← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

19 01

အပိုင်း (၁၉)

ဖွားဖွားယွင်နှင့် ယွင်ယွီသည် ကျောင်းမျက်နှာချင်းဆိုင်ရှိ ကားမှတ်တိုင်သို့ ထွက်လာခဲ့သည်။ ယန်ထျန်းလန်၏ အကြည့်များသည် နောက်မှကပ်ပါလာသည်။ ယန်မင်ခမ်သည် ခပ်ညစ်ညစ် တွေးလိုက်ပြီး သူ့သားအား တစ်ချက်ကန်ကာ “ဘာ‌လိုက်ကြည့်နေတာလဲ။ ယန်ထျန်းလန်၊ မင်း တတ်နိုင်သလောက် မင်းရဲ့သူငယ်ချင်းဆိုတဲ့ကောင်တွေနဲ့ ဝေးဝေးနေစမ်းကွာ။ အတန်းဖော်အချင်းချင်း အနိုင်ကျင့်တယ်ဆိုတာ လူအထင်သေးခံရဆုံး လုပ်ရပ်ပဲ။ အခုချိန်မှာ ဒီလိုလုပ်ရပ်မျိုးကို လုပ်ရင် နောက်ကျ အဲဒီအကျိုးဆက်ကို ပြန်ခံရမှာပဲ။ မင်းရော သူတို့လို ကြီးပြင်းချင်လို့လား”

ယန်ထျန်းလန်သည် ဘုမသိဘမသိပုံစံဖြင့် “ဒယ်ဒီ၊ သား လက်တုံ့ပြန်ဖို့ တွေးမနေပါဘူး။ ဒီကိစ္စက အစတည်းက သားအမှားပါ။ သားဘာမှဝင်မလုပ်ခဲ့ပေမဲ့ သားကြောင့် ဖြစ်သွားရတဲ့ကိစ္စပါ။ သား မတားခဲ့မိဘူး။ သားနည်းနည်းတော့ ထူးဆန်းတယ်လို့ ခံစားနေရတယ်” ဟု ပြောလိုက်သည်။ သူသည် လက်မောင်းအား မရေမရာဖြစ်နေသည့် ပုံစံဖြင့် ပွတ်နေလေသည်။ “ ယွင်ရှန်းအစ်မက သာမန်ထက် နည်းနည်း ထူးဆန်းနေတယ်လို့ သားခံစားရတယ်။ သူ(မ)ရိုက်လိုက်ပြီးကတည်းက သားခန္ဓာကိုယ်က အေးစိမ့်လာတာပဲ။ ဒယ်ဒီ၊ ဒီကိစ္စက လွယ်လွယ်နဲ့ပြီးမှာ မဟုတ်ဘူးလို့ သား ခံစားနေရတယ်”

“ဘာမဟုတ်တာတွေ လျှောက်တွေးနေတာလဲ” ယန်မင်ခန်သည် မျက်မှောင်ကြုတ်လျက် “သူ(မ)က အတိုက်အခိုက် နည်းနည်းတတ်တဲ့ သာမန်ကလေးမလေးတစ်ယောက်ပါပဲ။ ဒဏ်ရာရထားရင် အေးစိမ့်စိမ့်ဖြစ်တတ်တာ ပုံမှန်ပါပဲ။ ဆေးရုံသွားပြီး စစ်ကြည့်အုံးမလား”

ယန်မင်ခမ်တွင် ဒီသားတစ်ယောက်သာ ရှိပါသည်။ သူ ဒီကလေးအား အညှာအတာမရှိ ဂရုမစိုက်ဘဲ ပစ်မထားနိုင်ပါ။

ယန်ထျန်းလျန်သည် ခေါင်းတစ်ချက်ခါလိုက်ပြီး “ အပေါ်ယံထိခိုက်ရုံလေးပါပဲ။ သားဆေးရုံထိ မသွားတော့ပါဘူး။ ဒယ်ဒီ၊ ဆောက်လုပ်ရေးဘက်က ပြဿနာရော ဘယ်လိုဖြစ်သွားပြီလဲ” သူ့မိသားစု၏ အရေးကိစ္စအား သူသိပါသည်။ စီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းများကြောင့် သူ့အဖေသည် ဒီရက်ပိုင်းတွင် မနားမနေ အလုပ်လုပ်နေရလေသည်။

ယန်မင်ခမ်သည် စီးကရက်တစ်လိပ်ထုတ်ကာ မီးညှိလိုက်ပြီး စိတ်ညစ်နေသော မျက်နှာနှင့် “ ဘာမှ မထူးသေးပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ ဆရာတွေတစ်ပါးပြီးတစ်ပါး ဒယ်ဒီ ဖိတ်ပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မတော်တဆတစ်ခု ဖြစ်သွားတယ်။ တစ်ယောက်မှတော့ အသက်အန္တရာယ်မရှိပေမဲ့ ဒဏ်ရာတော့ ရကုန်ကြတယ်။ ထျန်းလန်၊ စာကို သေချာလိုက်သင်နော်။ ဒယ်ဒီ ဒီရက်ပိုင်း ပြဿနာတွေ အရမ်းတက်နေတယ်။ ဒီမြေကွက်ဝယ်ဖို့ လေလံပွဲတုန်းက ဒယ်ဒီ ပိုက်ဆံတွေအများကြီးသုံးထားရတာ။ ပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေက သူတို့ရဲ့ အရင်းတွေကို ပြန်ထုတ်နေကြပြီ။ ဗီလာကိုသာ မဆောက်နိုင်ဘူးဆိုရင် တစ်သက်လုံး ဒီအနေအထားကို ပြန်မရောက်နိုင်တော့မှာ ဒယ်ဒီ ကြောက်တယ်” သူသည် သူ့ဘဝတစ်လျှောက်လုံးနီးပါး ကြိုးစားခဲ့ရခြင်းဖြစ်သည်။ သူ့စီးပွားရေးလုပ်ငန်းသည် အကြီးစားမဟုတ်သော်လည်း သူတို့မြိုငယ်လေးတွင်တော့ လူချမ်းသာစာရင်းဝင်သူ ဖြစ်သည်။ ထိုမျှလောက် စိတ်ဒုက္ခ‌ရောက်စေသော ကိစ္စမျိုး မကြုံဖူးသည့်အတွက် မည်သို့ရင်ဆိုင်ဖြေရှင်းရမည်ကို သူမသိချေ။

သူ့တွင် အပေါင်းအသင်း မိတ်ဆွေများစွာ ရှိပါသည်။ အိမ်ခြံမြေလုပ်ငန်းအတွက် သူသည် ဖုန်း‌ရွှေပညာတတ်သော ဆရာများအား လိုအပ်နေပေသည်။ သို့သော် ပြဿနာနှင့် ကြုံတွေ့ရပြီး ရင်ဆိုင်ဖြေရှင်းရန် တကယ်လိုအပ်လာသော အချိန်တွင် မည်သူမှ မကူညီကြသဖြင့် အတုအယောင်မိတ်ဆွေများသာ ဖြစ်ကြောင်း သူသိလိုက်ရလေသည်။

