အခန်း ၇၅
Vol. 8 Ch. 75
75 01
အခန်း-၇၅
ယွင်မောက်လျန်သည် ယွင်ယွီက လူအိုကြီးဟူ၏တပည့် ဖြစ်နေရန် ကြိတ်မျှော်လင့်နေသေး၏။
သူ၏စိတ်ကူးထဲတွင် ကလေးများအားလုံး အပြစ်ကင်းသည်။ သူက အမှားလုပ်ခဲ့မိပြီး ရှုကျန်းအတွက် စိတ်မကောင်းဖြစ်ခဲ့သေးတိုင် သူ၏ ကလေးများအပေါ် တကယ်ကြင်နာခဲ့သည်။ မိန်းကလေးနှစ်ယောက်ကလည်း သွေးသားတော်စပ်နေ၏။ ယွင်းအာက သူတို့သေမှာကို သေချာပေါက် ရပ်ကြည့်နေမှာမဟုတ်ပေ။
ဝေးဝေးသည် ကလေးဘဝကတည်းက သူချစ်မြတ်နိုးရသည့် ကလေးဖြစ်၏။ ဝေးဝေးကို ဘာမှမဖြစ်စေချင်ပေ။
ယွင်မောက်လျန်က ထိုသို့ပြောပြီးနောက် အခန်းထဲရှိလူတိုင်း တိတ်ဆိတ်သွားတော့သည်။
ယွင်မိသားစုသည် ယွင်ဝေးဝေးကို အဆောင်ရောင်းခဲ့သည့်သူက ရှောင်ယွင်းအာဖြစ်မှန်း ကောင်းကောင်းသိနေ၏။ ရှောင်ယွင်းအာက ဘာမှမပြောသောကြောင့် သူတို့က ဘာမှမပြောတော့ပေ။
“သရဲမြင်တယ်ဆိုရင် တာအိုဘုရားကျောင်းသွားလေ။ ငါတို့အိမ်ကို ဘာလို့လာတာလဲ”
အဘွားယွင်က တံမြတ်စည်းကို ပစ်ထုတ်လျက် ဆိုဖာပေါ်တွင်ထိုင်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
ယွင်မောက်လျန်၏ မိသားစုဝင်သုံးယောက်လုံးက သူ၏ အမူအရာကို ေလောရာ၌တော့သည်။ အဘွားယွင်က ဝေးဝေးကို မဆူပူတာကို မြင်သောအခါ နီရွယ်ကျောင်းက သူမသမီးကို တစ်ချက်ကြည့်လိုက်၏။
“ဘွားဘွား”
ယွင်ဝေးဝေးက မဝံ့မရဲဖြင့် ရှေ့သို့နှစ်လှမ်းတိုးကာ သူ၏မျက်လုံးများထက်တွင် မျက်ရည်များ ရစ်ဝဲလာလေ၏။
“အဘွား သမီးကြောက်တယ်။ အဲ့ဟာက သမီးကို နေ့တိုင်း လိုက်ခြောက်လှန့်နေတာ။ ကျန့်ရွှေမြို့က တာအိုကျောင်းတွေအားလုံးကို သွားပြီးပြီဆိုပေမဲ့ အသုံးမဝင်ဘူး။ အဘွား သမီးက ခုဆိုလူလည်း မဟုတ်၊ သရဲလည်းမဟုတ်၊ အပြင်တောင် မထွက်ရဲတော့ဘူး။ ကျေးဇူးပြုပြီး ဘွားဘွားရယ် သမီးကို ကယ်ပါဦး”
အဘွားယွင်က ငြင်းဆန်လိုက်ကာ နှာခေါင်းရှုံ့လိုက်လေ၏။
“ညည်း လူလည်း မဟုတ် သရဲလည်းမဟုတ်တာ ငါနဲ့ဘာဆိုင်လို့လဲ။ ငါ့အမှားမှ မဟုတ်တာ”
ဤအခြေအနေထိ သရဲတစ္ဆေဒုက္ခပေးတာ ခံရလောက်အောင် သူမ မည်သည်ကို ပြုလုပ်ခဲ့မည်မှန်း မည်သူက သိမည်နည်း။
