အခန်း ၈၀၆
Vol. 54 Ch. 806
အခန်း (၈၀၆) ချန်ကုအင်မော်တယ်မြို့တော် တာအိုသခင်ပိုင်ယီ
စုယွီ ယခင်က နားလည်ထားသည်မှာ ချန်ကုအင်မော်တယ်မြို့တော်နှင့် တာ့ယန်အင်မော်တယ်မင်းဆက်ကဲ့သို့သော အင်အားစုများအကြား ဆက်ဆံရေးမှာ ပြေလည်မှုမရှိပေ။ ချန်ကုအင်မော်တယ်မြို့တော်သည် ချန်ကျိုးနယ်မြေ၏ အချက်အချာအကျဆုံး ဝိညာဉ် မြေမြတ်ကို သိမ်းပိုက်ထား၏။ ထိုနေရာသည် ဤလေပေါ်ပျံ အင်မော်တယ်မြို့တော်ပင် ဖြစ်တော့သည်။
ချန်ကုအင်မော်တယ်မြို့တော်၏ မျိုးရိုးအမည်ငါးခု ရှိသော မိသားစုများသည် ရှေးဟောင်းကောင်းကင်အင်မော်တယ်စံအိမ်မှ အမွေအနှစ်များစွာကိုပင် ပိုင်ဆိုင်ထားကောင်း ပိုင်ဆိုင်ထားနိုင်ပေမည်။
လေပေါ်ပျံ အင်မော်တယ်မြို့တော်ပဲဖြစ်ဖြစ် ထိုအမွေအနှစ်များပဲဖြစ်ဖြစ် ၎င်းတို့အားလုံးသည် တာ့ယန်အင်မော်တယ်မင်းဆက်.. ကောင်းကင်နတ်ဘုရား ဓားဂိုဏ်းနှင့် ဝူဝေ့တောင်ကြား စသည့် အင်အားစုများက မနာလိုငြူစူစွာ တပ်မက်လိုလားနေသည့် အရာများပင်။
ထို့ကြောင့် တာ့ယန်အင်မော်တယ်မင်းဆက်၏ အာရုံစိုက်မှုကို တာချန်ကျင့်ကြံခြင်းကမ္ဘာမှ လွှဲဖယ်ပစ်လိုလျှင် ထိုနယ်မြေကွက်ငယ်လေးအပေါ် စူးစိုက်နေမှုကို ရပ်တန့်ပစ်ရန် လိုအပ်ပေသည်။
အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့အတွက် အခြားသော ကြောက်မက်ဖွယ် ရန်သူတစ်ဦးကို ရှာဖွေပေးရန်ပင် ဖြစ်၏။
ဤအခန်းကဏ္ဍအတွက် ချန်ကုအင်မော်တယ်မြို့တော်သည် အသင့်တော်ဆုံးဖြစ်ကြောင်း ရှင်းလင်းစွာ သိသာနေပေသည်။
တာ့ယန်အင်မော်တယ်မင်းဆက်အပြင် ရွှမ်လိပ်ပင်လယ်မျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုတို့လည်း ရှိနေသေး၏။ အစပိုင်းတွင် ရွှမ်လိပ်ပင်လယ်မျိုးနွယ်စုသည် တာချန်ကျင့်ကြံခြင်းကမ္ဘာကို ပစ်မှတ်ထားခဲ့ခြင်းမှာ ပင်လယ်လွှမ်းမိုး ရွှမ်လိပ် ဖွားမြင်လာခြင်းကြောင့်သာ ဖြစ်ပြီး ထိုအရာက ဤရှေးဟောင်းဝိညာဉ်သားရဲ၏ နောက်ဆုံးသွေးမျိုးဆက်ကို ရှာဖွေလိုသောကြောင့် ရွှမ်လိပ်ပင်လယ်မျိုးနွယ်စုကို ကမ်းခြေသို့ တက်လာစေခဲ့သည်ပင်။
ယခုအခါ စုယွီသည် ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကို ချန်ကုအင်မော်တယ်မြို့တော်သို့ ခေါ်ဆောင်လာခဲ့ပြီး ၎င်း၏ သွေးမျိုးဆက်အငွေ့အသက်များကို ဖုံးကွယ်ထားခြင်းမပြုတော့ဘဲ ရွှမ်လိပ်ပင်လယ်မျိုးနွယ်စုကို ၎င်းတည်ရှိနေကြောင်း ခံစားသိရှိခွင့်ပြုလိုက်လေပြီ။