သူ့အဖေအား ကြည့်ပြီး ယန်ထျန်းလန်သည် စိတ်မသက်မသာ ခံစားလိုက်ရသည်။ “ဒယ်ဒီ၊ စိတ်မပူပါနဲ့။ သားစာကြိုးစားပြီးတော့ သူတို့တွေနဲ့လည်း အချိန်ဖြုန်းမနေတော့ပါဘူး” စစချင်းအချိန်၌ပင် ဖီထျန်းလေ့နှင့် ကျန်ကျောင်းသားများသည် သူ့အား အကိုယန်ဟု ခေါ်ခဲ့ကြသည်။ ထိုသို့ခေါ်ခံရခြင်းသည် သူ့အား မာန်တက်စေခဲ့ပြီး မိမိထက်ငယ်‌သော ညီကိုများအား ခေါင်းဆောင်နေရသကဲ့သို့ ခံစားရစေခဲ့သည်။ အမှန်တော့ သူသည် သူတို့ပြုလုပ်သည့် ကိစ္စတော်တော်များများအား သဘောမတူပေ။ တခြားကျောင်းသားများကို အနိုင်ကျင့်လျှင်လည်း သူ ဝင်မပါခဲ့ပေ။ ယခုတော့ ထိုလုပ်ရပ်သည် တော်တော်မိုက်မဲကြောင်း သူ သိလိုက်ရလေပြီ။

ယန်မင်ခမ်သည် သူ့သား၏ ပခုံးအား တစ်ချက်ပုတ်လိုက်ပြီး “ ဒယ်ဒီ သားကို ယုံပါတယ်။ စာကြိုးစား။ ဒယ်ဒီနဲ့မာမီကို စိတ်ပူရအောင် မလုပ်နဲ့။ အတန်းထဲမြန်မြန်ဝင်တော့။ ညကျရင် ဒယ်ဒီ မြို့တော်ကို သွားရမယ်။ လောင်လျိုက ဖုန်းရွှေဆရာတစ်ပါးနဲ့ မိတ်ဆက်ပေးလို့လေ”

သူ ပြန်သွားသောအခါ ယန်ထျန်းလန်သည်လည်း အတန်းထဲသို့ ပြန်ဝင်ခဲ့သည်။ ညစာစားရန် ကန်တင်းသို့ သူသွားလိုက်သောအခါ ဖီထျန်းလန်သည် ထမင်းဘူးတစ်ဘူးအား ကိုင်လျက် တုန်တုန်ရီရီဖြင့် ‌ရောက်လာပြီး “အကိုယန်၊ ကျွန်တော် သူ့ကို ဒီအတိုင်း မထားနိုင်ဘူး။ ဒီနေ့ည သူ့ခေါင်းကို အိတ်တစ်အိတ်စွပ်ပြီး ချောင်းရိုက်ကြရအောင်။ ဒီကိစ္စက အကိုယန့်ရဲ့ သိက္ခာနဲ့ဆိုင်တယ်၊ ကျွန်တော်တို့ သူ့ကို ဒီအတိုင်း လွှတ်မထားနိုင်ဘူး”

19 02

ယန်ထျန်းလန်သည် မျက်မှောင်ကြုတ်လျက် “ထျန်းလေ့၊ ဒီကိစ္စကို မေ့ထားလိုက်ကြစို့။ ငါတို့အတန်းဖော်အချင်းချင်း အနိုင်မကျင့်ဘဲနေကြရအောင်”သူသည် ယခုအချိန်တွင် သူ့ကိုယ်သူနှင့် ထိုကဲ့သို့ လုပ်ရပ်အား မုန်းတီးနေမိသည်။ အရင်အချိန်များတွင် သူ့အား ဘယ်လို ဉာဏ်တိမ်ပြီး ပြောင်ပြောင်တင်းတင်း နေခဲ့မိပါလိမ့်။

ဖီထျန်းလန် ထိုကိစ္စအား လွှတ်ထားရန် ဆန္ဒမရှိချေ။ “အကိုယန်၊ မကြောက်ပါနဲ့။ ကျွန်တော်ခိုင်းဖို့ လူရှာလိုက်ပါ့မယ်။ အကိုကိုယ်တိုင် လုပ်စရာမလိုပါဘူး”

“တော်လောက်ပြီ” ယန်ထျန်းလန်သည် ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး “ဖီထျန်းလေ့၊ ငါရှင်းရှင်းပဲပြောမယ်။ ကျေးဇူးပြုပြီးတော့ ငါ့နာမည်ကိုသုံးပြီး အတန်းဖော်တွေကို လိုက်အနိုင်မကျင့်ပါနဲ့တော့။ ပြီးတော့ ငါ့ကိုလည်း အကိုယန်လို့ နောက်မခေါ်နဲ့တော့။ ငါက ကျောင်းသားတစ်ယောက်ပဲ၊ ဆန်ကုန်မြေလေးမဟုတ်ဘူး။ ငါတို့က ဒီကို စာသင်ဖို့ လာတာ၊ ပြီးတော့ မင်းကိုလည်း အတန်းဖော်အချင်းချင်း အနိုင်ကျင့်ပြီး အချိန်ဖြုန်းခွင့် ပေးမထားဘူး”

သူ့တွင် အမှန်တကယ် ဒေါသများ ပြေပျောက်နေသည်ကို မြင်လိုက်ရသည့်အတွက် ဖီထျန်းလေ့သည် အယုံသွင်းသည့်ပုံစံဖြင့် “ကောင်းပါပြီ၊ အကိုယန်။ ကျွန်တော် သူ့ကို တစ်ယောက်ထဲပဲ လွှတ်ပေးထားလိုက်တော့မယ်”

ယန်ထျန်းလျန်သည် သူရှေ့မှ တုန်တုန်ရီရီကောင်လေးအား ကြည့်ပြီး စိတ်မသက်မသာ ခံစားလိုက်ရသည်။ ဒီကောင်လေးသည် ကောင်းကင်နှင့်ကမ္ဘာမြေ၏ ကျယ်ပြောမှုအား နားမလည်သေးချေ (ကိစ္စတစ်ခု၏အရေးပါပုံ၊လေးနက်မှု)။ ထို့အပြင် ယွင်ရှန်းအားလည်း ဒုက္ခပေးချင်နေသေးသည်။

———————————————————————————————————————-

အိမ်အပြန်လမ်းတွင် ဖွားဖွားယွင်သည် ယွင်ယွီသည် “ မင်းလို နူးနူးညံ့ညံ့မိန်းကလေးက ဘယ်လိုတောင် သူတို့နဲ့ ယှဥ်ပြီး ရန်ဖြစ်ရဲရတာလဲ။ မင်းတစ်ခုခုထိခိုက်သွားရင် အဖွားဘယ်လိုလုပ်ရမလဲ။ ဖွားဖွားကို စိတ်ပူအောင်လုပ်နေတာပဲ။ နောက်တစ်ခါကျ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ လူအများကြီးကို မဆိုင်းမတွ ဘယ်လို ခံချရတာလဲ”

ယွင်ယွီသည် ပြုံးလိုက်သည်။ သူ(မ)၏ လုပ်နိုင်စွမ်းအတွင်းသာ ရှိနေမည်ဆိုပါက သူ(မ)သည် ထိုးကြိတ်ခြင်းဖြင့်သာ ဖြေရှင်းမည်ဖြစ်သည်။

သူ(မ)သည် မင်းသမီးတစ်ပါး ဖြစ်ခဲ့ဖူးပါသည်။ တိုက်ခိုက်ရန်ပင်မဆိုထားနှင့်၊ သူ(မ)သည် လူများအား ဆူပူကြိမ်းမောင်းဖို့ အခွင့်အရေးကိုပင် မရခဲ့ဖူးချေ။

