← Chapters

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

အပိုင်း 183

မာဝမ်ကျစ်သည် ယွင်ယွီကို ထန်းဝူမြို့သို့ ခေါ်လာပေးပြီးနောက် သူမကို ပြောလိုက်တော့သည်။ “ဆရာ၊ ဝမ်မိသားစုဆီ အရင်ဆုံးခေါ်သွားပေးမယ်” “အရင်တစ်ခေါက်က ပျိုးပင်မှာခဲ့တဲ့နေရာက မစ္စတာဝမ်ရဲ့သားလည်း နေမကောင်းဖြစ်နေတာ။ သူ့ရဲ့ရောဂါလက္ခဏာတွေက ကျွန်တော့်မိန်းမနဲ့ တစ်ထပ်တည်းပဲ။ နည်းနည်းလေး လျော့တာပဲရှိမယ်။ ဒါပေမဲ့ သူ့သားကို မနေ့တုန်းက တွေ့ခဲ့တယ်။ သူ့ရဲ့သွင်ပြင်က အင်မတန်ဆိုးရွားနေပြီး ဒီနေ့လွန်တာနဲ့ ကျွန်တော့်ဇနီးလို ဖြစ်သွားမှာစိုးလို့”

ယွင်ယွီက ခေါင်းညိတ်လိုက်၏။ “ကောင်းပြီလေ။ ကျွန်မကို အရင်ဆုံးအဲ့ဒီကို တစ်ချက်ခေါ်သွားပေးပါ”

“ဟုတ်ကဲ့” မာဝမ်ကျစ်သည် ချင်ယွီစွေကို လမ်းညွှန်ပေးပြီးနောက် ယွင်ယွီကို ဆက်ပြောလိုက်၏။ “သူဌေးဝမ်မှာ ကလေးတစ်ယောက်ပဲ ရှိတာ။ သူ့ဇနီးက ကျန်းမာရေး မကောင်းဘူး။ အသက် ၃၀ အရွယ်မှာ ကိုယ်ဝန်ရှိတုန်းက ကလေးမွေးပြီး ပြန်လည်ကျန်းမာဖို့ အချိန်အတော်ကြာ ယူလိုက်ရတယ်။ သူဌေးဝမ်ရဲ့သားက ငယ်ငယ်လေးတည်းက အားနည်းတာ။ အခု ဒုတိယတန်းရောက်ပြီ။ ဒီအဖြစ်အပျက်ပြီးတော့ သူ့ကို စစ်ဆေးဖို့ ဆေးရုံခေါ်သွားပေမဲ့ ဘာမှရှာမတွေ့ခဲ့ဘူး။ ဒါကြောင့် အနားယူဖို့ အိမ်ပြန်ခေါ်လာတာ” သူက တုံ့ဆိုင်းနေပြီးနောက် ဆက်ပြောလိုက်သည်။ “ဆရာသခင်၊ မနေ့တုန်းက အိမ်နီးချင်းတွေဆီက ကြားတာကတော့ သူဌေးဝမ်က တစ်ချက်လာကြည့်ပေးဖို့ လူတစ်ယောက်ကို ခေါ်ထားတယ်တဲ့။ သူနဲ့တွေ့မလားတော့ မသိဘူး”

သူဌေးဝမ်က ဤဆရာသခင်ကို မယုံကြည်ဘဲ အရှက်ခွဲခံရမှာကို စိုးရိမ်မိသည်။ “ကိစ္စမရှိဘူး” ယွင်ယွီက သူ့အတွေးကို နားလည်၏။ “အရင်ဆုံး တစ်ချက် သွားကြည့်ကြတာပေါ့”

သူတို့သား၏ အခြေအနေကို တကယ်တွေ့ကြုံခဲ့ပြီး တစ်ဖက်လူက ပြဿနာကို ကူညီဖြေရှင်းပေးနိုင်စွမ်းရှိလျှင် သူတို့ထွက်သွားရန် အကြောင်းအရင်းရှာနိုင်၏။

ကားမောင်းသွားတာ အတော်လေးမြန်ပြီး ၁၀ မိနစ်အတွင်း သူဌေးဝမ်၏ အိမ်သို့ ရောက်သွားသည်။ သစ်သားတံခါးဝင်ပေါက်တစ်ခုဖြင့် အဆောက်အအုံလေးဖြစ်ကာ မြို့ထဲရှိ အိမ်အများစုနှင့် ဆင်တူသည်။

ခြံဝင်းငယ်လေးရှိသော်ငြား မြို့ရိုးက အတော်လေးမြင့်၏။ ထို့ကြောင့် အတွင်းကို မမြင်နိုင်ချေ။ မာဝမ်ကျစ်က ရှေ့ဆက်သွားကာ တံခါးခေါက်လိုက်လေ၏။ ခဏကြာ၌ သူသည် အတွင်းမှ ခြေသံများကို ကြားလိုက်ရပြီး တံခါးအမြန်ဖွင့်လာသံ ကြားလိုက်ရ၏။ အသက် ၄၀ အရွယ်ခန့်ရှိသော အသက် ၄၀ အရွယ်ခန့်ရှိပြီး မျက်တွင်းများ ချောင်ကျနေသော အမျိုးသားက မာဝမ်ကျစ်ကို မြင်သောအခါ ပြောလိုက်သည်။ “ဝမ်ကျစ်၊ မင်းဒီကို ဘာလို့ရောက်နေတာလဲ။ မင်းရဲ့အမျိုးသမီးကော ဘယ်လိုလဲ”

မာဝမ်ကျစ်က ယွင်ယွီကို တစ်ချက်ကြည့်ပြီး သူဌေးဝမ်ကို ပြောလိုက်၏။ “ကျွန်တော့်အမျိုးသမီးက ဆေးရုံမှာပဲရှိသေးတယ်။ ဒါပေမဲ့ ကူညီပေးဖို့ ဆရာတစ်ယောက်ကို ခေါ်ထားတယ်။ သူဌေးဝမ်၊ ခင်ဗျားရဲ့သားရော”

“အခြေအနေက ဆိုးလာပြီ။ သူ မနေ့တုန်းက သတိလစ်သွားတာ။ ဒါပေမဲ့ ဒီနေ့သူ နည်းနည်းစိတ်ရှုပ်ထွေးနေပုံပဲ။ ဆရာတစ်ယောက်ကို ကျွန်တော် ငှားပင့်ထားတယ်လေ။ သူက အပေါ်မှာ အစီအရင်တစ်ခု လုပ်နေတယ်” သူဌေးဝမ်က သက်ပြင်းချပြီး ပြောလိုက်၏။ “ဝမ်ကျစ်၊ ဒီကို ဘာလာလုပ်တာလဲ”

မာဝမ်ကျစ်က တုံ့ဆိုင်းနေပြီး ပြောလိုက်၏။ “သူဌေးဝမ်၊ ဒါက ကျွန်တော် ပင့်ဖိတ်ထားတာပါ။ ကျွန်တော့်ဇနီးကို စစ်ဆေးပေးဖို့ ပညာရှင်တစ်ယောက်ကို ဖိတ်ထားတယ်။ သူ့အသက်ကို အချိန်အတိုင်းအတာတစ်ခုအထိ ကယ်နိုင်တယ်။ မြို့ထဲမှာ တခြားဆင်တူတဲ့ လက္ခဏာတွေရှိတာကို ကျွန်တော်သိထားတာ သိထားတယ်လေ။ ဒါက နေမကောင်းတာမဟုတ်ဘဲ မကောင်းဆိုးဝါးဝိညာဉ်ဆိုတာ သေချာတယ်။ ဒါကြောင့် မြို့ထဲက တခြားမိသားစုတွေကို ကူညီဖြေရှင်းပေးဖို့ ဆရာ့ကို ဖိတ်လာတာ။ ခင်ဗျားရဲ့အိမ်ကို အရင်ဆုံးလာတာလေ”

သူဌေးဝမ်က ယွင်ယွီနှင့် ချင်ယွီစွေကို ကြည့်ကာ မည်သည့်တစ်ယောက်က မာဝမ်ကျစ်ပြောသည့် ဆရာသခင်ဆိုတာ မသေချာဖြစ်နေလေ၏။

မာဝမ်ကျစ်က ယွင်ယွီကို ကြည့်ကာ ပြောလိုက်၏။ “ဒါက ဆရာယွင်”

သူဌေးဝမ်က ပြောလိုက်၏။ “မင်္ဂလာပါ ဆရာယွင်။ ဒါပေမဲ့ အခုကတော့” သူပြောရမှာ တုံ့ဆိုင်းနေလေသည်။

ယွင်ယွီက ပြောလိုက်လေ၏။ “အဆင်ပြေတယ်။ သွားကြည့်ကြရအောင်။ သူက ရှင့်ကလေးရဲ့ရောဂါလက္ခဏာကို သက်သာအောင် လုပ်ပေးနိုင်တယ်ဆို ကျွန်မ ဘာမှမပြောတော့ဘူး”

သူမဆိုလိုရင်းက အလွန်ရှင်းလင်းသည်။ တစ်ဖက်လူကသာ အရည်အချင်းရှိလျှင် သူမကြည့်နေမှာပဲဖြစ်သည်။ တစ်ဖက်လူက အရည်အချင်းမရှိလျှင် သူမဝင်ကူမည်။

183 02

ဤကိစ္စက သူ၏တစ်ဦးတည်းသော သားနှင့် သက်ဆိုင်နေသောကြောင့် သူဌေးဝမ်က အလွန်သတိထားကာ အပေါ်ထပ်ရှိဆရာက သူ့သားကို မကုသပေးနိုင်မှာ စိုးရိမ်၏။ ဤမိန်းကလေးရှိနေတာက ကောင်းသည်။ သို့သော် ဤမိန်းကလေးပုံစံက အလွန်ငယ်ရွယ်ပုံပေါ်နေသောကြောင့် သူစိတ်မသက်မသာ ဖြစ်နေသည်။ တုံ့ဆိုင်းနေပြီးနောက် သူသည် သူတို့နှစ်ယောက်ကို အပေါ်ထပ်သို့ ခေါ်သွားတော့သည်။

