အခန်း ၁၄
Vol. 2 Ch. 14
14 01
အပိုင်း (၁၄)
ယွင်ရှန်းသည် လမစေ့ဘဲ မွေးသည့်ကလေး ဖြစ်သည့်အတွက် ကျန်းမာရေး ချူချာလေသည်။ ဖွားဖွားယွင်နှင့် မားမားယွင်က သူ့ကို အရမ်းချစ်ခဲ့ကြပြီး သူ၏အစ်မနှစ်ယောက်သည်လည်း သူ့အား သည်းသည်းလှုပ် ချစ်ကြသည်။ သူသည် ယွင်ယွီနှင့် အတော်လေး ရုပ်ဆင်ပြီး မက်မန်းပွင့်သဏ္ဍန် မျက်ဝန်းတစ်စုံ၊ ဖြောင့်ဆင်းသွယ်တန်းနေသော နှာတံနှင့် ဖြူဝင်းသောအသားအရေ ရှိ၏။ သူသည် အလွန်ပိန်သွယ်သောသဖြင့် သူ၏မေးရိုးများသည် ထင်ရှားလှသည်။ ချောမောလွန်းလှ၍ တစ်ပါးသူများက အမြဲလိုလို မနာလို ဖြစ်နေတတ်ကြပြီး အနည်းငယ် အရပ်ပုသဖြင့် အနိုင်ကျင့်ခံ ရတတ်လေသည်။
“မမလတ်~~~” သူသည် နှုတ်ခမ်းအား စေ့ပိတ်လျက် ပခုံးထက်၌ လွယ်ထားသော ကျောပိုးအိတ်၏ကြိုးအား တင်းတင်း ဆုပ်ကိုင်ထားခဲ့ပြီး “ကျွန်တော့်ဘာသာ ကျွန်တော် ချော်လဲ လာတာပါ”
ယွင်ယွီသည် ဒေါသထွက်သွားပြီး “ချော်လဲတယ်။ ငါ့ကိုပြောစမ်းပါ။ မျက်နှာကို ဒီလောက် ထိခိုက်လာတာ ဘာဖြစ်လာတာလဲ” သူသည် အရိုက်ခံထားရမှန်း သိသာလှလေသည်။ မျက်နှာတစ်ခုလုံးသည် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး နှုတ်ခမ်းထောင့်သည်လည်း ကွဲနေခဲ့ပြီး ပြင်းပြင်းထန်ထန် ခိုက်မိထား၏။
ယွင်ရှန်းသည် မဖြေချေ။ ခေါင်းငုံ့ထားပြီး မြေကြီးကိုသာ စိုက်ကြည့်နေခဲ့သည်။
သူသည် တစ်သီးတစ်သန့်ဖြင့် တစ်ဦးတည်း ခပ်ဆိတ်ဆိတ်နေတတ်သည်ကို ယွင်ယွီ သိသော်လည်း သူမ ဒေါသလဲထွက် စိတ်လဲပူမိလေ၏။ သူ(မ)မောင်ငယ်လေး၏ မျက်နှာပေါ်မှ ဒဏ်ရာများသည် အရိုက်ခံထားရမှန်း သိသာလှသည်။ သူသည် ကျောင်း၌ ကျောင်းဂိတ်ပေါက်ထိပင် ထွက်လေ့မရှိသူဖြစ်၍ ယခုကိစ္စသည် ကျောင်းတွင်း၌သာဖြစ်ခြင်း ဖြစ်ပေမည်။ သူသည် အတန်းဖော်များ၏ အနိုင်ကျင့်ခံရခြင်း ဖြစ်နိုင်ပြီး သူ(မ)ကိုပင် အမှန်အတိုင်း မပြောချေ။
“ရှောင်းရှန်း ပြန်လာပြီလား။ တစ်ခုခုစားရအောင် ဝင်ခဲ့ကြ” ဖွားဖွားယွင်သည် မီးဖိုချောင်ထဲမှ အသံများကြား၍ ထွက်လာကြည့်လေသည်။ သူမမြေးငယ်များ တံခါးပေါက်၌ ရပ်နေကြသည်ကိုမြင်လျှင် သူတို့အား ညစာစားရန် အိမ်ထဲသို့ ခေါ်လေ၏။
“အစားအရင်စားကြတာပေါ့” ယွင်ယွီသည် လှည့်ထွက်၍ အရင်ဝင်သွားခဲ့သည်။
ယွင်ရှန်းသည် နောက်မှ ခပ်နှေးနှေးလိုက်သွားခဲ့သည်။
