← Chapters

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း ၁၅၄

Vol. 16 Ch. 154

154 01

အပိုင်း 154

စန်းရှုယန်သည် မကြေမချမ်း သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ယခု သူမ လက်စားချေနိုင်ခဲ့ပြီဖြစ်ရာ သူမ စိတ်အပူရဆုံးက သူမ့မိသားစု ဖြစ်နေ၏။ သူမက သူတို့ကို ပြန်သွားတွေ့ချင်တာ ပုံမှန်ပဲ ဖြစ်သည်။

လူတို့သည် သေလွန်ပြီးနောက် ၇ ရက်မြောက်နေ့တွင် ဝိညာဉ်ပြန်ရောက်လာသည်ဟု ယုံကြည်ချက် ရှိကြသည်။ ထိုအပြင် သူတို့က သူတို့မိသားစုများဆီ သွားလည်လိမ့်မည်။

ယွင်ယွီက ခေါင်းညိတ်ပြီး ပြောလိုက်လေ၏။

“နောက်ထပ် လဝက်လောက်ဆိုရင် ရှင့်ရဲ့ဝိညာဉ်က ပြန်ကောင်းသလောက်ရှိပြီး အဲဒီအချိန်ကျ မြို့တော်ကို သွားလို့ ရတယ်။ နေ့အချိန်မှာ သွားနိုင်ဖို့ အဆောင်နှစ်ခု ရှင့်ကို ပေးလိုက်မယ်။ နောက်ထပ် အဆောင်တစ်ခုက သူတို့ရှေ့မှာ ပေါ်လာစေမှာ။ ကားထဲမှာ ရှိနေတဲ့အချိန် မသုံးနဲ့ မဟုတ်ရင် တခြားသူတွေကို ခြောက်လှ့န်မိလိမ့်မယ်”

စန်းရှုယန်၏ ဝိညာဉ်သည် ကျင့်ကြံခါစ ဖြစ်သောကြောင့် ဆန္ဒရှိသလို လူတို့ရှေ့တွင် ပေါ်လာနိုင်စွမ်း မရှိသေးပေ။ ထိုကြောင့် စန်းရှုယန်သည် သူမ၏ အကူအညီ လိုအပ်နေသေးသည်။

စန်းရှုယန်က ယွင်ယွီကို ကျေးဇူးတင်စကား ပြောပြီးနောက် ယွင်ယွီက ဆက်ပြောလိုက်၏။

“အချိန်ကျလာရင် မြို့တော်ကို ကားစီးသွားလိုက်”

ဘတ်စ်ကား စီးသလိုပင်။ သို့သော် အခမဲ့ ဖြစ်ပေ၏။ ဆိုရလျှင် သူမက သရဲတစ်‌ကောင်ဖြစ်ပြီး လက်မှတ် မဝယ်နိုင်ပေ။ လက်မှတ်ဝယ်ရင်တောင် ယာဉ်မောင်းနှင့် ခရီးသည်များက ကြောက်လန့်ပြီး သေသွားလိမ့်မည်။

ယွင်ယွီက ထပ်ပြီး ညွှန်ကြားလိုက်သည်။

“ရှင့်မိသားစုဆီ သွားပြီးရင် ဒီကို ပြန်လာရမယ်။ ရှင် နောက်ဘဝ ကူးနိုင်အောင် ကူညီပေးမယ်။ ဒါမှ မြေအောက်လောကကို သွားပြီး ပြန်လည်မွေးဖွားဖို့ စောင့်ပြီး နောင်ဘဝမှာ ကောင်းမွန်တဲ့ ဘဝရနိုင်မှာ”

စန်းရှုယန်က ရုတ်ချည်းသေဆုံးသွားခဲ့တာ ဖြစ်ပြီး သူမကို မြေအောက်လောကတွင် ပြန်လည်ဝင်စားနိုင်ရန် ခက်ခဲပေလိမ့်မည်။ ပြန်လည်မွေးဖွားရန်အတွက် တစ်စုံတစ်ယောက်က သူမကို ကူညီပေးဖို့ လိုအပ်သည်။

“ဆရာ ကျွန်မ သိပါပြီ”

