← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အပိုင်း (၁)

ယွင်ယွီက ကြီးမြတ်တဲ့ဝေ့မင်းဆက်ရဲ့ မင်းသမီးတစ်ပါး ဖြစ်ခဲ့တယ်။ သူမဟာ မွေးကတည်းက အမြင့်မြတ်ဆုံး အဆင့်အတန်းကို ရရှိပြီး မင်းသမီးယွင်ယွီအဖြစ် မြတ်နိုးခံခဲ့ရတယ်။ သူမက သိမ်မွေ့လှပပြီး လူပေါင်းထောင်ချီဆီက မြတ်နိုးချစ်ခင်မှုကို ရရှိထားခဲ့တယ်။ သူမက ရုပ်လွန်ပညာကို ကိုယ်တိုင်လေ့ လာခဲ့ရတယ်ဆိုပေမဲ့ သူမရဲ့ပါရမီက ရုပ်လွန်ပညာရဲ့ ပညာရပ်ခွဲငါးမျိုးလုံးကို သူမတူအောင် ကျွမ်းကျင်လာစေတယ်။ သူမအသက် နှစ်ဆယ်မှာ ယွင်ယွီက ဝေ့မင်းဆက်ရဲ့ ကံကြမ္မာအဆုံးသတ်ကို နီးနေတာကို သိလိုက်ရတယ်။ အကြောင်းက နဂါးသွေးကြောက ပျက်သုန်းခါနီးနေပြီ ဖြစ်လို့ပဲ။ သူမက နဂါးသွေးကြောရဲ့ ပျက်ဆီးနေတဲ့နေရာကို ပြုပြင်ဖို့ ကြိုးစားခဲ့တယ်။ တကယ်လို့ ပြန်ကောင်းလာရင် ဝေ့မင်းဆက်ကံကြမ္မာဟာ ရာစုနှစ်တစ်ခုစာ ခိုင်မာနေမှာပဲလေ။

အကျိုးဆက်ကတော့ သူမ လုံးဝ ပျောက်ကွယ်သွားတော့တယ်။

ယွင်ယွီက သူမ သေဆုံးပြီးပြီးချင်းမှာပဲ နွေဦးအိပ်မက်နဲ့ သွားတိုးတယ်။ သူမကို မိန်းကလေးတစ်စုက ထူးဆန်းတဲ့အခန်းထဲ ပစ်သွင်းလိုက်ကြတယ်။ အဲ့ဒါအပြင် ယောက်ျားတစ်ယောက်က သူ့ကို ဖိလာချလာသေးတယ်။ သူမက သူ့ရဲ့တောင့်တင်းနဲ့ ခန္ဓာကိုယ်ကိုပဲ မြင်နိုင်တဲ့အချိန်မှာ သူ့လက်တွေကတော့ အငြိမ်မနေညဲ သူမကိုယ်ပေါ် ပွတ်သပ်နေရင်း ရုတ်တရက် သူမ သာယာမှုနဲ့ နာကျင်မှုကို ရောထွေးပြီး ခံစားလိုက်ရတော့တယ်။

ယွင်ယွီ ပြန်နိုးလာတဲ့အခါမှာ သူမတစ်ကိုယ်လုံးက ကိုင်ရိုက်ထားသလို နာကျင်နေတော့တယ်။ သူမက ဖြေးဖြေးချင်း ထထိုင်လိုက်ပြီး သူမဘေးက ထူးထူးဆန်းဆန်း ပစ္စည်းတွေကို ကြည့်လိုက်တော့တယ်။

တန်ဆာဆင်ထားတဲ့နံရံတွေ၊ ပိုးသားလိုနူးညံ့နေတဲ့အိပ်ယာ။ မျက်စိ မလွဲချင်အောင်လှတဲ့ သလင်းမီးအိမ်ကလည်း တစ်ခန်းလုံးကို လင်းလက်နေစေတယ်။ ယွင်ယွီက မမြင်ဖူးပေမဲ့ သူမဦးနှောက်ကတော့ ပစ္စည်းတွေရဲ့နာမည်ကို သိနေတယ်။