သူ(မ)တို့ ဝါးတောအားဖြတ်၍ လျှောက်လာသောအခါ အမျိုးသမီးနှစ်ဦး အဝေးမှ လာနေသည်ကို တွေ့လိုက်ရသည်။ တစ်ဦးမှာ ရွာသူကြီးလုဇီလိုင်၏ဇနီး ကျောက်ရှုကျီဖြစ်ပြီး နောက်တစ်ဦးမှာ ရွာတောင်ပိုင်းတွင်နေသော ချန်းကွေ့ဇီ ဖြစ်သည်။

နှစ်ဦးလုံးသည် အသက်၄၀ကျော်အရွယ်များဖြစ်ကြပြီး လယ်ထဲမှ အလုပ်ပြီး၍ ပြန်လာပုံရသည်။ ကျောပေါ်တွင် ခြင်းတစ်လုံးနှင့် ပေါက်ပြားတစ်ချောင်းကို သယ်ထားလေသည်။ ဖွားဖွားယွင်အား မြင်သဖြင့် ကျောက်ရှုကျီသည် ယွင်ယွီအား နှုတ်ဆက်လိုက်ပြီး “အန်တီယွင်၊ မြို့ပေါ်ကပြန်လာတာလား”

ဖွားဖွားယွင်သည် ပြုံး၍ “ ဟုတ်တယ်၊ မြို့ထဲမှာ လုပ်စရာလေးတစ်ခုရှိလို့” ဟုပြောလိုက်သည်။

ချန်းကွေ့ဇီသည် ယွင်ယွီအား စိုက်ကြည့်နေပြီး ပြုံးကာ “အန်တီ၊ အန်တီရဲ့ယွင်ယွီလေးက တဖြည်းဖြည်း လှလှလာပြီ။ ဘယ်ကံကောင်းတဲ့ကောင်လေးက သူ(မ)ကို လက်ထပ်ရမလဲ မသိပါဘူးရှင်”

“ငါ့ရဲ့ရှောင်းယွင်အာက ငယ်ပါသေးတယ်။ ဒါတွေကို မပြောသေးနဲ့ဦး” ဖွားဖွားယွင်သည် လိမ်မာပါးနပ်စွာ ပြန်ပြောလိုက်သည်။

“ကောလိပ်ကနေတောင် ဘွဲ့ယူလာပြီးပြီပဲရှင်။ ဘယ်လိုလုပ် ငယ်သေးရမှာလဲ။ သူ(မ) အိမ်ထောင်ဖက် ရှာသင့်နေပြီ” ချန်းကွေ့ဇီသည် ယွင်ယွီအား ခနခန အကဲခတ်နေပြီး “အန်တီ၊ ယွင်ယွီက ဘာလို့ အင်ပါယာမြို့တော်မှာ အလုပ်ရှာဖို့မနေဘဲ ဒီကိုပြန်လာရတာလဲ။ အိမ်မှာပဲနေဖို့ စိတ်ကူးနေတာလား”

ဖွားဖွားယွင်သည် “ ရှုကျန်း ဒဏ်ရာရထားတာကို ညည်းတို့သိပြီးသားပါ။ ရှောင်းယွင်အာက စိတ်တအားပြီး အခြေအနေကြည့်ဖို့ အိမ်ပြန်လာတာ” ဟုပြောကာ သူ(မ)သည် အလုပ်ရှာသည့်ကိစ္စနှင့် ပတ်သက်၍ ဘာမှ‌ပြောမသွားချေ။ ဖွားဖွားယွင်သည် ကောင်းကင်ပေါ်သို့ တစ်ချက်မော့ကြည့်လိုက်ပြီး “ရှုကျီ၊ ကွေ့ဇီ မိုးချုပ်နေပြီ။ ညစာချက်ရအုံးမှာမို့ ငါဆက်နေပြီး စကားပြောလို့ မရတော့ဘူး”

ကျောက်ရှုကျီသည် ပြုံးလိုက်ပြီး “အန်တီယွင်၊ အရင်ပြန်နှင့်ပါ”

19 03

ဖွားဖွားယွင်နှင့် ယွင်ယွီတို့ ထွက်သွားသောအခါ ချန်းကွေ့ဇီသည် ကျောက်ရှုကျီအား လက်တို့လိုက်ပြီး မျက်ခုံးပင့်ပြကာ “ဟဲ့၊ နင်ပြောစမ်း။ ယွင်ယွီက အင်ပါယာမြို့တော်ကို အလုပ်ရှာဖို့ မသွားလောက်တော့ဘူးမလား။ ဟုတ်တယ်မလား။ ကောက်စိုက်ရာသီကတည်းက သူ(မ)အိမ်မှာ ဘာလုပ်နေတာလဲ။ အင်ပါယာမြို့တော်က ထိပ်တန်းကျောင်းသူက ရွာမှာ လယ်စိုက်လို့လား”

ကျောက်ရှုကျီသည် မျက်မှောင်ကုတ်လိုက်ပြီး “ တခြားမိသားစုက ကလေးတွေ ဘာလုပ်မယ်ဆိုတာ လိုက်စိတ်ဝင်စားမနေနဲ့။ အလုပ်ပဲရှာရှာ၊ လယ်ထဲမှာပဲလုပ်လုပ် ငါတို့နဲ့ မဆိုင်ဘူး။ ငါတို့ကိစ္စပဲ ငါတို့ပူသင့်တယ်”

ချန်းကွေ့ဇီသည် မျက်ဆံတစ်ချက်ဝေ့လိုက်ပြီး “ ကိစ္စမရှိပါဘူး။ သူတို့မိသားစုကသာ ဒီလိုထိပ်တန်းကျောင်းသူကို တိုက်တွန်းသင့်တာ။ ယွင်လန်က အထက်တန်း အောင်ကတည်းက အလုပ်လုပ်ပြီး ယွင်ယွီကို တက္ကသိုလ်ပို့ပေးတာ။ သူ(မ)သာ အင်ပါယာမြို့တော်မှာ အလုပ်သွားမလုပ်ဘူးဆိုရင်တော့ အဲ့ဒါက အလကား ဖြစ်မသွားဘူးလား။ ငါတော့ အကြီးဆုံးမအတွက် စိတ်တောင်မကောင်းဘူး”

“တော်တော့။ အိမ်မြန်မြန် ပြန်ရအောင်” ကျောက်ရှုကျီသည် အသံခပ်အုပ်အုပ်ဖြင့်‌ ပြောလိုက်သည်။ သူ(မ)သည် သူများအကြောင်း အတင်းအဖျင်း ပြောရသည်ကို မကြိုက်ပေ။

———————————————————————————————————————-

ဖွားဖွားယွင်နှင့် ယွင်ယွီသည် အိမ်ရှေ့သို့ ရောက်သောအခါ ဖွားဖွားယွင်သည် “နောက်နောင်ကျ ချန်းကွေ့ဇီနဲ့ လမ်းမှာတွေ့ရင် ဝေးဝေးက ရှောင်နော်။ သူ(မ)က ပါးစပ်သရမ်းတယ်” ဟုပြောလိုက်သည်။

“သမီးသိပါပြီ၊ ဖွားဖွား”