ယွင်ရှန်းသည် သူ့အခန်းထဲသို့ အရင်သွားလိုက်ပြီး ကျောပိုးအိတ်အား ချွတ်ကာ ကုလားထိုင်ပေါ်သို့ တင်ထားလိုက်သည်။ သူသည် ဗီရီုဘေးရှိ မှန်ဆီသို့သွားပြီး သူ့မျက်နှာအား ကြည့်လိုက်ရာ မျက်လုံးများသည် ညိုမည်းနေ၏။ ခဏအကြာတွင် ညစာစားရန် မသွားမီ ကျောင်းဝတ်စုံအား လဲလိုက်သည်။ စားပွဲပေါ်၌ ကြက်သွန်ပန်ကိတ်နှစ်ပန်းကန်၊ ဆားဘဲဥတစ်ပန်းကန်နှင့် ဆန်ပြုတ်ပန်းကန်များရှိ၏။ သူသည် မားမားယွင်အား မနက်စာ သွားပို့ရန် စဥ်းစားလိုက်သော်လည်း သူ၏ဒဏ်ရာများကို သတိရသွားပြီး မပို့ဖြစ်တော့ချေ။ ယွင်ယွီသည် သူ့အား တစ်ချက်ကြည့်လိုက်ပြီး ဆန်ပြုတ်တစ်ပန်းကန်၊ ဆားဘဲဥတစ်ခြမ်းနှင့် ကြက်သွန်ပန်ကိတ်တစ်ဖဲ့အား ယူကား ဖုန့်ရှုကျန်းအား သွားပေးလိုက်သည်။
“ရှောင်းရှန်း၊ မြန်မြန်လာစားတော့” ဖွားဖွားယွင်သည် သူ(မ)၏မြေးအား ညစာစားရန် တိုက်တွန်းလေ၏။ သူ(မ) လှည့်ကြည့်လိုက်သောအခါ သူ၏မျက်နှာပေါ်ရှိဒဏ်ရာများအား မြင်သွားလေသည်။ “ရှောင်းရှန်း၊ မင်းမျက်နှာက ဒဏ်ရာတွေက ဘာဖြစ်ထားတာလဲ” ဟု သူ(မ)သည် စိုးရိမ်စွာဖြင့် မေးလိုက်လေသည်။
ယွင်ရှန်းသည် လေသံတိုးတိုးဖြင့် “ ဘာမှမဖြစ်ပါဘူး။ ကျွန်တော့်ဘာသာ ချော်လဲလာတာပါ။ စိတ်မပူပါနဲ့ဖွားဖွား။ လာထိုင်ပြီး စားတော့လေ”
ဖွားဖွားယွင်သည် လေသံမာမာဖြင့် “ဒီဒဏ်ရာတွေက ဘယ်လိုလုပ် မင်းဘာသာမင်း ချော်လဲလာတာ ဖြစ်နိုင်မှာလဲ” ဟုပြောခဲ့သည်။ သူ(မ)သည် တစ်ခုခုကို တွေးနေပုံရပြီး မျက်နှာသည် ခက်ထန်နေ၏။ သူမသည် “ရှောင်းရှန်း၊ တစ်ယောက်ယောက်ကများ မင်းကို ကျောင်းမှာ အနိုင်ကျင့်သေးလား။ တစ်ယောက်ယောက်အနိုင်ကျင့်တာခံရရင် ဖွားဖွားကို ပြောပြလို့ရတယ်။ ဖွားဖွား မင်းနဲ့ကျောင်းကို လိုက်ခဲ့ပေးမယ်။ မင်းရဲ့အတန်းဖော်တွေက မင်းကို ခုလိုမင်းကို အနိုင်ကျင့်နေတာမျိုးကို လွှတ်ထားပေးစရာ မလိုဘူး” ဟု ပြောခဲ့သည်။
“ဖွားဖွား၊ ကျွန်တော် ဘာမှမဖြစ်ပါဘူး။ ဒါနဲ့ပက်သက်ပြီး စိုးရိမ်မနေပါနဲ့” ယွင်ရှန်းသည် ခပ်တိုးတိုး ပြန်ပြောလေသည်။ အိမ်၏အခြေအနေကိုရော သူကိုယ်တိုင်အကြောင်းကိုပါ သူ သိသည်။ သူသည် သိမ်မွေ့လွန်းပြီး တစ်သီးတစ်သန့်ဖြင့် တစ်ဦးတည်းသာ နေတတ်သူဖြစ်ပြီး ယခုမူ သူသည် ပညာသင်ယူနေဆဲ ကျောင်းသားတစ်ဦးသာဖြစ်၏။ ကျောင်း၌လည်း လူသိမများသောသူဖြစ်ပြီး သူ၏စိတ်နေသဘောထားကိုလဲ သဘောကျသူ မရှိချေ။ ထို့ကြောင့် ကျောင်း၌ အနိုင့်ကျင့်ခံရလျှင်လည်း ဘာမှမလုပ်နိုင်ချေ။ သူ့အား အနိုင်ကျင့်သူများသည် အကောင်ကြီးကြီးမိသားစုများမှ ကလေးများ ဖြစ်ကြသည်။ သူ့အဖွား ကျောင်းလိုက်လာ၍ သူ ကျောင်းထုတ်မခံရလျှင်တောင် ထိုအရာသည် အသုံးမဝင်ပေ။ သူတို့အား အပြစ်ပေးနိုင်မည် ဖြစ်သော်လည်း နောက်ဆက်တွဲ လက်တုံ့ပြန်မှုများသည် ပိုဆိုးမည် ဖြစ်ပေသည်.