စန်းရှုယန်သည် လူသားများနှင့် သရဲတစ္ဆေတို့သည် လမ်းကြောင်း မတူညီကြမှန်း သိပေ၏။ အလွန်ဆုံးမှ သူမ၏ ဆွေမျိုးသားချင်းများကို သွားတွေ့ရုံသာ ဖြစ်သည်။ သို့သော်ငြား အချိန်အတော်ကြာ လက်ခံမထားနိုင်ပေ။ သူတို့ကို ထိခိုက်စေလိမ့်မည်။

စကားခဏ ပြောပြီးနောက် ယွင်ယွီက ထွက်သွားလေ၏။

စန်းရှုယန်သည် အိတ်ကို ကပ်တွယ်ရန် မလိုတော့ချိန်မှစပြီး ယွင်ယွီက အိတ်အား လွန်ခဲ့တဲ့ ရက်အနည်းငယ်ခန့်က အပန်းဖြေစခန်းကနေ မြို့တော်ကို ပြန်သွားပြီဖြစ်သော ယဲ့ကွေ့ရန်အား ပို့ပေးလိုက်သည်။

စန်းရှုယန်၏ အခန်းထဲမှ ထွက်လာပြီးနောက် ယွင်ယွီသည် တောင်ထိပ်သို့ တစ်ချက်သွားကြည့်ရန် ပြင်ဆင်လိုက်သည်။

ယခင်လက သူမသည် တောင်ကတုံးပေါ်၌ လယ်စိုက်ရန် တစ်စုံတစ်ယောက်ကို ငှားရမ်းထားသည်။ သူမ ငှားထားသည့် တောင်က တောင်ကတုံးဖြစ်ပြီး ဆင်ခြေလျောလည်း ရှိကာ လယ်ကွက်ပြန်ဖော်နိုင်၏။

ဧရိယာများစွာကို စပါးခင်းအဖြစ် တူးထားပြီဖြစ်ကာ တချို့တလေက ကျန်နေသေး၏။ သို့သော်ငြား ကုန်ကျစရိတ်က ထိုမြေပြန့်ထက် ပိုမြင့်သောကြောင့် ဖြစ်သည်။

သို့သော် ယွင်ယွီမိသားစု၌ စပါးခင်း ဧက အနည်းအကျဉ်းသာ ရှိပြီး အနား၌ လွတ်နေသည့် လယ်ကွင်း မရှိပေ။ သူတို့ မိသားစု၏ အစားအသောက်က အပန်းဖြေစခန်း၏ သုံးစွဲမှုပမာဏကို ထောက်ပံ့ပေးရန် မလုံလောက်ချေ။ ထိုကြောင့် သူတို့က မြေအသစ်ဖော်ဖို့ လိုအပ်သည်။

ဆင်ခြေလျောတစ်ခု ရှိနေသောကြောင့် မြေဖော်နိုင်ပြီး ထိုနေရာက ရှုခင်း လှပသည်။

စပါးစေ့များ ကြိတ်ပြီးနောက် ၎င်းသည် လှပသည့် စိမ်းစိုနေသော မြင်ကွင်းတစ်ခု ဖြစ်လာလိမ့်မည်။ ရွှေအိုရောင် သန်းလာချိန်တွင် ရွှေအိုရောင် ကောက်ပဲသီးနှံ လှိုင်းတစ်ခု ဖြစ်လာလိမ့်မည်။ အမြင့်တစ်နေရာကနေ ရပ်ကြည့်လျှင် လေယူရာ ယိမ်းနေသည့် ရွှေရောင် သန်းသော စပါးနှံတို့ကို မြင်နိုင်မှာပဲ ဖြစ်သည်။ ယင်းက နောက်ထပ် ရင်သပ်ရှုမောဖွယ် မြင်ကွင်း တစ်ခု ဖြစ်လာလိမ့်မည်။

154 02

ယခင်လက သူမသည် စပါးခင်းဖော်ရန် လူငှားထားပြီးသား ဖြစ်ကာ လအစ၌ ပျိုးကျဲထားပြီးသား ဖြစ်သည်။ ဝိညာဉ်စွမ်းရည် အားဖြည့်မှုကြောင့် ယခုလ၏ နှောင်းဆန်သည် ကျန်သည့်သူများထက် ရက်အနည်းငယ် နောက်ကျပြီးမှ စိုက်သော်ငြား အထွက်နှုန်းက အလွန် ကောင်းမွန်နေသေး၏။ အလွန်ကြီးထွားပြီး သန်စွမ်းနေပြီ ဖြစ်သည်။ ရွာထဲရှိ တခြားသော မိသားစုတို့၏ ဆန်များထက် ပိုကောင်းသည်။

