← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

109 01

အပိုင်း 109

စင်းလျဉ်းသော မျက်လုံးဖြင့် သူသည် စုန့်ချန်းမင်ကို အရှင်လတ်လတ်စားချင်သည့် ပမာ စိမ်းစိမ်းဝါးဝါး ကြည့် နေလေ၏။

ယွင်ယွီက မျက်လုံးဖွင့်ပြီး ကြည့်လိုက်ချိန်၌ ယင်းက ဘာမှန်း သိသွား၏။ သူမ တီးတိုး ပြောလိုက်သည်။

“အဲဒါက ကြွက်မိစ္ဆာပဲ”

ကြွက်မိစ္ဆာသည် မိစ္ဆာတစ်ကောင် အလွယ်တကူ ဖြစ်လာနိုင်သည်။ တိရစ္ဆာန်ဖြစ်ပြီး မြွေများ၊ မြေးခွေးများ၊ ရှုးကောင်များနှင့် ဖျံနီမျိုးတို့ ကဲ့သို့ သတ္တဝါမျိုးနှင့် တူသည်။ သူတို့ အားလုံးသည် ဒဏ္ဏာရီထဲရှိ မိစ္ဆာများ အလွယ်တကူ ဖြစ်လာနိုင်သည့် တိရစ္ဆာန်များ ဖြစ်သည်။ သို့သော်ငြား မိစ္ဆာဖြစ်ရန်လွယ်ကူသော်ငြား လူသားအသွင်ပြောင်းဖို့တော့ ပိုခက်ခဲ၏။ ဤကြွက်မိစ္ဆာသည် လူသားအသွင် ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

သူမသည် ကြွက်မိစ္ဆာကို စက္ကန့် တစ်ချို့ စိုက်ကြည့်မိပြီးနောက် သူ၌ သန်မာသည့် အရှိန်အဝါတစ်ခု ရှိတာကို ရှာတွေ့သွား၏။ ဖြစ်ကြောင်းကုန်စင် တစ်ခုလုံးကို ဝေဝါးဝါးဖြင့် နားလည်သွားပြီ ဖြစ်သည်။

ရွာထဲရှိ သက်ရှိပူဇော်မူ အားလုံးသည် သူ့ဆီရောက်တာ ဖြစ်သည်။ သူက လူတို့၏ အသက်ဓာတ်ကို စုပ်ယူသည်။ ထို့ကြောင့် သူသည် လူသား အသွင်ကို လျင်မြန်စွာ ပြောင်းလဲ နိုင်ခဲ့တာပဲ ဖြစ်သည်။

ပုံမှန်ဆိုလျှင် မကောင်းဆိုးဝါး တစ်ကောင်အဖို့ အသွင် ပြောင်းလဲရန် နှစ်ပေါင်းထောင်ချီ အချိန်ယူရသည်။ သူမသည် အသွင်ပြောင်းလဲထားသည့် မကောင်းဆိုးဝါးကို ယခင်က တစ်ခါမှ မတွေ့ဘူးပေ။ ယခုက ပထမဆုံး အကြိမ်ဖြစ်၏။ သို့သော် ၎င်းသုံးသည့် နည်းလမ်းသည် ကောင်းကင်နှင့် မိုးမြေ၏ ဆန္ဒကို ဆန့်ကျင့်နေသည်။ ဤနည်းလမ်းဖြင့် ကျင့်ကြံမူသည် လျင်မြန်စွာ အသွင်ပြောင်းလဲ နိုင်သော်ငြား ကျင့်ကြံစဉ် တက်ဖို့ကမူ ခက်ခဲသွားလေ၏။

ထိုကဲ့သို့ လူတို့ကို ထိခိုက်စေ ပြီး ကျင့်ဝတ်မညီသောနည်း ဖြင့် အသွင်ပြောင်းလဲခြင်းက ဝဠ်လည်မည်ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် နက်ရှိုင်းသော တောင်တန်းနှင့် တောအုပ်ထဲတွင်သာ ပုန်းနေနိုင်၏။

