← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

13 01

အပိုင်း (၁၃)

သူမနိုးလာတော့ အဖွားယွင်က အပင်တွေကို ရေတောင် လောင်းနေပြီ။ အပင်တွေကြီးတာ မြန်လွန်းလို့ သူမတို့တစ်အိမ်လုံး ကုန်အောင်မစားနိုင်ဘဲ ထပ်ရောင်းရတော့မယ်။ ယွင်ယွီက အဖွားယွင်ကိုကူပြီး အသီးအရွက်တွေ ခူးရင်း ခြင်းထဲ ထည့်ကူလိုက်တယ်။

မနက်စာစာပြီးတော့ အဖွားယွင်က လယ်ကွင်းကို အရင်သွားကြည့်ချင်နေတဲ့အတွက် အသီးအရွက်တွေ မြို့တက်ပြီ သူမရောင်းပေးမဲ့အကြောင်း ပြောလိုက်တော့ အဖွားယွင်က သူမကို မေးတော့တယ်။ "ရှောင်ယွီအာ လုပ်နိုင်ပါ့မလား"

ယွင်ယွီက ရင်ဘတ်ကို ပုတ်ပြီး အာမခံလိုက်တယ်။ "မပူပါနဲ့အဖွားရယ် အသီးအရွက်ရောင်းတာ ဘာများခက်လို့လဲ။ ညနေကျ အကုန်ကုန်ပြီး ပြန်လာစေရမယ် စိတ်ချ"

တကယ်ဆို လယ်ကွင်းက ပစ်ထားလို့ ရသေးတယ်လေ။ ရေသာ ပုံမှန်သွားလောင်းရင် ရှင်းမနိုင်အောင် ကြီးလာလိမ့်မယ်။ အဖွားယွင်က သူမကို အသီးအရွက်တစ်မျိုးချင်းရဲ့ဈေးကို ပြောပြပြီး သူမကို လမ်းမှာဂရုစိုက်ဖို့နဲ့ ဘယ်သူ့နဲ့မှ ပြဿနာ ဖြစ်မလာဖို့မှာပြီး လွှတ်လိုက်တယ်။

ယွင်ယွီက ခေါင်းညိတ်ပြပြီး ခြင်းကိုသယ်လို့ ဘတ်စ်ကားစီးပြီး ဈေးပေါက်ဝအထိ သွားလိုက်တယ်။ သူမနေရာတွေ့လို့ ခြင်းကိုလည်း ချလိုက်ရော သူမလက်မှာ အနီကြောင်းကြီးတောင် ထင်လို့ ဝိဉာဉ်စမ်းရေသောက်တာ ကြာလာတော့ သူမအသားအရေတွေလည်း နူးညံ့လာတော့တာပဲလေ။

သူမက အသီးအရွက်ခြင်းကို အောက်ချပြီး လူတွေရဲ့ ထူးထူးဆန်းဆန်း အကြည့်တွေကြားကနေ မျက်နှာသေနဲ့ ခြင်းအောက်က ကံကြမ္မာဖတ်သည် ဆိုင်းဘုတ်ကို ဆွဲထုတ်လာပါလေရော။ တစ်ယောက်ယောက်က သူမနားကပ်လာရင် ပြုံးပြနေတော့ လူတွေကို ရှက်စေပြီး သူမဆီက အသီးအရွက်တွေ ဘယ်သူမှ မဝယ်တော့ဘူး။ သူမကလည်း မလောပါဘူးလေ။

နာရီဝက်လောက် ကြာတော့ သူမရှေ့ကအသီးအရွက်တချို့က ရောင်းထွက်သွားပြီ။ မိန်းမတစ်ယောက်ဆို သူမရဲ့ရောင်းဈေးက တခြားလူတွေနဲ့တူနေလို့ လာဆစ်သေးတယ်။ "ကလေးမ သူများတွေ ဈေးတင်ရောင်းတာက သူတို့က ဆိုင်ခန်းခတွေ ဘာတွေနဲ့ အမြတ်ကျန်အောင်လေ။ နင်ကျတော့ အိမ်စိုက်လေးတွေကိုများ ဈေးလျော့စမ်းပါဦး"

ယွင်ယွီက လေသံအေးအေးနဲ့ပဲ ဆက်ရှင်းပြတယ်။ "ဒါက ဓာတ်မြေ‌ဩဇာကင်းတဲ့ ဟာတွေလေ အန်တီ၊ အရသာလည်း ပိုကောင်းတယ်။ ကျွန်မတို့က စားမကုန်လို့ အလဟဿ မဖြစ်အောင် ပြန်ရောင်းတာ မဟုတ်ရင် အန်တီဒါမျိုးရမှာကို မဟုတ်ဘူး"

ဂျုံသာရိတ်ပြီးရင် သူမက အဖွားယွင်ကို မြို့ထဲ အဆာပြေစာဆိုင်လေးဖွင့်ဖို့ ကြံထားတယ်လေ။ အဲ့လို‌ဆို အခုလို ရောင်းစရာ မလိူတော့ဘူးပေါ့။

လူတွေက ကောင်းကောင်းနေ ကောင်းကောင်းစားရဖို့ ပိုက်ဆံသုံးဖို့ လိုလားကြတယ်လေ။ သူမတိူ့မိသားစုက ဆင်းရဲသေးတော့ လုပ်ငန်းလေးလုပ်ဖို့ဆို တစ်ဆင့်ချင်း သွားမှရမှာပေါ့။ သူမတွေးရင်း သက်ပြင်းတောင်ချမိလိုက်တယ်။

"တကယ်လား ပိုးသတ်ဆေးမဖြန်းရင် ပိုးစားနေတတ်တာ မဟုတ်ဘူးလား" တကယ်တော့ သူမက အသီးအရွက်တွေ လတ်ဆတ်တာကို တွေ့ပြီးသား အကျင့်ရှိလို့သာ ဈေးဆစ်နေတာလေ။

ယွင်ယွီက သူမကိုပေးရွေးပေမဲ့ ဈေးတော့ ပေးမဆစ်ဘူး။ တကယ်ဆို ဒီအသီးအရွက်တွေက ရွှေထုပ်ကောက်ရသလောက် အဖိုးတန်တာကို ဈေးလျော့ရောင်းစရာလား။

သူမတွေးနေတုန်း အသက်လေးဆယ်အရွယ်လူကြီးက ဈေးဝင်ပေါက်မှာ လာရပ်ပေမဲ့ မဝင်ဘဲ တစ်ယောက်ယောက်ကို လိုက်ရှာနေတယ်။