အပေါ်ထပ်အိပ်ခန်းသို့ ရောက်သောအခါ ယွင်ယွီသည် အသက် ၄၀ အရွယ်ခန့်ရှိသည့် လူရွယ်တစ်ယောက်နှင့် အသက် ၂၀ ဝန်းကျင်ခန့်ရှိသည့် မိန်းမငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုမိန်းကလေး၌ လှပသောသွင်ပြင်ရှိကာ လူရွယ်ကို လေးစားစွာ ကြည့်နေတာကို တွေ့လိုက်ရ၏။ လူရွယ်က မမှိတ်မသုန်သာသာဖြင့် အခန်းထဲလျှောက်နေ၊ မမှိတ်မသုန်သာသာနှင့် သံလိုက်အိမ်မြှောင်ကို ကိုင်ကာ အခန်းထဲလျှောက်နေပြီး ရေရွတ်ပြောနေတော့သည်။

အိပ်ရာပေါ်၌ ပိန်ပါးပါး ကောင်လေးတစ်ယောက် လှဲနေ၏။ သူက မျက်မှောင်ကြုံ့နေကာ စိတ်ရှုပ်ထွေးနေပုံပေါ်သော်ငြား သတိလစ်မြောနေပြီး နာကျင်စွာ ညည်းတွားနေလေ၏။

ယွင်ယွီက သူတို့ကို မနှောင့်ယှက်ဘဲ ဘေးခပ်လှမ်းလှမ်းရပ်ကာ ကြည့်နေသည်။

သူဌေးဝမ်က လူနှစ်ယောက်ကို တီးတိုးပြောပြလိုက်၏။ “ဒါက ဆရာချိုနဲ့ သူ့ရဲ့တပည့်လေး”

ယွင်ယွီက ခေါင်းညိတ်ပြီး ဆက်လက်စောင့်ကြည့်နေသည်။

အခန်းတစ်ပတ် ပတ်လျှောက်ပြီးနောက် ဆရာချို လှည့်ကြည့်လာချိန်တွင် နက်နဲသောအသံဖြင့် ပြောလိုက်၏။ “သူဌေးဝမ်၊ ခင်ဗျားရဲ့ကလေးက မကောင်းဆိုးဝါးဝိညာဉ်ခြောက်လှန့်တာ ခံနေရတာ။ သူ့ကို ဖယ်ရှားလိုက်ရင် ကောင်းလိမ့်မယ်”

ယွင်ယွီက သူမနှာခေါင်းကို ထိထားပြီး ဘာမှမပြောတော့ဘဲ သူ၏အဓိပ္ပာယ်မရှိ စကားများကို ဆက်နားထောင်ရန် ပြင်ဆင်လိုက်သည်။ အခန်းက အလွန်ပုံမှန်ကျနေကာ ကောင်လေးကို ဝန်းရံထားသည်ကား ရက်စက်သော အရှိန်အဝါတစ်ခုသာရှိ၏။ အရင်က မကောင်းဆိုးဝါးဝိညာဉ်နှင့် ထိတွေ့မိသောကြောင့် ဖြစ်တာဆိုသော်ငြား ဤနေရာ၌ မကောင်းဆိုးဝါးဝိညာဉ်မရှိပေ။ ကောင်လေးက မာဝမ်ကျစ်ဇနီးနှင့် တူညီသောအခြေအနေရှိကာ ယန်စွမ်းအင်များ စုပ်ယူခံထားရပြီး သူ့၏အခြေအနေက မာဝမ်ကျစ်၏ ဇနီးထက် အနည်းငယ်ပိုကောင်းသည်။

ထို့အပြင် သူမက ပြဿနာဖြစ်ရခြင်းအကြောင်းရင်းကို သိပြီးလောက်ပြီ ဖြစ်ဟန်တူသည်။

သူဌေးဝမ်က ကြောက်လန့်တကြား ပြောလိုက်လေ၏။ “ဆရာချို၊ အခန်းထဲမှာ ကျွန်တော့်သားကို ခြောက်လှန့်နေတဲ့ မကောင်းဆိုးဝါးဝိညာဉ်ရှိနေတာလား”

ဆရာချိုက ဆန်းကြယ်စွာ ပြောလိုက်၏။ “ဒါပေါ့ ရှိနေတာပေါ့။ ပြတင်းပေါက်နားမှာ ရပ်နေတယ်။ ကျုပ် ဖြေရှင်းပြီးတာနဲ့ သူဌေးဝမ်ရဲ့သားကို ကယ်ပေးနိုင်ပြီ”

ထိုမိန်းကလေးက ထိုဤလူရွယ်ကို ပိုတောင်လေးစားစွာ ကြည့်နေတော့သည်။

ယွင်ယွီသည် ပြတင်းပေါက်ကို တစ်ချက်ကြည့်လိုက်သော်ငြား ဘာမှမရှိပေ။

ဆရာချိုက ဆက်ပြောလိုက်လေ၏။ “ဒါပေမဲ့ ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်” “အဖိုးအခအနေနဲ့ ကျုပ်အတွက် ထိခိုက်မှုများတယ်။ ဒါကြောင့် ယွမ်တစ်သိန်း ယူမယ်။ သူဌေးဝမ်က သဘောတူတယ်ဆိုရင် အခုချက်ချင်း ဖြေရှင်းလိုက်မယ်” သူပြောတာ မပြီးသေးခင် ယွင်ယွီက ပြောလိုက်၏။ “တော်ပြီ။ လိမ်ကွက်တွေ လုပ်နေတာ ရပ်လိုက်တော့။ ဒါက မကောင်းဆိုးဝါးဝိညာဉ်ဆိုပေမဲ့ သာမန်မကောင်းဆိုးဝါးဝိညာဉ် မဟုတ်ဘူး။ အဲဒါက မိစ္ဆာသရဲပဲ။ အခု ဒီမှာမရှိဘူး။ ညအချိန် ရောက်မလာမချင်း ထွက်လာမှာမဟုတ်ဘူး။ ရှင်ပြောသမျှတစ်ခုမှ မမှန်ဘူး”

“ခင်ဗျားက ဘယ်သူလဲ” ဆရာချိုသည် ဖော်ထုတ်ခံလိုက်ရသော်ငြား တည်ငြိမ်နေ၏။ သူက သူဌေးဝမ်ဘက် လှည့်ကြည့်ကာ ရွံရှာလိုက်တော့သည်။

“သူဌေးဝမ်၊ နောက်ထပ်ဆရာတစ်ယောက်ကို ဖိတ်ထားတာလား။ ကျုပ်ကို မယုံတာလား။ ပြီးတော့ ခင်ဗျားက ကျုပ်ရဲ့တပည့်နဲ့ သက်တူရွယ်တူလောက်ပဲရှိတဲ့ မိန်းကလေးကို သုံးရဲသေးတယ်။ မကောင်းဆိုးဝါးဝိညာဉ်ကို ဖြေရှင်းမဲ့အစား သူ့ကို ဒေါသထွက်အောင် လုပ်မိမှာကို မကြောက်ဘူးလား။ အဆုံးကျ ခင်ဗျားရဲ့သားကိုတောင် ကယ်နိုင်မှာမဟုတ်ဘူး”

သူဌေးဝမ်က အနေခက်သွားလေ၏။

ယွင်ယွီက ရှုံ့ချလိုက်သည်။ “ရှင်က အဲဒါကို တိုက်ရိုက်ဖြေရှင်းမယ်ပြောနေတာ။ ဒါပေမဲ့ အဲဒါက ဒေါသလည်း မထွက်၊ ပြဿနာလည်း မရှာဘူး။ တကယ် ဒီမှာရှိလို့လား။ ဒါဆိုရင် ဒါဘယ်လိုမကောင်းဆိုးဝါးဝိညာဉ်မျိုးလဲဆိုတာ ပြောဦး”

183 03

“မင်း မင်း မင်းမိန်းကလေး၊ မင်းက တကယ် တစ်ခုခုပဲ” “ငါက ဖုန်းရွှေပညာရပ်နဲ့ လူတွေကို ကူညီပေးပြီး ငယ်ငယ်လေးတည်းက ရှေ့ဖြစ်ဟောပေးခဲ့တာ။ မင်းလိုအငယ်တစ်ယောက်က ငါ့ကို အမေးထုတ်ရဲတယ်။ အဲဒီဟာက ငါ့ကို ကြောက်လန့်နေတာပဲ ဖြစ်မှာပေါ့”

ဆရာချိုဘေးရှိ မိန်းကလေးကလည်း ဒေါသထွက်သွားကာ ပြောလိုက်၏။ “အဟုတ်ပဲ နင်က ငါနဲ့အသက်တူတူလောက်ပဲ။ ငါ့ဆရာကို မေးရဲသေးတယ်။ ငါ့ရဲ့ဆရာက အင်မတန် အစွမ်းထက်တာ”

ယွင်ယွီသည် ဆရာချိုအကြောင်း ရယ်ချင်လာပြီး ရယ်လိုက်တော့သည်။

သူမက ပြောလိုက်တော့သည်။ “ဒီမြို့ထဲက နစ်နာသူတွေက မကောင်းဆိုးဝါးဝိညာဉ်တွေကြောင့် သူတို့ရဲ့ယန်စွမ်းအင် စုပ်ယူခံလိုက်ရတာ။ မကောင်းဆိုးဝါးဝိညာဉ်က လူတွေရဲ့ယန်စွမ်းအင်ကို စုပ်ယူရတာ အနှစ်သက်ဆုံးပဲ။ နေ့အချိန်မှာ သူတို့ ပေါ်မလာဘူး။ ပုံမှန်ဆို သူတို့တွေက နစ်နာသူပေါင်းများစွာရဲ့ ယန်စွမ်းအင်ကို စုပ်ယူပြီး နောက်တစ်ယောက်ကို ရှာကြတတ။ လက်ရှိ သူဌေးဝမ်ရဲ့သားနဲ့ အခုမာရဲ့ဇနီးတို့က အခြေအနေ အပြင်းထန်ဆုံးပဲ။ မကောင်းဆိုးဝါးဝိညာဉ်က မကောင်းတာတွေ လုပ်နေတယ်ဆိုပေမဲ့ သူတို့ ရှင်တို့က သူတို့ ဒီမှာရှိတယ်ပြောနေတာ။ လိမ်ညာနေတာပဲပေါ့။ ပြီးရင် အပါးနှင်ဖို့အတွက် လုပ်ဦးမယ်ဟုတ်လား။ ဒါပေမဲ့ ဒီမှာမှ မရှိတာ။ ရှင် ဘယ်လိုအပနှင်မှာလဲ။ ဒါပေမဲ့ ရှင် တကယ်ကြီး မကောင်းဆိုးဝါးဝိညာဉ်ကို အနိုင်မယူနိုင်ပါဘူး။ နစ်နာသူတွေကို ဘာလုပ်မှာလဲ။ သူတို့က ရှင်ထွက်သွားတဲ့အချိန် သေတဲ့အထိ စောင့်နေရမှာ မဟုတ်ဘူးလား”