14 02
ဖွားဖွားယွင်၏ အရေးအကြောင်းများထင်းနေသော မျက်နှာသည် ကူကယ်ရာမဲ့သကဲ့သို့ စိတ်ဓာတ် ကျသွားလေသည်။
ယွင်ယွီသည် မားမားယွင်အား မနက်စာပို့ပေးခဲ့ပြီး သူ(မ)မနက်စာစားရန် ပြန်လာခဲ့သည်။ သူ(မ)သည် နောက်ထပ် ထပ်မမေးတော့ချေ။ သူ(မ)မောင်လေး၏ အကျင့်အရ သူ(မ)တို့မေးနေလျှင်လည်း သူသည် ဖြေမည်မဟုတ်ပါ။ ထို့ကြောင့် သူမဘာသာ နည်းလမ်းရှာ၍ စုံစမ်းတော့မည်။
“ဖွားဖွား စားကြစို့လေ” ဟု ယွင်ယွီသည် ပြောခဲ့သည်။
ကြက်သွန်ပန်ကိတ်သည် ဝါးရန် အနေထားအတော်ဖြစ်ပြီး မွှေးကြိုင်လှ၏။ ယွင်ရှန်းသည် တစ်ကိုက် မြည်းကြည့်ပြီးနောက် အံအားသင့်သွားခဲ့သည်။ အရသာသည် အလွန်ကောင်းမွန်နေ၏။ ဖွားဖွားလုပ်နေကျမုန့်များထက် ပို၍အရသာရှိနေလေသည်။ ပြောမပြတတ်လောက်အောင်ပင် အရသာရှိလှ၏။
သူသည် ကြက်သွန်ပန်ကိတ်တစ်ဖဲ့နှင့် ဆန်ပြုတ်တစ်ပန်းကန် သောက်ခဲ့လေသည်။
စားပြီးနောက် စာကြည့်ရန် သူသည် အခန်းထဲသို့ ပြန်ခဲ့လေသည်။ သူသည် နောက်နှစ်၌ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေရမည်ဖြစ်ပေသည်။ သူသည် အင်ပါယာမြို့တော်ထိ ရောက်ရှိရန်နှင့် သူ၏အစ်မလတ်နှင့် တစ်မြို့တည်း နေနိုင်ရန် ကြိုးစားနေခဲ့သည်။
ယွင်ယွီသည် ဖွားဖွားယွင်နှင့် မီးဖိုချောင်ထဲ၌ ဂျုံပင်များအား ရိတ်သိမ်းမည့်အကြောင်းအား ဆွေးနွေးနေခဲ့သည်။ ဖွားဖွားယွင်သည် ဒေါ်လာရာနှင့်ချီပြီး အကုန်မခံချင်သောကြောင့် သူ(မ)ကိုယ်တိုင်သာ ရိတ်သိမ်းချင်နေသည်။ ယွင်ယွီသည် အဘယ်သို့ အမယ်အိုအား ထိုကဲသို့ ဆင်းရဲဒုက္ခမျိုး ခံခိုင်းရပါမည်နည်း။ သူ(မ)သည် အလုပ်သမားများနှင့် ကောက်ရိတ်စက်များ ငှားရန်သာ ထပ်ခါထပ်ခါတိုက်တွန်းခဲ့သည်။ ဖွားဖွားယွင်သည် နောက်ဆုံး၌ လက်ခံလိုက်ရလေသည်။ ဖုန့်ရှုကျန်းအား သူ(မ)တို့ အပြင်သွားမည်ဖြစ်ကြောင်း အသိပေးခဲ့ပြီး သူ(မ)တို့သည် အလုပ်သမားများနှင့် ကောက်ရိတ်စက်များငှားရန် ထွက်လာခဲ့ကြသည်။ ထိုအချိန်တွင် လူတိုင်းသည် သူတို့၏ဂျုံများကို ရိတ်သိမ်းပြီးဖြစ်၍ ခြွေလှေ့ကြရမည်ဖြစ်သဖြင့် မည်သူမျှ မအားကြပေ။
လုလိုင်ရှီးသည် ရွာသူကြီးဖြစ်၏။ သူ၏မိသားစုသည် ယခုကဲ့သို့အလုပ်များအား လုပ်ကြသည်။ နှစ်စဥ်နှစ်တိုင်း သူတို့သည် ကောက်ရိတ်စက်များကိုသုံး၍ ဂျုံရိတ်သိမ်းပေးလေ့ရှိကြပြီး လယ်တစ်မူးလျှင် ယွမ်၆၀ ပေးရလေသည်။
