အခန်း ၄၉
Vol. 5 Ch. 49
49 01
အပိုင်း (၄၉)
ထန်ဟုန်လျန်ရဲ့ ဗီလာက အိမ်ရာအတွင်းထဲမှာဆိုတော့ အိမ်ရာဝန်းထဲ ဝင်လာပြီးတာတောင် လုံခြုံရေးကင်မရာမှာ သူမတို့ပါသွားမှာကို ယွင်ယွီက စိုးရိမ်နေတယ်။ ချင်ယွိစွေက
“မပူနဲ့ ကင်မရာမှာ ရိုက်မိထားတာတွေ ကိုယ် ဖျက်လိုက်မယ်”
ယွင်ယွီက သူ့ကို ကျေးဇူးတင်လိုက်တယ်။ သူ ကူညီတာ တော်တော်များနေပြီလေ။
သူမတို့က ခြံဝန်းကျယ်ကျယ်ရှိတဲ့ ထန်ဟုန်လျန်အိမ်ကို ရောက်လာတော့တယ်။ အချိန်က ညဆယ့်တစ်နာရီဆိုတော့ လူတွေ အိပ်နေကြပြီလေ။
ထန်ဟုန်လျန်ရဲ့အိမ်ကလည်း ဒုတိယထပ်မှာပဲ မီးခပ်မှိန်မှိန် ထွန်းထားတာ တွေ့လိုက်ရတယ်။
ဗီလာရှေ့လမ်းတွေပေါ်မှာ မီးတွေလင်းနေတော့ ယွင်ယွီက လူတစ်ယောက်ယောက် သူမတို့ကို တွေ့သွားမှာကို စိုးရိမ်တော့ အဆောင်နှစ်ခုကို ထူတ်လို့ ကိုယ်ပျောက်မန္တာန်ကို ရွတ်ပြီး သူမနဲ့ ချင်ယွီစွေ့ပေါ် ကပ်လိုက်တယ်။
ဒါက တကယ်ကြီး ကိုယ်ပျောက်သွားတာမဟုတ်ဘဲ လူတွေ သူတို့ကို သတိမပြုမိအောင် လုပ်ထားတဲ့ အစီအရင်လေး သက်သက်ပဲလေ။
ဗိလာတစ်ခု တည်ဆောက်ရင် သူတိူ့က ဖုန်းရွှေကို တကယ်ကြည့်ကြတယ်လေ။ တစ်ခုခု မှားမသွားအောင် ဆရာသခင်တွေနဲ့ စစ်ဆေးတတ်ကြတယ်။
အထူးသဖြင့် ဘယ်မှာ နဂါးပြာ၊ ညာမှာ ကျားဖြူ၊ အိမ်ရှေ့က ဟင်္သာပြဒါးငှက်နဲ့ အိမ်နောက်က လိပ်နက်။ ဒီနတ်သားရဲအစီအစဉ်ချပုံက လွဲလို့မရဘူးလေ။ (T/N: သဘောက အိမ်ရှေ့ကို တောင်ဖက်ကိုမျက်နှာမူတာမျိုးပါ)
ယွင်ယွီက ထန်ဟုန်လျန်ကို ပြဿနာပေးဖို့ နည်းတွေအများကြီးရှိပေမဲ့ သာမန်ဖုန်းရွှေနည်းနဲ့ဆို မြို့တော်လို ကျားတောနဂါးပေါတဲ့နေရာမျိုးမှာဆို ခဏလေး ဖြေရှင်းလို့ ပြီးသွားမှာပဲလေ။ အဲဒါတင်မကပဲ သူမအစီအရင်ကို ဖျက်ဆီးရင် သူမကို ပြန်ထိမှာလေ။ ဝိဉာဉ်စမ်းရေအိုင်က ကာကွယ်ထားရင်တောင် သေချာပေါက် သွေးအန်မှာ ထမင်းစားတိုင်း သူမအမေနဲ့ အဖွားနဲ့အတူစားနေတဲ့ သူမအတွက် အဲ့လိုဟာမျိုးက ဖြစ်လို့မရဘူးလေ။ အကုန် စိတ်ပူကုန်မှာပေါ့။