အိမ်သို့ ရောက်သောအခါ ဖွားဖွားယွင်သည် ထမင်းအိုး တည်လေသည်။ ထို့နောက် သူ(မ)တို့နှစ်ဦးသည် ‌‌ခြောက်ပြီဖြစ်သော ဂျုံများကို သိမ်းခဲ့ကြသည်။ ဖွားဖွားယွင်သည် ဂျုံစေ့နည်းနည်းအား ကောက်ပြီး မြည်းကြည့်လိုက်သည်။ သူ(မ)သည် သက်ပြင်းချလိုက်ပြီး “ဒီနှစ်ဂျုံက တော်တော်လေး မွှေးတယ်။ အကုန်လုံးနီးပါး ခြောက်နေပြီ။ မနက်ဖြန် ထုတ်လှန်းစရာ မလိုတော့ဘူး။ ဖွားဖွားတို့ ခုထည့်သိမ်းလို့ရနေပြီ။ မနက်ဖြန်ကျ ဘန်းမုန့်လုပ်ဖို့ ဂျုံနှစ်အိတ်လောက် ကြိတ်ကြမယ်” ဘန်းမုန့် ရောင်းမည့်လုပ်ငန်းသည် အဆင်ပြေနိုင်မပြေနိုင် သိရရန် သူ(မ)တို့သည် စမ်းရောင်းကြည့်ရမည် ဖြစ်သည်။

ဝူလီသည် ဂျုံကူရိတ်ပေးရန် တစ်ခေါက်ရောက်လာပြန်ပြီး ယွင်အိမ်၌သာ ညစာ စားသွားခဲ့သည်။ သူသည် တော်တော်စားနိုင်သူဖြစ်ပြီး စားနေသည်ကိုလည်း ရပ်မရဖြစ်နေကာ “ ဖွားဖွားယွင်၊ ဖွားဖွားတို့အိမ်က ချက်တာတွေစားပြီးသွားရင် မားမားချက်တာကိုတောင် မစားချင်တော့ဘူး။ ဖွားဖွားတို့သာ ယာတောအိမ် စားသောက်ဆိုင် ဖွင့်မယ်ဆိုရင် ကျွန်တော် နေ့တိုင်းနေ့တိုင်း လာအားပေးလှည့်မယ်”

ယနေ့ခေတ်တွင် မြို့ပေါ်မှ လူချမ်းသာများသည် ရွာမှ လယ်တောအိမ်များတွင် စားသောက်ရသည်ကို သဘောကျကြလေသည်။ အကြောင်းပြချက်တစ်ချက်မှာ သဘာဝအရသာစစ်ကို ခံစားမြည်းစမ်းချင်သောကြောင့်ဖြစ်ပြီး နောက်တစ်ချက်မှာ တောရွာဘဝကို တွေ့ကြုံဖူးချင်၍ ဖြစ်သည်။ သူတို့သည် ဖိအားများမှ ခဏတာ လွတ်မြောက်ရန်နှင့် စိတ်အားအနားပေးရန် သဘာဝရှုခင်းများကို ကြည့်ခြင်းဖြင့် အချိန်ကုန်ဆုံးလေ့ရှိကြသည်။

ယွင်ယွီသည် လယ်တောအိမ်ဖွင့်ရန် ဘယ်သောအခါမှ မစဥ်းစားဖူးပါ။ အကြောင်းမှာ သူ(မ)တွင် ပိုက်ဆံမရှိသောကြောင့် ဖြစ်သည်။ သူ(မ)သည် ရွာထဲ၌ မြေနေရာတစ်နေရာနှင့် အိမ်တစ်လုံးဆောက်ရန် ဆန္ဒရှိပါသည်။ ပိုက်ဆံ သုံးရမည့်နေရာများ အများအပြား ရှိသည့်အတွက် တစ်ဆင့်ချင်းသာသွားရမည် ဖြစ်သည်။

ဖွားဖွားယွင်သည် အပြုံးတစ်ခု ချိတ်ဆွဲလျက် “ မနက်ဖြန်ကျ ဖွားဖွား ဘန်းမုန့်လုပ်မှာ။ ရှောင်းယွီအာကို ပို့ခိုင်းလိုက်မယ်။ ဒီနေ့ကူညီပေးတာ ကျေးဇူးတင်ပါတယ်ကွယ်၊ ရှောင်းလီကျိ” ဟုပြောလိုက်သည်။

“ဒါဆိုလည်း အားမနာတော့ဘူးနော် ဖွားဖွားယွင်”

———————————————————————————————————————-

နောက်တစ်နေ့တွင် ယွင်ရှန်းသည် အိမ်ပြန်လာလေသည်။ ယွင်ယွီသည် သူ့၌ ဒဏ်ရာသစ်များရှိမနေသည့်အတွက် စိတ်အေးသွားပြီး “ကျောင်းက အဲဒီကလေးတွေ မင်းကို ထပ်မနှောင့်ယှက်တော့ဘူးမလား”

19 04

ယွင်ရှန်းသည် ခေါင်းညိတ်လိုက်ပြီး “မမလတ်၊ စိတ်မပူနဲ့တော့။ သူတို့ ကျွန်တော့်ကို မနှောင့်ယှက်ကြတော့ပါဘူး” မနေ့က သူတို့ သူ့အား တောင်းပန်ပြီးကတည်းက သူသည် အတန်းပြန်တက်သောအခါ သူ့အတန်းဖော်များသည် သူ့အား စိတ်ပူနေကြလေသည်။ သူ့တွင် စိုးရိမ်များ ရှိမနေစေရန် သူတို့သည် သူ့အား နောက်နောင်တွင် အဖော်လုပ်ပေးရန် ဆုံးဖြတ်ခဲ့ကြပြီး သူ့အား အဖော်မဲ့မနေခိုင်းကြတော့ချေ။ ရိုးရိုးသားသား ပြောရမည်ဆိုလျှင် အစပိုင်းတွင် သူသည် ထိုကဲ့သို့ ဆက်ဆံရေးများအတွက် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသော်လည်း နောက်ပိုင်းတွင်တော့ အပြောင်းအလဲများကို ခံစားလာရသည်။

“နောက်နောင်ကျ ကျောင်းမှာ အနိုင်ကျင့်ခံရရင် ငါ့ကိုပြောနော်။ ပါးစပ်ပိတ်မနေနဲ့” ယွင်ယွီသည် သူ့ပခုံးအား တစ်ချက်ပုတ်လိုက်ပြီး “ စားဖို့ အိမ်ထဲ သွားကြမယ်။ ပြီးရင် ဖွားဖွားနဲ့ ဂျုံကြိတ်ဖို့ သွားရအုံးမှာ။ မင်းကတော့ အိမ်မှာပဲ စာလုပ်နေခဲ့တော့။ ပြီးရင် အနားယူလိုက်။ လှုပ်လှုပ်ရှားရှားမလုပ်ဘဲ ထိုင်ချည်းပဲ ထိုင်မနေနဲ့”

“မမလတ်၊ ကျွန်တော်သိပါပြီ” ယွင်ရှန်းသည် သူ(မ)နောက်သို့ လိုက်သွားပြီး အခန်းထဲသို့ ဝင်လာလိုက်ကာ ခဏ အကြာတွင် ချိတုံချတုံဖြင့် “ မမလတ်၊ အတိုက်အခိုက်နဲ့ ပတ်သက်ပြီး ဘာတွေသိထားလဲဟင်” ဟုမေးလိုက်သည်။

မမလတ်က အတိုက်အခိုက်ကို ဘယ်လိုသင်ထားတာပါလိမ့်။

ယွင်ယွီသည် “ မင်းရောဘယ်လိုထင်လဲ။ ဒီတိုင်းပဲ စမ်းလုပ်ကြည့်လိုက်တာပါ။ ကောလိပ်တုန်းက တိုက်ကွမ်ဒို အားကစားရုံတစ်ခုမှာ အချိန်ပိုင်း လုပ်ခဲ့တာလေ။ ပြီးတော့ ဆရာတွေသင်နေရင်လည်း ငါက နောက်က လိုက်လုပ်ကြည့်တယ်လေ။ ဒီလောက် အသုံးဝင်မယ်လို့တောင် မထင်ထားဘူး”

