← Chapters

အခန်း ၈၀၈

Vol. 54 Ch. 808

အခန်း ၈၀၈

Vol. 54 Ch. 808

အခန်း (၈၀၈) တာအိုသားတော် ကူရှောက်ခွန်း၏ သေရေးရှင်ရေး အဆင့်ချိုးဖြတ်ခြင်း

စုယွီက ဝိညာဉ်လက်ဖက်ရည်ကို ဖြည်းညင်းစွာ သောက်သုံးလိုက်ပြီး ပြုံးလျက် မေးလိုက်သည်။

“ခင်ဗျားတို့ အခုလေးတင် ဘာတွေပြောနေကြတာလဲ ရွှမ်ဝူကုန်သွယ်ရေးအဖွဲ့အစည်း ပင်လယ်နယ်မြေ ဟုတ်လား ပြီးတော့ ဝိညာဉ်သားရဲအကြောင်းလား”

ထိုလူနှစ်ဦးက ရွှမ်ဝူကုန်သွယ်ရေးအဖွဲ့အစည်းနှင့် ရွှမ်လိပ်ပင်လယ်မျိုးနွယ်စုတို့ ချန်ကုအင်မော်တယ်မြို့တော်သို့ မကြာသေးမီက ရောက်ရှိလာသည့် သတင်းကို မျှဝေပေးကြ၏။

ရွှမ်ဝူကုန်သွယ်ရေးအဖွဲ့အစည်းမှ ရောင်းချရန် ၊ လေလံတင်ရန် ယူဆောင်လာမည့် ရတနာများအတွက် သူတို့၏ မျှော်လင့်ချက်များကိုပင် ဖော်ပြခဲ့ကြသည်။

ဤသတင်းကို ကြားပြီးနောက် စုယွီ၏ မျက်လုံးများကလည်း အနည်းငယ် တောက်ပသွားတော့သည်။

ဒုတိယအဆင့် အဆောင်လက်ဖွဲ့ဆရာနှစ်ဦးကမူ အဆောင်လက်ဖွဲ့ ဆရာပိုင် သည်လည်း ရွှမ်ဝူကုန်သွယ်ရေးအဖွဲ့အစည်း၏ ပင်လယ်နယ်မြေမှ အထူးထုတ်ကုန်များကို မျှော်လင့်နေသည်ဟု ထင်မှတ်သွားကြ၏။

သို့သော်လည်း ချန်ကုအင်မော်တယ်မြို့တော်သို့ ရွှမ်လိပ်ပင်လယ်မျိုးနွယ်စု ရောက်ရှိလာသည့် သတင်းကြောင့် စုယွီ အမှန်တကယ် စိတ်လှုပ်ရှားနေကြောင်းကိုမူ သူတို့ လုံးဝ မသိခဲ့ကြပေ။

'နှစ်နှစ်လောက် စောင့်ပြီးတဲ့နောက်မှာတော့ သူတို့ ရောက်လာကြပြီပဲ...'

စုယွီက တိတ်တဆိတ် ရယ်မောတွေးတောလိုက်လေသည်။

ထို့နောက် သူက ထိုနှစ်ဦးကို နှုတ်ဆက်ကာ လင်းလုံအဆောင်လက်ဖွဲ့စံအိမ်မှ ထွက်ခွာပြီး သူ၏ကိုယ်ပိုင် ကျင့်ကြံခြင်းဂူသို့ ပြန်လာခဲ့သည်။

အထဲသို့ ရောက်သည်နှင့် ပင်လယ်လွှမ်းမိုး ရွှမ်လိပ်၏ သွေးမျိုးဆက်အငွေ့အသက်ကို အနည်းငယ် ဖုံးကွယ်ထားရန် အာရုံလှည့်စားမှု နှလုံးသား ကျောက်တုံးအား စတင် အလုပ်လုပ်စေလိုက်၏။

သို့မှသာ ရွှမ်လိပ်ပင်လယ်မျိုးနွယ်စုသည် ပင်လယ်လွှမ်းမိုး ရွှမ်လိပ်၏ အမှန်တကယ် တည်နေရာကို ခြေရာခံနိုင်မည် မဟုတ်ပေ။

