Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

63 01

အပိုင်း (၆၃)

ရုပ်ရှင်ကြည့်ဖို့သွားတော့ ယွင်ယွီက ချင်ယွိစွေရဲ့ လက်မောင်းကို ဖက်လိုက်တယ်။ ချင်ယွိစွေက တစ်ချက် တောင့်သွားတယ်။ အရင်က သူ့လက်မောင်းကို ဘယ်သူမှ မဖက်ဖူးဘူးလေ။

ရုပ်ရှင်ရုံထဲမှာတော့ သူတို့က တော်တော်လေး ပူးကပ်ထိုင်ရတယ်လေ။ သူတို့အရှေ့မှာတော့ စုံတွဲတစ်တွဲရှိနေတယ်။ ယွင်ယွီရုပ်ရှင်ထဲမြောနေတုန်းမှာ အဲ့အတွဲက နမ်းကြတော့တယ်။

ယွင်ယွီက ချင်ယွိစွေကို ကြည့်လိုက်ပြီး သူ့ရဲ့ အသားမာတွေ ပြည့်နေတဲ့လက်ကိူ လှမ်းဆုပ်ကိုင်လိုက်တော့တယ်။

သူမ ထင်မထားခဲ့တာက ရုပ်ရှင်ပြီးသွားတာတောင်မှ သူမလက်ကို သူက ဆက်ဆုပ်ကိုင်ထားတာ သူမရုန်းလိူ့တောင်မရဘူးလေ။ အချိန်က လေးနာရီလောက် ကြာသွားတော့ သူမရဲ့သူငယ်ချင်းတွေနဲ့ သွားတွေ့ရမဲ့အချိန်ပဲလေ။ သူတို့ကားရပ်ခဲ့တဲ့ ကားပါကင်နားမှာ မူလတန်းကျောင်း တစ်ကျောင်းရှိတယ်လေ။

ကလေးငယ်လေးတွေကို မိဘတွေကလာကြိုပြီး ကိုယ်နိုင်ကြတဲ့ကလေးတွေက သူတို့ဘာသာ ပြန်ကြတော့ အခုလို ကျောင်းဆင်းချိန်မှာဆိုရင် လူတွေ အုံနေတတ်တယ်လေ။

အဲ့အချိန်မှာ ယွင်ယွီက မကောင်းတာ တစ်ခုခုကို ခံစားလိုက်မိပြီး “ချင်ယွိစွေ အနားမှာ တစ်ခုခုဖြစ်တော့မယ် ထင်တယ်”

ချင်ယွိစွေက ယွီယွီ့လက်ကိုလွှတ်ပြီး အနားကို စစ်ဆေးကြည့်တဲ့အချိန်မှာ ယွင်ယွီက ကျောင်းထောင့်နားမှာ ရပ်နေတဲ့ လက်တိုအင်္ကျီ ဘောင်းဘီအမည်းနဲ့လူက တစ်ခုခုလွဲနေမှန်း သိသွားတော့တယ်။

“အဲ့လူက သိပ်ပြီး မူမမှန်ဘူး”

အဲ့အချိန်မှာပဲ အဲ့လူက ကျောင်းပေါက်ဝကို ဓားရမ်းပြီး ပြေးလာပြီးတော့ ကျောင်းသားတစ်ယောက်ကို ထိုးခုတ်ဖို့ ကြိုးစားလိုက်တယ်။

ယွင်ယွီက သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး အရှိန်လျော့သွားစေတဲ့အချိန် ချင်ယွိစွေက သူ့ခြေထောက်ကို ကန်ချိုးလိုက်တော့တယ်။

အနားက ကလေးမိဘတွေက လန့်သွားကြပြီး “ဒီလူက ဓားကြီးနဲ့ ပြေးလာတာတော် ယုတ်မာလိုက်တာ”

“တော်သေးလို့ ဒီလူငယ်လေး ကယ်လို့သာပဲ”

သူတို့က ရဲခေါ်ပြီးတဲ့နောက် ချင်ယွိစွေကို ကျေးဇူးတင်ဖို့ ဝိုင်းလာကြတော့တယ်။ ယွင်ယွီက အဲ့လူကို ဝိဉာဉ်ဆိုးတွေနဲ့ ခြောက်လှန့်အပြစ်ပေးဖို့ မရည်ရွယ်ဘူးလေ။ ဘာလို့လဲဆို သူမသာ အခု ဝိဉာဉ်ဆိုး ပေးပူးကပ်ရင် ဒီလူက ထပ်သောင်းကြမ်းဦးမှာကိုး။