သူမက နေ့စဉ်နေ့တိုင်း စပါးခင်းနှင့် သစ်သီးခြံသို့ သွားကြည့်သည်။ စပျစ်သီးများက နောက်လဆို မှည့်မှာ ဖြစ်သည်။

ချယ်ရီသီးများက ယခုလတွင် မှည့်ပြီဖြစ်ကာ ဈေးကွက်တန်ကြေးက အတော်လေးများ၏။ ဈေးထဲရှိ သစ်သီးဆိုင်၌ လက်တလော တင်ထားပြီး တစ်ပေါင်ကို ယွမ် ၃၀ သို့မဟုတ် ယွမ် ၄၀ ဖြင့် ရောင်းနိုင်သည်။ ၎င်းတို့သည် သာမန်သစ်သီးများအတွက် ဖြစ်၏။ ကြီးမားပြီး အရည်ရွမ်းသည့် သစ်သီးများက ယွမ် ၆၀ ကျော်သည်။ ယွင်ယွီ၏ အသီးအနှံများက အခြားသော သစ်သီးဆိုင်များရှိ အသီးအနှံများထက် ပိုကောင်းမွန်သည်။ အရည်ရွမ်းနေကာ ကြွတ်ဆတ်ပြီး အရသာ အလွန်ချိုမြ၏။

လက်တလော၌ သစ်သီးများ စမှည့်လာပြီဖြစ်ကာ သူမကလည်း အလုပ်အလွန်များလာတော့သည်။

အစက စပါးစိုက်ခင်းကို ကြည့်ရန်နှင့် ချယ်ရီများကို ကြည့်ရန်အတွက် တောင်ပေါ်သို့ သွားရန် ပြင်ဆင်ထား၏။ အကြောင်းမှာ တစ်စုံတစ်ယောက်ကို ချယ်ရီခူးရန်နှင့် သေတ္တာထဲ ထုတ်ပိုးရန် လူရှာရန် ရည်ရွယ်ထားသောကြောင့် ဖြစ်သည်။

ယခုတစ်ခေါက် ချယ်ရီများကို ဖန်ချွင်ရှန်နှင့် ရွှီဖုန်းအာဆီ ပို့လိုက်၏။ ရွှီဖုန်းသည် ယခင်က သူတို့ ပူးပေါင်းဆောင်ရွက်ဖူးသည့် သစ်သီးကုန်သည်တစ်ယောက် ဖြစ်သည်။ သူတို့ သူမအား ပေးသည့် တန်ကြေးက တစ်ကတီကို ယွမ် ၆၀ ဖြစ်၏။ ပို့ဆောင်ရေးစရိတ်များ ထပ်ပေါင်းပြီးနောက် သူတို့သည် အမြတ်ရှာနိုင်သေးသည်။ ထိုကြောင့် သစ်သီးများ ရင့်မှည့်သောအချိန်ရောက်ချိန်၌ တန်ကြေးက ဈေးချိုမှာ မဟုတ်တာ ကျိန်းသေသည်။

တကယ်တော့ အခြားသော နေရာမှ ချယ်ရီများ ဝယ်ယူရသည့် တန်ကြေးသည် ယွမ် ၁၀၊ ၂၀ သာ ရှိပြီး ပို့ဆောင်ခက ပုံမှန်ဆို ပိုဈေးကြီးလေ့ ရှိ၏။ ယွင်ယွီ၌ ဤကဲ့သို့ ချယ်ရီများများစားစား မရှိပေ။ သူမ စိုက်ပျိုးထားသည့် သီးနှံများကလည်း မတိုးပေါက်ပေ။

ယွင်ယွီက အပြင်ထွက်ကာ တောင်ပေါ်ရှိ ကိစ္စများ စဉ်းစားနေစဉ် သူတို့၏ သားလေးကို ခေါ်လာလျှက် ဂိတ်ဝ၌ တုံ့ဆိုင်းစွာ ရပ်နေသည့် ဝမ်လင်မယားကို တွေ့လိုက်ရ၏။

“ရှင်တို့ ဒီကို ဘာလာလုပ်တာလဲ”

