← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အပိုင်း (၃)

ဒီမိန်းမနဲ့ကလေးမှာ သားအမိဆက်ဆံရေး မရှိတာကို သူမ တွေ့လိုက်ရတယ်။ ဒါ့အပြင် သူမမျက်ခုံးတွေက ကျိုးတို့ကျဲတဲ ဖြစ်နေပြီး ပါးပြင်တွေက ချိုင့်ဝင်နေတယ်။ ခေါင်းချွန်ပြီး နဖူးကကျဉ်းတဲ့အပြင် သူမမျက်ဝန်းတွေက ခက်ထန်နေတယ်။ အဲဒါတွေထောက်ပြီး သူမက သက်တောင့်သက်သာ သေခွင့်တောင်ရမှာ မဟုတ်တဲ့ ကောက်ကျစ်တဲ့လူမှန်း သိသာတယ်။ ကလေးကတော့ ချမ်းသာတဲ့မိသားစုက ဖြစ်နေတယ်။

ရာသီဥတု ဒီလောက်‌ပူပြီး ကလေးက ချွေးတွေ ရွဲနေတာတောင် နိုးမလာသေးတော့ ပိုပြီးမသင်္ကာစရာ ကောင်းလာတယ်။

အစားအသောက်လာချတော့ ယွင်ယွီက ပုစွန်တွေကို ကြည့်လိုက်တယ်။ တည်ခင်းထားတာက စားချင်စဖွယ်ကောင်းပြီး အကြီးဆုံးအကောင်တွေကိုပဲ သုံးထားတာ နီရဲနေတဲ့အရောင်က လူတွေကို သွားရည်ယိုလာစေနိုင်တယ်။ ဖန့်ရှန်းရှန်းက ပျော်သွားပြီး “အရေးမပါတာတွေ တွေးမနေကြနဲ့တော့။ စားမယ်လေ စားမယ်”

“နင်ဝါသနာပါတာ အရင်လုပ်ပြီး နာမည်ရအောင် ကြိုးစားပေါ့။ မဖြစ်ခဲ့ရင်လည်း ကုမ္ပဏီ ဝင်လျောက်လိုက်ပေါ့ မဟုတ်ဘူးလား” စုန့်ကျင်းကျင်းက ယွင်ယွီကြိ အကြီးဆုံးပုစွန် ထည့်ပေးရင်း ပြောလာတယ်။

“ရှောင်ယွီအာ များများစား.....”

သူမက ယွင်ယွီကို ဟင်းတွေထည့်ပေးရင်းနဲ့ ယွင်ယွီရဲ့အာရုံက ဆိုင်ထောင့်က သားအမိဆီ ရောက်နေတာကို သတိထားမိလိုက်တယ်။

“နင် ဘာကိုကြည့်နေတာလဲ ရှောင်ယွီ အဲ့သားအမိက တခုခုဖြစ်လို့လား”

ယွင်ယွီလည်း စုန့်ကျင်းနားနားကပ်ပြီး လေသံတိုးတိုးနဲ့

“အဲ့ကလေးတွေ့လား ချွေးတွေ ရွဲနေတာတောင် မနိုးသေးဘူး။ သူများကလေးကို ဆေးတိုက် ပြန်ပေးဆွဲဖို့ ကြံတာဖြစ်နေဦးမယ်။ နင် ရဲခေါ်လိုက်။ ငါသူတို့ကို တားထားမယ်”

သူမ အလုပ်ရှုပ်မနေတာရော ရုပ်လွန်ပညာအရ ကောင်းကင်ရဲ့ဆန္ဒကိုဖတ်ရင် မကောင်းသူပယ် ကောင်းသူကယ်တာက ကုသိုလ်ပြုခြင်း တစ်မျိုးပဲလေ။

