← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

37 01

အပိုင်း 37

နောက်တစ်နေ့မှာ ယွင်ယွီက ဝိဉာဉ်စမ်းရေကို သောက်ပြီး ကျင့်ကြံလိုက်တယ်။ သူမနှာခေါင်းထဲမှာ အနံ့တစ်ခုရလို့ အဝတ်လဲပြီး ခြံထဲထွက်လာတော့တယ်။ သူမမြင်လိုက်ရတာက အိမ်နေအဝတ် ခပ်လျော့လျော့ကြိ ဝတ်ထားတဲ့ ချင်ယွိစွေက ဥနဲ့ ကြက်သွန်စိမ်းက်တ်ပန်းကန်ကိုင်ပြီး မီးဖိုချောင်ထဲက ထွက်လာတာမြင်လိုက်ရတယ်။

ယွင်ယွီက ဆေးကြောလိုက်ပြီး သူ့ကို ဆန်ပြုတ်ထည့်ကူလိုက်တယ်။ “ရှင်ချက်နေသေးတယ်ပေါ့”

“ဘာမှမဖြစ်ပါဘူး”

ချင်ယွိစွေက ကြက်သွန်ဖြူကြော်နဲ့ မုန်လာဥချဉ်ကို စားပွဲပေါ်တင်လိုက်တယ်။ အကုန်လုံးက ခြံထွက်တွေချည်း သူကိုယ်တိုင် သွားခူးထားသလားပဲ။

အဖွားက မနက်ငါးနာရီထပြီး ဘန်းမုန့်ဆိုင်ကို သွားတတ်တော့ မနက်စာကို ချင်ယွိစွေနဲ့ ယွင်ယွီပဲ စားမဲ့လူရှိတယ်။ ကြက်ဥကြော်က ရွှေရောင်သမ်းနေပြီး နှမ်းနက်နဲ့ ကြက်သွန်ပန်းတွေနဲ့ အလှဆင်ထားတယ်။ ယွင်ယွီက ဘယ်လိုလုပ် ဒီလူက သူမထက် ဟင်းချက် ပိုကောင်းရသလဲ တွေးနေမိတယ်။

စားပြီးလို့ စားပွဲခင်းခေါက်နေတဲ့အချိန်မှာ သူမက ချင်ယွိစွေ မေးတာကို ကြားလိုက်ရတယ်။ “အိမ်က ဘယ်မှာဆောက်ရမှာလဲ”

ယွင်ယွီက သူပြောချင်တာ ရွာထဲမှာ ဆောက်မဲ့အိမ်ကိုဆိုတာ သိလိုက်ရတော့ “ကျွန်မတို့အိမ်ဘေးမှာပဲ ဆောက်လိုက်လေ။ ဖုန်းရွှေကလည်း ကောင်းတာပဲ”

ချင်းဟယ်ကန်က သိပ်မဝေးတော့ သူမ ရေအရင်းအမြစ်လည်း ရှိတယ်လေ။ ပြီးရင်တော့ သူမက ဝရံတာမှာထိုင်လို့ ကန်ရေပြင်ပေါ်ကနေ နေဝင်နေတာကြည့်ရမှာ စိတ်ချမ်းသာစရာပဲ။ ချင်ယွိစွေက ‌ခေါင်းညိတ်ပြီး ဘာမှမပြောတော့ဘူး။

မနက်စာ စားပြီးတော့ ချင်ယွိစွေက သူမကို ပန်းကန် ပေးမဆေးတဲ့အတွက် သူမက အသီးအရွက် စိုက်ခင်းထဲဝက်လို့ အသီးအရွက်တွေခူးပြီး လာဝယ်မဲ့ တုန်ကျန်းဟိုင်ကို စောင့်နေတော့တယ်။

37 02

ပြီးတော့ သူမခေါ်မွေးထားတဲ့ ဟေးတ လို့ နာမည်ပေးထားတဲ့ခွေးနက်ကို သွားကြည့်တယ်။ ရာသီဥတုက အုံ့မှိုင်းနေပြီ သူမက မက်မွန်သီးမှည့်တွေ မိုးကြောင့် ကြွေကျကုန်မှာစိုးရိမ်လို့ မက်မွန်သီးခြံကိုသွားပြီး အသီးခူးချင်တယ်။ ဒါပေမဲ့ ချင်ယွိစွေက သူမကိုနားခိုင်းပြီး သူပဲ သွားလိုက်တော့တယ်။ ယွင်ယွီက သူ ခြင်းတစ်လုံးဆွဲပြီး ထွက်သွားတာကို ကြည့်နေရင်း မိသားစုထဲမှာ ဒီလိုလူရှိတာ မကောင်းတာမဟုတ်ဘူးလို့ ထင်လာတော့တယ်။

