← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

15 01

အပိုင်း (၁၅)

ယွင်မောက်ကျုံးသည် ပစ္စည်းများကို ကားနောက်ခန်းထဲသို့ ထည့်လိုက်ပြီး ဖွားဖွားယွင်သည် သူ့အား အပြင်ဘက်ထိလို က်ပို့ခဲ့သည်။ သူ(မ)သည် သူ့အားလမ်း၌ ဂရုစိုက်ရန် မှာလိုက်ပြီး ထပ်၍ “နောက်လဝက်လောက်နေရင်၊ အိမ်မှာ ဂျုံစေ့တွေကို ဂျုံမှုန့်ကြိတ်ပြီးတဲ့အခါကျ မန်နီနဲ့ ကလေးတွေစားဖို့အတွက် လာယူလှည့်အုံး၊ ဂျုံစေ့တွေက အရသာလဲ ကောင်းတယ်။ အနံလဲ တော်တော်မွှေးတယ်။ ပြီး‌တော့ အိမ်က သစ်သီးခင်းထဲက သစ်သီးတွေကလဲ အသီးမြန်တယ်၊ ဒါကြောင့် မင်း အလုပ်အားရင် လာပြီးယူလှည့် ဟုပြောလိုက်သည်။

မန်နီ၏ နာမည်အပြည့်အစုံမှာ ထန်မန်နီ ဖြစ်သည်။ သူ(မ)သည် ယွင်မောက်ကျုံး၏ ဇနီးဖြစ်သည်။

“မားမား၊ ကျွန်တော် သိပါပြီ။ ကျွန်တော် မားမာကို တွေ့ဖို့ ထပ်လာခဲ့ပါ့မယ်” ယွင်မောက်ကျုံးသည် ကားနောက်ဖုံးအား ပိတ်လိုက်ပြီး “ဒီနေ့အတွက် အလုပ်တွေ အများကြီးလုပ်ထားရတာ မားမား စောစောအနားယူသင့်တယ်”

ယွင်ယွီသည် ဖွားဖွားယွင်၏နောက်သို့ လိုက်လာပြီး “ ဦးလေး၊ မိုးတော်တော်ချုပ်နေပြီကို ဘာလို့ ဒီမှာတစ်ညလောက်အိပ်ပြီး မနက်ဖြန်မနက်မှ ထမပြန်တာလဲ” ဟု လောကွတ်လုပ်ကာ မေးလိုက်သည်။

ဖွားဖွားယွင်သည်လည်း “ဟုတ်တယ်, တစ်နေ့လည်ခင်းလုံး မင်း အလုပ်လုပ်ထားရတာ ငေးတိငေးငေါင် ဖြစ်နေလိမ့်မယ်။ မင်း ခုလိုပြန်သွားရင် မားမားတော့ စိတ်ပူနေရမှာပဲ။ ဒီမှာ တစ်ညအိပ်လိုက်ပြီး မနက်မှ ထပြန်ပါ့လားကွယ်”

“မဖြစ်ဘူး” ယွင်မောက်ကျုံးသည် ခေါင်းရမ်းလိုက်ပြီး “ မန်နီက ဒီည ညဆိုင်း ဆင်းရမှာ၊ မေကျင်းတစ်ယောက်ထဲ အိမ်မှာဖြစ်နေမှာ ကျွန်တော်စိတ်မချဘူး။ သူ(မ)ကို မနက်ဖြန်မနက်ကျရင်လည်း မနက်စာ လုပ်ပေးရအုံးမယ်၊ အခုတစ်လော သူ(မ)က အစားလဲ ကောင်းကောင်း မစားဘူး”

ယွင်မေ့ကျင်းသည် ယွင်မောက်ကျုံးနှင့် ထန်မန်နီတို့၏ အငယ်ဆုံးသမီးဖြစ်သည်။ သူ(မ)သည် အထက်တန်းဒုတိယနှစ်ကျောင်းသူဖြစ်ပြီး ယွင်ရှန်းနှင့် ရွယ်တူဖြစ်ပြီး နှစ်လသာ ငယ်သည်။ သူ(မ)သည် အလိုလိုက်ခံထားရပြီး အနည်းငယ်လည်း မခန့်လေးစား ပြုမူတတ်သည်။ သူ(မ)၏အထက်၌ ယွင်လျန်းချန်းဟု နာမည်ပေးထားသော အကိုတစ်ယောက်ရှိ သည်။ ယွင်လျန်းချန်းသည် အသက်၂၃နှစ် ရှိပြီဖြစ်သည်။ သူသည် ကောလိပ်မှ လွန်ခဲ့သောတစ်နှစ်က ဘွဲ့ရထားသူဖြစ်ပြီး အင်ပါယာမြို့တော်၌ အလုပ်လုပ်နေသည်မှာ တစ်နှစ်ရှိပြီဖြစ်သည်။ သူသည် ယွင်ယွီထက် နှစ်နှစ်ကြီးပြီး ယွင်လန်ထက် လအနည်းငယ် ငယ်သူဖြစ်သည်။

