← Chapters

အခန်း ၈၀၄

Vol. 54 Ch. 804

အခန်း ၈၀၄

Vol. 54 Ch. 804

အခန်း (၈၀၄) ချန်ကုအင်မော်တယ်မြို့တော် သရုပ်မှန်အသစ် (၃)

ထိုအချိန်တွင် စုယွီ အဆင့်ချိုးဖြတ်နေစဉ် သူ၏ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် ပြင်းထန်စွာ တုန်ခါလှိုင်းထနေတော့၏။

ဖော်ပြ၍မရနိုင်သော ကောင်းကင်နှင့်မြေကြီး တာအိုစွမ်းအားကြီးတစ်ခု ကျဆင်းလာသည်။

အဆင့်မချိုးဖြတ်မီက စုယွီ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်အင်မော်တယ် ခန္ဓာကိုယ်သန့်စင် ကျင့်စဉ်မှ ဖြစ်တည်လာသော ကြယ်တာရာပုံရိပ်များသည် အမြစ်တွယ်ခြင်း မရှိသေးသော်လည်း..

ယခုအခါ ဤကောင်းကင်နှင့်မြေကြီး တာအိုစွမ်းအားသည် ကြယ်တာရာတံတားတစ်စင်းပမာ စုယွီနှင့် ပြင်ပရှိ ကောင်းကင်နှင့်မြေကြီး တာအိုအရင်းအမြစ်တို့ကို ချိတ်ဆက်ပေးလိုက်လေပြီ။

ပဉ္စလက်နှလုံးသားကျောက်တုံးသည် မဟာအခင်းအကျင်းကြီးများ၏ စွမ်းအားကို အသက်သွင်းလိုက်ပြီး တောက်ပနေသော ကောင်းကင်ဂြိုဟ်ကြီးတစ်ခုကို ကျောက်ချထားသကဲ့သို့ အင်မော်တယ်နန်းတော်အတွင်းရှိ ထူးကဲသော ဖြစ်စဉ်များကို ဖိနှိပ်ထိန်းချုပ်ထားလိုက်၏။

အထွတ်အထိပ်မှော်လက်နက် အရည်အသွေးနှင့် နီးစပ်သည့် ဟင်းလင်းပြင်ဒယ်အိုးငယ်ကသာ မှော်လက်နက် နန်းတော်အတွင်းရှိ ဟင်းလင်းပြင်ကို တည်ငြိမ်အောင် မထိန်းထားပေးပါက ပဉ္စလက်နှလုံးသားကျောက်တုံးသည် ကောင်းကင်အင်မော်တယ် ခန္ဓာကိုယ်သန့်စင် ကျင့်စဉ်၏ ကြယ်တာရာပုံရိပ်များမှ ထွက်ပေါ်လာသော စွမ်းအားကို ဖိနှိပ်နိုင်မည် မဟုတ်ပေ။

...

အဆင့်ချိုးဖြတ်နေသော စုယွီသည် အလွန်တရာ ဆန်းကြယ်သော ခံစားမှုကို ရရှိနေသည်။

အဆင့်ချိုးဖြတ်သည့် အခိုက်အတန့်တွင် သူ၏စိတ်အာရုံသည် ခန္ဓာကိုယ်အတွင်းရှိ ကြယ်တာရာပုံရိပ်များနှင့် ပေါင်းစပ်သွားသကဲ့သို့ ဖြစ်နေ၏။

ထိုကြယ်တာရာပုံရိပ်များ၏ အောက်တွင် ထိတ်လန့်ဖွယ်ကောင်းသော အင်မော်တယ်စွမ်းအင်များ ထုတ်လွှတ်နေသည့် ကြယ်တစ်ပွင့် တည်ရှိနေသည်ကို သူ အရိပ်အယောင်မျှ တွေ့မြင်လိုက်ရသည်။

ကောင်းကင်အင်မော်တယ် ခန္ဓာကိုယ်သန့်စင် ကျင့်စဉ်၏ အဓိကအူတိုင်သည် ဤကြောက်မက်ဖွယ်ကောင်းသော ကြယ်တာရာကြီး ဖြစ်ဟန်တူသည်။

ထိုကြောက်မက်ဖွယ် ကြယ်ကြီးထံမှနေ၍ နောက်သို့ ပြန်ကြည့်လိုက်သောအခါ စုယွီသည် အခြားမြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။ ကောင်းကင်ယံတွင် မားမားမတ်မတ် ရပ်တည်နေသော အမြင့်မြတ်ဆုံး အင်မော်တယ်မြို့တော်ကြီးများ ဆက်တိုက်ရှိနေပြီး မြို့တော်တစ်ခုစီသည် ပြိုင်ဘက်ကင်း အင်မော်တယ်အခင်းအကျင်းကြီးတစ်ခုအဖြစ် ချိတ်ဆက်ဖွဲ့စည်းထားကြလေသည်။