ယွင်ဝေးဝေးက နင့်သွားလေ၏။ နီရွယ်ကျောင်းသည် သူမ သမီးက အလိုလိုက်ခံထားရမှန်း သိနေသည်။ သူမ သမီး ဒေါသထွက်နေပြီး အဖယ်ဆယ်မရတာ တစ်ခုကို ပြောလိုက်မှာစိုးသောကြောင့် အမြန်ပြောလိုက်တော့သည်။
“အမေ သမီးတို့ ဒီကိုလာရင်းနဲ့ လှည့်ပတ်မေးခဲ့တယ်။ ရွာထဲမှာ လူအိုကြီးဟူရှိခဲ့ဖူးတာ။ သူမ တပည့်ရှိမရှိ မေးချင်ရုံပါ။ ရှိရင် အွန်လိုင်းဆိုင်က သူ့ရဲ့ တပည့်ပိုင်တာပဲဖြစ်မယ်။ ကျွန်မတို့ သူ့ကို သွားရှာမှဖြစ်မယ်”
နီရွယ်ကျောင်းက ပြောပြီးနောက် သူမ၏အကြည့်သည် ယွင်ယွီဘေးတွင် ထိုင်နေသည့် ကိုယ်လူချောဆီ ရောက်သွားတော့သည်။ သူမရင်ထဲ နင့်သွားပြန်၏။
ယွင်ယွီသည် ထိုကဲ့သို့ သတို့သားလောင်းကို ရှာတွေ့လောက်သည်အထိ ကံကောင်းခဲ့သည်။ သူမ သမီးကမူ အဘယ်ကြောင့်များ တစ္ဆေခင်ပွန်းခြောက်လှန့်တာကို ခံနေရသနည်း။ ယင်းကို သူမ တကယ်လက်သင့်မခံနိုင်ပေ။ ဤကဲ့သို့သော အမျိုးသားတစ်ယောက်ကသာ ဝေးဝေး၏ သတို့သားလောင်းဖြစ်လျှင် ကောင်းလိမ့်မည်။ သူက ရည်မွန်ကာ စိတ်နေသဘောထား ကောင်းရှိပြီး မိသားစုနောက်ခံ ကောင်းမွန်ပေ၏။
နီရွယ်ကျောင်း၏ စိတ်က ရှုပ်ထွေးနေကာ သူမ အကြည့်က ချင်ယွီစွေဆီ ရောက်နေတော့သည်။
သားအစ်မိနှစ်ယောက်က အကျင့်စရိုက်တူပေ၏။ ယွင်ယွီသည် သူတို့၏ မျက်နှာကိုကြည့်ပြီး သူတို့က တစ်ကိုယ်ကောင်းဆန်ကာ ရွံရှာစက်ဆုပ်ပြီး အရှက်မရှိသည့် လူဆိုးများဖြစ်ကြောင်း သိလိုက်၏။ ယခု သူတို့က သူမလူကို ကြည့်နေကြပြန်သည်။ ချင်ယွီစွေကို ယွင်ဝေးဝေး၏လူအဖြစ် သူမ ရင်ထဲတွေးနေတာ ဖြစ်နေကာ ယွင်ယွီကသာ တစ္ဆေခင်ပွန်း နှောက်ယှက်တာ ခံရသည့်သူဖြစ်လျှင် ပိုကောင်းမည်ဟု သူမ စိတ်ထဲတွေးနေတာ ဖြစ်လိမ့်မည်။
အဘွားယွင်သည် ယွင်းအာက လူအိုကြီးဟူ၏ တပည့်မှန်းသိသည်။ သို့သော် သူမက ဤလူများကို ပြောပြမှမဟုတ်ပေ။ သူမ တောင့်တင်းစွာ ပြောလိုက်၏။
75 02
“ငါမသိဘူး။ ဒီလိုနေရာမျိုးမှာ ဘယ်လိုပညာရှင်မျိုးက ရှိနိုင်မှာလဲ။ တခြားမြို့တွေကို မေးကြည့်လေ။ ငါတို့ရဲ့ စုတ်ချာတဲ့အိပ်လေးထဲမှာ ဘာလို့တိုးဝင်နေတာလဲ”
နီရွယ်ကျောင်းနှင့် ယွင်မောက်လျန်တို့သည် ယွင်ယွီက လူအိုကြီးဟူ၏တပည့် ဟုတ်လေသလားဟု သံသယဝင်နေကြသည်။
