← Chapters

ငါ တကယ် လက်စားချေဖို့ ဒါကို လုပ်ခဲ့တာ မဟုတ်ပါဘူး

Vol. 14 Ch. 102

ငါ တကယ် လက်စားချေဖို့ ဒါကို လုပ်ခဲ့တာ မဟုတ်ပါဘူး

Vol. 14 Ch. 102

“အခန်းတစ် စက္ကူဖြူအရုပ်၊ ငါ့အဘိုးနာမည်က ဟူကောဟွာ၊ သူ့ဘိုးဘေးတွေက ပတ်ဝန်းကျင်မိုင်အနှံ့မှာ ကျော်ကြားတဲ့ မြေရှင်တွေ၊ သူတို့ အောင်မြင်ကျော်ကြားပြီး အတိုးတက်ဆုံး အချိန်ကဆိုရင် မြို့ထဲက ဆက်နေတဲ့ လမ်းသုံးလမ်းထဲက အိမ်လေးဆယ်ကျော်ကို ဝယ်ခဲ့ကြာတာ၊ သူတို့က နိုင်ငံရေးနဲ့ ကုန်သွယ်ရေးမှာလည်း ပါတယ်၊ မြို့ကို လှူဒါန်းမှုတွေ ပြုလုပ်ပြီးတော့ သယ်ယူပို့ဆောင်ရေးမှာလည်း ပံ့ပိုးခဲ့တယ်”

နိဒါန်းက ပုံမှန်သဖွယ် စတင်လာသည်။ သာမန်ထက် ထူးကဲသော တစ္ဆေများ သို့မဟုတ် ထူးခြားသော မြင်ကွင်းများ မပါပေ။ အရာအားလုံးက ရဲ့လင်းချန် သူ့ဘာသာသူ ပြောနေသည်ဟု ထင်ရသည်။

သို့သော် ယင်းကလည်း ပုံပြင်က အလွန် စစ်မှန်သည်ဟု ခံစားနေရသည့် အကြောင်းရင်း ဖြစ်ပေသည်။ ရဲ့လင်းချန် ပြောပြနေချိန်တွင် သူ့ကိုယ်ပိုင် အတွေ့အကြုံ တစ်ခုလုံးကို အလွန် အသေးစိတ်ကျကျ ပြည့်စုံစွာ ပြန်လည် ပြောပြနေသည့် ခံစားချက်မျိုး ပေးစွမ်းလေသည်။

နောက်ခံကို အဆုံးသတ်လိုက်ပြီးနောက် ပုံပြင်အတွက် အချိန်တန်လေပြီ။

“အဲ့အချိန်မှာ တံခါးခန်းဆီးက ဘေးကို ရွေ့သွားပြီးတော့ အမျိုးသမီးတစ်ယောက် ထွက်လာတယ်၊ သူ့အသား အရေက ဖြူဖွေးကြည်လင်နေပြီးတော့ မျက်နှာက ပန်းကန်ပြားလို ဝိုင်းတယ်၊ သူ့မှာ ဖွံ့ထွားတဲ့ တင်ပါးနဲ့ သေးငယ်တဲ့ ခြေထောက်တွေ ရှိတယ်၊ ဟူကောဟွာ အံ့ဩစိတ်ကြောင့် ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားတယ်”

“ဝါး … ဒါ ငါ လူတစ်ယောက်ကို ငါ့အတွက် လုပ်ပေးဖို့ တောင်းဆိုထားတဲ့ စက္ကူအရုပ် မဟုတ်လား၊ ဘယ်လိုလုပ် အဲ့ဒါက အသက်ဝင်လာတာလဲ ….”

ရုတ်တရက် နားထောင်နေသူတိုင်း၏ စိတ်ထဲ၌ စိမ့်ခနဲ ဖြစ်သွားလေသည်။

ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို သူတို့ နားထောင်ဖူးပြီး ဂူသင်္ချိုင်းဖောက်ခြင်း အကြောင်းကို အထာနပ်နေပြီ ဖြစ်သော်လည်း ရဲ့လင်းချန်၏ ပုံပြောပြခြင်းက သူတို့ကို ထိုမြင်ကွင်းက တကယ် မြင်ယောင် လာစေသည်။

ထို့နောက်တွင် မီးအိမ်မှုတ်တစ္ဆေ၏ ဇာတ်ကြောင်းက တဖြည်းဖြည်း ဇာတ်ရည်လည်စ ပြုလာသည်။ စက္ကူရုပ်မှနေ၍ အလောင်းကောင်များ ထို့နောက် ရှေးဟောင်းအုတ်ဂူများ၊ ၎င်းတို့အားလုံးက သူတို့စိတ်ထဲတွင် ကြောက်စိတ်အား အမြစ်တွယ်လာစေသည်။