ယွင်မောက်ကျုံးသည် အိမ်ထောင်ပြုတာ နောက်ကျခဲ့ပြီး သူ၏သားသမီးများသည် တတိယညီငယ်၏ သားသမီးများနှင့် ရွယ်တူများ ဖြစ်နေကြသည်။ အမှန်တော့ သူအိမ်ထောင်ပြုတာ နောက်မကျခဲ့ပါ။ သူသည် ဘွဲ့ရပြီးသည်နှင့် ထန်မန်နီနှင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ သူ၏တတိယညီငယ် ယွင်မောက်လျန်သည်သာ အိမ်ထောင်ပြုတာ အလွန်စောခဲ့ခြင်း ဖြစ်သည်။ အသက်၂၀အရွယ်မှာပင် သူသည် ဖုန့်ရှုကျန်းနှင့် လက်ထပ်ခဲ့သည်။

မေ့ကျင်းသည် ငယ်စဥ်တည်းက လိုတာထက်ပို၍ အလိုလိုက်ခံထားရသည်။ သူတို့သည် သူ(မ)အား သည်းသည်းလှုပ်လွန်းပြီး အပြင်စာများကိုပင် စားခွင့်မပြုကြပေ။ အမြဲလိုလို အိမ်တွင်ပင် သူ(မ)အတွက် ချက်ပြုတ်ပေးပြီး ကျောင်းကို ပို့ပေးလေ့ရှိသည်။ သူတို့သည် သူ(မ)အား ပိုးမွေးသလို မွေးထားကြသည်။

ယွင်ယွီသည် သူ(မ)ဦးလေး၏ အပြောအား သိပ်ဘဝင်မကျပေ။ တစ်စုံတစ်ခုအား တွေးမိသွားပြီး သူ(မ)အိတ်ကပ်ထဲ၌ တြိဂံပုံခေါက်ထားသော အဝါရောင်အဆောင်စက္ကူလေးအား ထုတ်ပေးလိုက်သည်။ “ဦးကြီး၊ ဒါလေး ဆောင်သွားပါ” သူ(မ)ပြုလုပ်ထားသော အကာအကွယ်အဆောင် ဖြစ်သည်။

“ဒါဘာအတွက်လဲ ယွင်ယွီ” ယွင်မောက်ကျုံးသည် အဆောင်စက္ကူအားကြည့်၍ ရယ်နေခဲ့သည်။ အနည်းငယ် သဘောမကျစွာဖြင့် သူသည် “ယွင်ယွီ၊ မင်းက အင်ပါယာမြို့တော်ရဲ့ ထိပ်တန်းကျောင်းသူတစ်ဦးလေ၊ ဒီလိုဟာမျိုးတွေကို ဘယ်လိုလုပ်ပြီး အယုံအကြည် ရှိနေရတာလဲ။ လမ်းမှာ ငါ တစ်ခုခု ဖြစ်မှာဆိုးလို့ ဒါကို ပေးတာလား။ စိတ်မပူပါနဲ့။ မြို့ထဲကိုရောက်ဖို့ တစ်နာရီကျော်လေးပဲ ကြာတာပါ။ နီးနီးလေးပါပဲ” ဟုပြောခဲ့သည်။ သူသည် ထိုအဆောင်အား ယူမသွားချင်ပုံ ပေါ်သည်။

“ဦးကြီး၊ ယူသွားလိုက်ပါ။ ဦးကြီးမယုံရင်တောင် ကစားစရာတစ်ခုလိုပဲ တွေးပြီး ယူသွားလိုက်ပါ” ယွင်ယွီ၏ မျက်လုံးလှလှလေးများသည် အလျှော့မပေးချင်ပုံ ပေါ်၏။

ဖွားဖွားယွင်သည် ယွင်ယွီ အရင်တစ်ခါက သူ(မ)အား ပေးခဲ့ဖူးသည့် ဂမ္ဘီရပစ္စည်းအကြောင်း သတိရသွားကာ သူ(မ)၏မျက်နှာသည် ဖျော့တော့သွားပြီး ထိုအဆောင်အား ယွင်မောက်ကျုံး၏ အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ပြီး “ ယူသွားပါကွယ်၊ သားကြီးရယ်။ မားမား စိတ်အပူ သက်သာရအောင်လို့ပါ”

ယွင်မောက်ကျုံးသည် တစ်ခုခု ထပ်ပြောချင်သော်လည်း အမေအို၏ အလေးအနက် ပြောဆိုနေသည့် ပုံစံကို တွေ့လိုက်ရသည့်အတွက် လက်လျှော့လိုက်ပြီး ကားပေါ်မတက်ခင် သူ၏အိတ်ကပ်ထဲသို့ ထိုအဆောင်အား ထည့်လာခဲ့သည်။

ကားလေးသည် လမ်းမကြီးဆီသို့ မောင်းထွက်သွားသည်ကို ကြည့်လျက် ဖွားဖွားယွင်သည် စိတ်ပူစွာြဖင့် ယွင်ယွီဘက်သို့ လှည့်ကြည့်ကာ “ ရှောင်းယွီအာ၊ မြေးရဲ့ ဦးကြီး အန္တရာယ်ကင်းပါ့မလားကွယ်”ဟု မေးလိုက်လေသည်။