လူတို့သည် ယင်းက ကြွက်မိစ္ဆာ ဖြစ်ကြောင်း ကြားသိလိုက်ရချိန်၌ အံ့ဩပြီး ထူးဆန်းသွားကြသည်။

သူတို့ ဘဝတွင် လူသား အသွင်ဖြင့် မိစ္ဆာတစ်ကောင် ကို မြင်တွေ့ဖူးတာ ပထမဆုံး အကြိမ်ဖြစ်သည်။

စုန့်ချန်းမင်က လျှာနှစ်ချက်သပ်လိုက်သည်။ သို့သော်ငြား သူဘာပြောနေမှန်း မည်သူမှ မသိပေ။

ဤကြွက်မိစ္ဆာသည် ၎င်း၏ မူလ အသွင်ကို အလွန်သဘောမကျတာဖြစ်လောက်၏။ ဖော်ထုတ်ခံလိုက်ရချိန်တွင် ယွင်ယွီကို ဒေါသတကြီး ကြည့်လိုက်သည်။

“ပြီးမှ မင်းရဲ့ ခန္ဓာကိုယ်က အသက်ဓာတ်ကို စုပ်ယူမယ်”

၎င်းက နှုတ်ခမ်းသပ်လိုက်ပေ၏။ ကိုယ်ဝန်သည်များသည် ကောင်းမွန်သည့် အာဟာရ တစ်မျိုးဖြစ်သည်။

ထိုစကားများ ပြောပြောချင်း ချင်ယွီစွေ၏ မျက်နှာက အေးစက်သွားယုံသာမက ကျန်သည့် သူများလည်း ဒေါသထွက်သွားလေ၏။ စုန့်ချန်းမင်က ပြောလိုက်သည်။

“မင်းသေချင်နေတာပဲ”

သူသည် ကြွက်မိစ္ဆာကို မကြောက်ရွံ့ဘဲ မက်မွန်သားဓား ဖြင့် ၎င်းကို ထိုးစိုက်လိုက်၏။

လုံချီချမ်း၊ လုံဝမ့်ရင်းနှင့် ချင်ယွီစွေတို့ကမူ တာအို ဆရာတော်တုန်ဖူကို ဝိုင်းထားလျှက် ကျန်ရှိသည့် သုံးယောက်ကမူ ကြွက်မိစ္ဆာကို ဖြေရှင်းနေသည်။

ချင်ယွီစွေသည် ရုပ်လွန်ပညာ မတတ်သော်ငြား ဤနေရာရှိ ဘယ်သူကမှ သူ၏ လက်ဝှေ့စွမ်းရည်ကို မယှဉ်နိုင်ပေ။

တာအိုဆရာတုန်ဖူသည် ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံထားရသည်။ တိုက်ခိုက်နိုင်သည့် စွမ်းအား မရှိတော့သောကြောင့် ကြောက်လန့်တကြားသာ တိမ်းရှောင်နေသည်။

ဤနေရာရှိကြွက်မိစ္ဆာသည် လူသုံးယောက် လက်ထဲရှိ မိုးကြိုး ငါးသွယ်အဆောင်ကို အလွန်ကြောက်ရွံ့နေ၏။ ဤအဆောင်က သူ့ကို ထိခိုက်စေနိုင်သည်။ ခန္ဓာကိုယ်၌ အာဟာရများ ပြည့်နေသည့် သူက ကျင့်ကြံသူ တစ်ယောက်ဖြစ်နေပြီး မိုးကြိုး ငါးသွယ်အဆောင်တောင် ရှိလိမ့်မည်ဟု မထင်ထားပေ။