ယွင်ယွီက သူမခေါင်းကို လက်နဲ့ အတင်းဆုပ်ကိုင်မိတယ်။ မရေနိုင်လောက်အောင်များတဲ့ မှတ်ဉာဏ်တွေက သူမစိတ်ထဲ ပြည့်သိပ်သွားလို့ သူမခေါင်းက ပေါက်ထွက်တော့မလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ သူမနှလုံးသားထဲကလာတဲ့ ရှုပ်ထွေးမှုက ပျောက်သွားပြီး သူမမျက်နှာပေါ်မှာတော့ တုန်လှုပ်မှုတွေပဲ ကျန်တယ်။

သူမက မြို့တွင်းကလပ်က အခန်းတစ်ခုထဲမှာ သူမက ဝေ့မင်းဆက်ရဲ့ မင်းသမီးယွင်ယွီလဲ မဟုတ်တော့ဘူး။ သူမက တမလွန်ကို ရောက်ရမဲ့အစား သူမဝိဉာဉ်က နှစ်ထောင်ချီဖြတ်လို့ ဒီကောင်မလေးခန္ဓာကိုယ်ထဲ ရောက်လာတယ်ပေါ့။ လက်ခံရခက်တာပဲ။

သူမရဲ့နာမည်က ယွင်ယွီ နိုင်ငံ့ဆက်သွယ်ရေးတက္ကသိုလ်ရဲ့ အသက် ၂၁နှစ်အရွယ် စီနီယာကျောင်းသူ။ တစ်လအတွင်း ဘွဲ့ယူတော့မယ်။ သူမမိသားစုက ဆင်းရဲတဲ့အတွက် ကောလိပ်အပြီးမှာ အလုပ်ရဖို့ တကယ် ကြိုးစားခဲ့ရတယ်။

ဒီရက်ပိုင်း ဘွဲ့လွန်စာတမ်းတင်ဖို့ အလုပ်ရှုပ်နေကြတဲ့ အတန်းဖော်တွေ အပန်းဖြေဖို့ နူတ်ဆက်ပါတီအတွက် သူ တာဝန်ယူမယ်ဆိုပြီး ဒုတိယမျိုးဆက်သူဌေးသားက အတန်းကိုယ်စားလှယ်ကို ပြောခဲ့တယ်။ သူက အတန်းသားတစ်ယောက်ကိုမှ ငွေအကုန်မခံခဲ့ဘူး။ တခြားလူတွေသွားနေမှတော့ ဒီကိုယ်ရဲ့မူလကိုယ်လည်း သွားရမှာပေါ့။

နူတ်ဆက်ပါတီကို မြို့လယ်က အဆင့်မြင့် သီးသန့်ကလပ်တစ်ခုမှာ ကျင်းပကြတယ်။ ကျောင်းသားတွေက တအားသတိထားနေကြပြီးတော့ အစားစားတာနဲ့ သီချင်းဆိုတာလောက်ပဲ လုပ်ကြတော့တယ်။

မူလကိုယ်က သစ်သီးဝိုင်လေးတစ်ခွက်ပဲ သောက်ခဲ့တာ ဖြစ်ချင်တော့ အဲ့ဝိုင်က ဆေးခပ်ထားပြီး မူလကိုယ်က ဆေးနဲ့ ဓာတ်မတည့်တော့ တစ်ခါတည်း သေဆုံးသွားတော့တယ်။