မရေမတွက်နိုင်သော အင်မော်တယ်မြို့တော်များနှင့် အခင်းအကျင်းများ၏ အကာအကွယ်အောက်တွင် များစွာသော ကျင့်ကြံသူများသည် ပူပန်မှုကင်းစွာ နေထိုင်ကြပြီး သက်တမ်းရှည်ရှည် နေနိုင်ရန် အင်မော်တယ်လမ်းစဉ်ကို ဘေးကင်းစွာ လိုက်လံရှာဖွေရင်း သူတို့၏ ဘဝများကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြသည်။

သို့သော်...

ဝုန်း

အင်မော်တယ်အခင်းအကျင်းကြီး ပေါက်ကွဲသွားပြီး အင်မော်တယ်မြို့တော်ကြီးများသည် ကောင်းကင်မှ ပြုတ်ကျကုန်တော့သည်။

ထိုကြယ်ကြီးသည်လည်း မှေးမှိန်ပျောက်ကွယ်သွားလေ၏။

စုယွီ၏ အသိစိတ်များ ကြည်လင်သွားပြီး ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်သည် တောက်ပသော အင်မော်တယ်အလင်းရောင်များဖြင့် တဖျပ်ဖျပ် လက်နေဆဲပင်။ ခန္ဓာကိုယ်သန့်စင်ခြင်း တာအိုအမှတ်အသား ကိုးသောင်းကိုးထောင်ကိုးရာကိုးဆယ့်ကိုးခု ပါဝင်သော ကောင်းကင်အင်မော်တယ် ခန္ဓာကိုယ်သန့်စင် ကျင့်စဉ်၏ စတုတ္ထအလွှာသည် သူ၏ခန္ဓာကိုယ်အတွင်း၌ အပြည့်အဝ ပုံပေါ်သွားခဲ့လေပြီ။

ကြယ်တာရာပုံရိပ်များ၏ စွမ်းအားကို အနည်းငယ် စုစည်းလိုက်သည်နှင့် စုယွီသည် ကောင်းကင်ကြီးကိုပင် ရိုက်ခွဲနိုင်မည့်အလား ပေါက်ကွဲထွက်မတတ် စွမ်းအားများကို သူ၏လက်သီးထဲတွင် ခံစားလိုက်ရသည်။

သူ၏အနောက်ဘက်တွင်လည်း မှေးမှိန်သော အင်မော်တယ်အလင်းရောင် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။

ကောင်းကင်အင်မော်တယ် ခန္ဓာကိုယ်သန့်စင် ကျင့်စဉ်၏ စတုတ္ထအလွှာ ပြီးပြည့်စုံသွားလေပြီ။

'ငါ အခု ပဉ္စမအလွှာကို ကျင့်ကြံလို့ရပြီပဲ'

စုယွီက တွေးလိုက်ပြီး သူ၏ဘေးရှိ ချီသန့်စင်ခြင်းရေကရားသည် ကြွယ်ဝသော ပဉ္စမအဆင့်နိမ့် ဝိညာဉ်အရည် အမြောက်အများကို ချက်ချင်း ထုတ်လုပ်ပေးလိုက်ရာ သူက ပါးစပ်ဟ၍ ရှူသွင်းလိုက်လေသည်။

ပဉ္စမအဆင့်နိမ့် ဝိညာဉ်အရည် ရာပေါင်းများစွာသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခံလိုက်ရပြီး စတုတ္ထအလွှာတွင် ဖွဲ့စည်းထားသော ကြယ်တာရာပုံရိပ်များထဲသို့ စီးဆင်းသွား၏။

ဝုန်း

ကြယ်တာရာပုံရိပ်များ၏ သန့်စင်မှုအောက်တွင် စုယွီ၏ အသိစိတ်သည် ၎င်းတို့နှင့် ပေါင်းစပ်သွားသည်။ ဤတစ်ကြိမ်တွင် သူသည် ၎င်းတို့အပေါ်၌ ပဉ္စမအလွှာအတွက် ခန္ဓာကိုယ်သန့်စင်ခြင်း တာအိုအမှတ်အသားများကို စုစည်းပေးရန် လိုအပ်ပေသည်။

အရေအတွက်သည် စတုတ္ထအလွှာထက် ဆယ်ဆမျှ ပိုများပြားလှသည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွား၏။