အဲ့စကားတွေက စုန့်ကျင်းကို ချွေးပြန်သွားစေသလို ကျူးကျားနဲ့ ဖန့်ရှန်းရှန်းကိုလည်း လန့်သွားစေတယ်။ သူမတို့က လူ့လောကရဲ့ ရက်စက်မှုတွေကို မခံစားဖူးသေးဘူးလေ။ စုန့်ကျင်းနဲ့ ဖန့်ရှန်းရှန်းတို့က ဆိုင်ထောင့်ကိုပဲ စိုကိကြည့်နေကြတော့ ယွင်ယွီ မနေနိုင်တော့ဘူး။ “စိုက်ကြည့်မနေကြနဲ့လေ။ သူသတိထားမိသွားမှ ဒီမှာပဲနေနေတာက တစ်ယောက်ယောက်ကို စောင့်နေတာနေမယ်”

စုန့်ကျင်းက ထောင့်ကပ်သွားပြီး ရဲကိုခေါ် အခြေအနေကို ရှင်းပြလိုက်တော့တယ်။ သူမတို့နေရာကိုပါ ပြောပြီးတော့ ပြန်လာထိုင်တဲ့အချိန်မှာ အသက်သုံးဆယ်လောက် ခပ်ပြည့်ပြည့်လူရွယ်တစ်ယောက်က အဲ့မိန်းမနား ရောက်လာတယ်။ သူမလက်ထဲက ကလေးရဲ့ပါးကို ညစ်ပြီး ကျေကျေနပ်နပ် ပြုံးလိုက်တယ်။ “သွားရအောင်”

မိန်းမက ထရပ်ပြီး ကလေးကိုပွေ့လို့ ထွက်သွားဖို့ ပြင်တော့တယ်။

“ငါတို့ ဘာလုပ်မှာလဲ” စုန့်ကျင်းက မေးတော့ ဖန့်ရှန်းရှန်းက အံကြိတ်ပြီး

“သူတို့ကလူနည်းတယ်။ ငါတို့ လူများတာပဲ။ ရဲတွေ ရောက်လာတဲ့အထိ တားထားရအောင်။ မဟုတ်ရင် ကလေးကို သွားရောင်းလိုက်ရင် ကလေးမိသားစုတွေ စိတ်ဒုက္ခရောက်ရလိမ့်မယ်”

အဲ့လူနှစ်ယောက်က ထွက်သွားဖို့ ပြင်လိုက်ပေမဲ့ ယွင်ယွီက ထသွားပြီး မိန်းမရဲ့ လက်ကို ဆွဲလိုက်တယ်။ “ကောင်မလေး နင်ဘာလုပ်တာလဲ”

“ကလေးက ရှင့်ကလေး မဟုတ်ဘူး” ယွင်ယွီပြောလိုက်တယ်။ ဖန့်ရှန်းရှန်းနဲ့ စုန့်ကျင်းက ထလိုက်လာပေမဲ့ ကျူးကျားက တုံ့ဆိုင်းနေတယ်။

မိန်းမက ဒေါသတကြီးနဲ့ “ဘာ ဒီကလေးက ငါ့ကလေးမဟုတ်ရင် ဘယ်သူ့ကလေးလဲ။ နင့်ကလေးလား ဒါငါ့ဒုတိယကလေး။ နင်အားနေရင် တခြားဟာ သွားလုပ်”

“ဒီကလေးက တခြားလူကလေးဖြစ်မယ် ရှင့်ကလေးတော့ မဟုတ်ဘူး” ယွင်ယွီကလည်း အလျော့မပေးဘူး။

လူရွယ်က လှည့်လာပြီး မိန်းမကြီးကို ဆွဲလိုက်တယ်။ “သူ့နဲ့ငြင်းမနေပဲ သွားရအောင် ကလေးနိုးလာရင် နို့ဆာတော့မယ်”

မိန်းမက ကလေးကိုပွေ့ပြီး အမြန်ထွက်သွားချင်ပေမဲ့ ယွင်ယွီက လွှတ်ပေးဖို့ ရည်ရွယ်ချက် မရှိဘူး။

ရုတ်ရုတ်သဲသဲဖြစိနေတော့ တခြားလူတွေလည်း စုဝေးပြီး လာစပ်စုကြတော့တယ်။

“ဘာဖြစ်နေတာလဲ”

“ဘယ်သိမလဲ ကလေးက သူတို့ကလေး မဟုတ်ဘူးဆိုတာမျိုး ကြားလိုက်သလိုပဲ”