109 02

မိုးကြိုးငါးသွယ် အဆောင်သည် မကောင်းဆိုးဝါး ဝိညာဉ်များ၏ ရန်သူတော်ပဲ ဖြစ်သည်။ ၎င်းနှင့် ထိမိသည့် လူတိုင်း အပိုင်းပိုင်း အစစလွှင့်ထွက်သွားလိမ့်မည်။ ကြွက်မိစ္ဆာသည် လူသုံးယောက်ဝိုင်းတာ ခံထားရပြီး ကြောက်လန့်နေလေ၏။ ၎င်း၌ တိုက်ခိုက်ရေးအတွေ့အကြုံ အနည်းအကျဉ်းသာရှိပြီး တစ်နှစ်ပတ်လုံး သူသည် ရွာသားများ ကိုးကွယ်မူကို ခံခဲ့ရသည်။ လူသားများနှင့် မည်သည့် အချိန်ကများ တိုက်ခိုက်ဖူးသနည်း။ ယွင်ယွီနှင့် ကျန်သည့် သူများကမူ အတော်လေး အစွမ်းထက်၏။ ယွင်ယွီ၏ ကျင့်ကြံမူကလည်း မနှိမ့်ပေ။ သူမက လက်ချောင်းများကို လှုပ်ခပ်လျှက် ဂါထာတစ်ခု ရွတ်ဆိုလိုက်ချိန်တွင် ကြွက်မိစ္ဆာက ခဏ တစ်ဖြုတ် မလှုပ်မယှက်နိုင် ဖြစ်သွားသည်။ ချက်ချင်းပင် မိုးကြိုးငါးသွယ် အဆောင်နှစ်ခုက ပျံ့လွှင့်လာလျှက် ၎င်း၏ လက်တစ်ဖက်ဆီကို ပေါက်ကွဲသွားစေသည်။ ၎င်းက နာကျင်စွာ အော်လျှက် သွေးထွက်သွားသည်။

ယခု အချိန်တွင် ထိုလူများက သူ့ထက် ပိုသန်မာထားကြောင်း သိသွားပြီ ဖြစ်သောကြောင့် ပြောလိုက်သည်။

“ဒါနားလည်မူလွှဲရုံပါပဲ။ မင်းတို့ ဘာပဲလိုချင်လိုချင် ကူညီပေးနိုင်တယ်။ ပိုက်ဆံလိုချင်ရင် ပေးနိုင်တယ်”

သူမသည် ဤနှစ်များအတွင်း ရွှေငွေရတနာများစွာ စုဆောင်းထား၏။

“ဒီနေ့ မင်းအသက်ကိုပဲ လိုချင်တာ”

ယွင်ယွီက နှာခေါင်းရှုံ့လျှက် အဆောင်တစ်ခု လှမ်းပစ်လိုက်သည်။

သူမ သူတို့ကို အလွှတ်မပေးနိုင်။ ယနေ့ ထိုအပြစ်ကင်းသည့် လူများအတွက် သူတို့အသက်ဖြင့် ပေးဆပ်ခိုင်းရမည်။

ကြွက်မိစ္ဆာက ယွင်ယွီကို စိမ်းစိမ်းဝါးဝါး ကြည့်ကာ စူးရှုသော အသံဖြင့်ပြောလိုက်သည်။

“ငါနှစ်ပေါင်း တစ်ထောင် ကျင့်ကြံလာခဲ့တာ။ နင်တို့ ငါ့ကို ဒီနေ့ အနိုင်ယူနိုင်ရင်တောင် ဘာအကျိုးအမြတ်မှ ရှိမှာ မဟုတ်ဘူး။ ဘာကြောင့် ဒီလောက်ခေါင်းမာနေတာလဲ”

ယခင်ကဆိုလျှင် မှော်လက်နက်များစွာလိုအပ်၏ သူတို့ တကယ်တိုက်ခိုက်မည် ဆိုပါက အခြေအနေက အဆုံးသတ်မှာ မဟုတ်ပေ။

“အဓိပ္ပါယ်မရှိ ပြောတာ ရပ်လိုက်တော့”

“အဓိပ္ပါယ်မရှိတာတွေ ရပ်လိုက်တော့”