စီစဉ်မှုများ ပြုလုပ်ပြီးသည်နှင့် စုယွီသည် ရွှမ်လိပ်ပင်လယ်မျိုးနွယ်စုမှ ရွှမ်ဝူကုန်သွယ်ရေးအဖွဲ့အစည်း အဖွဲ့ဝင်များဆိုသူတို့ကို လေ့လာစောင့်ကြည့်ရန် ထွက်လာခဲ့တော့သည်။

ထိုနေ့ညနေပိုင်းတွင် စုယွီသည် သူ၏ကျင့်ကြံခြင်းဂူသို့ ပြန်လာခဲ့သည်။

“တတိယအဆင့် ဝိညာဉ်ခွဲထွက်အဆင့် မိစ္ဆာအရှင်သခင် တစ်ပါး ပထမအဆင့် ဝိညာဉ်ခွဲထွက်အဆင့် မိစ္ဆာအရှင်သခင် တစ်ပါးနဲ့ ကျန်တဲ့ စတုတ္ထအဆင့် ရွှမ်လိပ်ငါးကောင်အပြင် ရွှမ်ဝူကုန်သွယ်ရေးအဖွဲ့အစည်းက လူသားကျင့်ကြံသူတစ်စုလည်း ပါသေးတယ်”

စုယွီက မျက်လုံးများထဲတွင် နက်ရှိုင်းသော တွေးတောမှုများ ထင်ဟပ်လျက် တိုးညင်းစွာ ရေရွတ်လိုက်လေသည်။

သူသည် နောက်ထပ် မည်သို့လုပ်ဆောင်ရမည်ကို စဉ်းစားနေခဲ့၏။

ရွှမ်လိပ်ပင်လယ်မျိုးနွယ်စုသည် ပင်လယ်လွှမ်းမိုး ရွှမ်လိပ် သွေးမျိုးဆက်၏ တည်နေရာကို သတိပြုမိသွားခဲ့ပြီဖြစ်ကာ ချန်ကုအင်မော်တယ်မြို့တော်သို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။

ရွှမ်လိပ်ပင်လယ်မျိုးနွယ်စု၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန်ဆိုသည့် သူ၏ရည်ရွယ်ချက်မှာ အောင်မြင်သွားခဲ့လေပြီ။

နောက်တစ်ဆင့်အနေဖြင့် သူ၏ရှေ့တွင် ရွေးချယ်စရာ နှစ်လမ်းရှိနေသည်။

တစ်လမ်းမှာ ဆက်လက် ပုန်းကွယ်နေပြီး ရွှမ်လိပ်ပင်လယ်မျိုးနွယ်စုကို ချန်ကုအင်မော်တယ်မြို့တော်တွင် ပြဿနာများ ဖန်တီးခွင့်ပြုထားကာ သူကမူ တိတ်တဆိတ် ဆက်လက်ကျင့်ကြံပြီး မိမိ၏ စွမ်းအားကို မြှင့်တင်ရန် ဖြစ်သည်။

အခြားတစ်လမ်းမှာမူ ရွှမ်လိပ်ပင်လယ်မျိုးနွယ်စု အဖွဲ့ဝင်အားလုံးကို သုတ်သင်ရှင်းလင်းလိုက်ပြီး သူတို့နှင့် ချန်ကုအင်မော်တယ်မြို့တော်ကြားရှိ ပဋိပက္ခကို ပိုမိုပြင်းထန်လာစေရန်ပင်တည်း။

ထို့နောက် ချန်ကုအင်မော်တယ်မြို့တော်၏ လက်ကို အသုံးပြု၍ ရွှမ်လိပ်ပင်လယ်မျိုးနွယ်စုကို ပညာပေးရမည် ဖြစ်၏။

အသေအချာ စဉ်းစားပြီးနောက် စုယွီက နောက်ဆုတ်နေရန်သာ ရွေးချယ်လိုက်သည်။

သူ၏ အဓိကရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်ရာ ယခုအချိန်အတွက် အကောင်းဆုံးရွေးချယ်မှုမှာ ငြိမ်သက်စွာနေထိုင်ပြီး မှန်ကန်သော အခွင့်အရေး ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း တိတ်တဆိတ် ဆက်လက်ကျင့်ကြံကာ စွမ်းအားမြှင့်တင်ရန်ပင် ဖြစ်ပုံရသည်။

