အခန်း ၈၀၃
Vol. 54 Ch. 803
အခန်း (၈၀၃) ချန်ကုအင်မော်တယ်မြို့တော်၊ သရုပ်မှန်အသစ် (၂)
ချန်ကျိုးပြက္ခဒိန် နှစ်ပေါင်း (၈၁၃၄၁) ခုနှစ်တွင်.. တာ့ယန်အင်မော်တယ်မင်းဆက်၏ အိမ်ရှေ့စံမင်းသားသည် ချန်ကုအင်မော်တယ်မြို့တော် တံခါးဝအပြင်ဘက်၌ နံပါတ်တစ်မိသားစုမှ တာအိုသားတော်တစ်ဦးအား စိန်ခေါ်ခဲ့ကြသည်။ သူတို့နှစ်ဦးသည် တစ်လကျော်ကြာ ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်ခဲ့ကြသော်လည်း တာ့ယန်အင်မော်တယ်မင်းဆက်၏ အိမ်ရှေ့စံမင်းသားသည် သီသီလေးရှုံးနိမ့်သွားခဲ့ပြီး ထွက်ပြေးသွားခဲ့ရ၏။
ချန်ကျိုးပြက္ခဒိန် နှစ်ပေါင်း (၈၂၁၃၅) ခုနှစ်တွင်.. ဝူဝေ့တောင်ကြားမှ သူတော်စင် သမီးတော် ဖွားမြင်လာခဲ့ပြီး ချန်ကုအင်မော်တယ်မြို့တော်အတွင်း၌ တာအို ဆွေးနွေးရန် တာအိုစင်မြင့်တစ်ခုကို တည်ဆောက်ခဲ့သည်။ သူမသည် တစ်နှစ်ခွဲကြာအောင် အချေအတင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ရှေးဟောင်းမြို့တော်မှ ပါရမီရှင် တစ်ရာ့ဆယ့်ခြောက်ဦးကို အနိုင်ယူနိုင်ခဲ့သည်။ သို့သော်လည်း ညနေခင်းတစ်ခုတွင် သူမသည် တာအိုစင်မြင့်ကို ရုတ်တရက် ဖျက်သိမ်းလိုက်ပြီး ထိုအချိန်မှစ၍ ချန်ကုအင်မော်တယ်မြို့တော်နှင့် ဝေးရာသို့ ထွက်ခွာသွားခဲ့၏။
...
စုယွီ ဆက်လက်ဖတ်ရှုနေစဉ် ဤအကြောင်းအရာများသည် အတော်လေး စိတ်ဝင်စားစရာကောင်းကြောင်း တွေ့ရှိလိုက်ရ၏။
ဤရှေးဟောင်းမှတ်တမ်းကျမ်းတွင် ချန်ကျိုးနယ်မြေရှိ အင်အားစုများစွာနှင့် ထိပ်တန်းကျင့်ကြံသူများအကြောင်း လျှို့ဝှက်ချက်များစွာကို မှတ်တမ်းတင်ထားသော်လည်း အဓိက အာရုံစိုက်ထားသည်မှာ ချန်ကုအင်မော်တယ်မြို့တော် ဖြစ်နေကြောင်း ရှင်းလင်းစွာ သိသာနေပေသည်။
ဤစာအုပ်များထဲတွင် ဖော်ပြထားသော ချန်ကုအင်မော်တယ်မြို့တော်၏ ဇာစ်မြစ်များသည် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ၊ ယာယီအားဖြင့် ဘေးဖယ်ထားလိုက်လျှင်ပင် ချန်ကုအင်မော်တယ်မြို့တော်သည် ရှေးဟောင်းကောင်းကင်အင်မော်တယ်စံအိမ်၏ အင်အားစုများ ချန်ထားရစ်ခဲ့သော ရတနာများနှင့် အရင်းအမြစ် အများအပြားကို သိမ်းပိုက်ထားသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
ထို့အပြင် ၎င်းသည် ကောင်းကင်အင်မော်တယ်စံအိမ်ခေတ်ကတည်းက အဓိက စိတ်ဝိညာဉ် ကျင့်ကြံခြင်းနယ်မြေကိုလည်း သိမ်းပိုက်ထားခဲ့သေး၏။ ချန်ကျိုးနယ်မြေ၏ အသည်းနှလုံးနေရာတွင် တည်ရှိနေသော ၎င်း၏ ပထဝီဝင်အနေအထားက အခြားအင်အားစုများ၏ မနာလိုငြူစူမှုကို သဘာဝကျစွာပင် ဆွဲဆောင်နိုင်ခဲ့သည်။
ထို့ကြောင့် တစ်အုပ်လုံးတွင် မှတ်တမ်းတင်ထားသော ဖြစ်ရပ်အများစုမှာ အခြားအင်အားစုများက ချန်ကုအင်မော်တယ်မြို့တော်ထံသို့ ယူဆောင်လာသည့် ပြဿနာများနှင့် သက်ဆိုင်နေပေ၏။