စုန့်ချန်းမင်က မက်မွန်သားဓားဖြင့် အရှေ့သို့ တဟုန်းထိုး တက်သွားပြန်၏။

ယခု အချိန်တွင် ယွင်ယွီက သူ့ကို အနည်းငယ် အားကျနေမိသည်။ သူမသည် အဆောင်ရေးဆွဲသည့် အရည်အချင်းမှအပ သူမ၌မှော်လက်နက်တစ်ချို့ လည်း ရှိသည်။ သူမ ဓားတစ်လက်ရှိရင် ကောင်းမည်ဆိုသော်ငြား ထို့ကဲ့သို့ တိုက်ခိုက်ရေး မှော်လက်နက်မျိုးက အလွန်ရှားပါးသည်။

နောက်တစ်လှည့် တိုက်ခိုက်ပြီးနောက် ကြွက်မိစ္ဆာသည် ၎င်း ပြောသည့် အတိုင်း မှော်လက်နက်များစွာ ထုတ်ယူလာသည်။

အပြင်းအထန် တိုက်ခိုက်ပြီးနောက် စုန့်ချန်းမင်နှင့် လုံချီရှောင်တို့သည် ဒဏ်ရာအနည်းအကျဉ်း ရထားပြီဖြစ်သည်။ ယွင်ယွီက အဆင်ပြေသော်ငြား ကျန်သည့် သူများသည် ဝိညာဉ်စွမ်းရည် ကုန်ခမ်းလုနီးပါး ဖြစ်နေသည်။

ရုတ်တရက် အပြင်ဘက်၌ ဆူညံသံပေါ်ထွက်လာသည်။

ယွင်ယွီနှင့် ကျန်သည့် သူများ လှည့်ကြည့် မိချိန်၌ လူများစွာ တဟုန်းထိုး ဝင်လာပြီး အမျိုးသားများနှင့် အမျိုးသမီးများစွာ ဖြစ်နေတာကို တွေ့လိုက်ရသည်။ သူတို့ အားလုံးက အသက်ကြီးပြီး အသက်လေးဆယ်ကျော် အရွယ်များ ဖြစ်ကြကာ သစ်သားတုတ်များ၊ ပုစိန်များ၊ မီးဖိုချောင်ဓားများနှင့် ပစ္စည်း ကိရိယာမျိုးစုံကို ကိုင်ထားကြသည်။

တာအိုဆရာတုန်ဖူကမူ သွေးအန်လျှက် အေးစက်စွာ ပြောလိုက်တော့သည်။

“နင်တို့ ဘယ်လို ထွက်သွားမလဲ ကြည့်ကြသေးတာပေါ့”

သူတို့သည် တောင်ခြေရှိ ကျားဖောကျေးရွာမှ ရွာသူရွာသားများပဲ ဖြစ်သည်။ တာအိုဆရာတုန်ဖူက သူတို့ကို မည်သည့် အချိန်က ဆက်သွယ်ခဲ့မှန်း မသိ၊ သူတို့တောင်ပေါ်သို့ တက်လာကြသည်။ သူတို့ထဲတွင် မနေ့တုန်းက သူတို့တွေ့ခဲ့ဖူးသည့် ရွာသူကြီး နှင့် မြစ်ကို ငှားထားသည့် တာဖူးတို့ ပါသည်။

109 03

သူတို့က ယွင်ယွီကို စိမ်းစိမ်းဝါးဝါး ကြည့်ကာ ခက်ထန်စွာ ကြည့်နေလေ၏။

ရွာသူကြီးက ဒေါသထွက်လွန်းသဖြင့် မုတ်ဆိတ်မွှေးများ ထောင်လာသည်။

“မင်းတို့တွေက တကယ်ဆိုးရွားတာပဲ။ မနေ့တုန်းက ငါ့ကို လှည့်စားဖို့ ကြိုးစားခဲ့ပေ့မဲ့ တောင်ပေါ်တက်ပြီး ပြဿနာ လာရှာတာကို ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ မင်းတို့က တောင်ပေါ်တက်ပြီး ပြဿနာ လာရှာနေတာကို။ အခု ချက်ချင်း ဒီကနေ ထွက်သွားကြ”

တာအိုဆရာ တုန်ဖူက ပြောလိုက်၏။

“သူတို့ကို ထွက်သွားခွင့်ပေးလို့ မရဘူး။ ဒီလူတွေက ရွာထဲက လူသားပူဇော်မှုအကြောင်း သိထားတယ်”

