← Chapters

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅

Vol. 16 Ch. 155

155 01

အပိုင်း 155

…

ကျူအိုက်ချင်းက ပြောနေသေးသည်။ ဝမ်ယွီက သူမ၏ ညာလက်ထဲမှ ရုန်းထွက်ပြီး ခက်ထန်သော မျက်နှာထားဖြင့် ပြောလိုက်၏။

“အမေ၊ အဖေ သားပြောလိုက်မယ်။ ကျစ်ရှင်းက သားရဲ့ အစ်မပဲ။ အမေတို့ သူ့ကို ထိခိုက်အောင် လုပ်ရင် အမေတို့ကို မလိုချင်တော့ဘူး။ ပြီးတော့ သား အစ်မ ကျစ်ရှင်းကို မတွေ့ရရင် သား မစားတော့ဘူး”

ဤကလေးက အတော်လေး ခေါင်းမာသည်။

ကျူအိုက်ချင်းက သူ့ကို အမြန် ချော့မြူလိုက်၏။

“ကောင်းပြီ။ ကောင်းပါပြီ ဘိုးဘေးလေးရယ်”

သူမ လက်ခံလိုက်သော်ငြား ရင်ထဲ၌ အလေးမထားပေ။ ယင်းက ကလေးတစ်ယောက်၏ ဆိုးသွမ်းမှုဟုသာ တွေးလိုက်သည်။ မထင်မှတ်ထားဘဲ ပြန်ရောက်လာပြီးနောက် ဝမ်ယွီက စတင် ယှဉ်ပြိုင်လေ၏။ သူ၏ အစ်မကို နေ့လည်ချိန်၌ မတွေ့ရလျှင် နေ့လည်စာတောင် မစား။ ညအချိန်တွင်လည်း ညစာ မစားပေ။

ယွင်ယွီသည် ဝမ်လင်မယား ပြန်သွားတာကို စောင့်ပြီးနောက် တောင်ထိပ်သို့ တက်သွားတော့သည်။

အဘွားဟွမ်နှင့် ဟွေ့တတို့က သူမနှင့်အတူ လမ်းလျှောက် ထွက်လာ၏။ ဟွေ့တသည် အစ၌ ကယ်ဆယ်ခံထားရသည့် စာကလေး ဖြစ်သည်။ သာမန်စာကလေး၏ အရွယ်အစားထက် နှစ်ဆ နီးပါး ရှိ၏။ အလွန် ဉာဏ်ကောင်းနေသည်မှာ ယွင်ယွီက ဝိညာဉ်စွမ်းရည် နေ့တိုင်း တိုက်သောကြောင့် ဖြစ်သည်။ ၎င်းသည် လူ့စကားနားလည်ရုံသာမက စာကလေးများကိုလည်း မောင်းထုတ်ပေး၏။ ရံဖန်ရံခါ၌ သူ့ဘာသာသူ လမ်းလျှောက် ထွက်တတ်သည်။ လူတစ်ယောက်နှင့် တိရစ္ဆာန်နှစ်ကောင်သည် တောင်ခြေသို့ ဆင်းလာ၏။ ယွင်ယွီက သစ်ပင်ကြီးအောက်၌ စိတ်ဓာတ်ကျစွာ ဆောင့်ကြောင့်ထိုင်နေသည့် ကျစ်ရှင်းကို တွေ့လိုက်ရသည်။

ယွင်ယွီက လှမ်းနှုတ်ဆက်လိုက်တော့သည်။

“ဒီမှာ ဘာလို့ ထိုင်နေတာလဲ”

ဝမ်ကျစ်ရှင်းက သူမ့ရှေ့သို့ ရောက်လာလျှက် သုန်မှုန်စွာ ပြောလိုက်တော့သည်။

“ဆရာ သမီးမိဘတွေ ခုနတုန်းက လာရှာသေးလား။ သူတို့ကို လမ်းပေါ်မှာ တွေ့လိုက်တယ်”

ယွင်ယွီက သူ၏ နဖူးကို ပွတ်ကာ ပြောလိုက်လေ၏။

“စိတ်မပူနဲ့ အစ်မ သူတို့ကို မောင်းထုတ်လိုက်တယ်။ နောင်ကျ သူတို့ ညီမကို ပြဿနာ မရှာရဲဘူး။ သမီးမောင်လေးကို ဆက်သင်ပေးလို့ ရတယ်”