၎င်းတို့သည် ချန်ကုအင်မော်တယ်မြို့တော်၏ ဂုဏ်သိက္ခာကို တစ်စစဖြင့် ရန်စလာခဲ့ကြပြီး အစောပိုင်း ရှုံးနိမ့်မှုများမှစတင်ကာ ချန်ကုအင်မော်တယ်မြို့တော်၏ လက်တုံ့ပြန်မှုကိုပင် ခံစားခဲ့ရသော်လည်း နောက်ဆုံးတွင် ချန်ကုအင်မော်တယ်မြို့တော်နှင့် တန်းတူရည်တူ တိုက်ခိုက်နိုင်ကာ အနိုင်အရှုံး အပြန်အလှန် ရှိလာနိုင်သည်အထိ ဖြစ်လာခဲ့တော့သည်။
ယနေ့ခေတ်တွင် ချန်ကျိုးနယ်မြေရှိ ချန်ကုအင်မော်တယ်မြို့တော်၏ အဆင့်အတန်းသည် အတိတ်ကလို တစ်ဦးတည်းသော အရှင်သခင်ကြီး မဟုတ်တော့ချေ။
ထို့အပြင် ချန်ကုအင်မော်တယ်မြို့တော်ကို မိသားစုတစ်ခုတည်းက လွှမ်းမိုးထားခြင်း မဟုတ်ဘဲ မျိုးရိုးအမည် ငါးခုရှိသော မိသားစုများက ထိန်းချုပ်ထားပြီး ၎င်းတို့သည် ရှေးဟောင်းချန်ကုတာအိုသခင်၏ တပည့်များမှ ဆင်းသက်လာသော မျိုးဆက်များ ဖြစ်သည်ဟု ကောလာဟလ ထွက်ပေါ်နေသည်။
ထိုမျိုးရိုးအမည် ငါးခုရှိသော မိသားစု တစ်ခုစီတိုင်းသည် မြေကမ္ဘာအင်မော်တယ်စံအိမ်ထက် များစွာ သာလွန်သော အင်အားနှင့် ဩဇာလွှမ်းမိုးမှုများကို ပိုင်ဆိုင်ထားကြ၏။
မြေကမ္ဘာအင်မော်တယ်စံအိမ်မှ စုဆောင်းရရှိထားသော သတင်းအချက်အလက်များအရ ချန်ကုအင်မော်တယ်မြို့တော်၏ နောက်ကွယ်တွင် ပေါင်းစပ်ခန္ဓာ တာအိုသခင်ကြီး တစ်ပါး၏ အရိပ်အယောင်များလည်း ရှိနေသည်ဟု သိရသည်။
သို့သော်လည်း ထိုပုဂ္ဂိုလ်သည် မျိုးရိုးအမည် ငါးခုရှိသော မိသားစုများအနက် မည်သည့် မိသားစုမှ အတိအကျ ဆင်းသက်လာသည်ကိုမူ မသိရသေးပေ။
ချန်ကုအင်မော်တယ်မြို့တော်.. ကောင်းကင်နတ်ဘုရား ဓားဂိုဏ်း.. တာ့ယန်အင်မော်တယ်မင်းဆက်.. ဝူဝေ့တောင်ကြား.. လန်ကူ ကျင့်ကြံခြင်းကမ္ဘာ.. ကျန်းယွမ် ကျင့်ကြံခြင်းကမ္ဘာ စသည့် ဩဇာတိက္ကမကြီးမားသော အင်အားစုများအကြောင်း အချက်အလက်များကို ရှာဖွေဖတ်ရှုပြီးနောက် စုယွီ၏ စိတ်ထဲတွင် အတွေးတချို့ စတင်ပုံဖော်လာတော့သည်။
÷
တစ်နှစ်ကျော် ကြာပြီးနောက်
မြေအောက်နန်းတော် လျှို့ဝှက်နယ်မြေအတွင်း၌
စုယွီသည် ပဉ္စမအဆင့်နိမ့် ဝိညာဉ်အရည် အစက်အနည်းငယ်ကို သောက်သုံးလိုက်လေသည်။
ဝိညာဉ်အရည်၏ စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်အတွင်း ပေါက်ကွဲထွက်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်အင်မော်တယ် ခန္ဓာကိုယ်သန့်စင် ကျင့်စဉ်ကို လည်ပတ်ကာ သူ၏ အသားစိုင်များအတွင်း နက်ရှိုင်းစွာ စုစည်းစေလိုက်၏။ သူ၏ စိတ်အာရုံများ ပေါင်းစပ်သွားသည်နှင့်အမျှ ဝိညာဉ်အရည်၏ ကြီးမားလှသော စွမ်းအားများသည် ခန္ဓာကိုယ်သန့်စင်ခြင်း တာအိုကမ္ပည်း တစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားကာ သူ၏ အသားစိုင်များအတွင်း နက်ရှိုင်းစွာ ရိုက်နှိပ်ခံလိုက်ရတော့၏။
