← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

12 01

အပိုင်း (၁၂)

ယွင်ယွီက လျိူမိသားစုအိမ်ကနေ သူမရဲ့ အဝါရောင်စာရွက်နဲ့ ဟင်းရိုင်းတွေယူပြီး ပြန်ထွက်လာတဲ့အချိန်အထိ အဖွားလျိူက နတ်နဲ့ တစ္ဆေတွေကို စော်ကားရ ကောင်းလားဆိုပြီး သူမချွေးမကို ဆူနေတုန်းပဲရှိသေးတယ်။ ယွင်ယွီက သူတို့က သူမကို ငွေလွှဲမလာမှာကို စိုးရိမ်မနေဘူး။ ဖုန်းရွှေဆရာသခင်တစ်ယောက်ကို အဲ့ဒီလို အကြွေးတင်တာက သေလမ်းရှာတာနဲ့ အတူတူပဲလေ။ ရုပ်လွန်ပညာသည်တွေက လူတွေကို တိုက်ရိုက် ဒုက္ခမပေးနိုင်ပေမဲ့ ကိုယ်ပြုတဲ့ဒဏ်က ကိုယ့်ဆီ ပြန်လာမှာပဲလေ။ သူမ လုပ်လို့ဖြစ်တာ မဟုတ်တော့ဘူး။

တကယ်လို့ လျိူမိသားစုက အကြွေးတင်ခံရင် အဲဒါက ရိုးရိုးပိုက်ဆံကြွေးမဟုတ်ပဲ ကံကြွေး ဖြစ်သွားလိမ့်မယ်။ သဘောက သူတိူ့ရဲ့ ရှေ့လျောက်ကံကြမ္မာဟာ အပြောင်းအလဲ အကြီးကြီးတွေ ရတော့မှာပေါ့လေ။

သူမက ပစ္စည်းတွေကို ချိုင်းကြားညှပ်ပြီး အဖွားယွင်ဆီ သွားတော့တယ်။ အဖွားယွင်က ကြက်သွန် နည်းနည်းလောက်ပဲ ကျန်တဲ့အထိ ရောင်းရပြီးပြီ။ သူမက ပျော်နေပြီးတော့ ယွင်ယွီကိုလည်း တွေ့ရော "ရှောင်ယွီအာ မြေးဘာစားချင်လဲ အဖွားယွမ်နှစ်ရာတော င်ရထားတာ အမဲသား ဝယ်ပြန်ကြမလား"

ဒါပေမဲ့ ယွင်ယွီ့ချိုင်းကြားကပစ္စည်းတွေလည်းတွေ့ရော သူမမျက်နှာက ရှုပ်ထွေးသွားတော့တယ်။ ယွင်ယွီက သူမလုပ်နေတာတွေ မိသားစုက မကြိုက်မှန်းသိပေမဲ့ မသိချင်ဟန်ဆောင်ပြီး အဖွားယွင်ကို ပြောလိုက်တယ်။ "အဖွားရော သမီးရော နေ့လယ်စာ မစားရသေးဘူးလေ။ ပေါက်စီလေး ဘာလေးဝယ်စားကြမလား" အနားမှာ ပေါက်စီဆိုင် ရှိနေတယ်လေ။

ယွင်ယွီ့က အဖွားယွင်အပြောကို မစောင့်ဘဲ အသီးအရွက် အဆာသွပ်ပေါက်စီနည်းနည်း ဝယ်လိုက်တယ်။ သူမက အသားပေါက်စီတွေ မဝယ်ရဲဘူးလေ။ အထဲက ဘာသားမှန်း လိုက်ကြည့်နိုင်တာမှ မဟုတ်တာ။ သူမက ပေါက်စီတချို့ကို အဖွားယွင်ကို ကမ်းပေးပြီး သူမလက်ထဲက ပေါက်စီကို အကိုက်ကြီးကြီး ကိုက်လိုက်တယ်။ သူမ ဗိုက်တကယ် ဆာနေပြီလေ။ အဲ့လိုကိုက်ပေမဲ့ ဘာအသီးအရွက်မှ သူမ မတွေ့ခဲ့ရဘူး။ ဂျုံချည်းသက်သက်ပဲ။ ထပ်တစ်ခါ ကိုက်လိုက်လည်း မတွေ့ရပြန်ဘူး။ နောက်ဆုံးမှာတော့ မဖြစ်စလောက် အသီးအရွက်လေးကိုပဲတွေ့လိုက်ရတယ်။