တစ်ချိန်တည်းမှာပင် လူအများသည် မီးအိမ်မှုတ် တစ္ဆေနှင့် ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းနှစ်ခုအား တိတ်တဆိတ် နှိုင်းယှဉ်စ ပြုလာသည်။ မီးအိမ်မှုတ်တစ္ဆေသည် ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းထက် အရေးအသားနှင့် ဇာတ်ကြောင်းတွင် အများကြီး ပိုသာသည်ဟု သူတို့ သုံးသပ်မိသည်။

ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းက ရှုထောင့်အမျိုးမျိုးတွင် လျော့တိလျော့ရဲ ဖြစ်နေပြီး ဇာတ်လမ်းတွင် ဟာကွက်များ ရှိသည်ဟု တွေးမိသည့် အချိန်များလည်း ရှိသည်။ သို့ရာတွင် မီးအိမ်မှုတ်တစ္ဆေက ပို၍ အသေးစိတ် ကျသည်။ ဇာတ်လမ်းက အစမှအဆုံးတိုင် တသမတ်တည်း ရှိပြီး အားလုံးက လောကတစ်ခုသို့ စီးမျောလိုက်ပါသွားစေသည်။

လက်ရာကောင်းတစ်ခုပင်။ နောက်ထပ် ဂူသင်္ချိုင်းဖောက်သည့် လက်ရာကောင်း ပုံပြင်တစ်ခုပင်တည်း။

လူတိုင်းသည် တိုက်ရိုက် ထုတ်လွှင့်မှု မစခင်ကတည်းက အော်ဟစ်အားပေးနေကြသည်။

အထူးသဖြင့် ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို သစ္စာရှိရှိ နားထောင်သူများပင်။ သူတို့သည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ နီမြန်းနေသည်။ သူတို့အားလုံး ပြုံးနေကြသည်။

[လခွမ်း ငါ့လူရေ၊ ဝိုင်နတ်ဘုရားက အံ့ဩဖို့ကောင်းတယ်ဟ၊ ဂူသင်္ချိုင်းဖောက်သူရဲ့ သမိုင်းမှတ်တမ်းကို နားထောင်ပြီးတော့ ငါ ဂူသင်္ချိုင်း ဖောက်တာတွေကို တော်တော်လေး သဘောတွေ့နေတာ၊ ဂူသင်္ချိုင်းဖောက်တဲ့ ဝတ္ထု နောက်တစ်ပုဒ်ကို ငါ ရှာမတွေ့ခဲ့ဘူး၊ မီးအိမ်မှုတ်တစ္ဆေက တကယ့်ကို နတ်ဘုရားက ပို့လိုက်သလိုပဲ]

[ငါ့အပေါ်က မှတ်ချက်ပေးတဲ့လူ၊ ငါလည်း အဲ့လို ခံစားမိတယ်၊ မီးအိမ်မှုတ်တစ္ဆေက ဂူသင်္ချိုင်းဖောက်သူရဲ့ သမိုင်းမှတ်တမ်းကို ကျော်နိုင်မယ်လို့ ငါ ထင်တယ်]

[ဘာလို့လဲတော့ မသိဘူး၊ မီးအိမ်မှုတ်တစ္ဆေက ပိုစစ်မှန်ပြီး ပိုဆွဲဆောင်မှုရှိတယ်လို့ ငါ ထင်တယ်]

…

ထိုအချိန်တွင် ရဲ့လင်းချန်၏ ပုံပြင်က တိုက်ရိုက် ထုတ်လွှင့်မှုတွင်းမှ အရေအတွက်က တိုးမြင့်လာစေသည်။ အစက ၂.၂ သန်း ရှိနေရာမှ ၂.၅ သန်းသို့ တိုးလာပြီးနောက် တတိတိ တိုးလာသည်။

“ဟား … ဒါ ငါတို့ ပြောနေတဲ့ ဝိုင်နတ်ဘုရားပဲလေ”

စုန့်ချမ်သည်လည်း စိတ်အေးသလို သက်ပြင်းချလိုက်သည်။ ရလဒ်က သူ ထင်ထားသည်ထက် ပို၍ ကောင်းနေပြီး အချိန်တိုလေးသာ ရှိသေးသော်လည်း သူ့အဝတ်အစားတွင် ချွေးတို့ဖြင့် ရွှဲနစ်နေသည်။

