အခန်း ၁၄၁
Vol. 15 Ch. 141
အခန်း (၁၄၁) - ပစ်မှတ်ပြောင်းလဲခြင်း
မီးတောက်ဝံပုလွေသည် အမှောင်တမန်တော်၏ လည်ပင်းဆီသို့ ခုန်အုပ်လိုက်လေသည်။
အမှောင်တမန်တော်သည် အမည်းရောင်အရှိန်အဝါများ တောက်ပနေသော လက်ဝါးဖြင့် ဝံပုလွေ၏ဦးခေါင်းကို ရိုက်ချလိုက်ရာ ချက်ချင်းပင် ပျောက်ကွယ်သွားချေသည်။
ထိုအချိန်မှာပင် ရေခဲအစွယ်ကျားဖြူသည် အမှောင်တမန်တော်၏ခြေထောက်ကို အမိအရကိုက်ဆွဲရန် လုံလောက်သော အခွင့်အရေး ရရှိသွားလေသည်။
ထိုကိုက်ချက်သည် အမှောင်တမန်တော်၏ အရေပြားကို ဖောက်ထွက်နိုင်ခြင်းမရှိသော်လည်း အေးစိမ့်လှသော အအေးဓာတ်များမှာ အမှောင်တမန်တော်၏ ခြေထောက်အတွင်းသို့ ချက်ချင်းပင် စိမ့်ဝင်သွားလေသည်။
“အား...”
သူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်မှ ရေဘဝဲလက်တံများထွက်လာကာ ရေခဲအစွယ်ကျားဖြူကို ရစ်ပတ်ညှစ်သတ်လိုက်သည်။
ရေဘဝဲလက်တံများ ပိုမိုတင်းကျပ်လာသည်နှင့်အမျှ ရေခဲအစွယ်ကျားဖြူသည်လည်း ပျောက်ကွယ်သွားရပြန်သည်။
လင်းဖန်သည် ဘယ်ဘက်လက်ရှိသံတူကို အသုံးပြု၍ အမှောင်တမန်တော်၏ခြေထောက်ကို ဦးတည်ကာ ရိုက်ချလိုက်လေသည်။
အမှောင်တမန်တော်သည် ခြေထောက်များကို လှုပ်ရှားရန်ကြိုးစားသော်လည်း မလှုပ်ရှားနိုင်ချေ။
၎င်းတို့မှာ ရေခဲအစွယ်ကျားဖြူ၏ အအေးဓာတ်ကြောင့် ခဲသွားခဲ့ပြီ ဖြစ်သည်။
အမှောင်တမန်တော်သည် ရေဘဝဲလက်တံများကို လျင်မြန်စွာအသုံးပြု၍ ခြေထောက်ကို ကာကွယ်လိုက်ရသည်။
ဝုန်း…
ရေဘဝဲလက်တံများက ခြေထောက်ကို ကာကွယ်ပေးနိုင်ခဲ့လေသည်။
လင်းဖန်သည် ညာဘက်မှသံတူကို ဝှေ့ယမ်းကာ အမှောင်တမန်တော်၏ဦးခေါင်းကို အားပြင်းစွာ ထုချလိုက်ပြန်သည်။
အမှောင်တမန်တော်မှာ ခြေထောက်ကိုသာ အာရုံစိုက်နေရသဖြင့် ရှောင်တိမ်းရန် အချိန်မမီတော့ချေ။
ဒေါင်…
သံတူသည် အမှောင်တမန်တော်၏ မျက်နှာဖုံးကို ကွဲအက်သွားစေပြီး ပါးပြင်ကိုပါ ပြင်းထန်စွာ ရိုက်ခတ်မိသွားလေသည်။
သူသည် လွင့်ထွက်သွားပြီးနောက် ပရိသတ်ထိုင်ခုံများဆီသို့ ဝင်တိုက်မိသွားကာ နောက်ဆုံးတွင် သိုင်းပြိုင်ကွင်းအတွင်း၌ လဲကျသွားလေသည်။
“တောက်... သေစမ်း...”