ရွှမ်လိပ်ပင်လယ်မျိုးနွယ်စုကိုလည်း ဆွဲဆောင်နိုင်ပြီး ၎င်းတို့၏ အာရုံစိုက်မှုကို ချန်ကုအင်မော်တယ်မြို့တော်ထံသို့ ရောက်ရှိသွားစေမည်ဆိုပါလျှင်..တာချန်ကျင့်ကြံခြင်းကမ္ဘာအတွက် ဖြစ်လာနိုင်သော ခြိမ်းခြောက်မှုတစ်ခု လျော့နည်းသွားနိုင်ပေသည်။
စုယွီ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအတွက်မူ ချန်ကုအင်မော်တယ်မြို့တော်သည် ရတနာသိုက်ကြီးတစ်ခုပင် ဖြစ်၏။ ထိုနေရာတွင် နေထိုင်ခြင်းက ဝိညာဉ်အရည်.. ဆေးလုံး.. ဝိညာဉ်ကျောက်တုံးများနှင့် အခြားသော အရင်းအမြစ်များ၏ ပံ့ပိုးမှုဖြင့် သူ၏ နေ့စဉ် ကျင့်ကြံခြင်းလုပ်ငန်းစဉ်များကို မထိခိုက်စေခဲ့ပေ။
တတိယအဆင့် ကျင့်ကြံခြင်းဂူအသစ်သည် အလွန်မကြီးမားလှသော်လည်း အခန်းသုံးခန်းပါဝင်ပြီး စတုရန်းမီတာ တစ်ရာကျော်ကျယ်ဝန်းသော နောက်ဖေးခြံဝင်းတစ်ခု ရှိနေသေးသည်။
ကျင့်ကြံခြင်းဂူတွင် တတိယအဆင့်နိမ့် အခင်းအကျင်းတစ်ခု တပ်ဆင်ထားပြီး ၎င်းသည် ဝိညာဉ်စွမ်းအင် စုစည်းခြင်း.. ကာကွယ်ခြင်းနှင့် ဖုံးကွယ်ခြင်းစသည့် အကျိုးသက်ရောက်မှုများကို ပေးစွမ်းနိုင်ပေသည်။
သို့သော်လည်း စုယွီ ဤနေရာသို့ ရောက်ရှိလာပြီးနောက် ပဉ္စမအဆင့်နိမ့် မဟာအခင်းအကျင်းများစွာကို အသက်မသွင်းဘဲ တိတ်တဆိတ် ချထားခဲ့၏။ ထို့နောက်တွင် ကျင့်ကြံခြင်းဂူနှင့်အတူ ပါလာသော မူလအခင်းအကျင်းများကို အစားထိုးရန်အတွက် တတိယအဆင့်မြင့် အခင်းအကျင်းအနည်းငယ်ကိုလည်း ချမှတ်ခဲ့လေသည်။
ရွှေအမြုတေအဆင့် သတ္တမအလွှာ ကျင့်ကြံသူနှင့် တတိယအဆင့် အလယ်အလတ် အဆောင်လက်ဖွဲ့ဆရာအဖြစ် သူ၏ လက်ရှိအဆင့်အတန်းအရ တတိယအဆင့်မြင့် အခင်းအကျင်းအချို့ကို အသုံးပြုနိုင်ခြင်းမှာ ထူးဆန်းသော အရာတော့ မဟုတ်ပေ။
ထိုက်ရွှီသည် ခြံဝင်းအတွင်းရှိ တစ်ခုတည်းသော မိုးမခပင်ကောင်းလေးကို ရွေးချယ်ကာ အသိုက်ငယ်တစ်ခု တည်ဆောက်ခဲ့ပြီး ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကတော့ ခြံဝင်းအတွင်းရှိ ကြာကန်ငယ်လေးထဲတွင် နေရာယူလိုက်လေသည်။
သူတို့သည် ပတ်ဝန်းကျင်နှင့် ပတ်သက်၍ အများကြီး မတောင်းဆိုကြပေ။ မည်သို့ပင်ဖြစ်စေ စုယွီက သူတို့၏ နေ့စဉ် စားသောက်မှုများကို ပံ့ပိုးပေးနေသဖြင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင် အနည်းငယ် ချို့တဲ့နေလျှင်တောင်မှ သူတို့အပေါ် များစွာ သက်ရောက်မှု မရှိခဲ့ချေ။
