← Chapters

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း (၁၄၈) - စံချိန်ချိုးခြင်း

ဟော့ပေါ့ညစာစားပွဲ ပြီးဆုံးသွားပြီးနောက် လင်းဖန်သည် ကုတင်ပေါ်တွင်ထိုင်ကာ စာရင်းများကို ပြန်လည်စစ်ဆေးနေလေသည်။

သူ၏လက်ဝယ်တွင် သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံး အချို့ ကျန်ရှိနေသေးသည်။

ကျန်ရှိနေသေးသော စွမ်းဆောင်ရည်အမှတ် သုံးရာနှစ်ဆယ်ခန့်မှာ သူ၏ကျင့်ကြံမှုကို ခေတ္တမျှထောက်ပံ့ပေးရန် လုံလောက်ပေသည်။

ယခုအချိန်တွင် သူ အရေးတကြီးလိုအပ်နေသည်မှာ ပိုမိုသန်မာလာရန်ပင် ဖြစ်သည်။

အမှောင်တမန်တော်၊ အမှောင်သခင်တို့နှင့် ရင်ဆိုင်ခဲ့ရပြီးနောက် သူသည် ထိပ်တန်းကျင့်ကြံသူများနှင့် မည်မျှအလှမ်းကွာဝေးနေသေးသည်ကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ဟန်တန်အသုံးပြုခဲ့သောပိုက်ကွန်သည် အမှောင်တမန်တော်၏ ချီစွမ်းအင်ထက်ဝက်ခန့်ကို စုပ်ယူသွားနိုင်ကြောင်းသိရှိရချိန်တွင် သူသည် ပိုမိုအစွမ်းထက်လာစေရန် ထိုကဲ့သို့သော မှော်ရတနာများကို ရရှိရန်လိုအပ်ကြောင်း နားလည်လိုက်သည်။

သို့သော် ထိုအရာများထက် အရင်လုပ်ဆောင်ရမည့်အရာ ရှိသေးသည်။

လင်းဖန်သည် စိတ်အာရုံထဲတွင် စနစ်၏ အချက်အလက်မျက်နှာပြင်ကို ခေါ်ယူလိုက်လေသည်။

[လက်ရှိ သားရဲစွမ်းရည် - ၃/၃]

[တောယုန်စွမ်းရည်အဆင့် - ၂/၃]

[ဝံပုလွေစွမ်းရည်အဆင့် - ၂/၃]

[မီးပုတ်သင်စွမ်းရည်အဆင့် - ၂/၃]

[လက်ရှိ ရုပ်ခန္ဓာအဆင့် - ၅ (အဆင့်မြှင့်တင်ရန် လိုအပ်သော ကလဲ့စားချေအမှတ် - ၁၆၀၀)]

[လက်ရှိ ကလဲ့စားချေအမှတ် - ၁၁၆၀]

နောက်တစ်ဆင့်သို့မြှင့်တင်ရန် ကလဲ့စားချေအမှတ် ရာဂဏန်းအနည်းငယ်သာ လိုအပ်တော့သည်ကို မြင်တွေ့ရပြီးနောက် သူသည် သားရဲစွမ်းရည်များကို ဦးစွာအဆင့်မြှင့်တင်ရန် စဉ်းစားလိုက်သည်။

လင်းဖန်သည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။

‘မီးပုတ်သင်စွမ်းရည်ကိုအဆင့်မြှင့်တင်ဖို့ ကလဲ့စားချေအမှတ် ဘယ်လောက် လိုအပ်မလဲ...’

[မီးပုတ်သင်စွမ်းရည်ကိုအဆင့်မြှင့်တင်ရန် လိုအပ်သော ကလဲ့စားချေအမှတ် - ၃၀၀၀]

အဘယ်ကြောင့် ဤမျှများပြားနေရသနည်း။

လင်းဖန်သည် လိုအပ်သော အမှတ်ပမာဏကို မြင်လိုက်ရသောအခါ စိတ်ပျက်သွားချေသည်။

လောလောဆယ်တွင် သူ၏ကျင့်ကြံမှုကိုသာ အာရုံစိုက်ရတော့မည့်ပုံ ပေါ်လေသည်။

ကလဲ့စားချေအမှတ်များ ပိုမိုရရှိရန်အတွက် နောက်ထပ်တာဝန်တစ်ခုကိုရရှိသည်အထိ စောင့်ဆိုင်းရပေလိမ့်မည်။