သူမက ဝါးစင်လေးပေါ်မှာ ရေနွေးပူတစ်ခွက်နဲ့ ထိုင်နေရင်း ဖုန်းထဲကနေ စိုက်ပျိုးရေးစာအုပ်တွေကို ဒေါင်းလုတ်ဆွဲပြီး ထိုင်ဖတ်နေလိုက်တယ်။ တောင်က ဧကသုံးထောင်ရှိပေမဲ့ သစ်ပင်တွေ ရှိနေတဲ့နေရာတွေလည်း ရှိတယ်လေ။ သူမအပင်စိုက်ချင်တိုင်း လိုက်ခုတ်လို့မှ မရတာ။ အပင်စိုက်လို့ရတာက ဧကနှစ်ထောင်စာလောက်လေးပဲ ရှိတာလေ။

သူမက မက်မွန်သီးတွေ စားရတာ ကြိုက်တယ်။ မက်မွန်ပင်တွေ အပွင့်ပွင့်ရင်လည်း ပိုတောင်ကြိုက်သေး။ သူမအမွေရထားတဲ့ နှစ်ဧကစာလေးက ဘယ်လောက်ပါ့မလဲ။ သူမမက်မွန်ပင်တွေ ချယ်ရီပင်တွေနဲ့ တခြားအပင်တွေကိုပါ အများကြီးစိုက်ရဦးမှာ။ သူမက မြို့တော်က ပြန်လာတာနဲ့ ‌အစေ့တွေဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။

တုန်ကျန်းဟိုင်က ၈နာရီလောက်မှာရောက်လာပြီး သူက မက်မွန်ခြံကနေ အသီးဝယ်သွားချင်နေတယ်။ သူက ယွင်ယွီတို့မက်မွန်သီးတွေကို ကြိုက်တယ်လေ။ အဲဒါအပြင် ပြည်ပရောက်နေတဲ့ သူ့သူငယ်ချင်းကို နည်းနည်းပို့လိုက်တာ ဟိုက ထပ်ပို့ပေးဖို့ ပြောလာပါလေရော။

အဲဒါနဲ့ သူမလည်း တုန်ကျန်းဟိုင်ကို ချင်ယွိစွေ အသီးခူးနေတဲ့ မက်မွန်ခြံဆီ ခေါ်သွားလိုက်တယ်။ ပြီးတော့ မိတ်ဆက်ပေးလိုက်တယ်။ “ဦးလေးတုန် ဒါက ကျွန်မကောင်လေးပါ”

တုန်ကျန်းဟိုင်နှုတ်ဆက်တော့ ချင်ယွိစွေက ခေါင်းညိတ်ပြလိုက်တယ်။

ပြီးတော့ တုန်ကျန်းဟိုင်က ပေါင်တစ်ရာနီးပါးလောက် ထုပ်သွားပြီး နှုတ်ဆက်လို့ ထွက်သွားတော့တယ်။

“ရေဆာနေလား” ယွင်ယွီက ကူညီချင်ပေမဲ့ သူကပေးမလုပ်တော့ သူ့အနားမှာကပ်ထိုင်လို့ မေးလိုက်တယ်။

“ဆာတယ်” ချင်ယွိစွေက ပြန်ဖြေလိုက်တော့ ယွင်ယွီက

“ကျွန်မ ရေဘူးယူလာတယ် သောက်မလား”

“ကောင်းပြီလေ”

ချင်ယွိစွေက ယွင်ယွီဘေးနားလာထိုင်ပြီး ရေဘူးအဖုံးကိုလှည့်လို့ ဘူးတစ်ဝက်လောက်ကို တစ်ငုံထဲ သောက်ချလိုက်တယ်။ ရာသီဥတုက ပိုပြီးအုံ့ဆိုင်းလာတော့တယ်။ မက်မွန်ခြင်း နှစ်ခြင်းက ဆိုင်ကိုရောက်သွားတော့ လူတွေက ဘန်းမုန့်ဝယ်ဖို့ တန်းစီနေကြတုန်း။ သူတို့က မက်မွန်သီးတွေ ဝင်လာတာလည်းတွေ့ရော