သူမပိုသေချာတဲ့နည်းကို ရှာရမယ်လေ။
သူမ တွေးမိတဲ့နည်းက သူများသာဆို တတ်နိုင်ဖို့ မသေချာပေမဲ့ သူမလို ဝိဉာဉ်စမ်းရေနဲ့လူကတော့ သေချာပေါက် တတ်နိုင်တယ်လေ။
ယွင်ယွီက နဂါးပြာပုံထွင်းထားတဲ့ ကျောက်နီပန်းပုရုပ်ကို ထုတ်လိူက်တယ်။
ကျောက်တုံးက သတ္တု၊ အနီရောင်က မီး၊ နဂါးပြာက ရေကိုကြိုက်တော့ ရေထဲထားရတယ်။ ပြီးတော့ နဂါးပြာက ဂန်းယန် ကိုကိုယ်စားပြုတယ်။ သဘောက လိင်အထီးကို ကိုယ်စားပြုတာပေါ့။
နဂါးပြာက အရှင်သခင်တစ်ပါးလည်း ဖြစ်တယ်လေ။
သူမ ပြောခဲ့သလိုပဲ နတ်သားရဲလေးပါးက ကိုယ်စီကိုယ်စားပြုတာတွေ ရှိတယ်။ တစ်ခုခုဖြစ်ပြီး ကိုယ်စားပြုတာနဲ့ မကိုက်ညီတာမျိုး ပြောရရင် မိသားစုရဲ့ အကြီးအမှူးယောက်ျားက ကံဆိုး၊ အသုံးအဖြုန်းကြီး၊ ယုတ်မာပြီး သတ်ဖြတ်ချင်စိတ် ကြီးနေတဲ့အခါမျိုးမှာ ကောင်းကျိုးမပေးတော့ဘဲ ဆိုးကျိုးတွေ ပေးတတ်တယ်လေ။
ယွင်ယွီက နဂါးရုပ်ကို အစီအရင်မျက်လုံးမှာ မြုပ်လိုက်တယ်။ ပြောရရင် သတ္တုနဲ့ နဂါးပြာကို ယှဉ်လို့ အိမ်ရဲ့ယောကျိားသားကို ဒုက္ခပေးတဲ့အစီအရင်ပေါ့လေ။ ယွင်ယွီက နဂါးပြာအစီအရင်မျက်လုံးမှာရှိတဲ့ ရေတိုင်ကီကို မဖို့ကြံတော့ ချင်ယွိစွေက
“ကိုယ်လုပ်မယ်”
49 02
ရေတိုင်ကီက လူအရပ်ရဲ့ တစ်ဝက်လောက် မြင့်တယ်လေ။ ယွင်ယွီက သူ့ကို ကျေးဇူးတင်လိုက်ပြီး အစီအရင်မျက်လုံးနေရာကို ကျောပိုးအိတ်ထဲက ဂေါ်ပြားလေးနဲ့ တူးတယ်။ ပြီးတော့ ကျောက်နီပန်းပုကို မြုပ်လိုက်တယ်။ ချင်ယွိစွေကတော့ ဘေးမှာရပ်လို့ သူ့ဇနီးလောင်းလေးက သူများကို ကျိန်စာတိုက်နေတာကို ရပ်ကြည့်နေလေရဲ့။ သူက တိုင်းပြည်ကို သစ္စာရှိတာက ဒါမျိုးနဲ့ ဘာမှမဆိုင်ဘူးလေ။
အထူသဖြင့် ထန်ဟုန်လျန်လို လေးစားစရာမကောင်းတဲ့ အလုပ်တွေလုပ် ငွေမည်းတွေကို ငွေဖြူပြပြီး ချမ်းသာလာတာမျိုးဆို ပိုဆိုးပေါ့လေ။