ထိုသို့တွေးတောရင်း သူသည် အိပ်ရာဝင်လိုက်ပြီး နောက်တစ်နေ့တွင် ကျန်းရီနျန်နှင့်အတူလေ့ကျင့်ရန် စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်နေလေတော့သည်။

နောက်တစ်နေ့…

ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်…

ပင်မခန်းမဆောင်အတွင်း၌ ကျန်းရီနျန်သည် ထိုင်ခုံတွင်ထိုင်နေပြီး သူ့ရှေ့တွင်မူ လင်းဖန်အတွက်ပြင်ဆင်ထားသော လက်ဆောင်သေတ္တာများ ရှိနေချေသည်။

လင်းဖန်သည် ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာပြီးနောက် ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။

“မင်္ဂလာမနက်ခင်းပါ တောင်ထွတ်သခင်...”

ကျန်းရီနျန်က လင်းဖန်၏စကားကို ပြင်ပေးလိုက်သည်။

“တောင်ထွတ်သခင်ဟုတ်လား... ဆရာလို့ပဲခေါ်စမ်းပါ...”

လင်းဖန်က လျင်မြန်စွာပင် ပြန်လည်ပြင်ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာ...”

ကျန်းရီနျန်က ခေါင်းညိတ်ပြကာ သူ့ရှေ့ရှိ သေတ္တာများကို လက်ညှိုးထိုးပြလိုက်လေသည်။

“ဒါတွေက မင်း ငါ့ရဲ့ တိုက်ရိုက်တပည့်ဖြစ်လာတဲ့အတွက် ပေးတဲ့ လက်ဆောင်တွေပဲ...”

လင်းဖန်က ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာ...”

“အဖေ... သမီးမွေးနေ့တုန်းကတောင် အဖေ့ဆီက ဘာလက်ဆောင်မှ မရခဲ့ဘူးနော်...”

ကျန်းရီနျန်က လင်းဖန်အား ပေးအပ်ထားသော လက်ဆောင်များကို မြင်တွေ့လိုက်ရသောအခါ ကျန်းရှီသည် ဒေါသတကြီးဖြင့် ဝင်ရောက်လာလေသည်။

“ရှီအာ... လူတွေရှေ့မှာ ငါ့ကို တောင်ထွတ်သခင်လို့ခေါ်ဖို့ သင်ထားတယ်မဟုတ်လား...”

“ဒါပေမဲ့ သူက...”

ကျန်းရီနျန်က ခေါင်းခါယမ်းကာ ပြောလိုက်ည်။

“တော်ပြီ... မနက်ဖြန်ကျရင် သမီးအတွက် လက်ဆောင်တစ်ခု ပြန်ပေးပါ့မယ်...”

ကျန်းရှီသည် ခေါင်းညိတ်ပြကာ တိတ်ဆိတ်သွားလေသည်။

အကယ်၍ သူမသာ လင်းဖန်တွင် စွမ်းဆောင်ရည်အမှတ် မည်မျှရှိသည်ကို ပြောပြလိုက်ပါက သူမ၏ဖခင် မည်သို့ခံစားရမည်နည်းဟု တွေးတောမိနေသည်။

ထိုသို့တွေးတောလိုက်ရုံနှင့်ပင် သူမသည် ဖခင်ဖြစ်သူကို ခွင့်လွှတ်ရန် လုံလောက်သွားခဲ့ပြီ ဖြစ်သည်။

လင်းဖန်သည် လျင်မြန်စွာ ရှေ့သို့တိုးကာ သေတ္တာများကို သူ၏ဖားပြုတ်ရုပ်တုငယ်ထဲသို့ ထည့်သွင်းတွေးတောမိနေသည်သည်။

သူ သိမ်းဆည်းပြီးသွားသောအခါ ကျန်းရီနျန်သည် လင်းဖန်အား သူ၏ကျင့်ကြံမှုအစီအစဉ်ကို စတင်သင်ကြားပေးလေတော့သည်။

ယခုတစ်ကြိမ်တွင်မူ လင်းဖန်အား စောင့်ကြိုနေသည်မှာ ရေခဲတုံးကြီးများနှင့် မီးတွင်းများ ဖြစ်ကြသည်။

လင်းဖန်သည် မီးတွင်းထဲသို့ဆင်းရမည်ဖြစ်ပြီး သူ၏အရေပြားကို မာကျောစေရန်နှင့် မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် ချီစွမ်းအင်ကို အသုံးပြုရမည် ဖြစ်သည်။

သူ ဆက်လက်မတောင့်ခံနိုင်တော့သည့် အချိန်တွင် ရေခဲတုံးကြီးများပေါ်၌ ထိုင်ရမည် ဖြစ်သည်။