သူ၏ လက်ရှိစွမ်းအားဖြင့် ရွှမ်လိပ်ပင်လယ်မျိုးနွယ်စုကို အလျင်စလို တိုက်ခိုက်ခြင်းက တန်ပြန်သက်ရောက်မှု ဖြစ်စေနိုင်သဖြင့် ထိုသို့ပြုလုပ်ရန် မလိုအပ်ပါချေ။

“ဘာ ပင်လယ်လွှမ်းမိုး ရွှမ်လိပ်လဲ .. တတိယအဆင့် ရွှေအမြုတေအဆင့် အဆောင်လက်ဖွဲ့ဆရာ ပိုင်ယီဖြစ်တဲ့ ငါက အဲဒီအကြောင်းကို ဘယ်လိုလုပ် သိမှာလဲ..အဟား”

နောက်တစ်နေ့နံနက်တွင် စုယွီသည် ထုံးစံအတိုင်း လင်းလုံအဆောင်လက်ဖွဲ့စံအိမ်သို့ အလုပ်လုပ်ရန် အေးအေးလူလူ ထွက်လာခဲ့ပါသည်။

လင်းလုံအဆောင်လက်ဖွဲ့စံအိမ်တွင် နေထိုင်ခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း စုယွီသည် မည်သည့် ထူးခြားချက်ကိုမျှ မထုတ်ဖော်ပြခဲ့ပေ။

တတိယအဆင့် အလယ်အလတ်အရည်အသွေး ဝမ်ယင်းအဆောင်လက်ဖွဲ့များ ရေးဆွဲသည့် သူ၏ အဆောင်လက်ဖွဲ့အတတ်ပညာသည်ပင် တိုးတက်မှု မရှိဘဲ အောင်မြင်မှုနှုန်း လေးဆယ်ရာခိုင်နှုန်းခန့်တွင်သာ ထိန်းသိမ်းထားနိုင်ခဲ့ပြီး သူ၏ စရိုက်လက္ခဏာမှာလည်း အတော်လေး ပျင်းရိပုံပေါ်နေခဲ့၏။

သို့သော်လည်း နှစ်နှစ်ကြာ မြှင့်တင်ရောင်းချပြီးနောက် လင်းလုံအဆောင်လက်ဖွဲ့စံအိမ်၏ ဝမ်ယင်းအဆောင်လက်ဖွဲ့များသည် အနီးတစ်ဝိုက်တွင် နာမည်အနည်းငယ် ရလာခဲ့လေပြီ။

စက္ကူအဆောင်လူသား ဟူသော အမည်မှာ ကုန်းစွန်းမိသားစုဝင်အချို့နှင့် အနီးနားရှိ ကျင့်ကြံသူများကြားတွင် စတင် ရေပန်းစားနေပါသည်။

မွန်းလွဲပိုင်းအချိန်တွင်

ကုန်းစွန်းမိသားစုမှ သခင်မလေး ကုန်းစွန်းဇီယန်သည် အဆောင်လက်ဖွဲ့စံအိမ်သို့ ထပ်မံလာရောက်ခဲ့ပြီး စုယွီကို ခေါ်ယူကာ ပြောလိုက်လေသည်။

“မနက်ဖြန် ကုန်းစွန်းမိသားစုမှာ ညစာစားပွဲတစ်ခု ရှိမယ် ကုန်းစွန်းမိသားစုထဲ ဝင်ခွင့်ရဖို့ အခွင့်အရေးတစ်ခုလည်း ရှိလိမ့်မယ်.. အဆောင်လက်ဖွဲ့ဆရာပိုင်..ရှင် ပါဝင်မလား မပါဝင်ဘူးလား ဆိုတာကို စဉ်းစားလို့ရတယ်”

သူမ၏ စကားများကြောင့် အံ့အားသင့်သွားပြီး စုယွီက ရေရွတ်လိုက်၏။

“ကုန်းစွန်းမိသားစုထဲ ဝင်ဖို့ အခွင့်အရေး ဟုတ်လား.. သခင်မလေးကုန်းစွန်း ..အဲဒါက ဘယ်လို အခွင့်အရေးမျိုးလဲ”