ထိုသို့သော ခန္ဓာကိုယ်သန့်စင်ခြင်း တာအိုကမ္ပည်း အရေအတွက်မှာ စုယွီ၏ ခန္ဓာကိုယ်အတွင်း တစ်သိန်းတစ်သောင်းကျော်မျှ ရှိနေပြီ ဖြစ်သည်။
ပဉ္စမအဆင့်နိမ့် ဝိညာဉ်အရည် အစက်အနည်းငယ်သည် နောက်ဆုံးတွင် စုယွီ၏ ခန္ဓာကိုယ်အတွင်း၌ စတုတ္ထအဆင့် ကောင်းကင်အင်မော်တယ် ခန္ဓာကိုယ်သန့်စင်ခြင်း တာအိုကမ္ပည်း နှစ်ခုကို ဖွဲ့စည်းနိုင်ခဲ့လေသည်။
“ဟူး...”
စုယွီသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ပြင်းထန်ကာ မပြယ်လွင့်သွားသော လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရာ မှော်လက်နက် နန်းတော်တစ်ခွင်လုံး လေပြင်းတစ်ဟုန်ကို လှုပ်ခတ်သွားစေခဲ့သည်။ သူ၏ စိတ်ကို စုစည်းလိုက်ပြီး ကျွမ်းကျင်မှုမျက်နှာပြင်ဆီသို့ လှမ်းကြည့်လိုက်၏။
[ကျင့်ကြံခြင်း နည်းစနစ် - ကောင်းကင်အင်မော်တယ် ခန္ဓာကိုယ်သန့်စင် ကျင့်စဉ် (စတုတ္ထအလွှာ.. ၉၉ . ၉၃ ရာခိုင်နှုန်း ကျွမ်းကျင်မှု)]
သူ၏ အသားစိုင်များအတွင်း နက်ရှိုင်းစွာ တည်ရှိနေသော ရေတွက်မရနိုင်သည့် ကြယ်များပမာ ခန္ဓာကိုယ်သန့်စင်ခြင်း တာအိုကမ္ပည်းများကို ကြည့်ရင်း စုယွီက တိတ်တဆိတ် ရေရွတ်လိုက်လေသည်။
‘နောက်ထပ် ခုနစ်ဆယ့်ခြောက်ခုပဲ လိုတော့တယ်...’
ကောင်းကင်အင်မော်တယ် ခန္ဓာကိုယ်သန့်စင် ကျင့်စဉ်၏ ပထမအလွှာသည် ခန္ဓာကိုယ်သန့်စင်ခြင်း တာအိုကမ္ပည်း ကိုးဆယ့်ကိုးခုကို စုစည်းရန် လိုအပ်ပေသည်။
နောက်ဆက်တွဲ အလွှာတစ်ခုစီအတွက် လိုအပ်သော အရေအတွက်သည် ဆယ်ဆစီ မြောက်တက်သွား၏။
လက်ရှိအချိန်တွင် စတုတ္ထအလွှာအတွက် ခန္ဓာကိုယ်သန့်စင်ခြင်း တာအိုကမ္ပည်း ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခု လိုအပ်နေသည်။
ရှုပ်ထွေးလှသော ကြယ်မြေပုံပမာ ခန္ဓာကိုယ်သန့်စင်ခြင်း တာအိုကမ္ပည်းများကို ကြည့်လိုက်လျှင် စတုတ္ထအလွှာ၏ ပုံသဏ္ဍာန်တွင် အလွန်သေးငယ်သော ထောင့်လေးတစ်နေရာသာ ကျန်ရှိတော့သည်ကို တွေ့ရပေသည်။
နောက်တစ်နေ့တွင်
စုယွီသည် ခန္ဓာကိုယ်သန့်စင်ခြင်း တာအိုကမ္ပည်းများကို စုစည်းရန်အတွက် ပဉ္စမအဆင့်နိမ့် ဝိညာဉ်အရည်များကို ဆက်လက်သောက်သုံးနေခဲ့ပြီး တစ်နေ့လျှင် ခန္ဓာကိုယ်သန့်စင်ခြင်း တာအိုကမ္ပည်း ဆယ်ခုမှ ဆယ့်နှစ်ခုခန့်အထိ စုဆောင်းနိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
သတ္တမမြောက်နေ့တွင် စုယွီသည် သူ၏ဆရာ ဖန်တီးထားသော ပဉ္စမအဆင့်နိမ့် အခင်းအကျင်းအလံ အနည်းငယ်ကို ထုတ်ယူကာ နန်းတော်တစ်ဝိုက်တွင် ချထားလိုက်လေသည်။
ထို့နောက် ဟင်းလင်းပြင်ကြေးဖိုကို ထုတ်ယူလိုက်ပြီး အာရုံလှည့်စားမှု နှလုံးသားကျောက်တုံးကို ထိုနေရာသို့ ရွှေ့လိုက်၏။
“ဆူညံသံတွေကို ဖုံးကွယ်ထားပေးပါခင်ဗျာ...”