အဲ့အချိန်မှာ ယွင်ယွီက သူမခန္ဓာကိုယ်ထဲ ဝင်သွားတယ်။ သူမက စိတ်ရှုပ်ထွေးနေပြီး တမလွန် ရောက်သွားတယ် ထင်နေတုန်းမှာ မူလကိုယ်ရဲ့ အတန်းဖော်က အပေါ်ထပ်က အခန်းဆီ လိုက်ပို့ပေးခဲ့တယ်။ ယွင်ယွီက သူမရဲ့ အဝတ်မဲ့နေတဲ့ ခန္ဓာကိုယ်ကို ပြန်ကြည့်ရင်း နားလည်သွားတယ်။ နွေးဦးအိပ်မက်က တကယ်ကြီး ဖြစ်ခဲ့တာပဲ။

ထူးဆန်းတဲ့ သီချင်းသံတစ်မျိုးက အခန်းထောင့်ကနေ ထွက်လာနေတယ်။ ယွင်ယွီက သူမရဲ့အတွေးထဲက ရုန်းထွက်လိုက်ပြီး အသံထွက်နေတဲ့နေရာကို ခပ်တောင့်တောင့်နဲ့ လှည့်ကြည့်လိုက်တယ်။ ကြည့်ရတာ မူလကိုယ်ရဲ့ အပေါ်အင်္ကျီကနေ လာနေတာဆိုတော့ မိုဘိုင်းဖုန်း လို့ခေါ်တဲ့ပစ္စည်းကနေဖြစ်မယ်။ ယွင်ယွီ မကိုင်တဲ့နောက်မှာ သူ့ဘာသာ ကျသွားတော့တယ်။

သူမက ဘာဆက်လုပ်ရမလဲဆိုတာမသိပေမဲ့ ‌ဒီနေရာမှာ ကြာကြာနေလို့မရတာကိုတော့ သိတယ်။ အဲ့ဒီတော့ သူမရဲ့ အောက်ဖက်က လာ‌နေတဲ့ နာကျင်မှုနဲ့ မသက်မသာဖြစ်မှုတွေကို အံကြိတ်ခံပြီး ဆိုဖာဆီကို လျောက်သွားခဲ့တယ်။

သူမရဲ့အဝတ်တွေက ဆိုဖာပေါ်မှာ သပ်သပ်ရပ်ရပ်ခေါက်ထားပြီး အပေါ်ဆုံးမှာတော့ စာရွက်တစ်ရွက်ရှိနေတယ်။ “တောင်းပန်ပါတယ် ၊ ငါတာဝန်ယူမှာပါ” လို့ရေးထားပြီး အဲ့အောက်မှာတော့ ဖုန်းနံပါတ်ကို ရေးထားတယ်။ စာရေးဟန်က အားမာန်ပါနေတယ်။

ယွင်ယွီက အဝတ်တွေ ပြန်ဝတ်ပြီးတော့ စာရွက်ကို အိတ်ကပ်ထဲ ထိုးထည့်လိုက်တယ်။ သူမ ပြန်ရှင်သန်ခွင့်ရလို့ပဲပျော်ရမလား၊ သူမရဲ့ဖြူစင်မှုကို ဆုံးရှုံးရလို့ပဲ ဝမ်းနည်းရမလား မသဲကွဲနေဘူး။

ကလပ်ထဲက ထွက်လာတော့ ယွင်ယွီက ဘေးဘီမှာရှိတဲ့ မိုးထိမတတ်မြင့်မားနေတဲ့ အဆောက်အဦးတွေ၊ အရှိန်နဲ့ရွေ့လျားနေတဲ့ကားတွေနဲ့ လမ်းကျယ်ကြီးတွေကို ကြည့်လိုက်တယ်။ “ဒါက နှစ်နှစ်ထောင်ကြာပြီးတဲ့နောက် ဖြစ်လာတဲ့ မြို့တစ်မြို့ရဲ့ပုံစံလား”