“မင်းက တကယ်စကားပြောကောင်းတာပဲ။ မင်းကို ထပ်မပြောတော့ဘူး။ သူဌေးဝမ်၊ ယစ်ပလ္လင် ပြင်ဆင်ပေးထားပါ။ ကျုပ် အပနှင်ဖို့လိုတယ်”

သူဌေးဝမ်က ပိုတောင်အခက်တွေ့သည့် အခြေအနေဖြစ်နေ၏။ သူသည် သာမန်လူတစ်ယောက်သာဖြစ်ပြီး ဆရာသခင်နှစ်ယောက်ကြား စကားပြောခန်းက အမှန်အဟုတ်မဟုတ် မသိပေ။ သူ တကယ်ဘာလုပ်ရမလဲမှန်း မသိတော့ချေ။

ယွင်ယွီ၏မျက်နှာက အေးစက်သွားလေ၏။ သူမက လက်မြှောက်ကာ တစ်ချက်ဝှေ့ယမ်းလိုက်သည်။ ပြီးနောက် ဆရာချိုသည် ကြောက်စိတ်များကို ခံစားလိုက်ရကာ အရိုးထဲအထိအောင် စိမ့်လာပြီး သူက လေဖြတ်သွားနိုင်သည့် အနေအထားတောင် ဖြစ်သွားလေ၏။ သူက ယွင်ယွီကို တအံ့တဩကြည့်ကာ အသံတုန်ယင်နေလျက် ပြောလိုက်သည်။ “မင်း မင်း ဘာလုပ်လိုက်တာလဲ။ ငါ အရမ်းအေးနေပြီ”

ယွင်ယွီက အေးစက်စက် ပြောလိုက်၏။ “ရှင့်ကို ယာယီထိန်းထားဖို့အတွက် မကောင်းဆိုးဝါးဝိညာဉ် သုံးလိုက်ရုံပဲ။ ဒီမှာစောင့်နေ”

သူမက ဤလူလိမ်ကို စကားထပ်ပြောပြီး အချိန်မဖြုန်းချင်တော့ပေ။ ထို့ကြောင့် အဆောင်ကို လျှင်မြန်စွာ ထုတ်ပြီးနောက် မကောင်းဆိုးဝါးဝိညာဉ်ကို အနိုင်ယူရန် ပြင်ဆင်လိုက်သည်။

ဆရာချို၏ တပည့်လေးကလည်း ကြက်သေ သေသွားလေ၏။ သူနဲ့သက်တူရွယ်တူလောက်ပဲရှိတဲ့ ဒီမိန်းကလေးက ဘယ်လိုလုပ် သူ့ဆရာကို အလွယ်တကူ အနိုင်ယူနိုင်တာလဲ။

ယခုမည်သူက တကယ် အရည်အချင်းရှိသည်ဆိုတာ သိသာနေပြီဖြစ်သည်။

ဆရာချိုသည် ဤမိန်းမငယ်လေး၏ ကျင့်ကြံမှုက မြင့်မားလွန်းပြီး သူမက ချီကို ထိန်းချုပ်နိုင်စွမ်း ရှိလိမ့်မည်ဟု မထင်ထားပေ။

သူ ဆိုဖာပေါ်တွင် ထိုင်နေကာ သူ့၏ကိုယ်ကို ပွတ်တိုက်လျက် စကားတစ်ခွန်းမှ မပြောရဲချေ။ သူဌေးဝမ်က အခြေအနေကို မြင်သည်နှင့် ဆရာချိုက လူလိမ်တစ်ယောက်မှန်း သိသွားတော့သည်။

ယွင်ယွီက ဘာမှမပြောဘဲ အိပ်ရာဘေးသို့ လျှောက်သွားပြီးနောက် ကလေးပေါ် အဆောင်နှစ်ခုထားပြီး တစ်ခုက မကောင်းဆိုးဝါးဖိနှိပ်ခြင်းအဆောင်နှင့် နောက်တစ်ခုက ယန်စုစည်းခြင်းအဆောင်ပဲ ဖြစ်သည်။

သူမသည် သူဌေးဝမ်အား အဆောင်၏အသုံးချပုံကို ပြောပြခဲ့ပြီး တခြားအိမ်များသို့ သွားရောက်စစ်ဆေးကြည့်မည်ဖြစ်ကြောင်း ပြောခဲ့၏။ သူဌေးဝမ်က အဆောင်အသုံးပြုချိန်၌ သူတို့ကို ထိတ်လန့်စေမှာ စိုးရိမ်သဖြင့် သူဌေးဝမ်က သူတို့နှင့် လိုက်ပါလာပေးရန် မျှော်လင့်ကြောင်း ပြောလိုက်၏။

ဆိုရလျှင် သူဌေးဝမ်၏ သားက အခြေအနေ အလွန်ပြင်းထန်နေပြီဖြစ်ကာ သူလိုက်ပါလာလျှင် ကျန်ရှိသည့်နစ်နာသူတို့၏ မိသားစုများက အလွယ်တကူ လက်ခံယုံကြည်လိမ့်မည်။

သူဌေးဝမ်က လက်ခံလိုက်၏။ သူက သူ့သားကို စောင့်ကြည့်ပေးရန် မိသားစုကို ခေါ်လိုက်သည်။ သူ့သား၏ အခြေအနေက တိုးတက်လာပုံပေါ်၏။ သူက ညည်းတွားမနေတော့ဘဲ အိပ်မောကျသွားပုံ ပေါ်သည်။

183 04

ယွင်ယွီထွက်သွားပြီးနောက် ဆရာချို၏ တပည့်ကလည်း အရှက်ရသွားကာ ဆရာချိုကို ပြောလိုက်တော့သည်။ “ဆရာ၊ သွားကြရအောင်”

ဆရာချိုက တုန်ယင်နေကာ ပြောလိုက်တော့သည်။ “မသွားဘူး၊ မသွားဘူး။ သူပြန်လာပြီး မကောင်းဆိုးဝါးဝိညာဉ်ကို ဖယ်ရှားပေးတဲ့အထိ စောင့်မှရမယ်”

သူ၏စကားများအရ သူ့ကိုယ်ပေါ်ရှိ မကောင်းဆိုးဝါးကို ဖြေရှင်းနိုင်ရန် နည်းလမ်းမရှိတာ ပြသနေ၏။ အရင်က သူသည် မကောင်းဆိုးဝါးဝိညာဉ်များကိုတောင် ဖြေရှင်းနိုင်ကြောင်း ပြောခဲ့သော်ငြား ယခုဤအတိုင်း ဖြစ်သွားတော့သည်။ တပည့်က စိတ်ပျက်သွားလေ၏။ တပည့်က စိတ်ပျက်သည့် အမူအရာ ပြလာတော့သည်။

ယွင်ယွီ၊ သူဌေးဝမ်နှင့် မာဝမ်ကျစ်တို့သည် ကျန်ရှိသည့်နစ်နာသူများအိမ်သို့ သွားကာ အဆောင်များ ဖြန့်ဝေပေးလိုက်သည်။ နစ်နာသူတို့၏ မိသားစုများသည် သူဌေးဝမ်နှင့် မာဝမ်ကျစ်တို့ ဘာမှမပြောတာကို တွေ့လိုက်ရ၏။ သူတို့သည် အနည်းနှင့်အများ အသိဉာဏ် ရှိနေသေးသော်ငြား သူတို့ တတ်နိုင်တာ ဘာမှမရှိပေ။ ဤအတိုင်း ဆက်သွားပါက သတိလစ်မြောသွားနိုင်၏။ သူတို့ မစွန့်စားရဲချေ။

ယွင်ယွီ ထွက်သွားချိန်၌ သူတို့အား အဆောင်ကို မဖယ်ရှားဖို့ ထပ်ခါတလဲလဲ သတိပေးခဲ့၏။ လူတိုင်းက ဖယ်ရှားမည်မဟုတ်ကြောင်း ပြောခဲ့သည်။

ယွင်ယွီက မာဝမ်ကျစ်၏ အိမ်သို့ ပြန်ရောက်သွားတော့သည်။

ပြီးနောက် ယွင်ယွီသည် ခဏတဖြုတ်စဉ်းစားပြီးနောက် မာဝမ်ကျစ်ကို ပြောလိုက်သည်။ “ဆေးရုံသွားပြီး ရှင့်ဇနီးကို ပြန်ခေါ်လာခဲ့။ ဆေးရုံမှာနေဖို့ မလိုတော့ဘူး။ ဆေးရုံက သုံးမဝင်ဘူး။ သူ နေမကောင်းတာ မဟုတ်ဘူးလေ။ ဆေးရုံက မြို့ထဲမှာ အဲဒီအရာက ဆေးရုံကို သွားပြီး အဆောင်ကို သိသွားရင် ကျွန်မ အချိန်မီ မရောက်မှာစိုးတယ်”

သူတို့အားလုံး တစ်မြို့တည်းနေပါက အကွာအဝေး တိုတောင်းသွားမည်ဖြစ်ကာ မကောင်းဆိုးဝါးသရဲကို ဖမ်းရန် ပိုလွယ်ကူသွားလိမ့်မည်။

မာဝမ်ကျစ်က ယွင်ယွီကို လက်ခံယုံကြည်နေပြီ ဖြစ်သောကြောင့် လက်ခံလိုက်သည်။ သူ ချက်ချင်းပင် သူ့ဇနီးကို သွားခေါ်ကာ သူ့မိဘများနှင့် ယောက္ခထီး၊ယောက္ခမများကိုလည်း ပြန်ခေါ်လာလေ၏။

သူတို့ အိမ်ပြန်လာသည့်အချိန်တွင် ဆရာဝန် ဆူငေါက်တာတော့ ခံရသေးသည်။ ဆရာဝန်က လူလိမ်၏စကားကို သူတို့ယုံကြည်နေသည်ဟု တွေးကြ၏။ ထို့ကြောင့် ယွင်ယွီကိုလည်း စူးစူးဝါးဝါး ပြောဆိုတော့သည်။ ယွင်ယွီက ဆေးရုံတွင် မရှိသောကြောင့် သူမ ထိုအကြောင်းကို မသိတော့ပေ။

******

184 01

အပိုင်း 184

မာဝမ်ကျစ်သည် သူ့၏ဇနီးကို ပြန်ခေါ်လာချိန်တွင် ယွင်ယွီက မာမိသားစုဆီ သွားလိုက်၏။ မာဝမ်ကျစ်ဇနီးသည်၏ အခြေအနေက အပြင်းထန်ဆုံး ဖြစ်နေသောကြောင့် သူမနားတွင် နေရပေမည်။

