← Chapters

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း ၁၁၄

Vol. 12 Ch. 114

114 01

အပိုင်း 114

ဖိတ်ကြားရမည့် ဧည်သည်စာရင်းကို ချ‌ရေးပြီးနောက် နောက်တစ်ဆင့်က ဖိတ်စာများ ရေးရန်ပဲ ဖြစ်သည်။

ဖိတ်စာများအားလုံးကို သီးသန့်အပ်ထားတာ ဖြစ်ပြီး အလွန်လှပကာ အတော်လေး ကြည့်ကောင်းပေ၏။ ဧည်သည်များ၏ အမည်ကို ယွင်ယွီက လှပသည့် စကားလုံးများဖြင့် ရေးလိုက်သည်။ သူမလက်‌ရေးက ထက်မြတ်သည့် ခံစားချက် မရှိဘဲ အလွန်နူးညံ့ကာ စာဖတ်ချိန်၌ တည်ငြိမ်အေးချမ်းမှုကို ခံစားမိစေသည်။

ဖိတ်စာကို တစ်ယောက်ပြီး တစ်ယောက် ပို့လိုက်ကာ လူများစွာက သူတို့၏ ကောင်းချီများ ပို့လိုက်လေ၏။

ချင်းဟယ်ကျေးရွာထဲရှိ ရွာသူရွာသားများသည် ယွင်ယွီနှင့် သူ့ကောင်လေးတို့ မင်္ဂလာဆောင်တော့မည်အကြောင်း ကြားသောအခါ ရွာသူရွာသားများသည် သူတို့ကို မြင်ချိန်၌ ဂုဏ်ပြုစကားပြောကြားသည်။

သို့သော်ငြား ယွင်ယွီ၏ အနည်းငယ် ပူဖောင်းနေသော ဗိုက်ကို မြင်သောအခါ တစ်စုံတစ်ခု အနည်းငယ် ထူးဆန်းနေပုံပေါ်၏။ လူတချို့ကဆို တိုးတိုးတိတ်တိတ် စပြောနေကြပြီ ဖြစ်သည်။

“လက်ထပ်ဖို့ အလျင်လိုနေတာ ယွင်ယွီ ကိုယ်ဝန်ရှိနေတာကြောင့်လား”

ရွာသူရွာသားတချို့က ကူပြောပေးကြလေ၏။

“သူတို့ အစောကတည်းက လက်ထပ်စာချုပ် ယူပြီးသားလေ လက်ထပ်စာချုပ်ရှ်ိရင် သူတို့က တရားဝင် လက်ထပ်ပြီးသားပေါ့။ သူတို့မှာကလေးရှိတာ ဘာမှားလို့လဲ”

“မင်္ဂလာဆောင်တာကပဲ လက်ထပ်တာ တစ်ခုထဲနည်းလို့ ယုံကြည်နေတာလား”

“ဒါဆိုရင် စုံတွဲတချို့ဆို လက်ထပ်စာချုပ်ပဲယူပြီး မင်္ဂလာ မဆောင်ခဲ့ဘူး။ သူတို့ခရီးသွားပြီးမှ လက်ထပ်ခဲ့တာ။ သူတို့တွေ လက်မထပ်ရသေးဘူးလို့ ဆိုလိုတာလား။ တကယ်ထူးဆန်းတာပဲ တိုင်းပြည်က အသိအမှတ်ပြုထားတဲ့ လက်ထပ်ပွဲကို ဆုံးဖြတ်ဖို့က မင်းရဲ့ အလှည့် ရောက်သွားတာလား”

ထိုလူက စကားပြော ရပ်သွားလေ၏။

ရွာသူရွာသားများက ဤကိစ္စကို ဆွေးနွေးရမှာ တုံ့ဆိုင်းနေ၏ ဆိုရလျှင် လူများစွာက ယွင်ယွီအတွက် ပြောပေးနေ၏။ သူတို့သည် သူမ၏ အရည်အချင်းကို ကြောက်ရွံ့သောကြောင့် ဖြစ်လောက်သည်။

လူနည်းကျဉ်းသာလျှင် ဤကိစ္စကို ဆွေးနွေးနေကြကာ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်သွားပေ။ ယွင်ယွီက ထိုအကြောင်းကို သတိ မပြုမိခဲ့ပေ။

