အခန်း ၁၂၈
Vol. 13 Ch. 128
128 01
အပိုင်း 128
ချင်ယွီစွေ ပြန်ရောက်လာချိန်တွင် ယွင်မိသားစုမှ သားအမိသည် ထွက်သွားပြီဖြစ်သည်။
ထိုအကြောင်းကို ကြားသောအခါ မျက်မှောင်အနည်းငယ် ကြုတ်မိသွား၏။ များများစားစားမပြောဘဲ သူက နေ့လည်စာပြင်ရန်အတွက် မီးဖိုချောင်ထဲ သွာလိုက်သည်။
နေ့လည်စာစားပြီးနောက် သူက ယွင်ယွီကို ပြောလိုက်လေ၏။
“နောင်ကျ သူတို့ မင်းအိမ်ကို လာတဲ့ အချိန် သူတို့ကို အာရုံမစိုက်နဲ့”
ယွင်ယွီက သူ့ရင်ခွင်ထဲဝင်ကာ မှီထားလျက် အလွန်ဇိမ်ကျနေပုံပေါ်သည်။
“ကျွန်မ သိတယ်။ သူတို့ကို ထပ်မတွေ့တော့ဘူး။ ဒီတစ်ခေါက် နီရွှယ်ကျောင်း အင်မတန် ဒေါသထွက်သွားလောက်တယ်။ ဒီတော့ ကျွန်မတို့ကို ထပ်လာရှာမှာ မဟုတ်ဘူး”
တကယ်တော့ သူမသည် သူတို့ကို ဖြေရှင်းရမှာ စိတ်မရှည်ဖြစ်နေတာပင်။
ရှဲ့လဲ့နှင် ယွီနီတို့သည် တော်ဝင်မြို့တော်တွင် ညအချိန် အနားယူနေစဉ်ကာလအတွင်း ချင်ယွီစွေက ရှဲ့လဲ့ကို ခေါ်လိုက်သည်။ ရှဲ့လဲ့နှင် ယွင်နီက မြို့တော်သို့ ပြန်ရောက်နေကြပြီဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က သူတို့ မစ်ရှင်တစ်ခု ပြီးမြောက်ခဲ့၏။
ချင်ယွီစွေက ရှဲ့လဲ့ကို နီရွှယ်ကျောင်းနှင့် နီမိသားစုအကြောင်း စုံစမ်းစစ်ဆေးရန် အကူအညီတောင်းခဲ့သည်
နှစ်ရက်အကြာတွင် ရှဲ့လဲ့က နီမိသားစု၏ အချက်အလက်များပေးလာလေသည်
နီမိသားစုသည် အစောပိုင်းနှစ်များ၌ ဆေးရွက်ကြီးနှင့် အရက်ဆိုင်ကို စီမံရင်း ပိုက်ဆံများစွာ ရှာနိုင်ခဲ့သည် နောက်ပိုင်းသူတို့က ဆေးရွက်ကြီးနှင့် အရက်ဆိုင်များစွာ ပိုင်ဆိုင်ခဲ့ပြီး မိသားစုက အတော်လေး ကြွယ်ဝချမ်းသာလာသည် နီရွှယ်ကျောင်း အိမ်ထောင်ကျပြီးနောက် သူမ၏ မိသားစုသည် ခန်းဝင်ပစ္စည်းအဖြစ်သူမအား ဆိုင်နှစ်ဆိုင်ပေးခဲ့၏
နီရွှယ်ကျောင်းသည် သူမ၏ အခြားသော စီးပွားရေးလုပ်ငန်းကို မည်သို့ လုပ်ရမည်မှန်း မသိသောကြောင့် ဆေးရွက်ကြီး နှင့် အရက်သာ ဆက်ရောင်းခဲ့သည်။ သို့သော် ယခုအခါ စီးပွားရေး ကြပ်တည်းနေပြီး အမြတ်သိပ်မရပေ။ ထို့ကြောင့်သူမက စီးကရက် အတုများနှင့် အရက်များကို စတင်ရောနှောပြီး ရောင်းချတော့၏။
စီးကရက်အတုနှင့် အရက်တို့ ရောင်းချခြင်းသည် ဥပဒေကို ဆန့်ကျင်နေတာပဲဖြစ်သည်။
စစ်ဆေးခံရပြီးနောက် ထိုလူသည် ထိန်းသိမ်းခံရပြီး ဒဏ်ကြေးရိုက်ခံရနိုင်မည် ပြင်းထန်လျှင် ထောင်တောင် ချခံရမှာပဲဖြစ်သည်။
ချင်ယွီစွေက ထိုမိသားစုကို ယွင်ယွီအား ဆက်မနှောက်ယှက်စေချင်တော့ပေ။ ထိုကြောင့် ရှဲ့လဲ့အား ဤ ကိစ္စကို ဖြေရှင်းရန် အကူအညီတောင်းလိုက်၏။ စုံစမ်းစစ်ဆေးရန် ရဲကို ခေါ်လိုက်တာနဲ စတင်တာ သဘာဝကျသည်။