15 02

ယွင်ယွီသည် ကားကလေး ရွာဝင်ပေါက်မှ တဖြည်းဖြည်း ဝေးဝေးသွားသည်ကို ကြည့်ပြီး “ဦးကြီးသာ အဆောင်စက္ကူကို လမ်းတစ်ဝက်ရောက်လည်း လွှင့်မပစ်ဘူးဆိုရင် သူ အန္တရာယ်ကင်းမှာပါ။ သူ လွှင့်ပစ်လိုက်ရင်တော့ လူလည်း ထိခိုက်ပြီး ကားလည်း ပျက်စီးမှာပဲ” ဟု ခပ်လေးလေး ပြောခဲ့သည်။ ထိုမတော်မတမှုသည် သာမန်ထိခိုက်မှုလေးပဲဖြစ်ပြီး အကြီးအကျယ်ဖြစ်မှာ မဟုတ်ချေ။ ထိုအဆောင်အား လွှင့်ပစ်လိုက်ပါက ကားမတော်မဆမှု ဖြစ်မည်ဆိုလျှင်တောင် အလွန်ဆုံးမှ ကားပြင်ရန်ပင် ၂လ၃လသာကြာမည့် အသေးစားထိခိုက်မှုလေးသာ ဖြစ်သည်။ သူ့အသက်အန္တရာယ်အား ထိခိုက်စေမည် မဟုတ်ပါ။ အာမခံလည်း ဝယ်ယူထားသည့်အတွက် ကားပျက်စီးသွားလျှင်လည်း ကြီးကြီးမားမား ပြဿနာမရှိပေ။

နေ့လည်ကတည်းက သူ(မ)ဦးကြီးမျက်နှာကို မြင်လိုက်ချိန်မှစ၍ သူ(မ)သည် သိပြီးဖြစ်သည်။ ထို့ကြောင့် သူ့အား အိမ်၌သာ ညအိပ်စေချင်ရခြင်း ဖြစ်သည်။ သူ(မ) တားသော်လည်း တားမရချေ။ သို့ဖြစ်၍ သူ့အား အဆောင်စက္ကူသာ ပေးလိုက်ရလေသည်။

ဖွားဖွားယွင်သည် သက်ပြင်းမောကိုသာ ချလျက် သူ(မ)၏ စိတ်နှလုံးသည်လည်း အလွန်သောက များနေခဲ့သည်။

ယွင်ရှန်းသည် အနောက်၌ ရပ်နေခဲ့သော်လည်း ဘာမျှနားမလည်ချေ။ သူတစ်ခွန်းမှ ဝင်မပြောနိုင်ခဲ့ပါ။ တစ်နေ့လုံး အလုပ်လုပ်ထားရခြင်းကြောင့် သူ အလွန်ပင်ပန်းနေသဖြင့် ‌ရေချိုးရန် အိမ်ထဲသို့ ပြန်ဝင်လာခဲ့လိုက်ပြီး အိပ်ရာဝင်ခဲ့လေသည်။

ညကိုးနာရီထိုးတွင် ယွင်မောက်ကျုံးသည် မြို့ထဲသို့ ရောက်လေသည်။ နောက်နာရီဝက်နေလျှင် အိမ်သို့ရောက်ပြီဖြစ်သည်။ သူ့တူမ အပူတပြင်း ပေးနေသောအဆောင်အား သူ မယူခဲ့ချင်ပေ။ လမ်း၌ လွှင့်ပစ်မည်ဟု တွေးထားခဲ့သော်လည်း မေ့သွားခဲ့ပြီး သူ၏အိတ်ကပ်ထဲ၌ ထိုအရာကို ထည့်ထားခဲ့မိကာ တစ်လမ်းလုံး မောင်းလာခဲ့လေသည်။ သူသည် အသက်အရွယ်ရလာပြီဖြစ်ပြီး တစ်နေ့လည်လုံး လယ်ထဲမှာ အလုပ်လုပ်ခဲ့ရသည့်အတွက် အနည်းငယ် ပင်ပန်းနေလေသည်။ သူ့ခေါင်းထဲ၌ အနည်းငယ် မူးဝေဝေဖြစ်နေသဖြင့် ကားအား ဖြည်းဖြည်းသာ မောင်းလာခဲ့သည်။ လမ်းပေါ်၌ လူခြေတိတ်နေပြီး ကားများ သိပ်မရှိတော့ချေ။ ရုတ်တရက် ယွင်မောက်ကျုံးသည် သူ့ခန္ဓာကိုယ်မှ ချမ်းအေးလာခဲ့ပြီး စိတ်ထဲ၌ တမျိုးတမြည် ဖြစ်သွားခဲ့သည်။ သူ၏လက်များသည် ဦးခေါင်းအား ဖိကိုင်ထားလိုက်ပြီး ဘာကြောင့်မှန်းမသိ စိတ်ငြိမ်စေရန် ကားအား လမ်းဘေး၌ ချရပ်လိုက်လေသည်။