လကုန်၌ အိမ်အသစ် ပြင်ဆင်မူက ပြီးစီးသွားပြီဖြစ်ကာ ပရိဘောဂများကိုလည်း ရွှေ့ပြောင်းထားပြီ ဖြစ်သည်။ ဒီတော့မှ ယွင်ယွီသည် အိမ်အသစ်ကို တစ်ချက်သွားကြည့်လိုက်၏။ အိမ်အသစ်က ယွင်မိသားစု ခြံဝန်းထဲတွင်ဖြစ်သည်။ ယွင်ယွီက အုတ်မြစ်တူးပြီး ချိန်မှ စပြီး ၎င်းကို ဂရုမစိုက်ခဲ့မိပေ။ သို့သော် နည်းနည်းဆီ တည်ဆောက်တာကိုတော့ ကြည့်ခဲ့၏။

အိမ်အသစ်က စုစုပေါင်း စတုရန်းမီတာ ၃၅၇ ကျယ်ဝန်းသည်။ သုံးထပ်အဆောက်အအုံ ဖြစ်သည်။ အရှေ့ခြံဝန်း အပါအဝင်ဖြစ်သည်။ ခြံဝန်းထဲ၌ရိုးရှင်းသော မျက်ခင်းတစ်ခု ရှိလေပြီး ငါးကန်တစ်ကန်တူးရန်လိုကာ ဗိုလ်ဆိုင်းပင်များ ရွှေ့ပြောင်းရန်လိုအပ်သည်။ သို့သော် မင်္ဂလာဆောင်ကို တစ်ပတ်အတွင်းကျင်းပမှာ ဖြစ်၏။ ခြံဝန်းက ဧည့်သည်များကို ဧည့်ခံရန်လိုအပ်သည်။ ထိုကြောင့် ငါးကန်တူးရန် အလျင်မလိုပေ။ မင်္ဂလာ ဆောင်ပြီးမှ ဖြည်းဖြည်းချင်းလုပ်နိုင်၏။

ဤဗီလာငယ်လေးကို ရွီလန်ထင်းက ကျေးလက်ပုံစံနှင့် တူ၏။ ကျန်သည့် စိတ်ကူးများ ပေါင်းစည်ပြီး ပြုလုပ်ထားတာပဲ ဖြစ်သည်။ အလွန်လှပသည့် အနောက်တိုင်းပုံစံ အဆောက်အအုံတစ်ခု ဖြစ်၏။ ရွာထဲရှိ အဆောက်အအုံများနှင့် ကွဲထွက်နေခြင်း မရှိဘဲ ပတ်ဝန်းကျင် ရှုခင်းနှင့်် ကောင်းစွာရောနှောနေသည်။ တတိယထပ်၌ လေသာဆောင်ကြီး တစ်ခုလည်းရှိသည်။ ညအချိန်တွင် ဤနေရာတွင် ထိုင်ကာ ညရှုခင်းကိုကြည့်ကာ တောင်လေကိုခံစားပြီး ငှက်သို့၏ တကျွီကျွီအော်သံကို နားဆင်ရသည်ကာ သာယာနာပျော်ဖွယ် ကောင်းလှပေသည်။

အခန်းထဲရှိ ပရိဘောဂများကိုလည်း ဂန္တာဝင် ပုံစံသစ်သားကုန်ကြမ်းများစွာ သုံးထား၏။ ၎င်းတို့က ရိုးရှင်းပြီး ကျော့ရှင်းပေ၏။ ယွင်ယွီက ဤကဲ့ သို့ ပုံစံကို နှစ်သက်သည်။

ဗီလာတည်ဆောက်ပြီး ပြုပြင်ပြီးနောက် ယွင်မိသားစုသည် ယွင်ယွီနှင့်အတူ အလှပြင်ဆင်ထားသည့် ဆိုင်ကို လာကြည့်တာ ပထမဆုံးအကြိမ်ဖြစ်သည်။