ထိုသရဲမလေးက တကယ် တက်ကြွလွန်းပေ၏။ ထိုကလေးမလေးသည် တကယ်ကို အာရုံစိုက်တတ်လွန်းပေ၏။ သူမသည် သေဆုံးတာ ၈ နှစ် အရွယ်သာ ရှိသေးသည်။ သူမက နှစ်ဝက် ကျောင်းထွက်ခဲ့ရပြီး စာသင်ကြားမှု၌ သူများနောက် နောက်ကောက်ကျ ကျန်ရစ်ခဲ့၏။ သူမက ငယ်ရွယ်သေးပြီး များများစားစား မသင်ယူခဲ့ရပေ။ သူမ့မောင်လေးကို သင်ပြပေးနိုင်ရန် သူမက ယွင်ယွီကို သူမအတွက် မူလတန်းပြစာအုပ်များ အားလုံး မီးရှို့ခိုင်းခဲ့၏။ သူမဘာသာ လေ့လာ၏။ နားမလည်သည့်အချိန်တွင် သင်ခန်းစာများ နားထောင်ရန် ဆရာ့အိမ်သို့ သွားတတ်၏။

ယွင်ယွီက သူမသည် အလွန်လိမ္မာသည့်သရဲမလေးဟု တွေးမိပြီး သူမကို ကာကွယ်ပေးချင်သည်။

ဝမ်ကျစ်ရှင်းက စိတ်မပျော်ဖြစ်နေသေးသည်။

“ဒါဆို သမီး ဒီနှစ်ရက် ရှောင်ယွီကို သွားမတွေ့တော့ဘူး”

သူမသည် မိဘနှစ်ပါးကို ဤနှစ်ရက် မတွေ့ချင်ပေ။

ယွင်ယွီက ပြုံးပြီး ပြောလိုက်လေ၏။

“ရတယ်။ ဒီနှစ်ရက် ဆော့နေအုန်းပေါ့။ သမီး ပြန်သွားတဲ့အချိန် ချယ်ရီသီး ခူးသွား ဝမ်ယုလင်ကို လာစားခိုင်းလိုက်”

155 02

ဝမ်ကျစ်ရှင်းက ခေါင်းညိတ်လိုက်၏။

“ဟုတ် ဆရာ။ အစ်ကို ဝမ်က အခု ချယ်ရီခြံကို ကူကြည့်ပေးနေတာ”

ယွင်ယွီသည် ချယ်ရီသီးများ ထုတ်ပိုးရန် ရွာသားများကို ခေါ်လိုက်၏။

ယွင်ယွီသည် ဝမ်ကျစ်ရှင်းကို နှုတ်ဆက်စကားပြောပြီးနောက် ချယ်ရီခြံသို့ သွားလိုက်သည်။

ချယ်ရီခြံ၌ သစ်သီးများ ပြည့်နေကာ ဤရက်ပိုင်းအတွင်း မှည့်သည့် ချယ်ရီများအားလုံး ထုတ်ပိုးရမှာပဲ ဖြစ်သည်။

ချယ်ရီသီး ခူးပေးသည့် ရွာသူရွာသားများ အားလုံးသည် စိုက်ပျိုးရေးရာသီ၌ အချိန်အားနေ၏။ သူမ ယခင်က အကူအညီတောင်းစဉ်က ရွာမှာ လူအများစု ရောက်လာခဲ့သည်။ ယွင်ယွီက လူရာကျော် ရွေးခဲ့သည်။ သူတို့၏ ပုံပန်းအသွင်အပြင်အပေါ် အခြေခံပြီး ရွေးတာ ဖြစ်၏။ သူတို့အားလုံးက ရိုးသားပြီး အလုပ်ကြိုးစားသည်။ ထိုကြောင့် သူမ စိတ်မပူပေ။

သူမက သစ်သီးခြံသို့ သွားချိန် အပန်းဖြေစခန်းကို စိတ်ပူစရာ မလိုအပ်ပေ။

ယခု ယွင်လန်က အပန်းဖြေစခန်းတစ်ခုလုံးကို သူမဘာသာ စီမံနိုင်ပြီ ဖြစ်သည်။ ယွင်ယွီက ဘာမှ စိတ်ပူရန် မလိုအပ်တော့ပေ။