ထန်တုန်ကလပ်မှာ သူက ယွင်ဝေးဝေးကိူ ဆေးပေးတယ်။ သူမက ကောချင်နဲ့ တခြားကောင်မလေးတစ်ယောက်နဲ့ ပေါင်းလို့ မူလယွင်ယွီကို သေစေပြီး သူမကို ထန်ဟုန်လျန်အခန်းကို ပို့တယ်။ ကံကောင်းပြီး အခန်းမှားသွားလို့ပဲလေ။ ဒီကိစ္စတွေတချို့ကို သိနေတော့ ချင်ယွိစွေက ကိုင်တွယ်လိုက်ချင်ပေမဲ့ ယွင်ယွီက သူမဘာသာ လုပ်ချင်နေတယ်လေ။
ယွင်ယွီမြေပြန်ဖို့ပြီးတော့ ချင်ယွိစွေက ရေတိုင်ကီကို နေရာတကျ ပြန်ရွှေ့လိုက်တယ်လေ။ ပြီးတာနဲ့ ယွင်ယွီက အဓိကအချက်ကို ထောက်ပြလိုက်ပြီး အမျိုးသမီးစစ်သူကြီး ငါးဦးကို ဆင့်ခေါ်လိုက်တယ်။ သူမက ဒုတိယအစီအရင်ကိုလည်း အဲဒီနေရာမှာ ချရေးဆွဲလိုက်တယ်။
သရဲငါးကောင်၊ ဖုန်းရွှေအစီအရင်ကို တစ်ဆက်တည်း ခင်းကျင်းရင် ကြယ်ကိုးလုံးရဲ့နဂါးကနေ ဝူကွေးယွင်ချိုက် ဖုန်းရွှေအစီအရင်ရဲ့ ရင်းမြစ်၊ တောင်နဲ့ရေ ပြီးတော့ လူတွေနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ လိုတယ်။
ဒီယွင်ချိုက်အစီအရင်က နဂါးပြာရဲ့ ရေနဲ့ ချမ်းသာကြီးပွားမှုနဲ့ သက်ဆိုင်တဲ့ သဘာဝကို သူမက ဖျက်ဆီးလိုက်တယ်လေ။
ယွင်ယွီက တောင်နဂါးနဲ့ ရေနဂါးရဲ့ အစီအရင်သင်္ကေတမြုပ်တဲ့နေရာကို ထောက်လိုက်တယ်။ ဒါတွေက ကျူးကုန်းအစီအရင်အလိုက် ညီညာနေရမှာဆိုတော့ သူမ တန်းတွေ့သွားတာ မဆန်းဘူးလေ။ အဲ့နောက်မှာ ထန်ဟုန်လျန်ရဲ့ နောက်ဖေးခြံထဲက ဖုယန်မြုပ်ထားတဲ့နေရာက ပြီးသွားပြီ။ ယွင်ယွီက မြန်မြန်ပဲ သရဲငါးကောင်ရဲ့ ဖုန်းကွေးရွှေ အစီအရင်ကို နဂါးပြာအစီအရင်ဘေးမှာ စီရင်လိုက်တယ်။ အဲ့နှစ်ခုက တစ်ခုနဲ့တစ်ခု လိုက်ဖက်ညီသွားတော့ ဖုန်းရွှေဆရာသခင်တော်တော်များများက အဲဒါကို ဖျက်ရဲမှာ မဟုတ်ဘူးလေ။
ပြီးတော့ ဒုတိယအစီအရင်မှာ မိုးကြိုးအစီအရင်ပါ ထည့်ထားသေးတယ်လေ။ ဖျက်ရဲရင် ဖျက်ကြည့်ပေါ့။
ဒီအစီအရင်တွေအားလုံး လိုက်ဖက်ညီသွားတော့ ထွက်လာတဲ့ရလဒ်က နဂါးပြာအစီအရင်က မိသားစုကို အနှောက်အယှက်ပေးပြီး ကံကြမ္မာကောင်းတွေကို ဝင်ရှုပ်မဲ့အချိန်မှာ သရဲငါးကောင်အစီအရင်က ငွေကုန်ပေါက်ကို ပိုကြီးစေမယ်လေ။