“လူကုန်ကူးတာလား ရဲခေါ်လေ”

ရဲဆိုတဲ့အသံကြားတာနဲ့ အဲ့လူက လန့်သွားပြီး မိန်းမကိုဆွဲပြီး အမြန်ထွက်သွားဖို့ လုပ်တော့တယ်။ ဒါပေမဲ့ ယွင်ယွီအားကလည်း မနည်းဘူး။ သူမဆွဲထားပြီး သူတို့ကို လုံးဝပေးမသွားဘူး။ အဲ့လူက ယွင်ယွီကို စိုက်ကြည့်ပြီး အော်တော့တယ်။ “လွှတ်စမ်း”

အဲ့လူရဲ့အကြည့်က သူ့ကို မကောင်းတဲ့လူပုံ ပိုပေါက်စေပြီး လူအများကြီးကို လန့်သွားစေတယ်။ လူတအား ထူလာတာမြင်တော့ အဲ့လူက ဓားမြှောင်ဆွဲထုတ်ပြီး ယွင်ယွီကို ထိုးတော့တယ်။

စုန့်ကျင်းနဲ့ ဖန့်ရှန်းရှန်းက လန့်ပြီး မျက်နှာတောင် သွေးရောင်ပါ ပျောက်သွားတော့တယ်။ ဒါပေမဲ့ စုန့်ကျင်းက ရုတ်တရက် ယွင်ယွီရှေ့ပြေးဝင်ပြီး ဓားကို ဝင်ခံလိုက်တယ်။

ယွင်ယွီအရှိန်က ပိုမြန်တယ် ဓားက ဘယ်ကိုလာမယ်ဆိုတာ သူမ သိတဲ့အတွက် အဲ့လူရဲ့လက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး ဆိတ်လိုက်တယ်။ လက်ကောက်ဝတ်နားက အနာကြောင့် အဲ့လူလက်ထဲက ဓားလည်း မြေပေါ်လွှတ်ကျသွားတော့တယ်။ ပြီးတာနဲ့ ဘေးနားထိုင်ပြီး ပုစွန်စားနေတဲ့ ကောလိပ်ကျောင်းသားတစ်စုလည်း ပြေးလာပြီး အဲ့လူကို ချုပ်ထားလိုက်ကြတော့တယ်။

မိန်းမက ကလေးနဲ့အတူ ထွက်ပြေးချင်ပေမဲ့ ကလေးကို ဆွဲအလုခံလိုက်ရတယ်။

အဲ့လောက် ဖြစ်တာတောင် ကလေးက နိုးမလာတော့ သူတို့က လူကုန်ကူးတဲ့လူတွေဆိုတာ ပိုတောင် သေချာသွားသေးတယ်။ လူတစ်ယောက်ဆို ဒေါသတကြီးနဲ့ သွားတောင် ကန်လိုက်သေးတယ်။ “သောက်လူကုန်ကူးသမားတွေ မိသားစုတွေ ဘယ်လောက် ဒုက္ခရောက်ခဲ့ပြီးပြီလဲ”

ရဲတွေ ရောက်လာတော့ သူတို့နှစ်ယောက်မျက်နှာတွေတောင် စုတ်နေတဲ့အထိ အရိုက်ခံရပြီးပြီ။ ယွင်ယွီတို့လည်း သက်သေအဖြစ် အစီအရင်ခံဖို့ လိုက်သွားတော့တယ်။

ဖန့်ရှန်းရှန်းက ဆိုင်ရှင်ကို သူမတို့ပြန်လားစားမဲ့အကြောင်း ပြောခဲ့တယ်။ ဆိုင်ရှင်ကလည်း ပြန်လာတဲ့အထိ သူ စောင့်ပေးနေမှာဖြစ်ကြောင်း ပြန်ပြောလိုက်တယ်။

