားမလည်နိုင် ဖြစ်နေခဲ့၏။

All Chapters