ထိုကိစ္စရပ်များသည် နီရွှယ်ကျောင်းကို စိုးရိမ်ပူပန်ပြီး စိတ်ရှုပ်ထွေးသွားစေဖို့ လုံလောက်သည်၊ ယွင်မောက်လျန်က ထိုကိစ္စကို ရှာတွေ့ပြီးနောက် ဂရု မစိုက်ခဲ့ချေ။ နီရွှယ်ကျောင်း၏ ဆိုင်နှစ်ဆိုင်က သူမ နာမည်အောက်တွင် ရှိနေတာဖြစ်သည်။ ယွင်မောက်လျန်သည် အစောပိုင်းနှစ်များ၌ ပိုက်ဆံတချို့ရှာနိုင်ခဲ့ကာ ကိုယ်ပိုင် ကုမ္ပဏီလေး တစ်ခု ဖွင့်ခဲ့၏။ ထို့ထက်ပိုသည်က သူသည် နီရွှယ်ကျောင်းအတွက် ခံစားချက်မရှိတော့ဘဲ သူမကို ရွံရှာနေပြီဖြစ်၏။ နီရွယ်ကျောင်း ထိန်းသိမ်းခံရတာ သိပြီးနောက် သူသည် ပစ္စည်းတချို့ ထုတ်ပိုးကာ ယွင်ဝေးဝေးကိုတောင် ဂရုမစိုက်ချင်တော့ပေ။ သူက သူ့သားနှင့်အတူ ထွက်သွားလေ၏။
ယွင်ယွီသည် သူမကို အနှောက်အယှက်ပေးမည့် အရာများကို ဂရုစိုက်မနေဘဲ ကိုယ်ဝန်ကိုသာ အာရုံစိုက်နေ၏။
တောင်ကုန်းပေါ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကလဲ ဖြည်းဖြည်းချင်း စတင်နေသည်။ ယွင်ယွီက အရာအာလုံးကို လျစ်လျူရှုထားလျှက် အိပ်စားလျှက် နေ့စဉ်နေ့တိုင်း ကျင့်ကြံနေသည်။ အားလပ်ချိန်များတွင် ချင်ယွီစွေနှင့်အတူ ရွာနားတဝိုက် လျှောက်သွားတတ်သည် ။
128 02
သူမသည် အိမ်ရှိ ရွှေငါးကန်ကို ဝိဉာဉ်စမ်းရည် အမြဲတစေ ထည့်ပေးသောကြောင့် ဖြစ်ဟန်တူသည်။ ရေစည်နှင့် အဖွားဝမ်၏ အိမ်ရှိ ရေတွင်းပတ်ဝန်းကျင်၌ ဝိဉာဉ်စွမ်းအင်တို့က ပိုမို ကြွယ်ဝလာ။၏ အလွန်ကြွယ်ဝသည်ဟု ဆို၍ မရသော်ငြား အခြားနေရာများရှိ နည်းပါးသော ဝိဉာဉ်စွမ်းအင်ထက်တော့ ပိုများသေးသည်။
အနည်းဆုံးတော့ ယွင်အိမ်နှင့် တစ်ကီလိုမီတာ ဝန်းကျင်တွင် ရောက်လာသည့် လူတို့သည် လေက တခြားနေရာထက် ပိုလတ်ဆတ်သည်ဟု ခံစားမိကြတာပဲဖြစ်သည်။
အနီးအနားရှိ ပေါ့ပလာပင်မှ သစ်ရွက်များသည် အခြားနေရာများထက် သစ်ရွက်ကြွေတာ နောက်ကျသည်။ ရွာထဲရှိ ပေါ့ပလာပင်နှင့် ကျိုင်းပင်များကမူ သစ်ရွက်များမရှိတော့ဘဲ သစ်ရွက် ကတုံးများ ဖြစ်ကုန်လေသည်။ သို့သော် သူမ အိမ်နားရှိ ပေါ့ပလာပင်ကမူ ဝါနေသေးပြီး မြေပြင်၌ သစ်ရွက်ဝါများ ပြည့်နေကာ အင်မတန် လှပနေလေ၏။
ညစာစားပြီးနောက် ယွင်ယွီသည် ချင်ယွီစွေနှင့်အတူ အိမ်နားတဝိုက် လမ်းလျောက်ရတာ သဘောကျသည် ။
