အခန်း ၃၆
Vol. 4 Ch. 36
အပိုင်း (၃၆)
ကားက မြို့ဖက်ကို ဦးတည်ပြီး မောင်းထွက်လာတယ်။ ယွင်ယွီက ခါးပတ်ကြိုးကို တပ်ရင်း "ရှင် ဘာလို့လာခဲ့တာလဲ" ချင်ယွိစွေက လမ်းပေါ်ကနေ အကြည့်မလွဲဘဲ ပြန်ဖြေတယ်။ "ကိစ္စတွေက ပြီးသွားပြီ မင်းနဲ့ စကားပြောချင်လို့ လာခဲ့တာ"
ယွင်ယွီက သူမအစ်မရဲ့ သက်ပြင်းချသံနဲ့ သူမအဖွားနဲ့ အမေရဲ့သောကတွေကို ပြန်တွေးမိတယ်။ ရှေးအချိန်ကသာ မိန်းကလေးတစ်ယောက်က လက်မထပ်ခင် ကိုယ်ဝန်ရခဲ့ရင် သူမက မိသားစုရဲ့ အရှက်ရစရာ ဖြစ်လာပြီး ကလေးမွေးပြီးတာနဲ့ သီလရှင် ဝတ်ခိုင်းလိမ့်မယ်။
အခုခေတ်မှာ အသိပညာ တိုးတက်လာပေမဲ့ အဲဒီလိုကိစ္စတွေကို နှာခေါင်းရှုံ့ကြတာကတော့ ပုံမှန်ကိစ္စပဲလေ။ သူမ အထက်တန်းတုန်းက ရွာက ကောင်မလေးတစ်ယောက် လက်မထပ်ခင် ကိုယ်ဝန် ရသွားပြီး သူမကောင်လေးက တာဝန်မယူဘဲ ထွက်ပြေးသွားတယ်။ သူမကလေးကို မွေးခဲ့ပေမဲ့ ရွာရဲ့ အတင်းပြောတိုင်း မပါမဖြစ်တဲ့ အကြောင်းရင်း ဖြစ်သွားတယ်လေ။ နောက်ဆုံးကျတော့ တစ်မိသားစုလုံး မြို့ပေါ် ပြောင်းသွားရတော့တာပဲ။ သူမလည်း လက်မထပ်ပဲ ကိုယ်ဝန်ရခဲ့တော့ အဲ့လိုကြုံရဖို့ များတယ်လေ။
ပြောရရင် သူမမြို့ပေါ် နှစ်နည်းနည်းသွားနေပြီး ပြန်လာရင် သူတို့က ကွာရှင်းလာတယ် ထင်မှာပဲ။ ဒါပေမဲ့ ရွာသားတွေကိူ ရှောင်လို့ရပေမဲ့ ဆွေမျိုးတွေကရော။ အဲကိစ္စက တွေးထားသလောက် လွယ်မှာမဟုတ်ဘူးလေ။ ဒါပေမဲ့ ချင်ယွိစွေက တာဝန်ယူချင်နေတယ်လေ။ ပြောရရင် အဖွားပြောသလိုပေါ့။ အချစ်ဆိုတာတွေက ဘဝမှာ အသုံးမဝင်တဲ့ ခံစားချက်တွေ သက်သက်ပဲ။ တာဝန်သိစိတ်ကသာ အရေးကြီးတာ။
ချင်ယွိစွေက တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိတယ်။ သူက တစ်သက်တာအတွက် စိတ်အချရဆုံးလူပဲ။ သူမကလေးအတွက်ရော မိသားစုအတွက်ပါ အကောင်းဆုံးလူပဲလေ။ ပြောရရင် သူမရော သူရော အချင်းချင်းအတွက် ခံစားချက်တွေ မရှိကြဘူးဆိုပေမဲ့ သူမက ကလေးကို မွေးချင်တယ်လေ။ သူမအတွက်ရော မိသားစုတစ်ခုအတွက်ရောပေါ့။ သူမက သေချာစဉ်းစားပြီးတော့။ "မက်မွန်သီးတွေပို့ပြီးရင် စကားပြောရအောင်"
