← Chapters

အခန်း (၅၁၉-၅၂၀)

Vol. 52 Ch. 519-520

အခန်း (၅၁၉-၅၂၀)

Vol. 52 Ch. 519-520

အခန်း(၅၁၉)

“ဟုန်မင်ကြေးမုံကတော့ ရှိနေတုန်းပဲ။ ဒါတွေအားလုံး အစစ်တွေလား”

ယဲ့ပေရွှမ် သူ့သိုလှောင်လက်စွပ်ထဲက ရင်နှီးနေသော ဟုန်မင်ကြေးမုံကို ကြည့်ပြီး ရေရွတ်၏။

ဖုန်းချုံးယွီ ပြောသည်။

“စီနီယာအစ်ကို ဒါတွေအားလုံး အစစ်မှန်တွေပါ”

ယဲ့ပေရွှမ် မေးသည်။

“ဘယ်သူတွေ အခမ်းအနားကို လာမှာလဲ။ ဆရာနဲ့ စီနီယာအစ်ကိုကြီးရော လာမှာလား”

ဖုန်းချုံးယွီ စိတ်ရှုပ်ထွေးစွာ ပြောသည်။

“စီနီယာအစ်ကိုဘာတွေ ပြောနေတာလဲ။ ရှင့်ဆရာက နတ်ဘုရား‌ကျောင်းတော်ကို ရောက်သွားပြီလေ။ ပြီးတော့ ဘယ်က စီနီယာအစ်ကိုကို ပြောနေတာလဲ။ ရှင့်မှာ စီနီယာအစ်ကိုမှ မရှိတာ”

ယဲ့ပေရွှမ် ထပ်မမေးတော့ပေ။ သူ့အတွင် သံသယများ ရှိနေသေးသော်လည်း သူ ယခု ပုံရိပ်ယောင်ထဲ ရောက်နေသလားဆိုတာ အရင်ဆုံး စမ်းစစ်ရပေမည်။

သိပ်မကြာခင် သူ ဖုန်းချုံးယွီကို အခမ်းအနားသို့ ခေါ်သွားပြီး ဝမ်တောက်ကျောင်းတော်မှ ရင်းနှီးနေသည့် မျက်နှာများကို ကြည့်လိုက်၏။

မြောင်တောင်ပေါ်တွင် ဖြစ်သမျှ အရာအားလုံးသည် အိပ်မက်တစ်ခုဟု ယဲ့ပေရွှမ် သံသယဝင်လာတော့သည်။

အမှန်တကယ်ဖြစ်ခဲ့လျှင် ၎င်းသည် သူကြုံတွေ့ခဲ့ရသော သူတော်စင်ကပ်ဘေးတစ်ခု ဖြစ်ပေလိမ့်မည်။ ၎င်းက မကောင်းသည့် အတွေ့အကြုံတော့ မဟုတ်ပေ။ သူ ထိုအတွေ့အကြုံများကို စုပ်ယူပြီးလျှင် သူတော်စင်အဆင့်သို့ သေချာပေါက်တက်လှမ်းနိုင်ပေလိမ့်မည်။

ဖုန်းချုံးယွီနှင့် ယဲ့ပေရွှမ်တို့ အိပ်မက်ကမ္ဘာထဲ နစ်မြောနေစဉ်

အိုအေစစ်၏ အနက်ရှိုင်းဆုံးနေရာ၊ ခမ်းနားသည့် ကျောင်းတော်ကြီးတစ်ခုအတွင်း၌

လက်ရှစ်ဖက် ဗုဒ္ဓတစ်ပါးသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ပြီး ရေရွတ်၏။

“ဒီတစ်ကြိမ် ပြန်လည်မွေးဖွားလာတဲ့ သူတော်စင်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ရိတ်သိမ်းနိုင်မယ်လို့ ထင်ထားဘူး။ ငါသာ သူ့ဝိညာဉ်ကို ဗုဒ္ဓတိုင်းပြည်ထဲ ထည့်နိုင်ရင် သေချာပေါက် ဗုဒ္ဓတစ်ပါး ဖြစ်လာလိမ့်မယ်”

“အဲဒီအချိန်ကျရင် နတ်ဆိုးလောကတစ်ခုလုံးက ငါ့အပိုင်ဖြစ်လာလိမ့်မယ်။ တစ်ချိန်တည်းမှာ ဒီသောက်နေစရာမကောင်းတဲ့ အစုတ်အပြတ်ဒေသက ထွက်နိုင်လိမ့်မယ်။ ဆန်းကြယ်ကောင်းကင်ဒေသဆိုတာ ငါ့အတွက် အမဲလိုက်ကွင်းတစ်ခု ဖြစ်လာလိမ့်မယ်။ ဟားဟား”