ရွာသားများသည် တာအိုဆရာတုန်ဖူ၏ စကားကို ကြားပြီး ချက်ချင်းပင် ဝိုင်းထားလိုက်၏။

တာအိုဆရာတုန်ဖူက ပြောလိုက်သည်။

“ဒီရွာသားတွေက အပြစ်ကင်းတယ်။ နင်တို့ ဘာလုပ်ရဲသေးလဲ ကြည့်အုန်းမယ်”

“အပြစ်ကင်းတယ်လား”

လုံချီရှောင်က နှာခေါင်း ရှုံ့လိုက်၏။

“သူတို့တွေက ပူဇော်ဖို့အတွက် လူ့အသက်တွေကို ဝယ်နေတာလေ။ ဒီထဲမှာ ဘယ်အပြစ်ကင်းတဲ့လူ ရှိလို့လဲ။ လူတွေကို ပူဇော်တာက ထိခိုက်စေတယ်ဆိုတာ မသိဘူးလား”

ရွာသားများ၏ မျက်နှာထားက ပြောင်းလဲသွားကာ လုံချီရှောင်ကို ရက်စက်သော အကြည့်များဖြင့် စိုက်ကြည့်နေ၏။

လုံချီရှောင်သည် ထို့လူများကို ဖြေရှင်းရမှာ ပျင်းရိလွန်းနေ၏။ စကားတစ်ခွန်းမှ မပြောဘဲ အနီးဆုံး ရွာသားတစ်ယောက်ကို ကန်ကျောက်လိုက်၏။ ထို့ကန်ချက်၌ ခွန်အားအကုန်သုံးထား၏။ ရွာသားက သွေးအန်တော့သည်။

ချင်ယွီစွေကလည်း ရွာသူရွာသားများကို တားရန် ရောက်လာကာ ယွင်ယွီကို ပြောလိုက်တော့သည်။

“ကိုယ် သူတို့ကို ဖြေရှင်းထားလိုက်မယ်။ မင်းတို့ ညီမတို့ ကျန်တဲ့ ကိစ္စတွေ ဂရုစိုက်လိုက်”

ယွင်ယွီက ခေါင်းညိတ်လျှက် မက်မွန်သားဓားကို စုန့်ချန်းမင်ဆီမှ ငှားလိုက်၏။

စုန့်ချန်းမင် ဝိညာဉ်စွမ်းအင်က ကုန်ခမ်းလုနီးပါး ဖြစ်နေသည်။ သူ့လက်ထဲ၌ မက်မွန်သားဓားက စွမ်းအား မရှိတော့ပေ။

ယွင်ယွီက မက်မွန်သားဓားကို ကိုင်လျှက် ကြွက်မိစ္ဆာကို ထိုးစိုက်လိုက်သည်။ သူမ မြန်လွန်းသဖြင့် ကြွက်မိစ္ဆာက မရှောင်နိုင်တော့ဘဲ ကျန်လက်တစ်ဖက် အထိုးခံလိုက်ရ၏။ ၎င်းက အော်ဟစ်ကာ ရှေ့သို့ တဟုန်ထိုး ဒဏ်ရာရနေသော်ငြား ယွင်ယွီဆီ ခုန်တက်လာသည်။

လုံချီရှောင်က မိုးကြိုး ငါးသွယ်အဆောင်ကို ပစ်လိုက်၏။ ၎င်းက သွေးမြူအဖြစ် ပေါက်ကွဲသွားကာ အော်ဟစ်ရပြန်သည်။

စူးရှသော အသံက အင်မတန် ထိုးဖောက်နိုင်၏။ ရွာသားများက ကျင့်ကြံထားခြင်း မရှိ။ သူတို့ခေါင်းများသည် သူတို့နားထဲ တဝီဝီ ဖြစ်ကုန်၏။

ရွာသားများသည် ချင်ယွီစွေကြောင့် တားမြစ်ခံလိုက်ရပြီး ယွင်ယွီနှင့် ကျန်သည့်လူများနား မကပ်နိုင်တော့ပေ။