"ဟုတ်ပြီလေ" ချင်ယွိစွေက ပြန်ဖြေလိုက်တယ်။
ယွင်ယွီက စုန့်ကျစ်ကျန်းဆီကို ခြင်းတစ်ဝက်စာ မက်မွန်သီးတွေ,ပို့ပေးလိုက်တယ်။ ကျန်တဲ့ ခြင်းတစ်ဝက်ကိုတော့ ချင်ယွိစွေက ဘန်းမုန့်ဆိုင်ကို ပို့ပေးလိုက်တယ်။ အချိန်က စောနေသေးတော့ လူတွေက ဘန်းမုန့်ဝယ်နေကြတုန်း ရှိသေးတယ်။ အဖွားက သူမကိုမြင်တော့ ပြုံးလိုက်ပေမဲ့ သူမနောက်ကလူကိုလည်း မြင်ရော တောင့်တင်းသွားတော့တယ်။ "ရှောင်ချင်ပါ ရောက်နေတာပဲ"
ပထမတစ်ကြိမ်တုန်းက အမေယွင်က အိပ်ယာထဲ လဲနေတဲ့အတွက် ကိုမတွေ့ခဲ့ရဘူး။ ဒါပေမဲ့ ရှောင်ချင်ဆိုတာတော့ ကြားတယ်လေ။ ပြောရရင် အခုမှ ရှောင်ချင်ဆိုတာက အတော်လေးခန့်ညားတဲ့ကောင်လေးမှန်း သိတော့တယ်။
"မက်မွန်သီး ယူလာပေးတာ အဖွား"
ယွင်ယွီနောက်ကလူက ခြင်းတစ်ဝက်စာ မက်မွန်သီးတွေကို လာချပေးတယ်လေ။ ယွင်ယွီက ဘန်းမုန့်ကို ယူပြီး ရေနွေးနှစ်ခွက် ငှဲ့လိုက်တယ်။ သူမက ထိုင်လိုက်ရင်း ချင်ယွိစွေကို "ရှင် တစ်ခုခု စားသင့်တယ်" သူမ ထင်တာမှန်ရင် သူ မနက်ကတည်းက ဘာမှမစားရသေးလောက်ဘူး။
ချင်ယွိစွေက ဘန်းမုန့်ဆိုင်ရဲ့ ခွေးခြေခုံလေးပေါ် ထိုင်နေတာက သူ့ဟာနဲ့သူ ကြည့်လို့ လှနေတယ်။ သူ့ကို စိုက်ကြည့်နေတဲ့ အဖွားကြီးနဲ့ ကလေမလေးတစ်ယောက် ရှိပေမဲ့ သူကတော့ အဲလောက် ဂရုမစိုက်မိဘူးလေ။ ပြီးတာနဲ့ ယွင်ယွီက ခေါင်းညိတ်ပြရင်း "စကား သွားပြောရအောင်"
ပြောရရင် ဒီမှာက အခြေအနေတွေက အေးဆေးနေတယ်လေ။ မြို့တော်မှာလို လောပြီး ပြာယာခပ်နေစရာ မလိုဘူးလေ။
သူမတို့က သစ်ပင်အိုကြီးတစ်ပင်နားမှာ ရပ်နေလိုက်တယ်။ သူမ မှတ်မိသလောက်ဆို ဒါက ခရမ်းရောင်ပန်းတွေပွင့်တဲ့ ဝစ်စတဲရီယာပင်ပဲ။ ပုံမှန်ဆို ဝစ်စတဲရီယားအပင်တွေက ပန်းတွေက တစ်မီတာကျော်တဲ့အထိ တွဲလောင်းကျနေတတ်တယ်။ အခုက ဘယ်လောက်မှ မရှိတော့ဘူးဆိုတော့ ဒီအပင်က သေနေလောက်ပြီလေ။ အရွက်စိမ်းတွေလည်း မရှိတော့သလို အမြစ်တွေကလည်း ခြောက်သွေ့အက်ကွဲချင်နေပြီ။ ဒီနေရာကိုက မနက်အစော လေ့ကျင့်ခန်းလာလုပ်တဲ့ လူအိုတွေပဲရှိတာဆိုတော့ အပင်ကို ပြုပြင်ထိန်းသိမ်းမဲ့လူလည်း မရှိဘူးလေ။