လုလိုင်ရှီးသည် အသက်လေးဆယ်ခန့်ရှိပြီဖြစ်သည်။ သူ့မိသားစု၌ သမီးနှစ်ယောက်ရှိလေသည်။ တစ်ဦးမှာ အထက်တန်းကျောင်းသူဖြစ်ပြီး ကျန်တစ်ဦးမှာ အလယ်တန်းကျောင်းသူဖြစ်သည်။ နှစ်စဥ်နှစ်တိုင်း ကောက်ရိတ်စက်များဖြင့် ဂျုံရိတ်ပြီး ငွေရှာလေ့ ရှိသည်။ လုပ်ငန်းပါးသောရာသီများ၌ မြို့ပေါ်၌ တောက်တိုမယ်ရ အလုပ်များ လုပ်လေသည်။
သူ(မ)တို့နှစ်ဦး လုလိုင်ရှီးဆီသို့ ရောက်သောအခါ သူသည် အလုပ်အားနေခဲ့သည်။ သူသည် ဂျုံအားလုံးအား ရိတ်သိမ်းရန် ဂျုံခင်းသို့ ချက်ချင်းသွားခဲ့သည်။ ဂျုံလေးမူးရိတ်ရန် နှစ်နာရီပင် မကြားလိုက်ဘဲ သက်သက်သာသာ လျင်လျင်မြန်မြန် ပြီးသွားခဲ့သည်။ ယွင်ယွီသည် ခေတ်လူငယ်များ၏ ညဏ်စွမ်းအား အံ့ဖွယ်တကြီး ဖြစ်နေခဲ့သည်။
ကောက်ရိတ်စက်သည် ရိတ်သိမ်းမှုသာ ပြုလုပ်ခဲ့ပြီး ရိတ်သိမ်းပြီးသော ဂျုံများကို ခြွေလှေ့ရန် အိမ်သို့သယ်သွားရမည် ဖြစ်သည်။
ဖွားဖွားယွင်သည် စိတ်ရှုပ်သွားမိသည်။ သူ(မ)သည် ဝင်းဝင်းတောက်နေသော နေမင်းကြီးအား တစ်ချက်မော့ကြည့်လိုက်ပြီး “ရှောင်းယွီအာ၊ ဖွားဖွား ရေဆာလိုက်တာကွယ်။ ပြန်ပြီး ရေနည်းနည်းလောက် ခပ်ချည်အုံး။ ဖွားဖွား ဂျုံတွေ စည်းထားနှင့်မယ်” ဟု ယွင်ယွီအား ပြောခဲ့သည်။ ရိတ်သိမ်းပြီးသောဂျုံများသည် ပျံ့ကြဲနေပြီး သယ်ရလွယ်စေရန် အစည်းများ စည်းရအုံးမည်ဖြစ်သည်။
ယွင်ယွီသည် အိမ်သို့ ရေခပ်ရန် ပြန်လာပြီး လမ်းခုလတ်၌ ဝူလီ (သူ၏အဖေသည် မားမားယွင်အား တွန်းထုတ်ခဲ့သော သူ(မ)၏ငယ်သူငယ်ချင်း) နှင့်တွေ့လေသည်။ ဝူလီသည် သူ(မ)အား လက်လှမ်းပြပြီး သူမဆီသို့ “ ယွင်ယွီ၊ နင်တို့ဂျုံတွေ ခုထိ မရိတ်ရသေးဘူးလား။ မနက်က နင်နဲ့ ဖွားဖွားယွင် ရွာထဲသွားတာတွေ့လိုက်တယ်။ လုမိသားစုဆီသွားတာလား။ နင်တို့ဂျုံတွေသယ်ဖို့ ငါ့ထွန်စက်နဲ့ ကူသယ်ပေးမယ်လေ” ဟု ပြောရင်း လျှောက်လာခဲ့သည်။
ယွင်ယွီသည် လွယ်လွယ်ကူကူပဲ သဘောတူလိုက်ပြီး “ဦးလေးဝူကရော နင့်ကို ငါတို့ကို ကူညီဖို့ ခွင့်ပြုရဲ့လား”
ဝူလီသည် သူ၏ သွားတန်းဖွေးဖွေးများပေါ်အောင် ရယ်ပြလျက် “ငါ့အဖေ ခွင့်ပြုပြီသားပါဟ”
14 03
