အခန်း ၇
Vol. 1 Ch. 7
အပိုင်း (၇)
အမြန်ရထားဘူတာက မြင့်မားပြီး ခမ်းနားလှတယ်။ ယွင်ယွီက ဘူတာထဲကို သူမမှတ်ဉာဏ်တွေအရဝင်သွားပြီး လူရှုပ်နေတဲ့ကြားက ထိုင်ခုံအလွှတ်တစ်လုံးမှာ ဝင်ထိုင်လိုက်တယ်။ သူမရထားချိန်က ခြောက်နာရီခွဲဆိုတော့ အချိန်အများကြီး ကျန်သေးတယ်လေ။ ပတ်ဝန်းကျင်ကိုကြည့်ရင်း သူမ သက်ပြင်းချမိတယ်။ ဘာလို့ဆို သူမရဲ့အရင်ဘဝက ကမ္ဘာနဲ့ အခုကမ္ဘာက တအားကွာခြားနေပြီး အရာရာက သူမကို မူးနှောက်သွားစေတယ်လေ။ ရထားချိန်ရောက်တော့ သူမက သူမနေရာကို သွားထိုင်လိုက်တော့တယ်။ သူမက ဒုတိယတန်းလက်မှတ် ဝယ်ထားပြီး နေရာက အဆင်ပြေနေတယ်။
သူမမွေးရပ်မြေက တခြားစီရင်စုက ချန်းရွှေမြို့တော်၊ ဟယ်ရှန်းမြို့ပရဝုဏ်ထဲမှာလေ။ မြို့နေရာ တည်ပုံတွေပြောရရင် စီရင်စုတစ်ခုမှာ မြို့တော်တွေ အများကြီးရှိတတ်တယ်။ ဥပမာ ချန်းရွှေမြို့တော်ပေါ့။ မြို့တော်တစ်ခုရဲ့ ပရဝုဏ်အတွင်းမှာ မြို့ငယ်တွေအများကြီး ရှိပြန်ရော။ ဟယ်ရှန်းမြို့လိုမျိုး။ အဲ့မြို့ငယ်လေးတွေ ပိုင်နက်အတွင်းမှာမှ ရွာတွေ အများကြီး ရှိတတ်တယ်။ ယွင်ယွီ့မွေးရပ်မြေ ဟယ်ချင်းရွာလိုမျိုးပေါ့။ သူမ ငယ်ငယ်တုန်းကဆိုရွာက တော်တော်ဆင်းရဲပေမဲ့ အခုဆို ခြံကျယ်တွေ ဗီလာတွေနဲ့ ပြည့်နေပြီလေ။ ပုံမှန်အိမ်ငယ်လေးနဲ့နေလက်စဆိုလို့ သူမတို့မိသားစုပဲ ရှိတာ။
ယွင်ယွီ့အမေ ဖုန့်ရှုကျန်းက ကွာရှင်းရာကနေ ရလိုက်တဲ့ စိတ်ဓာတ်ကျမှုကြောင့် သူမခြေထောက် ထိခိုက်သွားပေမဲ့ စိတ်ရောဂါကုထုံးနဲ့ကုအပြီးမှာ ပြန်ကောင်းလာပြီး မိသားစုရဲ့ ဆယ်ဧကစာလယ်နဲ့ သက်မွေးရင်း ကလေးတွေနဲ့ အကြီးပိုင်းတွေကို ဂရုစိုက်ရှာတယ်။ ယွင်ယွီ့အစ်မ ယွင်လန်က အဲ့ဒါမြင်တဲ့အခါ အထက်တန်းအပြီးမှ ကျောင်းထွက်လို့ ရရာအလုပ်ဝင်လုပ်ရင်း သူမညီမနဲ့ မောင်ရဲ့ ကျူရှင်ကြေးတွေကို တာဝန်ခံပေးတော့တယ်။ ပြောရရင် ယွင်ယွီရဲ့ အခုလိုပေါက်ရောက်လာတဲ့ ပညာရေးက သူမရဲ့ကျေးဇူးတွေ အများကြီးပါတယ်လေ။