အမှောင်တမန်တော်သည် မတ်တတ်ထရပ်လိုက်ရာ သူ၏မျက်နှာအစစ်မှာ ပေါ်လွင်လာတော့သည်။
သူသည် ငယ်ရွယ်သော်လည်း မျက်နှာတစ်ပြင်လုံးတွင် အမာရွတ်များဖြင့် ပြည့်နှက်နေချေသည်။
ဟွမ်ယွမ်ခွန်းသည် အမှောင်တမန်တော်၏မျက်နှာကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားလေသည်။
ဧကရာဇ်မင်းမြတ်သည် သူ၏မျက်နှာကို မြင်လိုက်ရသောအခါ အမှောင်တမန်တော်ထံသို့ လက်ညှိုးထိုးပြလျက် အော်ဟစ်လိုက်သည်။
“မင်း... မင်းပဲ...”
အမှောင်တမန်တော်သည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီး ဧကရာဇ်မင်းမြတ်ကို စိုက်ကြည့်လိုက်သည်။
“မတွေ့ရတာ ကြာပြီနော်... အစ်ကိုတော်...”
ဧကရာဇ်မင်းမြတ်သည် စိတ်ရူးပေါက်သကဲ့သို့ အော်ဟစ်လေသည်။
“သူ့ကို သတ်စမ်း... ငါကိုယ်တော် အမိန့်ပေးတယ်... သူ့ကို အခုချက်ချင်း သတ်ပစ်စမ်း...”
ဝတ်ရုံနက်ဝတ်ဆင်ထားသော လူတစ်ယောက်က သူ့ထံသို့ ပြေးဝင်လာစဉ် ဟိုမင်က ဧကရာဇ်အား ဘေးသို့ဆွဲထုတ်လိုက်မှသာ အော်ဟစ်နေခြင်းမှ ရပ်တန့်သွားသည်။
လင်းဖန်သည် ၎င်းတို့၏ မိသားစုပြန်လည်ဆုံတွေ့မှုကို စောင့်ကြည့်နေရန် စိတ်မဝင်စားသဖြင့် အမှောင်တမန်တော်ထံသို့ ချက်ချင်းပင် ပြေးဝင်သွားလေသည်။
သူသည် ဘယ်ဘက်သံတူဖြင့် အမှောင်တမန်တော်၏ ခြေထောက်ကို ထပ်မံရိုက်ချရန် ပြင်လိုက်သည်။
ယခုတစ်ကြိမ်တွင်မူ အမှောင်တမန်တော်က အသင့်ပြင်ထားပြီးဖြစ်သဖြင့် သူ၏ရေဘဝဲလက်တံများကို အသုံးပြုကာ လင်းဖန်၏ ဘယ်ဘက်လက်ကောက်ဝတ်ကို ရစ်ပတ်လိုက်လေသည်။
သူ၏လက်ကောက်ဝတ်မှာ အတင်းအကျပ် ရစ်ပတ်ခံထားရသဖြင့် လင်းဖန်သည် သံတူများကို လျင်မြန်စွာ သိမ်းဆည်းလိုက်သည်။
ထို့နောက် သူ၏ညာဘက်လက်ဖြင့် မူလချီလက်သည်းကို အသုံးပြုကာ ရေဘဝဲလက်တံများကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်လိုက်ချေသည်။
ရွှစ်…
ဓားတစ်စင်းသည် လေပွေဓားသိုင်းနှင့်အတူ အမှောင်တမန်တော်၏ခါးဆီသို့ ထိုးစိုက်ဝင်ရောက်သွားလေသည်။
