ယွီယွီက ဝေ့မင်းဆက်က မင်းသမီးတစ်ပါး ဖြစ်တယ်။ တခြားသော မိန်းကလေးတွေက ဂီတ၊ အက၊ ပန်းထိုးတာနဲ့ ကဗျာစပ်တာကို သင်ယူကြပေမဲ့ သူမကတော့ ရုပ်လွန်အတတ်ပညာရပ်ကိုပဲ သင်ယူခဲ့ပါတယ်။ ယွီယွီက ရုပ်လွန်အတတ်ပညာရပ်တွေ အားလုံးကို တတ်ကျွမ်းသွားတယ်။ သူမက သူမတတ်မြောက်ထားတဲ့ အတတ်ပညာရပ်တွေနဲ့ ဝေ့မင်းဆက်က ပျက်သုန်းတော့မှာကို တွေ့ရှိသွားတယ်။ မင်းဆက်ပျက်သုန်းတာကို ရပ်တန့်နိုင်ဖို့အတွက် နဂါးသွေးကြောကို ပြုပြင်ရမှာဖြစ်လို့ သူမက သူမချစ်ရတဲ့သူတွေအတွက် သူမကိုယ်သူမ စတေးခဲ့တယ်။ သူမရဲ့ ကြီးမားတဲ့ အနစ်နာခံမှုကြောင့်မို့ ကောင်းကင်ဘုံက သူမကို ရာစုနှစ်ချီ ဖြတ်သန်းစေလိုက်ပြီးတော့ တက္ကသိုလ်ကျောင်းသားဘဝမှာ ပြန်လည်ဝင်စားစေဖို့ အခွင့်အရေး ရခဲ့တယ်။ ရှေးခေတ်ကနေ ခေတ်သစ်ဆီ ရောက်လာပြီး ရုပ်လွန်အတတ်ကို တစ်ဖက်ကမ်းခတ်တဲ့ ယွီယွီလေးက ခေတ်သစ်မှာ ဘဝသစ်ကို ဘယ်လိုမျိုး ရင်ဆိုင် ဖြတ်သန်းမလဲ ဆိုတာကို သူမနဲ့ အတူတူ ခံစားဖတ်ရှုရမှာ ဖြစ်ပါတယ်။

