← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အပိုင်း (၆)

ဖုချန်းက စီးပွားရေးဘွဲ့ရထားပြီး ဖန်ရှန်းရှန်းထက် နှစ်နှစ်ကြီးတယ်လေ။ သူတို့က ဖန်ရှန်းရှန်း ပထမနှစ်ကျောင်းသားဘဝ ခရီးထွက်တုန်းက သူမကို လူတစ်ယောက်က နှောက်ယှက်နေတဲ့အချိန် ဖုချန်းဝင်ကယ်ရင်းစသိကြတာ။ သူတို့ကအဲ့အချိန်မှာ ဖုန်းနံပါတ်တွေလဲထားကြပြီး အဆက်အသွယ်ရှိနေကြတယ်။ ခြောက်လအကြာမှာတော့ ဖုချန်းက နှင်းဆီပန်းစည်းကြီးနဲ့ သူမကို ချစ်ခွင့်ပန်တော့တယ်။ သူမကိုကယ်ခဲ့ကတည်းက အထင်ကြီးစိတ်နဲ့ အကောင်းမြင်စိတ်တွေရှိထားတဲ့ ရှန်းရှန်းလည်း ရှက်သွေးဖြာရင်း လက်ခံလိုက်တော့တယ်။

ချစ်ခွင့်ပန်တုန်းက စုန့်ကျင်းနဲ့ ယွင်ယွီပါ ရှိနေခဲ့တယ်လေ။ သူမတို့ကပါ ဒီအချစ်က ထာဝရတည်တံ့မယ်လို့ ထင်ခဲ့ကြတာပေါ့။ ဖန်ရှန်းရှန်းလည်း အဲ့လိုတွေးခဲ့တာပဲ။ အခုအထိလည်း တွေးနေသေးတာပဲလေ။ သူမတို့တစ်ရက်မှာ လက်ထပ်ကြပြီး မိသားစုလေးထူထောင် ကလေးယူဖြစ်ကြမယ်လို့ ခံစားနေတုန်းပဲ။

“သူက ဒီရက်ပိုင်း အချိန်ပိုဆင်းနေရလို့ ငါတို့မတွေ့ရတာ လဝက်လောက်တောင် ရှိနေပြီ” ဖန်ရှန်းရှန်းက မျက်လုံးတွေ မှိတ်သွားတဲ့အထိ ပြုံးရင်း “လာ ညစာ သွားစားမယ်လေဟာ”

စုန့်ကျင်းက သူမသူငယ်ချင်းအစား ပျော်နေခဲ့တယ်။ “နင်တို့က တကယ်ခိုင်မာနေတဲ့ ဆက်ဆံရေးရှိနေပြီပဲဟာ ဘယ်အချိန် လက်ထပ်ကြမှာလဲ”

ဖန်ရှန်းရှန်းက ပြုံးပြီး “သူ့အလုပ် တည်ငြိမ်အောင် နှစ်နှစ်လောက် စောင့်ဦးမလားလို့”

မကြာခင်က ယွင်ယွီက ရှန်းရှန်းကို သူမနဲ့ သူမကောင်လေးက ပြတ်မယ်လို့ ရှေ့ဖြစ်ဟောဖူးပေမဲ့ ရှန်းရှန်းရော ကျင်းကျင်းပါ မေ့သွားကြတဲ့ပုံပဲ။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ သူမတို့ရဲ့ ထိပ်တန်းကျောင်းသူသူငယ်ချင်းက ရုတ်တရက်ကြီး သဘာဝမကျတဲ့ ရှေ့ဖြစ်ဟောသူ ဖြစ်လာနိုင်မှာလဲလေ။

ယွင်ယွီလည်း ဘာမှပြောမနေဘဲ သူမကိစ္စကိုပဲ သူမတွေးတော့တယ်။ သူမအမေအခြေအနေကို အခုအထိမသိရသေးဘူးကိုး။