ငါးရက်အတွင်း ထန်ဟုန်လျန်စီးပွားရေးက အနုတ်လက္ခဏာပြလာလိမ့်မယ်။ ဒီအစီအရင်တွေက အထူးသဖြင့် အိမ်ပိုင်ရှင်ကို ပိုထိပြီး ကျန်တဲ့လူတွေက အကင်းလောက်ပဲ ထိမှာ။
ဒါပေါ့ လုံးဝသက်တောင့်သက်သာ မဟုတ်ပေမဲ့ ပိုင်ရှင်လို ကံဆိုးမိုးမှောင်ကျတာမျိုး မဟုတ်ဘူးလေ။ ဒီဟာက ထန်ဟုန်လျန်ကို ပစ်မှတ်ထားတဲ့ အစီအရင်ကိုး။
စစချင်းကတည်းက ဒီလူက ယွင်ဝေးဝေးနဲ့ ကောချင်ကနေတစ်ဆင့် သူမကို ဆေးခပ်လို့ ဖြူစင်မှုကို စားသုံးချင်တယ်လေ။ ပြီးတော့ မူလကိုယ်က သေဆုံးသွားရော။ ပြောရရင် အဲ့အတွက် ယွင်ယွီက မူလကိုယ်အပေါ် အသက်ကြွေး တင်နေတယ်လေ။ သူမပြန်ဆပ်နိုင်တဲ့နည်းက အခုလိုနည်းပဲရှိတာလေ။
သူမက ဘာမှပြောင်းလဲမသွားဟန်ရှိတဲ့ ထန်ဟုန်လျန်အိမ်ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်တယ်။ “ကိစ္စပြီးပြီ အစ်ကိုချင်”
သူမက သူ့ရှေ့မှာ ကြင်နာချင်ယောင် ဆောင်ပြဖို့ စိတ်ကူးမရှိဘူးလေ။ ချင်ယွိစွေက “ဒါဆိုပြန်ရအောင်”
ယွင်ယွီ ခေါင်းညိတ်ပြလိုက်တယ်။
သူတို့အိမ်ရာဝန်းကနေ ထွက်လာတော့ ယွင်ယွီက “တစ်ခုခု သွားစားရအောင်”
“ဟုတ်ပြီလေ”
သူမတို့က ရှန်းရှန်းတိုက်ခန်းအပြန်လမ်းပေါ်က ညဈေးကို သွားလိုက်ကြတယ်။ ညဆယ့်နှစ်နာရီထိုးနေပေမဲ့ ညဈေးက အခုအထိလူစည်နေတုန်းလေ။
ယွင်ယွီက ကျောက်ပုစွန်ဟင်းကို မှာလိုက်ပြီး ရောက်လာတော့ စားဖို့ပြင်တယ်။ ချင်ယွိစွေက တစ်ချက်ကြည့်လိုက်တာနဲ့ မျက်မှောင်ကြုတ်သွားတယ်။ မသန့်ရှင်းလိုက်တာ။ သူမကို ဆက်စားခွင့် သူ မပေးနိုင်တော့ဘူးလေ။
ယွင်ယွီကသူ ကိုယ်ဝန်ကြောင့် စိတ်ပူနေမှန်း သိတယ်လေ။ ပြီးတော့ ဝိဉာဉ်စမ်းရေနဲ့ ပျိုးထောင်လာတာ မဟုတ်တော့ အရသာတအားရှိဖို့တော့ မလွယ်ဘူလေ။ အဲတော့ သူမက ရေချိုပုစွန်ပြုတ်နဲ့ ပြန်ပြောင်းမှာလိုက်တယ်။ ကြက်သွန်နဲ့ ဂျုံကို ရောပြုတ်ထားတာ တွေ့လိုက်ရတယ်လေ။ ကိုယ်ဝန်ကြောင့်လားမသိပေမဲ့ ဒါက တကယ်စာကောင်းမဲ့ပုံ ပေါက်နေတာတော့ သေချာတယ်။