သူမက အပင်ကို ထိလိုက်တော့ အပင်က နည်းနည်းတုန်သွားသလိုပဲ။ ပြောရရင် သူ့ကို အသက်ဆက်ရှင်အောင် လုပ်ပေးနိုင်တဲ့ တစ်ခုခုရှိမှန်း သိတဲ့ပုံပဲ။ ပြောရရင် အပင်က သင့်တော်တဲ့ အာဟာရကိုရရင် ပြန်ရှင်လာနိူင်သေးတယ်လေ။ လုံးလုံးသေသွားသေးတာမဟုတ်ဘဲ နောက်ဆုံးထွက်သက်ကို ထိန်းထားတဲ့ အခြေအနေမှာ ရှိနေတာလေ။
ယွင်ယွီက "အစ်ကိုချင် ကျွန်မကို ရေသန့်တစ်ဘူးလောက် သွားဝယ်ပေးလို့ရမလား"
"ရတယ်လေ" ချင်ယွိစွေက ခေါင်းညိတ်ပြပြီး နီးတဲ့ စတိုးဆိုင်ထဲ ဝင်သွားတော့တယ်။
ယွင်ယွီက အနားက ရေပိုက်က ရေကိုခပ်ပြီး ဝိဉာဉ်စမ်းရေနဲ့ရောလို့ လောင်းပေးလိုက်တယ်။ တကယ်တော့ ဒီတိုင်းလုပ်လို့ရပေမဲ့ ဘေးလူတွေရဲ့ သံသယဝင်မဲ့ကိစ္စကို ရှောင်ချင်တာလည်း ပါတယ်လေ။ အပင်ကလည်း သူမကို ကျေးဇူးတင်ကြောင်း ပြောနေသလို တုန်ပြနေတော့တယ်။
ချင်ယွိစွေ ပြန်လာတော့ သူမက ရေဘူကိုလှမ်းယူလိုက်ပြီး ဖွင့်လို့ "အစ်ကိုချင် ရှင် ဘယ်လိုဆက်လုပ်ဖို့ စဉ်းစားထားလဲ" သူက အပင်အိုအောက် ရပ်နေရင်းကနေ သူမကို ကြည့်လာတယ် "ငါ ရည်းစားသနာ မထားဖူးပေမဲ့ ငါ တာဝန်ယူချင်တယ်"
ယွင်ယွီက ထပ်မေးပြန်တယ်။ "ဒါဆို ရှင်က ကျွန်မကို မကြိုက်ပေမဲ့ တာဝန်ယူချင်တာပေါ့"
ချင်ယွိစွေက ခဏငြိမ်သက်သွားပြီး ပြန်ဖြေလာတယ်။ "ငါ့အတွက်တော့ ခံစားချက်ဆိုတာက တံလျှပ်လိုပဲ ဖော်ပြပြောပြရ ခက်တယ်။ ပြီးတော့ တာဝန်က ခံစားချက်က ပိုအရေးပါတယ်လေ"
သူ့အဖိုး ပြောသလိုပေါ့။ မိန်းကလေးတစ်ယောက်ကို ချစ်တယ်လို့မပြောနဲ့။ သူမနဲ့အတူနေ သူမကို အကောင်းဆုံးဆက်ဆံ သူမကို ဂရုစိုက်၊ သူမကိုထောက်ပံ့ပေး၊ အဲဒါကို မင်း အသက်ကြီးလာတဲ့အထိ လုပ်နိုင်ရမယ်။ ဒါမှ သူမကို ချစ်တယ်လို့ပြောဖို့ မင်းမှာ အရည်အချင်း ရှိလိမ့်မယ်။