ယွင်မိသားစု၏အခြေအနေကို သူ သိပြီးသားဖြစ်ပြီး ယွင်ယွီနှင့်လည်း ငယ်စဥ်ကတည်းက သိကျွမ်းခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်ရက်ကတည်းက သူ၏ဂျုံခင်းများသည် ရိတ်သိမ်းပြီးဖြစ်ပြီး ထိုဂျုံများကို စပါးကျီထဲ၌ သိမ်ဆည်းရန်လည်း နေရောင်ခြည်ကောင်းကောင်းရရှိစေရန် တစ်ပတ်ခန့် စောင့်ခဲ့ပြီးဖြစ်သည်။ ယနေ့မနက်တွင်တော့ ယွင်ယွီနှင့် ဖွားဖွားယွင်တို့ သူကြီးအိမ်သို့ သွားကြသည်ကို မြင်ပြီး ယွင်မိသားစုသည် သူတို့၏ဂျုံခင်းများကို ရိတ်သိမ်းကြတော့မည်ဖြစ်ကြောင်း တွေးမိသွားသည်။ သူ(မ)တို့မိသားစုတွင် ယောကျ်ားသားတစ်ဦးမျှ မရှိချေ။ သူ့အမြင်တွင် ယွင်ရှန်းသည်လည်း ကလေးတစ်ဦးအရွယ်မျှသာ ရှိသေးသည်။ ထို့ကြောင့် သူသည် သူ(မ)တို့မိသားစုအား ကူညီချင်သဖြင့် သူ၏အမေအား ခွင့်တောင်းခဲ့သည်။ သူ၏အမေသည်လည်း လွယ်လွယ်ကူကူ သဘောတူခဲ့ပြီး ဝူတာ့ရှန်းအား သွားပြောပေးခဲ့သည်။
သူ၏အဖေသည် တစ်ခဏတော့ တိတ်ဆိတ်နေခဲ့ပြီး နောက်ဆုံးတွင်တော့ ခွင့်ပြုသည့်သဘောြဖင့် လက်ထောင်ပြခဲ့သည်။
ယွင်ယွီသည် ဝူတာ့ရှန်းလည်း ခွင့်ပြုကြောင်း သိရပြီးနောက် ဝူလီအား ကျေးဇူးတင်ကြောင်း ပြောပြီး ထွန်စက်ယူလာပြီး လယ်ထဲ၌ စောင့်နေရန် မှာထားခဲ့သည်။ သူ(မ)အိမ်သို့ ရေယူရန် ရောက်သောအခါ အိမ်ရှေ့၌ ကားအဖြူတစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။ သူ(မ)ခြံထဲသို့ ဝင်သွားလိုက်ပြီး မီးဖိုချောင်တံခါးပေါက်၌ ယွင်ရှန်းသည် တစ်ယောက်ယောက်နှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။ ထိုလူသည် အရပ်မပုဘဲ အနေတော် အရပ်အမောင်း ရှိသည်။ သူ၏ကျောပြင်သည်လည်း အတန်အသင့် ကျယ်ပြန့်ပြီး ဆံပင်ဖြူများလည်း အနည်းငယ်ရှိနေသည်။ ယွင်ယွီသည် အနားသို့ပြေးသွားလိုက်ပြီး ဦးကြီးဟု ခေါ်ခဲ့သည်။
ထိုလူသည်ကား ချန်းရွှေမြို့၌ နေထိုင်သော သူ(မ)တို့ ဦးလေး ယွင်မောက်ကျုံး ဖြစ်လေသည်။ သူသည် တက္ကသိုလ်ဆရာတစ်ဦးဖြစ်ပြီး ပညာတတ်များနှင့် အတော်အတန် သိကျွမ်းသူဖြစ်သည်။
ဦးလေးယွင်မောက်ကျုံးအပြင် ဦးလေးငယ်နှင့် အဒေါ်တစ်ယောက် ရှိသေး၏။ ဦးလေးငယ်ယွင်မောက်ကျန်းသည် ဘွဲ့ရပြီးသည်နှင့် စစ်ထဲသို့ ဝင်သွားခဲ့သည်။ ထိုအချိန်ကတည်းက သူသည် တခြားမြို့၌ ပြည့်သူလုံခြုံရေးဗျူရိုရဲအဖွဲ့အစည်း၌ တာဝန်ကျခဲ့လေသည်။ သူသည် အမြဲလိုလို အလုပ်များနေပြီး မလုံခြုံပေ။ နှစ်စဥ်နှစ်တိုင်းလည်း နှစ်သစ်ကူးရက်မှသာ နှစ်ရက်မျှ အိမ်သို့ ပြန်နိုင်လေသည်။