ယွင်ယွီ ကိုယ်ဝန်လွယ်ထားရချိန်တွင် သူမက ဖုန်းရွှေပညာဖြင့် ကူညီပေးတာ ရှားသည်။ သူမက ဝေ့ပေါ်ပေါ်၌ ရှေ့ဖြစ်ဟောခြင်းသာ လုပ်ပေးသည်။ တခြားနည်းလမ်း မရှိပေ။ သူမဗိုက်က လေးသထက် လေးလာပြီး သူမလှုပ်ရှားရမှာ အနည်းငယ် တွန့်ဆုတ်နေလေ၏။ အလွန်ဆုံးမှ သူမသည် ညအချိန်တွင် ငိုနေသော ကလေးအတွက် အိမ်၏ ဖုန်းရွှေကို ကြည့်ပေးခြင်းနှင့် သေသူတို့ အတွက် သင်္ချိုင်းနေရာရွေးပေးခြင်း စသော အသေးအမွှားကိစ္စများကို ဖြေရှင်းရာ၌ ရွာသားများကို ကူညီပေးခဲ့သည်။
ဘဝက အတော်လေး အဆင်ပြေလှသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ကြီးကြပ်သူ တစ်ယောက်ရှိသည်။ ထို့ကြောင့် ချင်ယွီစွေသည် တစ်ချိန်လုံး စောင့်ကြည့်နေဖို့ မလိုအပ်ပေ။
ဇန်နဝါရီလ အလယ်တွင် နေ့ရက်များတိုတိုနှင့် ကုန်ဆုံးလာချိန် ကျန်းရွှီမြို့၌ နှင်းများသည်းထန်စွာ ကျလာပြီး လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်မှ ရပ်သွားလေသည။
ယခုဆို မြေပြင်၌ နှင်းများ ပြည့်နေပြီ ဖြစ်ကာ ယွင်ယွီ၏ ဘဝက ပိုဇိမ်ကျလာတော့သည်။
သူမသည် သေရေးရှင်ရေး ကိစ္စမဟုတ်သရွေ့ ရွာထဲရှိ လူတို့၏ အကူအညီတောင်းခြင်းကို ငြင်းဆန်ခဲ့သည် ။
ငြင်းရသည့် အကြောင်းအရင်းမှာ သူမဗိုက်က ကြီလွန်းနေသောကြောင့်ဖြစ်သည် ။
သူမ ကိုယ်ဝန်က ရှစ်လရှိပြီဖြစ်ကာ နှစ်လ မပြည့်မီမွေးဖွားလိမ့်မည်။ သူမ၏ ခြေလက်များနှင့် မျက်နှာအရ ဗိုက်ကို ဖုံးထားချိန်တွင် ကိုယ်ဝန်ဆောင်တစ်ယောက်ဟု မပြောနိုင်သော်ငြား သူမ လှုပ်ရှားနိုင်စွမ်းက အကန့်အသတ် ရှိသည်။ သူမ လမ်းလျောက်ချိန်တွင် ယခင်ကကဲ့သို့ ဖြတ်လတ်မှုမရှိတာကို မြင်နိုင်ပေ၏။
ရွာသားများသည် သူမ မွေးတော့မည်မှန်း သိနေသောကြောင့် အရေးကြီး ကိစ္စမဟုတ်လျှင် လာမနှောက်ယှက်ကြပေ။
ထိုကာလအတွင်းယွင်ယွီက အွန်လိုင်းပေါ်၌ ရှေ့ဖြစ်ဟောမှုကိုသာ ကူညီခဲ့ပြီး အိမ်သို့ လာရောက်လည်ပတ်ရန် လိုအပ်သည့် ဖုန်းရွှေတိုင်ပင် ဆွေးနွေးမှုများကိုလဲ ငြင်းဆန်ခဲ့၏ ။အဆင်မပြေကြောင်းသာ ပြောခဲ့သည် ။
ချင်ယွီစွေကမူ နေ့လည်ခင်းချိန်၌တွင် ဘမ်းမုန့်ဆိုင်သို့ ဟင်းသီး ဟင်းရွက်ခြင်းများ ပို့ပေးတတ်ပြီး ကျန်သည့်အချိန်တွင် ယွင်ယွီနှင့် အတူ နေလေ၏။ ယွင်ယွီက နွေဦး၌ မွေးဖွားတော့မည့် အချိန်တွင် သူက အင်မတန် စိုရိမ်ပူပန်နေသည်။ ယွင်ယွီ အဆင်ပြေစေရန် ညအချိန်တွင် အကြိမ်ပေါင်းများစွာ ထလာတတ်၏။
ယွင်ယွီ၏ ဘမ်းမုန့်ဆိုင်ကမူ ဆောင်းတွင်း၌ ကြက်သွန်မိတ်မရှိ ထို့ကြောင့် ကြက်သွန်မိတ်နှင့် ကြက်ဥ အစာသွပ်နေရာတွင် မှိုနှင့် ကြက်ဥ အစာသွပ်ကို အစားထိုးလိုက်၏ ယင်းကလဲ အရသာရှိလှပေသည်