ဖုချန်းက တစ်နာရီလောက် နောက်ကျပြီးမှ ရောက်လာတယ်။ သူ့အလုပ်နေရာက ဒီနဲ့ဝေးတဲ့အပြင် နေရာနဲ့လည်း မရင်းနှီးတော့ မျက်စိလည်ပြီး ကြာနေတာ။ အရေးထဲ ရာသီဥတုကပါ ပူနေတော့ သူ့မှာချွေးကို ရွဲနေရော။ ဝတ်စုံပြည့်ဝတ်ထားပြီး ရွှေကိုင်းမျက်မှန်နဲ့ဆိုတော့ သူ့ပုံစံက လူရည်မွန်ရုပ် ပေါက်နေတယ်။ ယွင်ယွီနဲ့ စုန့်ကျင်းကိုတွေ့တော့ သူ တော်တော်အံ့ဩသွားသေးသား ဘာလို့ဆို သူမတို့ ရှိနေမယ်လို့ သူ မထင်ထားဘူးလေ။ သူ့ရဲ့ချွေးတလုံးလုံးပုံကို မြင်တော့ ရှန်းရှန်းက သူ့ချွေးတွေကိုသုတ်ပေးရင်း “နင်လာတာ နောက်ကျသွားပြီ။ ယွီအာက မနက်ဖြန် သူ့မြို့ပြန်မှာဆိုတော့ ဒီည‌ဒီမှာနေမလို့တဲ့။ လာအရင်စားရအောင်။ ပြီးရင် နင် ပြန်နားလို့ရတာပေါ့”

ဖုချန်းက ယွင်ယွီကို ကြည့်လာတယ်။ “သူက ဒီညဒီ မှာနေမယ် ဟုတ်လား”

ယွင်ယွီက ဆိုဖာပေါ် တိတ်တဆိတ် ထိုင်နေရင်း သူ့ကို ပြန်စိုက်ကြည့်လာတယ်။

ဖုချန်းက ယွင်ယွီရဲ့ သူ့အတွင်းစိတ်ကို မြင်နိုင်သလိုအကြည့်ကြောင့် ကျောချမ်းသွားပြီး ဖန်ရှန်းရှန်းကို အတွင်းခန်းထဲ ဆွဲခေါ်ရင်း ပြောလိုက်တယ်။ “ရှန်းရှန်း ကိုယ့်နဲ့လိုက်ခဲ့ဦး တိုင်ပင်စရာရှိလို့”

ဖန်ရှန်းရှန်းက ဖုချန်းနောက် လိုက်နေရင်း သူမသူငယ်ချင်းတွေကို လှည့်ပြောလိုက်သေးတယ်။ “ခဏပဲ ငါ ပြန်လာခဲ့မယ်နော်” ပြီးတော့ ဖုချန်းကိုလည်း မေးလိုက်တယ်။ “ရှောင်ယွီအာနဲ့ ကျင်းကျင်းရှေ့ ပြောမရအောင် ဘာအကြောင်းမလို့လဲ” အခန်းထဲရောက်တာနဲ့ ဖုချန်းက တံခါးကို ဆွဲပိတ်လိုက်တော့တယ်။ စုန့်ကျင်းနဲ့ ယွင်ယွီက ဧည့်ခန်းထဲကျန်ခဲ့ရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြတယ်။

“ဘာများလဲ ဖုချန်းက ထူးဆန်းနေသလိုပဲလားလို့ဟာ နော်”

ယွင်ယွီက “အွန်း...” လို့သဘောတူပြီး သိပ်မကြာခင်မှာပဲ ရှန်းရှန်းရဲ့ အသံက မကြားတကြား ပေါ်လာတော့တယ်။

“နင် ဘာတွေပြောနေတာလဲ”

ဖုချန်းက ခပ်လောလော လေသံနဲ့ “အသံလေးလျော့ပါ ရှန်းရှန်းရယ် ကိုယ်တကယ် အရေးတကြီး လိုနေလို့ပါ။ ကူညီပါကွာ နော်” အသံကတကယ်တိုးတော့ အပြင်မှာရှိနေတဲ့ နှစ်ယောက်က ဘာဖြစ်လို့ဖြစ်နေမှန်း မကြားနိုင်ကြတော့ဘူးလေ။

အခန်းထဲမှာတော့ ရှန်းရှန်းက ဒေါသထွက်လွန်းလို့ ငိုချမတတ်ဖြစ်နေပြီ။ ဖုချန်းက သူမဆီကနေ ယွမ်နှစ်သိန်း ချေးမယ်လို့ လုံးဝမထင်ထားဖူးဘူး။

