← Chapters

အခန်း ၈၁၀

Vol. 54 Ch. 810

အခန်း ၈၁၀

Vol. 54 Ch. 810

အခန်း (၈၁၀) မြှားတစ်ချက်ဖြင့် ဝိညာဉ်ခန္ဓာကိုယ် ပြိုလဲခြင်း

ရွှမ်ဟွမ် တောင်ကြား။

ချန်ကျိုး နယ်မြေ၏ နာမည်ကျော် ထျန်းစန်း အင်မော်တယ် မြစ်၏ အလယ်ပိုင်းတွင် တည်ရှိပြီး ချန်ကျိုး နယ်မြေ အပိုင် ဖြစ်၏။ ယနေ့ခေတ် ချန်ကု အင်မော်တယ် မြို့တော် နှင့် လီပေါင်း ထောင်ချီ ကွာဝေးလေသည်။

ထိုနေရာသည် ရှေးဟောင်း မြစ်ငါးကြင်း တစ်ကောင် တာအို အဆင့်သို့ ချိုးဖြတ်ကာ အစွမ်းထက် မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီးနောက် ကျန်ရစ်ခဲ့သော ဂူတွင်း ကျင့်ကြံရာ နေရာဟု ကောလာဟလ ထွက်ပေါ်နေခဲ့သည်မှာ ကြာညောင်းလှပြီ ဖြစ်သည်။

ချန်ကု အင်မော်တယ် မြို့တော် ဘက်မှ လူတစ်စု ချဉ်းကပ်လာကြ၏။

မိန်းကလေး တစ်ဦးက ရှေ့တွင် ရှိသော ကြီးမားသည့် မြစ်ရေတံခွန်ကြီးကို လက်ညှိုးထိုးကာ ခပ်အေးအေး ရယ်မော၍ ပြောလိုက်သည်။

“အရှင် ရွှမ်လျို... ဒါကတော့ နာမည်ကျော် ရွှမ်ဟွမ် တောင်ကြား ပဲ။ အဲဒီ ထျန်းစန်း အင်မော်တယ် မြစ်ရေတံခွန်ကို ဖောက်ထွက်ပြီး အတွင်းထဲ ဝင်သွားလိုက်ရင်တော့ အံ့ဩစရာ ကောင်းတဲ့ အလှတရားတွေကို တွေ့ရလိမ့်မယ်။ နေနဲ့ လ လည်ပတ်မှုတွေက နိဗ္မာန် တစ်ခုလိုပါပဲ။ တကယ့်ကို ကမ္ဘာငယ်လေး တစ်ခု စီးမျောနေသလိုမျိုးပါရှင်”

‘အရှင် ရွှမ်လျို’ ဟု အခေါ်ခံရသူမှာ အသက်နှစ်ဆယ်ကျော် အရွယ်ခန့်သာ ရှိသေးပုံပေါ်သော်လည်း သူ၏ အရှိန်အဝါအရ သူသည် လူသားမျိုးနွယ်ဝင် မဟုတ်ကြောင်း ထင်ရှားနေသည်။

အဝါရောင်ဖျော့ တာအို ဝတ်ရုံကို ဝတ်ဆင်ထားသူ ရွှမ်လျိုသည် ရှေ့မှ တောင်ကြားကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် စိတ်ဝင်စားမှု တစ်စက်မျှ မရှိပါလေ။

“ငါးကြင်း ကလေး တစ်ကောင်ရဲ့ ဂူတွင်း ကျင့်ကြံရာ နေရာလေး တစ်ခုပါလား။ ဒီလို နေရာမျိုးကိုပဲ မင်းတို့ လူသားတွေက အံ့ဩနေကြတာကိုး...” ဟု အရှင် ရွှမ်လျိုက အထင်သေးစွာ ဆိုလိုက်သည်။

