အခန်း ၁၀
Vol. 1 Ch. 10
အပိုင်း (၁၀)
သူမတို့က ပေါက်ဆီတစ်ချို့နဲ့ ဥအငန်တွေကို ဆန်ပြုတ်ထဲနှစ်ရင်း စားလိုက်ကြတာ်လေ။ အမေရော အဖွားယွင်ရောက ဟင်းချက်ကောင်းကြတယ်။ အထူးသဖြင့် အဖွားယွင်လုပ်တဲ့ ပေါက်ဆီတွေက အကောင်းဆုံးပဲ။ အသီးအရွက် အဆာသွပ်ထားတဲ့ ပေါက်ဆီတွေအရသာက ကောင်းလွန်းလို့ ယွင်ယွီက ပိုစားမိတော့တယ်။ သူမက ပေါက်ဆီကြီးနှစ်လုံး ဆန်ပြုတ်ပန်ကန်လုံးကြီးတစ်လုံး နဲ့ ဥအငန်သုပ်တွေ အများကြီး စားလိုက်တယ်။ စားပြီးတော့ စားပွဲသိမ်းပြီး အဖွားယွင်နဲ့ စိုက်ခင်း ရေလောင်းဖို့ ထွက်သွားတော့တယ်။
ယွင်မိသားစု အသီးအရွက်စိုက်ခင်းက ခြံပြင်မှာရှိပြီး မူတစ်ဝက်လောက် ကျယ်ပါတယ်။ (တစ်မူ=၀.၁၆၅ ဧက) အဲ့မှာ ရာသီစာဟင်းရွက်တစ်ချို့ကိုလည်းတွေ့လိုက်ရတယ်။ စိုက်ခင်းနဲ့ ကြက်ခြံကျေးဇူးကြောင့် သူမတို့မိသားစုက ဝက်သားနဲ့ အမဲသားလောက်ပဲ အပြင်က ဝယ်ရတယ်လေ။ အဖွားယွင်က ယွင်ယွီမနေ့ညက ဝိဉာဉ်စမ်းရေ ထည့်ထားတဲ့ ရေတွင်းက ရေကိုငင်ပြီး စိုက်ခင်းကို ရေလောင်းတော့တယ်။ မနက်ရှစ်နာရီမှာတော့ သူမနဲ့ အဖွားယွင်က စိုက်ခင်းရေလောင်းလို့ ပြီးသွားခဲ့ပြီလေ။
ယွင်မိသားစုက လယ်မြေ ရှစ်မူလောက် ပိုင်ထားပြီး တစ်ဆက်ထဲရှိတဲ့ ခုနစ်မူကို စပါးစိုက်ထားတယ်။ စပါးပေါ်ချိန်မဟုတ်ရင် ဂျုံ၊နှမ်း၊ပြောင်းနဲ့ ပဲတွေစိုက်လိမ့်မယ်။ အခုချိန်က ရိတ်သိမ်းချိန်ကြီး ဆိုပေမဲ့ အဖွားယွင်က လူမငှားချင်ဘူးလေ။ သူမ မငှားချင်တာလည်း နားလည်ပေးလို့ ရပါတယ်။ လယ်ရိတ်ဖို့ လူငှားရင် တစ်ဧကကို ယွမ်နှစ်ရာကိုး။ အဲ့ကရတာကမှ တစ်ဧကကို ယွမ်တစ်ထောင်တောင် ပြည့်ချင်မှ ပြည့်တာဆိုတော့ မတန်ဘူးလေ။ သူမရဲ့ချွေမက အိပ်ယာထဲလဲနေတော့ သူမ မခိုင်းရက်။ မြေးမလေးကိုလည်း အလုပ်ကြမ်းတွေ မခိုင်းရက်ဆိုတော့ နောက်မှ သူမကပဲ ဖြေးဖြေးချင်းရိတ်ဖို့ ကြံထားတော့တယ်။