အမှောင်တမန်တော်က လင်းဖန်ကိုသာ အာရုံစိုက်နေသဖြင့် ဟွမ်ယွမ်ခွန်းသည် အမှောင်တမန်တော်၏ ဘေးဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လေပွေဓားသိုင်းသည် ခန္ဓာကိုယ်အား မဖောက်ထွက်နိုင်ဘဲ သေးငယ်သော ဒဏ်ရာတစ်ခုသာ ရရှိစေခဲ့သည်။
ဟွမ်ယွမ်ခွန်းသည် ဓားကို ပြန်လည်ရုပ်သိမ်းကာ လေပွေဓားသိုင်းဖြင့် ထပ်မံထိုးနှက်လိုက်ပြန်သည်။
အမှောင်တမန်တော်သည် ဟွမ်ယွမ်ခွန်းကိုတိုက်ခိုက်ရန် ပြင်လိုက်သော်လည်း လင်းဖန်က အခွင့်အရေးမပေးခဲ့ချေ။
လင်းဖန်သည် သံတူများဖြင့် အမှောင်တမန်တော်၏လက်ကို ရိုက်ချလိုက်သည်။
ထို့ကြောင့် အမှောင်တမန်တော်မှာ ရှောင်တိမ်းလိုက်ရလေသည်။
ယခုတစ်ကြိမ်တွင်မူ လေပွေတိုက်ကွက်သည် ပိုမိုနက်ရှိုင်းစွာ ထိုးစိုက်ဝင်ရောက်သွားသည်။
၎င်းသည် ဟွမ်ယွမ်ခွန်းအတွက် ထပ်မံကြိုးစားရန် အခွင့်ကောင်းတစ်ခု ဖြစ်သွားစေသည်။
ဟွမ်ယွမ်ခွန်းသည် ဓားကိုပြန်လည်ရုပ်သိမ်းကာ လေပွေဓားသိုင်းဖြင့် တတိယအကြိမ်မြောက် ထိုးစိုက်လိုက်ပြန်သည်။
ယခုတစ်ကြိမ်တွင်မူ လေပွေဓားသိုင်းသည် အမှောင်တမန်တော်၏ ခါးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။
ထို့နောက် ဟွမ်ယွမ်ခွန်းသည် သူ၏ဓားကို အမှောင်တမန်တော်၏ခါးအတွင်းသို့ အားကုန် ထိုးစိုက်ပစ်လိုက်သည်။
အမှောင်တမန်တော်သည် နာကျင်စွာ အော်ဟစ်လိုက်လေသည်။
“အား...”
သူသည် ဟွမ်ယွမ်ခွန်း၏ ဓားသွားကို လက်ဖြင့်ဆုပ်ကိုင်ကာ ပြန်လည်ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။
သူတို့နှစ်ယောက် လုံးထွေးသတ်ပုတ်နေစဉ် လင်းဖန်သည် သံတူများကို ထပ်မံထုတ်ယူကာ အမှောင်တမန်တော်၏ဦးခေါင်းအား တရစပ် ထုနှက်လိုက်လေသည်။
ဒေါင်…
ဒေါင်…
ဒေါင်…
ရိုက်ချက်တိုင်းတွင်ပါဝင်သော ဝိညာဉ်ဖျက်သံမဏိ၏ အာနိသင်ကြောင့် အမှောင်တမန်တော်မှာ ခဏတာ မိန်းမောတွေဝေသွားရသည်။
၎င်းသည် ဟွမ်ယွမ်ခွန်းအတွက် ဓားကို အမှောင်တမန်တော်၏ ခန္ဓာကိုယ်အတွင်းသို့ ပိုမိုနက်ရှိုင်းစွာထိုးသွင်းရန် အခွင့်အရေးရရှိစေခဲ့သည်။
သို့သော် ထိုတိုက်ခိုက်မှုသည် အမှောင်တမန်တော်၏ ဦးခေါင်းခွံအား ကြေမွသွားစေရန် မလုံလောက်သေးချေ။
“တောက်... သေစမ်း...”