သူသည် ထိုမိန်းကလေးကို တစ်ချက်ကြည့်ပြီး ဆက်ပြော၏။

“တာအို ရောင်းရင်း ယင်းယို.. အခွင့်အရေး ရရင်တော့ ခိုလင် ပင်လယ် နယ်မြေက ရွှမ်ဝူ အင်မော်တယ် မြို့တော် ကို လာလည်ကြပါဦး။ အဲဒီမှာဆိုရင်တော့ ဒီနေရာထက် အဆပေါင်း များစွာ ခမ်းနားကြီးကျယ်တဲ့ ပင်လယ် မျိုးနွယ်စုရဲ့ အင်မော်တယ် မြို့တော်ကြီးတွေကို တွေ့ရလိမ့်မယ်”

မိန်းကလေးသည် မချိပြုံး ပြုံးလိုက်ရုံသာ။ သူမ စိတ်မပါသော်လည်း မျိုးနွယ်စု အကြီးအကဲများ၏ တောင်းဆိုချက်ကြောင့်သာ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာပြီး အကြိမ်ကြိမ် မြင်တွေ့ဖူးနေသော ဤတောင်ကြားသို့ လာရောက်လည်ပတ်နေရသည်ပင်။

သို့သော် သူမ နံဘေးမှ ယင်း မျိုးနွယ်စုဝင် အချို့ကမူ မျက်မှောင် ကုတ်သွားကြသည်။

ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုမှ ဤမင်းသား၏ မောက်မာသော လေသံနှင့် လူသားမျိုးနွယ်ကို အထင်သေးသော အကြည့်များက သူတို့ကို မနှစ်မြို့ဖွယ် ဖြစ်စေ၏။

ထိုအခိုက်တွင် ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုမှ အရှင် ရွှမ်လျို၏ မျက်ခုံးများ ရုတ်တရက် တွန့်ချိုးသွားသည်။ ပြင်းထန်သော အရှိန်အဝါ တစ်ခု သူတို့ဆီသို့ ကျရောက်လာသဖြင့် ထိုအရှိန်အဝါ လာရာလမ်းကြောင်းကို ကြည့်လိုက်သောအခါ လူနှစ်ဦးကို တွေ့လိုက်ရသည်။

အရှင် ရွှမ်လျိုက မျက်မှောင် ကုတ်လျက် မေးလိုက်သည်။

“အဲဒီ နှစ်ယောက်က ဘယ်သူတွေလဲ...”

တောင်ကြား အထက်၊ တိမ်တိုက်များ အကြားတွင် ကူရှောက်ခွန်းနှင့် ကွမ်ကျားမင်းသမီးတို့သည် ရွှမ်ဝူ ကုန်သွယ်ရေး အဖွဲ့အစည်းနှင့် ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုဝင်များ ရွှမ်ဟွမ် တောင်ကြား သို့ လာရောက် လည်ပတ်နေသည်ကို အဝေးမှ မမှိတ်မသုန် ကြည့်နေကြ၏။

ကူရှောက်ခွန်း၏ မျက်ခုံးများ တွန့်ချိုးသွားသည်။

ယခင်က ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုက တာ့ယန် ကျင့်ကြံခြင်းကမ္ဘာကို ရန်စခဲ့သဖြင့် အင်မော်တယ် မြို့တော် ဆယ်ပါး၏ တိုက်ပွဲကြီး ဖြစ်ပွားခဲ့ရ၏။

ထိုတိုက်ပွဲကြီးတွင် သူ၏ ဦးလေးများစွာ ကျဆုံးခဲ့ရသည်။

သူတို့၏ အင်မော်တယ် တစ်သောင်း နန်းတော်က ချန်ကု အင်မော်တယ် မြို့တော် ရှိ ယင်း မျိုးနွယ်စုနှင့် တွေ့ဆုံရန် ရောက်ရှိနေသော်လည်း ဘိုးဘေးများထံမှ သတင်းတစ်စုံတစ်ရာ မရရှိသေးပေ။ ယခုတွင်မူ ယင်း မျိုးနွယ်စုက ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုကို လိုက်ပို့ပေးနေသည်ကို မြင်လိုက်ရသဖြင့် ကူရှောက်ခွန်း စိတ်မကောင်း ဖြစ်မိသည်။

သို့သော် သူသည် မိုက်မဲစွာဖြင့် ရန်ရှာရန် မသွားခဲ့ပေ။ မိမိ၏ တာအို အဖော်ကို ခေါ်ကာ ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် လူတစ်စုသည် သူတို့၏ ဝိညာဉ် လှေ ကို ဝိုင်းရံလိုက်ကြ၏။

ခဏအကြာတွင် အရှင် ရွှမ်လျို၏ အေးစက်စက် အသံ ထွက်ပေါ်လာသည်။

“တာ့ယန် ကျင့်ကြံခြင်းကမ္ဘာက လူတွေလား...”