သူ့နာမည်က တုန်ကျန်းဟိုင် သူ့မိသားစုက စီးပွားရေးသမာူတွေဖြစ်ပြီး သူက စာအုပ်ကြီးသမား။ မြို့ထဲမှာ ပထမဆုံးချမ်းသာလာတဲ့အုပ်စုထဲသူပါတယ်လေ။ နောက်ပိုင်း စီးပွားရေးသမားတွေ ဘယ်လောက် ပေါ်လာပေါ်လာ သူကတော့ အခြေခိုင်နေဆဲပဲ။

သူက တာဝန်ကျေတဲ့သားဖြစ်ပြီး ငယ်ငယ်ကတည်းက သူတိူ့မောင်နှမတွေကို ပြုစုလာတဲ့အမေ အိပ်ယာထဲလဲတော့ ဆေးရုံကို အပြေးပို့တာသူပဲလေ။ ဆရာဝန်က သူ့အမေက အိုလာရုံသက်သက်ဖြစ်ပြီး ရောဂါကြီးကြီးမားမား မရှိဘူးလို့ပြောပေပြီး သဘာဝအလျောက် ချုပ်ငြိမ်းခွင့်ပေးတာ အကောင်းဆုံးလို့ ပြောခဲ့တယ်လေ။ သူက သူ့အမေကို အိမ်ပြန်ခေါ်လာပြီး သူ့အမေက ဘာကိုမှ သိပ်မစားနေဘူးလေ။

မနေ့တုန်းက သူအသီးအရွက်တွေ လာဝယ်သွားတယ်လေ။ ဖြစ်‌ချင်တော့ အဖွားယွင် ရောင်းနေတဲ့ဟာတွေလေ။ သူက သာမန်ပဲလို့ ထင်ခဲ့ပေမဲ့ သူမထင်ထားတာက သူ့အမေက ခရမ်းသီးနှပ်တချို့နဲ့ သခွားသီးသုပ်တွေအပါအဝင် တော်တော်များများ စားတယ်လေ။ သူစားကြည့်တော့ အရသာက တအားကောင်းလွန်းလိူ့ မျက်ရည်တောင် ဝဲသွားတော့တယ်။

13 02

သူက အဲ့အဖွားကို မတွေ့တော့ နည်းနည်းနောင်တရသွားပြီး မနေ့ကနေရာမှာ ခပ်လှလှကောင်မလေးက ရပ်နေတာတွေ့လိုက်ရတယ်လေ။ သူမတတ်နိုင်ပေမဲ့ အဲ့ကောင်မလေးကိုပဲ မေးရတော့တယ်။

"ကလေးမ မနေ့က ဒီမှာရောင်းနေတဲ့အဖွားကို သိလား သူဘယ်ရောက်သွားလဲ"

"အာ အဲဒါကျွန်မအဖွားပါ။ ဒီနေ့ဈေးရောင်းဖို့အလှည့်ကျတာ ကျွန်မလေ"

သူက ခြင်းထဲက အသီးအရွက်တွေကို ကြည့်ရင်း "ဒါတွေက မနေ့က အသီးအရွက်တွေ နဲ့အတူတူပဲလား" သူက အိတ်ထဲက ယွမ်ငါးရာထုတ်ပေးရင်း "နောက်ကျရင်လည်း ဒီမှာပဲရောင်းမှာမလား"

"ဒါပေါ့ ဦးလေး အိမ်စားဖို့စိုက်တာမလို့ အာမတော့ မခံနိုင်ဘူးရှင့်။ ဘာဓာတ်မြေဩဇာမှ မပါဘူးဆိုတာတော့ အာမခံနိုင်ပါတယ်နော်"

တုန်ကျန်းဟိုင်က နောင်တနည်းနည်း ရသွားပြီး "ဦးလေးအမေက ပါးစပ်ပျက်ပြီး သမီးတို့စိုက်ခင်းက အသီးအရွက်တွေနဲ့မှ ထမင်းဝင်တော့တယ်လေ။ အဲဒါကြောင့် အိမ်လိပ်စာလေး ပေးပါလား။ ‌အိမ်အထိ လာဝယ်ဆို ဝယ်ပါ့မယ်ကွယ်"

ယွင်ယွီက လိပ်စာကို အမြန်ချရေးပေးလိုက်တော့ သူလည်း သူမကို ကျေးဇူးတင်စကားပြောရင်း ခြင်းကြီး သယ်သွားတော့တယ်။

အသီးအရွက်ရွေးနေတဲ့ အဒေါ်ကြီးက စိတ်ညစ်သွားတော့တယ်။ "ငါ ရွေးလက်စပဲရှိသေးတာကို"

"ကျွန်မတော့ ရောင်းကုန်သွားပြီ အန်တီရေ ပြန်ပြီနော်"

ယွင်ယွီလည်း ပြောပြီး ထွက်လာလိုက်ပြီး ကံကြမ္မာဟောဖို့ ပြင်ပေမဲ့ ဒီနေ့တော့ ဘယ်သူမှမလာခဲ့ကြတော့ သူမလည်း အိမ်ကိုပြန်သွားတော့တယ်။

အိမ်မှာ အဖွားယွင်က ပြန်မရောက်သေးတော့ သူမလည်း အမေယွင်ကိုသွားကြည့်ပြီး အိပ်ပျော်နေတာ တွေ့တဲ့အတွက် သူမကိုယ့်အခန်းထဲ ကိုယ်ဝင်သွားတော့တယ်။

ဒီနေ့တော့ သူမက ဘာမှသွားမရောင်းဘူး။ အကြောင်းက တုန်ကျန်းဟိုင်က အိမ်အထိ လာဝယ်မှာကိုး။ ပြောရရင် အဲ့အသီးအရွက်အားလုံးက သူတိူ့မိသားစုအပြင် ညီအစ်ကိုမောင်နှမတစ်စုလုံးရဲ့ မိသားစုအကုန် စားလောက်တယ်လေ။ ယွင်ယွီက သူ့ကို ကိုယ်တိုင်ခူးစေတဲ့အခါ သူက မနေ့ကခြင်းကိုပဲ ယူလာပြီး အကုန်ခူးသွားလို့ ယွမ်ငါးရာ ပေးခဲ့တယ်လေ။ သူမလည်း မနေ့က ယွမ်ငါးရာနဲ့ပေါင်းပြီး အဖွားယွင်ကို ပေးလိုက်တော့တယ်။

သောကြာနေ့ညမှာတော့ အဖွားယွင်က "ရှောင်ယွီအာ ရှုကျန်းခြေထောက်ကို မပူနဲ့တော့။ မြန်မြန်ပြန်ပြီး အလုပ်လုပ်ဖို့လုပ်တော့"

ယွင်ယွီက သနားစရာကောင်းတဲ့ပုံလေးနဲ့ "အဖွား ရှောင်ရှန်းက ပြန်လာတော့မယ်။ ကျွန်မ တွေ့သွားချင်သေးတယ်။ မတွေ့ရတာ လချီနေပြီ"