သူက ဒေါသလည်း ထွက်ကာ မချင့်မရဲ ဖြစ်နေ၏။ ချင်ယွီစွေက လူတချို့ကို နာကျင်အောင် လုပ်ခဲ့သည်။

ကြွက်မိစ္ဆာသည် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး မျှော်လင့်ချက် မရှိတော့ပေ။ ခုခံနိုင်စွမ်း မရှိတော့ ၎င်းက ယွင်ယွီကို စိုက်ကြည့်လျှက် ရုတ်တရက် ဘေးမှ ရွာသားတစ်ယောက်ကို ဆွဲကာ ၎င်း၏ လက်သည်းကို ထုတ်လျှက် ချွန်ထက်သော လက်သည်းများကို ပေါ်ပေါက်လာစေသည်။ ၎င်းက ရွာသား၏ ခေါင်းထဲ လက်သည်းကို ထိုးစိုက်လျှက် အသက်စွမ်းရည်ကို ချက်ချင်း စုပ်ယူလိုက်သည်။ မတုံပြန်နိုင်ခင်တောင် သေသွားလေ၏။

ကြွက်မိစ္ဆာ၏ ဒေါသတကြီး စုပ်ယူခံရသည့် သူက ဖူတာဖူးပဲ ဖြစ်သည်။

109 04

ရွာသားများက ကြောက်လန့်လွန်းသဖြင့် သူတို့ မျက်နှာထားက ချက်ချင်းပြောင်းလဲ သွားတော့သည်။

“ဒါ ဘာလဲဟ”

“ဆရာတုန်ဖူ ဒါ ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ။ ကြောက်စရာ ကောင်းလိုက်တာ”

စုန့်ချန်းမင်က ပျက်ရယ်ပြုလိုက်၏။

“ခင်ဗျားတို့တွေက ကောင်းကင်ဘုံက နတ်ဘုရားတွေကို လူသားတွေနဲ့ ပူဇော်နေတယ်လို့ ထင်နေတာလား။ တကယ်တော့ ခင်ဗျားတို့တွေ ဒီနှစ် တစ်ချိန်လုံး ကိုးကွယ်ခဲ့တာ ဒီဟာကြီးပဲ။ နတ်ဘုရားတွေက ခင်ဗျားတို့ကို ကြွယ်ဝချမ်းသာလာအောင် လုပ်ပေးတယ် ထင်နေလား။ မင်းတို့တွေက အနာဂတ် မျိုးဆက်တွေရဲ့ ကောင်းချီးတွေကို စားသုံးနေရုံပဲ”

ရွာသားများ၏ မျက်နှာထားက ရုတ်ချည်းပြောင်းလဲ သွားတော့သည်။

တာအိုဆရာတုန်ဖူက မုန်းတီးသော လေသံဖြင့် ပြောလိုက်၏။

“သူတို့ရဲ့ အဓိပ္ပာယ်မရှိ စကားတွေ နားမထောင်နဲ့။ သူတို့ အားလုံးက ရှင်တို့ရဲ့ ကံကောင်းမူတွေကို ပိတ်ဆို့ချင်နေတဲ့ မကောင်းတဲ့ လူတွေပဲ”

ရွာသားများသည် တာအိုဆရာတုန်ဖူ၏ ဉီးနှောက်ဆေးခြင်း ခံထားရတာ ဖြစ်သည်။ သူမ ထို့သို့ ပြောတာကို ကြားသောအခါ သူတို့က ယွင်ယွီနှင့် ကျန်သည့်သူများကို ချက်ချင်းပင် စိမ်းစိမ်းဝါးဝါး ကြည့်လိုက်လေ၏။

စုန့်ချန်းမင်က ကျိန်ဆဲလိုက်၏။

“အရူးတစ်သိုက်”