“ဒီနေရာမှာ တွေ့လိမ့်မယ်လို့ မထင်ထားဘူး”

“အဲဒီ နှစ်ယောက်ကို ဖမ်းလိုက်စမ်း”

စကား ရှည်ရှည် ပြောမနေတော့ဘဲ ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုမှ ထိပ်တန်း အဆင့် လေး ကျွမ်းကျင်သူ နှစ်ဦးနှင့် ရွှမ်ဝူ ကုန်သွယ်ရေး အဖွဲ့အစည်းမှ လူသား ကျင့်ကြံသူများသည် ကူရှောက်ခွန်းနှင့် ကွမ်ကျားမင်းသမီးတို့၏ ဝိညာဉ် လှေ ကို တိုက်ရိုက် တိုက်ခိုက်လိုက်ကြသည်။

ကူရှောက်ခွန်းနှင့် ကွမ်ကျားမင်းသမီးတို့၏ မျက်နှာထားများ ပျက်ယွင်းသွားပြီး ဝိညာဉ် လှေ ထဲမှ အင်မော်တယ် အလင်းတန်းများ ပေါက်ကွဲထွက်လာကာ ပတ်ပတ်လည်တွင် အကာအကွယ် အလွှာများ ဖြစ်ပေါ်လာသည်။

“ဝုန်း...”

ရေနဂါး စွမ်းအားများ၊ မှော်ရတနာများနှင့် ဓမ္မ လက်နက်များက အကာအကွယ် အလွှာကို အပြင်းအထန် ထုရိုက်လိုက်သည်။ ဝိညာဉ် လှေ မှာ ကောင်းကင်ယံမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုနှင့် ရွှမ်ဝူ ကုန်သွယ်ရေး အဖွဲ့အစည်းတို့၏ ဝိုင်းရံ တိုက်ခိုက်မှုကြောင့် အကာအကွယ် အလွှာမှာ ပြင်းထန်စွာ တုန်ခါသွားပြီး မကြာခင် ကွဲအက်တော့မည် ဖြစ်၏။

ကူရှောက်ခွန်း အတွက်မူ အင်မော်တယ် တစ်သောင်း နန်းတော်နှင့် ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု ကြားတွင် ရန်ငြိုးများ ရှိသော်လည်း တွေ့တွေ့ချင်း တိုက်ခိုက်လောက်သည်အထိ မဟုတ်ပေ။ ထို့ကြောင့် သူသည် အခြေအနေကို ရှောင်ရှားရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။

သို့သော် ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုမှ အရှင် ရွှမ်လျို၏ အမြင်တွင်မူ တာ့ယန် ကျင့်ကြံခြင်းကမ္ဘာမှ ကျင့်ကြံသူများမှာ သူတို့၏ ပစ်မှတ်များ ဖြစ်နေသည်။

သူတို့၏ ဘိုးဘေးများက ရှေးဟောင်း ဝိညာဉ် သားရဲ၏ မျိုးရိုး သွေးမျိုးဆက်ကို ရှာဖွေနေပြီး ထို သားရဲများမှာ တာ့ယန် ကျင့်ကြံခြင်းကမ္ဘာတွင် ပထမဆုံး ပေါ်ထွက်လာသည်ပင်။

ယခင်က ကူရှောက်ခွန်း၏ အရှိန်အဝါမှာ ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုကို ရန်လိုနေသဖြင့် အရှင် ရွှမ်လျိုက မည်သို့မျှ လွှတ်ပေးမည် မဟုတ်ပေ။

ကူရှောက်ခွန်းအား ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းပါက မမျှော်လင့်ထားသော အကျိုးကျေးဇူးများ ရရှိနိုင်ပေလိမ့်မည်။