လူအုပ်ကြီးက ရဲစခန်းကိုလိုက်ပြီး အစီအရင်ခံကြတယ်။

အဲ့ကျမှ ယွင်ယွီတို့သိလိုက်ရတာ ကလေးက ပျောက်နေတာ နှစ်ရက်တောင် ရှိနေပြီဆိုတာပဲ။

ကလေးက မြို့တော်က မိသားစုကြီးတစ်ခုရဲ့မြေး မိသားစုရဲ့အကြီးအကဲက ကျန်းမာရေး မကောင်းတဲ့အပြင် ကလေးရဲ့မိဘတွေက မအားတဲ့အတွက် ကလေးထိန်း ငှားခဲ့ကြတယ်။ ဖြစ်ချင်တော့ ကလေးထိန်းငှားပြီးသုံး လအကြာမှာ ကလေးက ပျောက်ပါလေရော။ ကလေးမိဘတွေက ကလေးပျောက်မှန်းလည်း သိရော လူပျောက်တိုင်ပြီး CCTV စစ်ကြည့်တော့ ကလေးထိန်းက ကလေးတွန်းလှည်းကို တစ်နေရာထားပြီး သူများနဲ့ စကားပြောဖို့လောက် စိတ်ဝင်စားနေတာမှန်း သိလိုက်ရတယ်။ ဘယ်လောက်အထိလဲဆို ကလေးခိုးခံရမှန်းတောင် သူမ မသိဘူး။

ရဲတွေလည်း ကလေးမိဘတွေကို ခေါ်လိုက်တော့တယ်။

အစီအရင်ခံပြီးတဲ့နောက် ကလေးမိဘတွေ ရောက်လာကြတယ်။ သူတို့က ကောင်းကောင်း ဝတ်စားထားပေမဲ့ မျက်တွင်းတွေ ချောင်ကျနေတယ်။ သူတို့နောက်မှာတော့ သေသေသပ်သပ် ဝတ်ထားတဲ့ အသက် လေးဆယ်ကျော် ငါးဆယ်လောက် မိန်းမတစ်ယောက် လိုက်လာတယ်။ သူမကငိုရင်းနဲ့ “ကျွန်မအပြစ်တွေပါ. ကလေးသာ ပြန်မတွေရင် ကျွန်မ သေရင်တောင် အပြစ်ကြေမယ် မထင်ပါဘူး”

လေးဆယ့်ရှစ်နာရီကျော်သွားတော့ ရဲတွေတောင် မျှော်လင့်ချက် မဲ့နေခဲ့တာ။

ကလေးကို ပြန်တွေ့ပြီလည်းကြားရော သူတို့က ရဲစခန်းကို အမြန်ပြေးလာခဲ့တယ်။ ကလေးအမေ ဟန်ဟွေ့က ကလေးကိုဖက်ပြီး ငိုပဲငိုနေတော့တယ်။

ကလေးအဖေဖြစ်တဲ့ ဟယ်ဖန်းကတော့ ပိုပြီး ကျိုးကြောင်းဆီလျော်တယ်။ သူကနီရဲနေတဲ့ မျက်လုံးတွေနဲ့ ယွင်ယွီတို့ကို ကျေးဇူးတင်စကားပြောပေမဲ့ သူ့အနောက်က ကလေးထိန်းကိုတော့ အဖက်တောင် မလုပ်ဘူး။

သူတို့က ဒီကလေးထိန်းကို တကယ်စိတ်ပျက်သွားကြတာ။ နေ၊စားငြိမ်း လစာယွမ်တစ်သောင်း ပေးထားတယ်။ အိမ်အလုပ်တောင် တစ်ခါတလေမှ ထလုပ်ရတာကိုတောင် သူမက သူတို့ကလေးကို သေချာဂရုစိုက်ဖို့ ပျက်ကွက်ခဲ့သေးတယ်။ သုံးလထဲနဲ့ သူတို့ကလေးက ပျောက်သွားရတယ်။

ကလေးထိန်းက ငိုရင်း တောင်းပန်နေတုန်း။

ယွင်ယွီက သူမကို ကြည့်လိုက်တယ်။ “ကလေးက ရှင့်ကြောင့် ပျောက်တာ။ လူကုန်ကူးသမားတွေနဲ့လည်း ရှင်သိတယ်မလား” ကလေးထိန်းက ပျက်ကိန်းအပြည့်နဲ့ပဲ။ ပြီးတော့သူမက သူများဆီအလုပ်လုပ်ဖို့ထက် ကိုယ့်အလုပ် ကိုယ်လုပ်မဲ့လူမျိုး။