လက်ရှစ်ဖက်ဗုဒ္ဓနတ်ဆိုးသည် ဖီးနစ်မျိုးနွယ်ကို ပြဿနာ ရှာရန် မစီစဉ်ထားပေ။ သူ့မှတ်ဉာဏ်ထဲတွင် ဖီးနစ်မျိုးနွယ်ကို စောင့်ကြပ်နေသော နတ်ဘုရားဧကရာဇ်တစ်ပါး ရှိကြောင်း သိထား၏။

သူ သူတော်စင်အဆင့် ဖြစ်လာရင်တောင် တစ်ဖက်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ တိတ်တဆိတ် တိုးတက်အောင် လုပ်ခြင်းကသာ အကောင်းမွန်ဆုံး ရွေးချယ်မှုဖြစ်ပေသည်။

နတ်ဆိုးဧကရာဇ်နှင့် ဖီးနစ်မျိုးနွယ်ကြားမှ ရန်ကြွေးအတွက်တော့ သူ့နှင့် မဆိုင်ပေ။

သူ နတ်ဘုရားအာရုံကို ယဲ့ပေရွှမ်အပေါ် စူးစိုက်ထားသည်။ ထိုကောင်စုတ်လေး ဗုဒ္ဓတိုင်းပြည်သို့ ကျဆင်းသွားသည်နှင့် သူ၏ နတ်ဘုရားဝိညာဉ်ကို သိမ်းပိုက်နိုင်မည့် အခွင့်အရေး ရလာပေမည်။

သူ့ဗုဒ္ဓတိုင်းပြည်နှင့် နတ်ဘုရားလောကတို့သည် လုံးဝကွာခြားသည်။ ကျင့်ကြံသူတစ်ယောက် သူတို့မြင်သမျှ အရာအားလုံးကို ယုံကြည်သွားပါမှ ဗုဒ္ဓတိုင်းပြည်ထဲသို့ ကျဆုံးသွားပြီး သူကလည်း ထိုသူ၏ နတ်ဘုရားဝိညာဉ်ကို အပြည့်အဝဝါးမျိုးနိုင်ပေလိမ့်မည်။

လက်ရှစ်ဖက်ဗုဒ္ဓနတ်ဆိုးသည် ထိုလုပ်ငန်းစဉ်ကို အတော်လေး ပျော်ရွှင်နေပြီး သူက ကယ်တင်ခြင်းဟုပင် အမည်သမုတ်ပေးထား၏။

ထို့ကြောင့် လက်ရှစ်ဖက်ဗုဒ္ဓနတ်ဆိုးသည် အခြားသော နတ်ဆိုးမျိုးနွယ်များနှင့် အတော်လေးကွာခြားသည်။ သူ့အတွင် နောက်လိုက်မရှိပေ။ ဝိညာဉ်တစ်ခု အိုအေစစ်ထဲသို့ ဝင်ရောက်လာပါက နတ်ဆိုးဖြစ်စေ၊ လူသားဖြစ်စေ သူ၏ ကယ်တင်ခြင်းကို ခံရပြီး သူ၏ အားအင်သွေးသားများ ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် လျှို့ဝှက်နယ်မြေအတွင်းမှ သက်ရှိများသည် အိုအေစစ်ကို တားမြစ်နေရာတစ်ခုအလား ပြုမူကြ၏။

စိတ်ကူးယဉ်ပုံရိပ်အတွင်း၌ ယဲ့ပေရွှမ် အခမ်းအနားသို့ တက်ရောက်ပြီးနောက် သူ၏ကိုယ်ပိုင်ခြံဝင်းလေးသို့ ပြန်လာတော့သည်။

သူ့ကျင့်ကြံရန် အထောက်အကူပြုမည့် ပစ္စည်းအချို့ အရင်ဆုံး ရှာဖွေလိုက်၏။

အချိန်မည်မျှ ကုန်လွန်သွားသည်မသိ ဆရာချူဖုန်း သင်ပေးသော ကျင့်ကြံခြင်းနည်းစနစ်တစ်ခု သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။

ထိုအထဲတွင် သူ နားလည်သဘောပေါက်ထားသည့် ဟုန်မင်စစ်မှန်ဆန္ဒလည်း ပါဝင်၏။ ထိုဆန္ဒသည် သူ့ဘဝ နားလည်ထားသမျှတွင် အစွမ်းထက်ဆုံး အရာဖြစ်သည်။

သူ ဟုန်မင်လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းပါက အနာဂတ်အောင်မြင်မှုသည် သူတော်စင်အဆင့်ထက် ပို၍ သာပေလိမ့်မည်။

ယဲ့ပေရွှမ် ဆရာသင်ပေးထားသော ကျင့်စဉ်ကို လေ့ကျင့်ပြီးနောက် ဟုန်မင်ဆန္ဒကို နားလည်သွားတော့၏။

သူ့ခန္ဓာကိုယ်ထဲမှ ဟုန်မင်ချီကို ခံစားမိတော့ ယဲ့ပေရွှမ် အတော်လေး ပျော်ရွှင်သွားသည်။