သူဌေးဝမ်က တုံ့ဆိုင်းနေစဉ် သူမက သူထွက်သွားတာကို ကြည့်ကာ လှမ်းပြောလိုက်၏။ “သူဌေးဝမ်၊ စိတ်မပူနဲ့။ အဲဒီဟာ ရောက်လာပြီး ရှင့်ကလေးကို ထိခိုက်ရင် ကျွန်မအာရုံခံမိပြီး အမြန်လာခဲ့မယ်” သူမထွက်သွားတော့မည့် အချိန်တွင် ဆရာချိုက တုန်ယင်နေကာ ပြောလိုက်၏။ “ဆရာယွင်၊ ကျွန်တော့်ကို ကူညီပေးနိုင်မလား။ ကျွန်တော် မှားမှန်းသိပါပြီ”

ယွင်ယွီက သူ့ကို လှည့်ကြည့်ပြီး ပြောလိုက်၏။ “ကိစ္စတွေ ဖြေရှင်းပြီးတဲ့ အချိန်ထိစောင့်” ပြီးနောက် သူမလှည့်မကြည့်ဘဲ ထွက်သွားတော့သည်။

မကောင်းဆိုးဝါးသရဲတို့သည် ယန်စွမ်းအင်ကို နှစ်သက်ကြပြီး သူတို့အကြိုက်ဆုံးက မိုးနှင့်မြေကြား ယန်စွမ်းအင်ပဲဖြစ်သည်။ သူတို့က နေ့အချိန်၌ ဘယ်တော့မှ ထွက်မလာတတ်ပေ။ ထို့ကြောင့် ညအချိန်ထိ စောင့်ရမှာပဲဖြစ်သည်။

မွန်းတည့်ချိန် ဖြစ်နေသေးပြီ။ ယွင်ယွီက ညနေစာအထိ မာမိသားစု၌ နေခဲ့၏။ မာမိသားစုထဲရှိ အခြေအနေက အလွန်ကောင်းမွန်သည်။ မာဝမ်ကျစ်က တစ်ဦးတည်းသောသားဖြစ်ကာ သူ့မိဘများကလည်း ကြိုးကြိုးစားစားသင်သည်။ သူတို့က သူတို့၏ချွေးမလေးကို နှစ်သက်သဘောကျပြီး ကာကွယ်ပေးကာ သူမမိဘများနှင့်အတူ စောင့်ဆိုင်းပေးနေ၏။ ညနေစာအတွက် သမီးခမည်းနှစ်ယောက်က အတူတကွ ချက်ပြုတ်ကြပြီး ယွင်ယွီနှင့် ချင်ယွီစွေတို့ကလည်း ဤနေရာတွင် ညစာစားလိုက်၏။

ညစာစားပြီးနောက် လူတိုင်းဧည့်ခန်းထဲတွင် ထိုင်နေသည်။ ယွင်ယွီက သူမနား၌ ဝိညာဉ်စွမ်းအင် ကာထားသည်။ မကောင်းဆိုးဝါးဝိညာဉ်က သတိပြုမိပြီး မလာရဲမှာကို စိုးရိမ်သောကြောင့်ဖြစ်၏။

မာဝမ်ကျစ်က အခန်းထဲတွင် သူ့၏ဇနီးနှင့် အတူနေလေ၏။

ယွင်ယွီ ဧည့်ခန်းထဲတွင် ထိုင်နေချိန် ၁၁ နာရီဝန်းကျင် ရောက်သွားပြီဖြစ်သည်။ မာမိသားစု၏ ကျန်သည့်မိသားစုဝင်များကလည်း အနားယူရန် သူတို့အခန်းထဲသို့ ပြန်သွားပြီဖြစ်ကာ ယွင်ယွီနှင့် ချင်ယွီစွေသာ ကျန်ခဲ့သည်။

ရုတ်တရက် ယွင်ယွီသည် မကောင်းဆိုးဝါးဖိနှိပ်ခြင်းအဆောင်တစ်ခု လှုပ်ရှားလာပြီး တစ်စုံတစ်ခုကို တိုက်ခိုက်နေတာ သတိပြုမိသွား၏။ သူမချက်ချင်း မျက်လုံးဖွင့်ကာ တံခါးဆီ လျှောက်သွားလိုက်၏။ ချင်ယွီစွေက နောက်မှ လိုက်ပါလာသည်။ နင့်ကို မောင်းထုတ်မယ်။ အဲဒါဘယ်သူ့အိမ်လဲ။

“ကိုယ်မင်းကို လိုက်ပို့ပေးမယ်။ အဲဒါဘယ်သူ့အိမ်လဲ”

“ဝမ်မိသားစု”

ယွင်ယွီက ပြောလိုက်၏။ သူမသည် ထိုအရာက ဝမ်မိသားစုဆီ ဦးစားပေး သွားလိမ့်မည်ဟု မထင်ထားပေ။ ချင်ယွီစွေ၏ ကားထဲသို့ ဝင်ပြီးနောက် မာဝမ်ကျစ်သည် ဆူညံသံကို ကြားကာ ပြေးထွက်လာလျက် စိုးရိမ်ပူပန်နေပုံ ပေါ်လေ၏။ “ဆရာ၊ အဲဒီဟာပေါ်လာပြီလား”

ယွင်ယွီက ခေါင်းညိတ်ပြီး ပြောလိုက်၏။ “အိမ်မှာရှင့်ဇနီးကို ကောင်းကောင်း ဂရုစိုက်လိုက်ဦး။ မလိုအပ်ဘဲ ထွက်မလာနဲ့။ ဒီမှာလှုပ်ရှားမှုရှိတာကို သတိပြုမိတယ်။ အထဲမြန်မြန်ဝင်”

မာဝမ်ကျစ်သည် အိမ်သို့ ပြန်သွားပြီးနောက် ယွင်ယွီနှင့် ချင်ယွီစွေတို့က ဝမ်မိသားစုသို့ ချက်ချင်းသွားလိုက်သည်။ သူတို့ဝမ်မိသားစုအိမ်သို့ ရောက်သည်နှင့် သူဌေးဝမ်က ယွင်ယွီ၏၊ ယွင်ယွီအတွက် တံခါးဖွင့်ပေးကာ ယွင်ယွီကို စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။ “ဆရာ၊ ကျေးဇူးပြုပြီး တစ်ချက်လာကြည့်ပေးပါဦး။ အစောတုန်းက ထူးဆန်းတဲ့ဆူညံသံ ကြားတယ်”

သူ၏၊ သူနှင့်သူ့ဇနီးသည် ခုနတုန်းက သူတို့သားအခန်းထဲတွင် ထိုင်နေကြတာဖြစ်သည် ရုတ်တရက် သူတို့သား လှုပ်ရှားပုံက မသက်မသာဖြစ်လာတာ ခံစားမိ၏။ ပြီးနောက် ချွန်ထက်စူးရှသည့် အော်သံထွက်လာရာ သူတို့ကို ကြောက်လန့်သွားစေသည်။ သို့သော် အနားကို ပတ်ကြည့်မိချိန်၌ အခန်းထဲ ဘာမှမရှိတာ သိသာနေ၏။ “အဲဒါလာနေပြီ” ယွင်ယွီက အပေါ်ထပ်သို့ တက်သွားတော့သည်။ အပေါ်ထပ်ဧည့်ခန်းထဲတွင် ဆရာချိုက ဆိုဖာပေါ်တွင် ဒူးပိုက်ထားလျက် ဂွမ်းစောင်ခြုံထားကာ တုန်ယင်နေတော့သည်။ သူ၏တပည့်ကလည်း အခက်တွေ့နေသော အကြည့်ဖြင့် ဘေးတွင် ရပ်နေလေ၏။ သူမက ယွင်ယွီရောက်လာတာကို မြင်သောအခါ ထိုမိန်းကလေးသည် သူမကို လေးစားစွာ ကြည့်လာ၏။ ဆရာချိုက ယခုအချိန်တွင် ဘာမှမပြောရဲတော့ချေ။

184 02

ယွင်ယွီသည် သူမနောက်ကျောထဲမှ ယွင်ချူးဓားကို ဆွဲထုတ်လိုက်သည်။ ဓားကို အဝတ်ဖြင့် ပတ်ထားတာဖြစ်သည်။ မဟုတ်လျှင် ကျန်သည့်သူများအဖို့ သူမဓားတစ်လက် သယ်လာတာကို မြင်လျှင် လူတိုင်းအတွက် ထူးဆန်းနေလိမ့်မည်။

ဓားရိုးကို ကိုင်ထားလျက် ယွင်ယွီသည် အိပ်ခန်းထဲသို့ လျှောက်သွားလေရာ မြေပြင်ပေါ်၌ ထိုအရာ လဲနေတာကို တွေ့လိုက်ရသည်။ ထိုအရာ၌ ဧရာမခေါင်းနှင့် ဧရာမဗိုက်ရှိပြီး ၎င်း၏နှာခေါင်းနှင့် မျက်လုံးက ရွဲစောင်းနေကာ ခန္ဓာကိုယ်က ပြားကပ်နေသည်။ ခေါင်းကိုယ်ထည်က အမွေးမရှိဖြစ်နေလျက် ၎င်း၏ခေါင်းပေါ်၌ အမွေးမျှင်အနည်းငယ်သာ ရှိသည်။ ၎င်း၏ခြေလက်များက ပါးပြီး သွေးသံရဲရဲ ပါးစပ်ရှိ၏။ သူ့၏ကိုယ်ပေါ်၌ ပုပ်သိုးမှုများ ရှိနေ၏။ အရင်က အင်မတန် ရွံရှာစရာကောင်းသည်။ ၎င်းက မြေပြင်ပေါ်တွင် လဲကျနေကာ မလှုပ်မယှက်နိုင်ဖြစ်နေပြီး တုန်ယင်နေ၏။ မကောင်းဆိုးဝါးဖိနှိပ်ခြင်း အဆောင်ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပုံပေါ်သည်။

ယွင်ယွီ၏အဆောင်သည် ဝိညာဉ်စွမ်းအင်ကြွယ်ဝ၏။ မကောင်းဆိုးဝါးဝိညာဉ်တို့သည် ၎င်းကို အကြောက်ရွံ့ဆုံးဖြစ်၏။ သူတို့ ဆိုးယုတ်လေလေ သူတို့ မကောင်းဆိုးဝါးဖိနှိပ်ခြင်းအဆောင်နှင့် တွေ့ကြုံရချိန် ပိုထိခိုက်ခံစားရလေဖြစ်၏။