ထိုသို့မှာ အရှင် ရွှမ်လျို၏ အတွေးပင်။

သူတို့၏ အနောက်တွင် ယင်း မျိုးနွယ်စုဝင် အချို့က ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။

အစောက တာအိုသခင် ယင်းယို ဟု ခေါ်ဆို ခံရသော မိန်းကလေးသည် ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုက တာ့ယန် ကျင့်ကြံခြင်းကမ္ဘာက လူများဟု သိလိုက်သည်နှင့် အဘယ်ကြောင့် ဤမျှ ပြင်းထန်စွာ တုံ့ပြန်ရသနည်းဟု နားမလည် ဖြစ်သွားရ၏။

သူမသည် လွန်ခဲ့သော ရက်အနည်းငယ်က ယင်း မျိုးနွယ်စုအတွင်း၌ ကူရှောက်ခွန်းကို အဝေးမှ မြင်တွေ့ခဲ့ရသဖြင့် ကူရှောက်ခွန်းနှင့် ကွမ်ကျားမင်းသမီးတို့၏ အထောက်အထားကို သိရှိထားသည်။

သို့သော် ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုက အဘယ်ကြောင့် ဤနှစ်ဦးကို တွေ့သည်နှင့် တိုက်ခိုက်ရသနည်း။

သူမ စိတ်တွန့်ဆုတ် နေမိသော်လည်း ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုနှင့် ကူရှောက်ခွန်းတို့၏ တိုက်ပွဲကို ဝင်ရောက် တားဆီးရန် မပြုလုပ်ခဲ့ပေ။

ဤနေရာသည် ချန်ကု အင်မော်တယ် မြို့တော် မဟုတ်သည့်အပြင် ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုနှင့် တာ့ယန် ကျင့်ကြံခြင်းကမ္ဘာ၏ အင်မော်တယ် တစ်သောင်း နန်းတော်တို့ကြားက ရန်ငြိုးမျှသာ ဖြစ်သဖြင့် ယင်း မျိုးနွယ်စုက ဝင်ရောက် စွက်ဖက်ရန် မလိုပေ။

“ဘုန်း...”

ထိုအချိန်တွင် အင်မော်တယ် တစ်သောင်း နန်းတော်မှ သူတို့ နှစ်ဦး၏ ဝိညာဉ် လှေ မှာ ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု၏ ဝိုင်းရံ တိုက်ခိုက်မှုကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ကူရှောက်ခွန်းသည် ဒေါသတကြီးဖြင့် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေလောက်အောင် ဟိန်းဟောက်လိုက်သည်။

“ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု... မင်းတို့ အလွန်အကျူး မလုပ်ကြနဲ့ ..အကြောင်းမဲ့ တိုက်ခိုက်နေတာ၊ နောက်ဆက်တွဲ ဖြစ်လာမယ့် အကျိုးဆက်တွေကို စဉ်းစားပြီးပြီလား”

နောက်ထပ် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားလာပြီး ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု၏ ဝိုင်းရံ တိုက်ခိုက်မှုအောက်တွင် ကူရှောက်ခွန်းနှင့် ကွမ်ကျားမင်းသမီးတို့ စုပေါင်း တိုက်ခိုက်မှုကြောင့် မပြိုလဲဘဲ ဆက်လက် ခုခံထားနိုင်ဆဲပင်။

ကူရှောက်ခွန်း၏ ကျင့်ကြံခြင်းမှာ မူလဝိညာဉ် အဆင့် ရှစ်လွှာ အထိ ရောက်ရှိနေသည်။ သူ၏ ရေခဲ စွမ်းအားမှာ ထိတ်လန့်ဖွယ် ကောင်းလှကာ မူလဝိညာဉ် အဆင့် အထွတ်အထိပ် အဆင့် အရှင်သခင် တစ်ဦးထက်ပင် အဆပေါင်း များစွာ သာလွန်လေသည်။ ထိပ်တန်း အဆင့် လေး ရွှမ်လိပ် ပင်လယ် ကျွမ်းကျင်သူများပင်လျှင် ကူရှောက်ခွန်းကို ယှဉ်ပြိုင်နိုင်ရန် မူလ သတ္တဝါ ပုံစံသို့ ပြောင်းလဲယူရတော့၏။

All Chapters