ဝိုင်နတ်ဘုရားက ဂူသင်္ချိုင်းဖောက်သည့် ဇာတ်လမ်းကိုသာ ပြောမည်ကို သိလိုက်ရချိန်က သူ အံ့ဩသွားခဲ့ရသည်။ သို့သော် ဝိုင်နတ်ဘုရားက ဇာတ်ကြောင်းတူသော်လည်း လုံးဝ မထပ်သော ပုံပြင်ကို ပြောပြပြီး သူ့အရည်အချင်းကို သက်သေပြသွားခဲ့သည်။

“နားဆင်သူ အပေါင်းတို့ရေ ထုတ်လွှင့်မှုက ဒီမှာတင် အဆုံးသတ်ပါပြီ၊ နောက် ဘာဖြစ်မလဲဆိုတာကို ခန့်မှန်းပြီး မနက်ဖြန် နားဆင်ပေးကြပါဦး”

ရဲ့လင်းချန် ပြုံးလိုက်ပြီး ပုံပြင်ကို အဆုံးသတ်လိုက်သည်။ သို့သော် သူသည် တန်းထွက်လိုက်မည့်အစား တိုက်ရိုက် ထုတ်လွှင့်မှုထဲမှ ဖြစ်ပျက်နေသော အရာအားလုံးကို လေ့လာနေသည်။

[ပြီးသွားပြီလား၊ မဖြစ်ရဘူး … ဝိုင်နတ်ဘုရားရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်နေရင် အမြဲ အချိန်ကုန်တာ မြန်တယ်]

[မလုပ်ပါနဲ့ ဝိုင်နတ်ဘုရားရေ၊ ငါ တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ဆက်ပြောပါဦး၊ နောက်ထပ် နာရီဝက် ဆိုလည်း အဆင်ပြေပါတယ်]

[စိတ်လှုပ်ရှားဖို့ ကောင်းတယ်၊ ဂူသင်္ချိုင်း ဖောက်သူရဲ့ သမိုင်းမှတ်တမ်းက အထွတ်အထိပ်လို့ ငါ ထင်နေတာ ဒါပေမဲ့ ငါ ထင်တာ မှားသွားတယ်၊ ဝိုင်နတ်ဘုရားကို ကျော်နိုင်တဲ့သူက ဝိုင်နတ်ဘုရား ကိုယ်တိုင်ပဲ ရှိတယ်]

[ဝိုင်နတ်ဘုရားက ပါရမီရှင်ပဲ၊ ထင်ထားတဲ့အတိုင်း သူ့ကိုယ်ပိုင်လက်ရာကို သူ စိတ်ရှိတဲ့အချိန်တိုင်း ပြန်ကျော်နိုင်တယ်]

တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားချိန်တွင် ပုံပြင်ထဲ မျောနေသူများအားလုံး အသိဝင်လာသည်။ ရုတ်ချည်း ဆိုသလို ဖန်သားပြင်တွင် မှတ်ချက်များဖြင့် ပြည့်လာသည်။

ထို့နောက်တွင် အဆုံးမသတ်နိုင်သော လက်ဆောင်များ ဝင်လာ၏။

[ဝိုင်နတ်ဘုရားရဲ့ အမာခံ ပရိသတ်လေးက တင်ဆက်သူကို ဒုံးပျံဆုကြေး လက်ဆောင် ပေးလိုက်ပါတယ်]

[ဝိုင်နတ်ဘုရားရဲ့ ချစ်စရာ‌ ကောင်မလေးက တင်ဆက်သူကို ဒုံးပျံဆုကြေး လက်ဆောင် ပေးလိုက်ပါတယ်]

[ဝိုင်နတ်ဘုရားရဲ့ ပရိသတ်ကောင်လေးက တင်ဆက်သူကို ဒုံးပျံဆုကြေး လက်ဆောင် ပေးလိုက်ပါတယ်]

[ဝိုင်နတ်ဘုရားက ကြီးမြတ်တယ်က တင်ဆက်သူကို ဒုံးပျံဆုကြေး လက်ဆောင် ပေးလိုက်ပါတယ်]