သယမက လွန်ခဲ့တဲ့ တစ်လနီးပါးက ယွင်ယွီဟောခဲ့တာကို သတိရသွားတယ်။ တစ်လအတွင်း သူမဆီကနေ သူမကောင်လေးက ပိုက်ဆံချေးပြီးတာမနဲ့ ပြတ်လိမ့်မယ်တဲ့။ သူမအဲ့ဒါကို တကယ်ဖြစ်မဲ့ဟာလို့ကိုမထင်ထားတာ တအားဆန်းကျယ်တော့ ဖြစ်နိုင်ချေမရှိဘူးလို့ပဲ မှတ်ထားခဲ့တာလေ။ ဒါပေမဲ့ အခုဖုချန်း သူမဆီကနေ ယွမ်နှစ်သိန်းချေးပြီဆိုတော့ သဘောက မကြာခင်ပြတ်ရတော့မှာ အဲ့လိုများလား။

ဖုချန်းက လက်မလျော့ခဲ့ဘူး။ သူက ရှန်းရှန်းနားကို ပိုတိုးကပ်ရင်း ဆက်ပြောပြန်တယ် “ကိုယ့်ကို ကူညီပါကွာ။ ကိုယ်နှစ်သိန်းအရေးတကြီးလိုနေလို့ နောက်ကျပြန်ပေးမှာပါ”

တကယ်လို့ ယွီအာပြောခဲ့တာသာ မရှိရင် သုံးနှစ်လောက်တွဲလာတဲ့ ယုံကြည်မှုနဲ့ သူမအဲ့နှစ်သိန်းကို ပေးပစ်လိုက်လောက်ပြီ အခုတော့ သူမပိုပြီး စိတ်ပူလာတော့တယ်လေ။ ဘာလို့ ဖုချန်းက ပိုက်ဆံချေးရတာလဲ။ အဲ့ပိုက်ဆံနဲ့ဘာလုပ်မှာလဲ။ သူက သူမကို ဖြတ်တော့မှာလား။

သူမက အကြောင်းစုံ သိရဖို့ ဖုချန်းကို ညာပြောဖို့ ဆုံးဖြတ်လိုက်တယ်။ “ငါကအခုမှ အလုပ်စလုပ်တာလေဟာ နှစ်သိန်းကို ငါ ဘယ်က သွားရှာရမှာလဲ”

သူမက ဖုချန်းက သူမမိသားစုအကြောင်း တစ်ခါမှမပြောဖူးဘူးလေ။ သူမက စီးပွားရေးအသေးစားလေး လုပ်နေတယ်လို့ပဲ ပြောခဲ့တာ။ မြို့တော်ဆိုတော့ တကယ်အင်အားကြီး လုပ်ငန်းကြီးတွေရှိနေတယ်လေ။ အဲ့တော့ သူမတို့လုပ်ငန်းကလည်း သေးတယ်လို့ ပြောရမှာပေါ့။ သူမက သူမဘဝကို တခြားသာမန်မိန်းကလေးတွေလိုပဲ နေခဲ့တယ်။ သူမမိသားစုမှာ စုငွေတွေရှိပြီး ယွမ်သောင်းချီတဲ့ တစ်လစာ မုန့်ဖိုးရနေပေမဲ့ သူမက လျောက်မသုံးတတ်ဘူးလေ။ သူမ ဝတ်သမျှ စားသမျှက သာမန်တွေပဲ။ ခရီးသွားရင် ရထားတိုးစီးတယ်။ ဈေးဝယ်ရင်တောင် ဈေးဆစ်တတ်သေးတယ်။

ဖုချန်က စိတ်ရှုပ်နေပြီး “ရှန်းရှန်းတို့မိသားစုက မြို့တော်မှာမလား တစ်ခုခု ကြံဖန်ပေးလို့ မရဘူးလား။ ယွမ်နှစ်သိန်းပါပဲ”

“ဒါဆို နင်ငါ့ကိုပြောလေ အဲ့ပိုက်ဆံက ဘာအတွက်လဲ”

ဖန်ရှန်းရှန်းက သူ့ကိုအော်လာပေမဲ့ ဖုချန်းက ဆက်ပြီး နှုတ်ဆိတ်နေတုန်းပဲ။ နောက်ဆုံးကျတော့ သူပြောလာတာက “ကိုယ်တို့ အတူရှိလာတာ ဒီလောက်ကြာနေတာတောင် မင်းကိုယ့်ကို မကူညီချင်ဘူးလားကွာ”