ကုန်းစွန်းဇီယန်က ပြန်ဖြေလိုက်သည်။

“ကုန်းစွန်းမိသားစုက ပါရမီရှင်တွေကို မိသားစုထဲ ဝင်ရောက်လာစေဖို့နဲ့ မိသားစု တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေဖို့ ငါးနှစ်တစ်ကြိမ် ညစာစားပွဲ ကျင်းပလေ့ရှိတယ်”

သူမက ပြုံးသလိုလို မပြုံးသလိုလိုဖြင့် စုယွီကို ကြည့်ကာ ပြောလာ၏။

“အဆောင်လက်ဖွဲ့ဆရာပိုင်က မဆိုးလှတဲ့ ပါရမီကို ပိုင်ဆိုင်ထားတယ်.. ပြီးတော့ ရှင့်ရဲ့ ဝမ်ယင်းအဆောင်လက်ဖွဲ့တွေကလည်း တမူထူးခြားတယ်လေ.. ဒါကြောင့် ရှင့်ကို ညစာစားပွဲတက်ဖို့ အခွင့်အရေးတစ်ခု ပေးနိုင်တယ်”

'ဒါက ကျင့်ကြံသူတွေကို ကုန်းစွန်းမိသားစုထဲ ဝင်ရောက် လက်ထပ်လာအောင် ဆွဲဆောင်တဲ့ နည်းလမ်းတစ်ခုများ မဟုတ်ဘူးလား...'

ရိုးရိုးသားသားပြောရလျှင် သူသာ ကုန်းစွန်းမိသားစုထဲ တကယ် ဝင်ရောက်သွားပါက ၎င်းတို့၏ အဆင့်အတန်းကို အသုံးပြုခြင်းဖြင့် အရာများစွာကို ပိုမိုလွယ်ကူသွားစေမည်မှာ သေချာလှသည်။

သို့သော်လည်း စုယွီသည် အရာရာကို ပြီးမြောက်စေရန်အတွက် ကုန်းစွန်းမိသားစုထဲ ဝင်ရောက် လက်ထပ်မည့် အကြံအစည်ကိုတော့ လက်မခံနိုင်သေးပေ။

ထို့ကြောင့် စဉ်းစားပြီးနောက် စုယွီသည် ခါးသီးသော အမူအရာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

“တောင်းပန်ပါတယ် သခင်မလေးကုန်းစွန်း.. ကျွန်တော်က အရှင်သခင်ကြီးနဲ့ စတုတ္ထအဆင့် အဆောင်လက်ဖွဲ့ဆရာတစ်ယောက် မဖြစ်မချင်း အချစ်ရေးကိစ္စကို မစဉ်းစားဘူးလို့.. သစ္စာဆိုထားလို့ပါ သခင်မလေးရဲ့ ကမ်းလှမ်းမှုကို ကျွန်တော် ငြင်းပယ်ရလိမ့်မယ်ထင်တယ်ဗျ”

ကုန်းစွန်းဇီယန်၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသော်လည်း သူမက အခြားစကားများများ မပြောတော့ဘဲ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်လေသည်။

“မနက်ဖြန် မတိုင်ခင်အထိ ဆိုင်ရှင်ဆီက ဖိတ်စာကို တောင်းလို့ရသေးတယ်နော်”

အခန်းထဲမှ ထွက်လာပြီးနောက် စုယွီခမျာ နှမြောစရာကောင်းသည်ဟု ခံစားလိုက်ရ၏။

သူသာ ကုန်းစွန်းမိသားစုထဲ ဝင်ရောက်ပါက သူ၏ အစီအစဉ်များစွာမှာ ပို၍ ရိုးရှင်းသွားမည်လေ။

စုယွီ ထွက်သွားပြီးနောက် ဆိုင်ရှင်ဖြစ်သူက အခန်းထဲတွင် ပေါ်လာပြီး ကုန်းစွန်းဇီယန်ကို ရိုသေလေးစားစွာဖြင့် မေးလိုက်လေသည်။

“သခင်မလေး သူ့ကို အဆောင်လက်ဖွဲ့စံအိမ်ကနေ ထွက်သွားခွင့် ပြုလိုက်ရမလား”