သူက မနက်ဖြန်မနက်ဆို ရောက်ပြီလေ။ အဖွားယွင်က သက်ပြင်းချပြီး ဘာမှမပြောခဲ့ဘူး။

ယွင်မောက်ကျုံးသည် ပစ္စည်းများကို ကားနောက်ခန်းထဲသို့ထည့်လိုက်ပြီး ဖွားဖွားယွင်သည် သူ့အား အပြင်ဘက်ထိလိုက်ပို့ခဲ့သည်။ သူ(မ)သည် သူ့အားလမ်း၌ ဂရုစိုက်ရန် မှာလိုက်ပြီး ထပ်၍ “နောက်လဝက်လောက် နေရင်၊ အိမ်မှာ ဂျုံစေ့တွေကို ဂျုံမှုန့်ကြိတ်ပြီးတဲ့အခါကျ မန်နီနဲ့ ကလေးတွေစားဖို့အတွက် လာယူလှည့်အုံး၊ ဂျုံစေ့တွေက အရသာလဲ ကောင်းတယ်။ အနံလဲ တော်တော်မွှေးတယ်၊ ပြီး‌တော့ အိမ်က သစ်သီးခင်းထဲက သစ်သီးတွေကလဲ အသီးမြန်တယ်၊ ဒါကြောင့် မင်းအလုပ်အားရင် လာပြီးယူလှည့် ဟုပြောလိုက်သည်။

မန်နီ၏ နာမည်အပြည့်အစုံမှာ ထန်မန်နီဖြစ်သည်။ သူ(မ)သည် ယွင်မောက်ကျုံး၏ ဇနီးဖြစ်သည်။

“မားမား၊ ကျွန်တော်သိပါပြီ။ ကျွန်တော် မားမာကို တွေ့ဖို့ ထပ်လာခဲ့ပါ့မယ်”ယွင်မောက်ကျုံးသည် ကားနောက်ဖုံးအား ပိတ်လိုက်ပြီး “ဒီနေ့အတွက် အလုပ်တွေ အများကြီးလုပ်ထားရတာ။ မားမား စောစောအနားယူသင့်တယ်”

ယွင်ယွီသည် ဖွားဖွားယွင်၏နောက်သို့လိုက်လာပြီး “ ဦးလေး၊ မိုးတော်တော်ချုပ်နေပြီကို ဘာလို့ ဒီမှာတစ်ညလောက်အိပ်ပြီး မနက်ဖြန်မနက်မှ ထမပြန်တာလဲ” ဟု လောကွတ်လုပ်ကာ မေးလိုက်သည်။

13 03

ဖွားဖွားယွင်သည်လည်း “ဟုတ်တယ်, တစ်နေ့လည်ခင်းလုံး မင်း အလုပ်လုပ်ထားရတာ။ ငေးတိငေးငေါင်ဖြစ်နေလိမ့်မယ်။ မင်းခုလိုပြန်သွားရင် မားမားတော့ စိတ်ပူနေရမှာပဲ။ ဒီမှာတစ်ည အိပ်လိုက်ပြီး မနက်မှထပြန်ပါ့လားကွယ်”

“မဖြစ်ဘူး” ယွင်မောက်ကျုံးသည် ခေါင်းရမ်းလိုက်ပြီး “ မန်နီက ဒီည ညဆိုင်းဆင်းရမှာ၊ မေကျင်းတစ်ယောက်ထဲ အိမ်မှာ ဖြစ်နေမှာ ကျွန်တော်စိတ်မချဘူး။ သူ(မ)ကို မနက်ဖြန်မနက်ကျရင်လည်း မနက်စာ လုပ်ပေးရအုံးမယ်၊ အခုတစ်လော သူ(မ)က အစားလဲ ကောင်းကောင်း မစားဘူး”

ယွင်မေကျင်းသည် ယွင်မောက်ကျုံးနှင့် ထန်မန်နီတို့၏ အငယ်ဆုံးသမီးဖြစ်သည်။ သူ(မ)သည် အထက်တန်းဒုတိယနှစ်ကျောင်းသူဖြစ်ပြီး ယွင်ရှန်းနှင့် ရွယ်တူဖြစ်ပြီး နှစ်လသာငယ်သည်။ သူ(မ)သည် အလိုလိုက်ခံထားရပြီး အနည်းငယ်လည်း မခန့်လေးစားပြုမူတတ်သည်။ သူ(မ)၏အထက်၌ ယွင်လျန်းချန်းဟု နာမည်ပေးထားသော အကိုတစ်ယောက်ရှိသည်။ ယွင်လျန်းချန်းသည် အသက်၂၃နှစ် ရှိပြီဖြစ်သည်။ သူသည် ကောလိပ်မှ လွန်ခဲ့သောတစ်နှစ်က ဘွဲ့ရထားသူဖြစ်ပြီး အင်ပါယာမြို့တော်၌ အလုပ်လုပ်နေသည်မှာ တစ်နှစ်ရှိပြီဖြစ်သည်။ သူသည် ယွင်ယွီထက် နှစ်နှစ်ကြီးပြီး ယွင်လန်ထက် လအနည်းငယ် ငယ်သူဖြစ်သည်။

ယွင်မောက်ကျုံးသည် အိမ်ထောင်ပြုတာ နောက်ကျခဲ့ပြီး သူ၏သားသမီးများသည် တတိယညီငယ်၏ သားသမီးများနှင့် ရွယ်တူများဖြစ်နေကြသည်။ အမှန်တော့ သူအိမ်ထောင်ပြုတာနောက်မကျခဲ့ပါ။ သူသည် ဘွဲ့ရပြီးသည်နှင့် ထန်မန်နီနှင့် လက်ထပ်ခဲ့ခြင်းဖြစ်သည်။ သူ၏တတိယညီငယ် ယွင်မောက်လျန်သည်သာ အိမ်ထောင်ပြုတာ အလွန်စောခဲ့ခြင်း ဖြစ်သည်။ အသက်၂၀အရွယ်မှာပင် သူသည် ဖုန့်ရှုကျန်းနှင့် လက်ထပ်ခဲ့သည်။

မေကျင်းသည် ငယ်စဥ်တည်းက လိုတာထက်ပို၍ အလိုလိုက်ခံထားရသည်။ သူတို့သည် သူ(မ)အား သည်းသည်းလှုပ်လွန်းပြီး အပြင်စာများကိုပင် စားခွင့်မပြုကြပေ။ အမြဲလိုလို အိမ်တွင်ပင် သူ(မ)အတွက် ချက်ပြုတ်ပေးပြီး ကျောင်းကို ပို့ပေးလေ့ရှိသည်။ သူတို့သည် သူ(မ)အား ပိုးမွေးသလိုမွေးထားကြသည်။