သူမ သစ်သီးခြံကို ဖြတ်ကျော်လာစဉ် ချယ်ရီသီး ခူးရန် ရောက်လာကြသည့် ခရီးသွားတချို့ လည်း ရှိနေသည်။

ဤနေရာ၌ လတ်လတ်ဆတ်ဆတ် ခူးယူထားသည့် သစ်သီးတန်ကြေးက တစ်ပေါင်ကို ယွမ် ၆၀ ဖြစ်သည်။ ယွင်ယွီက နေ့စဉ်နေ့တိုင်း ဘန်းမုန့်ဆိုင်သို့ အနည်းအကျဉ်း ပို့ပေးတတ်သည်။ သို့မှသာ အနီးရှိ လူများကလည်း သစ်သီး စားနိုင်မှာ ဖြစ်သည်။

ယွမ် ၆၀ က အပြင်တွင် သတ်မှတ်ထားသည့် ဈေးနှင့် တူသည်။

တကယ်တော့ ချယ်ရီသီးများသည် တန်ဖိုးမြင့်မားပြီး ၎င်းကို ဝယ်လိုသည့်လူ အနည်းအကျဉ်းသာ ရှိ၏။

ထိုခရီးသွားများက ပိုက်ဆံပြတ်လတ်သူများ မဟုတ်ကြပေ။ ဤနှစ်ရက်အတွင်း အပန်းဖြေစခန်း၌ မနက်စာအတွက် သစ်သီး အခမဲ့ စားခွင့်ရ၏။ သို့သော် ပမာဏက နည်းပြီး အနည်းအကျဉ်းသာ စားရသည်။ နောက်ပြီးတော့ ခရီးသွားများသည် သူတို့ သစ်သီးခြံတွင် သစ်သီးခူးနိုင်ကြောင်း သိသောကြောင့် ရောက်လာတာပဲ ဖြစ်သည်။

မြို့တော်ရေဒီယိုဌာနမှ စီစဉ်တင်ဆက်သူ ကောင်းလုသည် ယွင်မိသားစု၏ ဘန်းမုန့်ဆိုင်နှင့် အပန်းဖြေစခန်းအကြောင်း ပရိုဂရမ် ပြုလုပ်ခဲ့ပေ၏။ ထိုကြောင့် ခရီးသွားများ ပိုမို များပြားလာကာ ဂုဏ်သတင်းကောင်းရှိသည့် ခရီးသွားများသည် ဤနေရာကို ကြော်ငြာပေးကြပြီး ဤနေရာသို့ ရောက်လာသည့် ခရီးသွားများကလည်း သက်ရှိကြော်ငြာဘုတ်များပဲ ဖြစ်သည်။ လက်တလော၌ အပူဒဏ်ကို ရှောင်ရန် ရောက်လာကြသည့် ခရီးသွားများစွာရှိပြီး ဧည့်သည် ၈၀ ကျော်ကာ ပြည့်လုနီးပါး ဖြစ်နေသည်။ ကျန်ရှိသည့် သီးသန့်် ခြံဝန်း ၁၈ ခုကလည်း တန်ကြေးအတော်အတန် ကြီးမားသောကြောင့် လူနည်းနေသေးသည်။

ဤနေရာသို့ ရောက်လာသည့် လူများက အစားအသောက်အတွက်ဖြစ်ပြီး အပန်းဖြေစခန်း၌ မနေပေ။

နေ့စဉ့်နေ့တိုင်း စားသောက်ရန်အတွက် မြို့ကနေ လာသည့် ဧည့်သည်များလည်း ရှိသည်။

ယွင်ယွီသည် သစ်သီးခြံသို့ သွားသည့်အခါ သစ်သီးများ ခူးရန် ကူညီပေးကြသည့် ရွာသူရွာသားများက သူမကို နှုတ်ဆက်လေ၏။

“သူဌေးလေး ရောက်လာပြီပဲ”