သူ အောင်မြင်စွာ ကျင့်ကြံနိုင်သွားပါ၏။ သို့သော် မေ့လျော့ခြင်းတာအိုတွင်လည်း အနှစ်သာရများ ပါဝင်ပုံပင်။ သို့သော် ထိုနည်းစနစ်က နက်နဲလွန်းပြီး ဆက်တိုက် ကျင့်ကြံပါက စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ထပ်ပေါ်လာပေလိမ့်မည်။

ယဲ့ပေရွှမ် ကျင့်ကြံနေသည့် နည်းစနစ်ကို မြင်တော့ လက်ရှစ်ဖက်ဗုဒ္ဓနတ်ဆိုး ရေရွတ်သည်။

“ဒီကောင်စုတ်လေးက ထူးခြားသားပဲ။ သူနောက်ပိုင်း ဘယ်လိုအရာတွေ လုပ်ဦးမလဲဆိုတာ ငါ ကြည့်ချင်နေပြီ”

ယဲ့ပေရွှမ် ဟုန်မင်ဖန်တီးခြင်းကျမ်းကို ဆက်တိုက် ကျင့်ကြံတော့၏။ သူ့ခန္ဓာကိုယ်ထဲတွင် ဟုန်မင်ခရမ်းရောင်ချီများ များပြားလာသည်နှင့် သူ၏ ဟုန်မင်စစ်မှန်ဆန္ဒသည်လည်း ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်သွားတော့သည်။ သူ ဟုန်မင်အနှစ်သာရကို နားလည်ရန် လက်တစ်ကမ်းသာ လိုတော့၏။

သူ နောက်တစ်ဆင့်တက်ရန် အလျင်မလိုပေ။ ထိုအစား သူ့စိတ်ထဲတွင် ရှိနေသော နှစ်ဘဝစာကျင့်ကြံခြင်းဖြစ်စဉ်များကို ပြန်လည် အောက်မေ့ ဆင်ခြင်တော့သည်။

အချိန်များ တစ်ရက်ပြီး တစ်ရက် ကုန်လွန်လာသည်။ ယဲ့ပေရွှမ်၏ နတ်ဘုရားဝိညာဉ်သည် ဗုဒ္ဓတိုင်းပြည်ထဲသို့ တဖြည်းဖြည်းချင်း ပေါင်းစပ်လာသည်။ သူ့ဝိညာဉ်တစ်ဝက်သည် ဗုဒ္ဓတိုင်းပြည်ထဲသို့ ပေါင်းစည်းသွားသည့်အခိုက် ယဲ့ပေရွှမ် စိတ်ထဲတွင် ရုတ်တရက် ကြည်လင်သော သတိတရား တစ်ခု ပေါ်လာတော့သည်။ ထိုအခိုက် နှစ်ဘဝစာ အဖြစ်အပျက်လှုံ့ဆော်မှုများသည် ပေါက်ကွဲမြင့်တက်လာပြီး သူ့ကိုယ်တွင်းမှ တာအိုအနှစ်သာရသည် ဟုန်မင်တာအိုအနှစ်သာရ အဖြစ်သို့ ပြောင်းလဲသွားတော့၏။

သူ့ဝိညာဉ်ပေါ်တွင် ဟုန်မင်ခရမ်းရောင်အလင်းတစ်စ တောက်ပလာပြီး ဗုဒ္ဓတိုင်းပြည်ကို ဖယ်ရှားကာ သူ့ဝိညာဉ်ကို ခန္ဓာကိုယ်အတွင်းသို့ ပြန်ဆွဲခေါ်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် ယဲ့ပေရွှမ် ပုံရိပ်ယောင်ထဲတွင် အလင်းတန်းတစ်ခုကို မြင်လိုက်ရ၏။ ၎င်းသည် မိုးကုပ်စက်ဝိုင်းကို ထိုးဖောက်ကျော်လွန်လာသော ဟုန်မင်ခရမ်းရောင်အလင်းတန်းလေးဖြစ်ကာ သူ ထိုအလင်းလေးနောက်သို့ မသိစိတ်မှ လိုက်သွားမိသည်။

ယဲ့ပေရွှမ် ဟုန်မင်ခရမ်းရောင်အလင်းတန်းနောက်သို့ မသိလိုက်စွာ လိုက်လာမိပြီးနောက် သူ့ရှေ့က မြင်ကွင်းသည် ပြောင်းလဲသွားပြီး မက်မွန်းတောအုပ်တစ်ခု ပေါ်လာတော့၏။

ယဲ့ပေရွှမ် သူ့ရှေ့က မြင်ကွင်းကို ကြည့်ပြီး နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးတက်သွားသည်။

“ဗုဒ္ဓနတ်ဆိုးကို ကျေးဇူးတင်ရမယ်။ မင်းကြောင့် ငါ ဟုန်မင်တာအိုအနှစ်သာရကို နားလည်သွားပြီ”