ကလေးထိန်းငိုသံက ချက်ချင်း ရပ်သွားတယ်။ “ကလေးမ နင် ဘာပေါက်ကရပြော နေတာလဲ”

ဟန်ဟွေ့နဲ့ ဟယ်ဖန်းတို့ ထိတ်လန့်သွားတယ်။ ကလေးထိန်းက အဲ့လိုလုပ်မဲ့ပုံလို့ သူတို့ မထင်ခဲ့ဘူး။

ယွင်ယွီက အစားသေချာ မစားရတော့ ဗိုက်တအားဆာပြီး ဆက်မနေချင်တော့ဘူး။ သူမက ရဲတွေ ဖက်လှည့်ပြီး “အရာရှိတို့ လူကုန်ကူးသမားတွေကို ဒီကလေးထိန်းကို သိလားမေးတာဖြစ်ဖြစ် သူ့မှာ ပြစ်မှုမှတ်တမ်း ရှိမရှိဖြစ်ဖြစ် စစ်ပေးပါလား”

ကျန်တာကတော့ ရဲတွေအလုပ်ပဲလေ။

အဲ့နောက်တော့ သူမတို့က အစားအသောက်တန်း ပြန်လာခဲ့ကြတယ်။ ဆိုင်ရှင်က ဟင်းတွေ ပြန်နွေးပေးပြီး ချပေးခဲ့တယ်။ စုန့်ကျင်းတို့က အခုအထိအလန့် မပြေသေးဘူး။

ပုစွန်ပူပူကို တစ်ချက်ကိုက်ပြီးမှ စုန်ကျင်းက သူ့အာရုံပြန်ရသွားပြီးတော့ “ယွီအာ နင် ငါ့ကို တကယ်ခြောက်လိုက်တာပဲ။ နင် တစ်ခုခုဖြစ်ပြီလို့တောင် ထင်နေတာ”

“ဟုတ်ပါ့ ကံကောင်းလို့ နင်အဲ့လူကို ဘယ်လိုနိုင်သွားတာလဲ။ ပြီးတော့ ကလေးထိန်းကရော ဘာမှားလို့လဲ”

မိသားစုနဲ့ သူငယ်ချင်းတွေဆီက ဖုံးမရမဲ့ပုံရှိတော့ သူမလည်း မုသားဖြူလေး ထုတ်သုံးရတော့တယ်။

“ငါမူလတန်းတုန်းက ငါတို့မြို့က လူအိုကြီးတစ်ယောက်ဆီမှာ ငါဖုန်းရွှေတို့ ဗေဒင်တို့ သင်ခဲ့တယ်လေ။ ယုံတဲ့လူသိပ်မရှိလို့သာ ငါဘာမှ မပြောခဲ့တာ”

တကယ်လည်း ကြင်နာတတ်တဲ့ လူအိုကြီးတစ်ယောက် ယွင်ယွီတို့မြို့မှာ ရှိတယ်လေ။ သူက ဗေဒင်တွေ ဟောတယ်။ ကလေး‌လည်း တအားချစ်တော့ သူ့အိမ်က ကလေးတွေနဲ့ တရုံးရုံးဖြစ်နေတာ။ လွန်ခဲ့တဲ့နှစ်နည်းနည်းက အဲ့လူအိုကြီး ဆုံးသွားခဲ့တယ်လေ။

စုန့်ကျင်းက သူမကို မျက်လုံးလေးဝိုင်းပြီး ကြည့်လာတယ်။ “ဒါဆို ငါ့ကို‌ဟော”

ယွင်ယွီက စုန့်ကျင်းမျက်နှာကို ကြည့်လိုက်တယ်။ “ကျင်းကျင်း နင်က သက်တောင့်သက်သာနဲ့ ဘဝကို ဖြတ်သန်းရမယ်။ လုပ်သမျှ အောင်မြင်လိမ့်မယ်။ ပြီးတော့ နင့်ကံကြမ္မာ့လက်တွဲဖော်ကို အသက်နှစ်ဆယ့်ငါးမှာ တွေ့ရလိမ့်မယ်”