မဟုတ်လျှင် အဆင့်ကောင်းသည့် ကျောင်းသားတစ်ယောက်က လူတို့ကို ကယ်တင်ရန် မည်ကဲ့သို့ ပဉ္စလက်ပညာကို သုံးလေမည်နည်း။ ယခုသူက အလုပ်လုပ်ရန် မြို့တော်တောင် မသွားချင်ဘဲ ဤကဲ့သို့ နယ်မြို့လေးတွင်သာ နေရစ်ခဲ့၏။ ယင်းသည် အရည်အချင်းရှိသည့် ဆရာသခင်များအားလုံးက ထူးဆန်းကြောင်း သက်သေပြထားသည် မဟုတ်ပါလော။
ဤချောမောခန့်ညားသော သတို့သားလောင်း သူမကို နက်ရှိုင်းစွာ ချစ်မိသွားစေရန် ပြုလုပ်ထားသည်က သူမ၏ စုန်းအတတ်ဖြစ်နေမည်လော။
ယွင်မောက်လျန်က တုံ့ဆိုင်းနေကာ မေးလိုက်လေ၏။
“အမေ ယွင်းအာက လူအိုကြီးဟူရဲ့ တပည့်များလား”
“မဟုတ်ဘူး”
ယွင်မောက်လျန်ကို သူမ တစ်ချက်ကြည့်ပြီး ပြောလိုက်၏။
“မင်းကို မြန်မြန်ထွက်သွားဖို့ ပြောနေတယ်လေ။ ဒီမှာ မင်းကို ဘယ်သူမှလည်း မကြိုဆိုဘူး”
သူမက ဤတတိယသား၏ မိသားစုကို တကယ်သဘောမကျပေ။ သူတို့ကို ကြည့်နေရရုံဖြင့် စိတ်ပျက်စရာ ကောင်းလှပေသည်။ သူတို့က နှလုံးသားမဲ့လှသည်။
နီရွယ်ကျောင်းက ပြောလိုက်၏။
“အမေ ယွင်ယွီက ရွာထဲကကလေးကို ကယ်ဖို့ မှော်ပညာသုံးခဲ့တာ သမီးတို့ ကြားပြီးပြီ။ ဝေးဝေးကို ကူညီဖို့ ယွင်ယွီကို ပြောပေးပါလား”
သူမသည် လူအိုကြီးဟူ၏တပည့် ဟုတ်မဟုတ် အရေးမကြီး။ ဝေးဝေးကိုကယ်နိုင်သ၍ အဆင်ပြေသည်။
“ငါတို့ ယွင်းအာမှာ ဒါမျိုးအရည်အချင်း မရှိဘူး။ သူက ရှောင်ဖန်းကို ကယ်တင်နိုင်ခဲ့တာ တိုက်ဆိုင်မှု သက်သက်ပဲ။ ရွာသားတွေကြား သတင်းပျံ့သွားတာ”
အဘွားယွင်သည် ယွင်းအာကို ဤအရှုပ်အထွေးထဲ ဝင်မပါစေချင်ပေ။ သရဲတစ္ဆေကိစ္စများ၌ ဝင်ပါခြင်းက မကောင်းဟု ခံစားမိသည်။
မြေးနှစ်ယောက်ထဲတွင် သူမက ယွင်းအာကို သေချာပေါက် မျက်နှာသာပေးပေ၏။ ထို့အပြင် သူမက ယွင်ဝေးဝေးကို သံယောစဉ်မရှိပေ။ လေနှင့်တိုက်ရုံဖြင့် လဲပြိုကျသွားမည့် သွင်ပြင်ကိုသာ မမြင်ထားလျှင် သူမကိုပါ မောင်းထုတ်ပစ်မှာပဲဖြစ်သည်။
ယွင်ယွီကလည်း တည်ငြိမ်စွာ ပြောလိုက်သည်။
ယွင်ဝေးဝေးနှင့် နီရွယ်တို့သည် ထိုလူအိုကြီးကို ကြိမ်ဖန်များစွာ ကြိမ်ဆဲနေပြီးနောက် ယွင်ယွီကို ကြိမ်ဆဲကြပြန်သည်။ သူတို့ ယင်းကို မယုံကြည်ချေ။ ရွာသားများက သေသေချာချာ ပြောပြလိုက်ခဲ့တာဖြစ်ပြီး ယွင်ယွီရွတ်ဆိုသည့် ဂါထာများကိုပါ ထည့်ပြောခဲ့၏။ မည်ကဲ့သို့ အမှားလုပ်မိမည်နည်း။