သူပြောပြီးတာနဲ့ အခန်းတံခါးက ဝုန်းကနဲ ကန်ဖွင့်ခံလိုက်ရပြီး ယွင်ယွီနဲ့ စုန့်ကျင်း ရပ်နေတာ တွေ့လိုက်ရတယ်။

စုန့်ကျင်းက ဖုချန်းကို ဒေါသတကြီး ကြည့်လိုက်တယ်။ ရှန်းရှန်းက အော်ပြောတဲ့အခြေအနေရောက်လာတော့ သူက ထိုင်ကြည့်မနေနိုင်တော့ဘူးလေ။ အဲ့လိုနဲ့ ယွင်ယွီကိုဆွဲလို့ တံခါးနား ကပ်နားထောင်တော့ ဖုချန်းက ရှန်းရှန်းဆီက ပိုက်ဆံချေးတာလည်း ကြားရော ယွင်ယွီရဲ့ ရှေ့ဖြစ်ဟောစာတမ်းကို သတိရသွားပြီး အခန်းထဲ ခုန်ဝင်လာတော့တယ်။

ဖုချန်း ကမျက်နှာပျက်သွားပြီး မျက်မှန် ကိုချွတ်ရင်း ပြောလာတယ်။ “ဒါက ငါနဲ့ရှန်းရှန်းကြားက ကိစ္စ မင်းတို့နဲ့ဘာဆိုင်လို့လဲ”

ကျင်းကျင်းက ဒေါသတကြီးနဲ့ “ဖုချန်း နင် ဘာစကားပြောတာလဲ၊ နင့်ပါးစပ်က အရင်ဆုံးထွက်တာက ယွမ်နှစ်သိန်းချေးဖို့ အဲ့လောက်ပိုက်ဆံကို ဘာလုပ်ဖို့လိုနေလို့လဲ။ မပေးပေးအောက်လို့ ခံစားချက်နဲ့တောင် ယှဉ်ပြောလိုက်သေးတယ် နင်သာ တကယ်ရှန်းရှန်းအပေါ် ခံစားချက်ရှိရင် ဒီလိုလုပ်ပါ့မလား”

ဖန်ရှန်းရှန်းက ယွင်ယွီကို လှည့်ကြည့်လာတယ်။ သူမမျက်လုံးတွေက မျက်ရည်တွေပြည့်လို့ ယွင်ယွီ့ရှေ့ဖြစ်ဟောစာတမ်းက တကယ်ကြီးလားလို့ မေးနေတဲ့ပုံပဲ။

ယွင်ယွီက ခေါင်း‌ဆတ်ပြရင်း ဖုချန်းကို ကြည့်လိုက်တယ်။ “ဘယ်က စပြောရမလဲမသိပေမဲ့လေ ‌ဂုဏ်ပြုပါတယ်။ စေ့စပ်ပြီး လက်ထပ်တော့မဲ့အတွက် အဲ့ဒါကြောင့်မလို့ နင် လက်ထပ်တော့မယ်ဆိုရင်လည်း ရှန်းရှန်းကို နှောက်ယှက်မနေနဲ့တော့။ နင်တို့က သုံးနှစ်တာ အကောင်းဆုံးဆက်ဆံရေးနဲ့ တွဲခဲ့ကြတော့ ပြတ်ကြရင်လည်း အကောင်းနဲ့ပဲပြတ်ပေါ့။ ရှန်းရှန်းဆီကနေ ပိုက်ဆံ လိမ်ချေးမနေနဲ့တော့”

သူမပြောတဲ့ အဓိပ္ပါယ်က ရှင်းရှင်းလေးပဲ ဖုချန်းက စေ့စပ်ပြီး လက်ထပ်တော့မယ်လို့ ပြောတယ်။ ဒါပေမဲ့ ရှန်းရှန်းရဲ့မိဘတွေနဲ့ သူမတွေ့ရသေးတော့ အဓိပ္ပါယ်က သူလက်ထပ်မှာက ရှန်းရှန်းမဟုတ်ဘူးပေါ့။