သူဌေးဝမ်ကလည်း အနားမှာ လိုက်ဝင်လာပြီး ဆရာချို၏ တပည့်လေးကတော့ တံခါးဝ၌ ရပ်ကြည့်နေလေ၏။

ယွင်ယွီသည် ဓားနှောက်ဖြင့် မကောင်းဆိုးဝါးသရဲကို ရိုက်ချလိုက်သည်။ ဓားနှောက်ဖြင့်တောင် ထိုအရာကို ပြင်းပြင်းထန်ထန် ထိခိုက်သွားစေလေရာ သူက ထအော်ပြန်သည်။ သူဌေးဝမ်နှင့် တံခါးဝရှိ မိန်းကလေးက အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး ကြောက်လန့်မှုကြောင့် သူတို့မျက်နှာထား ပြောင်းလဲသွားလေ၏။

ယွင်ယွီက မကောင်းဆိုးဝါးသရဲကို မေးလိုက်တော့သည်။ “ရှင် ဆိုးယုတ်တာလုပ်ဖို့ ဘာလို့ထွက်လာတာလဲ။ ဘယ်ကနေ လာတာလဲ”

ကံဆိုးသည်မှာ မကောင်းဆိုးဝါးဝိညာဉ်သည် ယွင်ယွီပြောတာကို နားမလည်ပေ။ တကယ်တော့ မကောင်းဆိုးဝါးသရဲအများစုသည် သာမန်သရဲများမှ အသွင်ပြောင်းလာတာ ဖြစ်၏။ သူတို့သည် လူတို့၏အသက်ကို ထိခိုက်နိုင်ခြင်းစေသောကြောင့် သရဲများဖြစ်လာကြသည်။ သူတို့ ပိုနာကြည်းစေလေလေ၊ သူတို့ဆင်ခြင်တုံတရား ပိုနည်းလာလေဖြစ်၏။ အဆုံးကျ သူတို့သည် ယန်စွမ်းအင်ကိုသာ စုပ်ယူပြီး လူတို့၏ယန်စွမ်းအင်ကို စုပ်ယူရန် မူလရည်ရွယ်ချက်နောက်က လိုက်သည့် သရဲများ ဖြစ်လာတော့သည်။

ယွင်ယွီက မျက်မှောင်ကြုတ်ပြီး နောက်ဆုံး၌ လက်မြှောက်ကာ ဓားကို လွှဲရမ်းလိုက်သည်။ မကောင်းဆိုးဝါးသရဲက စူးရှစွာ အော်လိုက်သည်။ ပြီးနောက် လှုပ်ရှားမှု ရပ်တန့်သွားသည်။ ၎င်းသည် ယွင်ယွီဓားကြောင့် ထပ်ခြမ်း ခြမ်းခံလိုက်ရ၏။ ပြီးနောက် လေထဲတွင် စိုးရွံ့သောအရှိန်အဝါ ပေါ်လာတော့သည်။ ယွင်ယွီက လက်နှစ်ချောင်းကို ဝေ့ရမ်းလိုက်ကာ နောက်ဆုံးသော ရက်စက်သည့် အရှိန်အဝါက အပြီးအပိုင် ပျောက်ကွယ်သွားလေ၏။ မကောင်းဆိုးဝါးဝိညာဉ်၏ တည်ရှိမှုကို သက်သေပြသည့် အနံ့အသက်က ပေါ်ထွက်လာသည်။

သူဌေးဝမ်ကလည်း ညှော်နံ့ရလိုက်ပြီး တံခါး၌ ကြောက်လန့်မှုကြောင့် တုန်ယင်စွာ ရပ်နေလေ၏။

ယွင်ယွီသည် ဓားကို သိမ်ပြီးနောက် ပြောလိုက်၏။ “လေဝင်လေထွက်ကောင်းအောင် တံခါးနဲ့ပြတင်းပေါက်တွေ သွားဖွင့်လိုက်။ အဲဒီဟာကို ဖြေရှင်းပြီးပြီ။ ရှင့်ကလေးက ညဘက် ကောင်းကောင်းအိပ်ပြီး မနက်ဖြန်မနက်လင်းရင် နိုးလာလိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့ယန်ချီတွေက တော်တော်များများ လျော့ပါးသွားတာ။ သူနိုးလာတဲ့အချိန် ဆေးဝါးတွေနဲ့ အားဖြည့်ပေးသင့်တယ်။ ဆေးညွှန်းတစ်ချို့ရေးပေးလိုက်မယ်။ ဘာမှလုပ်စရာမရှိရင် နေပူစာလှုံပေး”

ဆေးစာအတွက် အညွှန်းကားမူ ပညာရပ်ငါးသွယ်ကို သင်ယူစဉ်က သူ့ဆရာဆီမှ ရလာတာဖြစ်သည်။ မကောင်းဆိုးဝါးဝိညာဉ်များ၏ ယန်စွမ်းအင်စုပ်ယူမှုကို ခံရသည့်အချိန်တွင် အသုံးပြုသည့်ဆေးစာပဲ ဖြစ်သည်။

ယွင်ယွီက ဧည့်ခန်းထဲသို့ သွားလိုက်၏။ သူဌေးဝမ်သည် ဘောပင်နှင့် စာရွက်ပြင်ဆင်ပေးထားပြီး ယွင်ယွီက ဆေးစာ ရေးပေးလိုက်သည်။

မကောင်းဆိုးဝါးဝိညာဉ် စုပ်ယူမှုကြောင့် ယန်ဓာတ်ခန်းခြောက်ခြင်းသည် သာမန်ဆေးညွှန်း၊ သာမန်ဆေးညွှန်းများနှင့် ကွဲပြားပြီး ထူးဆန်းသော တရုတ်တိုင်းရင်းဆေးများ ပါဝင်နေလေ၏။

184 03

ဆေးညွှန်းကို ချရေးပေးပြီးနောက် ယွင်ယွီသည် သူဌေးဝမ်အား ပေးကာ ပြောလိုက်လေ၏။ “အညွှန်းအတိုင်းဆေးကို ပြင်ဆင်။ မနက် ၇ နာရီမှာ ထပြီး ဆေးကိုကျို။ ၄၉ ရက်ဆက်တိုက် သောက်ပေးပါ”

သူဌေးဝမ်က သူ့ကို ထပ်တလဲလဲ ကျေးဇူးတင်စကား ပြောလိုက်၏။ ယွင်ယွီက ထပ်ကူးပြီးနောက် မနက်ဖြန်ကျ ကျန်သည့်သူများအား ပေးရန် ပြင်ဆင်လိုက်သည်။ ဤနေရာရှိ မကောင်းဆိုးဝါးဝိညာဉ်ကို ဖယ်ရှားပြီးဖြစ်သောကြောင့် မာဝမ်ကျစ်ဇနီးသည်သည် မနက်ဖြန်၌ နိုးလာမှာပဲဖြစ်သည်။ ကျန်ရှိသည့်နစ်နာသူတို့၏ အခြေအနေက ပိုပေါ့ပါးသော်ငြား ဆေးစာက လိုအပ်နေသေးသည်။

သူမ ဆေးညွှန်းရေးပြီးနောက် နောက်ကျနေပြီဖြစ်သည်။ သန်းခေါင်ယံအချိန် ဖြစ်သောကြောင့်ဖြစ်ပြီး ယွင်ယွီက အခြားသော မကောင်းဆိုးဝါးဝိညာဉ်များ ရှိနေမှာကို စိုးရိမ်သည်။ ထိုအရာများက မြင်တွေ့ရခက်ခဲသော်ငြား သူမသည် တစ်ပြိုင်နက်တည်း အကောင်ရေများများ ရှိနေမှာကို စိုးရိမ်ပူပန်သောကြောင့် တစ်ညထပ်နေပြီး ဘာမှမဖြစ်တော့မှ ပြန်ဖို့ပြင်ဆင်ထား၏။

သူဌေးသည် ယွင်ယွီက တစ်ညထပ်နေမည့်အကြောင်း သိသောအခါ သူသည် သူ့၏ဇနီးနှင့်အတူ အခန်းအမြန်ပြင်ဆင်လိုက်သည်။

ယွင်ယွီက ဧည့်ခန်းထဲတွင် ထိုင်နေလေ၏။ ဆရာချိုက သတိထားကာ ပြောလိုက်လေ၏။ “ဆရာ၊ ကျွန်တော်က ကြီးမြတ်တဲ့သူကို သတိမပြုမိတာ။ ကျွန်တော် ကန်းနေတာပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

အစောတုန်းက အဖြစ်အပျက်ပြီးနောက် ဆရာချိုသည် သူတကယ်ကမ်းနေမှန်း သိသွားလေ၏။

ယွင်ယွီက သူ့ကို တစ်ချက်ကြည့်ပြီးနောက် လက်မြှောက်ကာ သူ့နားရစ်ဝဲနေသော မကောင်းဆိုးဝါးအငွေ့အသက်ကို ဖယ်ရှားပေးလိုက်သည်။

ဆရာချိုသည် သူ့ကိုယ်ထဲရှိ အေးစက်တောင့်တင်းနေမှု ပျောက်ကွယ်သွားတာကို ချက်ချင်းသတိပြုမိလိုက်၏။ သူက ယွင်ယွီကို အမြန်ကျေးဇူးတင်စကား ပြောလိုက်၏။ ယွင်ယွီက ပြောလိုက်တော့သည်။

“ရှင် အခုထွက်သွားလို့ရပြီ။ မလိမ်နဲ့။ လူတွေကို ထပ်မလိမ်လည်စားနဲ့။ ရှင့်ရဲ့နည်းလမ်းတွေကို မပြောင်းရင် နောင်ကျ နောက်ဆက်တွဲတွေ ခံစားရလိမ့်မယ်”

ဆရာချိုသည် ဇောချွေးများ ပြန်ကာ ပြောလိုက်လေ၏။ “ဆရာ၊ ထပ်မလုပ်ရဲတော့ပါဘူး”

သူသည် အမြန်ဆိုဖာပေါ်မှထကာ တုန်တုန်ရင်ရင်ဖြင့် အောက်ထပ်သို့ ဆင်းသွားလေ၏။ မကောင်းဆိုးဝါးဝိညာဉ်ကြောင့် တစ်ရက်ကျော်ကြာအောင် ကပ်တွယ်ခံရပြီးနောက် နောက်ဆက်တွဲများ ရှိပေလိမ့်မည်။ သို့သော် မပြင်းထန်ချေ။