114 02

အဘွားယွင်သည် အိမ်ထဲဝင်လျှင်ဝင်ခြင်း အလှပြင်ဆင်မှုသည် ယွမ်နှစ်သိန်းကျော် ကုန်ကျမည်သိလိုက်သည်။ ဗီလာအဆောက်အအုံ တစ်ခုလုံးယွမ်ငါးသိန်း ကျော်ကုန်ကြလိမ့်မည်ဟု သူမခန့်မှန်းမိသည်။ အစက သူမသည် ချင်ယွီစွေအတွက် ယွမ်နှစ်သိန်းကွဲပေးဖို့ မိသားစုအဟောင်းမှ ယွမ်နှစ်သိန်းခွဲ ချေးထားခဲ့သည်။ ယခုမူ ရေဗုံးထဲရှိ ရေတစ်စက်မျှသာ ထင်ရသည်။ နောက်ပိုင်း၌ အဘွားယွင်သည် ယခင်လက သူရထားသည့် ယွမ်နှစ်သိန်းကို ယွင်ယွီအား ပေးလျှက် အိမ်အသစ်အတွက် အလှဆင်ဖို့ ပြောလိုက်သည်။ ယခုအတွက်လျှင် ယွမ်လေးသိန်းက မလုံလောက်ပေ။

အဘွားယွင်က သက်ပြင်းချလျှက် ဘာမှ မပြောတော့ချေ။ သူမက နောင်ကျ ရှောင်ချင်ပေါ်ကို ကောင်းဖို့ ဆုံးဖြတ်လိုက်သည်။ ဤကလေးက တိတ်ဆိတ်ကာ ယွင်ယွီအပေါ်ကောင်း၏။ ထို့ကြောင့် အစောတုန်းက သူမ အနည်းငယ် သဘောမတွေ့ခဲ့သည်က မရှိတော့ကာ ကြာလှပြီး ဖြစ်သည်။

ရွီလန်ထင်းကာ ယနေ့ ဗီလာပြီးဆီပြီမှန်း သိနေသောကြောင့် တစ်ချက်လာကြည့်သည်။ ယွင်မိသားစု ရောက်လာချိန်တွင် သူက ချင်ယွီစွေနှင့်ခြံဝန်းထဲမတ်တပ်ရပ်စကားပြောနေသည်။

ရွီလန်ထင်းက မော့ကြည့်လိုက်ချိန်တွင် ယွင်မိသားစုကိုမြင်သောအခါ သူတို့ကို သွားနှုတ်ဆက်လိုက်လေ၏။ အဘွားယွင်နှင် ကျန်သည့်သူများက ရွီလန်ထင်းကို အလွန်နှစ်သက်ကာ သူ ဒဇိုင်းဆွဲပေးထားသည့် ဗီလာအတွက် ကျေးဇူးတင်နေကြသည်။

ယွင်မိသာစုကို နှုတ်ဆက်ပြီးနောက် ရွီလန်ထင်းသည် ယွင်ယွီနှင့် အနည်းငယ် ဆင်တူတော်ညှား အလွန်သိမ်မွေ့သည့် အရိပ်အမွေ့ရှိသော အမျိုးသမီးတစ်ဉီးရှိနေတာကိုတွေ့လိုက်ရ၏။ သူကပြုံးပြီးပြောလိုက်သည်။

“မင်္ဂလာပါ ကျွန်တော် ခင်ဗျားကို အရင်က မတွေ့ဖူးသလို့ဘဲ”

ယွင်ယွီက မိတ်ဆက်လိုက်သည်။

“ဒါက ကျွန်မရဲ့အစ်မက ယွင်လန်”

ပြီးနောက် သူမက ယွင်လန်ကိုပြောလိုက်သည်။

“မမ သူက ဗီလာကို ဒီဇိုင်းဆွဲပေးခဲ့တဲ့ ရွီလန်ထင်း သူက ချင်ယွင်စွေရဲ့ မိတ်ဆွေကောင်းလည်း ဟုတ်တယ်”

ယွင်လန်က ညင်သာစွာခေါင်းငြိမ့်ပြလိုက်၏။

“မင်္ဂလာပါ မစ္စတာရွှေ”

“မင်္ဂလာပါဗျာ မင်္ဂလာပါ”

ရွီလန်ထင်းက တောက်ပစွာပြုံးလျှက် ယွင်လန်နှင့် လက်ဆွဲနှုတ်ဆက်ရန် လက်ဆန့်ထုတ်လိုက်၏။ ယွင်လန်သည် အနည်းငယ် တုံံ့ဆိုင်းနေပုံငှား နောက်ဆုံး၌ လက်ဆန့်ထုတ်လိုက်သည်။