ဘမ်းမုန့်ဆိုင်လုပ်ငန်းသည် ယခင်ကကဲ့သို့ ကောင်းမွန်နေသေးဆဲဖြစ်သည်။ ယွင်ယွီက ထိုအကြောင်းများများစားစား စိတ်ပူနေစရာမရှိခဲ့ပေ။ ယွင်လန်သည် ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ ကိစ္စရပ်များကို ဂရုစိုက်သည့်အပြင် အဖွားယွင်၏ ဘမ်းမုန့်ဆိုင်၌ ကူညီပေးရန် လူတစ်ယောက် ငှားထား၏။
ရွာထဲရှိ နောက်ထပ် အဖွားအိုတစ်ယောက်ဖြစ်သည်။ အဖွားချန်ဟု အမည်ရသည်။ သူမက အသက်ငါးဆယ် ဝန်းကျင်ရှိပြီဖြစ်၏။ သူမ၏ ကလေးများအားလုံးက အခြားနေရာတွင် အလုပ်လုပ်နေပြီး အိမ်တွင် သူမတစ်ယောက်သာ ရှိ၏။
128 03
အဖွားယွင်သည် သူမကို သနားမိသည်။ အဖွားချန်က သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နေကာ လုံ့လ ဝီရိယရှိတာကိုလဲ မြင်ထားသောကြောင့် ဘမ်းမုန့်ဆိုင်၌ ကူညီပေးရန် ခေါ်ခဲ့ကာ တစ်လလျှင် ယွမ်နှစ်ထောင် ပေးလေ၏။
ယွင်လန်သည် နေ့စဉ်နေ့တိုင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အလုပ်များနေသည်။ သူမ ထိုနေရာမှ မထွက်သွားနိုင်ချေ။ ကုန်ပစ္စည်းများမှာယူခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း၏ အမျိုးမျိုးသော ဘတ်ဂျတ်တို့ကို တွက်ဆရင်း အလုပ်များနေ၏။
မိသားစုထဲရှိလူတိုင်း အလုပ်အလွန်များနေပြီး ယွင်ယွီက ကူညီချင်သော်ငြား မည်သူမှ သူမကို ကူညီခွင့် မပေးဘဲ သူမ၏ ကိုယ်ဝန်ကို ဂရုစိုက်ဖို့သာ ပြောခဲ့သည်။
ယွင်ယွီသည် လတ်တလော၌ စွံပလွန်သီး ဆန်ပြုတ်သောက်ရတာ နှစ်သက်နေသည်။ ချင်ယွီစွေက မနက်တိုင်း သူမကို ဆန်ပြုတ်ချက်ပေးတတ်ကာ ကြက်ဥများ ထည့်ပေးလျှက် အရံဟင်း ပေါ့ပေါ့ပါးပါးနှစ်ခွက် ကြော်ပေးသည်။
စွံပလွန်သီးသည် ယွင်မိသားစု ခြံဝန်းအပြင်ဘက်ရှိ စွံပလွန်ပင်၌ ပေါက်တာဖြစ်သည်။ အဖိုးယွင်နှင့် အဖိုးယွင်တို့ လက်ထပ်ထိမ်းမြားစဉ်က စိုက်ပျိုးထာသော အပင်လည်း ဖြစ်သည်။ ယခုနှစ် စွံပလွန်သီးများက ကြီးပြီး ချိုသည်။ အားလုံးကို လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ကောက်ထားတာဖြစ်သ။ည် အပင်သည် ယခုနှစ်၌ အသီးများစွာသီးခဲ့ကာ ယွင်ယွီသည် ဆွေမျိုးသားချင်းတချို့နှင့် မိတ်ဆွေများကို ပေးခဲ့၏။
စွံပလွန်သီး အရသာက တကယ်ကောင်းသောကြောင့် သူမသည် နောက် နှစ်နွေဦး၌ ဧက တစ်ဒါဇင်ခန့် စိုက်ပျိုးရန် စဉ်းစားထားသည်။ မည်သည့်နည်းနှင့်မဆို တောင်ပေါ်၌ နေရာလွတ်များစွာ ရှိနေသေးသည်။
တရုတ်နှစ်သစ်ရောက်ရန် လဝက်ခန့်သာ လိုတော့သည်။