သူ ကားရပ်လိုက်ပြီးပြီးချင်း အပြင်ဘက်တောင် မထွက်ရသေးဘဲ သူ၏မျက်နှာချင်းဆိုင်လမ်းမှ လာနေသော ကုန်တင်ကားတစ်စီးသည် ရုတ်တရက် ကွေ့လိုက်သော တွဲကားအား မတိုက်မိအောင် အတင်းအရှိန် ထိန်းလိုက်ရသည်ကို ရှေ့တည့်တည့်၌ တွေ့လိုက်ရသည်။ကုန်တင်ကားကြီးတစ်စီးလုံးသည် သည် သူ၏လမ်းပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာခဲ့ပြီး ကားဘရိတ်အုပ်သံကိုပင် ဆူဆူညံညံ ကြားနေခဲ့ရသည်။ ကုန်တင်ကားသည် ကုန်များ အများအပြား တင်ထားခဲ့ပြီး စတီယာတိုင်အား ရုတ်တရက် လှည့်ပစ်လိုက်ရသည့်အတွက် မြေကြီးပေါ်သို့ ဒုန်းခနဲမှောက်ကျသွားပြီး ဖုန်များပါ လှိုင်လှိုင်ထသွားခဲ့လေသည်။

သူ၏မျက်စိရှေ့၌ တဒင်္ဂအတွင်း ဖြစ်ပျက်သွားခဲ့သည်။

ယွင်မောက်ကျုံး၏စိတ်ထဲတွင် တော်တော်လေးကို ကတုန်ကရင် ဖြစ်သွားပြီး ဟာတာတာကြီး ဖြစ်သွားခဲ့သည်။ သူ အတွေးတစ်ခုကိုသာ တွေးမိနေခဲ့သည်။ သူသာ ရုတ်တရက် မရပ်လိုက်ဘဲ ရှေ့နှစ်မီတာလောက်သာ ထပ်မောင်းခဲ့မယ်ဆိုရင် ကုန်တင်ကားသည် သူ့ကားပေါ်သို့ တည့်တည့်ပစ်ကျလာမည် ဖြစ်သည်။ သူ့ကံကြမ္မာကို တွေးကြည့်မယ်ဆိုရင် ထိုအတိုင်းသာ ဖြစ်နိုင်ပေမည်။

ထိုအကြောင်းအား တွေးလေလေ သူ၏ ခန္ဓာကိုယ်သည် တုန်လှုပ်မှုကြောင့်‌ အေးစက်လာလေလေဖြစ်သည်။ ယွင်မောက်ကျုံးသည် အချိန်အတော်ကြာထိ စိတ်မငြိမ်သက်သေးပေ။

သူ့မျက်စိရှေ့တွင် ယာဥ်တိုက်မှုဖြစ်သွားခဲ့သော်လည်း သူ အဆင်ပြေနေသေးကြောင်း သူသည် သူ့ကိုယ်သူ တစ်ချက်ပုတ်၍ အသိဝင်စေလိုက်သည်။

ယွင်မောက်ကျုံးသည် အထိတ်တလန့် ဆက်မဖြစ်နေတော့ချေ။ တုန်ရီနေသော သူ့စိတ်ကို ထိန်းထားလိုက်ပြီး ကားတံခါးကို ဖွင့်၍ အောက်သို့ဆင်းလာခဲ့သည်။ ရဲကို အကြောင်းကြားလိုက်ပြီးနောက် သူသည် ကုန်တင်ကားနားသို့ သွားလိုက်သည့်အခါ ကားမောင်းသမားသည် ယာဥ်မောင်းနေရာ၌ ပိတ်မိနေသည်ကို တွေ့လိုက်ရသည်။ သူသည် အရေးပေါ်ကားကို ခပ်မြန်မြန်ခေါ်လိုက်ပြီး ရဲများနှင့် အရေးပေါ်ကားများ ရောက်လာမည်ကို စောင့်နေလိုက်သည်။ ယာဥ်မောင်းသမား ဘယ်လိုဖြစ်နေမလဲ သူ မသိတော့ပါ။ သူ ထိုနား၌ ဆောင့်ကြောင့် ထိုင်လိုက်ပြီး ထိုလူအား ခေါ်ကြည့်လိုက်သည်။ ယာဥ်မောင်းသည် သူ၏ခေါင်းမှ သွေးများ စီးကျနေခဲ့ပြီး ညည်းညူလာခဲ့သည်။ ထိုအခါမှ သူသည် စိတ်သက်သာရသလို သက်ပြင်းတစ်ချက် ချနိုင်ခဲ့သည်။ ထိုလူ မသေသေးပါ။