“သူဌေး ကျွန်တော့်ကို မက်မွန်သီးနှစ်လုံး ချန်ထားပေး”

“ကျွန်တော့် ဆယ်လုံး”

“ကျုပ်ကို ငါးလုံး အိမ်ကကလေးက ခင်ဗျားတို့ဆိုင်က အသီးရော ဘန်းမုန့်ရော ကြိုက်တာမလို့ ဖရဲသီးတွေရောရှိလား။ ရှိရင် အခုရေခဲပုံး သွားယူလာမလို့”

ယွင်ယွီက “ဖရဲသီးတွေက မှည့်ခါနီးနေပါပြီ။ သုံးလေးရက်ပဲစောင့်ပါ”

“သူဌေးလေး မက်မွန်သီးနဲ့ ဖရဲသီးပဲ ရှိတာလား”

“အခုတော့ ဒီလောက်ပါပဲရှင်။ နောက်နှစ်ကျ အမျိုးအစား ပိုစုံလာမှာပါ”

ယွင်ယွီက မြင်းပေါက်စလေးလို ရွှင်လန်းပြီး အသီးရောင်းတာ ဝယ်သူတွေနဲ့ စကားပြောတာ ပိုက်ဆံသိမ်းတာကို ဆက်တိုက်လုပ်နေတယ်။ တစ်ယောက်ယောက်က မေးလာပါလေရော။ “သူဌေးလေး ဘေးကဘယ်သူလဲ”

ယွင်ယွီကပြုံးရင်း “ကျွန်မကောင်လေးပါ”

“အိုး ဂုဏ်ပြုပါတယ်။ လက်ထပ်တော့မှာလား”

“ဒါပေါ့ ဒါပေါ့” ယွင်ယွီက ပြုံးရင်း “ကျေးဇူးတင်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်”

ချင်ယွိစွေရဲ့ အရပ်မြင့်မြင့် ပခုံးကျယ်ကျယ် ခါးကျဉ်းကျဉ်းပုံက သူ့ကို ပိုခန့်ညားစေတယ်လေ။ အထူးသဖြင့် သူ့ရဲ့ မျက်ခုံးက ဖြောင့်တန်းနေပြီး အေးစက်ဟန်ရှိတယ်။

မက်မွန်သီးနှစ်ခြင်းက ခပ်မြန်မြန်ပဲ ရောင်းကုန်သွားတော့တယ်။ ဒီနေ့ရဲ့ မက်မွန်သီးတစ်မျိုးတည်း ရောင်းရငွေက ယွမ် 4000 လေ။ ဆယ်နာရီထိုးတော့ ဘန်းမုန့်ဆိုင်ကို ပိတ်ပြီး သူမတို့က ချင်ယွိစွေကားနဲ့ ရွာကိုပြန်လာကြတယ်။

37 03

အိမ်ပေါက်ဝ ရောက်ရောက်ချင်းမှာတင် မိုးတွေ ရွာလာတော့တယ်။ လုပ်စရာ များများစားစား မရှိတော့ မိသားစုတွေက ရုပ်ရှင်ထိုင်ကြည့်ကြတော့တယ်။ ယွင်ယွီကတော့ အဲဒါအစား လှုပ်ကုလားထိုင်ကို အခန်းထဲ ရွေ့ချင်နေတယ်။ ချင်ယွိစွေက သူမကို ကူပြီး လှုပ်ကုလားထိုင်ကို ရွေ့ပေးပြီးတော့ သူမက ဖရဲသီးတစ်ခြမ်းကို ပိုက်ရင်း လိုက်သွားလို့ ထိုင်ချလိုက်တယ်။ “အကိုချင် ရှင် ဖရဲသီးစားမလား”

“တော်ပါပြီ” သူက လှုပ်ကုလားထိုင်မှာ ထိုင်နေရင်း ဖရဲသီးကို ဇွန်းနဲ့ကော်နေတဲ့ ယွင်ယွီကိုကြည့်ပြီး ဆက်ပြောလိုက်တယ်။ “ဖရဲသီးက အအေးစာ သိပ်မစားနဲ့”

ယွင်ယွီက နှာခေါင်းရှုံ့ပြရင်း “ကျွန်မအခုမှ ခဏနားရုံကို”