အဲ့ဒီကိစ္စကြောင့်ပဲ သူမက အပြစ်ရှိသလိုခံ စားနေရတာလေ။ ယွင်လန်က အလုပ်ကြိုးစားခဲ့ပေမဲ့ သူမကတော့ မလုပ်ချင်ဘူးဆိုတာတစ်ချက်နဲ့ အလုပ်တောင် မရှာရသေးဘူး။ ယွင်ယွီက ခုံပေါ်မှီရင်း သက်ပြင်းချမိတယ်။ သူမက နည်းနည်းစိတ်ရှုပ်နေတဲ့အပြင် အိမ်ပြန်ဖို့ကို ကြောက်နေမိတယ်လေ။
ချန်းရွှေမြို့က မြို့တော်ကနေ ကီလိုမီတာ ခုနစ်ရာနဲ့ ရှစ်ရာကြားလောက်ဝေးတဲ့အတွက် သူမက အမြန်ရထားလေးနာရီစီးရပြီး ဟယ်ရှန်းမြို့ရောက်ဖို့ ဘတ်စ်ကားတစ်နာရီ ထပ်စီးရတယ်။ ဟယ်ရှန်းမြို့အောက်မှာ ရွာခုနစ်ရွာရှိပမဲ့ အားလုံးက သူတို့ကိုယ်သူတို့ ဟယ်ရှန်းမြို့သူ မြို့သားတွေလို့ သတ်မှတ်ကြပြီးသားလေ။
မနက်ဆယ်နာရီခွဲမှာ ယွင်ယွီပါလာတဲ့ရထားက ချန်းရွှေမြို့တော်ကို ရောက်လာတော့တယ်၊ မြို့ကတော့ တအားထူးခြားအံ့ဩစရာမရှိပေမဲ့ မြို့တော်ဟာ သန့်ရှင်းပြီး တောင်တွေဝန်းရံထားတဲ့အပြင် ရေကန်တွေလည်း ရှိတော့ ပတ်ဝန်းကျင်လေထုက လတ်ဆတ်နေတယ်။ ယွင်ယွီက သူမရဲ့ ခရီးဆောင်အိပ်ကို ဆွဲလို့ ဘတ်စ်ကား ပြောင်းစီးလိုက်တယ်။ သူမဟယ်ရှန်းကို ရောက်တော့ နေ့လယ်ဆယ့်နှစ်နာရီတောင် ကျော်နေပြီပဲ။
လမ်းတွေရဲ့ ဘေးတစ်ဖက်တစ်ချက်စီက ဗီလာတွေနဲ့ပြည့်နေပြီး သူမတို့အိမ်လိုမျိုး ဘန်ဂလိုလေးတွေက နည်းနည်းပဲ ကျန်တော့တယ်။ ပြောရရင် သူမတို့အိမ်က လမ်းမပေါ်မှာလည်း မဟုတ်တော့ အိမ်ရောက်ဖို့ တော်တော်တော့ လမ်းလျောက် ယူရလိမ့်မယ်။ သူမတို့အိမ်က ပြောရရင် အိမ်မကြီးက တောင်ဖက်ကိုလှည့်ပြီး အိမ်ရဲ့ ဘေးဘယ်ညာက မီးဖိုချောင်နဲ့ စတိုခန်းဖြစ်တယ်။ သူမတို့မိသားစုကကြီးတော့ ဘယ်ဖက်အခန်းက မီးဖိုချောင်နဲ့ စတိုခန်းကို ပေါင်းလုပ်ပြီး ညာဖက်က အခန်းနှစ်ခန်းကတော့ ယွင်ယွီနဲ့ ယွင်ရှင်းအခန်းပေါ့ သူမတို့အိမ်က အလယ်မှာ ကွက်လပ်ပါတဲ့ ဘန်ဂလိုပုံစံဖြစ်ပြီး အလယ်မှာ တော်တော်ကြီးတဲ့ ခြံကွက်လပ်ကြီး ရှိတယ်လေ။