သေးငယ်သော သတ္တဝါလေးနှစ်ကောင် သူတို့၏ အသိုက်များတွင် အထိုင်ကျသွားသည်ကို မြင်ပြီးနောက် စုယွီလည်း သူ၏အခန်းဆီသို့ ပြန်သွားကာ နေ့စဉ် ကျင့်ကြံခြင်းလုပ်ငန်းစဉ် စတင်လိုက်တော့သည်။
သဘာဝဓာတ်ကြီးငါးပါး ကျင့်စဉ်သည် မူလဝိညာဉ်အဆင့် အဋ္ဌမအလွှာနှင့် သိပ်မဝေးတော့ပေ။ နေ့စဉ် ကျွမ်းကျင်မှုများ တိုးပွားလာသည်နှင့်အမျှ ဆယ်စုနှစ်တစ်ခုကျော်ကျော်အတွင်း ပြီးမြောက်နိုင်ခြေ ရှိလေသည်။
ထို့နောက်တွင်တော့ ကောင်းကင်အင်မော်တယ် ခန္ဓာကိုယ်သန့်စင် ကျင့်စဉ်.. ကန်းကျင်း ကောင်းကင်ဓားကျင့်စဉ်.. ရွှေပုစဉ်း ရင်ကွဲ ကျင့်စဉ်နှင့် အထက်ဘုံ သန့်စင်သော မူလတာအိုကျင့်စဉ် စသည့် အခြားကျင့်စဉ်များ ရှိနေသေး၏။
အထက်သန့်စင်ခြင်း မူလတာအိုကျင့်စဉ်သည် မဟာတာအို၏ စွမ်းအားကို နားလည်သဘောပေါက်ရန်အတွက် နည်းစနစ်တစ်ခု ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်က သဘာဝဓာတ်ကြီးငါးပါး တာအိုနယ်ပယ်၏ ကြီးကျယ်သော အောင်မြင်မှုကို ဆုပ်ကိုင်နိုင်ခဲ့ပြီးကတည်းက စုယွီသည် ကောင်းကင်နှင့်မြေကြီး၏ သဘာဝဓာတ်ကြီးငါးပါး စွမ်းအားကို နားလည်သဘောပေါက်ရန်အတွက် အထက်သန့်စင်ခြင်း မူလတာအိုကျင့်စဉ်ကို အသုံးပြုနေခဲ့သည်ပင်။
အကြိမ်တိုင်း ရရှိမှုသည် များပြားလှခြင်း မရှိသော်လည်း သဘာဝဓာတ်ကြီးငါးပါး တာအိုနယ်ပယ်အတွက်လည်း ကျွမ်းကျင်မှုအဆင့်တစ်ခု ရှိနိုင်သည်ဟု စုယွီ ခံစားနေရ၏။
သူပြုလုပ်ရန် လိုအပ်သည်မှာ နေ့စဉ် နားလည်သဘောပေါက်မှုနှင့် ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ပြီး ကျွမ်းကျင်မှုများကို စုဆောင်းရန်သာ ဖြစ်သည်။ ထိုအခါ တစ်နေ့တွင် ဤသဘာဝဓာတ်ကြီးငါးပါး တာအိုနယ်ပယ်သည် ပြီးပြည့်စုံလာနိုင်ပေလိမ့်မည်။
ထိုနေ့သည်လည်း သိပ်မဝေးတော့ပေ။
သူ၏ ကိုယ်ပိုင် သဘာဝဓာတ်ကြီးငါးပါး တာအိုနယ်ပယ်၏ စွမ်းအားသည် နောက်တစ်ဆင့်သို့ တက်လှမ်းရန် အလွှာပါးလေးတစ်ခုသာ ခြားတော့ကြောင်း သူကိုယ်တိုင် ခံစားသိရှိနိုင်ပေသည်။
ကျွမ်းကျင်မှုအဆင့် ပြီးမြောက်သွားသည်နှင့်တစ်ပြိုင်နက် ထိုအလွှာကို သူ ဖောက်ထွင်းနိုင်လိမ့်မည် ဖြစ်၏။
နောက်တစ်နေ့နံနက်တွင်
'ဟူး...'