သူတို့က ယွင်မိသားစုကို မပြသရက်ချေ။ ယွင်ဝေးဝေးက သူမနှင့် ကော့ချင်တို့သည် ယွင်ယွီကို အဆိပ်ခတ်ခဲ့မှန်း ယွင်ယွီသိနေတာ မသိပေ။ သူမ မှတ်မိသည်က ယွင်ယွီကို ကျောင်းတွင် တွေ့ဆုံချိန် အမြဲတစေတွေ့ဆုံလျှင် နှုတ်ဆက်တတ်၍ ဆိုရလျှင် သူတို့က ညီအစ်မမှန်း ဖြစ်၏။ သူမက မျက်ရည်အဝဲသားဖြင့် ပြောလိုက်တော့သည်။
“မမ ညီမလေးကို ကယ်ပါဦး။ အဲဒီသရဲက နေ့တိုင်းခြောက်လှန့်နေတာ။ ညီမတကယ် ကြောက်နေပြီ။ ထပ်ပြီး သည်းမခံနိုင်တော့ဘူး။ မမသာ မကယ်ရင် ညီမ တကယ် အသက်ဆက်မရှင်နိုင်တော့ဘူး”
ယွင်ယွီက မျက်လွှာပင့်လျက် မေးလိုက်သည်။
“နင် သေတာက ငါနဲ့ ဘာဆိုင်လို့လဲ”
သူမ၏လေသံသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အေးစက်နေပေ၏။ ယွင်မိသားစုသည် ယွင်ယွီ၏ ဤပုံစံကို ယခင်က တစ်ခါမှ မတွေ့ဖူးပေ။
ယွင်ဝေးဝေးက ယွင်ယွီကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေ၏။ ထိုကဲ့သို့သော အရာမျိုးကို သူမ မည်သို့ ပြောရက်သနည်း။
“နင်….”
ယွင်ယွီက ပြောလိုက်၏။
“ငါ ဘာများမှားလို့လဲ။ နင့်အဖေ လုပ်သမျှအားလုံးနဲ့ ငါတို့မိသားစုက နင့်ကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်နေသေးတာလား။ ငါ နင့်ကို ကယ်မယ်လို့ မျှော်လင့်နေတာလား။ ယွင်ဝေးဝေး ဘာတွေ အိပ်မက်မက်နေတာလဲ”
75 03
ယွင်ဝေးဝေးက သူမကို ထိခိုက်အောင် မလုပ်ခဲ့လျှင်တောင် ယွင်မောက်လျန် ဖုန်းရှုကျန်းကို ပြုမူခဲ့သည့်အရာကြောင့် သူမသည် ယွင်ဝေးဝေးကို ကူညီမှာမဟုတ်။ သူမ မိခင်ကို စိတ်ပျက်အောင်လုပ်မှာ မဟုတ်ပေ။
ယွင်မောက်လျန်က ယွင်ယွီကို အတိတ်တလန့် ကြည့်လိုက်သည်။
“ယွင်းအာ သမီး ဘယ်လိုသင်ကြားခံခဲ့ရတာလဲ”
“ကျွန်မကတော့ ကောင်းကောင်း သင်ကြားပြသခံခဲ့ရတယ် ထင်တာပဲ”
ယွင်ယွီက ရယ်မောလိုက်၏။
“မဟုတ်ရင် ကျွန်မ ရှင်တို့အားလုံးကို ထရိုက်နေလောက်ရောပေါ့”
ယွင်မောက်လျန်၏ မျက်နှာသည် ဒေါသကြောင့် နီမြန်းလာတော့သည်။