ဗီလာသို့ လာလည်ပြီးနောက် အဘွားယွင်သည် ရွီလန်ထင်းကို သူမတို့နှင့် ညစာစားရန် ဖိတ်လိုက်သည်။ ရွီလန်ထင်းကလည်း ယွင်မိသားစု လက်ရာကို လွမ်းဆွတ်နေ၏။ သူ မြို့တော်သို့ ပြန်ရောက်ပြီးချိန်မှစပြီး သတိရနေတာဖြစ်သည်။

ညစာက အတော်လေး များပြားသည်။ အိမ်၌ပေါက်သည့် ရွှေဖရုံသီးများက မှည့်နေသည် ဖြစ်သည်။ ယွင်မိသားစုက ရွှေဖရုံသီး တချို့ကို ခူးခဲ့၏။ အဘွားယွင်က ဝက်ဗိုက်သားနှင့် ရွှေဖရုံသီးကို ရောနှပ်ကာ ပျားရည်နှင့် ရွှေဖရုံသီးကိုလည်း နှပ်ထား၏။ သူမက ရွှေဖရုံသီးကို ဆေးကြောပြီး အိုးတစ်လုံးထဲတွင် နှပ်ထားကာ အခွံကိုခွာပြီး ထိုအပေါ်၌ ပျားရည်လောင်းလိုက်၏။ ပျားရည်သည် တောင်ပေါ်မှရသည့် သဘောဝစစ်စစ် ပျားရည်ဖြစ်ပြီး ရွားနီးစပ်မှလည်း ဖြစ်သည်။

ရွှေဖရုံံသီးသည် ယခုအချိန်၌ အရသာအရှိဆုံး ဖြစ်သည်။ အဘွားယွင်ကလည်း ရွှေဖရုံသီးထမင်း ချက်ပေးထားသည်။

သူတို့မိသားစုသည် အစောထဲက လယ်ကွင်းထဲမှ ဆန်စပါးများ ရိတ်သိမ်းထား၏။ ပြီးနောက် ဆန်ကို ရွှေဖရုံသီးနှင့် ရောပြီး ချက်လိုက်သည်။ ရွှေဖရုံသီးက အထဲ၌ ဆန်ကို ငုံ့ထားပေးသည်။ ထမင်းကျက်လုနီးပါး ရှိသွားချိန်တွင် ထင်းမီးကို မီးဖိုထဲမှ ဖယ်လိုက်ပြီး ကျောက်မီးသွေးဖြင့် အစားထိုးလိုက်၏။ အထဲ၌ ထမင်းကျက်သွားပြီဖြစ်ကာ ရွှေဖရုံသီးက ကပ်စေးစေးနှင့် အလွန် မျက်စိပဒဿ ဖြစ်နေတော့သည်။ ကပ်သွားသည့် ထမင်းကျွတ်များကို ကြက်သားဟင်းချိုနှင့် ရောတိုး စားလိုက်သည်။ ထမင်းကျွတ်ကျွတ်က ငံပြပြီး ကျွတ်ဆတ်ကာ မွှေးရနံသင်းပျံ့သည်။

ရွီလန်ထင်းသည် သူကိုယ်တိုင် ပျားရည်နှပ် ရွှေဖရုံသီးတစ်ဝက် စားကုန်သွား၏။ သူက အချိုအလွန်ကြိုက်သည်။

114 03

ထမင်းတစ်နှပ်က အလွန် စိတ်ကျေနပ်ဖွယ်ကောင်းသည်။ ရွီလန်ထင်း စားသောက်ပြီးစီးချိန်တွင် ချင်ယွီစွေနှင့် အပြင်တွင် စကားထိုင်ပြောနေစဉ် သူက အဝေးရှိ တောင်အရိပ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

“ငါ မင်းကို အားကျလိုက်တာ။ ဒီလိုဘဝမျိုးက အတော်လေး ဇိမ်ကျတယ်”

သူသည် ကစားရတာ ပျော်မွေ့သော်ငြား ဤကဲ့သို့သော ဘဝမျိုးက ကောင်းမွန်သည်ဟု သူထင်သည်။ သို့သော် သူက ဤဘဝမျိုးနှင့် မသင့်တော်မှန်းလည်း သိ၏။ သူနှင့် ချင်ယွီစွေက မတူညီသည့် ကိုယ်ရည်ကိုယ်သွေးရှိသည်။ သို့သော် သူ၏ညီအစ်ကိုက ဤနေရာတွင်နေနေသောကြောင့် သူသည်လည်း ဤဘဝကို တွေ့ကြုံ့ရန် မကြာခဏလာနိုင်၏။