ရဲများသည် အမြန်ရောက်လာကြပြီး ယွင်မောက်ကျုံးအား ဖြစ်စဥ်အစဆုံးကို မေးမြန်းခဲ့သည်။ သူ ပြောသည်များကို နားထောင်ပြီးနောက် ကုန်တင်ကားနှင့် နှစ်မီတာအကွာတွင် ရှိနေသော သူ့ကားအား လှမ်းကြည့်ကာ ရဲသားငယ်တစ်ယောက်သည် “ ခင်ဗျားက အရမ်းကံကောင်းတာပဲ။ ခင်ဗျားသာ အဲ့နားမှာ မရပ်ပစ်လိုက်ဘူးဆိုရင် ကုန်ကားအောက် ခင်ဗျား ပိသွားလောက်တယ်”

15 03

ယွင်မောက်ကျုံးသည် သူ၏နဖူးမှ ချွေးစေးများကို သုတ်ပစ်လိုက်သော်လည်း သူ့စိတ်သည်တော့ မငြိမ်သက်သေးပေ။

အခင်းဖြစ်ပွားမှုသည် အသေးစား မဟုတ်ပေ။ သူသည် မျက်မြင်သက်သေ ဖြစ်သည်။ လူနာတင်ယာဥ်‌ ရောက်လာပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့လိုက်ပြီးနောက် သူသည်လည်း ရဲစခန်းသို့ သက်သေထွက်ဆိုပေးရန် လိုက်သွားခဲ့ရသည်။ ရဲမှူးသည် စစ်ဆေးပြီးနောက် သူသည် အမှန်တရားကို ထွက်ဆိုနေကြောင်း သိလိုက်ရသည်။ သူသည် ယာဥ်စည်းကမ်းများကို မဖောက်ဖျက်ခဲ့ပါ။ သူ ကားရပ်လိုက်သော ‌နေရာသည်လည်း ‌ခေတ္တကားရပ်လို့ရသည့်နေရာြ ဖစ်သည့်အတွက် သူ့အား ပြန်လွှတ်လိုက်ပြီး ကုန်တင်ကားမောင်းသူ၏ မိသားစုဝင်များကိုသာ ဆက်သွယ်ခဲ့ကြသည်။

ထိုကိစ္စများ ဖြေရှင်းပြီးနောက် ယွင်မောက်ကျုံး အိမ်သို့ရောက်သောအခါ ၁၁နာရီထိုးနေလေပြီ။ သူသည် ချွေးများထွက်နေပြီဖြစ်သော်လည်း ကားနောက်ခန်းထဲမှ ဟင်းများအား ထုတ်ဖို့ မမေ့ပါ။ ဆရာဝန်တစ်ဦးဖြစ်သည့် ထန်မန်နီသည် ညဆိုင်းဆင်းရန် ယနေ့ည ဆေးရုံသို့သွားရမည် ဖြစ်သည်။ သူ(မ)သည် အသန့်ကြိုက်သူတစ်ဦးဖြစ်ပြီး သူ(မ)ခင်ပွန်း၏ ညစ်ပတ်နေသော လက်များနှင့်မျက်နှာကို မြင်လိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်ပြီး “ရှင် ဘာလို့ အဲ့လောက်ညစ်ပတ်နေရတာလဲ။ ဂျုံခင်းတွေကို ရိတ်ဖို့ ရှင်ကူပေးလာတာလား။ ဘာလို့ နောက်ကျနေရတာလဲ” ဟု မေးခဲ့သည်။

“ယာဥ်တိုက်မှု တစ်ခုဖြစ်နေလို့ပါ”

ထန်မန်နီသည် ရုတ်တရက်ထိတ်လန့်သွားပြီး “ယာဥ်တိုက်မှု ဖြစ်လာတယ်။ ရှင် အဆင်ပြေရဲ့လား။ ကျွန်မပြောသားပဲ မသွားပါနဲ့၊ ရှင့်အမေကိုပဲ ပိုက်ဆံလွှဲ ပေးလိုက်ပါဆိုတာကို ရှင်က သွားတာလေ။ လုပ်ပေးရတာပင်ပန်းလို့ ပြောတာမဟုတ်ဘူး၊ ခုတော့ ရှင် ယာဥ်တိုက်မှု ဖြစ်လာတယ်လေ”

ယွင်မောက်ကျုံးသည် ပင်ပန်းနွမ်းလျနေသည့်ပုံဖြင့် “မင်း ပြောတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ယာဥ်တိုက်မှုက ငါဖြစ်တာ မဟုတ်ပါဘူး”ဟု‌ပြောလိုက်သည်။ သူသည် အနည်းငယ်တော့ စိုးထိတ်နေသေး၏။

သူ(မ)ခင်ပွန်း ဘာမှထိခိုက်ခြင်းမရှိသည်ကို သိလိုက်ရပြီးနောက် ထန်မန်နီသည် စိတ်အေးသွားပြီး အဖြစ်အပျက်အား ‌မေးမြန်းခဲ့သည်။ သူ၏လက်ထဲမှ သစ်သီးသစ်ရွက်များသည် လတ်ဆတ်ပြီး စိုစွတ်နေသည်ကို သူမမြင်သွားပြီး သစ်သီးသစ်ရွက်များသည် ‌ရေစိုနေသည်ကို သတိထားမိသွားသည့်အတွက် အဆင်မပြေ ဖြစ်သွားပြီး “အသီးအရွက်တွေ ဘာလို့ယူလာရတာလဲ။ ကျွန်မတို့ အိမ်မှာလဲ ရှိရဲ့သားနဲ့။ ခုတော့ ရွှံ့တွေပေကုန်ပြီ။ ပြန်ပြီး သန့်ရှင်းဖို့ မမေ့နဲ့”