ယွင်ရှန်းသည် သူ(မ)စကားများအား ယုံလေသည်။ သူ့အစ်မလတ်သည် ကောလိပ်တုန်က တိုက်ကွမ်ဒိုအားကစားရုံတစ်ခု၌ အချိန်ပိုင်း လုပ်ခဲ့လေသည်။ သူ(မ)သည် အားကစားရုံတွင် အဝတ်အစာများနှင့် ပစ္စည်းများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှုကို တာဝန်ယူရလေသည်။

မနက်စာစားပြီးနောက် ယွင်ယွီနှင့် ဖွားဖွားယွင်သည် ဂျုံကြိတ်ရန် သွားကြလေသည်။ ရွာထဲတွင် ကြိတ်စက်တစ်ခု ရှိလေသည်။ တစ်နာရီမရှိတရှိ ကြာပြီးနောက် သူ(မ)တို့သည် ဂျုံနှစ်အိတ်ဖြင့် ပြန်လာလေသည်။

သူ(မ)တို့ ပြန်လာစဥ်တွင် သစ်သီးဥယျာဥ်မှ သစ်သီးများအား သယ်ရန် ကားမောင်းလာသော တုံးကျန်းဟိုင်နှင့် ဆုံလေသည်။ သူသည် နေ့စဥ်နေ့တိုင်း သစ်သီးတစ်ခြင်း လာသယ်သဖြင့် ဖွားဖွားယွင်သည် မြို့သို့ ဘယ်တော့မှ သွားမရောင်းချေ။ တုံးကျန်းဟိုင်သည် ဖွားဖွားယွင် ပြန်လာသည်ကို တွေ့သောအခါ သူ(မ)အား ယွမ်၅၀၀ပေးလိုက်ပြီး “အန်တီ၊ ဒီနေ့အတွက် သစ်သီးဖိုးပါ။ ကျွန်တော့်အမေက ဒီရက်ပိုင်းမှာ အဖွားရဲ့သစ်သီးတွေ စားပြီးတော့ လမ်းကို နှစ်ခေါက်တောာင် လျှောက်နိုင်လာပြီ” ထိုအရာသည် သူ့အတွက် သတင်းကောင်း ဖြစ်သည်။ ဆရာဝန်သည် သူ(မ) ကိုယ်အင်္ဂါများသည် အသက်ကြီးလာြပီဖြစ်သည့်အတွက် တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာကြောင်း ပြောခဲ့သည်။ သူတို့သည် ဒီရက်ပိုင်းအတွင်း သစ်သီးများစားပြီး လမ်းပြန်လျှောက်လာနိုင်မည်ဟု မထင်ထားကြချေ။

ဖွားဖွားယွင်သည် ပြုံး၍ “လူဆိုတာ အစာပေါ်မှာ မှီခိုနေရတာ။ မင်း များများစားလေလေ မင်းခန္ဓာကိုယ်က သန်မာလာလေလေပဲ။ ဘက်တီးရီးယားပဲဖြစ်ဖြစ် ရောဂါပဲဖြစ်ဖြစ် ခံနိုင်ရည်ရှိလာမှာ” ဟုပြောလိုက်သည်။

“အန်တီ ပြောမှန်လိုက်တာဗျာ” တုံးကျန်းဟိုင်သည် စိတ်ခံစား လွယ်နေလေသည်။

ဖွားဖွားယွင်သည် တုံးကျန်းဟိုင် လိုသလောက် ထည့်ပြီးသည်ကို ကြည့်လိုက်ပြီးသောအခါ စကားပြောရန် သူ့အနား သွားလိုက်ပြီး “ ဘော့စ်တုံး၊ ကျွန်မမှာ ကိစ္စလေးတစ်ခုရှိနေတယ်။ ဒီရက်ပိုင်းအတွင်း မြို့ထဲမှာ ဘန်းမုန့်ဆိုင်လေးဖွင့်ဖို့ ကျွန်မစီစဥ်နေတာ ပြီးတော့ ဘန်းမုန့်ကိုလည်း ခြံကထွက်တဲ့ သစ်သီးတွေပဲသုံးပြီး လုပ်မှာပါ။ နောက်ပိုင်းကျရင် ကျွန်မ ဘော့စ်ကို သစ်သီးတွေ အများကြီး မရောင်းပေးနိုင်လောက်တော့ဘူး။ ဒါပေမဲ့ ဘော့စ်စားချင်တယ်ဆိုရင်တော့ အချိန်မရွေး လာယူလို့ရပါတယ်။ ပိုက်ဆံ ပေးစရာ မလိုပါဘူး” သူ့မိသားစုက တစ်နေ့ကို ဘယ်လောက်များများ စားနိုင်မှာလဲ။ ဒီဘော့စ်တုံးသည် တခြားဆွေမျိုးများကိုပါ ဝေပေးနေသောကြောင့် နေ့တိုင်း တစ်ခြင်းယူနေရခြင်း ဖြစ်သည်။

တုံးကျန်းဟိုင်သည် အံ့အားသင့်သွားသည့်ပုံစံဖြင့် “ အန်တီက မြို့ထဲမှာ ဆိုင်ဖွင့်မလို့လား။ ကောင်းပါတယ်။ နောက်ဆိုရင် ကျွန်တော် နည်းနည်းပဲယူပါ့မယ်။ ကျွန်တော့်ညီတွေ ညီမတွေကို မပေးတော့ဘူး။ မားမားအတွက် စားလောက်ရင်ရပြီ။ ဘန်းမုန့်ဆိုင်ကို ဘယ်နားမှာဖွင့်ဖို့ စီစဥ်ထားလဲဗျ။ ကျွန်တော် လာအားပေးလှည့်မယ်” သူ(မ)စိုက်ပျိုးထားသော သစ်သီးသစ်ရွက်များသည် အလွန်အရသာရှိလှ၏။ ဘန်းမုန့်သည်လည်း အရသာရှိမည်မှာ မလွဲပေ။

ဖွားဖွားယွင်သည် အပြုံးဖြင့် “မစီစဥ်ရသေးပါဘူး။ အရင်စမ်းလုပ်ကြည့်ဖို့ပဲ စီစဥ်ထားတာပါ။ မဆိုးဘူးဆိုရင်တော့ မြို့ကိုသွားပြီး ဆိုင်ခန်းလေးရှာမလို့” ဟုပြောလိုက်သည်။

19 05

တုံးကျန်းဟိုင်သည် ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး “ကောင်းပါတယ်၊ အိမ်ပြန်ရောက်ရင် ကျွန်တော်လည်း ရှာကြည့်ပေးထားပါ့မယ်။ ဆိုင်ကောင်းကောင်းတွေ့ရင် အန်တီကို သွားကြည့်ဖို့ ပြောပေးပါ့မယ်”

“ကျေးဇူးတင်ပါတယ် ဘော့စ်တုံး” ဖွားဖွားယွင်သည် သူ့အား ‌‌‌ကျေးဇူးတင်စကား ပြောလိုက်သည်။

တုံးကျန်ဟိုင်သည် အပြန်တွင် ခြံထဲ၌ ကြိတ်ထားသော ဂျုံမှုန့်များကို တွေ့လိုက်ရသည်။ ဂျုံမှုန့်၏ အနံ့မွှေးမွှေးသည် လေနှင့်အတူပါလာပြီး သူသည်လည်း ဖွားဖွားယွင်အား ဂျုံမှုန့်များသည်‌ ရောင်းရန်အတွက်လားဟု မမေးမိအောင် မနည်းထိန်းထားလိုက်ရသည်။