ကြွက်မိစ္ဆာသည် လူတစ်ယောက်၏ အသက်စွမ်းအင်ကို ဝါးမျိုပြီးနောက် ၎င်းသည် နောက်ထပ် ရွာသားတစ်ယောက်ကို ချက်ချင်းဆွဲခေါ်ကာ သူ၏ အသက်စွမ်းအင်ကို စုပ်ယူလိုက်သည်။

ရွာသားများသည် တောင်မခံနိုင်တော့ပေ။ သူတို့က ကြွက်မိစ္ဆာနှင့် စာချူပ်ချုပ်ထားပြီး ဖြစ်သောကြောင့် ထိုအကြောင်းကို ရှာဖွေဖော်ထုတ်ပြီး ဖြစ်လောက်သည်။

တစ်စုံတစ်ယောက်က ကြောက်လန့်တကြား အော်လိုက်လေ၏။

“ငါတို့ ဘာလို့ ပုန်းလို့ မရတာလဲ”

ယွင်ယွီက တည်ငြိမ်စွာ ပြောလိုက်သည်။

“သူနဲ့ စာချုပ်ချုပ်ထားတာကြောင့် မင်းတို့ရဲ့ အသက်ကို အလိုအလျှောက် ကမ်းလှမ်းရာ ရောက်သွားတာပဲ။ ဒီနှစ်တွေထဲ သူက မင်းတို့ ဝယ်လာတဲ့ လူတွေကို စုပ်ယူခဲ့တာ။ အခု ဘယ်သူမှ မရှိတော့ဘူးဆိုတော့ မင်းတို့ရဲ့ အသက်စွမ်းအင်ကို စုပ်ယူတာပေါ့”

ဤလူများက ခံသင့်ပေ၏။ သူတို့အတွက် မည်သူမှ မသနားပေ။

ဤကြွက်မိစ္ဆာသည် လူ ၇ ယောက်၊ ၈ ယောက်ကို ချက်ချင်း သတ်ဖြတ်ခဲ့သည်။ ရွာသားများက ၎င်း မသတ်တော့ကြောင်း ရှာတွေ့သွားချိန်၌ ချက်ချင်းပင် အခန်းထဲမှ ထွက်ပြေးသွားလေ၏။

တာအိုဆရာတုန်ဖူက ဒေါသကြောင့် ရင်ဘတ်အောင့်လာသည်။ သူက အတွင်းဒဏ်ရာ ရထားပြီးသား ဖြစ်ကာ ခုခံ နိုင်စွမ်း မရှိတော့ပေ။

နောက်ထပ် မိုးကြိုး ငါးသွယ်အဆောင်ဖြင့် ထိမှန်ခံရပြီး မြေပြင်ပေါ် လဲပြိုသွားကာ မလှုပ်မယှက်နိုင်ဖြစ်သွားပြီး သွေးများ ပါးစပ်ထဲမှ စီးကျလာ၏။ သူ၏ နှုတ်ခမ်းများက တဖြည်းဖြည်းချင်း ဖြူဖျော့လာ၏။ သူက ကြွက်မိစ္ဆာကို ကြည့်ပြီး ပြောလိုက်၏။

“ငါ့ကို ကယ်ပါအုန်း”

သို့သော်ငြား သူမ မသေမျိုးအဖြစ် သတ်မှတ်ထားသည့် မိစ္ဆာကမှု သူမကို လျစ်လျူရှူထားပြီး သူ့ဘာသညသူ အလုပ်များနေ၏။

ဆိုရလျှင် တာအိုဆရာတုန်ဖူသည် သာမန်လူသားတစ်ယောက်သာ ဖြစ်၏။ သူသည် မိုးကြိုးငါးသွယ်အဆောင်ဖြင့် ရင်ဘတ်ကို ရိုက်နှိက်ခံရပြီးနောက် ဆေးရုံသို့ အချိန်မှီ မသွားနိုင်လျှင် သေလိမ့်မည်။