အငယ်ဆုံးဒေါ်လေး ယွင်ရှန်းဟွေ့သည်လည်း ချန်းရွှေမြို့၌ နေသူဖြစ်သည်။ သူ(မ)သည် ဦးလေးတို့မိသားစုနှင့် အတော်လေး အဆက်အသွယ်ရှိသည်။ လက်ထပ်ပြီး မိန်းမတစ်ဦးအဖို့ မိဘအိမ်သို့ အမြဲပြန်နိုင်ရန်မှာ မလွယ်ပေ၊ ထို့ကြောင့် သူမသည်လည်း တရုတ်နှစ်သစ်ကူးရက်မှသာ အိမ်သို့ လာတတ်သည်။
ယွင်မောက်ကျုံးသည် ယခုနှစ်တွင် အသက်(၅၀)ပြည့်မည် ဖြစ်သည်။ သူသည်တော့ သူ၏ကျောင်းဆရာအလုပ်ဖြင့် သိပ်အလုပ်များနေလေ့ မရှိသဖြင့် အငယ်များကို ကြည့်ပေးနိုင်သည်။ သူသည် ယွင်ယွီကို တွေ့သောအခါ “ယွင်ယွီက ဘာလို့ အိမ်ပြန်ရောက်နေတာလဲ။ ဒီနှစ် ဘွဲ့မယူရသေးဘူးလား။ အလုပ်ရှာဖို့ သွားတာကရော ဘာြဖစ်သွားပြီလဲ။ မင်းက အင်ပါယာမြို့တော်ရဲ့ ညနေခင်းသတင်းအစီအစဥ်မှာ အလုပ်လျှောက်ချင်တာလို့ ပြောခဲ့တာကို ငါ သတိရပြီ။ အဲ့ဒါက နေရာကောင်းပဲ ပြီးတော့ ယှဥ်ပြိုင်မှုတွေလဲ ပြင်းထန်တယ်။ မင်း အခွင့်အရေးကို သေချာပေါက် ဆုပ်ကိုင်ထား။ မင်းသာ အလုပ်ရသွားပြီဆိုရင် အလားအလားတွေက အရမ်းကောင်းတယ်”
ဆုံးမစကားများ ပြောသည်ကလွဲလျှင် ဦးလေယွင်သည် ဘက်စုံကောင်းသူဖြစ်သည်။
“ဦးလေး၊ ကျွန်မက အိမ်ကို အလည်ပြန်လာတာပါ” ယွင်ယွီသည် အများကြီး မပြောခဲ့ပေ။ “မားမားက အနိုင်ကျင့်ခံရပြီးတော့ ခြေထောက်ခိုက်မိထားတယ်။ အိမ်မှာ တခြားအားကိုးစရာ လူမရှိဘူးလေ။ အဲ့ဒါကြောင့် ကျွန်မ သူတို့ကို ဂရုစိုက်ဖို့အတွက် ခဏပြန်လာတာပါ။ ဖွားဖွားက လယ်ထဲမှာ ဂျုံခင်းတွေကို ရိတ်သိမ်းဖို့ ကျန်ခဲ့တယ်။ ကျွန်မ သူ(မ)အတွက် ရေသွား ပို့ပေးလိုက်အုံးမယ်” ထို့နောက် သူ(မ)သည် ယွင်ရှန်းအား ခေါ်ကာ “ရှောင်းရှန်း၊ နင် အိမ်စာတွေလုပ်ပြီးရင် သွားပြီး ကူညီပေးလိုက်အုံး” သူသည် လူကောင် အတော်ညှက်သေး၏။ သူ၏အရိုးများ သန်မာထွားကျိုင်း လာစေရန် ကြွက်သားများကိုဖြေလျှော့ရန်အတွက် လေ့ကျင့်ခန်းများ များများလုပ်ပေးရန် လိုအပ်သေးသည်။
ယွင်ရှန်းသည် ချောင်းတစ်ချက် ညိတ်ပြလိုက်ပြီး ယွင်ယွီ၏လက်ထဲမှ ရေကရားအား ရေဖြည့်ရန် ယူလိုက်သည်။