ဖန့်ရှန်းရှန်းကလည်း “ငါ့ကိုလည်းဟော ငါ့ကိုလည်းဟော”

ယွင်ယွီက ရှန်းရှန်းရဲ့မျက်နှာကိုကြည့်ပြီး အမူအရာက အာရုံစိုက်လာတယ်။ “ရှန်းရှန်း နင့်ကောင်လေး ပိုက်ဆံချေးရင် မပေးနဲ့။ သူက နင်နဲ့ ပြတ်တော့မှာ” ရှန်းရှန်းရဲ့ လင်မယားနန်းဆောင်က စိမ်းနေတယ်။ အဲ့အစိမ်းကို သာမန်မျက်လုံးနဲ့ မမြင်ရပေမဲ့ သူမကတော့ မြင်နေရတယ်။ သဘောက ကွဲတာအပြင် မွဲပြာကျတဲ့အရိပ်အယောင်မျိုး။

ကျင့်စဉ်အခြေခံ နှိမ့်နေတဲ့အတွက် အဲ့လောက်ဖတ်အပြီးမှာ သူမရဲ့ မျက်နှာတောင် အရောင်ဖျော့သွားတော့တယ်။

ဖန့်ရှန်းရှန်းက ယုံသင့်မယုံသင့် ခွဲခြားမရနေဘူး သူမတို့ချစ်သူ ဆက်ဆံရေးက ကောင်းနေပြီး ဘွဲ့ရပြီးရင် ခရီးတူတူထွက်ဖို့ပါ ကြံထားတာ။

ယွင်ယွီမှာလည်း အတင်းဖိအားပေး ယုံခိုင်းဖို့ မတွေးထားဘူးး သူမကပြုံးပြီး “စားကြလေ ငါတော့ ငိုက်တောင်ငိုက်နေပြီ။ စားပြီးရင် ပြန်သွားအိပ်တော့မှာ”

အားလုံးကလည်း တအားမတွေးပဲ စားလိုက်ကြတော့တယ်။

ယွင်ယွီကြည့်သလောက် ပုစွန်ဟင်းက ကောင်းပါတယ်။ ဒါပေမဲ့ ပုစွန်အသားက အရင်ခေတ်က အာဟာရနဲ့ ရောင်ဝါပြည့်ဝနေတဲ့ အသားနဲ့စာရင် တော်တော်လေး အရသာမကောင်းဘူး။ အားလုံးခြုံကြည့်ရင်တော့ မဆိုးဘူး ပြောရမယ်။

စားပြီးတော့ အားလုံးက အိပ်ဆောင်ပြန်ပြီး စော‌စောအိပ်ကြတော့တယ်။

မနက်ကျတော့ စုန့်ကျင်းက ကုမ္ပဏီအိပ်ဆောင်ဆီ ရွှေ့သွားတော့တယ်။ ယွင်ယွီကတော့ စုန့်ကျင်းကို ပစ္စည်းသိမ်းကူပြီး ရွှေ့ဖို့ ကူလိုက်တယ်။ ကုမ္ပဏီအိပ်ဆောင်က တစ်ယောက်စာအတွက်ဆို တော်တော်ကျယ်တယ် ပြောရမယ်။ အောက်ဆုံးထပ်မှာ ဈေးနည်းနည်းနဲ့ရတဲ့ ကုမ္ပဏီစားသောက်ဆိုင်ရှိတော့ အဆင်ပိုပြေသွားတယ်။

နေ့လယ်မှာ ထုတ်ပိုးတာပြီးတော့ စုန့်ကျင်း ထွက်သွားတော့တယ်။ ယွင်ယွီလည်း စာကြည့်တိုက်ကို ထွက်သွားတော့တယ်။

သူမစာကြည့်တိုက်ထဲမဝင်ခင်မှာပဲ ဖုန်းမြည်လာတော့တယ်။

******

All Chapters