“ဖုန်းရှုကျန်း ဒါ မင်းသမီးကို သင်ထားတဲ့ပုံလား။ ငါတို့ကို စကားပြောတဲ့ပုံကိုကြည့်။ ရှက်စရာ ကောင်းလိုက်တာ”
ဖုန်းရှိုးကျန်းက နောက်ဆုံး၌ ပြောလိုက်လေ၏။
“ယွင်းအာကို ကျွန်မနဲ့ အမေက ကောင်းကောင်း သွန်သင်ပေးထားတာ”
“ယွင်ယွီ ငါ နင့်ကို မေးမယ်။ နင် ငါ့ကို အဲ့သရဲကို မောင်းထုတ်ဖို့ ကူညီပေးမလား”
သူမ မိသားစုကလည်း ဇဝေဇဝါဖြစ်နေ၏။ ရွာသားများ၏စကားကို နားထောင်ပြီးနောက် ယွင်ယွီက ရုပ်လွန်ပညာကို တတ်ကျွမ်းပြီး လူအိုကြီးဟူ၏ တပည့်ဖြစ်ကာ အွန်လိုင်းဆိုင်ပိုင်ရှင်ဟု ယုံကြည်လုနီးပါး ဖြစ်နေသည်။ မဟုတ်လျှင် ဤကဲ့သို့ တိုက်ဆိုင်မှုမျိုး ရှိလာမည်နည်း။
ယွင်ယွီက ပြောလိုက်၏။
“မကူညီဘူး”
ယွင်ဝေးဝေးသည် ထိုအခိုက်အတန့်၌ ထိန်းချုပ်မှုကင်းမဲ့သွားကာ ကြိမ်ဆဲတော့သည်။
“နင်က တစ်ခြားတစ်ယောက်နဲ့ အိပ်ပြီးတော့ နံစော်နေတဲ့ခွေးမပဲ။ ဘာတွေ ဂုဏ်ယူဝံ့ကြွားနေတာလဲ။ မိန်းမပျက် ဖြစ်နေသေးတုန်းပဲ။ နင့်ရဲ့ ခန္ဓာကိုယ်သာ ဒီလောက်ညစ်ပတ်နေတာ။ နင့်ရဲ့လူက ဒါကိုမသိဘူးလား”
မြို့ထဲရှိကလပ်၌ ထိုအဖြစ်အပျက်ဖြစ်ပွားခဲ့ချိန်တွင် ယွင်ဝေးဝေးက ကော့ချင်သည် အခန်းမှားပို့ခဲ့ကြောင်း သိရပြီးသားဖြစ်၏။ ထိုသို့ဆိုလျှင် ဘာများအရေးပါးမည်နည်း။ ထားလိုက်ပါတော့ သူ၏ အကျိုးသက်ရောက်မှုအရ အခြားအမျိုးသားများကို ဆွဲဆောင်နေဦးမှာပဲ ဖြစ်သည်။
ယွင်မိသားစုဝင်အားလုံး၏ မျက်နှာထားက ပြောင်းလဲသွားပြီး ယွင်မောက်လျန်တောင် ပြောင်းလဲသွားလေ၏။
ယွင်ဝေးဝေးက ချင်ယွီစွေကို ကြေနပ်စွာ ကြည့်လိုက်၏။ သူ၏မျက်နှာထက်ရှိ အေးစက်သော အမူအရာကို တွေ့လိုက်သောအခါ တုန်ယင်သွားပြီး ဤလူ၏အေးစက်မှုက ယွင်ယွီဆီဦးတည်နေတာဟု ထင်ခဲ့တာဖြစ်သည်။ သူမက ရွှင်မြူးစွာ ပြောလိုက်တော့သည်။
“ရှင့်ချစ်သူက အဘိုးကြီးတစ်ယောက်နဲ့ အိပ်ပြီးသားဆိုတာ မသိဘူးမလား။ သူက နာမကျန်းတောင် ဖြစ်နေနိုင်တယ်။ ဒီလိုပုပ်သိုးနေတဲ့ဟာကို လက်ထပ်ချင်သေးတာလား။ လူကြီးမင်း ထပ်စဉ်းစားဖို့ အကြံပေးလိုက်မယ်”
“ပါးစပ်ပိတ်ထား”
ချင်ယွီစွေက ထရပ်လိုက်ပြီး သူ၏မျက်နှာက မှုန်မှိုင်းပြီး ကြောက်မက်ဖွယ် ကောင်းနေတော့သည်။