ကုန်းစွန်းဇီယန်၏ မျက်မှောင်များ ပြေလျော့သွားပြီး သူမက ပြောလိုက်သည်။

“မလိုအပ်ပါဘူး.. ဒါပေမယ့် သူ့ကို သေသေချာချာတော့ စောင့်ကြည့်ထားပါ.. သူ ကုန်းစွန်းမိသားစုထဲ ဝင်ဖို့ တကယ်ကြီး ငြင်းပယ်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး”

နောက်ရက်များတွင် စုယွီသည် သူ၏ နေ့စဉ်ဘဝကို ပုံမှန်အတိုင်း ဖြတ်သန်းခဲ့ပြီး နေ့စဉ် အဆောင်လက်ဖွဲ့ရေးဆွဲခြင်း တာဝန်များကို တစ်ရက်မျှပင် မနားဘဲ သစ္စာရှိရှိ ပြီးမြောက်အောင် လုပ်ဆောင်ခဲ့လေသည်။

တစ်လကျော်ကြာပြီးနောက် ဒုတိယအဆင့် အဆောင်လက်ဖွဲ့ဆရာနှစ်ဦးသည် စုယွီထံသို့ ချဉ်းကပ်လာပြီး ရွှေအမြုတေဆေးလုံးအတွက် ပါဝင်ပစ္စည်းများ၏ အရင်းအမြစ်ကို တွေ့ရှိထားကြောင်း၊ ၎င်းကို ရယူမည့် ပြိုင်ပွဲတွင် ပါဝင်ရန် စုယွီကို ဖိတ်ခေါ်လိုကြောင်း ပြောဆိုလာကြ၏။

စုယွီက အများစုကို ရယူနိုင်ပြီး သူတို့ကမူ အနည်းငယ်ဖြင့်သာ ကျေနပ်မည်ဖြစ်ကြောင်း ကတိပေးခဲ့ကြသည်။

သို့သော်လည်း စုယွီက ယဉ်ကျေးစွာ ငြင်းပယ်လိုက်ပြီး ထိုအစား သူတို့ကို တတိယအဆင့် အလယ်အလတ် ဝိညာဉ်အဆောင်လက်ဖွဲ့နှစ်ခု ကမ်းလှမ်းကာ အလဲအလှယ်လုပ်ရန် အဆိုပြုလိုက်လေသည်။

နောက်တစ်နှစ်နှင့် အနည်းငယ်ကျော် ကာလတစ်လျှောက်လုံးတွင် စုယွီသည် ချန်ကုအင်မော်တယ်မြို့တော်မှ မည်သည့်အခါမျှ ထွက်ခွာခြင်းမရှိခဲ့ဘဲ ကုန်းစွန်းဇီယန်က ခရီးသွားရန် သို့မဟုတ် အမဲလိုက်ခရီးစဉ်များ ထွက်ရန် ဖိတ်ခေါ်သည့်တိုင် သူက ကျေးဇူးတင်စွာဖြင့်ပင် ငြင်းပယ်ခဲ့၏။

ထိုအချိန်ရောက်သောအခါ ကုန်းစွန်းဇီယန် ဆိုင်ရှင်နှင့် အခြားသူများသည် အဆောင်လက်ဖွဲ့ဆရာပိုင်ယီမှာ မည်သို့သော လူစားမျိုးဖြစ်ကြောင်းကို အမှန်တကယ် နားလည်သဘောပေါက်သွားကြလေပြီ။

ထိုနေ့တွင်

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သော လူနှစ်ဦးသည် လင်းလုံအဆောင်လက်ဖွဲ့စံအိမ် အပြင်ဘက်သို့ ရောက်ရှိလာကြသည်။

အမျိုးသားမှာ အတော်လေး ခက်ထန်သော အသွင်အပြင်ရှိပြီး အမျိုးသမီးမှာမူ နူးညံ့သိမ်မွေ့ကာ အလွန်တရာ လှပနေပေသည်။ နှစ်ဦးစလုံးမှာ ထူးခြားသော အရှိန်အဝါများကို ထုတ်လွှတ်နေကြ၏။

“ဒီမှာ ဝမ်ယင်းအဆောင်လက်ဖွဲ့ .. စက္ကူအဆောင်လူသားလို့လည်း ခေါ်တဲ့ အတော်လေး ထူးခြားတဲ့ အဆောင်လက်ဖွဲ့တစ်ခု ရှိတယ်လို့ ကြားထားတယ်”

All Chapters