သူ၏အရေပြားကို ပိုမိုသန်မာစေရန်နှင့် ခန္ဓာကိုယ်အတွင်းမှ အအေးဓာတ်ကို မောင်းထုတ်ရန်အတွက် ချီစွမ်းအင်ကို ထပ်မံအသုံးပြုရပြန်သည်။

လင်းဖန် မီးတွင်းထဲသို့ဆင်းသွားပြီးနောက် ကျန်းရီနျန်သည် လင်းဖန် မည်မျှကြာအောင် တောင့်ခံနိုင်သည်ကို တိုင်းတာရန်အတွက် အမွှေးတိုင်တစ်တိုင်ကို ထွန်းညှိလိုက်သည်။

သူကိုယ်တိုင် စတင်ကျင့်ကြံစဉ်က အမွှေးတိုင်တစ်ဝက်ခန့်သာ တောင့်ခံနိုင်လေသည်။

မီးတောက်များ စတင်လောင်ကျွမ်းလာပြီး စူးရှသောနာကျင်မှုကို ခံစားရချိန်တွင် လင်းဖန်သည် ချီစွမ်းအင်များကို အရေပြားဆီသို့ ဦးတည်စေလိုက်သည်။

သူ၏ချီစွမ်းအင်များ ကုန်ခမ်းလုနီးပါးဖြစ်လာသောအခါ သူသည် မူလမြေကြီးခံတပ်စွမ်းရည်ကို လျင်မြန်စွာ အသက်သွင်းလိုက်လေသည်။

သူ၏စွမ်းအင်ကိုအသုံးပြုကာ ချီစွမ်းအင်များကို ဖြည်းညင်းစွာ ပြန်လည်ဖြည့်တင်းစေသည်။

ဤသို့ဖြင့် အကြိမ်အနည်းငယ် လည်ပတ်ပြီးနောက် ကျန်းရီနျန်သည် အမွှေးတိုင် တဖြည်းဖြည်းတိုတောင်းလာသည်ကို စောင့်ကြည့်နေခဲ့သည်။

အမွှေးတိုင်တစ်ဝက် ကျော်လွန်သွားသည့်တိုင် လင်းဖန်သည် မီးတွင်းထဲတွင် ရှိနေဆဲပင်။

လင်းဖန်သည် ပထမဆုံးအကြိမ် ကြိုးစားမှုတွင်ပင် ကျန်းရီနျန်၏စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်သည်။

ကျန်းရီနျန်သည် လိုအပ်ပါက လင်းဖန်ကိုဆွဲထုတ်ရန် အသင့်ပြင်ထားရင်း အာရုံစိုက်ကာ စောင့်ကြည့်နေသည်။

လင်းဖန်သည် သူ့အား သက်သေပြရန်အတွက် အတင်းအကျပ်တောင့်ခံနေခြင်း ဟုတ်မဟုတ် သူ မသေချာပေ။

ကျန်းရီနျန်က တွေးလိုက်သည်။

‘ဒီလို လူငယ်ကျင့်ကြံသူတွေက တစ်ခါတလေကျရင် အရမ်းဇွတ်တရွတ်နိုင်တတ်ကြတာပဲ...’

စွန်းဟိုင်က လင်းဖန်အား ဘဝင်မမြင့်စေရန် အဘယ်ကြောင့် အမြဲသတိပေးနေသည်ကို သူ စတင်နားလည်လာခဲ့ပြီ ဖြစ်သည်။

သူ မသိရှိသည်မှာ ဤအရာသည် လင်းဖန်အတွက် သာမန်အလုပ်တစ်ခုမျှသာ ဖြစ်သည်ဟူသောအချက်ပင်။

သူသည် ချီစွမ်းအင်နှင့် မူလမြေကြီးခံတပ် စွမ်းရည်တို့ကို တစ်လှည့်စီ အသုံးပြုနေခြင်း ဖြစ်သည်။

ကျန်းရီနျန် စောင့်ကြည့်နေစဉ်အတွင်း အမွှေးတိုင် လုံးဝကုန်စင်အောင် လောင်ကျွမ်းသွားသောအခါ လင်းဖန်သည် မတ်တတ်ရပ်ကာ မီးတွင်းထဲမှ ထွက်လာခဲ့လေသည်။