ယွင်ယွီသည် ဤကဲ့သို့ ချင်ယွီစွေ၏ကြောက်မက်ဖွယ် ကောင်းသော အမူအရာကို မြင်တွေ့တာ ပထမဆုံးအကြိမ်ဖြစ်သည်။ ယွင်မိသားစုက အလွန်ဒေါသထွက်နေ၏။ ရှောင်ကျိန်း၏ အမူအရာကို ကြည့်ပြီး အဘွားယွင်က သူ ယွင်ဝေးဝေးကို သေအောင်ထထိုးမိမှာ စိုးရိမ်၏။ ထိုသို့ဖြစ်လာလျှင် လူ့အသက်နှင့် ပေးဆပ်နေရလိမ့်မည်။ သူမက တားကာ ယွင်ဝေးဝေးဆီ အမြန်လျှောက်သွားလျှက် သုန်မှုန်သောမျက်နှာထားဖြင့် ပြောလိုက်တော့သည်။
“ဘာကိုဆိုလိုတာလဲ”
ရှောင်ယွင်းအာသည် ရှောင်ချွင်းနှင့် အိပ်မိခဲ့သည်က မတော်တဆမဟုတ်ကြောင်း အဘွားအို သိထားပေ၏။ သူမ ဆေးခတ်ခံရပြီး အခန်းမှားပို့ခံရတာပဲဖြစ်သည်။ သို့သော် အဘွားယွင်သည် ယွင်ဝေးဝေး ပြောတာကို ကြားသောအခါ ဤကိစ္စကို သူမ မည်သို့သိနေသနည်းဟု တွေးမိသွားသည်။ ထိုအရာက မည်သူမှ မသိသင့်သည့်အရာ ဖြစ်၏။ ထိုသို့ဆိုလျှင် ယွင်ဝေးဝေးက မည်သို့သိနေသနည်း။
ယွင်ဝေးဝေးက ရယ်မောလိုက်၏။
75 04
“သူ လုပ်ခဲ့တာကို သူသိမှာပဲ”
သူမရင်ထဲ အလွန်ပျော်ရွှင်နေ၏။ ဤအရပ်မြင့်မြင့်ဖြင့်လူ၏ အမူအရာကိုကြည့်ပြီး သူက ယွင်ယွီကို အင်မတန်မုန်းတီးနေလောက်ပြီဟု တွေးမိသွား၏။
ယွင်ယွီကလည်း ထရပ်ကာ ပြောလိုက်တော့သည်။
“နင်လုပ်ခဲ့တာကို ရှင်းရှင်းလင်းလင်းသိမှာပဲ ယွင်ဝေးဝေး။ တကယ်တော့ ငါ့ထက် နင်က ပိုသိသင့်တာ”
သူမက ချင်ယွီစွေ၏လက်ကိုကိုင်ထားလျက် ယွင်ဝေးဝေးကို ပြောလိုက်တော့သည်။
“နင့်ကြောင့်သာ မဟုတ်ရင် ယွိစွေနဲ့ ငါက ဒီလိုမျိုးတွေ့ဖို့ ကံပါလာမှာမဟုတ်ဘူး”
ယွင်ဝေးဝေး၏ ကြံစည်မှုကြောင့်သာ မဟုတ်လျှင် သူမက ချင်ယွီစွေ၏အခန်းထဲ မှားဝင်မိပြီး ဒီလူနဲ့ တွေ့မှာမဟုတ်ဘူး။ ယွင်ဝေးဝေးကို ရှင်းလင်းစွာ ပြောပြနေတာပဲဖြစ်သည်။
ယွင်ယွီသည် ယွင်ဝေးဝေးကို ဒေါသထွက်စေရန် ထိုသို့ပြောခဲ့တာပဲဖြစ်၏။
ယွင်ဝေးဝေးက ယွင်ယွီသည် ဤကဲ့သို့ ချစ်သူတစ်ယောက် ရှာတွေ့နိုင်ခဲ့သည့်အတွက် မနာလိုဖြစ်နေတာဖြစ်သည်။ ထို့ကြောင့် ဤစကားကိုကြားပြီးနောက် ယွင်ယွီက ဤလူ၏အခန်းထဲ ဝင်သွားမိသောကြောင့်သာ သူတို့ ဤမင်္ဂလာပွဲဖြစ်လာတာဟု ရှင်းရှင်းလင်းလင်း နားလည်သွားတော့သည်။