ယွင်မိသားစုသည် အလုပ်များနေကြသည့်အတွက် သစ်သီးများကို ယူပြီးသာ ပြန်လာခဲ့လိုက်သည်။

ညနေခင်းတွင် ဖွားဖွားယွင်သည် လတ်လတ်ဆတ်ဆတ် ဂျုံမှုန့်များကို သုံး၍ ဘန်းမုန့်အား ပေါင်းလေသည်။ သူ(မ)တို့သည် သက်သက်လွတ်အစာပလာများကိုသာ ထည့်လုပ်လေသည်။ ကြက်သွန်မြိတ်နှင့် ကြက်ဥဖြင့်လုပ်သော ဘန်းမုန့်၊ ဂေါ်ဖီနှင့် လုပ်‌သော ဘန်းမုန့်၊ ခရမ်းသီးနှင့်လုပ်သော ဘန်းမုန့် စသည်ဖြင့် အမျိုးမျိုးလုပ်လေသည်။ ပေါင်းသည့် ဘန်းမုန့်အားလုံးသည် အလွှာပါးပါး အစာများများနှင့် ဖြစ်သည်။ ဖွားဖွားယွင်၏ အထူးဟင်းခတ် အမွှေးအကြိုင်အ‌ရောကြောင့် အရသာသည် အလွန်ကောင်းလှပြီး ခေါက်ဆွဲသည်လည်း မွှေးကြိုင်လှကာ အစာပလာများသည်လည်း နူးအိနေလေသည်။ ယွင်ရှန်းသည် အိမ်ထဲမှ ပန်းကန်တစ်လုံးယူပြီး ဖွားဖွားယွင်အား ပေးလိုက်သည်။ ယွင်ယွီသည် ဝူလီတို့မိသားစုအား သွားပေးရန် ဘန်းမန့်များ ထည့်ထားသော ပလတ်စတစ်အိတ်တစ်လုံးအား လက်တစ်ဖက်မှ ကိုင်ထားလေသည်။ သူသည် သူ(မ)တို့အား ဂျုံပင်များရိတ်သိမ်းရန် အတော်ကူညီပေးထားလေသည်။

ဝူအိမ်သို့ ဘန်းမုန့်များ သွားပို့ရာ ဝူတာ့ရှန်းသည် အိမ်၌ ရှိနေပြီး ခြံထဲ၌ ထိုက်ကာ ခေါက်ဆွဲအေးများကို စားနေလေသည်။ အသံကြားသဖြင့် သူသည် လှည့်ကြည့်လိုက်သည်။ ယွင်ယွီမှန်း သိသွားသောအခါ မတ်တပ်ထရပ်မိသွားလေသည်။ သူ ဘာကြောင့် မတ်တပ်ထရပ်လိုက်မိမှန်း သူကိုယ်တိုင်လည်း မသိချေ။

ယွင်ယွီသည် “ ဦးလေးဝူ၊ ကျွန်မဖွားဖွားက ဘန်းမုန့်လုပ်လို့ လာပို့တာပါ။ ဝူလီ အိမ်မှာရှိလားရှင်” ဟု အရင်စကားစပြောလိုက်သည်။

ဝူတာ့ရှန်းသည် “ဝူလီ ဆင်းလာခဲ့အုံး” ဟု အပေါ်ထပ်သို့ လှမ်းအော်လိုက်သည်။

ဝူလီသည် အမြန်ပြေးဆင်းလာလေသည်။ ယွင်ယွီအား မြင်သောအခါ ပြုံးဖြဲဖြဲလုပ်ကာ “ ငါအပေါ်ထပ်ကတည်းက ကြားနေတာ။ ဒါဖွားဖွားယွင်လုပ်တဲ့ ဘန်းမုန့်တွေလား။ ဟီးဟီး ဒီမုန့်ကို‌ စောင့်နေတာနဲ့ ငါဘာမှတောင် မစားရသေးဘူး” ဟုပြောလိုက်သည်။

ယွင်ယွီသည် ဘန်းမုန့်များအား သူ့လက်ထဲသို့ ထည့်ပေးလိုက်ပြီး “ ဒါဆို စားလိုက်တော့ ။ ငါ ပြန်တော့မယ်”

ယွင်ယွီ ပြန်သွားပြီးနောက် ဝူလီသည် စိတ်လှုပ်ရှားစွာဖြင့် ဘန်းမုန့်တစ်ခုအား ထုတ်ကာ ခပ်ကြီးကြီး တစ်ချက်ကိုက်ကြည့်လိုက်ရာ အားရကျေနပ်သွားသည့်ဟန်ဖြင့် မျက်စိပေါက်များ ပိတ်သွားလေသည်။ ဝူတာ့ရှန်းသည် သူ့မျက်နှာအား ဆက်မကြည့်ချင်တော့ဟန်ဖြင့် တစ်ချက် လှမ်းကန်လိုက်ပြီး “မင်းမျက်နှာက ဘာပုံစံတွေ လုပ်ပြနေတာလဲ။ ဘန်းမုန့်လေးတစ်ခု စားတာပဲမလား။ နတ်ပြည်‌ရောက်သွားသလို လာလုပ်ပြနေတယ်။ ဗိုက်ပြည့်သွားရုံကလွဲပြီး အရသာကဘာမှထူးခြားတာလဲမဟုတ်ပဲနဲ့” သူသည် ဘန်းမုန့်ပေါင်းသသည် အလွန်အရသာရှိသည်ဆိုတာကို မယုံပေ။

ဝူလီချိုင်သည် သူ့အဖေ ပြောနေသည်များကို ဂရုစိုက်မနေချေ။ သူသည် ဘန်းမုန့်အား နှစ်ကိုက် သုံးကိုက်ဖြင့်သာ ကုန်အောင် စားလိုက်ပြီး ဝူတာ့ရှန်းအား စားအုံးမလားဟု မေးလိုက်သည်။ ဝူတာ့ရှန်းသည် ထိုမိန်းကလေးငယ် လာပေးသွားသည်ကို သိပ်မစားချင်သဖြင့် စဥ်းစားနေလေသည်။

“ပါးပါး၊ မစားဘူးဆိုရင် သား မီးဖိုချောင်ထဲ သွားသိမ်းလိုက်တော့မယ်။ ပြီးမှ မားမာစားလိမ့်မယ်။ ဒီမုန့်တွေ တော်တော်အရသာရှိတယ်” ဝူလီသည် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး စားပွဲပေါ်၌ တင်ထားခဲ့ကာ အပေါ်ထပ်သို့ သုံးလှမ်းထဲနှင့် ခုန်ကျော်တက်သွားခဲ့သည်။

ဝူတာ့ရှန်းသည် ခေါက်ဆွဲစားပြီးသွားသည့်နောက် ပန်းကန်လုံးခွံအား မီးဖိုချောင်ထဲသို့ ပြန်ယူလာချိန်တွင် စားပွဲပေါ်မှ ဘန်းမုန့်များအား တွေ့သွားလေသည်။ သူသည် အလွန်မွှေးနေသော အနံ့ကြောင့် ဆက်တင်းမထားနိုင်တော့ချေ။ သူသည် မုန့်တစ်ခုယူပြီး တစ်ကိုက်ကိုက်ကြည့်လိုက်သောအခါ အနည်းငယ် အံ့ဩသွားသည်။ ထို့နောက် သူသည်လည်း ဝူလီအတိုင်းပဲ နှစ်ကိုက် သုံးကိုက်ဖြင့် ကုန်အောင်စားလိုက်ပြီး တစ်ခုပြီးတစ်ခု ယူစားလေတော့သည်။