သုံးလကြာပြီးနောက်

စုယွီသည် အင်မော်တယ်နန်းတော်ထဲမှ တစ်လှမ်းချင်း ထွက်လာခဲ့ပြီး သူ၏အငွေ့အသက်မှာ ပြောင်းလဲခြင်း မရှိပေ။ သူသည် ပဉ္စလက်နှလုံးသားကျောက်တုံး၊ ဟင်းလင်းပြင်ဒယ်အိုးငယ်၊ အခင်းအကျင်းအလံများနှင့် အခင်းအကျင်းအခြေခံအုတ်မြစ်များကို သိမ်းဆည်းလိုက်သည်။

သူသည် သားရဲယဉ်ပါး ကျင့်စဉ်ဖြင့် ထိန်းချုပ်ထားသော ပင်လယ်လွှမ်းမိုး ရွှမ်လိပ်နှင့် ထိုက်ရွှီတို့ကိုလည်း ယူဆောင်သွားခဲ့ပြီး ကောင်းကင်မိုးကြိး ကြွက်ဘုရင်နှင့် ၎င်း၏ ကြွက်အုပ်စုကိုသာ ချန်ရစ်ခဲ့လေသည်။

...

ခုနစ်နှစ်ကြာပြီးနောက်

တာ့ချန်ကျင့်ကြံခြင်းကမ္ဘာနှင့် ဝေးကွာလှသော ချန်ကျိုးနယ်မြေရှိ ဝိညာဉ်နယ်မြေ၏ အချက်အချာကျသော နေရာတွင် ခရီးပန်းနေဟန် ရှိပြီး တန်ဖိုးကြီး မှော်ဝတ်ရုံအဖြူ ဝတ်ဆင်ထားသည့် အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ဦးသည် သူ့အရှေ့ရှိ လေထဲတွင် ပျံနေသည့် အင်မော်တယ်မြို့တော်ကြီးကို အံ့အားသင့်သော မျက်လုံးများဖြင့် ငေးကြည့်နေမိ၏။

သူ၏ဘေးတွင် လူငယ်တစ်ဦးက ဂုဏ်ယူဝင့်ကြွားစွာ မိတ်ဆက်ပေးနေသည်။

"တာအိုသခင်ပိုင်ယီ.. ကျွန်တော် ပြောတာ မမှားဘူးမလား.. ချန်ကုအင်မော်တယ်မြို့တော်ဆိုတာ လောကကြီးမှာ ပြိုင်ဘက်ကင်းတဲ့ လေပေါ်ပျံ အင်မော်တယ်မြို့တော်ကြီးပဲ"

"ပြီးတော့ ကျင့်ကြံဖို့အတွက် ချန်ကုအင်မော်တယ်မြို့တော်ထဲကို ဝင်ခွင့်ရတာက လောကက ကျင့်ကြံသူတိုင်းရဲ့ အိပ်မက်တစ်ခုပဲ"

"မြို့ထဲမှာရှိတဲ့ သာမန်အကျဆုံး ကျင့်ကြံခြင်းဂူတစ်ခုကတောင် အပြင်ဘက်မှာရှိတဲ့ တတိယအဆင့် ဝိညာဉ်သွေးကြောပါတဲ့ ကောင်းချီးပေးနယ်မြေတစ်ခုနဲ့ ညီမျှတယ်.. အဲဒီမှာစိုက်ပျိုးထားတဲ့ ဝိညာဉ်ဆန်တွေနဲ့ ဝိညာဉ်အပင်တွေက အပြင်လောကနဲ့ မယှဉ်သာတဲ့ ရတနာတွေနဲ့ ပစ္စည်းကောင်းတွေချည်းပဲ"

"တာအိုသခင်သာ ကျင့်ကြံဖို့ အဲဒီထဲကို ဝင်နိုင်ခဲ့ရင်.. တစ်နေ့ကျရင် ကျွန်တော်က တာအိုသခင်ကို အရှင်သခင်ကြီးလို့တောင် ခေါ်ရနိုင်တယ်"

အသိစိတ်ပြန်ဝင်လာသောအခါ ထိုအမျိုးသားသည် လူငယ်၏ စကားကိုနားထောင်ရင်း မရယ်ဘဲမနေနိုင်တော့ဘဲ မေးလိုက်၏။

"ဒီချန်ကုအင်မော်တယ်မြို့တော်က တကယ်ပဲ အဲဒီလောက်တောင် ဆန်းကြယ်နေတာလား.. မင်းရော အထဲကို ဝင်ဖူးလို့လား"

လူငယ်က ရိုးသားစွာပင် ခေါင်းခါပြလိုက်သည်။

"ကျွန်တော် မဝင်ဖူးပါဘူး.. ချန်ကုအင်မော်တယ်မြို့တော်ထဲကို ဝင်ဖို့အတွက် တစ်ရက်ကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ကုန်ကျတယ်.. အဲဒါတောင်မှ အထဲမှာ နေထိုင်စရာ နေရာရှိမှပါ.. မဟုတ်ရင် ဈေးက ဆယ်ဆလောက် တက်သွားဦးမှာ"