“မဟုတ်ဘူး။ မဟုတ်နိုင်ဘူး။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ”
ယွင်ဝေးဝေး၏မျက်နှာက ဖြူဖျော့နေတော့သည်။
အဘွားယွင်သည် နောက်ဆုံး၌ အရာအားလုံးကို နားလည်သဘောပေါက်သွားလေ၏။ ရှောင်ယွင်းအာသည် သူမကို ဆေးခတ်ခဲ့သည့်သူက ရက်စက်သော ယွင်ဝေးဝေးဖြစ်ကြောင်း သိထားပြီးတာ ကြာလှပြီဖြစ်မည်။
ရှောင်ယွင်းအာ ကြုံခဲ့ရတာကို တွေ့ကြည့်ပြီးပြီ။
သူမက ရှေ့တိုးသွားကာ ယွင်ဝေးဝေးကို ပါးရိုက်လိုက်တော့၏။
“ငယ်ငယ်လေးနဲ့ ဒီလောက် ရက်စက်တာကို ဘယ်လိုများ လုပ်နိုင်ရတာလဲ”
အဘွားယွင်သည် လယ်လုပ်ခဲ့တာဖြစ်ပြီး အလွန်သန်မာ၏။ သူမက ယွင်ဝေးဝေးကို ရိုက်ရန် ခွန်အား အလုံးစုံသုံးခဲ့ပြီး သူမ ခေါင်းကို လည်ထွက်သွားစေသည်။ သူမ မျက်နှာတစ်ခြမ်းက ချက်ချင်းပင် နီရဲယောင်ကိုင်းလာတော့သည်။
နီရွယ်ကျောင်းနှင့် ယွင်မောက်လျန်တို့သည် သူတို့၏သမီးနှစ်ယောက်က မည်သည့်အကြောင်းကို ပြောနေမှန်း မဖော်ထုတ်နိုင်သေးပေ။ ယခု ဝေးဝေး အရိုက်ခံရတာကို မြင်ပြီး နီရွယ်ကျောင်းက အော်ဟစ်ကာ အဘွားယွင်ဆီ ပြေးလာ၏။ ယွင်ယွီကလည်း ပေါ့သေးသေးမဟုတ်ပေ။ သူမက နီရွယ်ကျောင်းကို ဧည့်ခန်းတံခါးဆီ ကန်ထုတ်လိုက်လေ၏။ သူမက ပြန်မထနိုင်ဘဲ မြေပြင်ပေါ်တွင် အချိန်အတော်ကြာ လဲနေ၏။
“နင် ပုန်ကန်နေတာပဲ”
ယွင်မောက်လျန်သည် သူ၏ဇနီးအရိုက်ခံရတာကို မြင်သောအခါ မျက်လုံး နီမြန်းသွားတော့သည်။ သူ၏သမီးက သူ့ကို အလေးမထားကြောင်း သတိရသွား၏။ သူ့ကို သင်ခန်းစာပေးရမည်။ သူက သူမကို မပျိုးထောင်ခဲ့ရင်တောင် သူ့ကလေး ဖြစ်နေသေးသည်။ သူမကို ဆုံးမသွန်သင်ပိုင်ခွင့်ရှိ ၏။
ယွင်မောက်လျန်က လက်မြှောက်ပြီး ယွင်ယွီကို ရိုက်ချင်ခဲ့သည်။ ထိုင်နေသည့် ဖုန်းရှိးကျန်းက ရုတ်တရက် ထရပ်လိုက်ကာ ကမူးရှူးထိုးဝင်လာပြီး ယွင်မောက်လျန်ကို ရိုက်ချလိုက်၏။ သူမ ခွန်အားအကုန် အသုံးပြုထားတာဖြစ်ပြီး မုန်းတီးစွာ ပြောလိုက်သည်။
“ယွင်းအာကို ထိရဲရင် နင်နဲ့သေအောင် တိုက်ခိုက်မယ်”
သူမ၏လူကို တကယ်မုန်းတီးလှပေသည်။ ယွင်မောက်လျန်က ကြယ်များမြင်သည်အထိ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံလိုက်ရသည်။ အသိစိတ် ပြန်ကပ်လာရန် အချိန်အတော်ကြာ ယူလိုက်ရပြီး သူက ဖုန်းရှုကျန်းကို စိုက်ကြည့်နေသည်။