ယွင်ယွီသည် သိလျှက်သားနှင့် မေးလိုက်၏။

တံခါးရှိ စုံတွဲက ဝမ်ကျစ်ရှင်း၏ မိဘများနှင့် သူမ၏ မောင်လေးပဲ ဖြစ်သည်။

လွန်ခဲ့သော လဝက်ခန့်က ကျစ်ရှင်းသည် ဝမ်မိဘများက သူမ၏ တည်ရှိမှုကို ရှာတွေ့သွားပြီဖြစ်ကြောင်းနှင့် အကူအညီ လာတောင်းလောက်ကြောင်း ပြောထားသည်။

ရလဒ်အနေဖြင့် ထိုစုံတွဲက ယခုအချိန်တွင် သူမ့အိမ်သို့ ရောက်လာသည်။ သူတို့သည် သူမ၏ ယခင် မြင့်မားသော တန်ကြေးကြောင့် ကြောက်လန့်နေတာ ဖြစ်ကာ အကူအညီ လာမတောင်းရဲတာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။

သူမသည် သူတို့သား၏ ပြဿနာကို ဖြေရှင်းပေးစဉ်က ယွမ် တစ်သိန်း တောင်းခဲ့၏။ စုံတွဲက သူမကို လန့်နေတာပဲ ဖြစ်မည်။

ကျူအိုက်ချင်းနှင့် ဝမ်ရွှမ်တို့က ဝမ်ယွီနှင့်အတူ အိုးတိုးအမ်းတမ်း ရပ်နေလေ၏။ ယွင်ယွီက မေးတာ ကြားသောအခါ ကျူအိုက်ချင်းက သူမသားကို ခေါ်လျှက် အထဲသို့ဝင်လာကာ တုံဆိုင်းစွာ ပြောလိုက်တော့သည်။

“ဆရာ ဒီလိုပါ။ မနှစ်တုန်းက အဖြစ်အပျက်က မဖြေရှင်းရသေးတာ သိလိုက်ရတယ်။ ကျွန်မသားကို တစ်စုံတစ်ခုက နှောင့်ယှက်နေသေးတုန်းပဲ”

သူမသည် ယွင်ယွီက အလွန်အကျွံတောင်းမှာ စိုးရိမ်နေ၏။ ထိုကြောင့် သူမသမီး၏ ပူးကပ်မှုအား မနှစ်တုန်းက မတော်တဆမှုအဖြစ် ပြောင်းလဲလိုက်၏။ ယွင်ယွီက သင့်တော်စွာ မဖြေရှင်းဟုလည်း ပြောခဲ့သည်။

ယွင်ယွီက ဘာမှ မပြောရသေးခင် ဝမ်ယွီက ကျူအိုက်ချင်း၏ လက်ကို လွှတ်ချကာ ဒေါသတကြီး ပြောလိုက်တော့သည်။

154 03

“မေမေ ဒါက သားရဲ့ အစ်မလေ။ သားကို မကောင်းတဲ့ အရာတွေ တွယ်ညှိနေတာ မဟုတ်ဘူး။ သူက သားရဲ့ အစ်မ”

ထိုကာလအတွင်း သူ၏ မိဘများသည် တာအို ဘုရားကျောင်း များစွာသို့ သူ့ကို ခေါ်သွားပေး၏။ အစ၌ သူ နားမလည်သော်ငြား နောက်ပိုင်း၌ သူ့မိဘများက ထိုလူများကို သူသည် မကောင်းဆိုးဝါးဝိညာဉ် ပူးကပ်ခံနေရကြောင်း ပြောတာ ကြားခဲ့ရပြီး ထိုမကောင်းဆိုးဝါးဝိညာဉ်ကို ဖယ်ရှားပေးမည်ဟု မျှော်လင့်နေကြောင်း ပြောခဲ့၏။ သူ အသက်ကြီးလာသည်နှင့်အမျှ နားလည်နိုင်လာ၏။ ထိုကြောင့် သူ စိတ်မပျော်ဖြစ်ကာ ငိုကြွေးတော့သည်။ ထိုကြောင့် ဤလူများဆီ မသွားတော့ပေ။ သို့သော် နောက်ပိုင်း၌ သူ၏ မိဘများသည် သူ့ကို သူနှင့် အတူ မခေါ်သွားသော်ငြား ထူးထူးဆန်းဆန်း ဝတ်ထားသည့် သူများ အိမ်ထဲသို့ ရောက်လာပြီး သစ်သားဓားများနှင့် ဆော့ကစားကာ ထူးဆန်းသော စကားများ ပြောနေတာ တွေ့ခဲ့ရ၏။