ယွင်မောက်ကျုံးသည် သူ့ဇနီး၏ အထွန့်တက်နေသော စကားများကို ကြားပုံမပေါ်ဘဲ သူပြောနေသည့်အကြောင်းကိုသာ ဆက်ပြောနေခဲ့သည်။ လမ်းတွင် ဖြစ်ခဲ့သော ယာဥ်တိုက်မှုအကြောင်းကို ပြောပြနေခဲ့ပြီး ရုတ်တရက် သူ့တူမ အတင်းထည့်ပေးလိုက်သော အဆောင်စက္ကူကို သတိရသွားခဲ့သည်။ သူသည် ထိုအဆောင်စာရွက်အား အိတ်ကပ်ထဲမှ ထုတ်ကြည့်လိုက်သောအခါ စာရွက်တစ်ခုလုံးသည် အမည်းရောင်သို့ နည်းနည်းပြောင်းနေပြီး ပြဒါးရိုင်းဖြင့် ဆွဲထားသော သင်္ကေတများသည်လည်း အမည်းရောင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် အလွန်ရှုပ်ထွေးသွား၏.

“အဲဒါဘာလဲ” ထန်မန်နီသည် ထိုအရာကို နားမလည်ပေ။

ယွင်မောက်ကျုံးသည် တံတွေးတစ်ချက် မျိုချလိုက်ပြီး သူ(မ)အား ယွင်ယွီ သူ့ကို ပေးခဲ့သော အဆောင်စက္ကူအကြောင်း ပြောပြခဲ့သည်။ ထိုအရာကို ကြားလိုက်ရသည့်အတွက် ထန်မန်နီသည် သူ(မ)ခန္ဓာကိုယ်မှ ချမ်းစိမ့်စိမ့်ဖြစ်လာပြီး လက်မောင်းကို ပွတ်လျက် “ဒါတိုက်ဆိုင်မှုသက်သက်ပါပဲ”

ယွင်မောက်ကျုံးသည် “ဒီအဆောင်စာရွက်က အစတုန်းက ပြဒါးရိုင်းနဲ့ဆွဲထားတဲ့ အဝါရောင်စာရွက်ပဲ။ ခုတော့ အဝါရောင်ကနေ အမည်းရောင် ပြောင်းသွားပြီး ပြဒါးရိုင်းနဲ့ဆွဲထားတဲ့ သင်္ကေတတွေကလည်း အမည်း‌ရောင် ဖြစ်ကုန်ကြတာ။ ဒါက တိုက်ဆိုင်တာ ဟုတ်ပါ့မလား” ဟု မေးခဲ့သည်။

ဒီဖြစ်ရပ်သည် ဘာသာမဲ့တစ်ယောက်ဖြစ်သော သူ့အား သူ၏ယုံကြည်ချက်များအပေါ် သံသယဝင်စေသည်။ ဒီကမ္ဘာပေါ်မှာ သိပ္ပံပညာနဲ့ ရှင်းပြလို့မရတဲ့ ကိစ္စတွေ တကယ်ပဲ ရှိနေတာလား။

ထန်မန်နီ ဘာမှမပြောတော့ပေ။ အချိန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခပ်သုတ်သုတ် ထွက်သွားခဲ့သည်။ “ကျွန်မ သွားနှင့်တော့မယ်။ မနက်ဖြန်မနက်ကျ ကျင်းကျင်းအတွက် ဖက်ထုပ်လုပ်ပေးဖို့ မမေ့နဲ့နော်။ အမဲသားနဲ့လုပ်တာ စားချင်တယ်လို့ ပြောတယ်”

သစ်သီးသစ်ရွက်များကို မီးဖိုချောင်ထဲ သိမ်းပြီးနောက် ယွင်မောက်ကျုံးသည် ‌ရေချိုးပြီး အိပ်ရာဝင်ခဲ့သည်။

နောက်တစ်နေ့တွင် ယွင်မောက်ကျုံးသည် အိပ်ရာ စောစောထခဲ့လေသည်။ မီးဖိုချောင်ထဲ၌ နွေကြက်သွန်နီများ ရှိသည်ကို တစ်ချက်ကြည့်လိုက်ပြီး ရေခဲသေတ္တာထဲတွင် ခေါက်ဆွဲရှိသည်ကို သတိရသွား၏။ ထို့ကြောင့် ကြက်သွန်ဆီနှင့် ခေါက်ဆွဲချက်ရန် တွေးလိုက်သည်။