သူတို့အားလုံးသည် တစ်ရွာတည်းသားများ ဖြစ်ပြီး ပုံမှန်ဆို ဆရာသခင် ယွင်ဟု ခေါ်လေ့ရှိ၏။ ယင်းက ယွင်ယွီကို စိတ်မသက်မသာ ဖြစ်စေကြောင်း သိလိုက်ရသည်။ ထိုကြောင့် သူမက သူတို့အား နာမည်ခေါ်ခိုင်းထားသည်။ ရွာသားများက မခေါ်ရဲသဖြင့် သူဌေးလေး ဟု၍သာ ခေါ်လိုက်သည်။

ယွင်ယွီသည် အပြုံးတစ်ပွင့်ဖြင့် နှုတ်ဆက်လျှက် ချယ်ရီသီးများ စတင် ခူးယူတော့သည်။

ယခုက ယနေ့၌ လတ်လတ်ဆတ်ဆတ် ခူးယူထားသည့် ပထမအသုတ် ဖြစ်သည်။ ခူးယူပြီးနောက် ကုန်တင်ကားထဲ တင်ကာ မြို့တော်သို့ ပြန်ပို့ပေး၏။

ရွှီဖုန်း၏ အမှာစာကိုမှု နှစ်ရက်အတွင်း ပို့ပေးမှာ ဖြစ်သည်။

155 03

သစ်သီးခြံသို့ ချယ်ရီသီးခူးရန် ရောက်လာသည့် ခရီးသွားများက ယင်းသည် သစ်သီးခြံ၏ ပိုင်ရှင် ဖြစ်ကြောင်း ကြားလိုက်ရ၏။ သူမက လှပပြီး ရော့ရွဲ့ရွဲ့ ကုတ်အင်္ကျီနှင့် စကပ်အရှည်ကို ဝတ်ထားကာ လူတိုင်းနှင့်အတူ ချယ်ရီသီး ခူးနေတာကို မြင်ပြီး သူတို့ စိတ်ထဲ အလွန် ထူးဆန်းနေတော့သည်။ ဆိုရလျှင် စီးပွားရေးတစ်ခု စတင်ရန် မွေးရပ်မြေကို ပြန်လာသည့် လူက အနည်းအကျဉ်းသာ ရှိ၏။ စိုက်ပျိုးရေးအတွက်ဆို ပိုတောင် ဆိုးပေလိမ့်မည်။

သို့သော်ငြား သူမ အောင်မြင်ခဲ့၏။ ချယ်ရီသီး တစ်ပေါင် ခူးခြင်း၏ တန်ကြေးက ယွမ် ၆၀ ဖြစ်သည်။ ချယ်ရီသီးများ ပြည့်နေသည့် ဉယျာဉ်ကို ကြည့်မိလေရာ ၎င်းသည် သီးနှံရိတ်သိမ်းပွဲနှင့် တူနေလ၏။ သူမက တစ်ဧကကို ယွမ် ၃ သိန်း ရနိုင်သေးသည်။ ထိုကဲ့သို့ သစ်သီးစိုက်ပျိုးသူများက တကယ် အံ့ဩဖွယ်ကောင်း၏။

ခရီးတချို့ကမှု ဗီဒီယိုများ ရိုက်ကြပြီး သစ်သီးများ ပြည့်နေသည့် ချယ်ရီခြံကို ရိုက်ကာ ငယ်ရွယ်ချောမော လှပသည့် သစ်သီးခြံရှင်နောက် လိုက်လာသည့် ဖျံနီညိုနှင့် စာကလေးကိုလည်း ရိုက်လိုက်၏။

ယွင်ယွီသည် စိတ်မရှည်ဘဲ ကင်မရာကိုတောင် လက်ဝှေ့ရမ်းပြလိုက်သည်။ ထိုမိန်းကလေးက ချိုမြသော အပြုံးဖြင့် ကင်မရာဘက် လက်ဝှေ့ပြနေတာကို တွေ့ရပေမည်။ သူမပခုံးပေါ်၌ စာကလေးတစ်ကောင် ဆောင့်ကြောင့် ထိုင်နေ၏။ ထင်ယောင်ထင်မှား ဖြစ်နေသည်လော မသိ စာကလေးက ခေါင်းကိုမော့ ရင်ကို ကော့ထားပြီး ဟန်ပြနေသည်ဟု ထင်မှတ်ရသည်။ ထိုအပြင် ဘေး၌ ဆောင့်ကြောင့် ထိုင်နေသည့် ဖျံနီညိုကမှု မိန်းကလေး ခြေထောက်နားတွင် ပါးစပ်ဟနေတာ တွေ့လိုက်ရ၏။ ဒီတော့ အဲဒီ ဖျံနီညိုလေးက ပြုံးနေတာလား။