ယွင်ယွီက ခေါင်းညိတ်ပြရင်း "ကျွန်မလည်း အမှန်အတိုင်းပဲ ပြောမယ်။ ကလေးကို မွေးချင်ပေမဲ့ ရွာထဲက အတင်းအဖျင်းတွေကြားထဲ ကျွန်မမိသားစုကို ရောပါမသွားစေချင်ဘူး။ အဲတော့ ကျွန်မတို့ စမ်းကြည့်လို့ အကျိုးမယုတ်ပါဘူး။ ဒါပေမဲ့ လက်ထပ်မှတ်ပုံ တင်ပြီးရင်တောင် ရှင့်နဲ့ မြို့တော်ကို ကျွန်မ မလိုက်နိုင်ဘူး။ ရွာမှာပဲ နေချင်တယ်။ ရှင် အဆင်ပြေမလား"
ဒီလူက သူမကို မလိမ်တော့ သူမလည်း အမှန်အတိုင်း ပြောရမယ်လေ။ ချင်ယွိစွေက သူမကို ကြည့်လိုက်တယ်။ သူမ ဒီလောက် လွယ်လွယ်သဘောတူလာမယ်လို့ သူ မထင်ထားဘူးလေ။ သူက "ကောင်းပြီ" လို့ပြောလိုက်တယ်။
ယွင်ယွီက "ကျွန်မပြောစရာကတော့ ဒီလောက်ပါပဲ။ ညကျ ကျွန်မ လုပ်စရာရှိသေးတယ်။ ရှင်ရော ဘာလုပ်မလဲ"
"လုပ်စရာရှိတယ်" ချင်ယွိစွေက ပြောလိုက်တယ်။ "အဖွားနဲ့ အမေ့ကို လိုက်တွေ့ရမယ်"
ယွင်ယွီက ခေါင်းညိတ်ပြလိုက်တယ်။ သူမတို့ သဘောတူညီချက်ရပြီဆိုတော့ မိသားစုကို ပြောပြသင့်ပြီလေ။ "ကျွန်မပါ လိုက်ခဲ့မယ်"
ဘန်းမုန့်ဆိုင်က မနက်ဆယ်နာရီလောက်အထိ ဖွင့်တော့ သူတို့က အဲ့မှာ ခဏဆက်ထိုင်နေကြတယ်။ ယွင်ယွီက သမ်းဝေရင်း ချင်ယွိစွေရဲ့မျက်နှာကို စိုက်ကြည့်နေတယ်။ "ဘာဖြစ်ခဲ့တာလဲ"
"ဘာကို" ချင်ယွိစွေက သူမ ဘာပြောချင်လဲ နားမလည်တဲ့ပုံပဲ။
ယွင်ယွီက "အဲ့ကလပ်မှာ ရှင်စိတ်လွှတ်ပြီး လူတွေကို ရိုက်နေတာ။ ရှင့်ကိုယ်ထဲက ကိုယ်တွင်းမိစ္ဆာကြောင့်လေ"
ချင်ယွိစွေက လုံမိသားစုအိမ်ကို မပြန်တာကြာပြီလေ။ ပြောရရင် သူ့ဘိုးဘေးတွေ မမြင်ရတာကြာနေပြီ။ ယွင်ယွီက သူ့မွေးနေ့ကို တွေးနေရင်း "ရှင်ကတော့"
သူ့ကံက မဆိုးဘူး။ ချမ်းသာတာက အရင်ခေတ်ကဆို ဘုရင်လောက်နီးပါးပဲ။ ကိုယ်ပေါ်က ရွှေရောင်အလင်းက ဘယ်မိစ္ဆာမဆို ထိခိုက်အောင်လုပ်နိုင်မယ် မထင်ဘူး။
သူ့ရဲ့ အက္ခရာရှစ်ခုကို တွက်ကြည့်ပြီးတော့ "အဲ့မိစ္ဆာက ရိုးရိုးမိစ္ဆာမဟုတ်ဘူး။ နည်းနည်း ကိုင်တွယ်ရ ခက်တယ်။ အဲ့မိစ္ဆာကို ရှင့်ပေါ် ကပ်နေအောင်လုပ်တဲ့လူ သေရင်သေ မသေရင် အချိန်ယူပြီး နည်းလမ်းရှာဖို့ပဲရှိတယ်"
"ဒုက္ခပေးနိုင်လား" ချင်ယွိစွေက မေးလိုက်တယ်။
"မပေးပါဘူး။ နည်းနည်း စိတ်မငြိမ်တာနဲ့ ဒေါသထွက်လွယ်တာလို အနှောက်အယှက် နည်းနည်း ရှိတာပေါ့"