စုယွီက အာရုံလှည့်စားမှု နှလုံးသားကျောက်တုံး၏ စီနီယာ မှော်လက်နက်ဝိညာဉ်ကို ပြောလိုက်လေသည်။
“ဘာဆူညံသံတွေမို့လို့ ကျုပ်က ဖုံးကွယ်ပေးရမှာလဲ...”
အာရုံလှည့်စားမှု နှလုံးသားကျောက်တုံးသည် အိုမင်းသော မျက်နှာတစ်ခုကို ဖန်တီးလိုက်ပြီး နားမလည်ဟန်ဖြင့် မေးလိုက်၏။
စုယွီက ဘာမှပြန်မပြောဘဲ ချီသန့်စင်အိုးကိုသာ ထုတ်ယူလိုက်ပြီး နန်းတော်အပြင်ဘက်တွင် စောင့်ကြပ်ရန် အနက်ရောင်ရုပ်သေးစစ်သည်တော်ကို ခေါ်ထုတ်လိုက်လေသည်။
နောက်ဆုံးတွင် သူသည် မှော်လက်နက် နန်းတော်အတွင်း ချထားသော စတုတ္ထအဆင့်မြင့် အခင်းအကျင်း ဆယ့်နှစ်ခုနှင့် ပဉ္စမအဆင့်နိမ့် အခင်းအကျင်း အနည်းငယ်ကို အသက်သွင်းလိုက်ကာ အခင်းအကျင်းဟင်းလင်းပြင်တစ်ခုကို ဖန်တီးလိုက်တော့သည်။
စုယွီသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး နှစ်ပေါင်းများစွာကြာအောင် ချီသန့်စင်အိုးအတွင်း၌ စုဆောင်းထားသော ဝိညာဉ်အရည်များကို ကြည့်လိုက်၏။
သူနှင့် ပင်လယ်လွှမ်းမိုး ရွှမ်လိပ်.. သူ၏ အခြားသော ယဉ်ပါး သားရဲ နှစ်ကောင်.. သူ၏ဆရာ ထျန်းယွီ.. လော့ချန်းယွီနှင့် အခြားသူများသည် ဝိညာဉ်အရည်များကို ရံဖန်ရံခါ သောက်သုံးခဲ့ကြသော်လည်း ယခုအခါ အလယ်အလတ်အဆင့် မှော်လက်နက်တစ်ခု ဖြစ်လာပြီဖြစ်သော ထိုအိုးသည် ဝိညာဉ်အရည်များကို အတော်လေး လျင်မြန်စွာ စုစည်းနိုင်စွမ်းရှိပေသည်။ လက်ရှိအချိန်တွင် ထိုအိုးအတွင်း၌ ပဉ္စမအဆင့်နိမ့် ဝိညာဉ်အရည် အစက်ပေါင်း တစ်သောင်းကျော်ခန့် ရှိနေလေပြီ။
‘ဒါဆိုရင် ငါ ကောင်းကင်အင်မော်တယ် ခန္ဓာကိုယ်သန့်စင် ကျင့်စဉ်ရဲ့ ပဉ္စမအလွှာကို အဆင့်ချိုးဖြတ်ဖို့ လုံလောက်လောက်ပြီပဲ...’