15 04

သူသည် ဝက်သားတုံးလေးတွေနဲ့ ကြက်သွန်နီလေးတွေကို မီးအေးအေးလေးဖြင့် ကြော်လိုက်သည်။ ကြက်သွန်နီကြော်များသည် ကြွပ်ရွသွားပြီး တစ်အိမ်လုံး ဟင်းနံများမွှေးနေ၏။ ကြက်သွန်နီကြော်များကို ဖယ်လိုက်ပြီး နုပ်နုပ်စဥ်းထားသော ဝက်သားတုံးလေးများကို ကြက်သွန်ဆီဖြင့် ကြော်လိုက်သည်။ ထို့နောက် ဟင်းခတ်အမွှေးအကြိုင်များနှင့် ‌ရေထည့်လိုက်ပြီး ဟင်းအနှစ်ရည်ဖြစ်အောင် ချက်လိုက်သည်။ မန်နီသည် နေ့လည်အထိ အလုပ်သိမ်းရမည်မဟုတ်သဖြင့် ခေါက်ဆွဲကို လူနှစ်ယောက်စာသာ လုပ်လိုက်သည်။ ယွင်မောက်ကျုံးသည် မနေ့က ရွာမှယူလာသော ကြက်ဥကိုလည်း နှစ်လုံးကြော်လိုက်သေးသည်။

ချက်ထားသော ခေါက်ဆွဲများကို ပန်းကန်နှစ်ချပ် ခွဲထည့်လိုက်သည်။ ကြက်သွန်ဆီဖြင့် လုပ်ထားသော ဟင်းအနှစ်ကို လောင်းချလိုက်ပြီး ကြက်ဥကြော်ကို အပေါ်မှ တင်လိုက်သဖြင့် ကြက်ဥအနှစ်သည် တုန်တုန်လေးဖြစ်နေ၏။

ယွင်မောက်ကျုံးသည် မေ့ကျင်း၏ အခန်းတံခါးအား ခေါက်လိုက်ပြီး သူ့သမီးအား ခေါက်ဆွဲစားရန် နှိုးလိုက်သည်။ သူသည် စားပွဲ၌ ထိုင်လိုက်ပြီး အရင်စားနှင့်လိုက်သည်။ ခေါက်ဆွဲချက်သည် အလွန်စားကောင်းလှသည်။ စားနေရင်းပင် သူ့ဖုန်းက ဝင်လာခဲ့သည်။ ဖွားဖွားယွင်သည် သူအိမ်သို့ ဘေးကင်းကင်းဖြင့်‌ ရောက်ကြောင်းသိချင်၍ ဖုန်းခေါ်လာခြင်း ဖြစ်သည်။ သူသည် သူ(မ)အား မနေ့ကဖြစ်ခဲ့သော အဖြစ်အပျက်ကို အားလုံးပြောပြလိုက်သည်။ ဖွားဖွားယွင်သည် အတန်ကြာ တိတ်ဆိတ်သွားခဲ့သည်။ ခဏအကြာတွင် “မင်း ဘာမှမထိခိုက်ရင် ပြီးတာပါပဲ” ဟု ပြောခဲ့သည်။

ယွင်မောက်ကျုံးသည် အမေအို စိတ်ပူနေမည်ဆိုးသဖြင့် ရယ်လိုက်ပြီး တခြားအကြောင်း ပြောင်းပြောခဲ့သည်။ “မားမား၊ ကျွန်တော် ကြက်သွန်နီခေါက်ဆွဲ လုပ်စားနေတာ။ ကြက်သွန်နီလေးကမွှေးနေတာပဲ၊ ပြီးတော့ ကြက်ဥကလည်း နူးညံ့နေတာပဲ။ နောက်ရက်ကျ သစ်သီးသစ်ရွက်တွေယူဖို့ ထပ်လာခဲ့အုံးမယ်”

စိတ်ပူပန်နေသော ဖွားဖွားယွင်သည် ထိုအကြောင်းအား ကြားလိုက်သောအခါ ရယ်တောင် မရယ်နိုင်တော့ဘဲ “တိုက်ဆိုင်လိုက်တာ၊ မားမားတို့လည်း ဒီမနက် ကြက်သွန်ခေါက်ဆွဲ လုပ်စားကြတာ”

အမေနှင့်သားသည် အချိန်အတော်ကြာ စကားပြောပြီးမှ ဖုန်းချခဲ့သည်။ ယွင်မေ့ကျင်းသည် သူ(မ)၏မျက်လုံးများကို ပွတ်လျက် အခန်းထဲမှ ထွက်လာသည်။ သူ(မ)တွင် သဘာဝဆန်ဆန် မျက်ခွံနှစ်ထပ်ရှိပြီး စူးရှသောမျက်လုံးနှင့် ဖြူဝင်းသောအသားအရည် ရှိသည်။ သူ(မ)သည် ယဥ်ကျေးလိမ္မာသည့် မိန်းမပျိုလေးအသွင် ပေါ်လေသည်။ သို့သော် မျက်နှာသစ်၊သွားတိုက်ပြီး ထွက်လာသည့်အခါ ထမင်းစားပွဲပေါ်ရှိ ကြက်သွန်ခေါက်ဆွဲများကို မြင်သွားပြီး “ပါးပါး၊ သမီးမနေ့က ဖက်ထုပ်စားမယ်လို့ မပြောထားလို့လား။ ဘာလို့ ခေါက်ဆွဲ လုပ်ထားတာလဲ။ သမီး မစားဘူးနော်” ဟု စိတ်ဆိုးစွာ ပြောခဲ့သည်။