ယွင်ယွီသည် သူ(မ)ဦးလေး၏ အပြောအား သိပ်ဘဝင်မကျပေ။ တစ်စုံတစ်ခုအားတွေး မိသွားပြီး သူ(မ)အိတ်ကပ်ထဲ၌ တြိဂံပုံခေါက်ထားသော အဝါရောင်အဆောင်စက္ကူလေးအား ထုတ်ပေးလိုက်သည်။ “ဦးကြီး၊ ဒါလေး ဆောင်သွားပါ”သူ(မ)ပြုလုပ်ထားသော အကာအကွယ်အဆောင် ဖြစ်သည်။

“ဒါဘာအတွက်လဲ ယွင်ယွီ” ယွင်မောက်ကျုံးသည် အဆောင်စက္ကူအားကြည့်၍ ရယ်နေခဲ့သည်။ အနည်းငယ် သဘောမကျစွာဖြင့် သူသည် “ယွင်ယွီ၊ မင်းက အင်ပါယာမြို့တော်ရဲ့ ထိပ်တန်းကျောင်းသူတစ်ဦးလေ၊ ဒီလိုဟာမျိုးတွေကို ဘယ်လိုလုပ်ပြီး အယုံအကြည် ရှိနေရတာလဲ။ လမ်းမှာ ငါတစ်ခုခု ဖြစ်မှာဆိုးလို့ ဒါကိုပေးတာလား။ စိတ်မပူပါနဲ့။ မြို့ထဲကို ရောက်ဖို့ တစ်နာရီကျော်လေးပဲ ကြာတာပါ။ နီးနီးလေးပါပဲ”ဟုပြောခဲ့သည်။ သူသည် ထိုအဆောင်အား ယူမသွားချင်ပုံ ပေါ်သည်။

“ဦးကြီး၊ ယူသွားလိုက်ပါ။ ဦးကြီးမယုံရင်တောင် ကစားစရာတစ်ခုလိုပဲ တွေးပြီး ယူသွားလိုက်ပါ” ယွင်ယွီ၏ မျက်လုံးလှလှလေးများသည် အလျှော့မပေးချင်ပုံပေါ်၏။

ဖွားဖွားယွင်သည် ယွင်ယွီ အရင်တခါက သူ(မ)အားပေးခဲ့ဖူးသည့် ဂမ္ဘီရပစ္စည်းအကြောင်း သတိရသွားကာ သူ(မ)၏မျက်နှာသည် ဖျော့တော့သွားပြီး ထိုအဆောင်အား ယွင်မောက်ကျုံး၏ အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ပြီး “ ယူသွားပါကွယ်၊ သားကြီးရယ်။ မားမား စိတ်အပူသက်သာရအောင်လို့ပါ”

ယွင်မောက်ကျုံးသည် တစ်ခုခု ထပ်ပြောချင်သော်လည်း အမေအို၏ အလေးအနက် ပြောဆိုနေသည့် ပုံစံကို တွေ့လိုက်ရသည့်အတွက် လက်လျှော့လိုက်ပြီး ကားပေါ်မတက်ခင် သူ၏အိတ်ကပ်ထဲသို့ ထိုအဆောင်အား ထည့်လာခဲ့သည်။

ကားလေးသည် လမ်းမကြီးဆီသို့ မောင်းထွက်သွားသည်ကို ကြည့်လျက် ဖွားဖွားယွင်သည် စိတ်ပူစွာြဖင့် ယွင်ယွီဘက်သို့ လှည့်ကြည့်ကာ “ ရှောင်းယွီအာ၊ မြေးရဲ့ ဦးကြီး အန္တရာယ်ကင်းပါ့မလားကွယ်”ဟု မေးလိုက်လေသည်။

ယွင်ယွီသည် ကားကလေး ရွာဝင်ပေါက်မှ တဖြည်းဖြည်း ဝေးဝေးသွားသည်ကို ကြည့်ပြီး “ဦးကြီးသာ အဆောင်စက္ကူကို လမ်းတစ်ဝက်ရောက်လည်း လွှင့်မပစ်ဘူးဆိုရင် သူ အန္တရာယ်ကင်းမှာပါ။ သူ လွှင့်ပစ်လိုက်ရင်တော့ လူလည်း ထိခိုက်ပြီး ကားလည်း ပျက်စီးမှာပဲ” ဟု ခပ်လေးလေး ပြောခဲ့သည်။ ထိုမတော်မတမှုသည် သာမန်ထိခိုက်မှုလေးပဲဖြစ်ပြီး အကြီးအကျယ်ဖြစ်မှာ မဟုတ်ချေ။ ထိုအဆောင်အား လွှင့်ပစ်လိုက်ပါက ကားမတော်မဆမှု ဖြစ်မည်ဆိုလျှင်တောင် အလွန်ဆုံးမှ ကားပြင်ရန်ပင် ၂လ၃လသာကြာမည့် အသေးစား ထိခိုက်မှုလေးသာ ဖြစ်သည်။ သူ့အသက်အန္တရာယ်အား ထိခိုက်စေမည် မဟုတ်ပါ။ အာမခံလည်း ဝယ်ယူထားသည့်အတွက် ကားပျက်စီးသွားလျှင်လည်း ကြီးကြီးမားမား ပြဿနာမရှိပေ။

နေ့လည်ကတည်းက သူ(မ)ဦးကြီးမျက်နှာကို မြင်လိုက်ချိန်မှစ၍ သူ(မ)သည် သိပြီးဖြစ်သည်။ ထို့ကြောင့် သူ့အား အိမ်၌သာ ညအိပ်စေချင်ရခြင်း ဖြစ်သည်။ သူ(မ)တားသော်လည်း တားမရချေ။ သို့ဖြစ်၍ သူ့အား အဆောင်စက္ကူသာ ပေးလိုက်ရလေသည်။

13 04

ဖွားဖွားယွင်သည် သက်ပြင်းမောကိုသာ ချလျက် သူ(မ)၏ စိတ်နှလုံးသည်လည်း အလွန်သောက များနေခဲ့သည်။

ယွင်ရှန်းသည် အနောက်၌ ရပ်နေခဲ့သော်လည်း ဘာမျှနားမလည်ချေ။ သူတစ်ခွန်းမှ ဝင်မပြောနိုင်ခဲ့ပါ။ တစ်နေ့လုံး အလုပ်လုပ်ထားရခြင်းကြောင့် သူ အလွန်ပင်ပန်းနေသဖြင့် ‌ရေချိုးရန် အိမ်ထဲသို့ ပြန်ဝင်လာခဲ့လိုက်ပြီး အိပ်ရာ ဝင်ခဲ့လေသည်။