အန်တီထျန်း အိမ်ထဲသို့ ဝင်လာသောအခါ သူ(မ)ယောကျာ်းသည် စားပွဲ၌ ထိုင်ပြီး ဘန်းမုန့်များ စားနေသည်ကို တွေ့လိုက်ရသည်။

19 06

တနင်္လာနေ့ကျောင်းဖွင့်သောအခါ ယွင်ရှန်းသည် ကျောင်းသို့ ပြန်သွားလေသည်။ ယွင်ယွီသည် ဖွားဖွားယွင်အား ဘန်းမုန့် ကူပေါင်းပေးရန် မနက်စောစော ထလိုက်သည်။ ညက်ပြီးသားဂျုံမှုန့်များကို ညကတည်းက အချဥ်‌ဖောက်ထားပြီးဖြစ်ပြီး သွပ်ရမည့်အစာမျာကိုလည်း မနက်စောစောတည်းက ဖွားဖွားယွင်သည် ပြင်ပြီးဖြစ်သည်။ ယွင်ယွီသည်လည်း ကြိုးစား၍ ဘန်းမုန့်နှစ်ခု လုပ်ကြည့်လိုက်ရာ သူ(မ)လုပ်လိုက်သော မုန့်များသည် အတော်လေးကို ရုပ်ဆိုးနေလေသည်။ ဖွားဖွားယွင်သည်သူ(မ)မုန့်များအား မြင်သွားပြီးနောက် ပြုံး၍ “ဖွားဖွားလုပ်လိုက်မယ်။ ရှောင်းယွီအာက ဥယျာဥ်ထဲမှာ အပင်တွေကို ရေသွားလောက်ချေ။ ပြီးရင် လမ်းလျှောက်ထွက်လို့ရပြီ”

ယွင်ယွီသည် သူ(မ)အား ကူညီပေးတတ်မည် မဟုတ်ချေ။ ထို့ကြောင့် အပင်များ ရေလောင်းရန်သာ ထွက်လာလိုက်သည်။ သူ(မ)သည် တံတိုင်းပေါ်သို့ နွယ်တက်နေသော ခြံထောင့်ရှိ နှင်းဆီပင်များကိုလည်း ရေလောင်းလိုက်သည်။ တစ်ပတ်အတွင်းမှာပင် နှင်းဆီကိုင်းများသည် တံတိုင်းတစ်ဝက်အထိ နွယ်တက်သွားလေပြီ။

အိမ်၌ ဘာမှလုပ်စရာမရှိပေ။ ထို့ကြောင့် သူ(မ) လယ်ကွင်းဘက်သို့ ထွက်လာလိုက်သည်။

နောက်တစ်လ နှစ်လလောက်အထိ ကောက်ပဲသီးနှံများသည် အပင်ပေါက်လာမည် မဟုတ်သေးသဖြင့် လယ်ယာအလုပ်များ လုပ်စရာမလိုသေးပေ။

ချန်းရွှေမြို့သည် အပူလျော့ပိုင်းဒေသတွင်ရှိသဖြင့် မုတ်သုံရာသီဥတုရှိပြီး မိုးမကြာမကြာ ရွာတတ်ပြီး နေလဲအတော်သာသည်။ ကောက်ပဲသီးနှံများကို တစ်နှစ်တွင်နှစ်ကြိမ် ရိတ်သိမ်းကြရသည်။

ယွင်မိသားစု၏ လယ်ကွက်များတွင် ဧပြီလ၌ စပါးများကို မျိုးကြဲပြီး မေလတွင် အစားသွင်းစိုက်ပျိုးလေ့ရှိသည်။ ထို့ကြောင့် လယ်ကွက်ထဲတွင် စပါးပင်ပေါက်လေးများ ရှိနေလေသည်။ ထိုစပါးများကို ဇူလိုင်လနှောင်းပိုင်းမှသာ ရိတ်သိမ်းရပြီး နောက်မှသာ ဒုတိယတစ်ကြိမ် ပြန်စိုက်ကြသည်။

ယွင်ယွီသည် ဝိညာဥ်စိမ့်စမ်းရေအား လောင်းရန် သူ(မ)မိသားစုပိုင် လယ်ကွက်သို့ သွားလိုက်သည်။ လယ်ကွက်ထဲတွင် ရေများရှိနေသဖြင့် ဝိညာဥ်စိမ့်စမ်းရေအား ရောပေးရန် မလိုတော့ချေ။

စပါးခင်းများကို သွားပြီးနောက် ယွင်ယွီသည် သူ(မ)၏ အဖိုးအကြီးဆုံးချန်ခဲ့သော မက်မွန်ခြံကို သွားလိုက်သည်။ မက်မွန်ခြံထဲတွင် စိုက်ထားသော မက်မွန်သီးများသည် ဇူလိုင်လနှင့် ဩဂုတ်လတွင်သာ ရင့်မှည့်နိုင်သော အလယ်အလတ်မှည့်ချိန်ရှိသည့် မျိုးများဖြစ်သည်။ မက်မွန်းသီးများသည် တော်တော် ကြီးထွားလာပြီဖြစ်ပြီး တချို့မှာမူ အခွံအနီရောင်သန်းနေလေပြီ။ သူ(မ)သည် တစ်လုံးယူလိုက်ပြီး မစားခင် ရေအရင်ဆေးလိုက်သည်။ မာကြွပ်ပြီး ချိုမြနေလေသည်။

ဖရဲခင်းထဲမှ ဖရဲသီးများသည်လည်း အတော်ကြီးထွားနေပြီ ဖြစ်သည်။နောက်ထပ် ရက်နည်းနည်းကျလျှင် စားလို့ရတော့မည်ထင်သည်။ ဒီဖရဲသီးများသည်လည်း အလယ်အလတ်မှည့်ချိန်ရှိသည့် မျိုးများဖြစ်သည်။

ယွင်ယွီသည် သစ်သီးခင်းထဲမှ မြက်ပင် ပေါင်းပင်များကို နှုတ်ရန် ဆုံးဖြတ်လိုက်သည်။ နေ့လည်ခင်းမှသာ သူ(မ)ပြန်လာခဲ့သည်။ ဖွားဖွားယွင်သည် ဘန်းမုန့်များကို ပေါင်းပြီးနေလေပြီ။ ယွင်ယွီနှင့် မားမားယွင်စားရန် နေ့လည်စာ လုပ်ပေးသွားပြီး ဖွားဖွားယွင်သည် သုံးဘီးဆိုင်ကယ်တစ်စီးဖြင့် အပူခံပြားပါသော ကပ်ထူပုံးထဲကို ဘန်းမုန့်များထည့်ကာ မြို့ကို ထွက်လာခဲ့လေသည်။ သန့်ရှင်းပြီး အဝတ်စဖြင့် ဖုံးထားလေသည်။

