← Chapters

အခန်း ၈၀၉

Vol. 54 Ch. 809

အခန်း ၈၀၉

Vol. 54 Ch. 809

အခန်း (၈၀၉) တာအိုသားတော် ကူရှောက်ခွန်း၏ သေရေးရှင်ရေး အဆင့်ချိုးဖြတ်ခြင်း (၂)

ဆိုင်ရှင်၏ နှလုံးသားမှာ လေးစားမှုဖြင့် တုန်ရီသွား၏။

သူက အပြုံးမျက်နှာဖြင့် ဧည့်သည်များကို အမြန်ပင် ကြိုဆိုလိုက်ပြီး

“ဟုတ်ကဲ့ပါခင်ဗျာ... တာအိုသခင်ကြီးတို့ နှစ်ယောက်လုံး ဘာများ ကြည့်ရှုချင်ပါသလဲခင်ဗျ”

ဒုတိယထပ်ရှိ အဆောင်လက်ဖွဲ့တစ်ခုအတွင်းတွင်

စုယွီ၏ လက်မှာ အနည်းငယ် တုန်ခါသွားပြီး သူ ရေးဆွဲနေသော အဆင့် (၃) အလယ်အဆင့် အရိပ်အဆောင်လက်ဖွဲ့မှာ ရုတ်တရက် အသက်ဝင်မှု ပျောက်ဆုံးသွားကာ စွမ်းအားများ ပြိုကွဲသွားလေတော့၏။ သို့သော် သူက စိတ်မပျက်ဘဲ အောက်ထပ်မှ ဧည့်သည်နှစ်ဦးကိုသာ အာရုံစိုက်လိုက်၏။

'ဒီလူတွေ... တကယ်ပဲ သူတို့ ဖြစ်နေတာလား...'

အင်မော်တယ် တစ်သောင်းနန်းတော်က ကူရှောက်ခွန်း နှင့် သူ၏ တာအိုလက်တွဲဖော် တာ့ချန် ကွမ်ကျားမင်းသမီး။

သူတို့ပါ ချန်ကု အင်မော်တယ် မြို့တော်သို့ ရောက်လာကြပြီလော။

...

အောက်ထပ်တွင်

ဝမ်ယင်း အရိပ် အဆောင်လက်ဖွဲ့များအကြောင်း သိရှိရသောအခါ ကူရှောက်ခွန်းနှင့် ကွမ်ကျားမင်းသမီးမှာ အလွန် အံ့အားသင့်သွားကြ၏။ နောက်ဆုံးတွင် သူမတို့သည် ဝမ်ယင်း အဆောင်လက်ဖွဲ့ ငါးခုစီကို ဝယ်ယူလိုက်ကြပြီးနောက် လင်းလုံ အဆောင်လက်ဖွဲ့ စံအိမ်မှ ထွက်ခွာသွားကြတော့၏။

ညဉ့်နက်သောအခါ...

သူမတို့နှစ်ဦးသည် မြို့တော်အတွင်းရှိ အဆင့် (၄) လျှို့ဝှက်ခန်းမတစ်ခုတွင် တည်းခိုကြ၏။

ချန်ကု အင်မော်တယ် မြို့တော်၏ ယင်း မိသားစု ဘက်သို့ မျှော်ကြည့်လိုက်ရင်း ကူရှောက်ခွန်းက သက်ပြင်းချလိုက်၏။

“ဘိုးဘေးကြီး အနေနဲ့ ယင်းမိသားစုရဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံနိုင်ပါ့မလား...”