“ပုံမှန်ဆိုရင် ငါ ဟုန်မင်တာအိုအနှစ်သာရကို နားလည်ဖို့ ရှစ်နှစ်ကနေ ဆယ်နှစ်လောက် ကြာလိမ့်မယ်။ မင်းရဲ ပုံရိပ်ယောင်နည်းစနစ်က ငါ့ကို ကမ္ဘာနှစ်ခုက အတွေ့အကြုံတွေကို စုပ်ယူပေါင်းစပ်ခွင့်ပေးပြီး ဉာဏ်အလင်းပွင့်စေခဲ့တယ်”

ထိုသို့ပြောပြီးနောက် သူ့ကိုယ်ပေါ်မှ ဟုန်မင်တာအိုအနှစ်သာရများ ထွက်ပေါ်လာသည်။ ခရမ်းရောင်အလင်းတန်းသည် သူ့ဘေးတွင် မိန်းမောနေသော ဖုန်းချုံးယွီကို ဖုံးလွှမ်းသွား၏။

ဖုန်းချုံးယွီ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ သူမ ဇဝေဇဝါဖြစ်ဟန်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။

“စီနီယာအစ်ကို ကျွန်မတို့ ဘာဖြစ်သွားတာလဲ”

ယဲ့ပေရွှမ် အလျင်မလိုစွာ ရှင်းပြသည်။

“ကိုယ်တို့ ဗုဒ္ဓနတ်ဆိုးလှည့်ကွက်ထဲ ကျသွားတာ။ ဒါပေမဲ့ သူ့နည်းစနစ်က ဒီလောက်ပါပဲ။ ဗုဒ္ဓနတ်ဆိုး မင်းကိုယ်မင်း ကိုယ်ထင်ပြစမ်း။ မဟုတ်ရင် ငါတို့ ထွက်သွားတော့မယ်”

“ဆူညံလိုက်တာ”

မက်မွန်တောအုပ်အတွင်းမှ ခမ်းနားသည့် အသံတစ်သံ ထွက်ပေါ်လာ၏။

ဖုန်းချုံးယွီ အရှေ့ကို လက်ညှိုးထိုးပြပြီး အံ့ဩနေသော အမူအရာဖြင့် ပြောသည်။

“စီနီယာအစ်ကို ကြည့်ပါဦး”

ယဲ့ပေရွှမ် ဖုန်းချုံးယွီ ပြသည့်ဘက်သို့ ကြည့်လိုက်၏။

သူ ကောင်းကင်ယံသို့ ဖြည်းညှင်းစွာ မြင့်တက်လာပြီး လေထုအလယ်တွင် ရပ်တန့်သွားသော ဗုဒ္ဓကျောင်းတော်တစ်ခုကို မြင်လိုက်ရသည်။

၎င်းက မျက်စိကျိန်းဖွယ် ဗုဒ္ဓအလင်းတန်းများ တောက်ပနေ၏။ ဗုဒ္ဓအလင်းတန်းများသည် ကောင်းကင်ယံကိုပင် ရွှေသွေးခြယ်ထားတော့သည်။

ဗုဒ္ဓအလင်းကျရောက်ရာ နေရာတိုင်း သက်ရှိများ၏ အသက်စွမ်းအင်များ ပေါက်ကွဲပျက်စီးတော့၏။

ယဲ့ပေရွှမ် ဗုဒ္ဓအလင်းကို ခံစားမိ၍ သူ့ဓားကျောက်စိမ်းကို ထုတ်ရင်း နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားကာ ပြောသည်။

“ဗုဒ္ဓနတ်ဆိုး မင်း ကိုယ်ထင်ပြစမ်း”

ဗုဒ္ဓကျောင်းတော်အတွင်းမှ အေးစက်သည့် နှာမှုတ်သံကြီး ထွက်ပေါ်လာပြီး ဗုဒ္ဓနတ်ဆိုး၏ ခမ်းနားသည့် အသံကြီး ထွက်ပေါ်လာ၏။

“ ငါ မင်းကို အထင်သေးမိသွားတယ်။ ဒါပေမဲ့ မင်းအခုလေးတင် နားလည်လိုက်တဲ့ တာအိုအနှစ်သာရကို အားကိုပြီး ငါ နှစ်သောင်းချီကြာ နားလည်လာတဲ့ စွမ်းအားတွေကို တားဆီးနိုင်မယ်ထင်လား။ မင်း နှစ်ဘဝ ပေါင်းလိုက်ရင်တောင် ငါ့ပြိုင်ဘက်မဟုတ်ဘူး”

ယဲ့ပေရွှမ် ပြုံးကာ ပြောသည်။

“ငါ နိုင်မလား ရှုံးမလားဆိုတာ တိုက်ခိုက်ကြည့်ရင် သိမှာပဲ”