"ဒါ့အပြင်.. အမြဲတမ်းနေထိုင်ခွင့် အိမ် ဒါမှမဟုတ် အမြဲတမ်းနေထိုင်ခွင့် အမိန့်ပြား မရှိဘူးဆိုရင် တစ်နှစ်မှာ တစ်လပဲ အဲဒီမှာ နေလို့ရတယ်"

"ဒီဝိညာဉ်ကျောက်တုံးတွေက ကျွန်တော့်ကို ရောင်းစားရင်တောင် အဲဒီလောက်တန်ဖိုး ရမှာမဟုတ်ဘူး.. ပြီးတော့ ချန်ကုအင်မော်တယ်မြို့တော်ထဲကို မဝင်ရရင်တောင်မှ အပြင်ဘက်က ဘဝက မဆိုးပါဘူး.. ဒီမှာလည်း ကမ္ဘာကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေက ကြွယ်ဝနေတာပဲလေ"

"တစ်နေ့နေ့ တာအိုသခင်လို အဆင့်မျိုးကို ရောက်လာခဲ့ရင် ဒါမှမဟုတ် ချမ်းသာလာခဲ့ရင်တော့.. ချန်ကုအင်မော်တယ်မြို့တော်ထဲကို ဝင်ပြီး လေ့လာကြည့်ချင်ပါသေးတယ်"

"ကျွန်တော့်ညီမက တကယ်တော့ သိပ်ကြည့်ချင်နေတာ.. သူက သူ့ကို အထဲခေါ်သွားပေးဖို့ အမြဲတမ်း ပူဆာနေတတ်တယ်"

ထိုအမျိုးသားသည် ရှေ့ရှိ လေပေါ်ပျံ အင်မော်တယ်မြို့တော်ကို ကြည့်လိုက်ပြီး သူ၏ဘေးရှိ လူငယ်ကို တစ်ချက်ကြည့်ကာ ခေတ္တစဉ်းစားပြီးနောက် ပြုံး၍ လူငယ်၏ခေါင်းကို ပုတ်လိုက်လေသည်။

"ဒါဆိုရင် ကြိုးကြိုးစားစား ကျင့်ကြံပါ.. တစ်နေ့ မင်း အခွင့်အရေး ရလာမှာပါ"

သူက လူငယ်အတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံးကို ချန်ထားရစ်ခဲ့၏။

၎င်းသည် ချန်ကုအင်မော်တယ်မြို့တော်၏ အပြင်ဘက်မြို့တော်ကို တစ်ရက်တာ လိုက်လံပြသပေးခဲ့သော လူငယ်အား သူ၏ ကျေးဇူးဆပ်နည်းပင် ဖြစ်ပေသည်။

လူငယ်သည် အချိန်အတန်ကြာအောင် ဆွံ့အသွားခဲ့သည်။ ညနေခင်း ကောင်းကင်ယံ မှောင်မိုက်လာပြီး နေလုံးကြီး မိုးကုတ်စက်ဝိုင်းအောက်သို့ ဝင်သွားချိန်တွင်မှ သူ သတိပြန်လည်လာပြီး သူ၏မျက်လုံးများသည် ထိန်းချုပ်မရသော စိတ်လှုပ်ရှားမှုများဖြင့် အရောင်လက်သွားတော့၏။

သူ၏စိတ်ထဲတွင် သစ်သားဝိညာဉ်အမြစ် ရွှေအမြုတေတည်ဆောက်ခြင်းကျင့်စဉ် တစ်ခု ရောက်ရှိနေလေပြီ။

၎င်းသည် ရွှေအမြုတေအဆင့် ကျင့်စဉ်တစ်ခုမျှသာ ဖြစ်သော်လည်း သူ ယခင်က တစ်ခါမှ ထိတွေ့ခွင့် မရခဲ့ဖူးသော အရာတစ်ခုပင်။

သူသည် အဝေးရှိ ချန်ကုအင်မော်တယ်မြို့တော်ဆီသို့ ဒူးထောက်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် ကျေးဇူးတင်လိုက်၏။

'ကျန်းချင်းနျိုက ကျင့်စဉ်ကို လက်ဆောင်ပေးတဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်'

စိတ်လှုပ်ရှားမှုများ ပြီးဆုံးသွားပြီးနောက် လူငယ်သည် မြေပြင်မှ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး သူနှင့် သူ၏ညီမတို့ နေထိုင်ရာ သစ်သားတဲငယ်လေးဆီသို့ လှည့်ပြန်သွားလေတော့သည်။

All Chapters