ဆရာချို၏ တပည့်က အချိန်အနည်းငယ် လှမ်းပြီးနောက် မျက်ရည်ဝဲနေသော အကြည့်ဖြင့် ယွင်ယွီကို စိုက်ကြည့်ပြီး ယွင်ယွီကို တပည့်လက်ခံပေးရန် တောင်းပန်ချင်နေတာ ဖြစ်ဟန်တူသည်။

ယွင်ယွီက ပြန်မပြောခဲ့ချေ။ သူမက ဤမိန်းကလေးနှင့် ရေစက်မပါ။ ယခုအချိန်တွင် သူမ၏တစ်ဦးတည်းသော တပည့်က ရှန့်ယုံဖြစ်သည်။ သူမက သင်ကြားရေး၌ ပျင်းရိသောကြောင့် တပည့်များများစားစား ရှိရန် မသင့်တော်ချေ။ ယင်းကို ကောင်းကောင်းမွန်စွာ သိပေ၏။

သူဌေးဝမ်သည် အခန်းသန့်ရှင်းပေးပြီးနောက် ယွင်ယွီနှင့် ချင်ယွီစွေက အိပ်ခန်းသို့ သွားလိုက်၏။ သူဌေးဝမ်၏သားသည် နောက်နေ့မနက်၌ အိပ်ရာစောစောနိုးလာ၏။ သူ့၏မျက်နှာက သိပ်မလန်းသော်ငြား စိတ်ဓာတ် တက်ကြွနေ၏။ သူဗိုက်ဆာကြောင်း တစ်ခုခုစားချင်ကြောင်း ပြောခဲ့သည်။

သူဌေးဝမ်နှင့် သူ့၏ဇနီးက အပျော်လွန်ကာ ယွင်ယွီကို ကျေးဇူးတင်စကား လာပြောတော့သည်။

ပြီးနောက် ယွင်ယွီသည် မာဝမ်ကျစ်အိမ်သို့ သွားလိုက်၏။ သူ့၏ဇနီးက အခြေအနေ ပိုပြင်းထန်သည်။ သူမနေ့လယ်၌ နိုးလာချိန်တွင် ဗိုက်ဆာကြောင်း ပြောခဲ့သည်။

ယွင်ယွီသည် မာဝမ်ကျစ်အား ဆေးညွှန်းပေးပြီးနောက် မနက် ၇ နာရီတိုင်း ဆေးကို ကျိုချက်ကာ ၄၉ ရက်ဆက်တိုက် သောက်ခိုင်းခဲ့၏။

ကျန်သည့်မိသားစုဝင်များကိုလည်း ယွင်ယွီက တူညီသည့်အညွှန်ကြားချက် ပေးခဲ့သည်။

ပြီးနောက် ယွင်ယွီသည် မြို့၌ နောက်တစ်ရက် ထပ်နေခဲ့၏။

184 04

ယနေ့က အလွန်တိတ်ဆိတ်နေပြီး ဘာမှ လုပ်စရာ မရှိပေ။ တစ်စုံတစ်ခု ဖြစ်မဖြစ်ကြည့်ရန် တစ်ည ထပ်စောင့်ရမည်။ သူမက နေ့အချိန်၌ မြင့်မားသည့်နေရာတစ်ခုသို့ သွားခဲ့သော်ငြား အချိန်အတိုင်းအတာ တစ်ခုအထိ မကောင်းဆိုးဝါးစွမ်းအင်ကို ရှာမတွေ့တော့ချေ။ သရဲတစ်ကောင်ထဲသာ ဖြစ်လောက်ပေ၏။

ထိခိုက်နစ်နာသူတို့၏အခြေအနေ တိုးတက်လာပြီးနောက် လူတိုင်းက ယွင်ယွီတို့အား လက်ဆောင်ပေးကြလေ၏။ တချို့က ယွမ်ထောင်ချီပေးကြ၏။ သူဌေးဝမ်က ယွင်ယွီအား ယွမ်ငါးသောင်းပေးကာ မာဝမ်ကျစ်က ယွမ်တစ်သောင်းပေး၏။ ယွင်ယွီက အခြေအနေပေါ် မူတည်ပြီး ပိုက်ဆံယူလေ့ရှိကာ သူမပိုက်ဆံပများစုကို တန်းလှူဒါန်းလိုက်၏။ သူဌေးဝမ်က ယွင်ယွီသည် ယခင်က ထန်းဝူမြို့မှ သစ်သီးမျိုးစေ့ပင်ပေါက်များကို ဝယ်ယူခဲ့သည့် ဖောက်သည်ကြီးဖြစ်ကြောင်း သိလိုက်ရသည်။ သိပ်မကြာသေးခင်ကလည်း ထပ်မှာယူထားမှန်း သိလိုက်ရသည်။

သူဌေးဝမ်သည် စိုက်ပျိုးရန်အတွက် တောင်ကိုတောင် စာချုပ်ချုပ်ဆို ထားနိုင်သည့်သူက ပညာရှင်ဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။ သူသည် နောက်ဆုံး၌ ပျိုးပင်များအတွက် လျော့ဈေးပေးလိုက်၏။ ထို့ကြောင့် နောက်ဆုံးငွေပေးချေမှုက နွေဦးဖြစ်လိမ့်မည်။ သူဌေးဝမ်ကလည်း ပြောလိုက်၏။ “နွေဦးရောက်လာတာနဲ့ အပင်တွေပ်ို့ပေးမယ်၊ အကောင်းဆုံးတွေ ဖြစ်စေရမယ်လို့ အာမခံတယ်”

ယွင်ယွီသည်သူ့ကိူကျေးဇူးတင်စကားပြောလိုက်၏။ သူတို့သည် ထန်းဝူမြို့ပ နောက်တစ်ရက် ထပ်နေခဲ့၏။

ထိုည၌ ဘာပြဿနာမှ မရှိပေ။ မကောင်းဆိုးဝါးဝိညာဉ်ကို ဖယ်ရှားပြီးဖြစ်သည်။ နောက်တစ်နေ့တွင် ယွင်ယွီနှင့် ချင်ယွီစွေတို့က ဟယ်ချင်းကျေးရွာသို့ ပြန်သွားလေ၏။

မူမူသည် သူ၏မိဘများ ပြန်လာတာကို တွေ့ရတာ အလွန်ပျော်ရွှင်နေသည်။ သူ၏မျက်နှာဖောင်းဖောင်းလေးကို မော့လျက် ယွင်ယွီကို ပွေ့ဖက်ခိုင်းနေတော့သည်။

ယွင်ယွီက မူမူကို ပွေ့ဖက်ချိန်၌ သူက အလွန်လိမ်မာနေပြီး သူ့၏ခေါင်းလေးဖြင့် ယွင်ယွီကို မှီနေလေ၏။

မူမူက ယခုဆို ရှစ်လသားအရွယ်ရှိပြီဖြစ်သည်။ ထို့ကြောင့် သူသည် လမ်းလျှောက်သင်နေပြီ ဖြစ်၏။ ယွင်ယွီက သူ လမ်းလျှောက်တာ စောလွန်းလျှင် သူ့အရိုးများအတွက် မကောင်းမှာကို စိုးရိမ်သဖြင့် တစ်နှစ်သားပြည့်ပြီးမှ လမ်းလျှောက်သင်ပေးဖို့ ပြင်ဆင်ထား၏။ သို့သော် သူမ လက်တလော၌ မူမူကို စကားပြော သင်ပေးနေပြီဖြစ်သည်။

ဥပမာအနေဖြင့် ယွင်ယွီသည် သူမကိုယ်သူမ လက်ညှိုးထိုးပြီးနောက် မေမေဟူသည့် စကားလုံးကို သင်ပေးကာ ချင်ယွီစွေကို လက်ညှိုးထိုးပြီး ဖေဖေဟူသည့် စကားလုံးကို သင်ပေး၏။ ပြီးနောက် အမေယွင်နှင့်အဖွားယွင်တို့အား ဖွားဖွား၊ ဖွားဖွားကြီးဟူ၍ ခေါ်ခိုင်းခဲ့သည်။

ပန်းများ၊ အပင်များ၊ တိရစ္ဆာန်လေးများကို မြင်ချိန်၌ သူမလက်ညှိုးထိုးပြပြီး မူမူကို ပြောပြတတ်သည်။

မူမူက ဘာမှမပြောဘဲ သူက ယွင်ယွီညွှန်ပြသည့် လူ သို့မဟုတ် အရာဝတ္ထုကို တည်ငြိမ်စွာ ကြည့်နေ၏။ တည်ငြိမ်လွန်းသဖြင့် ယွင်ယွီသည် ငိုရမလား ရယ်ရမလား မသိတော့ပေ။ မူမူသည် မည်သူနှင့်တူကြောင်း မသိတော့ပေ။ ထို့ကြောင့် ဗိုလ်ချုပ်လုံကို မေးခဲ့၏။ “မူမူ သူက ယွီစွေငယ်ငယ်တုန်းက ပုံစံနဲ့တူတယ်။ သူ့ရဲ့အကျင့်စရိုက်ကလည်း ဆင်တူတယ်။ ယွီစွေက စကားပြော နောက်ကျတယ်။ လမ်းလျှောက်လည်း နောက်ကျတယ်။ ဒါကြောင့် စိတ်မပူနဲ့”

ယွင်ယွီက ပြုံးပြီးပြောလိုက်၏။ “အဘိုးပြောတာ မှန်တယ်။ အဘိုးငှားရမ်းထားတဲ့ မြေက ခွင့်ပြုမိန့်ကျပြီလား။ ဘယ်အချိန် စဆောက်မှာလဲ”

ဗိုလ်ချုပ်လုံက ပြောလိုက်၏။ “ခွင့်ပြုချက်ရပြီ။ နောက်နွေဦးကျ စဆောက်မယ်။ ရွှီမိသားစုက ကောင်လေးကို ဒီဇိုင်းဆွဲပေးဖို့ ပြောထားတယ်။ နှစ်ရက်အတွင်း ပို့ပေးမယ်”

နှစ်ရက်အကြာတွင် ရွှီလန်ထင်းက ဟယ်ချင်းကျေးရွာသို့ ရောက်လာ၏။ သူက ရှေးဦးစွာ ယွင်ယွီနှင့် ကျန်သည့်သူများကို နှုတ်ဆက်ရန် ယွင်အိမ်သို့ သွားပြီးနောက် အဘွားယွင်ဆီ သွားရောက်လည်ပတ်ရန် ယွင်မိသားစုခြံဝင်းသို့ သွားတော့သည်။