ပြောရရင် အဲ့လောက်ကတော့ သူ့ဘဝကို တအားအနှောက်အယှက်ပေးမှာ မဟုတ်ဘူးလေ။
သူတို့က အချိန်မရောက်မချင်း စကား ဆက်ထိုင်ပြောနေကြတယ်။ ဆယ်နာရီထိုးလို့ ဆိုင်ကို ပြန်သွားကြတော့ ဘန်းမုန့်ရော ခြင်းတစ်ဝက်စာ မက်မွန်သီးတွေရော အကုန်ရောင်းထွက်သွားမှန်း သိလိုက်ရတယ်။ ဆိုင်က သိမ်းဖို့လုပ်နေကြပြီး အဖွားလင်းက သူမကိုလည်း မြင်ရော ကျောက်စစ်ထင်းကို "စစ်ထင်း ပြန်နားရအောင်။ ခဏနေ ပြန်လာရမှာလေ"
ကျောက်စစ်ထင်းက ချင်ယွိစွေကို ဟိုတလောက ဆိုင်ကိုလာတဲ့လူမှန်း သတိရသွားပြီး သူတို့မှာပြောစရာရှိမှန်းသိလို့ ပစ္စည်းသိမ်းပြီး ထွက်ဖို့ပြင်တယ်။
အမေယွင်ရဲ့မျက်နှာကတော့ သိပ်မကောင်းနေဘူး။ အမှားအယွင်းတစ်ခုပဲဆိုပေမဲ့ သူမ စိတ်ခုနေသေးတယ်လေ။ ချင်ယွိစွေက ထိုင်လိုက်ပြီး သူ့အိမ်အခြေအနေကို ရှင်းပြတော့ အဖွားယွင်က ယွီယွီ့ကို စိုက်ကြည့်လာတော့တယ်။ "အဖွား မြေးသဘောတူလိုက်တယ်။ အခွင့်အရေး ပေးချင်တာရော လက်ထပ်မှတ်ပုံတင်ဖို့ရောမလို့။ အဖွားက သက်ပြင်း ချနိုင်တော့တယ်။ အခုမှစိတ်အေးရတယ်လေ။ ကလေးက မိဘနဲ့ တစ်ကွဲတစ်ပြားစီ နေတာကလည်း မကောင်းတော့ ဒါက အကောင်းဆုံးရလဒ်ပဲလေ။ သူတို့အနေနဲ့တော့ ကလေးတွေကို အနာဂတ်လှဖို့ ဆုတောင်းပေးရုံပဲ တတ်နိုင်တယ်လေ။ သူမက ချင်ယွိစွေ မိသားစုက အတော်လေး အခြေအနေကောင်းတာလည်း သိတယ်လေ။ အဲတော့ သူမက
"ချင်မိသားစုသဘောထားကရော အဖွားတို့ ယွီအာကို လက်ခံကြပါ့မလား။ ပြီးတော့ ယွီအာက ရွာထဲမှာပဲ နေချင်တာဆိုတော့ ဘယ်လိုလုပ်မလဲ"
ချင်ယွိစွေက "ကျွန်တော် လက်ထပ်မဲ့လူကို ကျွန်တော့်ဘာသာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ကျွန်တော့်အမေ ဆုံးသွားတော့ အဖေက နောက်မိန်းမ ယူလိုက်တယ်။ တချို့ကိစ္စတွေ မရှင်းလင်းပေမဲ့ ကျွန်တော့်ဆုံးဖြတ်ချက်က ခိုင်မာပါတယ်။ ပြီးတော့ လက်ထပ်ပြီးရင် ချင်းဟယ်ရွာမှာ မြေကွက်တစ်ကွက်ဝယ်ပြီး နေဖို့ပါ စီစဉ်ထားတယ်။ အဖွား အဲ့လောက်ဆို စိတ်ချပြီမလား"
အဖွားက နည်းနည်း တွန့်ဆုတ်သွားတယ်။ "မင်း ကရွာကမဟုတ်တော့ မြေက......"