အမှန်တော့ ယွင်မောက်ကျုံးသည် လယ်အလုပ်များ ကူညီပေးရန် လာြခင်းဖြစ်သည်။ သူ၏ တတိယညီလေး မောက်လျန်း(ယွင်ယွီ၏ဖခင်)သည် သူ့အား ရှုန်ကျန်း၏ခြေထောက် ထိခိုက်ထားခြင်းအား ပြောပြခဲ့ပြီး သူ(မ)သည် အသွားအလာများအတွက်ပင် အခက်အခဲဖြစ်နေကြောင်း ပြောကာ သွားရန်ပြော ခဲ့ခြင်းဖြစ်သည်။ သူသည် ယွင်မောက်ကျုံးဆီသို့ ယွမ်၁၀၀၀လွှဲပေးခဲ့ပြီး အိမ်သို့ သွားပို့ပေးရန်လည်း မှာခဲ့သေးသည်။ ယနေ့သည် တနင်္ဂနွေနေ့ဖြစ်ပြီး ကျောင်းပိတ်ရက်ဖြစ်သောကြောင့် သူလာရခြင်း ဖြစ်သည်။
အမှန်အတိုင်းဆိုရလျှင် သူသည် သူ၏တတိယညီအား အထင်မကြီးပါ။ သူသည် ဖောက်ပြန်ခဲ့ပြီး အပြင်၌ပင် ကလေးနှစ်ယောက် မွေးထားသေးသည်။ အဆုံးတွင်လည်း သူ၏တရားဝင်ဇနီးအား ကွာရှင်းခဲ့ပြီး သူ၏ကလေးသုံးယောက်ကိုလည်း ထည့်မတွက်ခဲ့ပါ။ ထိုသို့ပြုမူခြင်းသည် လွန်လွန်းလှပေသည်။
14 04
အစောပိုင်းနှစ်များတွင် မိသားစုသည် တတိယညီအား အခေါ်အပြော လုံးဝမလုပ်ကြပေ။ သို့သော် ယခုနှစ်များတွင်မူ ဆက်ဆံရေးသည် တဖြည်းဖြည်း ကောင်းမွန်လာပြီး အဆက်အသွယ် အနည်းငယ် ရှိလာ၏။
ယွင်မောက်ကျုံးသည် သူ၏တူနှင့် တူမနောက်အား ဂျုံခင်းတွင်ကူညီပေးရန် လိုက်သွားခဲ့သည်။ သူအပြင်သို့ ထွက်လိုက်သောအခါ ခြံထောင့်ရှိ နှင်းဆီအိုးများကို မြင်ပြီး သက်ပြင်းချလျက် “နျုံယန်က ကရုဏာစိတ်အပြည့်နဲ့ ရောင်စုံပန်းချီ ခြယ်ထားနိုင်တာပဲ” (နျုံယန်ကဗျာတစ်ပုဒ်မှစာသား) “ဒီနှင်းဆီတွေ ကောင်းကောင်းပွင့်လာကြပြီပဲ”
သူတို့သည် မမှောင်ခင် ဂျုံများကို သယ်ခဲ့ကြသည်။ နေ့ခင်းတစ်ခင်းလုံး အလုပ်များနေခဲ့ကြပြီး ဖွားဖွားယွင်သည် ထမင်းဟင်းချက်ရန် အရင်ပြန်နှင့်ပြီး ကျန်သူများမှာ ဆက်လက် လုပ်ခဲ့ကြရသည်။
ဒီအလုပ်သည် လူအင်အားသုံးရသော အလုပ်မျိုးဖြစ်ပြီး မှောင်သွားသည့်တိုင်အောင် သူတို့ အလုပ်များဆဲဖြစ်သည်။ ဂျုံများအားလုံးကို ဂျုံဂိုဒေါင်ထဲသို့ ပို့ခဲ့ကြရသည်။ မနက်ဖြန်မှသာ ဂျုံများကို ခြွေလှေ့ကြရမည်ဖြစ်ပြီး ဝူလီ၏အကူအညီကို လိုအပ်ပေသည်။