မမျှော်လင့်ထားစွာနှင့်ပင် ဖွားဖွားယွင်သည် နှစ်နာရီပင် မကြာလိုက်ဘဲ ပြန်ရောက်လာလေသည်။ ဘန်းမုန့်ပုံးတစ်ခုလုံးသည် ပြောင်ရှင်းနေလေသည်။ ယွင်ယွီသည် သူ(မ)အဖွားအား ဘန်းမုန့်စျေးကို အရင်ပြောပြလိုက်သည်။ သက်သက်လွတ်ဘန်းမုန့်သည် တစ်ခုကို တစ်ယွမ် ကျသင့်သည်။ ဒီတစ်ကြိမ်တွင် သူ(မ)တို့သည် အသားဘန်းမုန့် မလုပ်ခဲ့ချေ။ သူ(မ)တို့သာ လုပ်ခဲ့ပါက တစ်ခုကို ၂ယွမ်ကျမည် ဖြစ်သည်။

တခြားနည်းလမ်း မရှိပါ။ သူ(မ)တို့မိသားစုလုပ်သော ဘန်းမုန့်သည် အလွှာပါးပါး အစာများများ ဖြစ်သည်။ ထိုအရာသည် နူးအိပြီး ဖောင်းဖောင်းပွပွလေးဖြစ်ကာ မွှေးကြိုင်လှသည်။ တခြားဘန်းမုန့်များနှင့် မတူသဖြင့် တစ်ခုကို ၅၀ဆင့်နှင့် ရောင်းရသည်မှာ မတန်ချေ။

ဖွားဖွားယွင်သည် အိမ်ရောက်သောအခါ အနည်းငယ် မူးဝေနေလေသည်။ သူ(မ)သည် ယွင်ယွီအား “ဖွား ဂျူနီယာအထက်တန်း ကျောင်းပေါက်ကိုရောက်တော့ မိဘတော်တော်များများက သူတို့ကလေးတွေကို စားစရာတွေ လာပို့နေကြတာ” ဟု ပြောလိုက်သည်။

သူ(မ)တို့မြို့တွင် ဂျူနီယာအထက်တန်းကျောင်းများစွာ ရှိသည်။ ပုံမှန်အားဖြင့် ဂျူနီယာအထက်တန်းကျောင်းသားများသည် အဆောင်မနေရပေ။ နေ့လည်စာကို ကျောင်း၌ စားကြပြီး ညနေခင်း၌ အိမ်ပြန်ကြရသည်။ မိဘများသည် သူတို့ကလေးများ အာဟာရရှိရှိ မစားရမည်ကို စိုးရိမ်ကြသဖြင့် နေ့လည်ခင်းတွင် ထမင်းချိုင့်လာပို့ပေးကြသည်။ ထိုကြောင့် ကျောင်းဂိတ်ဝသည် နေ့လည်ခင်းတွင် လူကြပ်နေလေ့ရှိသည်။ အစားအစာများရောင်းနေသော ပျံကျဈေးသည်များရှိပြီး ဖွားဖွားယွင်သည်လည်း ထောင့်နားတွင် တိုးဝှေ့နေခဲ့သည်။

19 07

ကလေးအများစုသည် အလိုလိုက် ခံထားကြရသည်။ မိဘများက အစားအစာများ ယူလာပေးသည်ကိုတောင် မစားကြဘဲ တခြားဟာကိုသာ ဝယ်စားချင်ကြသည်။

ဆီကြော်မုန့်များ အများအပြား ရောင်းနေကြပြီး မိဘတစ်ဦးသည် သူ့ကလေးအား ထိုအရာကို ဝယ်မစား‌စေချင်ပေ။ သူသည် နည်းနည်းလောက် ပတ်ရှာပြီးနောက် ဖွားဖွားယွင်၏ ဘန်းမုန့်ပေါင်းများကို မြင်သွားလေသည်။ မုန့်များသည် ဖြူစွတ် ဝိုင်းစက်နေလေသဖြင့် သူသည် စျေးမေးလိုက်သည်။ တစ်ယွမ်သည် တခြားဘန်းမုန့်များနှင့် ယှဥ်လျှင် စျေးကြီးသော်လည်း ဖွားဖွားယွင်၏ ဘန်းမုန့်များသည် စားချင်စရာကောင်းလှသည်။ ထို့ကြောင့် သူသည် သူ့ကလေးအတွက် နှစ်ခု ဝယ်သွားခဲ့သည်။ စစချင်းတွင်တော့ ကလေးသည် မစားဘူးဟု ငြင်းနေသော်လည်း နောက်ပိုင်းတွင် သူ့အဖေဆီမှ အဆူခံရပြီး လက်ထဲသို့ ထည့်ပေးခံလိုက်ရသည်။

ကလေးသည် အရသာအား မမြည်းမီက အထင်သေးဟန် ရှိနေသော်လည်း မြည်းကြည့်ပြီးနောက်တွင် အငမ်းမရစားနေပြီး ထပ်ဝယ်ပေးရန် သူ့အဖေအား ပြောလိုက်သည်။

အဖေဖြစ်သူသည် ခပ်တိုးတိုးဖြင့် “အရမ်းကောင်းလို့လား” ကလေးသည် ခေါင်းညိတ်ပြလိုက်ပြီး “ပါးပါး သွားပြီး ထပ်ဝယ်ပေးအုံး။ အရမ်းအရသာရှိတာပဲ”

ထိုလူသည် ထပ်ဝယ်လိုက်ပြီး သူသည်လည်း တစ်ခုမြည့်ကြည့်လိုက်ရာ မယုံနိုင်ဟန်ဖြင့် “ ဒီဘန်းမုန့်က တော်တော်ကောင်းတာပဲ” အထဲထဲမှ ကြက်သွန်မြိတ်နှင့် ကြက်ဥများသည် လတ်ဆတ်ပြီး နူးညံ့နေကာ မွှေးကြိုင်လွန်းလှသည်။ အားရစရာအလွန်ကောင်းပေသည်။ ထိုလူသည် ထပ်သွားပြီး များများဝယ်ကာ ညမှ ပြန်နွှေးစားမည်ဟု တွေးထားခဲ့သည်။

လူတိုင်းသည် စိတ်ဝင်စားသွားကြပြီး မဝယ်ဘဲမနေနိင်လောက်အောင် ဖြစ်သွားကြသည်။ သူတို့ မြည်းကြည့်လိုက်သောအခါ ပြန်လာပြီး အများအပြားထပ်ဝယ်ကြလေသည်။

ဆယ်မိနစ်အတွင်းပင် ဖွားဖွားယွင်၏ ဘန်းမုန့်များသည် ရောင်းကုန်သွားလေသည်။ လူတစ်ယောက်မှ သူ(မ)အား မနက်ဖြန် လာရောင်းအုံးမည်လားဟု မေးခဲ့သည်။ သူ(မ)သည် ‌ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး ဘန်းမုန့်ဆိုင်ဖွင့်ရန် အစီအစဥ်ရှိသဖြင့် လာဖြစ်မည်မဟုတ်ဟု ပြောခဲ့သည်။

အစပိုင်းတွင် ဖွားဖွားယွင်သည် ယုံကြည်ချက် မရှိသော်လည်း ယခုမူ သူ(မ)တွင် ယုံကြည်ချက်အပြည့် ရှိနေလေပြီ။ သူ(မ)သည် မြို့ထဲ၌ ယွင်ယွီအား ဆိုင်ခန်း ရှာခိုင်းလိုက်တော့သည်။

မြို့ထဲတွင် ငှား၍ရသော ဆိုင်ခန်းတော်တော်များများ ရှိလေသည်။ ဖွားဖွားယွင်သည် တော်တော်များများ ရွေးပြသော်လည်း ယွင်ယွီသည် ဖုန်းရွှေ မကောင်းသေးဘူးဟုပြောကာ လက်မခံချေ။

******

All Chapters