သူမက ချက်ချင်းပဲ အဖွားယွင် လုပ်ပေးတဲ့ ဂျုံသားပါးပါး အဆာများများ ပေါက်စီတွေကိုတောင် လွမ်းသွားတယ်။ အဲ့အချိန်မှာပဲ အန်တီကြီးနှစ်ယောက် ပြောနေတဲ့ စကားကို ကြားလိုက်ရတော့တယ်။

"အသစ်ဆောက်နေတဲ့နေရာမှာ လူတစ်ယောက် ထပ်သေပြန်ပြီတဲ့။ အခုတစ်ခါဆို ဒုတိယအခေါက်ပဲနော်"

"အေးဟယ် ငြမ်းစင်က ဘယ်လိုပြိုကျရလဲ မသိပါဘူး။ တစ်ယောက်သေ တစ်ယောက် ဒဏ်ရာအကြီးအကျယ်ရတဲ့ ဒဏ်ရာရတဲ့တစ်ယောက်က အခုအထိဆေးရုံမှာ သတိမလည်လာသေးဘူးဆိုပဲ သေတဲ့တစ်ယောက်ဆို ပိုတောင် ထူးဆန်းသေးတယ်။ တကယ်ဆို သုံးလွှာက ကျတာက အလွန်ဆုံးမှ ကျိုးပဲ့ရုံပေါ့ဟယ်။ အခုက ဘယ်လိုဖြစ်ရတာလဲမသိဘူး"

"ဟူး....ချွေးတောင် ပြန်လာပြီ။ ဒီလောက်ပူတဲ့ ရက်မျိုးမှာတောင် အဲ့သူဌေးက ဗီလာစီမံကိန်းနဲ့ ဆက်ဆောက်နေတုန်းလား၊ အကုန် အပူရှပ်ပြီး သေကုန်တော့မှာပဲ"

"သူတို့ရပ်လို့ မရဘူးလေ၊ အဲ့လိုနေရာကို ဝယ်ဖို့ ပိုက်ဆံအများကြီး လိုတာကို အခုသာရပ်ရင် သူတို့ ရှုံးတာပေါ့"

"မဟုတ်ဘူးလေဟာ။ အဲ့သူဌေးက စီးပွားရေးအကွက်မြင်ပြီး လက်ညိုးထိုး မလွဲအောင် လုပ်ငန်းတွေ ပိုင်နေတာပဲဟာ။ ဒီဟာကို ရပ်လိုက်မှပေါ့။ မဟုတ်ရင် ဒီလောက် လူသေထားပုံနဲ့ ပြီးသွားရင်တောင် နေရဲတဲ့လူ ရှိပါ့မလားဟယ်"

"အဲဒါတော့ ငါလည်း မသိဘူးလေဟာ၊ ဆရာသခင်တချို့နဲ့တိုင်ပင်တာမျိုး လုပ်ရင်လုပ်မှာပေါ့"

ယွင်ယွီက အရသာမဲ့နေတဲ့ပေါက်စီကို အတင်းမျိုချရင်း လှည့်ကြည့်လိုက်တယ်။ သူမ အခုငွေအရေးပေါ် လိုနေတာမလား။ အရင်ဘဝကဆို မင်းသမီးလေးဆိုတော့ ငွေကို ပူမနေဘဲ သူမ ကူညီချင်တဲ့လူဆိုကူညီ မကူညီချင်ရင်လည်း ဘယ်သူက အပြစ်ပြောရဲမှာလဲ။ အခုတော့ လုပ်ချင်ချင်မလုပ်ချင်ချင် လုပ်ရမဲ့အခြေအနေလေ။

အဲ့အန်တီကြီးနှစ်ယောက် ပြောစကားအရဆို အဲ့ဗီလာအိမ်ခြံမြေနေရာမှာ မတော်တဆဖြစ်ပြီး နှစ်ယောက်သေ တစ်ယောက် ဒဏ်ရာရဆိုပဲ။ သူမ သွားကြည့်သင့်တယ်မလား။ ဘာလို့ဆို သူဌေးက ချမ်းသာလာနိုင်မှတော့ အမြင်တအား မကျဉ်းလောက်ဘူးလေ။ သူမကိုလည်း ဖုန်းရွှေ ပေးညှိလောက်မယ် ထင်တယ်။

သူမက ပေါက်စီ ထုတ်လာတဲ့အိတ်ကို အမှိုက်ပုံးထဲ ပစ်ပြီး အဖွားယွင်ကို "အဖွား သမီး လုပ်စရာလေးရှိလို့ ပြန်နှင့်နော်"