အိမ်ကို ယွင်မောက်လျန်က သူ့အလုပ်မှာ လစာကောင်းနေတုန်းက မိတ်ဆွေတစ်ယောက်ကို ဒီဇိုင်းဆွဲခိုင်းပြီး ဆောက်ခဲ့တာလေ။ အုတ်ခဲနဲ့ ကျောက်တုံးတွေကိုသုံးပြီး ဆောက်ခဲ့တဲ့ဒီအိမ်က စဆောက်တုန်းက တအားလှခဲ့ပေမဲ့ အခုတော့ အိုဟောင်းနေပြီပဲလေ။ ခြံဝန်းထဲမှာတော့ နွမ်းနေတဲ့ပန်းအိုးနည်းနည်းနဲ့ ကျောက်စားပွဲနဲ့ ထိုင်ခုံနည်းနည်း ရှိနေတယ်လေ။ အရင်ကဆို ယွင်မိသားစုက ဒီခုံမှာပဲ ထမင်းစားနေကျကိုး။ ယွင်ယွီက ခြံရှေ့ရပ်နေရင်း ချွေးပျံနေတယ်။ သူမ ဝင်မသွားရဲဘူးလေ။ ဒါပေမဲ့ သူမ ဝင်ရဲရဲမဝင်ရဲရဲ အိမ်ထဲကနေ ခါးကုန်းနေတဲ့ အဖွားအိုတစ်ယောက်က ထွက်လာတော့တယ်။ အဖွားအိုက ယွင်ယွီ့ကို ရုတ်တရက် တွေ့လိုက်တော့ ကြောင်အသွားခဲ့တယ်။ ယွင်ယွီက အဲ့အဖွားအိုက ယွင်မိသားစုရဲ့အဖွား ရှန်ရှီယင်းမှန်း သိလိုက်တယ်။ သူမက မျက်ရည်တွေ စီးကျလာရင်း အသံတုန်တုန်နဲ့ ခေါ်လိုက်မိတယ်။
“အဖွား”
“ရှောင်ယွီအာ....ရှောင်ယွီအာမလား”
အဖွားယွင်က သူမမျက်လုံးတွေကို ပွတ်လိုက်တယ်။ ပြီးတာနဲ့ ယွင်ယွီဆီ လာပြီး လက်မောင်းကဆွဲလို့ ခြံထဲ ခေါ်ဝင်လိုက်တယ်။
“ဘာလို့ ပြန်လာတာလဲ။ အခုက အလုပ်ရှာနေကြတဲ့ အချိန်ကြီးမလား။ အိုက်ရား လာဝင်လာခဲ့”
ယွင်ယွီက သူမအဖွားနောက်က လိုက်ပြီး သူမရဲ့ ခရီးဆောင်အိတ်ကို စင်ပေါ်တင်လိုက်တယ်။ “အဖွား အမေက ဘယ်လိုဖြစ်တာလဲ”
အဖွားယွင်က သက်ပြင်း ချလိုက်တယ်။
“သိသွားပြီပေါ့။ ရှုကျန်းက မြေးကိုမပြောနဲ့တဲ့။ ဘွဲ့ရပြီးတော့ အလုပ်ရှုပ်နေမှာမလို့လေ။ ဖြစ်တာကတော့ ဝူတာ့ရှန်က သူ့ကို တွန်းလိုက်တာ သူ့ညာဖက်ခြေထောက်နဲ့ လဲသွားတယ်လေ။ ဆရာဝန်က အဲဒါကျိုးတယ်လို့ ပြောတယ်ဆိုပေမဲ့ ကုပြီးပါပြီ၊ ဘာမှမဖြစ်ဘူး ဒါပေမဲ့ ခြေထောက်ထိထားတော့ ရက်တစ်ရာလောက် နားရမှာလေ”
ဝူတာ့ရှန်းက သူမတို့ဖက်ကလူဆိုပေမဲ့ ရွာထဲမှာ ခွန်အားသုံး အနိုင်ကျင့်တာတွေ လုပ်နေကျလူလေ။ သူငယ်ငယ်က ထောင်ထဲတောင် ဝင်ဖူးတယ်ဆိုလားပဲ။ အသက်ကြီးလာတော့ နည်းနည်းငြိမ်သွားပေမဲ့ ထစ်ကနဲရှိ ထိုးမယ်ကြိတ်မယ် လုပ်နေတတ်တုန်းပဲ။ မြို့ထဲက သူ့အမျိုးတစ်ယောက်က အလုပ်ကောင်းရထားတော့ ဘယ်သူမှလည်း သူ့နဲ့ရန်မဖြစ်ချင်ကြဘူးလေ။
ရွာက လယ်ကွင်းတွေကို ပိုင်းလိုက်ပြီးပြီမလား။ အဖွားယွင်နဲ့ ယွင်ယွီက အထဲဝင်လာရင်း ပြောလိုက်တယ်။ အဖွားယွင်က ယွင်ယွီ့ကို ဖြစ်ရပုံ ပြောပြတော့တယ်။