ခရီးသွားများသည် ယွင်ယွီက ရင်းနှီးလွယ်ကြောင်း သိလိုက်၏။ ထိုကြောင့် သူတို့က သူမ သစ်သီးခူးနေစဉ် မေးလိုက်ကြသည်။

“သူဌေးလေး။ သူဌေးရဲ့ စာကလေးက ဘယ်လိုလုပ် ဒီလောက်ကြီးပြီး လိမ္မာရတာလဲ။ လျှောက်မပြေးဘူးလား”

ယွင်ယွီက ပြုံးပြီး မေးလိုက်၏။

“သူ့ကို ငယ်ငယ်လေးထဲက မွေးခဲ့တာ ဖြစ်လောက်တယ်။ သူက ကျွန်မ ပြောတာ နားထောင်ပြီး အစား လောဘကြီးတယ်လေ။ ဒါကြောင့် ပိုကြီးလာတာ”

ခရီးသွားများက ရယ်မောလိုက်ကြပြီး ယွင်ယွီပုခုံးပေါ်ရှိ ဟွေ့တက တစ်ဖက်လှည့်သွားကာ သူတို့ကို ဖင်ပေးထားလိုက်တော့သည်။

“ဒီစာကလေးက ထက်မြက်လိုက်တာ။ လူတွေ ဘာပြောနေလဲ နားလည်နိုင်တယ်ပေါ့။ ဒေါသထွက်နေတဲ့ပုံပဲ”

“တကယ်လား။ ချစ်ဖို့ကောင်းလိုက်တာ”

ဓာတ်ပုံရိုက်ရတာ နှစ်သက်ပြီး သူနှင့်အတူ SLR ကင်မရာကို ယူလာသည့် ခရီးသွားတစ်ယောက်ရှိသည်။ ထိုမြင်ကွင်းကို တွေ့သောအခါ သူက ဓာတ်ပုံတချို့ ရိုက်လိုက်၏။

ရလဒ်အနေဖြင့် ထိုဓာတ်ပုံများကို အင်တာနက်ပေါ်တွင် တင်လိုက်ပြီး ဟုန်းပေ့ချ်တင် ပေါ်လာချိန်တွင် ၎င်းတို့က နာမည်ကြီးလာပြီး အင်တာနက်အသုံးပြုသူ အများစုက အချင်းချင်း ပို့ကြကာ မှတ်ချက်ပေးလေ၏။

“ဘုရားရေ ဒါ ငါတို့ သိတဲ့ စာကလေးလား။ မိန်းကလေးရဲ့ ပခုံးပေါ်မှာ ရပ်နေတာ တော်တော်ကြီးမဲ့ ပုံပဲ။ အမွှေးအတောင်က လတ်နေရောပဲ။ သူ့အမွှေးတွေကို ကြည့်အုန်း။ မီးခိုးရောင် ငှက်မွှေးတွေကို ဒီလောက် ချောချောမွေ့မွေ့ ရိုက်ထားနိုင်တာ။ ကမ္ဘာပေါ်မှာ အခန့်ညားဆုံး စာကလေးပဲ ဖြစ်ရမယ်”

“အပေါ်ထပ်က လူက ဘာလို့ အခန့်ညားဆုံးလို့ ပြောနေတာလဲ။ သူက အလှဆုံး ဖြစ်မယ်”

“သူရဲ့ လိင်အမျိုးအစားကို မဆွေးနွေးကြရအောင်။ ဒီစာကလေးက အတော်လေး သုန်မှုန်နေတဲ့ အမှုအရာ ရှိတယ်။ မတွေ့ဘူးလား”

“ဟုတ်ပါ့ ဒီစာကလေး ဘယ်ကနေ လာတာလဲ။ ဘယ်လိုမွေးထားတာလဲ။ ကောင်းကောင်း မွေးထားတာပဲ။ ပိုင်ရှင်က ဧရာမ ပန်ဒါတစ်ကောင်ကို မွေးနိုင်တဲ့ပုံပဲ ဟားဟားဟား”