“အပြောကောင်းတယ်။ ဒီနေ့ ငါ သူတော်စင်တစ်ပိုင်းအဆင့် ကြားတွေမှာတောင် ကွာခြားချက်ရှိတယ်ဆိုတာ နားလည်သွားအောင် လုပ်ပေးမယ်။ မင်းလို တာအိုပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူလေးဆို ပိုတောင် ပြောနေစရာ မလိုတော့ဘူး”

အခန်း(၅၂၀)

ကောင်းကင်တွင်

လက်ရှစ်ဖက်ဗုဒ္ဓနတ်ဆိုးသည် ရွှေနက်ရောင် ဗုဒ္ဓကြာပန်းပေါ်တွင် ထိုင်နေသည်။ သူ့နောက်တွင် ရွှေရောင်နှင့် အနက်ရောင်များ ရောယှက်နေသာ ဗုဒ္ဓအလင်းတန်းများ တောက်ပနေပြီး နတ်ဆိုးနှင့် ဗုဒ္ဓတို့ အတူတကွ ယှဉ်တည်ရှိနေသည်။

နတ်ဆိုးနှင့် ဗုဒ္ဓသည် ဆန့်ကျင်ဖက်ဖြစ်သော်လည်း ယခုအခါ ယဲ့‌ပေရွှမ်တို့ရှေ့တွင် နတ်ဆိုးနှင့် ဗုဒ္ဓယှဉ်တွဲနေသော မဟာပဏ္ဍိတတစ်ပါး ရပ်နေ၏။ ဗုဒ္ဓနတ်ဆိုးကို ကြည့်ရင်း သူတို့နှလုံးသားထဲတွင် ထူးဆန်းသည့် ခံစားချက်တစ်ခု ပေါ်လာသည်။

“ဂျူနီယာတို့ ဗုဒ္ဓဘိုးဘေးကိုမြင်တာတောင် ဒူးမထောက်ဘူးလား”

လက်ရှစ်ဖက်ဗုဒ္ဓနတ်ဆိုးသည် တည်ငြိမ်စွာ ပြောလိုက်၏။ သူ့လေသံတွင် စိတ်ကိုဝေဝါးသွားစေသော အာနိသင်မျိုး ပါဝင်သည်။

ယဲ့ပေရွှမ်နှင့် ဖုန်းချုံးယွီတို့ ရှေ့ကသူသည် နတ်တဆိုးဖြစ်ကြောင်းသိသော်လည်း ဒူးထောက်ချလုနီးပါးဖြစ်သည်။ ကံကောင်းစွာပင် ယဲ့ပေရွှမ် နတ်ဘုရားတစ်ပါးအလားနှယ် တာအိုအနှစ်သာရကို အမြန်ထုတ်သုံးကာ တစ်ဖက်၏ ဖိအားကို ပိတ်ဆို့လိုက်၏။

“ဟမ့်”

ယဲ့ပေရွှမ် အေးစက်စွာ နှာမှုတ်သည်။

“သာမန်နတ်ဆိုးတစ်ကောင်က သူ့ကိုယ်သူဗုဒ္ဓလို့ သတ်မှတ်တယ်ပေါ့။ တောင်ပေါ်မှာ ကျားမရှိတော့ မျောက်က ဘုရင်တက်လုပ်နေတယ်”

လက်ရှစ်ဖက်ဗုဒ္ဓနတ်ဆိုး ဒေါသမထွက်သည့်အပြင် ပြုံးလိုက်၏။

“ဂျူနီယာ မင်း တော်တော် မောက်မာတယ်။ တကယ်လို့ မင်း အတိတ်ဘဝကဆိုရင်တော့ ငါ့ကို ယှဉ်နိုင်ဦးမယ်။ ဒါပေမဲ့ လက်ရှိမင်းက အဲ့လို မလုပ်နိုင်ဘူး။ ငါ မင်းကို အခွင့်ရေးတစ်ခုပေးမယ်။ မင်းကိုယ်တိုင် ဆန္ဒအလျောက် ဗုဒ္ဓတိုင်းပြည်ကို သွားမလား။ ဒါမှမဟုတ် သေမင်းတံခါးဝမှာ ရုန်းကန်ချင်သေးလား”

“ဗုဒ္ဓတိုင်းပြည်လား”

ယဲ့ပေရွှမ် အထင်မြင်သေးစွာ ပြောသည်။

“ဗုဒ္ဓတိုင်းပြည်ကို ဖန်တီးပြီး ငါတို့ကို တိုက်ခိုက်ချင်တာလား။ ရယ်ဖို့ကောင်းတယ်။ မင်း ထုတ်သုံးချင်တာ ထုတ်သုံးစမ်းပါ။ မင်းမှာ ဘယ်လိုအရည်အချင်းတွေ ရှိမလဲဆိုတာ ကြည့်မယ်”

“အောမီထောဖော။ မင်း ဆန္ဒအတိုင်းပါ”

လက်ရှစ်ဖက်ဗုဒ္ဓနတ်ဆိုး သူ့လက်ရှစ်ဖက်ကို လက်အုပ်ချီရင်း ပြောသည်။ ထို့နောက် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ပြီး ရေရွတ်၏။