အမှောင်တမန်တော်သည် အော်ဟစ်လိုက်ပြီး ဓားကိုပြန်လည်ဆွဲထုတ်ရန် ကြိုးစားမည့်အစား ခန္ဓာကိုယ်အတွင်းသို့ ပိုမိုဆွဲသွင်းလိုက်လေသည်။
ထိုသို့ လမ်းကြောင်း ရုတ်တရက် ပြောင်းလဲသွားသဖြင့် ဟွမ်ယွမ်ခွန်းသည် အမှောင်တမန်တော်နှင့် အလွန်နီးကပ်သွားသည်။
ဝုန်း…
အမှောင်တမန်တော်သည် သူ၏လက်ဝါးဖြင့် ဟွမ်ယွမ်ခွန်း၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
ဟွမ်ယွမ်ခွန်းသည် သူ၏ဓားနှင့်အတူ သိုင်းပြိုင်ကွင်းတစ်လျှောက် လွင့်ထွက်သွားရချေသည်။
လင်းဖန်သည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ သံတူဖြင့် အမှောင်တမန်တော်၏ ဒဏ်ရာဆီသို့ ထုချလိုက်သည်။
ဝှစ်…
အမှောင်တမန်တော်သည် ဘေးသို့ ခုန်ရှောင်လိုက်သဖြင့် သူ၏တိုက်ကွက်မှာ လွဲချော်သွားလေသည်။
ဒေါင်…
လင်းဖန်သည် သံတူနှစ်လက်ကို ထပ်မံရိုက်ခတ်လိုက်ပြန်သည်။
ရှစ်ကွက်အင်းအသံလှိုင်း၏ အာနိသင်ကြောင့် အမှောင်တမန်တော်မှာ သူ၏နားများကို ထပ်မံပိတ်ထားလိုက်ရပြန်သည်။
၎င်းသည် လင်းဖန်အတွက် အနီးသို့ကပ်သွားရန် အခွင့်အရေးရရှိစေပြီး အမှောင်တမန်တော်၏ခါးကို သံတူဖြင့် ထုချလိုက်သည်။
ဖျန်း…
သွေးများနှင့် အသားစများမှာ မြေပြင်ပေါ်သို့ ဖျန်းခနဲ လွင့်စင်သွားချေသည်။
သံတူ၏ ပြင်းထန်သောရိုက်ခတ်မှုကြောင့် ဒဏ်ရာပတ်ပတ်လည်ရှိ အသားများကြေမွသွားပြီး ဒဏ်ရာမှာ ပိုမိုပွင့်အာသွားလေသည်။
“အား...”
အမှောင်တမန်တော်သည် လင်းဖန်အပေါ် အလွန်အမင်း ဒေါသထွက်သွားပြီး လက်ဝါးနှစ်ဖက်လုံးဖြင့် လင်းဖန်၏ ရင်ဘတ်ကို ရိုက်ချလိုက်သည်။
လင်းဖန်သည် သဏ္ဍာန်မဲ့ခြေလှမ်းစွမ်းရည်ကို လျင်မြန်စွာအသုံးပြုလျက် အမှောင်တမန်တော်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားလေသည်။
သူ၏ခန္ဓာကိုယ်အတွင်း၌ ချီစွမ်းအင်နှင့် ခွန်အားအနည်းငယ်သာ ကျန်ရှိတော့သဖြင့် ရန်သူကို အမြန်ဆုံးအဆုံးသတ်ရန် လိုအပ်ပေသည်။
သူပြန်လည်ပေါ်လာချိန်၌ အမှောင်တမန်တော်၏ ကျောပြင်နောက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
အမှောင်တမန်တော် လှည့်မကြည့်နိုင်မီမှာပင် လင်းဖန်သည် သံတူကို သိမ်းဆည်းလိုက်ပြီး မူလချီလက်သည်းကိုအသုံးပြုကာ အမှောင်တမန်တော်၏ ခါးဒဏ်ရာအတွင်းသို့ ထိုးသွင်းလိုက်လေသည်။
သူ၏လက်သည်းသည် ဒဏ်ရာအတွင်း၌ မွှေနှောက်သွားသဖြင့် အမှောင်တမန်တော်မှာ အလွန်အမင်း နာကျင်သွားလေသည်။
အမှောင်တမန်တော်သည် လင်းဖန်ကို သူ၏တံတောင်ဆစ်ဖြင့်သာ ပြန်လည်တိုက်ခိုက်ရန် ကြိုးစားနိုင်တော့သည်။
ဝုန်း…
အမှောင်တမန်တော်၏ တံတောင်ဆစ်ရိုက်ချက်တိုင်းကြောင့် လင်းဖန်သည် သူ၏နံရိုးများ ကျိုးကြေသွားသည်ကို ခံစားလိုက်ရသဖြင့် အံတင်းတင်းကြိတ်ထားမိလိုက်သည်။