စုယွီသည် သူ၏ ကျင့်ကြံခြင်းအခြေအနေမှ နိုးထလာပြီး လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ကာ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။ ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအလင်းတန်းတစ်ခု လင်းလက်သွားပြီး သူ၏ ခန္ဓာကိုယ်သည် မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးများ၏ အဆင့်အတန်းထက် သာလွန်သော ကြီးမားလှသည့် အင်မော်တယ်စွမ်းအားလှိုင်းလုံးကြီးတစ်ခုကို ထုတ်လွှတ်လိုက်သကဲ့သို့ ဖြစ်သွားကာ သူ၏ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို အနည်းငယ် တုန်ခါသွားစေခဲ့သည်။
သို့သော်လည်း ဤအနှောင့်အယှက်များသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး စုယွီ၏ အငွေ့အသက်ကို ပြန်ကြည့်လိုက်သောအခါ ရွှေအမြုတေအဆင့် သတ္တမအလွှာသို့ ပြန်လည်ရောက်ရှိသွားလေပြီ။ သူ၏ စိတ်အာရုံက ကျွမ်းကျင်မှုမျက်နှာပြင်ဆီသို့ လှမ်းကြည့်လိုက်၏။
[ကျင့်ကြံမှု - မူလဝိညာဉ်အဆင့် သတ္တမအလွှာ]
[သက်တမ်း - ၄၀၃ / ၄၀၉၈ နှစ်]
[ကျင့်ကြံခြင်း နည်းစနစ်များ - ဓာတ်ကြီးငါးပါး ကျင့်စဉ် (မူလဝိညာဉ်အဆင့် သတ္တမအလွှာ.. ၆၅ . ၁၈ ရာခိုင်နှုန်း ကျွမ်းကျင်မှု).. ကောင်းကင်အင်မော်တယ် ခန္ဓာကိုယ်သန့်စင် ကျင့်စဉ် (ပဉ္စမအလွှာ.. ၅ . ၇၄ ရာခိုင်နှုန်း ကျွမ်းကျင်မှု).. သွေးဝေလငါး လမင်းမြို ကျင့်စဉ် (ပဉ္စမအဆင့်.. ၁၀ ရာခိုင်နှုန်း ကျွမ်းကျင်မှု).. အထက်ဘုံ သန့်စင်သော မူလတာအို နိယာမ (ပြီးပြည့်စုံ).... ရွှေပုစဉ်း ရင်ကွဲ ကျင့်စဉ် (စတုတ္ထအလွှာ.. ၉၃ . ၄၂ ရာခိုင်နှုန်း ကျွမ်းကျင်မှု).. ကန်းကျင်း ကောင်းကင်ဓားကျင့်စဉ် (စတုတ္ထအလွှာ.. ၉၂ . ၂၆ ရာခိုင်နှုန်း ကျွမ်းကျင်မှု)]
[မန္တန်များ - သစ်သား နွယ်ပင်မန္တန် (ပြီးပြည့်စုံ).... ယင်ယန် လွတ်မြောက်ခြင်း ကျင့်စဉ် (ပြီးပြည့်စုံ).. ကောင်းကင်ပိုင်းဖြတ် နတ်ဘုရားကျင့်စဉ် (ပြီးပြည့်စုံ).. ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် (ပြီးပြည့်စုံ).. ဟင်းလင်းပြင် ခွဲထွက် ကျင့်စဉ် (အသေးအဖွဲ အောင်မြင်မှု.. ၈၉ . ၃၄ ရာခိုင်နှုန်း ကျွမ်းကျင်မှု).. နတ်ဘုရား အသွင်ပြောင်း ကျင့်စဉ် (စတုတ္ထအလွှာ.. ၉၀ . ၇၁ ရာခိုင်နှုန်း ကျွမ်းကျင်မှု)]
'သက်တမ်းက နှစ်လေးထောင်တောင်ဆိုတော့...ဝိညာဉ်ခွဲထွက် အဆင့် တာအိုသခင်ကြီးတွေနဲ့တောင် ယှဉ်နိုင်နေပြီပဲ...'