“လောကီကင်းလွတ် ဗုဒ္ဓတိုင်းပြည်”

သူ့စကားအဆုံး သူ့နောက်တွင် ဗုဒ္ဓအလင်းများ ပိုမို အားကောင်းလာသည်။ ဗုဒ္ဓတိုင်းပြည်တစ်ခု အလင်းတန်းအတွင်းမှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို အုပ်မိုးသွား၏။ ဗုဒ္ဓတိုင်းပြည်တွင် နတ်ဆိုးများ ရူးသွပ်စွာ ကခုန်နေပြီး သက်ရှိတို့၏ အရိပ်သဏ္ဍာန်မျိုးစုံ ပါဝင်သည်။

ဗုဒ္ဓတိုင်းပြည်အတွင်း ထိုပုံရိပ်များသည် ပျော်ရွှင်ကြည်နူးနေပုံရ၏။ ဗုဒ္ဓတိုင်းပြည် ကြီးမားလာသည်နှင့် သူ့ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်လာသော ဖိအားသည် ပို၍ ကြီးမားလာသည်။

ရွှေနက်ရောင်အလင်းတန်သည် မိုးမြေကြားတွင် မြင့်မားစွာ ထိုးထွက်နေပြီး လျှို့ဝှက်နယ်မြေအတွင်းက လူတိုင်း ရှင်းလင်းစွာ မြင်လိုက်၏။ လျှို့ဝှက်မြေအောက်ခန်းထဲမှ ယခုလေးတင် ထွက်ပေါ်လာသော သူတော်စင်တစ်ပိုင်းအဆင့် နတ်ဆိုးဘုရင်ကိုးပါသည် ထိုမြင်ကွင်းကို ကြည့်ပြီး သူတို့မျက်နှာပေါ်တွင် နားမလည်မှုများ ပေါ်လာသည်။

“ကတုံးမြည်းအိုကြီး အန္တာရာယ်ကြုံနေတာလား။ သူ ဝှက်ဖဲတွေကိုတောင် ထုတ်သုံးလာတယ်”

“ဘယ်ဖီးနစ်ပေါက်လေးက မြည်းအိုကြီးကို သွားဒုက္ခပေးနေတာလဲ။ ကိုယ့်သေလမ်း ကိုယ်ရှာနေကြတယ်”

နတ်ဆိုးများနှင့်တိုက်ခိုက်နေကြသော အခြားသော သူတော်စင်တပိုင်းအင်အားစု ဆယ့်ခုနစ်စုမှ ပါရမီရှင်များသည်လည်း ထိုမြင်ကွင်းကို မြင်လိုက်ကြသည်။ ဟုန်လိ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် နတ်ဆိုးတစ်ကောင်ကို လက်သီးတစ်ချက်ဖြင့် သတ်ဖြတ်ပြီးနောက် အနောက်အရပ်သို့ ကြည့်ရင်း ရေရွတ်သည်။

“ကောင်းကင်ရွေးချယ်ခံယဲ့ သူတော်စင်တစ်ပိုင်းအဆင့်ကို သွားပြဿနာရှာနေတာလား”

သူမ ပြိုင်ဘက်ကို သတ်ဖြတ်ပြီးနောက် ချင်းလီ လေးနက်စွာ ပြောသည်။

“သူတို့ပဲနေမှာ။ ငါတို့ရှေ့က ပြဿနာကို အရင်ရှင်းရအောင်။ ဒီတစ်ကြိမ်တော့ မြို့စားအဆင့်နတ်ဆိုးကို မဖြစ်မနေသတ်ရမယ်”

ဟုန်လိ ပြန်ဖြေသည်။

“ဟုတ်ကဲ့”

အိုအေစစ်အတွင်း

ဗုဒ္ဓတိုင်းပြည်သည် ယဲ့ပေရွှမ်တို့ကို ဖုံးအုပ်သွားပြီး သူတို့ဝိညာဉ်များသည် ခန္ဓာကိုယ်ထဲမှ ထိန်းချုပ်မရစွာ ထွက်လာ၏။

လက်ရှစ်ဖက်ဗုဒ္ဓနတ်ဆိုးသည် သူတို့နှစ်ဦးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။ သတ်ခံရတော့မည့် သိုးတစ်ကောင်အလားနှယ်။ ယဲ့ပေရွှမ် အာရုံစိုက်ပြီး သူ့လက်ကို မြှောက်ကာ ကျယ်လောင်စွာ အော်လိုက်သည်။

“ဆရာ ကျွန်တော့်ကို ကူပါ”

“အောမီထောဖော ဂျူနီယာ အခုချိန် မင်းဘိုးဘေးကို ခေါ်လိုက်ရင်တောင် အသုံးမဝင်...”