ညကိုးနာရီထိုးတွင် ယွင်မောက်ကျုံးသည် မြို့ထဲသို့ ရောက်လေသည်။ နောက်နာရီဝက်နေလျှင် အိမ်သို့ရောက်ပြီ ဖြစ်သည်။ သူ့တူမ အပူတပြင်း ပေးနေသောအဆောင်အား သူ မယူခဲ့ချင်ပေ။ လမ်း၌ လွှင့်ပစ်မည်ဟု တွေးထားခဲ့သော်လည်း မေ့သွားခဲ့ပြီး သူ၏အိတ်ကပ်ထဲ၌ ထိုအရာကိုထည့်ထားခဲ့မိကာ တစ်လမ်းလုံးမောင်းလာခဲ့လေသည်။ သူသည် အသက်အရွယ်ရလာပြီဖြစ်ပြီး တစ်နေ့လည်လုံး လယ်ထဲမှာ အလုပ်လုပ်ခဲ့ရသည့်အတွက် အနည်းငယ် ပင်ပန်းနေလေသည်။ သူ့ခေါင်းထဲ၌ အနည်းငယ် မူးဝေဝေဖြစ်နေသဖြင့် ကားအားဖြည်းဖြည်းသာ မောင်းလာခဲ့သည်။ လမ်းပေါ်၌ လူခြေတိတ်နေပြီး ကားများ သိပ်မရှိတော့ချေ။ ရုတ်တရက် ယွင်မောက်ကျုံးသည် သူ့ခန္ဓာကိုယ်မှ ချမ်းအေးလာခဲ့ပြီး စိတ်ထဲ၌ တမျိုးတမြည် ဖြစ်သွားခဲ့သည်။ သူ၏လက်များသည် ဦးခေါင်းအား ဖိကိုင်ထားလိုက်ပြီး ဘာကြောင့်မှန်းမသိ စိတ်ငြိမ်စေရန် ကားအား လမ်းဘေး၌ ချရပ်လိုက်လေသည်။

သူ ကားရပ်လိုက်ပြီးပြီးချင်း အပြင်ဘက်တောင်မထွက်ရသေးဘဲ သူ၏မျက်နှာချင်းဆိုင်လမ်းမှလာနေသော ကုန်တင်ကားတစ်စီးသည် ရုတ်တရက် ကွေ့လိုက်သော တွဲကားအားမတိုက်မိအောင် အတင်းအရှိန် ထိန်းလိုက်ရသည်ကို ရှေ့တည့်တည့်၌ တွေ့လိုက်ရသည်။ကုန်တင်ကားကြီး တစ်စီးလုံးသည် သူ၏လမ်းပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာခဲ့ပြီး ကားဘရိတ်အုပ်သံကိုပင် ဆူဆူညံညံ ကြားနေခဲ့ရသည်။ ကုန်တင်ကားသည် ကုန်များအများအပြားတင်ထားခဲ့ပြီး စတီယာတိုင်အား ရုတ်တရက် လှည့်ပစ်လိုက်ရသည့်အတွက် မြေကြီးပေါ်သို့ ဒုန်းခနဲမှောက်ကျသွားပြီး ဖုန်များပါ လှိုင်လှိုင်ထသွားခဲ့လေသည်။

သူ၏မျက်စိရှေ့၌ တဒင်္ဂအတွင်း ဖြစ်ပျက်သွားခဲ့သည်။

ယွင်မောက်ကျုံး၏စိတ်ထဲတွင် တော်တော်လေးကို ကတုန်ကရင်ဖြစ်သွားပြီး ဟာတာတာကြီး ဖြစ်သွားခဲ့သည်။ သူ အတွေးတစ်ခုကိုသာ တွေးမိနေခဲ့သည်။ သူသာ ရုတ်တရက် မရပ်လိုက်ဘဲ ရှေ့နှစ်မီတာလောက်သာ ထပ်မောင်းခဲ့မယ်ဆိုရင် ကုန်တင်ကားသည် သူ့ကားပေါ်သို့ တည့်တည့်ပစ်ကျလာမည်ဖြစ်သည်။ သူ့ကံကြမ္မာကို တွေးကြည့်မယ်ဆိုရင် ထိုအတိုင်းသာဖြစ်နိုင်ပေမည်။

ထိုအကြောင်းအား တွေးလေလေ သူ၏ ခန္ဓာကိုယ်သည် တုန်လှုပ်မှုကြောင့်‌ အေးစက်လာလေလေ ဖြစ်သည်။ ယွင်မောက်ကျုံးသည် အချိန်အတော်ကြာထိ စိတ်မငြိမ်သက်သေးပေ။

သူ့မျက်စိရှေ့တွင် ယာဥ်တိုက်မှု ဖြစ်သွားခဲ့သော်လည်း သူအဆင်ပြေနေသေးကြောင်း သူသည် သူ့ကိုယ်သူ တစ်ချက်ပုတ်၍ အသိဝင်စေလိုက်သည်။

ယွင်မောက်ကျုံးသည် အထိတ်တလန့် ဆက်မဖြစ်နေတော့ချေ။ တုန်ရီနေသောသူ့စိတ်ကို ထိန်းထားလိုက်ပြီး ကားတံခါးကို ဖွင့်၍ အောက်သို့ ဆင်းလာခဲ့သည်။ ရဲကို အကြောင်းကြားလိုက်ပြီးနောက် သူသည် ကုန်တင်ကားနားသို့ သွားလိုက်သည့်အခါ ကားမောင်းသမားသည် ယာဥ်မောင်းနေရာ၌ ပိတ်မိနေသည်ကို တွေ့လိုက်ရသည်။ သူသည် အရေးပေါ်ကားကို ခပ်မြန်မြန်ခေါ်လိုက်ပြီး ရဲများနှင့် အရေးပေါ်ကားများ ရောက်လာမည်ကို စောင့်နေလိုက်သည်။ ယာဥ်မောင်းသမား ဘယ်လိုဖြစ်နေမလဲ သူ မသိတော့ပါ။ သူ ထိုနား၌ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ထိုလူအား ခေါ်ကြည့်လိုက်သည်။ ယာဥ်မောင်းသည် သူ၏ခေါင်းမှ သွေးများ စီးကျနေခဲ့ပြီး ညည်းညူလာခဲ့သည်။ ထိုအခါမှ သူသည် စိတ်သက်သာရသလို သက်ပြင်းတစ်ချက်ချနိုင်ခဲ့သည်။ ထိုလူ မသေသေးပါ။