"သေချာပေါက် မြေရော အိမ်ပါ ယွီယွီ့နာမည်နဲ့ပေါ့"
အဖွားက မေးပြန်တယ်။ "မြို့ကြီးကလာတာ ကျေးရွာဇနပုဒ်လေးမှာ ဘယ်လိုနေမှာလဲ"
ချင်ယွိစွေက "ဒီနေရာကို သဘောကျတယ်"
အဖွားက "အဖွားတို့က မင်းအပေါ် အခွင့်ကောင်း မယူချင်ပါဘူးကွယ်။ အိမ်နဲ့ခြံကို တစ်ယောက်တစ်ဝက် ပေးကြတာပေါ့။ ပြီးရင် ယွီယွီ့အတွက် ခန်းဝင်ပစ္စည်းလည်း ထည့်ပေးဦးမယ်"
အဖွားက တုန့်ဆိုင်းမနေဘဲ လက်ထပ်ဖို့ဖက်ကို ချက်ချင်းဆွဲခေါ်သွားတော့တယ်။ "အဖွား" ယွင်ယွီ ဘာအခွင့်အရေးမှမရဘဲ ချက်ချင်း လက်ထပ်တဲ့ဖက် ရောက်သွားတာကို တွေ့လိုက်ရတယ်လေ။
"ကျွန်တော့်လစာက တင်တောင်းငွေ ဖြစ်လိမ့်မယ်"
ချင်ယွီစွေ့က သူ့ဦးလေးမိသားစုကို အလေးထားတယ်လေ။ အဖွားက ခေါင်ညိတ်ရင်း "လက်ထပ်ဖို့ အစီအစဉ်ကရော"
ချင်ယွိစွေက ယွင်ယွီကို ကြည့်လာတယ်။ "ယွီယွီ့သဘောအတိုင်း"
သုံးယောက်လုံးက သူမကို ဝိုင်းကြည့်နေတဲ့အခါ သူမခေါင်းပူလာပြီး "ဖုန့်ကွမ်းရှ တရုတ်ရိုးရာမင်္ဂလာဆောင်ပေါ့"
သူမ ခမည်းတော်နဲ့ မယ်တော်က မမြင်နိုင်မှတော့ သူမ တရုတ်ရိုးရာမင်္ဂလာဆောင်ပဲ လုပ်ချင်တော့တယ်လေ။ ပြီးတော့ သူတို့က ချင်းဟယ်ရွာကို ချင်ယွိစွေ ရဲ့ ကားနဲ့ ပြန်သွားလိုက်ကြတယ်။
"ရှောင်ချင် ဧည့်သည်ခန်း ရှင်းထားပြီးပြီ။ အဲ့မှာ အရင်နေလိုက်နော်"
"ကျေးဇူးပါ အဖွား"
ယွင်ယွီနေ့လယ်မှ သိလိုက်ရတာက ချင်ယွိစွေက အသီးတွေ ရွေးခူးတတ်ရုံတင် မကဘူး။ ဟင်းပါ ချက်တတ်နေတာ။ နေ့လယ်စာက သူ့လက်ရာချည်းပဲ။ အရသာကလည်း မဆိုးတော့ အဖွားက ပြုံးချည်းပြုံးနေတော့တာပဲ။
နေ့လယ်ခင်း တရေးအိပ်ကြပြီးတော့ နှစ်နာရီလောက်ကျ သူတို့က အရွက်စိုက်ခင်းထဲ သွားလိုက်ကြတယ်။ ချင်ယွိစွေလည်းပါသွားတော့ ရွာသားတွေက ဘယ်သူလဲလို့ မေးကြတော့တယ်။ အဖွားယွင်က ခပ်ပြုံးပြုံးနဲ့ "ရှောင်ယွီ့ကောင်လေးလေ"
ရွာသားက စောဒက တက်တယ်။ "ရှောင်ယွီအာက မြို့တော်မှာ အလုပ်သွားရှာတာ မဟုတ်ဘူးလား"
အဖွားက "မဟုတ်ဘူး။ သူက ပညာစုံတော့ ပြန်လာပြီး မွေးရပ်မြေကို ထောက်ပံ့ချင်တယ်တဲ့"
"သူ့ကောင်လေးကရော သဘောတူလား"
"ဒါပေါ့ သဘောတူတာပေါ့။ သူလည်း ဒီမှာ အတူနေမှာလေ" ရွာသားတွေက ဂုဏ်ပြုစကားတွေ ပြောနေပြီး အံ့ဩနေကြတယ်။ မြို့ကြီးကို သွားရတယ်ဆိုတာ လုံးဝ မျက်စိပွင့် နားပွင့်စရာလေ။ ဒါကို လူကောင်းလေးရှာပြီး အိမ်ပြန်လာနိုင်သေးတယ်ပေါ့။