အဖွားယွင်နှင့် သူမမိသားစုက အသားများချက်ရန် နေ့စဉ်နေ့တိုင်း အားလပ်ချိန်များကို သုံးလေ၏။ ကြက်သား၊ဘဲနှင့် ငန်းသားများအားလုံးသည် အိမ်တွင် မွေးမြူထားသည့် မွေးမြူရေးတိရစ္ဆာန်များမှဖြစ်သည်။ ဝက်နှင့် အမဲတို့ကို ရွာသားတို့ဆီမှ ဝယ်ခဲ့၏။ အားလုံးက အိမ်တွင် ကြီးထွားလာဖြစ်ပြီး အရသာ အလွန်ကောင်းသည်။ ငါးကို ဟယ်ချင်းကန်ထဲမှ ဖမ်းထားတာဖြစ်၏။ သူတို့သည် အသားအားလုံး နှပ်ထားပြီးသားဖြစ်ကာ နှစ်သစ်ကူးမတိုင်မီ အမျိုးမျိုးသော အသားလုံးကြော်များ စောင့်နေရန်သာဖြစ်သည်။
တရုတ်နှစ်ကူး ရောက်ခါနီးသည်နှင့်အလျှောက် ယွင်ယွီသည်လည်း စိတ်လှုပ်ရှားလာသည်။ နေ့စဉ်နေ့တိုင်း ယင်းကို စောင့်စားမျှော်လင့်နေမိသည်။ ယင်းက ကမ္ဘာမြေပေါ်တွင် သူမ၏ ပထမဆုံးနှစ်ကူးဖြစ်ပြီး သူမနန်းတော်တွင် ရှိခဲ့စဉ်ကနှင့် မတူညီပေ။ သူမ မင်းသမီးတစ်ပါးဖြစ်စဉ်က ကျန်သည့်အရာများကို ဂရုစိုက်စရာ မလိုအပ်ခဲ့ချေ။ သူမ၌ အတွေ့အကြုံမရှိခဲ့ပေ။ တရုတ်နှစ်ကူး၌ နန်းတော်တွင် အရေးပါသည့် အရာရှိများ၏ မိသားစုများကို နှစ်ကူးစားသောက်ပွဲအတွက် ဖိတ်ကြား၏။ မင်းသမီး တစ်ပါးအနေဖြင့် သူမက စကားပြောဆိုရန် မလိုအပ်ဘဲ အမြင့်တစ်နေရာ၌ ထိုင်ကာ စားသောက်ပြီးချိန်၌ စောစောစီးစီး ထွက်ခွာလာကာ အိပ်ခန်းသို့ပြန်၏။
သို့သော် ယင်းက အတော်လေး အထီးကျန်စရာ ကောင်းလှပေသည်။
မင်းသမီးတစ်ပါးအနေဖြင့် သူမ၌ အရည်အချင်းများစွာရှိကာ ပိုက်ဆံအခကြေးငွေ မတောင်းခံဘဲ မြို့တော်ရှိလူတို့ကို မကြာခဏ ကူညီပေးတတ်၏။ လူတိုင်းက သူမကို သဘောကျကာ လေးစားမှုများပြည့်နေသည့် ချစ်ခြင်းမေတ္တာမျိုးဖြစ်သည်။
လူတိုင်းက သူမကို မင်းသမီးလေးတစ်ပါးပမာ ရှုမြင်ကြလျှက် လေးစားချစ်ခင်စွာ ဂရုစိုက်ကြလေ၏။
ရှန်လုသည်သာလျှင် စားသောက်ပြီးနောက် သူမကို သာမာန်မိန်းကလေးတစ်ယောက်ပမာ ဝတ်စားခိုင်းစေလျှက် တိတ်တဆိတ် ဆော့ကစားဖို့ နန်းတော်အပြင်သို့ ခေါ်ထုတ်တာဖြစ်သည်။
သို့သော် ယင်းက တရုတ်နှစ်ကူး ကာလရှိ အကျိုးအမြတ်တစ်ခုသာဖြစ်သည်။
ယွင်ယွီသည် မြို့စားအိမ်၏ သားတော်တစ်ပါး ဖြစ်သော်ငြား သူမ၏ သက်တော်စောင့်ဖြစ်ရန် ရွေးချယ်ခဲ့သည့် ရှန်လုလီကို တွေးမိချိန်၌ အနည်းငယ် အာရုံထွေပြားသွားတော့သည်။
သူမသည် ဂင်ဂိုပင်အကြောင်း ခံစားကြည့်မိသောအခါ ရံရွှေတော်ဆီမှ ရှန်လုလီသည် သူမသေဆုံးပြီးနောက် အသက်မရှင်ခဲ့ကြောင်း သိလိုက်ရသည်။ သူမ သက်ပြင်း ချမိသွားလေ၏။
128 04
ချင်ယွီစွေက သူမကို လှည့်ကြည့်လာသည်။
“ဘာလို့ သက်ပြင်းချတာလဲ”
ယွင်ယွီက သူ့ကို မှီထားလျှက်ပြောလိုက်သည်။
“မိတ်ဆွေဟောင်းတချို့ကို တွေးမိလို့ပါ”