သူ၏ တာအိုလက်တွဲဖော် တာ့ချန် ကွမ်ကျားမင်းသမီးမှာမူ ဤကိစ္စများကို စိတ်မဝင်စား။ လက်ရှိ အဆင့်တွင် သူတို့သည် ထိုကဲ့သို့သော အရေးကြီးသည့် ကိစ္စများကို လွှမ်းမိုးနိုင်စွမ်း မရှိသေးပေ။

သူမသည် ဝယ်ယူခဲ့သော ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းလိုက်ပြီးနောက် ကူရှောက်ခွန်းနှင့်အတူ အချိန်အနည်းငယ် ဖြတ်သန်းကာ အကြံပြုလိုက်၏။

“ကျွန်မ ကြားဖူးတာတော့ ချန်ကု အင်မော်တယ် မြို့တော် အပြင်ဘက်မှာ ရွှမ်ဟွမ် တောင်ကြား လို့ ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခု ရှိတယ်တဲ့။ ရှုခင်းတွေက အလွန်လှပတယ်လို့ ဆိုကြတာပဲ။ မနက်ဖြန်ကျရင် အဲဒီကို အလည်သွားကြမလား”

ကူရှောက်ခွန်းမှာ ဤခရီးစဉ်တွင် စိတ်အေးချမ်းမှု တစ်စုံတစ်ခုကို ရရှိရန် လိုလားနေ၏။

ချိုးရှန်းတောင်ထွတ် တွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များက သူ့စိတ်ကို အကြီးအကျယ် ပြောင်းလဲစေခဲ့ပြီး ကျင့်ကြံခြင်းတွင် စိတ်နှစ်မြှုပ်ရန် ခက်ခဲနေခဲ့သည်။

ထို့ကြောင့် အင်မော်တယ် တစ်သောင်းနန်းတော်မှ တာအိုသခင်ကြီး လော့ဟယ်.. ချန်ကု အင်မော်တယ် မြို့တော်သို့ ခရီးစဉ် စတင်သောအခါ ကူရှောက်ခွန်းကိုပါ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။ ရည်ရွယ်ချက်မှာ သူ၏ အမြင်များကို ချဲ့ထွင်ပေးရန်နှင့် အင်အားကြီးမားသော ဂိုဏ်းဂဏများမှ ပါရမီရှင်များနှင့် တွေ့ဆုံစေရန် ဖြစ်သည်။

ကူရှောက်ခွန်းအား ချိုးရှန်းတောင်ထွတ် တွင် ကြုံခဲ့ရသော စိတ်ဒဏ်ရာများမှ ပြန်လည် နာလန်ထူလာစေရန် ဖြစ်၏။

တာ့ချန် ကွမ်ကျားမင်းသမီး၏ အကြံပြုချက်ကို ကြားသောအခါ ကူရှောက်ခွန်းက ခေါင်းညိတ်လိုက်၏။

“ကောင်းပြီလေ... သွားကြည့်ကြတာပေါ့”

အခြားတစ်နေရာတွင်

မြို့ပတ်လမ်းရှိ အဆင့် (၃) ပကတိဟင်းလင်းပြင် ရှိသော လျှို့ဝှက်ခန်းမငယ်အတွေးထဲတွင်တစ်ခုအတွင်း။

စုယွီသည် သူ၏ ရွှေပုစဉ်းရင်ကွဲ အာရုံခံကျင့်စဉ် ကို ရုပ်သိမ်းလိုက်ပြီး တွေးတောမိသည်။

'အင်မော်တယ် တစ်သောင်း နန်းတော်က ဘိုးဘေးကြီးက ယင်းမိသားစုကို သွားတွေ့တယ်လား၊ သူတို့ ဘာတွေ ကြံစည်နေကြတာလဲ...'

သူ့စိတ်ထဲတွင် မေးခွန်းများစွာ ထွက်ပေါ်လာ၏။

အင်မော်တယ် တစ်သောင်း နန်းတော်သည် ဤအချိန်တွင် ယင်းမိသားစုကို ရှာဖွေခြင်းမှာ အလွန် သံသယ ဖြစ်ဖွယ် ကောင်းလှသည်။

သူတို့သည် တာ့ချန် ကျင့်ကြံခြင်း လောက နှင့် ချိုးရှန်းတောင်ထွတ် တို့ကို နောက်တစ်ကြိမ် ကြံစည်ရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ တာအိုသခင်ကြီး အဆင့်သည် သူနှင့် ဝေးကွာနေသေးသည်။

စုယွီ၏ အာရုံသည် ကူရှောက်ခွန်းထံသို့ ပြန်ရောက်လာ၏။

စိတ်ကူးတစ်ခုက သူ၏ ဦးနှောက်ထဲတွင် ဖျတ်ခနဲ ပေါ်လာသည်။

'တွေ့ဆုံနေမှတော့... မင်းကို ချန်ကု အင်မော်တယ် မြို့တော်မှာ ထာဝရ နေရစ်ဖို့ စီစဉ်ပေးလိုက်မယ်...'