သူမခေါင်းအထက်ရှိ ခမ်းနားထည်ဝါသော ရွှေရောင်မျက်နှာချက်ကို စိုက်ကြည့်နေမိသည်။ သူမ ထို့အရာကို ရရန် တစ်ဘဝလုံး ကြိုးစားအားထုတ်ခဲ့၏။ သူမ မသေချင်သေးပေ။ သူမ အသက်ရှင်ချင်သည်။ သူမ ကျင့်ကြံပြီး သာလွန်သည့် လူတစ်ယောက် ဖြစ်လာချင်မိသည်။ သို့သော် ထို့အခွင့်အရေး မရှိတော့ပေ။

109 05

သူမမျက်လုံးထဲရှိ အသက်စွမ်းအင်က တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။

ရွာသားများသည် တာအိုဆရာတုန်ဖူ သေသွားတာကို မြင်လိုက်ရချိန်၌ ကြောက်လန့်မှုကြောင့် တုန်ယင်သွားကာ တောင်အောက် ပြေးဆင်းလေ၏။

ယွင်ယွီသည် အားလုံးကို လျစ်လျူရှုထားလျှက် မက်မွန်သားဓားကို လုံချီရှောင်အား ပစ်ပေးလျှက် သူ့ကို ကြည့်လိုက်သည်။ လုံချီရှောင်ကမှု သူမရည်ရွယ်ချက်ကို နားလည်ကာ မက်မွန်သားဓားကို ယူပြီး ခက်ထန်သော အကြည့်ဖြင့် ကြွက်မိစ္ဆာကို စိုက်ကြည့်လိုက်သည်။

ကြွက်မိစ္ဆာသည် ယွင်ယွီက ဂါထာတစ်ခု ရွတ်ဆိုတော့မည်မှန်း သိနေ၏။ ထို‌ကြောင့် သူက အော်ဟစ်ကာ ယွင်ယွီဆီ ပြေးသွားလိုက်သည်။ ကျန်ရှိသည့် သူများက ချက်ချင်းပင် ကြွက်မိစ္ဆာကို တားလေ၏။

ယွင်ယွီသည် မိုးကြိုးဂါထာတစ်ခုကို ရွတ်ဆိုပြီး သူမမျက်နှာက ချက်ချင်း ဖြူဖျော့သွားလေ၏။ ဝေဟင်ထဲ၌ မိုးချိန်းသံ တစ်ခု ပေါ်ထွက်လာပြီး မည်သည့်နေရာကမှန်း မသိ။ မိုးကြိုးသွားတစ်ခု ပေါ်လာကာ ခေါင်မိုးကို ပစ်ခွင်းလာတော့သည်။

လုံချီရှောင်က ကြွက်မိစ္ဆာကို ထိုးစိုက်ထားပြီးနောက် ၎င်းသည် ရှောင်တိမ်းရန် နေရာ မရှိတော့ပေ။

သူ ထိုးစိုက်လိုက်သည့် နေရာက ကြွက်မိစ္ဆာ၏ စွမ်းအားဗဟိုချက် တည်နေရာပဲ ဖြစ်သည်။ မိုးကြိုး ပစ်ခံရပြီး စွမ်းအားဗဟိုချက် ထိုးစိုက်ခံလိုက်ရ၏။ ၎င်းသည် သူ့ရှေ့ရှိ လူများကို ပဲသီးစိမ်းကဲ့သို့ ကြီးမားသည့် ကြွက်မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေ၏။ နှစ်ပေါင်း တစ်ထောင်ကြာ ကျင့်ကြံလာခဲ့မှုသည် ချက်ချင်း ဖျက်စီး ခံလိုက်ရတာကို သူ လက်မခံနိုင်ပေ။ သေမည်ဆိုလျှင်တောင် ထိုလူများအားလုံးကို သူနှင့်အတူ သေစေချင်မိသည်။

ချင်ယွီစွေသည် ကြွက်မိစ္ဆာ၏ မျက်လုံးထဲရှိ ထူးဆန်းသော အကြည့်ကို သတိပြုမိသွားကာ ယွင်ယွီကို ကာကွယ်ရန် သူ့ဆီအလိုလို ရွေ့သွားလျှက် သူမကို တင်းကြပ်စွာ ကာပေးထားလိုက်၏။

++++++

All Chapters