“လွန်ခဲ့တဲ့နှစ်နည်းနည်းက ရွာထဲကလူတွေက လယ်တွေရောင်းပြီး မြို့တက်သွားကြတယ်လေ။ ကျေးရွာကောင်စီက သေချာစီစစ်ပြီး လယ်တွေခွဲ မြေတွေခွဲနဲ့ ခွဲတမ်းချကြတာပေါ့။ နောက်ဆုံးကျ ဟယ်ချင်းကန်နားက လယ်နဲ့ တောင်ခြေက ဖုန်းဆိုးမြေပဲ ကျန်တယ်လေ။ ကန်နားက လယ်ကတော့ ရာသီဥတုပူရင်တောင် ရေမပြတ်ဘူးပေါ့”
ပြောရရင် အဲနှစ်နေရာပဲကျန်တဲ့အချိန်မှာ ခွဲတမ်းမရသေးတာ ဖုန့်ရှုကျန်းနဲ့ ဝူသာ့ရှန်းပဲ ကျန်တယ်လေ။ နောက်ဆုံး အဲလယ်ကို ဖုန့်ရှုကျန်း ရသွားတော့ ဝူသာ့ရှန်းက ထကန့်ကွက်တဲ့အတွက် ရန်ဖြစ်ကြရင်း တွန်းပစ်လိုက်တာပဲ။
ဟယ်ချင်းကန်က တော်တော်ကျယ်တယ်။ ပြောရရင် ရွာနာမည် ဟယ်ချင်းရွာဆိုတာကတောင် ကန်နာမည်ကနေ ယူထားတာလေ။ ပြီးတော့ ဟယ်ချင်းတောင်ဆိုတဲ့ တောင်တစ်လုံးလည်း ရှိသေးတယ်။
အဖွားယွင်က ဝူတာ့ရှန်းရဲ့စကားတွေကိုတောင် ထည့်မပြောခဲ့ဘူး။ တကယ်လည်း မကြားဝံ့မနာသာတွေကိုး။ သူက ယွင်မိသားစုမှာ ယောက်ျားသား မရှိတဲ့အတွက် အဲ့နေရာရတာ အပိုပဲလို့ ပြောခဲ့တာ။ ယွင်ရှင်းကလည်း အထက်တန်း တက်နေတုန်းမလို့ ယွင်မိသားစုမှာ ခဏလာကူပေးဖို့ ယောက်ျားသားတစ်ယောက်မှ မရှိဘူးပေါ့။
အခန်းထဲ လဲနေတဲ့ ဖုန့်ရှုကျန်းက အသံကြားသွားတော့
“အမေ ရှောင်ယွီ ပြန်လာတာလား။ ကျွန်မ ရှောင်ယွီအသံ ကြားနေရတယ်”
အဖွားယွင်ကလည်း ခပ်ကျယ်ကျယ် ပြန်ဖြေတယ်။ “အေး ရှောင်ယွီပြန်လာတာ”
ယွင်ယွီက သောကတစ်ပိုက်ကြီးနဲ့ အခန်းထဲ ဝင်သွားတော့ သူမက ကုတင်ခေါင်းရင်းကို ကျောမှီပြီး အဝတ်ဖာနေတဲ့ ဖုန့်ရှုကျန်းကို တွေ့လိုက်ရတယ်။ သူမက ယွင်ယွီ့ကိုမြင်တော့ ပြုံးရင်း “ဘာလို့ပြန်လာတာလဲ။ နေ့လယ်စာရော စားပြီးပြီလား။ မစားရသေးရင် စားနော်။ အမေက ခုနကမှ သမီးအဖွားနဲ့စားထားတာ။ အမေသမီးအဖွားကို သမီးအတွက် ငါးဟင်းတစ်ခွက်လောက် ချက်ခိုင်းလိုက်မယ်” သူမရဲ့ခြေထောက်တွေက ဘယ်ဖက်က မသန် ညာဖက်က ကျိုးဆိုတော့ အိပ်ယာပေါ်ပဲ နေလို့ရတယ်လေ။ အဖွားယွင်ကလည်း သူမကို အိပ်ယာပေါ်က ပေးမဆင်းဘူး။