သူမ ချင်ယွီစွေကို ချစ်မိသွားချိန်မှစပြီး အတိတ်ဘဝတွင် သူမက ရှန်လုလီအတွက် မောင်နှမ မေတ္တာမျိုးသာရှိပြီး အခြားသော အတွေးမရှိကြောင်း ရှင်းရှင်းလင်းလင်းသိခဲ့သည်။ သို့သော် သူက သူမကြောင့် သေခဲ့လေ၏။ သူ့အတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။ သူမိသားစုကောင်း၌ ပြန်လည်မွေးဖွားပြီး နောင်ဘဝ၌ မိန်းမကောင်းလေးတစ်ဦးကို လက်ထပ်ဖို့ သူမမျှော်လင့်မိသည်။
ယွင်ယွီသည် အခြားအရာကို တမ်းတရန် အချိန်မရှိပေ။
နှစ်ကူးရောက်ခါနီးသည်နှင့် ယွင်မိသားစုက အလုပ်စများလာတော့သည်။
ဆယ့်နှစ်လမြောက်၏ နှစ်ဆယ့်သုံးရက်မြောက်နေ့သည် မီးဖိုချောင်နတ်ဘုရားကို ပူဇော်သည့် နေ့ဖြစ်ကာ လူတို့သည် အမွေးတိုင်နှစ်ချောင်း ထွန်းညှိလျှက် မီးဖိုချောင်သို့လာကာ သစ်သီး ဝလံများ ဖယောင်းတိုင်များဖြင့် မီးဖိုချောင်နတ်ဘုရားကို ပူဇော်ကြလေသည်။
အတိတ်တုန်းက မီးဖိုချောင် နတ်ဘုရားကန်တော့သည့်နေ့က အလွန်ဒုက္ခများခဲ့သော်ငြား ယခု ရိုးရှင်းသွားပြီဖြစ်သည် ။
နှစ်ဆယ့်လေးရက်မြောက်နေ့က အိမ်သန့်ရှင်းရေးနေ့ဖြစ်ကာ အဖွားယွင်နှင် အမေယွင်တို့က ခြံဝန်းကို သန့်ရှင်းရေးလုပ်ကြသည်။ အိမ်သစ်အတွက် အိမ်အကူတစ်ယောက် ငှားခဲ့၏။ ယွင်ယွီနှင့် ချင်ယွီစွေတို့ကမူ ပြတင်းပေါက်ပေါ်ရှိ ဖုန်များကို လှည်းကျင်းပြီး လှေကားကို ကြက်မွှေးဖြင့် လှည်းကျင်းခဲ့၏။ ကြမ်းတိုက်ပြီးနောက် သန့်ရှင်းသွားပြီဖြစ်သည်။
ယွင်ယွီက ချင်ယွီစွေဘက် ပြုံးကာ လှည့်ကြည့်လိုက်မိသည်။
နောက်ပိုင်း ရက်များက နှစ်ကူးသည့်ပစ္စည်းများကို ပြင်ဆင်ရန်ပင်ဖြစ်သည်။ အဖွားယွင်သည် အားလုံးကို ပြင်ဆင်ထားပြီး ဖြစ်ကာ ယွင်ယွီကို ဘာမှမပြင်ဖို့ပြောခဲ့၏။ ထို့ကြောင့် သူမ ပို့ပေးရုံသာဖြစ်သည်။
အိမ်နှစ်အိမ်က အတော်လေး နီးသဖြင့် ခြေလှမ်းအနည်းငယ်ဖြင့် ရောက်နိုင်၏။ ယွင်ယွီကမူ နေ့အချိန်၌ ဘာမှလုပ်စရာမရှိသည့်အခါ ထိုအိမ်သို့ သွားရတာ သဘောကျသည်။
ထို့အပြင် တရုတ်နှစ်သစ်ကူး ရောက်ခါနီးပြီး ဖြစ်သောကြောင့် သူမသည် တစ်နေ့လုံးနီးပါး ယွင်မိသားစု ခြံဝန်း၌ နေသည်။
အဖွားအို ယွင်က ကွာစေ့များ မြေပဲများ လှော်ကာ အလုပ်များနေတာကို ကြည့်လိုက်ရ၏။ အသားလုံးမျိုးစုံနှင့် ဝက်သားအစာသွပ်ကြာမြစ် ဝက်နံရိုးကြော် စသည်တို့ ကြော်လှော်နေတာကို တွေ့ခဲ့ရသည်။ သကြားလုံးများနှင့် သစ်သီးချောင်းများကမူ နှစ်ကူး ကာလအတွင်း လာရောက်လည်ပတ်သည့် ဧည့်သည်များကို ဧည့်ခံပေးရန်ဖြစ်ကာ အားလုံးကို မြို့မှ ဝယ်လာသည်။