ဖုချန်းရဲ့ တည်ငြိမ်နေတဲ့မျက်နှာက ပျက်သွားတော့တယ်။ စုန့်ကျင်းနဲ့ ရှန်းရှန်းက တုန်လှုပ်ပြီး ကြောင်အ သွားကြပုံများကတော့ ရှန်းရှန်းဆို ငိုဖို့တောင် မေ့သွားတယ်။ ငိုဖို့မေ့ပေမဲ့ သူမမျက်လုံးကမျက်ရည်တွေက စီးကျလာတာ သနားစရာ တအားကောင်းနေတယ်။

“မင်း ဘာတွေပြောနေတာလဲ” ဖုချန်းက ပြာပြာသလဲမေးလိုက်ပေမဲ့ ယွင်ယွီက သူ့ကိုပဲ ဆက်ကြည့်နေတယ်။ “ငါ ဘာပြောလဲ နင်သိပါတယ်”

“ဖုချန်း” ရှန်းရှန်းက ဖုချန်းကို ခေါ်လိုက်ပေမဲ့ သူမအသံတွေက တုန်နေခဲ့တယ်။ “ရှောင်ယွီအာပြောတာ တကယ်လားဟင် နင် တခြားလူနဲ့ စေ့စပ်တော့မှာဆို နင်တခြားလူနဲ့ လက်ထပ်တော့မှာဆို ဘာလို့လဲဟင် ဖုချန်း...” သူတို့ဆက်ဆံရေးက မကောင်းလို့လား ဘာလို့ သူက တခြားမိန်းကလေးကို လက်ထပ်ချင်ရတာလဲ။

“သူက ဘယ်သူလဲ နင်ဘာလို့ အဲ့လိုဖြစ်သွားတာလဲ” အဲ့အချိန်ခဏအတွက် အခန်းက လုံးဝတိတ်ဆိတ်နေတယ်၊ တရှူးရှူးတရှားရှား ဖြစ်နေတဲ့ စုန့်ကျင်းတောင် ဘာမှမပြောတော့ဘူး။

တော်တော်ကြာပြီးမှ ဖုချန်းက သူ့အနောက်ကထိုင်ခုံပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။

“ကိုယ် တောင်းပန်ပါတယ်။ ရှန်းရှန်း ကိုယ်လည်း မလုပ်ချင်ဘူး။ ဒါပေမဲ့ လောကဓံက ဟာသမှမဟုတ်တာ။ ကိုယ်က မြို့ငယ်လေးဆီကနေ လာခဲ့တာ မိသားစုရဲ့မျှော်လင့်ချက်ကလည်းကိုယ်ပဲ ။ဒီလူနေထူထပ်တဲ့ မြို့တော်အိမ်ဈေး ဘယ်လောက်ကြီးလဲ သိတယ်မလား ကိုယ်သာ အိမ်မရှိရင် နေထိုင်သူစစ်စစ်ဖြစ်ဖို့ မလွယ်ဘူးလေ။ မင်းမိသားစုကလည်း စီးပွားရေးအသေးစားလေးနဲ့ ကိုယ့်မိသားစုဆိုလည်း မချမ်းသာဘူး။ ကိုယ်တို့ကို သူတို့တွေ အိမ်ဝယ်ပေးနိုင်မှာ မဟုတ်ဘူး။ မဟုတ်ဘူး စရံတောင်ပေးဖို့ မသေချာဘူး။ ကိုယ် ကောလိပ်မှာတုန်းက ကိုယ့်မိန်းကလေးအတန်းဖော်တစ်ယောက်က ကိုယ့်ကို လေးနှစ်လောက် လိုက်ခဲ့တာ။ သူက မြို့တော်က ပြီးတော့ သူ့မိသားစုက ကုမ္ပဏီတွေပိုင်ပြီး အိမ်စရံကို သာသာလေး ဘာမဟုတ်သလို ပေးနိုင်တယ်၊ ကိုယ် တောင်းပန်ပါတယ်၊ ကိုယ်မင်းနဲ့မျောပြီး လိုက်မသွားနိုင်ဘူး အခုအိမ်စရံပေးဖို့အတွက် ကိုယ်အရေးတကြီး ငွေလိုနေတာ တောင်းပန်ပါတယ်။ ရှန်းရှန်း ကိုယ် မဖောက်ပြန်ခဲ့သင့်ဘူး”