သို့သော် သူ၏ အစ်မသည် ထိုစဉ် အိမ်တွင် မရှိသောကြောင့် စိတ်မပူခဲ့ပေ။

သူ့မိဘများက လက်မလျော့ဘဲ နေလိမ့်မည်ဟု မည်သူက သိမည်နည်း။

ယွင်ယွီက ရယ်မောလျှက် သူမ၏ ရယ်သံထဲတွင် ထစ်ငေါ့မှုက သိသာနေသည်။

ကျူအိုက်ချင်းက ရှက်ရွံ့စွာ ပြောလိုက်၏။

“ဆရာ ကလေးရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ နားမထောင်ပါနဲ့။ ကျွန်မတို့ကို အိမ်လာပြီး ကြည့်ပေးနိုင်မလား။ အရင်က ကျွန်မတို့ဆီက ယွမ် တစ်သိန်း ယူသွားပေမဲ့ ပြဿနာကို မဖြေရှင်းရသေးဘူး။ ဒီတစ်ခေါက် ထပ်မတောင်းသင့်တော့ဘူး”

အိမ်ရှိ သရဲက သူတို့ သမီးဖြစ်ကြောင်း ဝန်မခံပေ။

ဝမ်ယွီက အလွန် ဒေါသထွက်နေလေ၏။

ယွင်ယွီက သူတို့ကို မေးလိုက်သည်။

“အမှန်တိုင်းပြော။ ရှင်ရဲ့နား ကပ်နေတဲ့သူက အရင်တုန်းကတော့ နေမကောင်းဖြစ်ပြီး သေသွားတဲ့ ရှင့်သမီးဆိုတာ သိရရင် ကူညီပေးနိုင်မှာပေါ့”

ကျူအိုက်ချင်းက တုံဆိုင်းနေ၏။ သူမခင်ပွန်း ဝမ်ရွှမ်က ရောက်လာပြီး ပြောလိုက်သည်။

“ဆရာ တကယ်ပဲ ကျွန်တော့်သမီးပါ။ သူက ကျွန်တော့်သားနဲ့ နှစ်ဝက်ကျော်လောက် ရှိခဲ့တာ။ အရင်တုန်းက မသိခဲ့ဘူး။ ကျွန်တော်တို့က မိဘတွေအနေနဲ့ မှားယွင်းခဲ့ပြီး သူ့ကို ဆက်မကုသပေးခဲ့တာကြောင့် သူရဲ့ ရောဂါက ဆိုးလာခဲ့တယ်။ ကျွန်တော်တို့ မိသားစုက သူ့ဆေးကို ဝယ်ဖို့ ပိုက်ဆံ သိပ်မရှိဘူး။ ဒါကြောင့် အစမှာ ကုသမှု ရပ်လိုက်တယ်”

ယွင်ယွီက အေးတိအေးစက် ဆက်ပြောလိုက်သည်။

“ရှင်တို့သားက အဆင်ပြေပြီး စွမ်းအင်ပြည့်နေတာပဲ။ ရှင်ရဲ့ သမီးက သူ့ကို ထိခိုက်အောင် လုပ်ဖို့ ရည်ရွယ်မရှိတာ ပြနေတယ်။ ဘာလို့ ဒါကို ဖြေရှင်းချင်တာလဲ”

ဝမ်ယွီက အော်ပြောလိုက်၏။

“ခင်ဗျားတို့အားလုံး လူဆိုးတွေပဲ။ သားရဲ့အစ်မကို သတ်ချင်နေကြတယ်။ အစ်မက သားကို ထိခိုက်အောင် မလုပ်ခဲ့ဘူး။ နေ့တိုင်း ဆော့ကစားပေးပြီး အိမ်စာလုပ်ဖို့ သင်ပေးတယ်”

ပြောနေစဉ် သူ စတင် ငိုရှိုက်ကာ အိမ်၌ သူ၏ အစ်မရှိနေကြောင်း သူ့မိဘများကို ပြောခဲ့မိတာ နောင်တရနေ၏။ ထိုစဉ်က သူ ငယ်ရွယ်လွန်းခဲ့ပြီး သူ့အစ်မနှင့် ကတိပေးထားတာကို မေ့လျောသွားခဲ့သည်။