ဒုံးပျံဆုကြေးက အဆက်မပြတ် ထွက်ပေါ်လာပြီး ဖန်သားပြင်တစ်ခုလုံး ပြည့်လာသည်။

ထိတ်လန့်စရာ ကောင်းလိုက်လေခြင်း။

ထိုအခိုက်တွင် လူတိုင်း စာရိုက်ရန် မေ့လျော့နေပြီး ဒုံးပျံဆုကြေးများသည်သာ လူတိုင်း မြင်နေရသည့် တစ်ခုတည်းသော အရာ ဖြစ်နေသည်။ သူတို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေ၏။

*ဒါတွေက ပိုက်ဆံတွေလေ*

ငါးမိနစ် ကြာပြီးနောက် ဒုံးပျံဆုကြေးများက ဆက်ပေါ်လာနေဆဲ ဖြစ်ပြီး လူချမ်းသာ အရေအတွက်ကလည်း တိုးလာသည်။ တိုက်ရိုက် ထုတ်လွှင့်မှုတွင်း၌ သူတို့ ဒုံးပျံဆုကြေးများ ဆက်၍ ပို့နေကြသည်။

ဒုံးပျံဆုကြေးတစ်ခုကို ယွမ် ငါးထောင် ရှိသည်။ ထိတ်လန့်ခြင်းဟူသော စကားလုံးနှင့်သာ အခြေအနေကို ဖော်ပြ နိုင်ပေတော့မည်။ ယင်းက ငွေမိုး ရွာသွန်းနေသလိုပင်။

မကြာခင်မှာပင် ပန်ဒါ ထုတ်လွှင့်ရေးတွင် ဖန်သားပြင်အပြည့် ရွှေရောင် စာတန်း ပေါ်လာသည်။ ၎င်းက တစ်ခုပြီး တစ်ခု ပေါ်လာလေ၏။

[ဂုဏ်ယူပါတယ်၊ ဝိုင်နတ်ဘုရားရဲ့ အမာခံ ပရိသတ်လေးက ဝိုင်နတ်ဘုရားရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုထဲမှာ ဧကရာဇ်အဖြစ် အဆင့် တိုးမြင့်သွားပါပြီ]

[ဂုဏ်ယူပါတယ် ဝိုင်နတ်ဘုရားရဲ့ ချစ်စရာ ကောင်မလေးက ဝိုင်နတ်ဘုရားရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုထဲမှာ ဧကရာဇ်အဖြစ် အဆင့် တိုးမြင့်သွားပါပြီ]

[ဂုဏ်ယူပါတယ် ဝိုင်နတ်ဘုရားရဲ့ ပရိသတ်ကောင်လေးက ဝိုင်နတ်ဘုရားရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုထဲမှာ ဧကရာဇ်အဖြစ် အဆင့် တိုးမြင့်သွားပါပြီ]

[ဂုဏ်ယူပါတယ် ဝိုင်နတ်ဘုရားက ကြီးမြတ်တယ်က ဝိုင်နတ်ဘုရားရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုထဲမှာ ဧကရာဇ် အဖြစ် အဆင့် တိုးမြင့်သွားပါပြီ]

…

*ဧကရာဇ်တဲ့လား၊ သူတို့ တကယ် ချမ်းသာတာပဲ*

သူတို့က တိုက်ရိုက် ထုတ်လွှင့်မှု ပလက်ဖောင်း၏ ကျောရိုးမဏ္ဍိုင်ဟု ပြောလျင် လွန်ရာမကြပါ။

ရဲ့လင်းချန်၏ တိုက်ရိုက် ထုတ်လွှင့်မှုတွင် စာသားတစ်ခု ပေါ်လာသည်။

ဝိုင်နတ်ဘုရားရဲ့ အမာခံပရိသတ်: [ဆောရီး ဇာတ်လမ်းက ဆွဲဆောင်လွန်းလို့ ငါ သတိဝင်တာ နည်းနည်း နောက်ကျသွားတယ်]

ဝိုင်နတ်ဘုရားရဲ့ ပရိသတ်ကောင်လေး: [ချီးပဲ၊ ငါ ပိုက်ဆံပြန်ဖြည့်ဖို့ ခဏလေး သွားလိုက်တာ၊ ဒါပေမဲ့ ငါ ပထမဆုံး ဧကရာဇ် မဖြစ်လိုက်ဘူး၊ စိတ်တိုဖို့ ကောင်းလိုက်တာ]

ဝိုင်နတ်ဘုရားရဲ့ ချစ်စရာ ကောင်မလေး: [ဝိုင်နတ်ဘုရားကို အားပေးတယ်၊ ပန်ဒါ ထုတ်လွှင့်ရေးကို အားပေးတယ်]