ဤ ရေခဲငှက်မွှေး ဝိညာဉ်ခန္ဓာကိုယ် တာအိုသားတော် နှင့် ချိုးရှန်းတောင်ထွတ် တို့၏ မကျေပွဲများမှာ မသေးလှပေ။

ချိုးရှန်းတောင်ထွတ် မှ ကျိုရုံ၊ ကျိုလင် တို့အား ဖမ်းဆီးရန် ကြိုးစားခဲ့ခြင်း သို့မဟုတ် နောက်ပိုင်းတွင် အရိုင်းနယ်မြေ၌ ချိုးရှန်းတောင်ထွတ်၏ တတိယမြောက် အင်မော်တယ်မြို့တော် ကို တိုက်ခိုက်ရန် ကြိုးစားခဲ့ခြင်း အစရှိသည့် အဖြစ်အပျက်များက အမြစ်တွယ်နေခဲ့ပြီ။

အထူးသဖြင့် တာအိုသခင်ကြီး ဟုန်ယွဲ့ ၏ အဆင့်တက်လှမ်း ပွဲတော်တွင် ကူရှောက်ခွန်း ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများက အဆုံးသတ်မဲ့သော ရန်ငြိုးကို ဖြစ်ပေါ်စေခဲ့သည်။

ဤအရာအားလုံးက ယခုအချိန်တွင် ရလဒ်ကောင်းများကို ဖြစ်ပေါ်စေလိမ့်မည်။

စုယွီ၏ စိတ်ထဲတွင် ကူရှောက်ခွန်းမှာ သေလူတစ်ယောက်သာ ဖြစ်သည်။

အကယ်၍ ဝိညာဉ်ခန္ဓာကိုယ် ပိုင်ရှင် တစ်ယောက်သာ ချန်ကု အင်မော်တယ် မြို့တော်တွင် ကျဆုံးသွားပါက အင်မော်တယ် တစ်သောင်း နန်းတော်မှ တာအိုသခင် ဘိုးဘေးကြီးသည် သူ၏ အစီအစဉ်များကို ဆက်လက် ဆောင်ရွက်နိုင်ပါ့ဦးမလား။

နောက်တစ်နေ့ နံနက်တွင် စုယွီသည် ပုံမှန်အတိုင်းပင် လင်းလုံအဆောင်လက်ဖွဲ့စံအိမ်အတွင်းသို့ အလုပ်လုပ်ရန် ရောက်ရှိလာ၏။

အချိန်များ ကုန်ဆုံးသွား၏။

နေ့လည်ပိုင်း အချိန်တွင်၊ ချန်ကု အင်မော်တယ် မြို့တော်မှ လီ သုံးထောင် အကွာရှိ တောင်ကြား တစ်ခုတွင် ဧရာမ မြစ်ကြီး တစ်ခုသည် အဆက်မပြတ် စီးဆင်းနေ၏။ ထိုမြစ်ရေသည် ရုတ်တရက် ရာပေါင်းများစွာသော အမြင့်မှ ကျဆင်းသွားပြီး ဟိန်းညံသော အသံများ မရပ်မနား ထွက်ပေါ်လာလေ၏။

တောင်ကြား ပတ်ဝန်းကျင်တွင် တောင်တက်ကြသူများ အများအပြား ရှိနေ၏။ အချို့မှာ သားရဲစီးကာ တိမ်တိုက်များပေါ်တွင် လျှောက်လှမ်းနေကြပြီး အချို့မှာမူ လှေပျံများဖြင့် သဘာဝ ရှုခင်းများကို လေ့လာရင်း အေးချမ်းစွာ ပျော်ရွှင်နေကြ၏။

All Chapters