ညနေ(၇)နာရီထိုးလေပြီ။ ဖွားဖွားယွင်သည်လည်း ချက်ပြုတ်ပြီးစီးသွားပြီ ဖြစ်သည်။ သူ(မ)သည် အမဲရင်ပုံသားနှင့် အာလူးပြုတ်ချက်၊ ငရုတ်ကောင်းနှင့်အူကြော်၊ ဝက်နံရိုးချဥ်စပ်၊ ဘူးသီးအခါးနှပ်၊ တရုတ်ဂေါ်ဖီမွှေကြော်၊ အီဒါမာမီအအေးနှင့် ဆောင်းရာသီ ဝက်နံရိုးဘူးသီးစွပ်ပြုတ်တို့ကို ပြင်ဆင်ထားခဲ့သည်။ ဝယ်ရသော အသားများမှလွဲလျှင် ကျန်ပါဝင်ပစ္စည်းများမှ အိမ်ကသာဖြစ်သည်။ အကုန်လုံးသည် အိမ်ချက်လက်ရာများသာဖြစ်သော်လည်း အရသာများသည်တော့ သာမန်မဟုတ် ထူးကဲလှသည်။
ယွင်မောက်ကျုံးသည် မြည်းကြည့်ပြီးနောက် တအံ့တဩဖြင့် “ မားမား၊ မားမားရဲ့ဟင်းချက်လက်ရာက ကြယ်ငါးပွင့်ဟိုတယ်တွေက စာဖိုမှူးတွေရဲ့ လက်ရာထက်တောင် ကောင်းနေတယ်”
ဖွာဖွားယွင်သည် အပြုံးတစ်ခုဖြင့် “အဲ့လောက် မဟုတ်ပါဘူး။ မြန်မြန်စားတော့”
ဝူလီသည်လည်း တစ်ဇွန်း မြည်းကြည့်ပြီးနောက် မျက်လုံးများပြူးကျယ်လျက် “ဖွားဖွားယွင်၊ ဖွားဖွားရဲ့လက်ရာက တကယ်ကို ကောင်းတာပါဗျာ” ယောကျ်ားသားသုံးဦးသည် အတော်လေး စားနိုင်ကြသောကြောင့် ဟင်းပန်းကန်အနည်းငယ်နှင့် စွပ်ပြုတ်တစ်ပန်းကန်သာ ကျန်တော့သည်အထိ ပြောင်စင်အောင် စားပစ်ခဲ့ကြသည်။
ညစာ စားပြီးနောက် ဘာမှလုပ်စရာမရှိတော့ချေ။ ဝူလီသည် ပြန်တော့မည်ဖြစ်သည်။ ဖွားဖွားယွင်သည် သူ့အား တားလိုက်ပြီး နေ့လည်တုန်းက ခူးထားသော သစ်သီးခြင်းတစ်ခြင်းအား ပေးကာ “ရှောင်းဝူအာ၊ မင်းက ဖွားဖွားကို အများကြီး ကူညီပေးထားတာ၊ ဖွားဖွားတို့မှာ ပြန်ပေးစရာ များများစားစား မရှိပါဘူး၊ အိမ်မှာ စိုက်ထားတဲ့ အသီးအနှံတွေပဲရှိတယ်။ အိမ်မှာ စားရအောင် ယူသွားချေ၊ မင်းမားမားကိုလဲ အချိန်ရှိရင် လာယူခိုင်းလိုက်အုံး၊ ခြံထဲမှာ အများကြီး ရှိသေးတယ်”
ဝူလီသည် ယွင်ယွီနှင့် စကားနည်းနည်းထပ်ပြောခဲ့ပြီးနောက် ပြန်သွားခဲ့သည်။
ယွင်မောက်ကျုံးသည် အကြာကြီးထပ်နေလို့ မရတော့ချေ။ သူ၏ဇနီးသည် သူ့အား ညနေခင်း စောစောပြန်လာရန် မှာလိုက်သည်။ သူသည် ဖွားဖွားယွင်အား ယွမ်၃၀၀၀ပေးခဲ့ပြီး ယွမ်၁၀၀၀သည် ယွင်မောက်လျန်ဆီမှဖြစ်ကာ ယွမ်၂၀၀၀သည် သူပေးခြင်း ဖြစ်သည်။ သို့သော် ယွမ်၁၀၀၀အကြောင်း အမယ်အိုအား သူ မပြောရဲပါ။
ဖွားဖွားယွင်သည် ဘာမှ အများကြီးမပြောနေဘဲ လက်ခံထားလိုက်သည်။ သူ(မ)၏ သားကြီးသည် ညအိပ်မည်မဟုတ်ဘဲ ပြန်မည်ကိုသိ၍ သူ့အတွက် ဟင်းများ ထုပ်ပိုးပေးနေပြီး လမ်း၌ ဂရုစိုက်ရန် မှာလိုက်သည်။
မြို့တော်သို့ပြန်ရန် အချိန်တစ်နာရီကျော်ကျော်မျှသာ ကားမောင်းရမည် ဖြစ်သည်။
******