ချင်ယွီစွေက ဘာမှ မပြောပဲ ထိုင်ရုံသာ ထိုင်နေလေ၏။

ရွီလန်ထင်းက သူ့ဘာသာသူ စကားပြောရတာ အသာကျနေဖြစ်ကာ ချင်ယွီစွေကမှု ယွင်ယွီနှင့် ရှိနေသည့်အပ သူသည် စကားများများစားစား မပြောတတ်သူ ဖြစ်သည်။

ရွီလန်ထင်းက ညအချိန်၌ ထွက်သွားပြီး ရက်အနည်းအငယ်နေရန် မြို့သို့ သွားလိုက်၏။ ချင်ယွီစွေ၏ မင်္ဂလာပွဲက တစ်ပတ်အတွင်း ကျင်းပမည်ဖြစ်ကာ သူ တက်ရောက်ရမည်။

ချင်ယွီစွေသည် နောက်နေ့ မနက်စောစော အိပ်ရာထပြီး မြို့သို့ သွားကာ ဖီးနစ်သရဖူနှင့် သတို့သမီးဝတ်စုံကို သယ်လာတော့သည်။ တော်ဝင်မြို့တော်ရှိ လုံမိသားစုထံမှ ဖိတ်စာကိုလည်း လုံချီရှောင်ဆီ ပေးကာ လုံမိသားစုအား ပေးပေးရန် ပြောလိုက်သည်။

လုံချီရှောင်သည် ဖိတ်စာ တစ်ထပ်ကို ကြည့်ပြီး စီးကရက်ခဲကာ ချင်ယွီစွေ၏ ပခုံးကို ပုတ်လိုက်၏။

“ကောင်းပြီ ညီလေး။ ပျော်ရွှင်ဖွယ် မင်္ဂလာပွဲ ဖြစ်ပြီး မကြာခင် သားတစ်ယောက် ရပါစေကွာ”

“ကျေးဇူးပါပဲ”

ချင်ယွီစွေသည် မင်္ဂလာပွဲစီမံရန် ချင်းဟယ်ကျေးရွာသို့ ပြန်သွားရမည်မှန်း သူသိနေသောကြောင့် လုံချီရှောင်သည် ဘာမှ ထပ်မပြောတော့ပဲ ဖိတ်စာကိုသာ ပို့ပေးမည်ဖြစ်ကြောင်း ပြောခဲ့၏။

ထို့ည၌ ချင်ယွီစွေသည် ဖီးနစ်သရဖူနှင့် သတို့သမီးဝတ်စုံသယ်ရန် ချင်းဟယ်ကျေးရွာသို့ အမြန်ပြန်လာသည်။ ဖီးနစ်သရဖူနှင့် သတို့သမီးဝတ်စုံကို အိတ်ထဲ၌ ထည့်ထားလေ၏။ မစ္စတာ ချောင်သည် ထုတ်ပိုးထားသည့် ပစ္စည်းကို မြင်တွေ့ခဲ့ဖူးသည့် ဖီးနစ်သရဖူနှင့် သတို့သမီးဝတ်စုံကို တစ်ကိုယ်လုံး လက်ဖြင့် ဖန်တီးထားတာ ဖြစ်၏။ ၎င်းက တစ်လက်လက် တောက်ပနေကာ မျက်စိ ဖမ်းစားနိုင်စွမ်းရှိသည်။ သူက ဖီးနစ်သရဖူကို သေတ္တာထဲမှ ထုတ်လိုက်လေ၏။

ယွင်ယွီက မကြည့်ဘဲ မနေနိူင်တော့ပေ။ ဤဖီးနစ်သရဖူက အလွန်လှပပြီး သရဖူပေါ်ရှိ ကျောက်မျက် ရတနာတို့သည် အစစ်ဖြစ်သည်။ သူ့မိခင်၌လည်း ဖီးနစ်သရဖူ ရှိဖူးသော်ငြား သူမရှေ့ရှိ သရဖူလောက်တောင် မကောင်းပေ။ ထိုစဉ်က ကျောက်မျက်ရတနာများသည် ယနေ့ကဲ့သို့ ယခုခေတ်လောက် လှပခြင်း မရှိ။ နည်းစနစ်က ကျောက်မျက်ရတနာများကို မြုပ်နှံ့ပြီး အချောကိုင်ကာ တောက်ပသည့် ကျောက်မျက်ရတနာများ ထည့်မြုပ်ထားခြင်းမျှသာ ဖြစ်သည်။