ချင်ယွိစွေက ဘာမှမပြောပဲ အခန်းထဲက ဆိုဖာပေါ်ထိုင်ချလို့ မိုးသံနား‌ေထာင်ရင်း လှုပ်ကုလားထိုင်ကို နှဲ့ပြီးထိုင်နေတဲ့ ယွင်ယွီကို စိုက်ကြည့်နေတော့တယ်။ သူမရဲ့အခန်းက ရှင်းလင်းတယ်။ ပြောရရင် ကြမ်းခင်းက ကြာတော့ မီးခိုးရောင် ပြောင်းနေပြီ။ နေ့တိုင်းကြမ်းတိုက်တော့ ပြောင်လက်နေတယ်။ ပြတင်းပေါက်အောက်မှတော့ ယွင်ယွီရဲ့ စောင်အပန်းနုလေးလွှားထားတဲ့ အိပ်ယာ။ ခေါင်းအုံးတွေပါစုနေတော့ သူမအိပ်ယာက ရှုပ်ပွနေတယ်။

အိပ်ယာဘေးမှာတော့ တစ်ယောက်ထိုင် ဆိုဖာလေးနဲ့ ကော်ဖီစားပွဲလေးရှိတယ်။ အဲ့ဘေးမှာတော့ ယွင်ယွီရဲ့ သစ်သားဗီရိုရှိတယ်လေ။ သူမက လှုပ်ကုလားထိုင်မှာ ထိုင်နေရင်း မိုးက ခေါင်မိုးပေါ်ကျ အဲ့ကနေ ရေတံလျောက်တစ်လျောက် ဆင်းလာပြီး မြေပြင်ပေါ်ကျတဲ့အသံအထိ နားထောင်နေတယ်။ သူမငယ်စဉ် နန်းတော်ထဲနေတုန်းကဆို မိုးရွာတာနဲ့ ပြတင်းပေါက်တွေဖွင့်လို့ ညောင်စောင်းပေါ်လဲရင်း နားထောင်တတ်တယ်လေ။

သူမက နေ့တစ်ဝက်လောက် အလုပ်ရှုပ်နေတာဆိုတော့ သူမ ခဏတော့ နားဦးမယ်လေ။ ဖရဲသီးကိုပိုက်လို့ တစ်ကိုက် နှစ်ကိုက်စားရင်း မိုးရွာတာကြည့်နေတာက တအားစိတ်ချမ်းသာစရာ ကောင်းတာပဲလေ။

ကိုယ်ဝန်ရအပြီးမှာ သူမက မနက်ခင်းနာမကျန်း ဖြစ်တာမျိုးမရှိဘူးလေ။ ပုံမှန်လူလို စားသောက်နေနိုင်တယ်။ ပုံမှန်ထက် ပိုအိပ်လာတာလောက်ပဲရှိတာမျိုးပေါ့။

သူမက လှုပ်ကုလားထိုင်ပေါ်ကနေ မိုးရွာတာကြည့်ရင်း ဖရဲသီးစားပြီး ငြိမ်နေတော့ ချင်ယွိစွေက သူမကို ကြည့်လိုက်မိတယ်။ ရေနွေးက အေးသွားသလိုမျိုးပဲ သူမကလည်း ဖရဲသီးဖက်ပြီး အိပ်ပျော်သွားတော့တယ်။ ချင်ယွိစွေက စောင်းကျလာတဲ့ ယွီယွီ့ခေါင်းကို ခေါင်းအုံးတစ်လုံးနဲ့ ခံလိုက်ပြီး သူမလက်ထဲက ဖရဲသီးကိုယူရင်း ဆိုဖာပေါ် ပြန်ထိုင်လိုက်တယ်။

သူက ဖရဲသီးကို ကိုင်ထားရင်း သူမရဲ့မျက်နှာ ဖြူနုနုနဲ့ မျက်တောင်ရှည်လေးတွေကို စိုက်ကြည့်ရင်း သူ့လက်ထဲက ယွီယွီ့စားလက်စဖရဲသီးကို တစ်ဇွန်းစားလိုက်တယ်။

ယွင်ယွီနိုးလာတော့ သူမခေါင်းအောက်မှာခေါင်းအုံး ကိုယ်ပေါ်မှာ စောင်နဲ့ဖြစ်နေတော့တယ်။ အခန်းထဲမှာ သူမပဲကျန်ခဲ့ပြီး မိုးကလည်း စဲသွားပြီလေ။ သူမ စောင်ကိုခွာလို့ ချင်ယွိစွေကို ဟင်းချက်တာ သွားကူလိုက်တော့တယ်။