“ဖုချန်း နင် ခွေးကောင်” ဖန်ရှန်းရှန်း တကယ် ဒေါသထွက်သွားတယ်။ သူမက အချစ်‌စစ်ပေးနေပေမဲ့ သူကတော့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ပဲ တွေးနေခဲ့တာလေ။

စုန့်ကျင်းက အခုအထိ ကြောင်အနေပေမဲ့ ယွင်ယွီက ဘာကိုမှမပြောခဲ့ဘူး။ ရှန်းရှန်းက ဖုချန်းကို သူမရဲ့စည်းစိမ်အကြောင်း မပြောခဲ့တာ အဆိုးထဲကအကောင်းလို့ ထင်လိုက်မိတယ်လေ။

ဖုချန်းက ထရပ်လိုက်ပေမဲ့ သူ့မျက်လုံးတွေက ရှန်းရှန်းကို ကြည့်မနေဘူး။ “ရှန်းရှန်း ကိုယ် အရှက်မရှိသလို ဖြစ်သွားတာ စိတ်မကောင်းပါဘူး။ ကိုယ်တို့ ဒီရှေ့ ထပ်မဆက်သွယ်သင့်တော့ဘူး” သူကပြောပြီးတာနဲ့ အိမ်ထဲက ထွက်သွားတော့တယ်။ ရှန်းရှန်းရဲ့ငိုသံက အိမ်ထဲမှ ပဲ့တင် ထပ်သွားတော့တယ်။ စုန့်ကျင်းနဲ့ ယွင်ယွီက တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်တယ်။ ပြီးတာနဲ့ တစ်ယောက်က တံခါးသွားပိတ် တစ်ယောက်က လက်ကိုင်ပုဝါနဲ့ ရှန်းရှန်းကို မျက်ရည် သုတ်ပေးနေတယ်။ “ရှန်းရှန်း ငိုမနေနဲ့တော့။ အမှိုက်တစ်စ လွှင့်သွားတယ်ပဲ သဘောထား။ နောက်ကျ ပိုကောင်းတဲ့လူတွေ့လာမှာပါ”

ဖန်ရှန်းရှန်းက ငိုနေသေးတော့ သူမမျက်နှာက ကြောင်ချေးရုပ် ဖြစ်လာတယ်။ “ငါတို့တွေ့တာက သုံး လေးနှစ်ပဲရှိသေးတာ။ အဲ့မိန်းမက သူ့ကိုလိုက်နေတာ ဒါတောင်မှ ငါ့ကိုဖွင့်ပြောလိုက်သေးတယ်။ သူ့စိတ်ထဲမှာ ဘာတွေရှိနေတာလဲ။ ပြီးတော့ ဘာစရံလဲ ငါဘာလို့ မတတ်နိုင်ရမှာလဲ။ တစ်အိမ်လုံးတောင် ဝယ်ပေးလိုက်ဦးမယ် ဝူး ဝူး...”

ယွင်ယွီနဲ့ စုန့်ကျင်းက ရှုပ်ထွေးနေတဲ့ ခံစားချက်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြတယ်။ ငါတို့က မတတ်နိုင်ဘူးလေ။

“ကျင်းကျင်း ယွီအာ နင်တို့ပြောကြည့်” ရှန်းရှန်းက ငိုနေတုန်း “ငါ့အပြစ်ပဲလားလို့ ငါသာသူ့ကို မိဘတွေနဲ့ စောစောတွေ့ပေးရင် မဖြစ်လောက်ဘူး ထင်တယ်နော်။ ငါက ငါ့မိသားစုက ဟော်တယ် ဖွင့်ထားတယ်ပြောခဲ့တာ။ သူ သူက ဘယ်လိုလုပ်ပြီး ငါတို့မိသားစုက မတတ်နိုင်ဘူး ထင်ရတာလဲ” သူမမိသားစုက ဖွင့်ထားတဲ့ ဟော်တယ်က ကြယ်ငါးပွင့်လေ။