ထိုလူချမ်းသာများက ပြိုင်တူ ပေါ်လာကြသည်။ သူတို့၏ သန်မာသော ကြွယ်ဝမှု အရှိန်အဝါက တိုက်ရိုက် ထုတ်လွှင့်မှုအတွင်း၌ အတော်ကြာအောင် ငြိမ်သက်သွားစေသည်။

[ဟိုလူချမ်းသာတွေ မသွားသေးဘူးလား၊ အခု ငါ့လို ဆင်းရဲသားလေး ထွက်လာလို့ ရပြီလား]

[ဟူးဟူးဟူး … ငါ ခုနက သေမတတ် ကြောက်သွားတာ၊ အဲ့လူချမ်းသာ ငကြောင်တွေ ငါ့ကို ငွေနဲ့ မြေမြှုပ်လိုက်မှာ စိုးရတယ်]

[ခုနက ငါ ဘာလို့ လူလုံးထွက်မပြလဲ သိလား၊ အဲ့လူချမ်းသာတွေ ငါ့ကို ငွေနဲ့သုံးပြီး ဖြားယောင်းမှာ စိုးလို့ပဲ၊ ငါ မပါသွားအောင် အကောင်းဆုံး ကြိုးစားနေတာ]

“မင်းတို့ရဲ့ ချစ်ခင်မှုနဲ့ လက်ဆောင်တွေအတွက် ကျေးဇူးတင်ပါတယ်”

ရဲ့လင်းချန် ဤမျှ ဆွဲဆောင်နိုင်လိမ့်မည်ဟု ထင်မထားမိပါ။ သူ ပြုံး၍ ပြောလိုက်သည်။

“မီးအိမ်မှုတ်တစ္ဆေက ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းနဲ့ ဇာတ်လမ်းကျောရိုး တူပင်မယ့် မီးအိမ်မှုတ် တစ္ဆေက ဂူသင်္ချိုင်းဖောက်ခြင်းရဲ့ ဘောင်ကို အပြည့်အဝ ရှင်းပြတယ်၊ နောက်ပုံပြင်က ပိုပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းမှာပါ၊ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းထက် တော်တော်လေး ပိုကောင်းမှာ သေချာပါတယ်”

လူတော်တော်များများက ရဲ့လင်းချန်၏ စကားကို ထောက်ခံကြသည်။ သူတို့ ဇာတ်လမ်းအစကိုသာ နားထောင်ရသေးသော်လည်း မီးအိမ်မှုတ်တစ္ဆေက ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းထက် အဘက်ဘက်မှနေ၍ ပိုပြီး ပြည့်စုံကောင်းမွန်သည်။

ထိုစဉ် ရဲ့လင်းချန် ဆက်ပြောသော စကားကို သူတို့ ကြားလိုက်ရသည်။

“မီးအိမ်မှုတ်တစ္ဆေရဲ့ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ကျွန်တော် အခမဲ့အဖြစ် ထားလိုက်ဖို့ ဆုံးဖြတ်ထားတယ်၊ ဟုတ်ပါတယ် လုံးဝ အခမဲ့ပါ၊ ဒီပုံပြင်ကို အနာဂတ်မှာ ဘာပိုက်ဆံမှ မကောက်ပါဘူး၊၊ မူပိုင်ခွင့်ကို စိတ်ဝင်စားတဲ့ ရင်းနှီးမြှုပ်နှံသူတွေ ရှိမယ်ဆိုရင် ကာတွန်းဖြစ်ဖြစ်၊ ရုပ်ရှင်ဖြစ်ဖြစ်၊ ဂိမ်းအတွက် ဖြစ်ဖြစ် အခမဲ့ ပေးပါတယ်၊ ကျွန်တော့် ပုံပြင်ကို လူတွေ ပိုသိလာစေချင်တာက ကျွန်တော့်ဆန္ဒပါ”

“ပြီးတော့ ကျွန်တော် ဘာလို့ ဟူယွီက ထွက်လာတာလဲဆိုတာ အားလုံး သိပါတယ်၊ ဒါပေမဲ့ ကျွန်တော်က အငြိုးထားတတ်တဲ့သူ မဟုတ်ပါဘူး၊ ဒါကို ဟူယွီကို လက်စားချေချင်လို့ လုပ်တာ မဟုတ်ဘူးလို့ ကျွန်တော် ဒီကနေ ကြေညာလိုက်ပါတယ်၊ ကျေးဇူးပြုပြီး အားလုံး အထင်မလွဲကြပါနဲ့ …”

All Chapters