သူသည် ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် အရေပြား၊ အသားနှင့် အရိုးများမှာ သန်မာလှသော်လည်း ကျင့်ကြံမှုအဆင့် ကွာခြားချက်မှာ အရမ်းကြီးမားလွန်းလှပေသည်။
ဟွမ်ယွမ်ခွန်းသည် ပြေးဝင်လာပြီး အမှောင်တမန်တော်၏ ဘယ်ဘက်မျက်လုံးကို ဓားဖြင့်ထိုးစိုက်ရန် ကြိုးစားလိုက်သည်။
အစပိုင်းတွင် အမှောင်တမန်တော်ကို ကာကွယ်ထားသော ချီစွမ်းအင်များကြောင့် ဓားသွားမှာ ကွေးညွတ်သွားခဲ့သည်။
သို့သော် လင်းဖန်က ပိုမိုဖိအားပေးလိုက်သောအခါ ဟွမ်ယွန်းခွန်း၏ဓားသည် အမှောင်တမန်တော်၏ ဘယ်ဘက်မျက်လုံးအတွင်းသို့ တဖြည်းဖြည်းချင်း တိုးဝင်သွားလေသည်။
နောက်ဆုံးတွင် ဓားသည် မျက်လုံးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး အမှောင်တမန်တော်သည် မြေပြင်ပေါ်သို့ တဖြည်းဖြည်း လဲကျသွားချေသည်။
လင်းဖန်၏ စိတ်အာရုံထဲတွင် ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာသည်။
[ဒင်... မကောင်းသော ရည်ရွယ်ချက်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်...]
[ကလဲ့စားချေအမှတ် ပေါင်း ၃၀၀]
[လက်ရှိ ကလဲ့စားချေအမှတ်... ၁၄၆၀]
လင်းဖန်သည် ခန္ဓာကိုယ်အတွင်း၌ရှိသော ချီစွမ်းအင်နှင့် ခွန်အားများ ကုန်ခမ်းသွားပြီဖြစ်သဖြင့် မြေပြင်ပေါ်တွင် ပစ်ထိုင်လိုက်ရလေသည်။
သူသည် သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးပုလင်းကို လျင်မြန်စွာထုတ်ယူလိုက်ပြီး အတွင်းရှိဆေးလုံးများကို ဝါးမျိုလိုက်သည်။
ဟွမ်ယွမ်ခွန်းသည် သူ၏နောက်ဆုံး သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးကိုဝါးမျိုရင်း မနာလိုစိတ်များဖြင့် ကြည့်နေမိသည်။
သူသည် တိုက်ရိုက်တပည့်တစ်ဦး ဖြစ်ပါလျက် အတွင်းစည်းတပည့်တစ်ဦးထက် ဆေးလုံး ပိုမိုနည်းပါးနေရသည်မှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။
ဤအရာအားလုံးပြီးဆုံးသွားပါက သူသည် ချင်းယန်ဇီထံတွင် ကျင့်ကြံခြင်းအရင်းအမြစ်များကို တိုးမြှင့်ပေးဖို့အတွက် တောင်းဆိုရန် စိတ်ကူးနေမိသည်။
ဧကရာဇ်မင်းမြတ်သည် အမှောင်တမန်တော်လဲကျသွားသည်ကို မြင်လိုက်ရသောအခါ ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။
“ကောင်းတယ်... အရမ်းကောင်းတယ်... မင်းတို့ကို ငါကိုယ်တော် ထိုက်ထိုက်တန်တန် ဆုချမယ်...”
ဤအသံသည် အမှောင်သခင်၏ အာရုံကို ဆွဲဆောင်သွားသည်။
သူသည် လှည့်ကြည့်လိုက်ရာ အမှောင်တမန်တော်တစ်ယောက် မြေပြင်ပေါ်တွင်လဲကျနေသည်ကို မြင်တွေ့လိုက်ရသည်။
အမှောင်သခင်သည် ချင်းယန်ဇီထံသို့ လက်သီးဖြင့် လျင်မြန်စွာထိုးနှက်လိုက်ရာ ချင်းယန်ဇီမှာ နောက်သို့ ဆုတ်သွားရလေသည်။
ဝှစ်…
နောက်တစ်ခဏတွင်မူ အမှောင်သခင်သည် ချင်းယန်ဇီကိုဂရုမစိုက်တော့ဘဲ ဧကရာဇ်မင်းမြတ်နောက်သို့ တရစပ် လိုက်လံတိုက်ခိုက်တော့သည်။