စုယွီက သူ့ကိုယ်သူ တိတ်တဆိတ် ရေရွတ်လိုက်လေသည်။
မကြာသေးမီက ကောင်းကင်အင်မော်တယ် ခန္ဓာကိုယ်သန့်စင် ကျင့်စဉ်၏ ပဉ္စမအလွှာသို့ အဆင့်ချိုးဖြတ်နိုင်ခဲ့မှုသည် ဝိညာဉ်ခွဲထွက်အဆင့်ရှိ ကျင့်ကြံသူများကဲ့သို့ ခွဲထွက်ဝိညာဉ်တစ်ခုကို မဖြစ်ပေါ်စေခဲ့သော်လည်း သူ၏ ရုပ်ပ
ခန္ဓာကိုယ် ပြောင်းလဲမှုက သက်တမ်းကို နှစ်ခုနစ်ရာခန့် တိုးမြင့်လာစေခဲ့သည်။
အခြားသော ကျင့်စဉ်များကို ကြည့်လိုက်လျှင်..
ရွှေပုစဉ်း ရင်ကွဲ ကျင့်စဉ်နှင့် ကန်းကျင်း ကောင်းကင်ဓားကျင့်စဉ်တို့သည် ပဉ္စမအလွှာသို့ပင် ချဉ်းကပ်နေပြီ ဖြစ်၏။
မကြာသေးမီက ရရှိခဲ့သော အကျိုးအမြတ်များကို ခြုံငုံသုံးသပ်ပြီးနောက် စုယွီသည် မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့်အတူ ကျင့်ကြံခြင်းဂူမှ ထွက်ခွာလာခဲ့ပြီး လင်းလုံအဆောင်လက်ဖွဲ့စံအိမ်တွင် အလုပ်လုပ်ရန် ဦးတည်သွားလိုက်လေသည်။
လင်းလုံအဆောင်လက်ဖွဲ့စံအိမ်သည် ချန်ကုအင်မော်တယ်မြို့တော် တစ်ခုလုံးတွင် အတော်လေး သာမန်သာဖြစ်ပြီး ဆိုင်တစ်ဆိုင်သာ ရှိပေသည်။ ၎င်း၏ နောက်ကွယ်မှ ပုဂ္ဂိုလ်မှာ မျိုးရိုးအမည် ငါးခုရှိသော မိသားစုများအနက် တတိယမြောက် မိသားစုဖြစ်သော ကုန်းစွန်းမိသားစုမှ တိုက်ရိုက်ဆင်းသက်လာသည့် သမီးတော် တစ်ဦးသာ ဖြစ်၏။
သို့သော် ဤမထင်ရှားသော အဆောင်လက်ဖွဲ့စံအိမ်သည် စုယွီအတွက် တည်းခိုရန် အသင့်တော်ဆုံးနေရာတစ်ခု ဖြစ်နေသည်။ ထို့အပြင် စုယွီက သူ့ကိုယ်သူ ရွှေအမြုတေအဆင့် သတ္တမအလွှာ တသီးပုဂ္ဂလ ကျင့်ကြံသူနှင့် အဆောင်လက်ဖွဲ့ဆရာအဖြစ် အမှန်တကယ်ပင် ခံယူထားလေ၏။
သူသည် ယာယီဆိုင်ရှင်အပေါ် လေးစားသမှုရှိပြီး ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့ကာ စံအိမ်မှ သခင်မလေးကုန်းစွန်းနှင့် ကြုံတွေ့ရချိန်တွင်ပင် အနည်းငယ်မျှ ဘောင်မကျော်ဘဲ လုံးဝကို ရိုသေလေးစားစွာ ပြုမူခဲ့ပေသည်။
စံအိမ်မှ ချမှတ်ပေးသော အဆောင်လက်ဖွဲ့ရေးဆွဲခြင်း တာဝန်များကိုလည်း စုယွီက ကြိုးစားပမ်းစား ပြီးမြောက်အောင် လုပ်ဆောင်ပေးခဲ့၏။
စံအိမ်တွင် စုယွီ အပါအဝင် အဆောင်လက်ဖွဲ့ဆရာ လေးဦး ရှိလေသည်။ ယာယီဆိုင်ရှင်မှာ စတုတ္ထအဆင့်နိမ့် အဆောင်လက်ဖွဲ့ဆရာတစ်ဦးဖြစ်ပြီး သူက တတိယအဆင့် အလယ်အလတ် အဆောင်လက်ဖွဲ့ဆရာဖြစ်ကာ ကျန်နှစ်ဦးမှာတော့ နှိမ့်ချပြီး သာမန်သာ ဖြစ်သော ဒုတိယအဆင့် အဆောင်လက်ဖွဲ့ဆရာများ ဖြစ်ကြသည်။