12 02

အဖွားယွင်က ယွင်ယွီ ကိုင်ထားတဲ့ အဝါရောင်စာရွက်နဲ့ ဟင်းရိုင်းတွေကိုကြည့်ရင်း "ကလေးမ ဘာသွား လုပ်မလို့လဲ" အဲစကားလည်း ကြားရော ယွင်ယွီက ပြောဖို့ တွန့်ဆုတ်နေတာကို အဖွားယွင် မြင်လိုက်ရတယ်။ အဲ့တော့ သူမက သက်ပြင်းချရင်း

"မြန်မြန်သွား မြန်မြန်ပြန်လာ။ တခုခုကြုံရင် သတ္တိရှိချင်ယောင် ဆောင်မနေနဲ့"

"ကျေးဇူးတင်ပါတယ် အဖွား" ယွင်ယွီက ရင်ထဲက အလုံးကြီးကျသွားသလို ခံစားလိုက်ရပြီး သက်ပြင်း ချလိုက်တယ်။ ပြီးတာနဲ့ ဆောက်လက်စ အိမ်ခြံမြေနေရာကို လိုက်မေးတော့တယ်။ ဒီရက်ပိုင်းသတင်းတွေကြောင့် လူတော်တော်များများက ယွင်ယွီကို အဲနေရာ ပြောပြကြတယ်။

နေရာက နည်းနည်းဝေးတယ်။ ပြောရရင် မြို့လယ်ခေါင်က ဗီလာဆောက်ဖို့ မသင့်တော့လည်း နည်းနည်းဝေးတဲ့နေရာ သွားဆောက်ရတာပေါ့လေ။

ဗီလာနေရာတွေနောက်မှာ တောင်ကြော ရှိတယ်လေ။ပြောရရင် ချန်းရွှေမြို့နားမှာက တောင်တွေရှိပေမဲ့ တောင်တွေက သိပ်မမြင့်ကြဘူးလေ။ ဗီလာဧရိယာက ဟယ်ချင်းရွာနဲ့ သိပ်မဝေးဘူး။

ယွင်ယွီ ရောက်သွားတော့ အဲ့မှာ လူတွေသိပ်မရှိဘဲ ငြမ်းတွေပဲပြန့်ကျဲနေတာ တွေ့လိုက်ရတယ်။ ဆောက်လုပ်ရေးဧရိယာနောက်က တောင်က တအားမမြင့်ပေမဲ့ တောင်ရဲ့ကံကြမ္မာရောင်ဝါက ကောင်းတယ်ပြောရမယ်။ အဲ့တော့ ကံဆိုးစေတာက တောင်ကြောင့် မဟုတ်ယူး။ သူမက လျောက်ပတ်ကြည့်ပေမဲ့ ကံဆိုးမှုလာတဲ့ တကယ့်နေရာကို မတွေ့နိုင်နေဘူး။

သူမ အထဲဝင်သွားခါနီးမှာ အသက်ခြောက်ဆယ်လောက်ရှိတဲ့ လူကြီးတစ်ယောက်က ယာယီလုပ်ထားတဲ့ ရုံးခန်းလို အဆောင်ကနေ ထွက်လာတာကို တွေ့လိုက်ရတယ်။ အဲဒါနဲ့ ယွင်ယွီလည်း "အဖိုး အဖိုးတို့သူဌေး ဘယ်မှာလဲ"

အဖိုးကြီးက မျက်မှောင် ကြုတ်ရင်း "ကလေးမ မင်းဘာလို့ သူဌေးကိုရှာနေတာလဲ။ သူက ဒီရက်ပိုင်း ပြသနာဖြေရှင်းတာနဲ့ အလုပ်ရှုပ်နေတာ။ ဒီမှာ မတော်တဆ ဖြစ်ထားလို့ လျောက်လျောက်သွားမနေနဲ့"

သူက ဒီဆိုက်ရဲ့ တံခါးစောင့်ပေါ့။ ပြောရရင် သူတို့က အုတ်တွေ သံချောင်းတွေ အခိုးခံရမှာ ကြောက်တယ်လေ။ ဒါပေမဲ့ ဒီရက်ပိုင်း မတော်တဆမှုက အလုပ်သမားတွေကို လန့်ပြီး အလုပ်မဆင်းရဲအော င်ခြောက်ထားတယ်လေ။ သူဌေးက ဖုန်းရွှေညီမျှလား စစ်ဆေးခိုင်းပေမဲ့ သူက အဲ့လိုတွေမယုံတော့ ပုံမှန်အတိုင်း လာပြီး တံခါးစောင့် လုပ်နေတာ။