စုယွီက စိတ်ထဲမှ တိတ်တဆိတ် တွက်ဆလိုက်လေသည်။
ကောင်းကင်အင်မော်တယ် ခန္ဓာကိုယ်သန့်စင် ကျင့်စဉ်၏ ပဉ္စမအလွှာသို့ အဆင့်ချိုးဖြတ်ပြီးနောက် သူ၏ ခန္ဓာကိုယ်တွင် မည်သို့သော အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကိုမူ သူ မသိနိုင်သေးချေ။
သို့သော်လည်း မည်သည့် အခြေအနေမျိုးအတွက်မဆို ကြိုတင်ပြင်ဆင်ထားပြီး ချောမွေ့စွာ အဆင့်ချိုးဖြတ်နိုင်ရန် သေချာစေခြင်းက အကောင်းဆုံးပင် ဖြစ်၏။
မည်သည့် အနှောင့်အယှက်မှ မရှိဘဲနှင့် သူသည် ပုစဉ်းပိုးတုံးလုံး အချိန်တာအိုကျင့်စဉ်ကို အသက်သွင်းလိုက်၏။ သူ့ကိုယ်သူ အလွန်တရာ ငြိမ်းချမ်းသော အခြေအနေတစ်ခုထဲသို့ ဝင်ရောက်ခွင့်ပြုလိုက်ပြီးနောက် ပဉ္စမအဆင့်နိမ့် ဝိညာဉ်အရည် ဆယ်စက်ကို တစ်ပြိုင်နက်တည်း သောက်သုံးသည်။ ခန္ဓာကိုယ်သန့်စင်ခြင်း တာအိုကမ္ပည်းများကို စုစည်းရန်အတွက် ကောင်းကင်အင်မော်တယ် ခန္ဓာကိုယ်သန့်စင် ကျင့်စဉ်ကို လည်ပတ်လိုက်တော့၏။
နှစ်နာရီကျော်ခန့် ကြာပြီးနောက်
“ဝုန်း...”
နောက်ဆုံး စတုတ္ထအဆင့် ကောင်းကင်အင်မော်တယ် ခန္ဓာကိုယ်သန့်စင်ခြင်း တာအိုကမ္ပည်းကို စုစည်းလိုက်သည်နှင့်တစ်ပြိုင်နက် စုယွီ၏ ခန္ဓာကိုယ်မှ အဆုံးအစမရှိသော အင်မော်တယ်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ သူ၏ အသားစိုင်များ.. အရိုးများနှင့် အရာအားလုံးသည် ဤအခိုက်အတန့်တွင် ပျောက်ကွယ်သွားသကဲ့သို့ ထင်မှတ်ရပေ၏။
သူ၏ နေရာတွင် ကြယ်ရောင်အစက်အပြောက်များသာ ကျန်ရစ်ခဲ့ပြီး ထိုအလင်းစက်များသည် ကြယ်မြေပုံ တစ်ခုပြီးတစ်ခုအဖြစ် ပုံပေါ်လာတော့သည်။
“ဝုန်း...”
စတုတ္ထမြောက် ကြယ်မြေပုံ ပုံပေါ်လာသည်။ မှော်လက်နက် နန်းတော်အတွင်းရှိ ဟင်းလင်းပြင်သည် ရုတ်တရက် တုန်ခါသွားလေ၏။ စုယွီ၏ ခန္ဓာကိုယ်မှ ကြယ်ရောင်အလင်းတိုင် တစ်ခု ပေါက်ကွဲထွက်လာသည်။ ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်၏။
ထိုလျင်မြန်စွာ ကြီးထွားလာသော ထိုအင်မော်တယ်စွမ်းအား လှိုင်းလုံးကြီးက…။
အာရုံလှည့်စားမှု နှလုံးသားကျောက်တုံး မှော်လက်နက်ဝိညာဉ်၏ မျက်နှာ သွေးဆုတ်ဖြူရော်သွားတော့သည်။
“ဖိနှိပ်မယ်...”
အာရုံလှည့်စားမှု နှလုံးသားကျောက်တုံး မှော်လက်နက်ဝိညာဉ်က နန်းတော်၏ အခင်းအကျင်းများကို ထိန်းချုပ်လိုက်ရင်း အမိန့်ပေးလိုက်လေသည်။
အလင်းတိုင်သည် အခင်းအကျင်းဟင်းလင်းပြင်ကို ရိုက်ခတ်သွားသည်နှင့်တစ်ပြိုင်နက် ထိုအနှောင့်အယှက်များကို ဖိနှိပ်ပစ်လိုက်တော့၏။