သို့သော် အဘွားယွင်နှင့် ကျန်သည့်သူများ အိမ်တွင်မရှိပေ။ ရွှီလန်ထင်းက ပိတ်ထားသည့် ခြံဝင်းတံခါးကို ကြည့်ပြီးနောက် ယွင်ယွီနှင့်ချင်ယွီစွေဘက် လှည့်လာကာ ပြောလိုက်တော့သည်။ “အဘွားယွင်အိမ်မှာ မရှိဘူးဆိုတော့ အပန်းဖြေစခန်းသွားပြီး ဗိုလ်ချုပ်လုံအတွက် ဒီဇိုင်း သွားပြလိုက်မယ်”

184 05

ယွင်ယွီက သူ့ကို တည့်စောင်းလျက်ကြည့်လိုက်သည်။ “ဟုတ်ပြီလေ။ ရှင်ကိုယ်တိုင်သွားချင်လား။ ဒါမှမဟုတ် ယွီစွေနဲ့ ကျွန်မလိုက်ရမလား”

ရွှီလန်ထင်းက ပြုံးပြီးပြောလိုက်သည်။ “ငါကိုယ်တိုင်သွားလိုက်မယ်”

သူသည် ကားရပ်နားရာနေရာသို့ မောင်းသွားလိုက်၏။ ရှေးဦးစွာ ဗိုလ်ချုပ်လုံကို သွားရှာပြီးနောက် ရေးဆွဲထားသည့် ဒီဇိုင်းများ ပြခဲ့သည်။ ဗိုလ်ချုပ်လုံက အလွန်စိတ်တိုင်း ကျသွားလေ၏။ သူသည် အဘွားယွင်၏ ခြံဝင်းနှင့်ဆင်တူသည့် နေရာကို လိုချင်နေခဲ့သည်။ သူက အသက်ကြီးလာပြီဖြစ်ကာ အတက်အဆင်းလုပ်ရတာ အဆင်မပြေပေ။ အစိုပြန်မှု ထိန်းသိမ်းနိုင်သည့် ဘန်ဂလိုပုံစံ ခြံဝင်းက နေရတာ ဇိမ်ရှိလိမ့်မည်။

ဗိုလ်ချုပ်လုံသည် မြို့တော်သို့ ပြန်ရန်မစီစဉ်ထားပေ။ သူ၏ဘိုးဘေး ကွယ်လွန်သွားပြီးနောက် မိသားစုကိစ္စများကို လူငယ်မျိုးဆက်က ဖြေရှင်းနေပြီဖြစ်သည်။ ထို့အပြင် သူ့၏ညီမ လုံနျန်စီက မြို့တော်၌ တာဝန်ယူထား၏။ ထို့ကြောင့် သူအေးအေးဆေးဆေး အနားယူနိုင်ပြီဖြစ်သည်။

ရွှီလန်ထင်းသည် မစ္စတာလုံနှင့် စကားခဏပြောပြီးနောက် ထွက်သွားလေသည်။

သူသည် အပန်းဖြေစခန်းဂိတ်ဝ၌ ရပ်ကာ အထဲသို့ အကြိမ်ပေါင်းများစွာ ကြည့်လိုက်သည်။ ဧည့်သည်များက သူ့ကို မကြာခဏ လှည့်ကြည့်သွားလေ၏။ သူက အလွန်ချောမောခန့်ညားကာ သူ့၏နာမည်အတိုင်းပင် စိမ်းစိုနေသော ဝါးတစ် ဝါးသစ်ခွလေးပဲဖြစ်သည်။ စားပွဲထိုးများထဲမှ တစ်ယောက်က သူ့ကိုသိ၏။ သူက ယခင်လများ၌ အပန်းဖြေစခန်း၌ တည်းဖူးသည်။ စားပွဲထိုးက ရောက်လာပြီး နှုတ်ဆက်လိုက်သည်။ “မစ္စတာ.ရွှီ၊ အခန်းယူဦးမလား”

“ဟုတ်ကဲ့ ယူမယ်” ရွှီလန်ထင်းသည် သူ တွေ့ချင်သည့်သူကို မတွေ့ရသေးသောကြောင့် အခန်းငှားရန်အတွက် လော်ဘီထဲသို့ စားပွဲထိုးနောက်မှ လိုက်သွားသည်။

အခန်းတစ်ခန်းငှားပြီးနောက် အပန်းဖြေစခန်းဂိတ်မှ ထွက်လာချိန်တွင် ဂိတ်ဝ၌ ယွင်လန်ရပ်နေပြီး နာရီကြည့်ကာ အနည်းငယ် စိတ်လောနေပုံပေါ်တာကို တွေ့လိုက်ရ၏။ သူသည် သူမဆီ လျှောက်သွားပြီး ကြင်နာသောအသံဖြင့် ပြောလိုက်သည်။ “လန်လန်၊ တစ်ခုခုအရေးကြီးဖြစ်လို့၊ အရေးကြီးကိစ္စရှိလို့လား”

ယွင်လန်သည် ယနေ့၌ အညိုရောင်ဂါဝန်အင်္ကျီကို ဝတ်ထားပြီး အရောင်ဖျော့သည့် အဝါရောင်ဘောင်းဘီကို ဝတ်ထားကာ ခါးပတ်ပတ်ထား၏။ အရင်က သူမခါးကို ပိုသွယ်လျော့သွားစေသည်။ သူမဆံပင်ရှည်များကို ခပ်မြင့်မြင့် စည်းထားကာ အသားအရေက ဖြူပြီး မျက်ခုံးမျက်လုံးတို့က ကြင်နာရိပ်နှင့် အလှတရားများ ပြည့်နေတော့သည်။

သူမ တုံ့ဆိုင်းနေပုံပေါ်ကာ နောက်ဆုံး၌ ပြောလိုက်လေ၏။ “ကျွန်မမြို့ထဲမှာ အလုပ်ကိစ္စရှိလို့”

သူမသည် လူတစ်ယောက်နှင့် ဆွေးနွေးရန် အလုပ်ကိစ္စရှိ၏။ သို့သော် သူမ၌ ကားမရှိပေ။ တကယ်တော့ သူမ အပြင်ထွက်ချိန်၌ တက္ကစီစီးသွားလေ့ရှိ၏။ ကားက နောက် ၁၅ မိနစ်ကြာသည့်အထိ ရောက်မလာပေ။

ရွှီလန်ထင်းက ကြင်နာစွာ ပြောလိုက်တော့သည်။ “ကျွန်တော် ဟယ်ချင်းကျေးရွာကို ကားမောင်းလာတာ။ မြို့ကို ခေါ်သွားပေးမယ်လေ”

ယွင်လန်သည် တုံ့ဆိုင်းနေပြီး နောက်ဆုံး၌ လက်ခံကြောင်း ခေါင်းညိတ်လိုက်သည်။

ကားထဲသို့ ဝင်လာပြီးနောက် ယွင်လန်သည် အနည်းငယ် စိုးရိမ်ပူပန်နေ၏။ သူမမိသားစုသည် ရွှီလန်ထင်းနှင့် အလွန်ရင်းနှီးသည်။ သူက သူတို့အိမ်၌ ညစာမကြာခဏ စားလေ့ရှိပြီး အပန်းဖြေစခန်း၌ တည်းလေ့ရှိသည်။ သို့သော် သူမသည် ရွှီလန်ထင်းကို အဆက်အသွယ် လုပ်ရတာ သိပ်မနှစ်သက်ပေ။ သူမကို သူကြည့်မိလိုက်ချိန်၌ သူ့၏မျက်လုံးများက အနည်းငယ် တောက်လောင်နေတာကို ခံစားမိသည်။ သူမက နုံအသူ မဟုတ်ချေ။ ရွှီလန်ထင်းက သူမအပေါ် ခံစားချက်များရှိတာကို သိပေ၏။

သို့သော် ယခုအချိန်တွင် ထိုအကြောင်း မစဉ်းစားနိုင်ချေ။ ပထမအချက်မှာ သူမ ဖေးဟယ်ကို မမေ့။ ဒုတိယအချက်မှာ ရွှီမိသားစု၏ မိသားစုအခြေအနေက လုံနှင့်ချင်မိသားစုထက် နိမ့်ကျခြင်း မရှိပေ။ ထိုကဲ့သို့သော မိသားစုက ရွှီမိသားစု၏ ချွေးမအဖြစ် ကျေးတောသူတစ်ယောက်ကို မည်သို့ လက်ခံနိုင်မည်နည်း။ ချန်မိသားစုကဲ့သို့ပင် သူတို့၏ညီမကို လက်ခံလိုစိတ် မရှိပေ။

ယခုအချိန်တွင် သူမဤကိစ္စများကို မပြောချင်သေးချေ။

လမ်းတစ်လျှောက်၌ ရွှီလန်ထင်းသည် ယွင်လန်ကို စကားပြောနေလေ၏။ သူ့၏လေသံက ကြင်နာပြီး အထက်တန်းလွှာတစ်ယောက်လိုပင်။

184 06

ထိုကဲ့သို့သော အမျိုးသားကို မရေမတွက်နိုင်သော အမျိုးသမီးများ လိုက်ကြလိမ့်မည်။ ယွင်လန်ကမူ သူ သူမကို အဘယ်ကြောင့် ကြိုက်မှန်းမသိ။

တစ်နာရီခန့်ကြာပြီးနောက် သူတို့သည် သွားလိုသည့်နေရာသို့ ရောက်ပြီး ယွင်လန်က ကားထဲမှထွက်ကာ ရွှီလန်ထင်းကို ကျေးဇူးတင်စကား ပြောလိုက်သည်။

ရွှီလန်ထင်းက ကားတံခါးကိုမှီလျက် ပြုံးကာ ပြောလိုက်တော့၏။ “မင်းပြန်လာတာ စောင့်မယ်လေ”

သူသည် ယွင်လန် ထွက်လည်နှင့် အလုပ်ကိစ္စ ပြောပြီးသည့်အထိ တကယ်စောင့်ခဲ့၏။ ပြီးနောက် ယွင်လန်ကို ဟယ်ချင်းကျေးရွာသို့ ပြန်ပို့ပေးခဲ့သည်။ ယွင်လန်က ယွင်မိသားစုခြံဝင်း၌ ညစာစားရန် ဖိတ်ခဲ့လေ၏။