လက်ရှစ်ဖက်ဗုဒ္ဓနတ်ဆိုး၏ စကားမဆုံးခင် ဓားကျောက်စိမ်းမှ တောက်ပနေသည့် ဓားအလင်းများ ထွက်ပေါ်လာသည်။

ဓားအလင်းထွက်ပေါ်လာပြီးနောက် ဗုဒ္ဓတိုင်းပြည် တုန်ယင်သွားတော့၏။ ဗုဒ္ဓအလင်းတန်းသည် ဓားအလင်းအောက်တွင် မှေးမှိန်သွားတော့သည်။ ဗုဒ္ဓနတ်ဆိုးက အရူးမဟုတ်ပေ။ သူ ထိုဓားအလင်းက သာမန်မဟုတ်ကြောင်း သိ၏။

“ဂျူနီယာ မင်းမှာ သိုင်းကျင့်ဝတ်မရှိဘူး။ မင်းက မနိုင်တော့ ဆရာကို ခေါ်ပြီပေါ့လေ”

သူ့အသံ မပျောက်ကွယ်သွားခင် လက်ရှစ်ဖက်ဗုဒ္ဓနတ်ဆိုး လှည့်ကာ ထွက်ပြေးတော့၏။ သူ လျှို့ဝှက်နယ်မြေထဲတွင် နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ရခြင်းသည် သူ၏ သန်မာမှုအပြင် အန္တာရာယ်ကို အာရုံခံနိုင်စွမ်းသည် အခြားသော နတ်ဆိုးဘုရင်များထက် ပို၍ အားကောင်းသောကြောင့်ပင်။

ကောင်းကင်ယံတွင် ဗုဒ္ဓတိုင်းပြည်သည် ပျောက်ကွယ်မသွားသည့်အပြင် မိုင်ဆယ်ချီပတ်လည်ကို ချိတ်ပိတ်လိုက်၏။

ယဲ့ပေရွှမ် ဗုဒ္ဓနတ်ဆိုး ထွက်ပြေးသွားမည်ဟု မထင်ပေ။ သူ ပြုံးကာ ပြောသည်။

“အခုမှ ထွက်ပြေးတော့မှာလား။ အရမ်းနောက်ကျသွားပြီ”

သူ ပြောပြီးနောက် ဓားအလင်းသည် ခမ်းနားသည့် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လက်ရှစ်ဖက်ဗုဒ္ဓနတ်ဆိုး ထွက်ပြေးသွားသောဘက်သို့ တိုက်ခိုက်လိုက်၏။

ထိုဓားချက်သည် မြေကမ္ဘာကိုတုန်လှုပ်သွားစေသည်။

ကလန်

ဓားတစ်ချက်ဖြင့် လက်ရှစ်ဖက်ဗုဒ္ဓနတ်ဆိုးသည် လေထုထဲတွင် အေးခဲသွားတော့၏။

ဓားအလင်းသည် လက်ရှစ်ဖက်ဗုဒ္ဓနတ်ဆိုး ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး လျှို့ဝှက်နယ်မြေအနက်ပိုင်းသို့ ဆက်လက်တိုးဝင်သွားသည်။

ဘုန်း

ဓားချက်သည် လျှို့ဝှက်နယ်မြေ၏ အတားအဆီးကို ထိတိုက်သွားပြီး ပေါက်ကွဲသံကျယ်ကြီး ထွက်လာ၏။

လျှို့ဝှက်နယ်မြေထဲတွင် အသံကျယ်ကြီး ထွက်လာသည်။ ချက်ချင်းဆိုသလို မြေကြီးတုန်ဟီးသွားပြီး တောင်တန်းများ တုန်ယင်သွား၏။ လျှို့ဝှက်နယ်မြေအတွင်းမှ လူများသည် သူတို့လုပ်နေသည်များကို ရပ်လိုက်ပြီး ဆူညံသံများထွက်လာသည့်ဘက်သို့ ကြည့်သည်။

‘ဒီတိုက်ကွက်ပဲ’

‘အဲ့ဓားကို သုံးနေတဲ့သူက သူတော်စင်တစ်ပိုင်းအဆင့် နတ်ဆိုးတွေဖြစ်တဲ့ ငါတို့ဆီ ‌ရောက်လာတာလား’

၎င်းကို တွေးမိသွားပြီးနောက် သူတော်စင်တစ်ပိုင်းအဆင့်နတ်ဆိုးကိုးကောင်သည် ကြိုတင်ပြင်ဆင်ထားသော လျှို့ဝှက်မြေအောက်ခန်းထဲသို့ နောက်တစ်ကြိမ် ဝင်လိုက်၏။

လျှို့ဝှက်နယ်မြေအပြင်ဘက်တွင် စုရုံးနေကြသော အင်အားစုများသည် လျှို့ဝှက်နယ်မြေအတွင်းမှ ပုံမှန်မဟုတ်သော အခြေအနေကို ခံစားမိသွားသည်။