ယွင်မောက်ကျုံးသည် သူ(မ)အား‌ “စားကြည့်ပါအုံး၊ မေ့ကျင်းရယ်။ ခေါက်ဆွဲက ကောင်းပါတယ်ကွဲ့” ဟု ချော့ပြောခဲ့သည်။

“သမီး မစားဘူး” ဟု မေ့ကျင်းသည် ခေါင်းမာစွာ ငြင်းခဲ့သည်။

ယွင်မောက်ကျုံးသည် သူ(မ)အား လျစ်လျူရှုလိုက်ပြီး သူ၏သင်ခန်းစာများအတွက် ပြင်ဆင်ရန်သာ ထွက်လာခဲ့လိုက်သည်။

ယွင်မေ့ကျင်းသည် ‌ဒေါသတကြီးဖြင့် ခေါက်ဆွဲများအား လွှင့်ပစ်ချင်သည့်အတွက် မီးဖိုထဲသို့ ဝင်သွားလိုက်သောအခါ မွှေးကြိုင်သောအနံ့ကို ရလိုက်လေသည်။ တူနှင့် ခေါက်ဆွဲကို ညှပ်ယူလိုက်ပြီး သူ(မ)သည် အနည်းငယ်တုံ့ဆိုင်းနေခဲ့ပြီးနောက် တစ်လုတ် မြည်းကြည့်ခဲ့လိုက်သည်။ ထို့နောက်တွင် သူ(မ)သည် တိတ်တဆိတ်ဖြင့် စားပွဲပေါ်သို့ ယူသွားလိုက်ပြီး စားလိုက်လေသည်။

သူ(မ)သည် အမြဲလိုလို အစားစားလျှင် ဂျီးများတတ်ပြီး ကုန်အောင်လည်း စားလေ့ မရှိပေ။ သို့သော် သူ(မ)သည် ယခုတော့ ခေါက်ဆွဲတစ်ပန်းကန်လုံးကို ကုန်အောင်စားရုံသာမက လေချဥ်ပါတက်လိုက်သေးသည်။

ယွင်ယွီသည် ဦးကြီးအဆင်ပြေကြောင်း သိလိုက်ရသောအခါ စိတ်သက်သာရာ ရသွားလေသည်။

ယွင်ရှန်းသည် ကြက်သွန်ခေါက်ဆွဲကို အရမ်းကြိုက်သောကြောင့် ပန်းကန်လုံးကြီးနှစ်ပန်းကန် ကုန်အောင်ပင် စားပစ်ခဲ့သည်။

ယနေ့တွင် သူတို့သည် ဂျုံများကို ခြွေလှေ့ကြရမည်ဖြစ်သဖြင့် ဝူလီသည် မနက်စော‌စော ရောက်လာခဲ့သည်။ တစ်နေ့လုံး သူသည် ထွန်စက်ကိုသုံး၍ ဂျုံများကို ခြွေချကာ ကောက်ရိုးများကို ကောက်ပြီး ဘေး၌ပုံထားလိုက်သည်။ ထို့နောက် မမှောင်ခင် ဂျုံများကို အိတ်ထဲသို့ ထည့်လိုက်လေသည်။ ဖွားဖွားယွင်သည် ဒီနှစ်တွင် ဂျုံစေ့များသည် မနှစ်ကထက် ပိုကြီးကြောင်း တွေ့လိုက်ရပြီး အထွက်နှုန်းလည်း ပိုများကြောင်း သိလိုက်ရသည်။ မနှစ်က လေးဧကကို ဂျုံ ၃၅၀၀ ကီလိုဂရမ်ရခဲ့ပြီး ၃၅အိတ်ရခဲ့သည်။ ဒီနှစ်တော့ ၄၃အိတ် ထုတ်ရတယ်ဆိုတော့ မနှစ်ကထက် ၈၀၀ကီလိုဂရမ်ပိုများလေပြီး လယ်တစ်မူး ပိုထွက်လေ၏။

ဖွားဖွားယွင်သည် မကူညီပေးနိုင်သော်လည်း “ဒီနှစ်ရိတ်ရတာ တကယ်ကောင်းတယ်။ လေးဧကကို ဂျုံအထွက် ရာနည်းနည်းပိုတယ်” ဟုပြောလိုက်သည်။

ယွင်ယွီသည် သူ(မ)၏ ဝိညာဥ်သံပတ်ကိုသာ အသုံးပြုခဲ့လျှင် အိတ်၈၀၀လောက် ပို၍အထွက်တိုးနိုင်ကြောင်း တွေးမိခဲ့သည်။

******

All Chapters