ယွင်ယွီ မိသားစုက မှင်သက်သွားလေ၏။ အဘွားယွင်က ရေရွတ် ပြောလိုက်သည်။

“ဒီ ဖီးနစ်သရဖူက တကယ် လှတာပဲ”

သူ၏ မြေးမလေးသည် ဖီးနစ်သရဖူနှင့် သတို့သမီးဝတ်စုံဖြင့် ရိုးရာပုံစံ ဆောင်ချင်သည့်အကြောင်း ပြောသောအခါ ရှောင်ချင်က သီးသန့် အပ်နှံ့ထားကြောင်း ပြောခဲ့၏။ ယင်းက သာမန် လက်ရာမျှသာ ဖြစ်မည်ဟု ထင်ခဲ့သည်။ သို့သော် ယခုမှု တီဗီထဲရှိ ဘုရင်မများ ဝတ်ဆင်သော ဖီးနစ်သရဖူထက်တောင် ပိုထူးကဲ သာလွန်နေပြီး ကျောက်မျက်ရတနာများနှင့် ပုလဲများကလည်း အစစ်ဖြစ်ဖို့များသည်။

တန်ကြေးကို မမှန်းဆနိုင်ပေ။ ရှောင်ချင်မိသားစုက ဘာများ လုပ်ကြသနည်း။

ယွင်လန်၏ မျက်လုံး အနည်းငယ် ပြူးသွားတော့သည်။

သူမသည် ဤဖီးနစ်သရဖူ မည်မျှ တန်ကြေးရှိကြောင်း မြင်နိုင်သည်။ ချင်ယွီစွေက သူ၏ညီမလေးကို တကယ် ဂရုစိုက်ပေးသောကြောင့် သူ့ညီမ ပျော်နေသ၍ သူမ စိတ်အေး နိုင်သည်။

ယွင်ယွီက ဖီးနစ်သရဖူကို မြင်လိုက်ချိန်တွင် အတော်လေး လေးလံကြောင်း သိလိုက်ရသည်။

114 04

ယွင်ယွီက အခန်းထဲ ပြန်သွားပြီး စောင့်ကြည့်လိုက်၏။ ဖီးနစ်သရဖူနှင့် သတို့သမီးဝတ်စုံက သူမနှင့် ကွတ်တိ ကိုက်ညီနေသည်။ ချင်ယွီစွေက သူမ ကိုယ်ဝန်လွယ်ထားရကြောင်း မစ္စတာချောင်ကို ပြောပြခဲ့ပုံပေါ်၏။

မင်္ဂလာဝတ်စုံကို မစ္စတာချောင်နှင့် သူ၏ တပည့်များ လုပ်ပေးထားတာ ဖြစ်သည်။ ရွှေချည်ဖြင့် ဖီးနစ်ပုံကိုလည်း ထိုးထားလေ၏။ ချည်ထိုးဖိနပ်တစ်စုံကိုတောင် ထိုးထားလေသည်။

ဖီးနစ်သတို့သမီးဝတ်စုံက ပခုံးထက် တွဲကျနေကာ သူမ၏ အနည်းအငယ်း ပူဖောင်းသော ဗိုက်ကို ကာဖို့ လုံလောက်၏။ ယွင်ယွီက အပြည့်မဝတ်စားခဲ့ဘဲ ဖီးနစ်သရဖူနှင့် ဖီးနစ်သတို့သမီးဝတ်ရုံကိုသာ စမ်းကြည့်ခဲ့၏။ ထို့သို့တိုင် သူမက လူတိုင်းကို ရင်သပ်ရူမောဖြစ်စေခဲ့သည်။

ဖီးနစ်သရဖူနှင့် သတို့သမီး ဝတ်စုံကို စမ်းဝတ်ပြီးနောက် ယွင်ယွီသည် ညဝတ်စုံကို ပြန်ဝတ်ကာ ဧည့်ခန်းထဲ၌ ထိုင်ပြီး သူမမိသားစုနှင့် မင်္ဂလာကိစ္စဆွေးနွေးနေသည်။