ယွင်ယွီကတော့ စိုက်ခင်းကို သွားတဲ့ လမ်းတစ်လျောက် သူမကို ပြုံးပြနေတဲ့ ရွာသားတွေကိုမြင်လိုက်ရတယ်။ သူမရောက်လာတော့ ချင်ယွိစွေက စိုက်ခင်းကိူ ရပ်ကြည့်နေတယ်။
သူ့ကောင်းကွက်က ချမ်းသာတဲ့မိသားစုမှာ မွေးလာပေမဲ့ ဆန်နဲ့ ဂျုံပဲသိပြီး စပါးနဲ့ ကောက်နှံမသိတဲ့လူအဖြစ် ကြီးပြင်းမလာတာဘဲ။ တစ်နေ့တာ ကုန်ဆုံးသွားတော့ ချင်ယွိစွေက သူ့ခြေထောက်ကို ဆေးလို့ အထဲဝင်လာတယ်။ အဖွားက ဘန်းမုန့်ဆိုင်ကို ပြန်သွားပေမဲ့ အမေယွင်ကတော့ ချင်ယွိစွေ ရှိတဲ့အတွက် ဆက်နေခဲ့တယ်။
ကိစ္စဖြေရှင်းပြီးတော့ ယွင်ယွီက ပိုက်ဆံရလာတယ်။ အပြန်လမ်းမှာ ပုံမှန်အတိုင်း သူမက 4သောင်းလှူပြီး ၅သောင်း ချန်ထားလိုက်တယ်။ ရုပ်လွန်ပညာက ပေးဆပ်ရတာများတော့ သူမက အလှူအတန်း လုပ်ရတယ်လေ။ ချင်ယွိစွေက ဘာမှမပြောဘူး။ သူမ ဘာစကားမှမပြောရင် သူလည်း ဘာမှပြောမှာ မဟုတ်ဘူးလေ။ သူမလက်ကျန်ငွေက သန်းတစ်ဝက်စာလောက် ရှိတယ်။ သူမ သက်ပြင်း ချမိတော့တယ်။
သူမ တောင်ပေါ်စိုက်ဖို့ မျိုးစေ့တွေ ဝယ်ရဦးမယ်။ သူမအစ်မအတွက် ချင်းဟန်မြို့မှာ အိမ်ဝယ်ဖို့ စရံပေးရဦးမယ်။ ချင်ယွိစွေက ရွာမှာ ဆောက်မယ်ဆိုတဲ့အိမ်က ဗီလာအမျိုးအစား တစ်သိန်းလောက်ထွက်မှာ သူမခေါင်းကိုက်သွားတော့တယ်။
သူမက မျက်မှောင်ကြုတ်ရင်း နောက်နေ့အတွက် ရာသီဥတုကိုကြည့်ဖို့ ဖုန်းဖွင့်လိုက်တယ်။ ယွင်ရှန်းက နောက်နေ့ပြန်လာမှာဆိုတော့ သူမ မြို့တော်သွားဖို့ကို တနင်္လာနေ့ကို ရွေ့လိုက်တယ်။
သူမ ရထားလက်မှတ် ဝယ်လိုက်ပြီးမှ သတိရသွားပြီး တောင့်သွားတော့တယ်။ သူမဘေးကလူက သူမရဲ့ *ရည်းစား* ဆိုတာကြီးမှန်း သတိရသွားတော့တယ်။ သူမက သူ့ကို “အကိုချင် ကျွန်မတနင်္လာနေ့ကျရင် ဘွဲ့ယူဖို့ မြို့တော်ပြန်သွားရမယ်”
ချင်ယွိစွေက “ကိုယ်လည်း ပြန်ယူစရာ ရှိသေးတယ်”
သူမက သူ့ကိုကြည့်ရင်း “ဒါဆိုကျွန်မ လက်မှတ် ဖြတ်လိုက်မယ်”
ယွင်ယွီက သူ့မှတ်ပုံတင်ကို မေးပြီး အမြန်ရထားလက်မှတ် ဝယ်လိုက်တယ်။ အဲဒါနဲ့ဆို သူမတို့မြို့တော်ကို ငါးနာရီမကြာဘဲ ရောက်တယ်လေ။ သူမတို့ အိမ်ကို ဆယ်နာရီမထိုးခင် ပြန်ရောက်တော့ အမေယွင်က စောင့်နေပြီး သူမတို့ကို ဘာမှမေးမနေဘဲ အိပ်ခိုင်းတော့တယ်။
ချင်ယွိစွေက အဝတ်အစား လဲပြီးတော့ သူမကို နူတ်ဆက်ပြီး အိပ်သွားတော့တယ်။
******