ယွင်ယွီက "ကျွန်မ ဖုန်းရွှေလာစစ်တာ။ ဖြစ်နေတာတွေအတွက် ကူညီနိုင်လောက်တယ် ကျွန်မကို ရှင်တို့သူဌေးနဲ့ ဆက်သွယ်ပေးပါ"

"‌ပေါက်ကရတွေ" အဖိုးကြီးက သူမကိုစိုက်ကြည့်လာပြီး "ကလေးမ စာကြိုးစားပြီး တနေ့မှာ အိမ်ထောင်ပြုသားမွေးလုပ်ရမဲ့အစား လူတွေကိုလိုက်လိမ်မနေနဲ့ သွား သွား သွား"

ယွင်ယွီက သူ့ကို အတင်းဖိပြောမနေပဲ သူမဖုန်နံပါတ်ကို ချရေးပေးပြီး "အဖိုး တကယ်လို့ အဖိုးရဲ့ သူဌေးကလိုရင် ဒီကိုသာဆက်သွယ်ခိုင်းလိုက်ပါ"

သူမက ဒါကံစမ်းရုံသက်သက်ပဲလေ။ ပြောရရင် ဆက်မလာရင်လည်း ဘာမှမဖြစ်ပါဘူး" သယမက စာရွက်ပေးပြီးတာနဲ့ လှည့်ထွက်သွားတော့တယ်။

အဖိုးကြီးက စာရွက်ကိုကြည့်လိုက်တော့ ဖုန်းနံပါတ်နောက်မှာ လက်ရေးလှလှနဲ့ ဆရာသခင်ယွင် လို့ရေးထားတာတွေ့ပြီး စိတ်ပေါက်ပေါက်နဲ့ လွှင့်ပစ်ချင်သွားပေမဲ့ စိတ်ပြောင်းပြီး အံဆွဲထဲသာ ထည့်ထားလိုက်တော့တယ်။

ယွင်ယွီပြန်ရောက်တော့ အဖွားယွင်က မီးဖိုထဲမှာ ချက်တောင်ချက်နေပြီ။ သူမက သွားကူဖို့ကြံပေမဲ့ အဖွားယွင်က သူမကို မောင်းထုတ်လိုက်တယ်။ သူမလည်း လုပ်စရာမရှိတော့ ဝိဉာဉ်စမ်းရေ သောက်ပြီး ကျင့်ကြံတာပေါ့။ ညစာစားကြပြီးတော့ သူမက ညဆယ့်နှစ်နာရီအထိ ဆက်ကျင့်ကြံပြီးမှ အိပ်လိုက်တော့တယ်။

လျိူမိသားစုမှာတော့ ကလေးက နို့သောက်ပြီးတာနဲ့ တန်းအိပ်သွားတော့တယ်။ အမေလျိူနဲ့ အထေလျိူကို အံ့ဩစေတာက ပုံမှန်ဆို ကလေးက အိပ်ပြီးတစ်နာရီလောက်ဆို တက်မတတ်ချက်မတတ် ငိုပြီး နိုးလာတတ်ပေမဲ့ အခုတော့ လေးနာရီ ဆက်အိပ်ပြီးတာတောင် မနိုးလာသေးဘူး။ ကလေးနိုးတော့ အမေယွင်က နို့ထပ်တိုက်တာနဲ့ ကလေးက အကုန်သောက်ပြီး ထပ်အိပ်သွားပြန်တယ်။

"အဲ့ကလေးမက တကယ့်ဆရာသခင်များလား"

အဖေလျိူကပြောတော့ အမေလျိူက ခဏစောင့်ကြည့်ရ‌အောင် တကယ်လို့ သူသာ တကယ့်ဆရာသခင်ဆို ပိုက်ဆံပေးရမှာနော်"

အဖေလျိူက ဘာမှမပြောဘူး။

အမေလျိူက "ရှင်အိပ်တော့ ကျွန်မလည်း ခဏစောင့်ကြည့်ပြီး အိပ်တော့မယ်" နှစ်ယောက်လုံး အိပ်ပျော်သွားပေမဲ့ ကလေးက မနက်ခြောက်နာရီခွဲတဲ့အထိ ထမငိုခဲ့ဘူးဆိုတာကတော့ ဘယ်သူမှ ထင်မထားတာပဲ။

******

All Chapters