ထိုလင်မယားက အနည်းငယ် အနေခက်သွားလေ၏။ ကျူအိုက်ချင်းက ကလေးကို ပွေ့ကာ ပြောလိုက်သည်။

“မင်းရဲ့အစ်မက သေသွားပြီ။ အဲဒါ ဘာလဲဆိုတာ ဘယ်သူက သိမှာလဲ။ နေ့တိုင်း သားကို တွယ်ကပ်နေတာ မကောင်းဘူး။ ရှောင်ယွီ လိမ်လိမ်မာမာနေ။ ဒီကိစ္စ ဖြေရှင်းပြီးတာနဲ့ သား လိုချင်တဲ့ ထရန့်ဖော်မာ စက်ရုပ် ဝယ်ဖို့ ခေါ်သွားပေးမယ် ဟုတ်ပြီလား”

ဝမ်ယွီက ရုန်းကန်းပြီး ငိုယိုနေသော်ငြား လက်မခံပေ။ သို့သော် ကျူအိုက်ချင်းက သူ့ကို ခြံဝန်းထဲမှ ခေါ်ထုတ်သွားပြီး ဝမ်ရွှမ်ကို ယွင်ယွီနှင့် ပြောရန် ထားခဲ့လေ၏။

ဝမ်ရွှမ်က သူ့လက်နှစ်ဖက်ကို ပွတ်ကာ ပြောလိုက်တော့၏။

“ဆရာ ကျွန်တော့်မိန်းမနဲ့ ကျွန်တော်က ကျွန်တော့်သားနောက် လိုက်နေတဲ့ အရာက သမီးမှန်း မသိခဲ့ပါဘူး။ ဒါကြောင့် ဖယ်ရှားပေးနိုင်မလား သိချင်တယ်။ သူ မထွက်သွားဘူးဆိုရင် ခေါ်ထားနိုင်မလား”

154 04

မည်သို့ပင်ဆိုစေ သမီး ဖြစ်နေလျှင်တောင် သရဲတစ်ကောင်ပဲ ဖြစ်၏။ ယင်းကို အိမ်၌ ထားခြင်းက လူတို့ကို ထိခိုက်စေရုံသာ ရှိလိမ့်မည်။

“ရှင်က တကယ် အဖေဖြစ်ဖို့ မတန်တာပဲ”

ယွင်ယွီက လက်ပိုက်လျှက် ပြောလိုက်၏။

“အမှန်အတိုင်း ပြောရရင် ရှင့်သမီးက ကျွန်မကို တောင်းဆိုထားတာ။ ဒါကြောင့် ရှင့်သားရဲ့ပြဿနာကို ဖြေရှင်းဖို့ ကူညီပေးခဲ့တာပဲ။ ရှင်တို့တွေက အဲဒီကလေးကို မောက်မာထောင့်လွှား လူကြီးမှန်း မသိအောင် သင်ပေးနေတယ်။ ဒါကြောင့် သူ့မောင်လေးကို သူ သင်ပေးချင်တာ။ ပြောရရင် သူက ရှင့်သမီးပဲလေ။ သူ့ကို ရှင် လက်လျော့လိုက်တာတောင်။ သူက ရှင့်ကို မမုန်းခဲ့ဘူး။ ဒါပေမဲ့ အခုကျ သူ့ကို သတ်ချင်နေတယ်”

ဝမ်ရွှမ်သည် ရှက်ရွံ့လွန်းသဖြင့် စွံ့အနေမိသည်။

ယွင်ယွီသည် သူတို့နှင့် စကား အပို မပြောချင်တော့ပေ။ ထိုကြောင့် တင်းမာ ခက်ထန်စွာ ပြောလိုက်၏။

“ကျွန်မက ကျစ်ရှင်းကို ကာကွယ်ပေးနေတာပဲ။ သူ့ကို ခေါ်သွားဖို့ တစ်စုံတစ်ယောက် ရှာရဲရင် ရှင်တို့ တစ်မိသားစုလုံး မလွယ်အောင် လုပ်ပစ်မယ်။ ရွေ့ပြောင်းသွားလည်း အသုံးမဝင်ဘူး။ ရှင်တို့ရဲ့ မွေးနေ့ကို ကျွန်မ သိတယ်”