လိုရင်းပြောရလျှင် နှစ်ကူးပစ္စည်းများက အလွန်ပြီးပြည့်စုံစွာ ပြင်ဆင်ထားတာပဲဖြစ်သည်။
နှစ်ကူးညစာကို ယွင်မိသားစု ခြံဝန်းထဲ၌ ကျင်းပမှာ သေချာ၏ ယွင်ယွီက ပါဝင်ပစ္စည်း များများစားစား မပြင်ဆင်ခဲ့ပေ။
ချင်ယွီစွေကလဲ အိမ်ပြန်မှာမဟုတ်။ သူသည် နှစ်ကူးပြီးနောက် မြို့တော်သို့ပြန်ရန် အစီအစဉ်မရှိပေ။ သူနှင့် ယွင်ယွီ ဆွေးနွေးထားပြီးသားဖြစ်၏။
“နှစ်ကူးဒုတိယမြောက်နေ့ကျ အဖိုးနဲ့ သူ့မိသားစုဆီ သွားလည်ရင်ရော”
ချင်ယွီစွေက စကားတစ်ခွန်းမှ မပြောဘဲ သူမလက်ကို ကိုင်ထားလိုက်၏။
ယွင်ယွီက ပြုံးကာ ပြောလိုက်တော့သည် ။
“ကျွန်မဗိုက်ကို စိုးရိမ်နေတာလား။ ကျွန်မ ကိုယ်ဝန်ဆောင် စစ်ဆေးဖို့သွားချိန်တိုင်း ဆရာဝန်က အဆင်ပြေတယ်လို့ပြောတယ်။ ဘာမှ စိတ်ပူစရာမရှိဘူးတဲ့။ ပြီးတော့ ကျွန်မက မတ်လ အစောပိုင်းအထိ မွေးမှာ မဟုတ်ဘူး”
128 05
“မသွားရင်တောင် သူတို့ နားလည်ပေးမှာပါ”
ချင်ယွီစွေက တိုက်တွန်းပြောလိုက်သည်၊
သူမသည် ယခုနှစ်နှစ်ကူးကာလအတွင်း ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများဆီသို့ သေချာပေါက် သွားလည်ရမှာ မဟုတ်မှန်း သိနေ၏ ။
သို့သော် သူက ဗိုလ်ချုပ်လုံကို ခေါ်ကာ ပြောလိုက်လေသည်။
“အဖိုးလုံ မင်္ဂလာပါ လတ်တလော အေးတယ်။ နွေးနွေးထွေးထွေးနေပါ”
သူ၏ကောင်းမွန်သော သွင်ပြင်က ဗိုလ်ချုပ်လုံကို တသိမ့်သိမ့်ရီမောစေ၏။
“ဟုတ်ပြီ ဟုတ်ပြီ အခု အဝတ်ထူထူဝတ်ထားတယ်။ သမီးလဲ ပိုဝတ်ရမယ်။ ရာသီဥတုက ဒီနေ့ အတော်အေးနေတာ။ သမီး ဗိုက်ကလဲ ပိုကြီးလာပြီ။ ယွီစွေနဲ့ သမီး နှစ်ကူးအတွက် ပြန်လာဖို့မလိုဘူး။ ကလေးမွေးပြီးမှ အဖိုးတို့ လာတွေ့မယ်”
လူကြီးများကတောင် သူမ ချော်လဲမှာ စိုးရိမ်နေ၏။
ယွင်ယွီက ရင်ထဲ နွေးထွေးမှုကို ခံစားလိုက်ရသည်
“အဖိုး သမီး သိပါပြီ။ ကလေးမွေးတော့မှ အဖိုး လာကစားလို့ရတယ်”
“အေးအေး ယွီစွေကို သမီးကို ဂရုစိုက်ခိုင်းလိုက်။ ရွှီရှောင်ဆီက ကြားတာတော့ သမီး အပန်းဖြေစခန်းတစ်ခု စတည်ဆောက်နေပြီဆို။ စိတ်မပူနဲ့ ယွီစွေကို အလုပ်လုပ်ခိုင်းလိုက်။ ပိုက်ဆံလောက်ရဲ့လား မလောက်ရင် အဖိုးမှာ ရှိသေးတယ်”
ယွင်ယွီက အမြန်ပြောလိုက်၏ ။
“စိတ်မပူပါနဲ့ အဖိုး ချင်ယွီစွေက သမီးကို ကဒ်ပေးထားတယ်။ လောက်ပါတယ်”
နှစ်ယောက်သား စကားပြောပြီးနောက် ယွင်ယွီသည် သူစားရန် စွံပလွန်သီးများ ပို့ပေးရမလားဟု မေးခဲ့သည်။ ဗိုလ်ချုပ်လုံက ပြောခဲ့၏ ။
“မပို့နဲ့အုံး သမီးပို့ထားတာ များလွန်းလို့ မကုန်သေးဘူး”