49 03
သူမက လက်အိတ်စွပ်လို့ ခေါင်မဖော်တမ်းစားတော့တယ်။ သူမနဲ့ ချင်ယွိစွေက လင်မယားဆက်ဆံရေးပဲဟာ ဘာတွေအလှပြပြီး ဟန်ဆောင်နေရမတဲ့လဲလေ။ ချင်ယွိစွေက ပုစွန်ကို အခွံခွာပေးလာတော့ ဆီဝေ့နေတဲ့ နှုတ်ခမ်းနဲ့ လက်နေတဲ့ မျက်လုံးတွေနဲ့ သူ့ကိုကြည့်ရင်း “ကျေးဇူးပါ အစ်ကိုချင်”
ချင်ယွိစွေက ပြောလိုက်တယ်။ “တကယ်တော့ ကိုယ့်နာမည်ကို တိုက်ရိုက်ခေါ်လို့ရပါတယ်”
ယွင်ယွီက ခဏငြိမ်သွားပြီး ခေါ်လိုက်တယ်။ “ချင်ယွိစွေ”
ချင်ယွိစွေက ငြိမ်သွားတော့တယ်။ မနေ့က သူမ သူ့ကို ဖက်လိုက်တုန်းကလို ငြိမ်သွားတယ်လေ။ စားပြီးသွားတော့ ရှန်ူရှန်းတိုက်ခန်းကို ပြန်မပို့သေးပဲ ချင်ယွိစွေက မေးလိုက်တယ်။
“လုပ်စရာရှိသေးလား”
ယွင်ယွီတုန့်ဆိုင်း သွားပေမဲ့ သူမ လုပ်စရာရှိသေးတယ်လေ။ ယွင်ဝေးဝေးကို ရှာရမှာ။
ယွင်ဝေးဝေးက ရုပ်ရှင်လောကမှာ နေရာတစ်နေရာရဖို့ မူလ ယွင်ယွီ့ကို ဆေးခပ်လို့ ထန်ဟုန်လျန်ဆီပို့ဖို့ ကြံတဲ့လူလေ။ ယွင်ယွီ အခန်းမှားသွားပေမဲ့ သူမက သူမအတန်းဖော်ကို ထိုးကျွေးလိုက်ပြန်တော့ ထန်ဟုန်လျန်က သူမကို ဆယ့်ရှစ်လိုင်း အဖြည့်ခံမင်းသမီးနေရာ ထည့်ပေးတယ်လေ။ ရိုက်ရတဲ့ ဒရာမာက နတ်ဘုရားနဲ့ သရဲတွေပါတော့ ညဖက်မှာ ရှေးဟောင်းပန်းခြံတစ်ဝိုက်မှာ ရိုက်ကူးနေတယ်လေ။
ဆယ့်ရှစ်လိုင်း မင်းသမီးယွင်ဝေးဝေးက မနက်သုံးနာရီလောက်မှာ အဲ့ကနေ ပြန်မှန်းသိထားတော့ ညအဲ့အချိန်ကို အခွင့်ကောင်းယူဖို့ သူမ စီစဉ်ထားတာလေ။
ယွင်ဝေးဝေးက သူမရဲ့ အဖေတူမအေကွဲညီမဖြစ်ပြီး သူမမိသားစုက ချန်းရွှေမှာနေတာ သိထားတယ်လေ။ အဲတော့ သူမကို ကူညီမဲ့လူ ဘယ်သူမှမရှိဘူးပေါ့။
“ကျွန်မ ရှေးဟောင်းပန်းခြံဖက် သွားရမယ်” ယွင်ယွီပြောလိုက်တယ်။ “ယွင်ဝေးဝေးအတွက်”
“သိပြီ ကိုယ်ပို့ပေးမယ်”
******