မင်္ဂလာပွဲကျင်းပရန် ၆ ရက် လိုနေသေး၏။ မင်္ဂလာဦးအခန်းကို ပြင်ဆင်ရမည့်အချိန်တန်ပြီ ဖြစ်သည်။

အိပ်ရာနှင့် ဂွမ်းဆောင်များရှိသည့် အဘွားယွင်က လွန်ခဲ့သည့် နှစ်လခန့်က ပင် သူမအတွက် ဂွမ်းဆောင် ၈ ခု ပြုလုပ်ခိုင်းထားသည်။ အားလုံးက ဝါဂွမ်းစစ်စစ်ဖြင့် ပြုလုပ်ထားကာ နူးညံ့နွေးထွေး၏။

အခင်းလေးစုံကိုလည်း ယွင်ယွီနှင့် တော်ဝင်မြို့တော်မှ သူမမိတ်ဆွေများက မှာယူပေးထားတာပဲ ဖြစ်သည်။ ကျန်ရှိသည့်က ဧည့်ခန်းများကို ဧည့်ခံဖို့ပဲ ဖြစ်သည်။ စားဖိုမူးက သုံးရက်အတွင်း ရောက်လာမည်ဖြစ်ကာ မင်္ဂလာပွဲအတွက် ကျင်းပနိုင်လိမ့်မည်။

ချင်ယွီစွေ၏ မင်္ဂလာပွဲအကြောင်း တော်ဝင်မြို့တော်၌ သိသည့်သူ သိပ်မများပေ။

အဓိက အကြောင်းအရင်းမှာ ချင်ယွီစွေသည် တော်ဝင်မြို့တော်၌ နာမည် သိပ်မကြီးသောကြောင့် ဖြစ်သည်။ ထို့အစား သူ၏ အဖေတူ အမေကွဲညီ ချင်ချန်ချီက ပိုပြီး နာမည်ကြီး၏။ လူအများစုက ချင်မိသားစု၏ ဒုတိယသခင်လေးကို သိကြသည်။

လုံချီရှောင်သည် ဖိတ်စာရပြီးနောက် ညနေစောင်းအထိ အလုပ်လုပ်ကာ လုံမိသားစုစံအိမ်ဆီသို့ ပြန်သွားလိုက်သည်။ သူ၏အလုပ်နေရာနားတွင် အိမ်တစ်လုံး ရှိသောကြောင့် ပုံမှန်ဆို စံအိမ်တွင် နေလေ့မရှိပေ။ သူ့မျိုးဆက်ရှိ လူတို့သည် စံအိမ်တွင်နေရတာ သဘောမကျ။ သို့သော် သူတို့ အထက်ရှိ လူကြီးများ အားလုံးနီးပါးက စံအိမ်တွင် နေရတာ နှစ်ခြိုက်သည်။

လုံချီရှောင် ပြန်လာသောအခါ ဗိုလ်ချုပ်လုံက စားသောက်နေသေး၏။ သူ ဝင်လာတာ မြင်သောအခါ နှာခေါင်း ရှုံ့လိုက်သည်။

“ပြန်လာဖို့ သတိရသေးတယ်ပေါ့”

“အဘိုး”

လုံချီရှောင်က အပြုံးတစ်ပွင့်ဖြင့် ရောက်လာလေ၏။

“အဘိုး ကျွန်တော် အဘိုးအတွက် ဘာ သတင်းကောင်းသယ်လာလဲ။ ခန့်မှန်းကြည့်”

ဗိုလ်ချုပ်လုံက ပြောလိုက်၏။

“မင်းက ဘာ သတင်းကောင်းများ သယ်လာနိုင်မှာလဲ။ ပြဿနာ မရှာရင် တော်လောက်ပြီ”

လုံချီရှောင်က ဒေါသထွက်လေပြီး သူ့ဆယ်ကျော်သက်နှစ်များ ကာလအတွင်း သူ၏ ဂုဏ်သတင်းက ချင်ချန်ချီ ငယ်ရွယ်စဉ်ကနှင့် ယှဉ်နိုင်၏။

လုံချီရှောင်သည် ကျောက်သားစားပွဲပေါ်သို့ မင်္ဂလာဆောင်ဖိတ်စာ တစ်ထပ် ပစ်တင်ကာ ပြောလိုက်၏။