လင်းဖန်သည် ရေခဲတုံးကြီးပေါ်သို့ ချက်ချင်းပင် သွားရောက်တက်ထိုင်လိုက်သည်။

စတင်ခံစားလိုက်ရသော အအေးဓာတ်သည် လင်းဖန်အား သူ တောင့်ခံခဲ့ရသည့် အပူဒဏ်ကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုများကို သက်သာစေရန် ကူညီပေးပေသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ အအေးဓာတ်မှာ ကွဲပြားခြားနားစွာ ခံစားလာရသည်။

၎င်းသည် သူ၏အရေပြားကို သင်တုန်းဓားများဖြင့် မွှန်းနေသကဲ့သို့ ခံစားရလေသည်။

လင်းဖန်သည် အအေးဒဏ်ကို ခုခံရန်အတွက် ချီစွမ်းအင်များကို ပိုမိုလျှင်မြန်စွာ သင်ကြားလိုက်သည်။

မကြာမီတွင် သူသည် မူလမြေကြီးခံတပ်စွမ်းရည်နှင့် တစ်လှည့်စီ အသုံးပြုပြန်သည်။

ယခုတစ်ကြိမ်တွင်မူ ကျန်းရီနျန်သည် နောက်ထပ်အမွှေးတိုင်တစ်တိုင်ကို ထွန်းညှိရန်ပင် မကြိုးစားတော့ပေ။

လင်းဖန်၏ပါရမီကို ယုံကြည်ရန်အတွက် သူ မြင်တွေ့ခဲ့ရသည်များမှာ လုံလောက်နေပြီ ဖြစ်သည်။

ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်သည် ပါရမီရှင်တစ်ဦးကို ရရှိခဲ့ပြီပင်။

ကျန်းရီနျန်သည် လင်းဖန်လိုအပ်သမျှ အရင်းအမြစ်အားလုံးကိုပံ့ပိုးပေးရန် သန္နိဋ္ဌာန်ချလိုက်သည်။

ထို့အပြင် မည်သည့်အန္တရာယ်မှမဆို ကာကွယ်ပေးရန်လည်း ဆုံးဖြတ်လိုက်လေသည်။

နောက်ဆုံးတွင် လင်းဖန်၏ ချီစွမ်းအင်နှင့် စွမ်းအင်အားလုံး ကုန်ခမ်းသွားခဲ့လေပြီ။

သူသည် ရေခဲတုံးပေါ်မှဆင်းလာခဲ့ပြီး ပင်ပန်းနွမ်းနယ်မှုကြောင့် ထိုင်ချလိုက်သည်။

လင်းဖန်သည် အမောဖြေရင်း မေးလိုက်သည်။

“ဆရာ... ကျွန်တော် ဘယ်လိုနေလဲ...”

“မင်း အရမ်းတော်တယ်... ငါ မင်းအပေါ် မျှော်လင့်ချက်အများကြီးထားထားတယ်... မင်း နေ့တိုင်းလိုအပ်မယ့် ဆေးလုံးတွေကို ငါ စီစဉ်ပေးပြီး မင်းဆီ ပို့ပေးခိုင်းလိုက်မယ်...”

ကျန်းရီနျန်သည် ခေါင်းညိတ်ပြကာ လင်းဖန်အား ကျေနပ်အားရစွာဖြင့်ကြည့်ရှုရင်း ပြောလိုက်လေသည်။

ချွမ်မင်းဆက်၏ မြောက်ဘက်နယ်စပ်ဒေသ…

ပေတျန်းရဲတိုက်…

ကျားရေခင်းထားသော ထိုင်ခုံပေါ်တွင် စစ်သူကြီးချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦး ထိုင်နေလေသည်။

သူသည် စာတစ်စောင်ကိုဖတ်ရှုနေပြီး စာကိုဆက်လက်ဖတ်ရှုနေစဉ် လက်များပေါ်ရှိ သွေးကြောများမှာ ထောင်တက်လာချေသည်။

ထိုစာမှာ နွေဦးနှောင်းပိုင်း အမဲလိုက်ပွဲတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများ ဖြစ်သည်။

အဘိုးအိုနှင့် ကြာနက်ဂိုဏ်းတို့၏ အစီအစဉ်မှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ထန်ရှောင်ယောင်သည် သူ့ရှေ့ရှိ စားပွဲပေါ်သို့ စာကို ဖြည်းညင်းစွာ ချလိုက်လေသည်။

“အရှင်မင်းကြီး... အရှင်မင်းကြီး လိုလားတာက စစ်ပွဲဆိုရင်တော့ ကျွန်တော်မျိုး ဒီနေရာကနေ စောင့်ကြိုနေပါ့မယ်...”

All Chapters