သူမ မှတ်ဉာဏ်ထဲကအတိုင်း မြေအောက်ရထားဘူတာကို သွား၊ လူတွေပြည့်သိပ်နေတဲ့ သတ္တုသယ်ဆောင်ရေးယာဉ်ကြီးထဲ အတင်းတိုးဝင်လိုက်ပြီး ဂရုတစိုက် ရွေ့လျားသွားတယ်ဆိုပေမဲ့ သူမရဲ့စိတ်အခြေအနေက ရှုပ်ထွေးနေခဲ့တယ်။

သူမမှောင်သွားမှ တက္ကသိုလ်နယ်မြေထဲကို ရောက်လာတယ်။ တက္ကသိုလ်ဝင်ပေါက်မှာ ခဏလောက်ရပ်နေပြီးတဲ့နောက် သူမရဲ့ အိပ်ဆောင်ကို ပြန်သွားတော့တယ်။

ဒီတက္ကသိုလ်အဆောင်က တော်တော်ကောင်းတယ်ပြောရမယ်။ တစ်ခန်းကို လေးယောက် နေရတယ်။ သူမရဲ့အခန်းကို ရောက်တဲ့အချိန်မှာ အထဲကနေ ခပ်တိုးတိုးနဲ့ထွက်ပေါ်နေတဲ့ မိန်းကလေးအသံကို ကြားလိုက်ရတယ်။

“ငါသူ့ကို အခန်း 1206ကို ပို့ခဲ့တယ်လို့ ဘာလို့ငါက နင့်ကိုလိမ်ရမှာလဲ။ ငါသူ့ရဲ့ မာနတစ်ခွဲသားနဲ့ မျက်နှာကို မကြိုက်ဘူး....။ဘာ အဲ့လူက သူ့ကို ထိတောင်မထိဘူးလား။ ငါသူ့ကို အဲ့အခန်းထဲ ပို့ခဲ့တာကိုတောင်နော်”

ယွင်ယွီ ဟန်မပျက်နားထောင်နေဖို့ မတတ်နိုင်တော့ဘဲ တခါးကိုဖွင့်ပြီး အထဲကို ဝင်သွားတော့တယ်။ အထဲကလူက ယွင်ယွီကိုမြင်တာနဲ့ မျက်နှာမှာ သွေးရောင်ပျောက်သွားတဲ့အထိ လန့်သွားပြီး ဖုန်းကို အမြန်ချလိုက်တယ်။

“ယွင်ယွီ မနေ့က ဘယ်ရောက်သွားတာလဲ။ စုန့်ကျင်းက နင့်ကို လိုက်ရှာနေတာ နင်အဆင်ပြေရဲ့လား”

ယွင်ယွီ သူမကိုစိုက်ကြည့်လိုက်မိတယ်။ မူလကိုယ်ကို ဆေးခပ်ထားတဲ့ဝိုင်တိုက်ပြီး သူမကို အဲ့အခန်းဆီ ဆွဲခေါ်သွားတဲ့လူပဲ။

“ငါ ဘယ်ရောက်သွားလဲ နင်မသိဘူးလား”

ကောချွင်က သူ့မိုဘိုင်းဖုန်းကို ကိုင်ရင်း မျက်တောင် တဖျပ်ဖျပ်ခပ်ကာ

“ငါ ဘယ်လိုလုပ်သိမှာလဲ။ မနေ့က အားလုံးက သောက်လိုက် သီချင်းဆိုလိုက်နဲ့ အလုပ်ရှုပ်နေကြတာလေ။ ကလပ်က ထွက်လာတော့မှ နင် ပျောက်နေမှန်းသိတာ။ နင်အိပ်ဆောင်ပြန်သွားတာပဲဆိုပြီး ငါတို့ ပြန်လာလိုက်တာ။ ဒီရောက်တော့ နင်က မရှိဘူးလေ။ စုန့်ကျင်းက နင့်ကို ဆက်တိုက် ဖုန်းခေါ်နေတာ။ နင်မကိုင်တော့ နင့်ကိုရှာမယ်ဆိုပြီး ထွက်သွားရော နင်သူ့ကို ဖုန်းပြန်ဆက်လိုက်ဦးနော်”