အဘွားယွင်က ပြောလိုက်တော့သည်။
“နင် သူ့တို့ကို ထိရဲရင် ထိကြည့်လိုက်လေ။ နင့်မိန်းမနဲ့ သမီးကိုခေါ်ပြီး ဒီကနေ ထွက်သွားလိုက်တော့”
ယွင်မောက်လျန်က အဘွားအိုကို မရိုက်ရဲပေ။ သူက အံကြိတ်လျက် နီရွယ်ကျောင်း ထရပ်နိုင်အောင် ကူညီပေးလိုက်သည်။
75 05
နီရွယ်ကျောင်းက ထရပ်လိုက်ရန် အချိန်အတော်ကြာ ယူလိုက်ရပြီး မျက်နှာပေါ်တွင် ချွေးစေးများ ပျံလာသည်။ သူမက ယွင်ယွီကို လက်ညှိုးထိုးပြီး ဒေါသတကြီး ပြောလိုက်လေ၏။
“ငါ နင့်ကို တရားစွဲမှာ”
“ဘာအတွက် တရားစွဲမှာလဲ”
ယွင်ယွီကရယ်မောလိုက်သည်။
“ကျွန်မ ရှင့်ကို ရိုက်မိလို့လား။ ဘယ်သူတွေ့လို့လဲ။ ရှင် ဒဏ်ရာရသွားတာလား”
“နင်က အရှက်မရှိတာ”
ယွင်မောက်လျန်က စိတ်လွတ်သွား၏။
“ဒီကနေ ထွက်သွား”
သူ ဤနေရာသို့ ဘယ်တော့မှ ထပ်မလာရန် ကျိန်ဆိုလိုက်မိသည်။ သူ့မိသားစုက အကူအညီလိုလျှင်တောင် ကူညီမှာ မဟုတ်။
ယွင်မောက်လျန်သည် မင်သက်နေသော ဇနီးနှင့် သမီးကို ယွင်မိသားစုခြံဝင်းထဲမှ ခေါ်သွားပြီး ကားထဲဝင်ကာ ရွာအဝင်ဆီသို့ မောင်းထွက်သွား၏။
သူတို့ ကျေးရွာဝင်ပေါက်နား ရောက်ကာနီးသည့်အချိန်တွင် ယွင်ဝေးဝေးက အသိစိတ် ပြန်ကပ်လာကာ ရေရွတ်ပြောလိုက်၏။
“သမီးရဲ့ပြဿနာကိုရော ဘယ်လိုလုပ်မလဲ”
မည်ကဲ့သို့ ဤသို့ ဖြစ်သွားရသနည်း။ ယွင်ယွီက အဘယ့်ကြောင့် ဤမျှ ကံကောင်းရသနည်း။ အဘယ်ကြောင့်နည်း။ သူတို့ အဘယ်ကြောင့် မလဲနိုင်ရသနည်း။ သူမသာလျှင် ဤကဲ့သို့သော လူမျိုးနှင့် ထိုက်တန်သည်။ ယွင်ယွီက ထိုတစ္ဆေနှင့် နေသင့်သည်။ သူမ လက်မခံနိုင်ပေ။
နီရွယ်ကျောင်းက လက်မလျှော့ချင်သေးပေ။ သူမ ရင်ဘတ်ကို ကာထားလျက် ပြောလိုက်၏။
“သူတို့ တစ်မိသားစုလုံးကို တရားစွဲမှာ။ မျိုးမစစ်တွေ”
“အားလုံး ပါးစပ်ပိတ်ထား”
ယွင်မောက်လျန်က ဒေါသထွက်နေပြီး သူက ယွင်ဝေးဝေးကို မေးလိုက်တော့သည်။
“ခုနတုန်းက ပြောတာ ဘာကိုဆိုလိုတာလဲ။ သမီးနဲ့ ယွင်းအာကြား ဘာတွေပဠိပက္ခ ရှိနေတာလဲ။ သူ့အကြောင်း ဘာလို့ပြောလိုက်တာလဲ။ သမီးရော အဲဒီလူနဲ့တွေ့တယ်လို့ ဘာလို့ ပြောလိုက်တာလဲ”
******