ယွင်ယွီက သူမရဲ့အကြံတွေကို မသိဘူးလေ။ သူမကအဖွားယွင်နဲ့ ပေါင်းသတ် ပေါင်းနူတ်လုပ်ပြီးတော့ မေးလိုက်တယ်။ “ရိတ်သိမ်းရာသီ ရောက်ပြီမလား အဖွား” လယ်က လုံးဝရွှေရောင်သမ်းနေပြီ။ သူမလို လယ်အလုပ်နဲ့မရင်းနှီးတဲ့လူတောင် ရိတ်ရတော့မှာ သိနေတယ်လေ။
“တအားမမှည့်သေးဘူး နောက်နှစ်ရက်လောက်မှ အဖွား လူငှားရိတ်ခိုင်းမှာ” အဖွားယွင်က သူမမြေးမ ဒီကိစ္စကို မစိုးရိမ်စေချင်ဘူးလေ။
အလုပ်ပြီးတော့ အဖွားယွင်က “ရှောင်ယွီအာ အဖွားအသား နည်းနည်းသွားဝယ်မလို့ မြေးပြန်ရင် အဖွားယူလာတဲ့ ဒီပေါင်းသတ်တဲ့ ကိရိယာတွေ ယူပြန်ကူပါဦးကွယ်”
ယွင်ယွီက လယ်ကို စိုက်ကြည့်နေရင် အတွေးတွေလွှင့်နေတာ အဖွားယွင်ကိုတောင် တန်းပြန်မဖြေနိုင်ဘူး။
သူမက ကြည့်လိုက်တော့ သူမတို့လယ်မြေက တောင်နဲ့ကပ်နေပြီး အနားမှာ ဘယ်သူမှ မရှိတဲ့အခါ သူမက ပုံးတစ်ပုံးထဲရဖြည့် ဝိဉာဉ်စမ်းရေထည့်လို့ လယ်တစ်လျောက် လိုက်လောင်းတော့တယ်။ နေ့လယ်လည်း ရောက်ရော လယ်အားလုံးက ဝိဉာဉ်စမ်းရေလောင်းပြီးသား ဖြစ်လာရော။
နေ့လယ်စာ စားပြီးတော့ သူမက အကြီးဆုံးအဖိုးရဲ့ နှစ်မူစာ မက်မွန်ခြံကို သွားကြည့်တယ်။ မက်မွန်ပင်တွေက တအားဂရုစိုက်စရာမလိုဘူးလေ။ ဆောင်းဦးနဲပ ဆောင်းရာသီတွင်းမှာ သေချာပြုစုရတာ။ ဒီမက်မွန်သီးတွေက နူးညံ့ပြီးအရည်ရွှမ်းတဲ့ အသီးတွေ အခုအချိန်မှာတော့ မမှည့်သေးတဲ့အသီးတွေပဲ ရှိသေးတယ်။ အဲ့ဘေးမှာတော့ ဖရဲသီးတစ်မူစာ ရှိတယ်လေ။ ဖရဲသီးတွေက လွယ်လွယ်မှည့်တဲ့အသီး မဟုတ်တော့ နောက်တစ်လ နှစ်လလောက်မှ စားရလိမ့်မယ်။
ယွင်ယွီက အသီးခြံနှစ်မျိုးလုံးကို ဝိဉာဉ်စမ်းရေ လောင်းပြန်တယ်။ သူမက မြို့တော်မပြန်ဘဲ အိမ်မှာနေဖို့တောင် ကြံနေပြီ။
အခုခေတ်က လူတွေက ရုပ်လွန်ပညာကို အယုံအကြည် နည်းလာတဲ့အပြင် သူမကလည်း နာမည်ရှိဆရာသခင် မဟုတ်ဘူးလေ။ အဲ့ဒီတော့ ဖုန်းရွှေအစီအရင်ချတာရော ရှေ့ဖြစ်ဟောတာရော နှစ်ခုလုံးနဲ့ သူမ လုပ်စားလို့ မရနိုင်ဘူး။ သူမကို အလိုက်တသိ လာရှာဖို့ကို သူမကြံမှရမယ်လေ။ အခုကတော့ သူမတို့မိသားသု ငွေလိုနေတဲ့ကိစ္စပဲ ရုပ်လွန်ပညာဖယ်ရင် သူမမှာ ဝိဉာဉ်စမ်းရေပဲရှိတာ အခုလုပ်နိုင်တာကတေယ့ ဝိဉာဉ်စမ်းရေကို အစားအသောက်တွေ အာဟာရဖြည့်ဖို့ပဲ သုံးပြီး အာဟာရဖြည့်စွက်စာအနေနဲ့ ရောင်းရမယ်လေ။