ရဲများသည် အမြန်ရောက်လာကြပြီး ယွင်မောက်ကျုံးအား ဖြစ်စဥ်အစဆုံးကို မေးမြန်းခဲ့သည်။ သူပြောသည်များကို နားထောင်ပြီးနောက် ကုန်တင်ကားနှင့် နှစ်မီတာအကွာတွင် ရှိနေသော သူ့ကားအားလှမ်းကြည့်ကာ ရဲသားငယ်တစ်ယောက်သည် “ ခင်ဗျားက အရမ်းကံကောင်းတာပဲ။ ခင်ဗျားသာ အဲ့နားမှာ မရပ်ပစ်လိုက်ဘူးဆိုရင် ကုန်ကားအောက် ခင်ဗျား ပိသွားလောက်တယ်”

ယွင်မောက်ကျုံးသည် သူ၏နဖူးမှ ချွေးစေးများကို သုတ်ပစ်လိုက်သော်လည်း သူ့စိတ်သည်တော့ မငြိမ်သက်သေးပေ။

အခင်းဖြစ်ပွားမှုသည် အသေးစားမဟုတ်ပေ။ သူသည် မျက်မြင်သက်သေဖြစ်သည်။ လူနာတင်ယာဥ်‌ရော က်လာပြီး ဒဏ်ရာရသူမျးကို ဆေးရုံသို့ပို့လိုက်ပြီးနောက် သူသည်လည်း ရဲစခန်းသို့ သက်သေထွက်ဆိုပေးရန် လိုက်သွားခဲ့ရသည်။ ရဲမှူးသည် စစ်ဆေးပြီးနောက် သူသည် အမှန်တရားကို ထွက်ဆိုနေကြောင်း သိလိုက်ရသည်။ သူသည် ယာဥ်စည်းကမ်းများကို မဖောက်ဖျက်ခဲ့ပါ။ သူကားရပ်လိုက်သော ‌နေရာသည်လည်း ‌ခေတ္တကားရပ်လို့ ရသည့်နေရာြဖစ်သည့်အတွက် သူ့အား ပြန်လွှတ်လိုက်ပြီး ကုန်တင်ကားမောင်းသူ၏ မိသားစုဝင်များကိုသာ ဆက်သွယ်ခဲ့ကြသည်။

13 05

ထိုကိစ္စများဖြေရှင်းပြီးနောက် ယွင်မောက်ကျုံး အိမ်သို့ရောက်သောအခါ ၁၁နာရီ ထိုးနေလေပြီ။ သူသည် ချွေးများထွက်နေပြီဖြစ်သော်လည်း ကားနောက်ခန်းထဲမှ ဟင်းများအား ထုတ်ဖို့ မမေ့ပါ။ ဆရာဝန်တစ်ဦးဖြစ်သည့် ထန်မန်နီသည် ညဆိုင်းဆင်းရန် ယနေ့ည ဆေးရုံသို့သွားရမည် ဖြစ်သည်။ သူ(မ)သည် အသန့်ကြိုက်သူတစ်ဦးဖြစ်ပြီး သူ(မ)ခင်ပွန်း၏ ညစ်ပတ်နေသော လက်များနှင့်မျက်နှာကို မြင်လိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်ပြီး “ရှင်ဘာလို့ အဲ့လောက်ညစ်ပတ်နေရတာလဲ။ ဂျုံခင်းတွေကို ရိတ်ဖို့ ရှင် ကူပေးလာတာလား။ ဘာလို့နောက်ကျနေရတာလဲ” ဟု မေးခဲ့သည်။

“ယာဥ်တိုက်မှုတစ်ခုဖြစ်နေလို့ပါ”

ထန်မန်နီသည် ရုတ်တရက် ထိတ်လန့်သွားပြီး “ယာဥ်တိုက်မှုဖြစ်လာတယ်? ရှင် အဆင်ပြေရဲ့လား။ ကျွန်မပြောသားပဲ မသွားပါနဲ့၊ ရှင့်အမေကိုပဲ ပိုက်ဆံ လွှဲပေးလိုက်ပါဆိုတာကို ရှင်ကသွားတာလေ။ လုပ်ပေးရတာပင်ပန်းလို့ ပြောတာမဟုတ်ဘူး၊ ခုတော့ ရှင် ယာဥ်တိုက်မှု ဖြစ်လာတယ်လေ”

ယွင်မောက်ကျုံးသည် ပင်ပန်းနွမ်းလျနေသည့်ပုံဖြင့် “မင်းပြောတာဟုတ်ပါတယ်။ ဒါပေမဲ့ ယာဥ်တိုက်မှုက ငါ ဖြစ်တာ မဟုတ်ပါဘူး”ဟု‌ပြောလိုက်သည်။ သူသည် အနည်းငယ်တော့ စိုးထိတ်နေသေး၏။

သူ(မ)ခင်ပွန်း ဘာမှထိခိုက်ခြင်းမရှိသည်ကို သိလိုက်ရပြီးနောက် ထန်မန်နီသည် စိတ်အေးသွားပြီး အဖြစ်အပျက်အား ‌မေးမြန်းခဲ့သည်။ သူ၏လက်ထဲမှ သစ်သီးသစ်ရွက်များသည် လတ်ဆတ်ပြီး စိုစွတ်နေသည်ကို သူမမြင်သွားပြီး သစ်သီးသစ်ရွက်များသည် ‌ရေစိုနေသည်ကို သတိထားမိသွားသည့်အတွက် အဆင်မပြေဖြစ်သွားပြီး “အသီးအရွက်တွေ ဘာလို့ ယူလာရတာလဲ။ ကျွန်မတို့အိမ်မှာလဲ ရှိရဲ့သားနဲ့။ ခုတော့ ရွှံ့တွေပေကုန်ပြီ။ ပြန်ပြီး သန့်ရှင်းဖို့ မမေ့နဲ့”

ယွင်မောက်ကျုံးသည် သူ့ဇနီး၏ အထွန့်တက်နေသော စကားများကို ကြားပုံမပေါ်ဘဲ သူ ပြောနေသည့်အကြောင်းကိုသာ ဆက်ပြောနေခဲ့သည်။ လမ်းတွင် ဖြစ်ခဲ့သော ယာဥ်တိုက်မှုအကြောင်းကို ပြောပြနေခဲ့ပြီး ရုတ်တရက် သူ့တူမ အတင်း ထည့်ပေးလိုက်သော အဆောင်စက္ကူကို သတိရသွားခဲ့သည်။ သူသည် ထိုအဆောင်စာရွက်အား အိတ်ကပ်ထဲမှ ထုတ်ကြည့်လိုက်သောအခါ စာရွက်တစ်ခုလုံးသည် အမည်းရောင်သို့ နည်းနည်းပြောင်းနေပြီး ပြဒါးရိုင်းဖြင့် ဆွဲထားသော သင်္ကေတများသည်လည်း အမည်းရောင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် အလွန်ရှုပ်ထွေးသွား၏.