“အဲဒီမိန်းကလေးပဲ ဖြစ်ရမယ်။ စာကလေးက သူ့ပုခုံးပေါ်မှာ လိမ်လိမ်မာမာ ရပ်နေတာ မတွေ့ဘူးလား”

“ဒီမိန်းကလေးက သိပ်လှတာပဲ။ သဘာဝအလှလေး ဘယ်လိုလုပ်များ သူ့အသားက ဒီလောက်အထိ ဖြူဖွေးနေနိုင်တာလဲ။ ဒီလို ကင်မရာထဲမှာတောင်မှ လှပနေသေးတယ်”

155 04

“အား ဒီမိန်းကလေးက လှလိုက်တာ။ သူ့ကို ဝန်ခံမယ်။ ဓာတ်ဆရာက ဒီဓာတ်ပုံကို ဘယ်ကနေ ရိုက်လာတာလဲ မသိဘူး။ သူ့နောက်မှာ ချယ်ရီခြံရှိနေတဲ့ ပုံပဲ။ ချယ်ရီသီးကလည်း ကြီးလိုက်တာ”

ယွင်ယွီသည် ဟွေ့တကြောင့် သူမသည်လည်း အနည်းငယ် နာမည်ကြီးလာလိမ့်မည်ဟု မထင်ထားပေ။

သူမသည် မွန်းတည်ချိန်အထိ အသီးများ ခူးယူနေခဲ့ပြီး သစ်သီး ပထမတစ်သုတ်ကို ကုန်တင်ကားပေါ်တွင် တင်လိုက်ပြီး ချန်းရွှေမြို့သို့ ပို့လိုက်၏။ ပြီးနောက် ညတွင်းချင်း မြို့တော်ဆီသို့ လေယာဉ်ဖြင့် ပို့လိုက်သည်။

သစ်သီးခူးပေးသည့် လူများက အလွန် ဇွဲလုံလ ဝီရီယ ရှိကြကာ အလွန် ဂရုတစိုက် ရှိ၏။ ယွင်ယွီက ညနေခင်း အိမ်ပြန်ရောက်ချိန်၌ သူမသည် သူတို့အား ချယ်ရီသီး တစ်ပေါင်စီ ပေးလိုက်ရာ သူတို့က သူမကို ထပ်တလဲလဲ ကျေးဇူး တင်နေသည်။

နေ့လည်၌ နေ့လည်စာ စားသည့်အပြင် မူမူကိုလည်း နို့တိုက်ရမှာ ဖြစ်သည်။ ယွင်ယွီက တစ်နေ့ခင်းလုံး အလုပ်များနေ၏။ ညနေခင်း ရေချိုးပြီးသောအခါ မူ့မူ့ကို ခေါ်လျှက် ပုံပြင်ပြောပြကာ သူ့ကို စကားပြောသင်ပေးသည်။

သူမ ည ၉ နာရီတွင် အိပ်ရာဝင်လေ၏။ ချင်ယွီစွေက အိမ်တွင် မရှိပေ။ သူမ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေ၏။ လဲချပြီးနောက် ချက်ချင်း အိပ်မပျော်နိုင်။ သူမ မှင်သက်စွာ နိုးလာသည်။ မထင်မှတ်ထားဘဲ သူမ ညသန်းခေါင်ယံအချိန်တွင် မူမူကို နို့တိုက်ရန် နိုးလာသောအခါ ဝမ်ကျစ်ရှင်းက နံရံကို ဖောက်ဝင်လာတာ ရုတ်တရက် တွေ့လိုက်ရ၏။

“ဘယ်လိုလုပ် ဝင်လာတာလဲ”

ယွင်ယွီက မကြောက်လန့်သွားပေ။

ဝမ်ကျစ်ရှင်းက အမြန်ပြောလိုက်၏။

“ဆရာ အစ်ကိုဝမ်က ဆရာ့ကို လာခေါ်ခိုင်းတာ။ အောက်ထပ်ကနေ ခေါ်နေတာ ကြာပေမဲ့ အသံလုံ စနစ်က ကောင်းလွန်းလို့ မကြားရဘူး။ ခွင့်ပြုချက် မရှိဘဲ ဝင်မလာရဲဘူးလေ။ ဒါကြောင့် သမီးကို ဝင်လာခိုင်းလိုက်တာ”