ဒီကိစ္စကို ယွင်ယွီက မိသားစုကိုပြောဖို့ အစီအစဉ်မရှိဘူးလေ ဖြစ်လာမဲ့အကျိုးဆက်တွေကို သူမ ကြောက်နေသေးတာကိုး။ သူမဘွဲ့ရမှတော့ အိမ်မှာနေစရာ ဘာအကြောင်းမှ မရှိဘူးလေ ဟုတ်တယ်မလား။
ညစာစားပြီးတော့ ယွင်ယွီက ရေတစ်ပုံးဆွဲပြီး ပန်းပင်တွေနဲ့ အသီးပင်တချို့ကို ရေလောင်းလိုက်တယ်။
ပြီးတော့ သူမအမေရဲ့ခြေထောက်ကို နှိပ်ပေးပြီး တန်းအိပ်ပျော်သွားတာများ သူမဖုန်း မြည်နေတာကိုတောင် သတိမထားမိတော့ဘူး။ သူမ တကယ်ပင်ပန်းခဲ့တာလေ။ နောက်နေ့မနက်ကျတော့ သူမက နိုးနိုးချင်း ဝိဉာဉ်စမ်းရေကို သောက်ပြီး အိပ်ယာပေါမှာတင် ကျင့်ကြံတော့တယ်။ ကံကောင်းတာက သူမ သောက်တာများလာတော့ စမ်းရေနဲ့ ယဉ်သွားပြီး တိုက်ရိုက်သောက်တာတောင် ဘာမှမဖြစ်တော့ဘူး။ နှစ်နာရီလောက် ကြာပြီးတော့ သူမရဲ့ မနေ့ကအလုပ်ကြောင့် ညောင်းကိုက်နေတာတွေ ပျောက်သွားတော့တယ်။
ယွင်ယွီက အဝတ်လဲပြီး ဖုန်းကိုကြည့်လိုက်တော့ မနေ့ညက စုန့်ကျင်းက သူမကို ဖုန်းခေါ်ထားတာ တွေ့ရတယ်။ အချိန်က မနက်ခုနစ်နာရီဆိုတော့ စုန့်ကျင်း မထလောကိသေးတယမလို့ နောက်မှပြန်ခေါ်ဖို့ စဉ်းစားလိုက်မိတယ်။
10 02
“ငါ ဘာလို့ မနေ့ကထက်တောင် တက်ကြွနေတာပါလိမ့်” အဖွားယွင်က သူမကိုယ်သူမ ပြန်ပြောနေတဲ့အသံကို ယွင်ယွီကြားလိုက်ရတယ်။
အဖွားယွင်က ကြာကြာ စဉ်းစားမနေဘဲ စိုက်ခင်းထဲဆင်းလို့ အသီးအရွက် သွားခူးတော့တယ်။ သူမ သတိထားလိုက်မိတာက သူမမနေ့က ခူးလာတဲ့ ကြက်သွန်မြိတ်ရဲ့ အမြိတိက လက်မနည်းနည်းလောက်တောင် ပြန်ရှညိနေပြီပဲ။ သူမက စိုက်ခင်းထဲက အသီးအရွက်တွေက အကြီးမြန်လွန်းတယ်လို့ ထင်လိုက်မိတယ်။
မနက်စာကို အဖွားယွင်က ခရမ်းချဉ်သီးသကြားနယ် လုပ်ပြီး ခရမ်းသီးစိမ်းပေါင်းကိုမှ ကြက်သွန်ခေါက်ဆွဲပြုတ်နဲ့ ထမင်းနဲ့စားဖို့ လုပ်ထားတယ်။ ယွင်ယွီက ခရမ်းချဉ်သီးတစ်ဖတ်မြည်းကြည့်တော့ ခရမ်းချဉ်သီးတွေက မှည့်ပြီး ချိုနေတယ်။