“အဲဒါ ဘာလဲ” ထန်မန်နီသည် ထိုအရာကို နားမလည်ပေ။

ယွင်မောက်ကျုံးသည် တံတွေးတစ်ချက် မျိုချလိုက်ပြီး သူ(မ)အား ယွင်ယွီ သူ့ကို ပေးခဲ့သော အဆောင်စက္ကူအကြောင်း ပြောပြခဲ့သည်။ ထိုအရာကို ကြားလိုက်ရသည့်အတွက် ထန်မန်နီသည် သူ(မ)ခန္ဓာကိုယ်မှ ချမ်းစိမ့်စိမ့်ဖြစ်လာပြီး လက်မောင်းကိုပွတ်လျက် “ဒါတိုက်ဆိုင်မှု သက်သက်ပါပဲ”

ယွင်မောက်ကျုံးသည် “ဒီအဆောင်စာရွက်က အစတုန်းက ပြဒါးရိုင်းနဲ့ဆွဲထားတဲ့ အဝါရောင်စာရွက်ပဲ။ ခုတော့ အဝါရောင်ကနေ အမည်းရောင် ပြောင်းသွားပြီး ပြဒါးရိုင်းနဲ့ဆွဲထားတဲ့ သင်္ကေတတွေကလည်း အမည်း‌ရောင် ဖြစ်ကုန်ကြတာ။ ဒါက တိုက်ဆိုင်တာ ဟုတ်ပါ့မလား”ဟု မေးခဲ့သည်။

ဒီဖြစ်ရပ်သည် ဘာသာမဲ့တစ်ယောက်ဖြစ်သော သူ့အား သူ၏ယုံကြည်ချက်များအပေါ် သံသယဝင်စေသည်။ ဒီကမ္ဘာပေါ်မှာ သိပ္ပံပညာနဲ့ ရှင်းပြလို့မရတဲ့ ကိစ္စတွေ တကယ်ပဲ ရှိနေတာလား။

ထန်မန်နီ ဘာမှမပြောတော့ပေ။ အချိန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခပ်သုတ်သုတ် ထွက်သွားခဲ့သည်။ “ကျွန်မ သွားနှင့်တော့မယ်။ မနက်ဖြန်မနက်ကျ ကျင်းကျင်းအတွက် ဖက်ထုပ်လုပ်ပေးဖို့ မမေ့နဲ့နော်။ အမဲသားနဲ့လုပ်တာ စားချင်တယ်လို့ ပြောတယ်”

သစ်သီးသစ်ရွက်များကို မီးဖိုချောင်ထဲ သိမ်းပြီးနောက် ယွင်မောက်ကျုံးသည် ‌ရေချိုးပြီး အိပ်ရာဝင်ခဲ့သည်။

နောက်တစ်နေ့တွင် ယွင်မောက်ကျုံးသည် အိပ်ရာစောစော ထခဲ့လေသည်။ မီးဖိုချောင်ထဲ၌ နွေကြက်သွန်နီများ ရှိသည်ကို တစ်ချက်ကြည့်လိုက်ပြီး ရေခဲသေတ္တာထဲတွင် ခေါက်ဆွဲရှိသည်ကို သတိရသွား၏။ ထို့ကြောင့် ကြက်သွန်ဆီနှင့် ခေါက်ဆွဲချက်ရန် တွေးလိုက်သည်။

သူသည် ဝက်သားတုံးလေးတွေနဲ့ ကြက်သွန်နီလေးတွေကို မီးအေးအေးလေးဖြင့် ကြော်လိုက်သည်။ ကြက်သွန်နီကြော်များသည် ကြွပ်ရွသွားပြီး တစ်အိမ်လုံး ဟင်းနံများ မွှေးနေ၏။ ကြက်သွန်နီကြော်များကို ဖယ်လိုက်ပြီး နုပ်နုပ်စဥ်းထားသော ဝက်သားတုံးလေးများကို ကြက်သွန်ဆီဖြင့် ကြော်လိုက်သည်။ ထို့နောက် ဟင်းခတ်အမွှေးအကြိုင်များနှင့် ‌ရေထည့်လိုက်ပြီး ဟင်းအနှစ်ရည်ဖြစ်အောင် ချက်လိုက်သည်။ မန်နီသည် နေ့လည်အထိ အလုပ်သိမ်းရမည်မဟုတ်သဖြင့် ခေါက်ဆွဲကို လူနှစ်ယောက်စာသာ လုပ်လိုက်သည်။ ယွင်မောက်ကျုံးသည် မနေ့က ရွာမှယူလာသော ကြက်ဥကိုလည်း နှစ်လုံးကြော်လိုက်သေးသည်။

13 06

ချက်ထားသော ခေါက်ဆွဲများကို ပန်းကန်နှစ်ချပ် ခွဲထည့်လိုက်သည်။ ကြက်သွန်ဆီဖြင့် လုပ်ထားသော ဟင်းအနှစ်ကို လောင်းချလိုက်ပြီး ကြက်ဥကြော်ကို အပေါ်မှ တင်လိုက်သဖြင့် ကြက်ဥအနှစ်သည် တုန်တုန်လေးဖြစ်နေ၏။

ယွင်မောက်ကျုံးသည် မေ့ကျင်း၏ အခန်းတံခါးအား ခေါက်လိုက်ပြီး သူ့သမီးအား ခေါက်ဆွဲစားရန် နှိုးလိုက်သည်။ သူသည် စားပွဲ၌ ထိုင်လိုက်ပြီး အရင်စားနှင့်လိုက်သည်။ ခေါက်ဆွဲချက်သည် အလွန်စားကောင်းလှသည်။ စားနေရင်းပင် သူ့ဖုန်းက ဝင်လာခဲ့သည်။ ဖွားဖွားယွင်သည် သူအိမ်သို့ ဘေးကင်းကင်းဖြင့်‌ ရောက်ကြောင်းသိချင်၍ ဖုန်းခေါ်လာခြင်းဖြစ်သည်။ သူသည် သူ(မ)အား မနေ့ကဖြစ်ခဲ့သော အဖြစ်အပျက်ကို အားလုံးပြောပြလိုက်သည်။ ဖွားဖွားယွင်သည် အတန်ကြာ တိတ်ဆိတ်သွားခဲ့သည်။ ခဏအကြာတွင် “မင်း ဘာမှမထိခိုက်ရင် ပြီးတာပါပဲ” ဟု ပြောခဲ့သည်။