ယွင်ယွီက သူမကို ဖျောင်းဖျပြန်တယ်။ “မတန်ဘူးရှ န်းရှန်း။ သူ့မျက်ခုံးက အောက်စိုက်တယ် မေးကချွန်ပြီး နှုတ်ခမ်းပါးတယ်။ မျက်နှာပေါ်မှာ မှဲ့ပါရှိနေတော့ သူ့မျက်နှာက မိန်းမပွေမဲ့ပုံမျိုး။ သူက အဲ့မိန်းမကို လက်ခံတယ်လို့ပြောပေမဲ့ တကယ်တန်းကျတော့ နှစ်ယောက်သား လွန်ခဲ့တဲ့နှစ်နှစ် သုံးနှစ်ကတည်းက အဲဒါလုပ်ခဲ့ပြီးပြီ။ အဲ့တော့ နင်ဘာလုပ်လုပ် ဘာမှမထူးဘူး”

ဖန်ရှန်းရှန်းက ပိုပြီးဝမ်းပန်းတနည်း ငိုတော့တယ်။ သူမက တစ်နာရီခွဲလောက် ဆက်တိုက်ငိုပြီးသွားမှ တိတ်သွားတော့တယ်။ ဒါပေမဲ့ သူမမျက်လုံးတွေရဲပြီး ဖူးယောင်နေတဲ့အတွက် အပြင်ထွက်စားဖို့ အဆင်မပြေတော့ဘူးလေ၊ အဲတော့ စုန့်ကျင်းက အစားအသောက်တွေ သွားဝယ်လာတယ်၊ ဒါပေမဲ့ ရှန်းရှန်းက မစားခဲ့ဘူး။ စုန့်ကျင်းနဲ့ ယွင်ယွီက သူမကိုအဖော်လုပ် စကားပြောပေးနေကြပေမဲ့ သူမကတော့ ဘာမှမပြောတော့ဘူး။ သူမနှလုံးသား ခွေးစားသွားသလိုပဲ ခံစားနေရတော့တယ်။

ညဆယ့်တစ်နာရီလောက်မှာတော့ ဖန်ရှန်းရှန်း အိပ်ပျော်သွားတော့တယ်။ စုန့်ကျင်းက စိုးရိမ်နေပေမဲ့ ယွင်ယွီက

“ရှန်းရှန်း အဆင်ပြေသွားမှာပါ၊ သူ့ကိုပေးငိုလိုက်တာက စိတ်ရှင်းသွားစေလိမ့်မယ်၊ အနာဂတ်မှာ သူ့ကိုချစ်ပေးမဲ့လူတစ်ယောကက် ရှိတယ်လေ”

ကျင်းကျင်းက သက်ပြင်း ချလိုက်တော့တယ်။ သူမရဲ့သူငယ်ချင်းက ထိပ်တန်းကျောင်းသူကနေ ထိပ်တန်း ရှေ့ဖြစ်ဟောဆရာ ဖြစ်သွားပြီပဲ။ သူမတို့က ရေချိုးပြီး အိပ်လိုက်ကြတော့တယ်။

နောက်နေ့မနက်မှာ ယွင်ယွီက မနက် လေးနာရီခွဲမှာ ထလာတယ်။ စုန့်ကျင်က နိုးသွားပြီး အိပ်ချင်မူးတူးလေသံနဲ့ “ရှောင်ယွီအာ နင်သွားတော့မလို့လား” ယွင်ယွီကလည်း “ငါ နောက်ကျလို့ မရဘူးလေ။ တက္ကစီ ခေါ်သွားလိုက်မယ် ဒီရက်ပိုင်း ရှန်းရှန်းကို အဖော် လုပိပေးလိုကိဦး”

“အင်းပါ နင်‌မြန်မြန်သွား‌ရမှာဆိုပေမဲ့ မနက်စာ မမေ့နဲ့နော်။ ပြီးတော့ ရုံးဆင်းရင် ရှန်းရှန်းကို ငါ အဖော်လာလုပ်ပေးမှာပါ”

ယွင်ယွီလည်း အမြန်ဆေးကြောသန့်စင်ပြီး ရေသန့်စက်ထဲ ဝိဉာဉ်စမ်းရေ ခတ်လိုက်တယ်။ ဒီရက်ပိုင်း ကျင်းကျင်းပါရှိမှာဆိုတော့ နှစ်ယောက်သား သောက်ဖြစ်ကြအောင်လို့လေ။ ပြီးတာနဲ့ ငါးနာရီအထိုးမှာ အိမ်ကထွက်လို့ တက္ကစီခေါ်ပြီး ရထားဘူတာကို သွားတော့တယ်။

******

All Chapters