“သားအမိတွေ စကားပြောနေကြဦး၊ ရှောင်ယွီအာအတွက် ငါးဟင်းချိုချက်ပြီး မုန့်နည်းနည်းလုပ်ဦးမယ်၊ အဲ့လိုမှ ဒီကောင်မလေး စားရမှာ” အဖွားယွင်က ပြောပြီး မီးဖိုထဲဝင်သွားတော့ ယွင်ယွီမျက်လုံးတွေ ရဲသွားတယ်။ “အမေ သမီး လယ်ကွင်းကိစ္စ ကြားပြီးပြီ”
ဖုန့်ရှုကျန်းက လုပ်လက်စအလုပ် ဘေးချပြီး သူမကိုကြည့်လာတယ်။ “အဲ့လိုကြောင့် အမေသမီးကို မပြောတာပေါ့၊ သမီးက အလုပ်ရှုပ်နေမှာလေ၊ အမေ့ခြေထောက်က ကုလို့တောင်ပြီးပြီ၊ အဆင်ပြေမှပြေ ခဏလေးနားနေရရုံပဲကို”
ယွင်ယွီက အိပ်ယာအစွန်မှာထိုင်နေရင်း မျက်ရည်တွေကျနေတုန်း။ “အမေ ဒီလောက်ဖြစ်နေတာ ဘယ်ကအဆင်ပြေမှာတုန်း။ အဲ့ဝူတာ့ရှန် မကောင်းတဲ့လူကြီး သမီးသူ့ကိုသွားပြောမယ်။ ကောင်းကောင်းမွန်မွန် မတောင်းပန်ရင် ရဲနဲ့ တွေ့ကြတာပေါ့”
ဖုန့်ရှုကျန်းက သူမမျက်ရည်တွေကို သုတ်ပေးရင်း “မငိုနဲ့တော့ကွယ်။ အမေလည်း ဒေါသထွက်ပေမဲ့ သမီးအန်တီထျန်းနဲ့ ဝူလီက အိမ်အထိ လာတောင်းပန်ပြီး ဆေးဖိုးတောင် ပေးသွားတာကိုး။ အဲ့လိုလုပ်လို့ ဝူတာ့ရှန်ကတောင် သူတို့ကို ရိုက်မလို့ လုပ်သေးတယ်။ အဲ့လူ တော်တော်ရိုင်းတာ။ ဒါပေမဲ့ လယ်ကွင်းက အမေ့လက်ထဲ ရောက်လာမှတော့ ဘယ်သူ့ကိုမှ အမေပေးမှာ မဟုတ်ဘူး”
အန်တီထျန်းနဲ့ ဝူလီက ဝူတာ့ရှန်းရဲ့ ဇနီးနဲ့သားပေါ့။ ပြောရရင် အန်တီထျန်းက ကြင်နာတတ်တဲ့စိတ်ရှိပြီး ဝူလီက ယွင်ယွီရဲ့ သက်တူရွယ်သူ ငယ်သူငယ်ချင်း။ သူက အလယ်တန်းအပြီးအထိ ယွင်ယွီ့နဲ့တူတူ တက်ခဲ့ဖူးတယ်လေ။ သူက ရုံးတစ်ခုမှာ အလုပ်ဝင်ခဲ့ပြီး အရင်နှစ်က အလုပ်ထွက်လို့ မိဘလက်ငုပ်လက်ရင်းဖြစ်တဲ့ လယ်အလု ပ်ပြန်လာလုပ်တာ။ သူက လယ်ပဲလုပ်ဖို့ သူ့အဖေကို ဖျောင်းဖျပေမဲ့ ဝူတာ့ရှန်းကတော့ ရေကန်နားက လယ်ကွင်းကိုပဲ မက်နေတယ်လေ။
“အဲ့တော့ အမေ ဘာဆက်လုပ်မှာလဲ” ယွင်ယွီက ရွာအကြောင်း သိပ်မသိဘူး၊ ဒါပေမဲ့ အဖွားယွင်ပြောသလို ရေကန်နားရှိပြီး ရေကောင်းကောင်းရတဲ့လယ်ကို လူတိုင်း လိုချင်မှာပဲလေ”