စုန့်ကျင်းက မူလကိုယ်ရဲ့သူငယ်ချင်းပေါ့။

“နင်ဘယ်သူ့နဲ့ ပြောနေတာလဲ”

ကောချွင်က ဖုန်းထဲမှာ ယွင်ယွီကို အခန်း 1206 ကိုပို့ခဲ့တယ်လို့ ပြောသွားတော့ သူမနဲ့ပြောနေတဲ့လူက ကြံရာပါ ဖြစ်လိမ့်မယ်လေ။ ဒါပေမဲ့ ကောချွင်က သူမကို အခန်းမှားပြီး ပို့သွားတာ သူမအခန်းအထွက်တော့ အခန်းနံပါတ်က 1260ဖြစ်နေတယ်လေ။

သူတို့ရဲ့ အတန်းဖော်ရဲ့ဘဝကို ဖျက်ဆီးရလောက်တဲ့အထိ သူတို့ဘယ်လောက်တောင် မုန်းနေလို့လဲ။

ကောချွင်က တွေးမိလိုက်တယ်။ ‘ယွင်ယွီက ထူးဆန်းနေတယ် သူဘယ်တုန်းကမှ မေးခွန်းပြန်မထုတ်ဖူးပါဘူး’ ကောချွင်က ဒေါသတကြီးနဲ့

“နင်ဘာလို့ ငါ့ကို လာမေးနေတာလဲ။ ငါစာတမ်းတင်ဖို့ နားမလည်လို့ ငါ့သူငယ်ချင်းကို လှမ်းမေးရုံလေးပဲကို” ပြောပြီးတာနဲ့ သူမက လှည့်ထွက်သွားတော့တယ်။

ယွင်ယွီရဲ့ ခေါင်းက ကိုက်ခဲနေတယ်။ ဒီခန္ဓာကိုယ်မှာ ဘာကျင့်စဉ်အခြေခံမှ မရှိတော့ သူမဒီခန္ဓာကိုယ်ထဲ စဝင်တဲ့အချိန်ဆို ဘေးမှာ ဘာရှိမှန်း သေချာတောင် မမြင်ရဘူး။ အဲ့လိုဖြစ်နေတာ ပျောက်အောင်လို့ မူလကိုယ်ကို သူမ ကူညီမှ ဖြစ်မှာ။

“ကောချွင်...”

ကောချွင်က လှည့်ကြည့်လိုက်တယ်။ ဒီသည်းမခံတတ်တဲ့ဟာလေး ဘာများထပ်မေးဦးမလဲ သူမ မသိဘူး။ ဒါပေမဲ့ ယွင်ယွီက သူမဆီကိုဦးတည်ပြီး လက်ဟန်တစ်ခု လုပ်လိုက်တယ်။ ယွင်ယွီရဲ့မျက်နှာက စာရွက်တစ်ရွက်လို ဖြူဆုတ်နေပြီး သူမလက်က အားမရှိသလို ပြုတ်ကျသွားတော့တယ်။

ကောချွင်က စိတ်ပျက်သွားပြီး ညည်းလိုက်မိတယ်။

“နင်ဘာတွေလုပ်နေတာလဲ”

“နင်နောက်ကျ သိပါလိမ့်မယ်”

ပြောပြီးတာနဲ့ ယွင်ယွီက အိပ်ယာပေါ် ပုံကျသွားပြီး အိပ်ပျော်သွားတယ်။ ဒီခန္ဓာကိုယ်က ဘာကျဉ့်စဉ်အခြေခံမှ မရှိတဲ့အပြင် မန္တန်တစ်ခုကိုပါ အားတင်းဖော်ဆောင်ရတဲ့အတွက် လုံးဝကို ခြေကုန်လက်ပန်းကျပြီး မေ့မြောသွားတော့တယ်။

******

All Chapters