ဤစုံတွဲက တကယ် လူမဆန်မှာ စိုးရိမ်မိသည်။ ထိုကြောင့် နောင်ကျ ကျစ်ရှင်းကို အဝေးသို့ ခေါ်သွားရန် တစ်စုံတစ်ယောက် ရှာမှာ စိုးရိမ်မိ၏။ သူမက ဝမ်ကျစ်ရှင်းနောက် တစ်နေ့ကုန် လိုက်မနေနိုင်ပေ။

ဝမ်ရွှမ်၏ မျက်နှာက စိမ်းဖြန်းသွားလေ၏။ အစ၌ အကူအညီတောင်းရန် ရောက်လာတာ ဖြစ်သော်ငြား နောက်ဆုံးကျ ခြိမ်းခြောက်ခံရသည်။

ယွင်ယွီက သူ့ကို ပြင်းထန်စွာ ထိုးနှက်ပြီးနောက် ညှင်သာစွာ ပြောလိုက်၏။

“စိတ်မပူနဲ့ ကျစ်ရှင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး။ သူ့ကို ဝမ်ယွီကို သွန်သင်ခိုင်းလိုက်”

ဝမ်ရွှမ်သည် ပါးစပ်ဟလိုက်ပြီး တစ်စုံတစ်ခု ပြောချင်၏။ လူတိုင်းက ဆရာသခင်လို မဟုတ်ဘူးလေ။ သာမန်လူတွေ။ သူတို့ရဲ့ဆွေမျိုးသားချင်းဖြစ်တဲ့ သရဲတွေကိုတောင် ကြောက်လန့်တတ်တာပဲ။

အဆုံးကျ သူ ထုတ်မပြောရဲတော့ပေ။ နောက်ဆုံး၌ ယွင်မိသားစု ခြံဝန်းထဲကနေ တိတ်ဆိတ်စွာ ထွက်သွားလေ၏။

သူ ထွက်သွားပြီးနောက် သူ၏ ဇနီးနှင့် ကလေးကို အိမ်သို့ ခေါ်သွား၏။ လမ်း၌ ကျူအိုက်ချင်းက မမေးဘဲ မနေနိုင်တော့ပေ။

“ဆရာ ယွင်က သဘောတူလား”

ဝမ်ရွှမ်က ဒေါသတကြီး ပြောခဲ့လေ၏။

“မင်း ဘာကို ကတိပေးခဲ့တာလဲ။ ဆရာယွင် ကပြောတယ်။ ငါတို့က ကျစ်ရှင်းကို ဖြေရှင်းဖို့ တခြားတစ်ယောက် ရှာရဲရင် ငါတို့ မိသားစုကို စုတ်ပြတ်သတ်သွားအောင် လုပ်မယ်တဲ့။ သူက ကျစ်ရှင်းကို ကာကွယ်ပေးနေတာ။ ငါတို့ အိမ်မှာ နေနေတာ သိထားတာ ကြာပြီတဲ့”

“ဆရာက ဘာလို့ ဒီလို ဖြစ်နေရတာလဲ”

ကျူအိုက်ချင်းကလည်း ဒေါသထွက်လာ၏။

“ငါတို့ အခု ဘာတတ်နိုင်တော့မှာလဲ”

ဝမ်ရွှမ်က စိတ်မပျော်ရွှင်ဖြစ်ကာ ပြောလိုက်၏။

“ငါတို့ ဘာများ လုပ်နိုင်မှာလဲ။ အခုကစပြီး ဒါ မဖြစ်ခဲ့သလို ဟန်ဆောင်လိုက်”

“ဒါ သရဲတစ်ကောင်ပဲလေ။ မရှိသလို ဘယ်လိုလုပ် နေလို့ ရမှာလဲ။ သူက ကျွန်မတို့ကို ထိခိုက်အောင် လုပ်ချင်ရင်ရော”

ဝမ်ရွှမ်က တုံဆိုင်းနေ၏။

“ပြောရရင် ဒါ ငါတို့သမီးပဲလေ။ သူက အရင် ခြောက်လတုန်းက ငါတို့ကို ထိခိုက်အောင်မှ မလုပ်ခဲ့တာ။ ရှောင်ယွီကိုလည်း လိမ္မာအောင် သွန်သင်ပေးသေးတယ်။ ဒီအတိုင်း ထားလိုက်ရင်‌ရော”

“ဒီတော့ ဘာဖြစ်လဲ။ သူက သရဲ ဖြစ်နေပြီ။ ငါတို့ သမီးမှ မဟုတ်တာ”

******

All Chapters