ဖုန့်ရှုကျန်းက သက်ပြင်းချရင်း “ရွာအုပ်ချုပ်ရေးမှူးက ဝူတာ့ရှန်ကို သူ့ရဲ့ စီးပွားရေးကောင်းတဲ့အစ်ကိုကြောင့် ကြောက်နေတာ အမေမေးတိုင်း ဝူတာ့ရှန်ကို ဖျောင်းဖျနေတုန်းလို့ပဲ ဖြေတယ်”
ယွင်ယွီက မျက်မှောင်ကျုံ့လိုက်တဲ့အချိန်မှာ ဖုန့်ရှုကျန်းက သူမသမီးရဲ့ဆံပင်တွေကို နားနောက်ညှပ်ပြီး “ဘွဲ့ရပြီးလို့ အလုပ်သင်စဆင်းရပြီမ ဟုတ်ဘူးလား ဒီကကိစ္စတွေ ပူမနေဘဲ ကိုယ့်အလုပ်ကိုပဲ ကိုယ်လုပ်လေ။ မနက်ဖြန်ရထားနဲ့ပြ န်သွားလိုက်။ ဒီမှာ အမေရော အဖွားရောရှိသေးတ။ယ် ပြီးတော့ သမီးအဖိုးရဲ့ အဆက်အသွယ်တွေကနေ ဝူတာ့ရှန်ကို လက်လျော့အောင် လုပ်နိုင်မှာပါ”
ယွင်ယွီရဲ့အဖိုး ယွင်ချင်းရှန်က လွန်ခဲ့တဲ့နှစ်နည်းနည်းက ကွယ်လွန်သွားတာ တကယ်ဆို ယွင်မိသားစုက ဟယ်ချင်းရွာက မဟုတ်ဘူးလေ။ အငတ်ဘေးကျတုန်းက အဖိုးယွင်က အဖွားယွင်နဲ့ကလေးတွေကိုခေါ်ပြီး ဒီပြောင်းလာတာ။
ယွင်မိသားစုရဲ့အရင်နေတဲ့မြို့က ချန်းရွှေမြို့တော်ရဲ့ တခြားအခြမ်းမှာ ရှိတာပေါ့။ နောက်ကျတော့ အဖိုးယွင်က ဒီမှာအခြေချဖို့ ဆုံးဖြတ်လိုက်တော့တယ်။ သူက ဝိုင်ချက်ပြီး ဝိုင်ရောင်းတယ်လေ။ အိမ်နဲ့မနီးမဝေးမှာ အဖိုးယွင်ဝိုင်ချက်နေကျ သစ်သားအိမ်လေးတောင် ရှိသေး။ အဲ့အိမ်ဘေးမြေကြီးထဲမှာ ဝိုင်တွေ ထည့်နှပ်ထားတာအများကြီးပဲ”
ယွင်ယွီက ခဏတွေးပြီး ပြောပြန်တယ်။ “အမေ သမီးကိုက မခန့်သေးဘူးလေ။ အဖွားလည်း အိုနေပြီ။ အမေလည်း မလှုပ်နိုင်ဘူးမလား။ ရိတ်သိမ်းရမဲ့အချိန်ကြီးကို သမီးခဏနေပြီး ကူပေးမယ်လေ”
ဖုန့်ရှုချန်းက မေးပြန်တယ်။ “အလုပ်ရှာတာကို မထိခိုက်ဘူးလား။ ဘွဲ့ရပြီး နွေရာသီအားလပ်ရက်အချိန်မှာ အလုပ်ရှာတာက ပိုမလွယ်ဘူးလား။ သမီးပဲ သတင်းမီဒီယာကုမ္ပဏီမှာအလုပ်လုပ်ချင်တယ်ဆို အဲ့ဒါကရော”
သူမက သူမသမီးရွာမှာနေပြီး အလုပ်လုပ်နေတာ တွေးကြည့်လို့ကို မရဘူး။ သူမသမီးက ထွန်းပေါက်လာမဲ့ ပညာတတ်ပဲလေ။
ယွင်ယွီက ညာပြောရတော့တယ်။ “အင်တာဗျူး ဖြေထားတယ်လေ။ ပြန်ပြောပေးမယ်တဲ့”
အဖွားယွင်ရဲ့အသံက ထွက်လာတယ်။ “ရှောင်ယွီအာ စားလို့ရပြီ”
ယွင်ယွီလည်း အမြန်ထပြီး ပြောလိုက်တယ်။ “အမေ ဒါဆို သမီးသွားစားဦးမယ်နော်”
******