ယွင်ယွီသည် စောင်ပါးလေးဖြင့် မူမူကို ခြုံပေးပြီးနောက် ပြောလိုက်၏။

“ညလယ်ခေါင်ကြီး ဘာဖြစ်လို့လဲ”

“ဆရာ တစ်ယောက်ယောက်က သစ်သီးတွေ ခိုးယူချင်လို့ ချယ်ရီခြံထဲရောက်လာတယ်”

ဝမ်ကျစ်ရှင်းက စိုးရိမ် ပူပန်စွာ ပြောလိုက်၏။

“အစ်ကိုဝမ် ရှာတွေ့သွားတယ်။ သူက ချယ်ရီခြံထဲ ကင်းလှည့်နေတုန်း လူတစ်ယောက်က အိတ်တစ်လုံးနဲ့ ခိုးကြောင်ခိုးဝှက် ဝင်လာတာကို တွေ့လိုက်ရတယ်။ သူ သစ်သီးတွေ ခူးနေတာလည်း တွေ့တယ်တဲ့”

သရဲမလေးသည်လည်း ချယ်ရီသီးများက အလွန်ဈေးကြီးကြောင်း သိသည်။ သို့သော် ဆရာသခင် ယွင်၏ သစ်သီးခြံမှ သစ်သီးများကို တစ်စုံတစ်ယောက်က တကယ် ခိုးရဲလိမ့်မည်ဟု သူမ မထင်ထားပေ။

သရဲမလေးက မမေးဘဲ မနေနိုင်တော့ချေ။

“ဆရာ သူ ထွက်ပြေးသွားမှာ စိတ်မပူဘူးလား”

ယွင်ယွီက ကြည့်ပြီး ပြောလိုက်၏။

“စိတ်မပူနဲ့ သူ ဝေးဝေး မပြေးနိုင်ဘူး။ သစ်သီးခြံထဲမှာ မျိုးစေ့ချတုန်းက ဓာတ်ကြီးငါးပါး အစီအရင်ကို သုံးထားတယ်။ ညအချိန် အလင်းရောင် မရှိတဲ့အခါ ဝင်ပဲ ဝင်နိုင်ပြီး ပြန် မထွက်နိုင်ဘူး။ လင်းလာတဲ့အချိန်ကျမှ ထွက်နိုင်မှာ။ ဒါကြောင့် လင်းလာတဲ့အချိန်ကျရင် သူက စမ်းတဝါးဝါး သွားနေရအုန်းမှာပဲ။ ဒါကြောင့် သူ ထွက်ပြေးမှာ စိတ်မပူနဲ့”

သရဲမလေးလည်း အင်မတန် အထင်ကြီးသွားကာ သူ့စကားများကို ဝမ်ယုလင်ဆီ ပြောပြရန် ပြန်ထွက်သွားသည်။

ဝမ်ယုလင်ကလည်း ယွင်ယွီကို လေးစားသွားလေ၏။ သရဲနှစ်ယောက်က ဘာမှ မလုပ်တော့ဘဲ သစ်သီးခြံထဲ၌ လှည့်လည်နေကြသည်။

ထိုလူက ချယ်ရီသီးများ စိတ်အားထက်သန်စွာ ခိုးယူနေပြီး အိတ်နှစ်လုံး၊ သုံးလုံး သယ်တာကို တွေ့လိုက်ရသည်။ အိတ်တစ်လုံး ပြည့်သွားပြီးနောက် သူသည် ထိုပစ္စည်းများကို အရင်ဆုံး ရွေ့ရန် ပြင်ဆင်လိုက်သည်။ အပြင်ဘက်၌ ဆုတ်ချာချာ သုံးဘီးတစ်စီး ရပ်ထား၏။ သူသည် ထပ်ခိုးယူပြီးမှ အကုန်ပို့ရန် ပြင်ဆင်ထားတာ ဖြစ်သည်။ မထင်မှတ်ထားဘဲ သူက ချယ်ရီသီးအိတ်ကို ကျောပိုးပြီးချိန်တွင် အပြင်မထွက်နိုင်တာ တွေ့လိုက်ရသည်။

******

All Chapters