အဖွားယွင်လည်း စားကြည့်ပြီး အံ့ဩသွားတယ်။ “ဒီခရမ်းချဉ်သီးက ကောင်းသားဟဲ့” သူမကလေးဘဝကတည်းက ဒီလောက်ကောင်းတာ မစားဖူးသလိုတောင် ခံစားလိုက်ရတယ်။ ခရမ်းသီးပေါင်းတွေက ပိုတောင်အရသာရှိသေး တစ်ဖတ် စားလိုက်တာနဲ့ ပါးစပ်ထဲမှာတင် အရည်ပျော်သွားတာက တကယ့်နတ်သုဒ္ဓါ ကျနေရော။ အဖွားယွင်က ဒီမနက်စာက သူမလုပ်ဖူးသမျှထဲမှာ အကောင်းဆုံးလို့တောင် ထင်မိသေးတယ်။
ယွင်ယွီက သူမအမေဆီက တူနဲ့ ပန်းကန်တွေ သွားသိမ်းတဲ့အခါ သူမက “စားလို့ကောင်းလိုက်တာ” လို့ ရည်ရွတ်နေတုန်းပဲ။
ဝိဉာဉ်စွမ်းအင်က အရာရာရဲ့ဘအခြေခံပဲလေ။ ပြောရရင် ဝိဉာဉ်စွမ်းအင်ပါတဲ့ စားစရာရဲ့အရသာက အရာအားလုံးထက် ပိုကောင်းတတ်တယ်။
ခြံထဲက အရွက်တွေက တအားသန်နေတော့ မစားနိုင်ကြရင် အလဟသဖြစ်မှာ စိုးတော့ အဖွားယွင်က မြို့ပေါ်က အသီးအရွက်ဈေးမှာ သွားရောင်းဖို့ ကြံတော့တယ်။ ရွာမှာလည်း အသီးအရွက်ဈေး ရှိပေမဲ့ ဘယ်သူက ကိုယ့်အိမ်မှာစိုက်လို့ရတာကြီး ဝယ်စားပါ့မလဲ။ မစိုက်နိုင်တဲ့ မြို့ပေါ်တက်ရောင်းတာကမှ အာမခံချက် ရှိသေးတယ်လေ။ အဖွားယွင်က ခရမ်းချဉ်သီး၊ ခရမ်းသီး၊ကြက်သွန်နီနဲ့ ကြက်သွန်မြိတ်တွေကို ခြင်းအပြည့်ထည့်ပြီး ယွင်ယွီနဲ့အတူ မြို့ကို ထွက်သွားတော့တယ်။
မြို့ကိုရောက်ဖို့ မိနစ်နှစ်ဆယ်လောက် ကြာပြီး ယွင်ယွီက အဖွားယွင်ကို ဈေးပေါက်ဝအထိ ခြင်းကို သယ်ကူလိုက်တယ်။
ဟယ်ရှန်းမြို့က လူဉီးရေ လေးသိန်းကနေ ငါးသိန်းကြားရှိပြီး တော်တော်ကြီးတဲ့မြို့လို့ ပြောလို့ရလောက်တယ်။ အဲ့မှာ ဈေးတွေ ရှော့ပင်မောလ်တွေ ဖျော်ဖြေဖို့နေရာအစုံ ရှိတယ်လေ။ လမ်းမတွေကျယ်ပြီး စက်မှုနယ်မြေလည်းဖြစ်တော့ ရွာကလူတွေက မြို့တက်ပြီး အိမ်ဝယ်နေကြတာများကြတာပေါ့။
တကယ်ဆို အိမ်ခြံမြေဈေးတွေက တက်နေတော့ မြို့ပြဧရိယာမှာ လူတွေတအား ထူထပ်လာတယ်လေ။ မြေတစ်စတုရန်းမီတာကို ယွမ် လေးထောင်ကနေ ငါးထောင်လောက် ပေးနေရပြီကိုး။
******