ယွင်မိသားစုက ရွှီလန်ထင်းနှင့် အလွန်ရင်းနှီးပြီး သူတို့က သူနှင့်စကားပြောရတာ အသားကျနေပြီဖြစ်သည်။

ညစာစားပြီးနောက် ယွင်ယွီနှင့် ချင်ယွီစွေသည် မူမူကို အိမ်သို့ အရင်ပြန်ခေါ်သွားသည်။ ရွှီလန်ထင်းက ယွင်မိသားစုခြံဝင်း၌ နေခဲ့လေ၏။ သူက ယွင်လန်ထွက်လာတာကို မြင်သောအခါ သူမနောက် လိုက်သွားသည်။ “အပန်းဖြေစခန်း သွားမလို့လား။ ကျွန်တော်လည်း အနားယူတော့မလို့”

ယွင်လန်က ခေါင်းညိတ်လိုက်သည်။

သူတို့အပန်းဖြေစခန်းသို့ ရောက်ချိန်၌ ယွင်လန်က ရုံးခန်းသို့ သွားလိုက်၏။ မြင့်မားသော သစ်ပင်အောက်၌ သူမသည် ရွှီလန်ထင်းကို မော့ကြည့်ကာ ပြောလိုက်တော့သည်။ “မစ္စတာ.ရွှီ၊ ကျွန်မရုံးခန်းကို အရင်သွားလိုက်ဦးမယ်” သူမစကားပြောနေစဉ် ရပ်တန့်မိသွား၏။ အကြောင်းမှာ ရွှီလန်ထင်း၏ အကြည့်တို့က စိတ်ချင်း တွယ်တာမှုအပြည့်ဖြင့် အာရုံစူးစိုက်မှုရှိနေသောကြောင့် ဖြစ်သည်။ သူမ စတင်ကြောက်လန့်လာသည်။

ရွှီလန်ထင်းက ယွင်လန်၏လက်ကို ကိုင်ကာ ပြောလိုက်၏။ “လန်လန်၊ ကိုယ့်ရဲ့ချစ်သူ ဖြစ်ပေးနိုင်မလား”

ယွင်လန်က သူ့ကို ကြည့်ပြီး ပြောလိုက်သည်။ “မစ္စတာ.ရွှီ၊ ကျွန်မ တောင်းပန်ပါတယ်”

“ကောင်းပြီ ကျွန်တော်နားလည်ပါတယ်”

ရွှီလန်ထင်းက သူမကို ငုံ့ကြည့်လိုက်ချိန်တွင် သူ့အကြည့်က ညင်သာနေသေးသည်။ “အလုပ်အရင်သွားလုပ်လေ။ ဒီည စောစောပြန်လာခဲ့”

ယွင်လန်က ခေါင်းညိတ်ပြီးနောက် နောက်ဆုံးတွင် ကြောက်လန့်တကြား ထွက်သွားကာ သူမ ထွက်ပြေးသွားသလိုပင်။

ရွှီလန်ထင်းက သူမနောက်ကျောကို ကြည့်ပြီး မချိပြုံးပြုံးလိုက်၏။ ဤအရာက သူ့အမှားမှန် အမှားဖြစ်လိမ့်မည်ဟု ထင်သွားသည်။ နှစ် ၃၀ လုံးလုံး သူသည် လောကကြီးအနှံ့ လျှောက်သွားရတာ နှစ်သက်ပြီး ပေါ့ပေါ့ပါးပါးနေခဲ့ကာ ထိန်းချုပ်ခံရခြင်းကို မနှစ်သက်ခဲ့ချေ။ ယခုသူချစ်မြတ်နိုးသည့် မိန်းကလေးတစ်ယောက်ရှိသော်ငြား သူမက သူ့ကို သဘောမကျချေ။

ညစာစားပြီးနောက် ယွင်ယွီနှင့် ချင်ယွီစွေသည် မူမူကို အိမ်သို့ ပြန်ခေါ်လာ၏။

လမ်း၌ ယွင်ယွီက ပြောလိုက်လေသည်။ “ရွှီလန်ထင်းက ကျွန်မအစ်မကို လိုက်ချင်နေပေမဲ့ လွယ်မဲ့ပုံ မပေါ်ဘူး”

ချင်ယွီစွေက မှင်သက်သွားတော့သည်။ သူ၏အကောင်းဆုံး သူငယ်ချင်းက ဇနီးဖြစ်သူ၏အစ်မကို ချစ်မိတာကို သတိမပြုမိချေ။

ယွင်ယွီက သူမဘာသာ ဆက်ပြောနေလေ၏။ “သူတို့ကိစ္စထဲ ကျွန်မ ဝင်ပါမှာ မဟုတ်ဘူး”

မည်သို့ပင်ဆိုစေ အန္တရာယ်မရှိ သူတို့ခံစားချက်က သူတို့ ကိစ္စဖြစ်၏။ သူမက သူတို့မျက်နှာကို မကြည့်ပေးခဲ့ပေ။ သူတို့စိတ်ဆန္ဒအတိုင်း လွှတ်ထားရန် ပြငိဆင်ထားလေ၏။ တကယ်တော့ သူမအစ်မကို ရွှီလန်ထင်းနဲ့ မရှိစေချင်ပေ။ အကြောင်းမှာ ရွှီမိသားစု၌ ရှုပ်ထွေးသော နောက်ခံ ရှိနေသောကြောင့် ဖြစ်၏။

ချင်မိသားစုက သူမကို လက်မခံနိုင်ပေ။ သူမတို့က နောက်ခံတူညီသည်။ သူမအစ်မက အခက်တွေ့လိမ့်မည်။ သူမက လွတ်လပ်ပေါ့ပါးပြီး ကျန်သည့်သူများ၏အမြင်ကို ဂရုမစိုက်တတ်သူ ဖြစ်တတ်သော်ငြားသူမအစ်မက မတူညီပေ။ သူမအစ်မ ထိခိုက်နာကျင်မှာကို စိုးရိမ်မိ၏။

184 07

သို့သော်ငြား နှလုံးသားရေးရာကိစ္စထဲ၌ ဝင်မပါချင်ပေ။ ဝင်စွက်ဖက်လိုက်ခြင်းက သူမအစ်မအတွက် ဆိုးရွားတာ ဖြစ်မည် စိုးရိမ်သောကြောင့် သဘာဝအတိုင်း လွှတ်ထားတာက ပိုကောင်းလိမ့်မည်။

ရွှီလန်ထင်းက လဝက်ခန့် နေပြီး ဒီဇင်ဘာ၌ ထွက်သွား၏။ သူထွက်သွားပြီးနောက် ယွင်လန်က သက်ပြင်းချလိုက်လေ၏။ ဤကိစ္စပြီးနောက် ယွင်ယွီသည် သူတို့က်ိူ ဂရုမစိုက်တော့ပေ။ သူမအလွန် အလုပ်များနေ၏။ ငါးများစွာ မှာယူနေပြီ ဖြစ်ပြီး ရေထွက်ကုန်များကို နှစ်ကူးပြီးနောက် ဟယ်ချင်းကန်ထဲ လွှတ်မှာဖြစ်၏။ ထို့အပြင် နွေဦး၌ ရိတ်သိမ်းရမည့် သီးပင်များ ရှိနေသေးသည်။ လူများစွာကို ငှားရမ်းထား၏။ သူတို့က နှစ်သစ်အထိ အလုပ်များနေမှာပဲ ဖြစ်၏။

နှစ်ရက်အကြာတွင် မြို့ထဲရှိ မိသားစုဝင် တစ်ယောက်က ယွင်ယွီကို ရုတ်တရက် လာရှာ၏။ သူက အသက်၃၀အရွယ်ရှိ အမျိုးသားတစ်ယောက်ဖြစ်ကာ မျက်လုံးများ နီရဲနေ၏။ သူက ပြေးလာက ယွင်ယွီက်ို ဒူးထောက် ချင်သော်ငြား ယွင်ယွီက ရှောင်လျှက် သူ့ကို စကားပြောခိုင်းလိုက်၏။

“ဆရာ ကျေးဇူးပြုပြီး ကျွန်တော့် ဇနီးက်ို ကယ်ပါ”

ထိုသူသည် စိုးရိမ်လွန်းသဖြင့် မျက်လုံးမှ မျက်ရည်များကျလာ၏။

ယွင်ယွီက ပြောလိုက်တော့၏။

“ဘာတွေ ဖြစ်နေတာလဲ၊ ဖြည်းဖြည်းချင်းပြော”

ထိုလူက ငိုယိုလိုက်၏။

“ကျွန်တော့်မိန်းမက မွေးဖွားရ ခက်ခဲနေတာ။ အခုမြို့တော် ဆေးရုံမှာ ရှိတယ်။ ဘာလုပ်ရမလဲ မသိဘူး။ အရင် စစ်ဆေးချက်တွေက ကောင်းရဲ့သားနဲ့ ကလေးက မကြီးဘူး။ ကလေးကို မွေးဖို့ ခက်ခဲနေတယ်။ ကျွန်တော့်မိန်းမက သွေးကျဲတယ်။ ခွဲစိတ်တာက သွေးထွက် လွန်စေလိမ့်မယ်။ ဆရာဝန်ပြောတာတော့ သူ ခွဲစိတ်လို့ မရဘူးတဲ့။ ဒါပေမဲ့ ကလေးကိုလည်း မမွေးနိုင်ဘူး။ ၁၀နာရီ ကြာနေပြီ။ ဆရာဝန်က ဒီအခြေအနေက အလွန်ထူးဆန်းတယ်လို့ ပြောတာ။ ကျွန်တော် တခြား ရွေးချယ်စရာမရှိလို့ ဆရာ့ကိုအကူအညီ လာတောင်းတာ”

လူများစွာသည် သူတို့ အပြင်းအထန် နာမကျန်းဖြစ်ပြီး ကုသ၍မရနိုင်ချိန်၌ အယူသီးလာသည်။ သူတို့၏အခြေအနေက ဤလူနှင့် ဆင်တူ၏။ နတ်ဘုရားက ကူညီနိုင်လိမ့်မည်ဟု ယုံကြည်နေကြတာ ဖြစ်သည်။

သို့သော် ယွင်ယွီ မျက်လုံး ဖွင့်ကြည့်လိုက်ချိန်၌ မျက်မှောင် အနည်းငယ် ကြုတ်မိသွားတော့သည်။ ဤလူကိုယ်ပေါ်၌ မကောင်းဆိုးဝါးအငွေ့အသက်ကို တွေ့လိုက်ရတော့သည်။

******

All Chapters