“အဘိုး ဒါ ဘာတွေလဲ ကြည့်ကြည့်”

“ဒါ ဘာလဲ”

ဗိုလ်ချုပ်လုံသည် စားပွဲပေါ်မှ ဖိတ်စာတစ်စောင်ကို ယူကြည့်လိုက်ရာ ချင်ယွီစွေနှင့် ယွင်ယွီ၏ မင်္ဂလာပွဲသို့ အဘိုး လုံရှောင်ကွေ့ကို ဖိတ်ကြားကြောင်း ရေးသားထားတာ တွေ့လိုက်ရသည်။

သခင်ကြီးလုံက စိုက်ကြည့်လိုက်၏။

“ဒါ ဒါက ယွီစွေရဲ့ မင်္ဂလာဆောင် ဖိတ်စာလား”

114 05

“အဘိုး ဟုတ်တယ်”

သခင်ကြီးလုံသည် ဘာမှ မပြောတော့ပေ။ သူသည် ဖိတ်စာပေါ်ရှိ စကားလုံးများကို အချိန်အတော်ကြာ စိုက်ကြည့်ပြီး မေးလိုက်၏။

“ဒီဖိတ်စာ ဘယ်သူရေးတာလဲ။ လက်ရေး လက်သားကောင်းလိုက်တာ”

လက်ရေးက အလွန်လှပပြီး ထက်မည်မှုမပါ။ လက်ရေးပိုင်ရှင်သည် ကျော်ဇောမှုနှင့် ကြွယ်ဝချမ်းသာမှုကို အလွန် စိတ်ဝင်စားခြင်း မရှိသည့်ပုံပေါ်၏။

လုံချီရှောင်က သက်ပြင်းချလျှက် လက်ဘက်ရည်တစ်ငုံ့သောက်လိုက်၏။

“ရှောင်ယွီအာ ရေးတာ”

သူသည်လည်း စုန့်ကျစ်မင်အတိုင်း ယွင်ယွီကို နာမည်ပြောင်ပဲ ခေါ်လိုက်၏။

“ရှောင်ယွီအာလား”

အဘိုးအိုက သူ၏ မြေးအကြီးဆုံးကို မော့ကြည့်လိုက်သည်။

“ဘာကြောင့် သူ့ကို ဒီလောက် ရင်းရင်းနှီးနှီး ခေါ်နေတာလဲ။ မင်းဝမ်းကွဲရဲ့ ဇနီးမဟုတ်ဘူးလား။ သူ့ကို သိလို့လား”

လုံချီရှောင်က ပြောလိုက်သည်။

“ဟုတ်တယ်။ ချီချန်းနဲ့ ဝမ်ရင်းတို့လည်း သူ့ကို သိတယ်”

ဗိုလ်ချုပ်လုံသည် ခဏတာ မှင်သက်သွားပြီးနောက် ဒေါသထွက်လာလေ၏။

“ချင်ယွီစွေက သူ့ဇနီးကို သူတို့နဲ့ တွေ့ဖို့ ခေါ်လာတယ်လား။ ငါတို့ လူကြီးတွေနဲ့ အရင်ဆုံး တွေ့ရအောင် စံအိမ်ဆီ ဘာလို့ ခေါ်မလာရတာလဲ”

“အဲလို့ မဟုတ်ဘူး။ အဘိုး နားလည်မှု လွှဲနေပြီ”

လုံချီရှောင်က ရှင်းပြလိုက်သည်။

“ရှောင်ယွီအာက မှန်ဂိုဏ်းကလေ ချီချန်းနဲ့ ဝမ်ရင်းတို့က နောက်ဆုံးတစ်ခေါက် ရုပ်လွန်ပညာ ဖလှယ်ပွဲကြောင့် သူ့ကို သိတာ။ ဒေါ်လေးလည်း အဲဒီကို ရောက်တယ်မှတ်လား။ ဒေါ်လေး သူ့ကို သိတယ်။ ပြီးခဲ့တဲ့ အမှုကြောင့် သူ့ကို သိတာ။ အကြောင်းအရင်း မရှိ လူတော်တော်များများ သတိမေ့မျော့သွားတာလေ။ အဲဒီအမှုကို သူ ဖြေရှင်းပေးခဲ့တာ”

******

All Chapters