နေ့လယ်စာပြင်ပြီးတော့ အမေယွင်က ယွင်ရှန်းရှိတဲ့ကျောင်းကို ထမင်းသွားပို့တယ်။ ချင်ယွိစွေက သူမကို လိုက်ပို့ပေးတယ်လေ။ အမေယွင်နဲ့ ချင်ယွိစွေ ပြန်လာတော့ သူမတို့အိမ်ဘေးမှာ အလုပ်သမား 20လောက်က ကုန်တင်ကားတွေနဲ့ စတီးပိုက်တွေ၊ အုပ်တွေ၊ သဲတွေ သယ်နေတာကို မြင်လိုက်ရတယ်။ ဖုန်းရှုကျန်းက ကားထဲက ထွက်လာပြီး ဝေခွဲမရတဲ့လေသံနဲ့ “သူတို့က ဆောက်လုပ်ရေးလုပ်ငန်းခွင် လာလုပ်နေတာလား ဘာလို့လဲ”

ချင်ယွိစွေက “အန်တီ အိမ်ဆောက်ခွင့်က ရလာလို့ ကျွန်တော် ဖောင်ဒေးရှင်းချဖို့ လူခေါ်လိုက်တာ”

“မြန်ချက်အေ” အမေယွင်က တအားအံ့ဩသွားတော့တယ်။ မနေတုန်းကမှ အိမ်ဆောက်ဖို့ ပြောနေတာ ဒီနေ့ လာဆောက်ပြီတဲ့လား။ အိမ်ထဲရောက်တော့ ချင်ယွိစွေက အဲ့ကိစ္စကို မိသားစုကို ပြောလာတော့တယ်။

ယွင်ယွီက ထီးယူပြိး သွားကြည့်လိုက်ရင်း “မြန်လိုက်တာ” သူ့ရာထူးက တော်တော်ကြီးမယ်ထင်တယ်။ မဟုတ်ရင်ဒါမျိုးက တော်တော်ကြာမှာလေ။

အဖွားယွင်နဲ့ အမေယွင်က ချင်ယွိစွေနောက်ကြောင်းကို မသိတော့ အမြန်ပြီးတာကိုပဲ အံ့ဩနေကြတယ်လေ။ ချင်ယွိစွေက “မြေရောအိမ်ကိုပါ ယွီယွီ့နာမည်နဲ့ ထားပေးထားတယ်”

အဖွားယွင်က “မင်းရဲ့ပိုက်ဆံကို အလကား မယူနိုင်ပါဘူးကွယ်။ ဘယ်လောက်လဲသာ ပြောလိုက် တစ်ဝက်တော့ ရအောင်ပေးပါ့မယ် တကယ်လို့ မင်းတို့ လက်မထပ်ဖြစ်ရင်တောင် ကိစ္စမရှိတော့အောင်ပေါ့”

“အဖွား” ချင်ယွိစွေက ပြောတယ်။ “သန်းတစ်ဝက်လောက်ရှိတယ်” သူက ဖြစ်နိုင်သမျှထဲမှာ အနည်းဆုံးဈေးကို ပြောပြတာလေ။ အဖွားယွင်က တွေးပြီးတော့ “အဖွားတို့က နှစ်သိန်းခွဲပေးမယ်။ ပြီးတော့ ရှောင်ယွီအာအတွက် အိမ်ဆောက်ပြီးရင် အလှဆင်တာပါ လုပ်ပေးမယ်”

37 04

ဒါက ယာယီအစီအစဉ်သက်သက်ပဲ ပြောရရင် တကယ့်အစီအစဉ် မဟုတ်သေးဘူးလေ။ အဲဒါကျတော့ အသေးစိတ်စီစဉ်ရမယ်လေ။ ချင်ယွိစွေက ခေါင်းညိတ်ရင်း “အဖွားကောင်းသလိုသာ စီစဉ်ပါ”

သူက ထပ်ပြောလိုက်တယ်။ “ကျွန်တော် တစ်ချက်သွားကြည့်လိုက်ဦးမယ်”

အဖွားယွင်က “သွားပါ”

သူ ထွက်သွားတာနဲ့ အဖွားယွင်က အမေယွင်ရယ် ယွင်ယွီရယ်ကိုခေါ်ပြီး သုံးယောက်သား ခေါင်းချင်းဆိုင်လို့ မိသားစုအစည်းအဝေး စတော့တယ်။

******

All Chapters