ဖီးနစ်ပြာမျိုးနွယ်မှ မဟာပဏ္ဍိတ လျှို့ဝှက်နယ်မြေကို စောင့်‌ရှောက်နေသော မဟာပဏ္ဍိတဖီးနစ်ကို လေးစားစွာ ပြော၏။

“ဘိုးဘေး လျှို့ဝှက်နယ်မြေထဲမှာ ပြဿနာဖြစ်နေတာလား။ ဘာလို့ တုန်နေတာလဲ”

ဖီးနစ်တီးတိုး ရေရွတ်သည်။

“ခုနက ဓားချက်ကြောင့် ထပ်ဖြစ်ပြန်ပြီ”

ထို့နောက် လူတိုင်းကို စိုက်ကြည့်ပြီး တင်းမာစွာ မေးသည်။

“မင်းတို့ကောင်တွေ ကိုယ့်မျိုးဆက်တွေအတွက် ဘယ်လိုတောင် ကြောက်ဖို့ကောင်းတာတွေ ပေးလိုက်တာလဲ။ လျှို့ဝှက်နယ်မြေသာ ဖျက်ဆီးခံရရင် အနာဂတ်မှာ စမ်းသပ်မှုတွေ လုပ်ဖို့ နေရာ ကျန်မှာ မဟုတ်‌တော့ဘူး”

ထိုသည်ကို ကြားသော် လူတိုင်း နာကျင်စွာ ပြော၏။

“ဘိုးဘေး လျှို့ဝှက်နယ်မြေကိုတောင် ထိခိုက်နိုင်မဲ့ရတနာတွေ ကျွန်တော်တို့မှာ ဘယ်လိုလုပ်ရှိမှာလဲ။ ပြီးတော့ ဘိုးဘေးကလွဲရင် ဘယ်သူက လျှို့ဝှက်နယ်မြေကို တုန်ယင်သွားအောင် လုပ်နိုင်လို့လဲ”

၎င်းကို ကြားတော့ ဘိုးဘေးဖီးနစ် မျက်လုံး လှန်လိုက်သည်။

“မင်းတို့ပြောတာမှန်ပါစေ။ အထဲက ဂျူနီယာ ခုနဓားချက်ကို ဆက်သုံးနေရင် အချက်တစ်ရာအတွင်း လျှို့ဝှက်နယ်မြေက ပျက်စီးသွားလိမ့်မယ်”

မီးဖီးနစ်တောင်ကြားမှ ဘိုးဘေးနှစ်ပါးသည် ၎င်းကိုကြားသောအခါ သက်ပြင်းချမိသည်။

‘ကောင်လေး ပေရွှမ် သူ့ဆရာဆီကနေ ဓားချီတစ်ရာတော့ ရမလာလောက်ဘူး။ မဟုတ်ရင် သူတို့ ဖီးနစ်မျိုးနွယ်ရဲ့ အပြစ်သားတွေ ဖြစ်လာလိမ့်မယ်’

လျှို့ဝှက်နယ်မြေအတွင်း၌

ယဲ့ပေရွှမ် သူသုံးနေသည့် ဓားကျောက်စိမ်းသည် နတ်ဆိုးများနှင့် လူသားများကို များစွာ ထိတ်လန့်စေမှန်း မသိပေ။

သူ့အကြည့်က လက်ရှစ်ဖက်ဗုဒ္ဓနတ်ဆိုးပေါ်တွင်သာ။ ဧရာမခန္ဓာကိုယ်ပျက်ကြီး ကောင်းကင်ပေါ်မှ ကျလာသောအခါ သူ ဖြည်းညှင်းစွာ ပြုံးလိုက်သည်။

ဘုန်း

ဗုဒ္ဓနတ်ဆိုး၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာ၏။ သူ ထိုင်ထားသည့် ရွှေနက်ရောင်ကြာပန်းကြီးသည်လည်း လှိမ့်ကျလာသည်။

“ပြီးသွားပြီ။ ကျွန်မ ခုန သေလောက်အောင် ကြောက်သွားတာ”

ဖုန်းချုံးယွီ သူမ ရင်ဘက်ကို ပုတ်ကာ သက်ပြင်းချ၏။

ယဲ့ပေရွှမ် ခေါင်းအသာညိတ်သည်။

“ဇနီးလေးကို စိတ်ပူစေမိတဲ့အတွက် ကိုယ်တောင်းပန်ပါတယ်”

ဖုန်းချုံးယွီ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။

“အဆင်ပြေပါတယ်။ စီနီယာအစ်ကိုယဲ့က အကောင်းဆုံးပဲ။ ဗုဒ္ဓနတ်ဆိုး ဘာချန်ခဲ့လည်း သွားကြည့်ရအောင်”

“အင်း”

ယဲ့ပေရွှမ် ပြန်ဖြေပြီး ဖုန်းချုံးယွီနှင့်အတူ ဗုဒ္ဓနတ်ဆိုးအလောင်းထံ သွားကြ၏။

All Chapters