Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

131 01

အပိုင်း 131

နှစ်သစ်ကူးပွဲတော်ချိန်ည ဖြစ်ပြီး ယခုအချိန်တွင် ညရှစ်နာရီခွဲနေပြီဖြစ်ကာ မိသားစုတချို့က နှစ်သစ်ကူးညစာ စားသောက်နေပြီဖြစ်ပြီး တချို့ကနှစ်သစ်ကူး ပွဲကို ကျင်းပရန် တီဗီကြည့်နေကြသည်။

ယွင်ရွှမ်းရွှမ်းက ရှေ့တိုးသွားလျှက် တံခါးခေါက်လိုက်သည်။ ယင်းက သေးငယ်သည့် နှစ်ထပ်အဆောက်အုံ ဖြစ်၏။ သူမ အတော်ကြာ တံခါးခေါက်နေခဲ့၏။

ရှောင်ကျင်းမြောင်သည် ယွင်ရွှမ်းရွှမ်း အနောက်မှ ရပ်နေကာ ငိုယိုပြီးတောင်းပန်လေ၏။

“ရွှမ်းရွှမ်း ပြန်သွားကြရအောင်”

ယွင်ရွှမ်းရွှမ်းက လှည့်လာပြီး ရှောင်ကျင်းမြောင်ကို ရက်စက်စွာ စိုက်ကြည့်လိုက်၏။

“ပါးစပ်ပိတ်ထား မင်းရဲ့ သမီးက ငါတို့ကို အကြွေးတင်နေတာ”

ရှောင်ကျင်းမြောင်သည် ထိုစကားကြားပြီး‌နောက် မေ့လဲလုနီးပါးဖြစ်သွားသည်

နှစ်မိနစ်ခန့်အကြာ၌ တစ်စုံတစ်ယောက်က တံခါးလာဖွင့်ပေး၏။ သူသည် အသက်လေးဆယ် အရွယ်ခန့်ရှိသည် အရက်မူးသမားဖြစ်သည်။ တံခါးတွင် ရပ်နေသည့် လူကို ဇဝေဇဝါကြည့်ကာ မေးလိုက်တော့သည်။

“ခင်ဗျားက ဘယ်သူလဲ”

ယွင်ရွှမ်းရွှမ်းက ထိုလူ၏ မျက်နှာကို ခုန်ရိုက်ပြီး ကျိန်ဆဲလိုက်သည်။

“လျိုယုံကွေ့ ငါ့အတွက် ဘယ်လိုအိမ်ကို ဆောက်ပေးထားတာလဲ။ အဲဒါ မိုးယိုနေတယ်၊ ငါ ဘယ်လိုလုပ် ဇိမ်ရှိရှိ နေနိုင်မှာလဲ၊ မင်းရဲ့ အိပ်မက်ထဲမှာ သုံးလေးကြိမ် ပေါ်လာပေမဲ့ နိုးလာတာနဲ့ မေ့ပြစ်လိုက်တယ်၊ တစ်ချိန်လုံး သောက်ပြီးရင်း သောက်နေတာ သောက်ဖို့ပဲ တွေးနေတာ။ ငါ ဘယ်လိုသေသွားလဲ မေ့သွားပြီလား။ ဒါတောင် သောက်နေသေးတယ်ပေါ့။ ဒီနေ့ ငါမင်းကို သေအောင်ရိုက်မယ်”

လျိုယုံကွေ့ဟု အမည်ရသော လူသည် အရိုက်ခံရသောကြောင့် မှင်သက်နေသည် ကြက်သီးထလာလေ၏။ သူ ကြောက်ကြောက်လန့်လန့် မေးလိုက်တော့၏။

“မင်း ဘယ်သူလဲ”

လျိုယုံကွေ့၏ ဇနီးထွက်လာချိန်တွင် ယွင်ရွှမ်းရွှမ်းက သူ့ကို ကျိန်ဆဲနေသေးသည်။

“ငါ သေသွားတာ တစ်နှစ်ကျော်ပဲ ရှိသေးတာကို ငါ့အကြောင်းတောင် မေ့သွားပြီလား”

ပြီးနောက် သူက မျက်နှာကို နှစ်ချက်ခန့် ခုန်ရိုက်လိုက်သည်။ လျိုယုံကွေ့က ကြောက်လန့်နေသေး၏။ သူသည် အသက် ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ် အရွယ်ခန့်ရှိသည့် မိန်းကလေးကို ကြည့်နေမိသည်။ သူမက ယောက်ျားသံဖြင့် ကျိန်ဆဲနေတာပဲဖြစ်သည်။ အသံက ရင်းနှီးနေသည်ဟုတောင် တွေးမိလေ၏။

တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည့်သူက သူ၏ ဇနီးပဲဖြစ်သည်။

“ယုံ…ယုံကွေ့ ဒါက ကျွန်မတို့ အဖေရဲ့ အသံမဟုတ်လား”

သူမ ယောက္ခထီးသည် သက်ရှိထင်ရှားရှိစဉ်က သူမ ခင်ပွန်းကို ဤသို့ ရိုက်နှက်ဆူပူတတ်သည်။ သူ၏ အမူအရာက တစ်ထပ်တည်း တူနေပေ၏။ သူ့ယောက္ခထီး၏ အမူအရာနှင့် ဟန်ပန်တို့က ကလေးတစ်ယောက်ဆီတွင် ဤသို့ ပေါ်လာလေရာ လူတို့ကို သေအောင် ခြောက်လန့်ဖို့လုံလောက်သည်။

“အဖေလား”

လျိုယုံကွေ့က မဝံ့မရဲ ခေါ်လိုက်၏

ယွင်ရွှမ်းရွှမ်းက ဆူပူတော့သည်။

“မင်း ငါဘယ်သူလဲ သိသေးတယ်ပေါ့။ မင်းရဲ့ အိပ်မက်ထဲမှာ ငါပေါ်လာတာ မေ့သွားပြီလား။ ငါ့အတွက် မင်း တူးပေးထားတဲ့ အုတ်ဂူက မိုးယိုနေတယ်။ မြန်မြန် တစ်ယောက်ယောကို လာပြင်ခိုင်းလိုက်။ ငါနှစ်အနည်းငယ်လောက် ဒီမှာ နေရအုံးမှာ။ မင်းက ဒီလောက် ကျေးဇူးမသိတတ်တဲ့ သားပဲ။ တစ်ချိန်လုံး သောက်စားနေဖို့ပဲ သိတယ်။ ငါ အရက်မူးနေတာကြောင့် လမ်းဘေး ပြုတ်ကျပြီး သေသွားတာကို မင်းမသိတာလဲ မဟုတ်ဘဲနဲ့ သောက်နေသေးတုန်း”

******