အဓိကအကြောင်းအရင်းက ယွင်ယွီသည် သူ့ဆီပိုပို့ပေးပြီး ကျန်သည့် လုံမိသားစုများထံ အနည်းငယ်သာ ပို့ပေး၏။ လုံချီရှောင်သည် သူ့ဝေစုစားပြီးနောက် အခမဲ့ စားသောက်ရန် စံအိမ်သို့ သွားခဲ့သော်ငြား ဗိုလ်ချုပ်ကြီး မောင်းထုတ်တာ ခံခဲ့ရသည်။
ဖုန်းချပြီးနောက် ဗိုလ်ချုပ်လုံက တသိမ့်သိမ့် ရီမောလိုက်တော့သည်။
သူက အိမ်ထိန်းကို ပြောလိုက်လေ၏
“သွား စွံပလွန်သီး ဖျော်ရည်လုပ်ပေးအုံး”
သူမြေး၏ ဇနီးက ဝတ္တရားကျေပွန်ပြီး သူ့ဖို့ တွေးပေးတတ်သည်။ သူမက အရည်အချင်းရှိကာ သူမစိုက်ပျိုးသမျှအရာအားလုံးက အရသာ ရှိလှပေ၏။
နှစ်သစ်ကူးပြီးနောက် သူ၏ မြေးချွေးမက ကလေးတစ်ယောက် မွေးတော့မည်ဖြစ်ကာ သူသည် ဟယ်ချင်းရွာ၌ ခဏတစ်ဖြုတ် နေရန် ပြင်ဆင်ထားသည် ။
နှစ်ရက်ကြာပြီနောက် အိမ်၌ လက်ရေးလှများ ချိတ်ဆွဲထားကာ နောက်ရက်၌ နှစ်ကူးသည့်နေ့ရောက်ပြီ ဖြစ်သည်။
နှစ်ကူး၌ စားသောက်ကြမည်ဖြစ်ကာ ဘမ်းမုန့်ဆိုင်ကို ပိတ်ထားပြီး ၅ရက်မြောက်နေ့အတွက်သာ ဖွင့်ခဲ့သည်။
ထိုညတွင် ယွင်ယွီနှင့် သူမမိတ်ဆွေများသည်။ ခြံဝန်းထဲတွင် စားသောက်ကာ အိမ်သစ်၌ ပြန်အိပ်ရန် ပြင်ဆင်ကြစဉ် အိမ်သစ်တံခါးဝ၌ ရွီလန်ထင်းကို တွေ့ရသည် ။
ထိုနူးညံ့ပြီး ပိန်ပါးပုံပေါ်သည့် အမျိုးသားသည် အမှောင်ထဲရှိ အိမ်သစ်နံရံကို မှီထားကာ အတော်လေး သုန်မှုန်နေပုံပေါ်လေ၏။
ချင်ယွီစွေက စကားတစ်ခွန်းမှ မပြောဘဲ ယွင်ယွီကို ခေါ်သွားကာ တံခါးထဲ ဖြတ်ဝင်သွားသည် ။
ရွီလန်ထင်းက ရပ်မနေနိုင်တော့ဘဲ အားနည်းချင်ယောင် မဆောင်တော့ကာ သူတို့နှစ်ယောက်နောက် လိုက်လာ၏ ။သို့သော် ယွင်ယွီက မမေးဘဲ မနေနိုင်တော့ပေ။
“မစ္စတာရွှီ နှစ်ကူးကာလအတွင်း ဟယ်ချင်းရွာကို ဘာလို့ရောက်လာတာလဲ”
သူမသည် ရွီလန်ထင်းနှင့် အတော်လေးရင်းနှီး၏။ ရွီလန်ထင်းသည် အပန်းဖြေစခန်း၏ အဆောက်အအုံ ဒီဇိုင်းကို ရေးဆွဲရန် ကူညီပေးသည့်အချိန်မှစပြီး သူက ဆယ်ရက်တစ်ကြိမ်သို့မဟုတ် ဆယ့်ငါးရက်တစ်ကြိမ် ဟယ်ချင်းရွာသို့ လာကာ ကြီးကြပ်တတ်သည် ။
တကယ်တော့ သူသည် ဟယ်ချင်းကျေးရွာ၌ ဇိမ်ကျသည့် ဘဝကို ခံစားရန် ရောက်လာပြီး ယွင်မိသားစု၏ အရသာရှိသည့် လယ်တောထွက် ဟင်းလျာများကို စားသောက်ချင်ရုံသာဖြစ်၏ ။
သို့သော် ယခုက တရုတ်နှစ်ကူး ဖြစ်နေလေပြီ။
ရွီလန်ထင်းသည် ခန်းမထဲ လိုက်လာကာ စိတ်ဓာတ်ကျစွာဖြင့် မျက်မှန်ကို ပင့်တင်လိုက်၏။
“မရီး အဲဒီအကြောင်း ပြောတာ ရပ်ပါတော့။ နှစ်ကူးအတွက် အိမ်ပြန်ရတာ တကယ်နာကျင်ဖို့ ကောင်းတယ်။ ကျွန်တော့် မိဘတွေက အိမ်ထောင်ပြုဖို့ တိုက်တွန်းနေပြန်ပြီ”
******