တချို့မိဘတွေက အဲ့လူရမ်းကားကို နည်းနည်းရိုက်ပြီး မေးလိုက်တယ်။ “ဘာလို့ဒီလိုလုပ်ရတာလဲ”

အဲ့လူက “ချီးပဲ မင်းတို့အားလုံးသေမှ ငါနေပျော်မှာ”

“ဒီလူက လူတန်းစား ညှိချင်တာလား ဘယ်လိုစောက်ရူးလဲ”

ယွင်ယွီစစ်ကြည့်တော့ အဖြစ်ဆိုးရဲ့ အနက်ရောင်လေထုက ပျောက်ကွယ်စပြုလာပြီလေ။ မကြာခင်မှာ ရဲတွေရောက်လာပြီး အဲ့လူကို ဖမ်းခေါ်တဲ့အပြင် သူမနဲ့ ချင်ယွိစွေရယ် နောက်ထပ် ကလေးမိဘနှစ်ယောက်ရယ်ပို သက်သေအဖြစ်ခေါ်ပြီး မေးခွန်းမေးတယ်။ ပြီးတော့ “ကာကွယ်ဖို့လုပ်ခဲ့တာပဲဟာ။ ဘာမှမဖြစ်ပါဘူး။ ပြန်လို့ရပါတယ် ဒီလူကတော့ လူသတ်ရန်ကြံစည်မှု၊ ဆူပူသောင်းကြမ်းမှုတွေနဲ့ ပြစ်ဒဏ်ကျခံရမှာပါ”

သူမနဲ့ချင်ယွိစွေ ထွက်သွားခါနီးမှာပဲ ဒီကစခန်းမှူးပုံ ပေါက်တဲ့ လူလတ်ပိုင်းအရွယ်လူတစ်ယောက်က “ယွီစွေပါလား ဘယ်လိုရောက်လာလဲကွ”

“ကိစ္စရှိလို့ပါ”

အဲ့လူက ချင်ယွိစွေ ယွီယွီ့ကို လက်တွဲထားတာမြင်တော့ အံ့ဩသွားပြီး “ယွီစွေ့ သူက ဘယ်သူများလဲ”

“ဇနီးပါ”

ချင်ယွိစွေက တုံးတိကြီး ဖြေလိုက်တယ်။ သူ့မှာ ယွင်ယွီနဲ့ မဲ့လူကို မိတ်ဆက်ပေးဖို့ အစီအစဉ် လုံးဝရှိမနေဘူးလေ။

အဲ့လူကြီးက ပိုအံ့ဩသွားပြီး “ငါလူအိုကြီးဆီကနေ မင်းလက်ထပ်မဲ့အကြောင်း မကြားပါလား”

63 02

“ဒါဆို ဦးလေးထန် ကျုပ် သွားစရာရှိသေးတယ်” ချင်ယွိစွေကဘာမှ ပြန်မဖြေဘဲ ထွက်လာခဲ့တော့တယ်။ အဲ့လူကြီးကတော့ “ချင်မိသားစုရဲ့ သားကြီးက လက်ထပ်ပြီလား အဘိုးကြီးရော ဘာမှမသိဘူးလား ငါလှမ်းပြောမှရမယ်”

အပြင်ရောက်မှ ချင်ယွိစွေကက “ချင်မိသားစုဆွေမျိုးထဲကပါ။ အရေးစိုက်စရာ မလိုဘူး။ တအားနီးတဲ့ဆွေမျိုးထဲက မဟုတ်ဘူး”

ယွင်ယွီက “သူက ချင်မိသားစုကကို ကျွန်မကို ဇနီးလို့ ပြောလိုက်တာ ရှင့်အဖေဆီ ပြန်ပြောမှာမကြောက်ဘူးလား”

“မပူပါနဲ့” ချင်ယွိစွေက အာမခံလိုက်တယ်။ “ကိုယ် နိုင်ပါတယ်”

သူတို့ လက်ထပ်တာက ဖုံးထားလို့မရဘူးလေ။ ချင်မိသားစုကို ပြောတာမပြောတာက အဲ့လောက်အထိ အရေးမကြီးတော့ဘူးကိုး။

အချိန်က ခြောက်နာရီနီးနေတော့ ယွင်ယွီက စုန့်ကျင်းတို့ကို သေချာဝတ်စားပြီး လာဖို့ ပြောလိုက်တယ်။ သူမနဲ့ချင်ယွိစွေက အဝတ်ပြန်မလဲချင်တော့ဘူးဆိုမှတော့ သူတိူ့ကိုပါ ကောင်းကောင်း ဝတ်ခိုင်းပြီး ကောင်းတဲ့နေရာမှာခေါ်ကျွေးရတာပေါ့။

******