ယွင်မောက်ကျုံးသည် အမေအို စိတ်ပူနေမည်ဆိုးသဖြင့် ရယ်လိုက်ပြီး တခြားအကြောင်း ပြောင်းပြောခဲ့သည်။ “မားမား၊ ကျွန်တော် ကြက်သွန်နီခေါက်ဆွဲလုပ်စားနေတာ။ ကြက်သွန်နီလေးကမွှေးနေတာပဲ၊ ပြီးတော့ ကြက်ဥကလည်း နူးညံ့နေတာပဲ။ နောက်ရက်ကျ သစ်သီးသစ်ရွက်တွေယူဖို့ ထပ်လာခဲ့အုံးမယ်”

စိတ်ပူပန်နေသော ဖွားဖွားယွင်သည် ထိုအကြောင်းအား ကြားလိုက်သောအခါ ရယ်တောင် မရယ်နိုင်တော့ဘဲ “တိုက်ဆိုင်လိုက်တာ၊ မားမားတို့လည်း ဒီမနက် ကြက်သွန်ခေါက်ဆွဲ လုပ်စားကြတာ”

အမေနှင့်သားသည် အချိန်အတော်ကြာ စကားပြောပြီးမှ ဖုန်းချခဲ့သည်။ ယွင်မေ့ကျင်းသည် သူ(မ)၏မျက်လုံးများကို ပွတ်လျက် အခန်းထဲမှ ထွက်လာသည်။ သူ(မ)တွင် သဘာဝဆန်ဆန် မျက်ခွံနှစ်ထပ်ရှိပြီး စူးရှသောမျက်လုံးနှင့် ဖြူဝင်းသောအသားအရည် ရှိသည်။ သူ(မ)သည် ယဥ်ကျေးလိမ္မာသည့် မိန်းမပျိုလေးအသွင် ပေါ်လေသည်။ သို့သော် မျက်နှာသစ်၊သွားတိုက်ပြီး ထွက်လာသည့်အခါ ထမင်းစားပွဲပေါ်ရှိ ကြက်သွန်ခေါက်ဆွဲများကို မြင်သွားပြီး “ပါးပါး၊ သမီးမနေ့က ဖက်ထုပ်စားမယ်လို့ မပြောထားလို့လား။ ဘာလို့ ခေါက်ဆွဲ လုပ်ထားတာလဲ။ သမီး မစားဘူးနော်”ဟု စိတ်ဆိုးစွာ ပြောခဲ့သည်။

ယွင်မောက်ကျုံးသည် သူ(မ)အား‌ “စားကြည့်ပါအုံး၊ မေ့ကျင်းရယ်။ ခေါက်ဆွဲက ကောင်းပါတယ်ကွဲ့”ဟု ချော့ပြောခဲ့သည်။

“သမီး မစားဘူး” ဟု မေ့ကျင်းသည် ခေါင်းမာစွာ ငြင်းခဲ့သည်။

ယွင်မောက်ကျုံးသည် သူ(မ)အား လျစ်လျူရှုလိုက်ပြီး သူ၏သင်ခန်းစာများအတွက် ပြင်ဆင်ရန်သာ ထွက်လာခဲ့လိုက်သည်။

ယွင်မေ့ကျင်းသည် ‌ဒေါသတကြီးဖြင့် ခေါက်ဆွဲများအား လွှင့်ပစ်ချင်သည့်အတွက် မီးဖိုထဲသို့ ဝင်သွားလိုက်သောအခါ မွှေးကြိုင်သောအနံ့ကို ရလိုက်လေသည်။ တူနှင့် ခေါက်ဆွဲကို ညှပ်ယူလိုက်ပြီး သူ(မ)သည် အနည်းငယ်တုံ့ဆိုင်းနေခဲ့ပြီးနောက် တစ်လုတ်မြည်းကြည့်ခဲ့လိုက်သည်။ ထို့နောက်တွင် သူ(မ)သည် တိတ်တဆိတ်ဖြင့် စားပွဲပေါ်သို့ ယူသွားလိုက်ပြီး စားလိုက်လေသည်။

သူ(မ)သည် အမြဲလိုလို အစားစားလျှင် ဂျီးများတတ်ပြီး ကုန်အောင်လည်း စားလေ့မရှိပေ။ သို့သော် သူ(မ)သည် ယခုတော့ ခေါက်ဆွဲတစ်ပန်းကန်လုံးကို ကုန်အောင်စားရုံသာမက လေချဥ်ပါတက်လိုက်သေးသည်။

ယွင်ယွီသည် ဦးကြီး အဆင်ပြေကြောင်း သိလိုက်ရသောအခါ စိတ်သက်သာရာ ရသွားလေသည်။

ယွင်ရှန်းသည် ကြက်သွန်ခေါက်ဆွဲကို အရမ်းကြိုက်သောကြောင့် ပန်းကန်လုံးကြီးနှစ်ပန်းကန် ကုန်အောင်ပင် စားပစ်ခဲ့သည်။

ယနေ့တွင် သူတို့သည် ဂျုံများကို ခြွေလှေ့ကြရမည်ဖြစ်သဖြင့် ဝူလီသည် မနက်စော‌စောရောက်လာခဲ့သည်။ တစ်နေ့လုံး သူသည် ထွန်စက်ကိုသုံး၍ ဂျုံများကို ခြွေချကာ ကောက်ရိုးများကို ကောက်ပြီး ဘေး၌ပုံထားလိုက်သည်။ ထို့နောက် မမှောင်ခင် ဂျုံများကို အိတ်ထဲသို့ ထည့်လိုက်လေသည်။ ဖွားဖွားယွင်သည် ဒီနှစ်တွင် ဂျုံစေ့များသည် မနှစ်ကထက် ပိုကြီးကြောင်းတွေ့လိုက်ရပြီး အထွက်နှုန်းလည်း ပိုများကြောင်းသိလိုက်ရသည်။ မနှစ်က လေးဧကကို ဂျုံ ၃၅၀၀ ကီလိုဂရမ်ရခဲ့ပြီး ၃၅အိတ်ရခဲ့သည်။ ဒီနှစ်တော့ ၄၃အိတ် ထုတ်ရတယ်ဆိုတော့ မနှစ်ကထက် ၈၀၀ကီလိုဂရမ်ပိုများလေပြီး လယ်တစ်မူးပိုထွက်လေ၏။

ဖွားဖွားယွင်သည် မကူညီပေးနိုင်သော်လည်း “ဒီနှစ်ရိတ်ရတာ တကယ်ကောင်းတယ်။ လေးဧကကို ဂျုံအထွက် ရာနည်းနည်းပိုတယ်”ဟုပြောလိုက်သည်။

ယွင်ယွီသည် သူ(မ)၏ ဝိညာဥ်သံပတ်ကိုသာ အသုံးပြုခဲ့လျှင် အိတ်၈၀၀လောက် ပို၍အထွက်တိုးနိုင်ကြောင်း တွေးမိခဲ့သည်။

******

All Chapters