အခန်း ၂၃
Vol. 3 Ch. 23
23 01
အပိုင်း (၂၃)
သံလိုက်အိမ်မြှောင် ကိုင်ထားသော လူငယ်မှာ စုန့်ချန်းမင်ဟုခေါ်ပြီး ကွေ့ယွမ်ဂိုဏ်း၏ ၂၈ယောက်မြောက် မျိုးဆက်ဖြစ်လေသည်။ သူသည် အတော်လေး ဉာဏ်ကောင်းပြီး ပုံဖော်မှု ကောင်းလေသည်။ ထို့ကြောင့် အင်ပါယာမြို့တော်မှ လူများသည် သူ့အား ဒီအခေါက်၌ ကြည့်ပေးရန် လွှတ်လိုက်ခြင်းဖြစ်သည်။
ရွှမ်းမန့်(ရုပ်လွန်ပညာရပ်)မှ လူများသည် အရည်အချင်း အနည်းငယ်ပဲရှိစေကာမူ အခြားလူများ၏ လေးစားခြင်းကို အများအပြား ခံရလေသည်။ ကွေ့ယွမ်ဂိုဏ်းသည်လည်း အင်ပါယာမြို့တော်တွင် အရည်အချင်းပြည့်မှီသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်လေသည်။ ထို့ကြောင့် သူသည် အမြဲတစေ မြှောက်ပင့်ခံရလေသည်။ ဒီလိုမေးခွန်းမျိုး ဘယ်တုန်းက ကြုံဖူးပါမည်နည်း။ ထို့အပြင် ထိုသို့မေးသောသူသည်လည်း မိန်းကလေးငယ်လေးတစ်ယောက် ဖြစ်နေလေသည်။ သူ(မ)သည် ရိုင်းရိုင်းစိုင်းစိုင်း ပေါက်လွှတ်ပဲစားပြောပြီး သူ(မ)တွင် အရည်အချင်း ပြည့်မှီသည်ဟုပင် ပြောရဲနေသေးလေသည်။ ဒီလောက်ငယ်ငယ်လေးနဲ့ လူလိမ် ဖြစ်ဖို့ကလွဲလို့ ဘာများ ရှိနိုင်ပါအုံးမလဲ။
သူသည် စိတ်ပျက်သွားကာ “ ဒါဘယ်လိုနေရာလဲဆိုတာ မင်းသိလား။ ဒါ မင်း လူတွေကို လိမ်ချင်တိုင်း လိမ်လို့ရတဲ့ နေရာမဟုတ်ဘူး။ သတိတစ်ချက် လွတ်လိုက်ရင်ကို သေသွားနိုင်တယ်ဆိုလား သိလားဟမ်” ဟု အော်ငေါက်လေသည်။ သူ စကားပြောနေတုန်း၌ပင် သူ့လက်ထဲမှ သံလိုက်အိမ်မြှောင်၏လက်တံသည် ရုတ်တရက် ပတ်ချာထလည် လေသည်။ သူ့မျက်နှာသည် ဖြူစုတ်သွားပြီး ရန်ဖုကွေ့အား ကာကွယ်ရန် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရလေသည်။
“ဒီနေရာမှာ တစ်ခုခုတော့ လွဲနေပြီ။ မင်းတို့အားလုံး နောက်ဆုတ်နေကြ။ ငါအထဲဝင်ပြီး ကြည့်လိုက်မယ်”
ယွင်ယွီသည် သူ့အား ဂရုစိုက်မနေချေ။ ဒီအလုပ်ပြီးသွားလျှင် သူ(မ)ဘာသာသူ(မ) ရွာပြန်ပြီး ဂျုံစိုက်၍ အေးဆေးနေမည် ဖြစ်သည်။ မဟုတ်လျှင် သူတို့သည် ဘန်းမုန့်ဆိုင်၌သုံးမည့် ဂျုံမှုန့်ကိုပင် မစီမံတတ်ကြပေ။
သူ(မ)သည် သူ(မ)အိတ်ထဲမှ အဆောင်အား ထုတ်လိုက်ပြီး အချိန်မရွေး ဖြစ်လာနိုင်သည့် လျှပ်တပြက် အခြေအနေများကို ရင်ဆိုင်ရန် လက်ထဲ၌ ကိုင်ထားလိုက်လေသည်။ သူ(မ) မျက်စိဖြင့် လိုက်လံကြည့်လိုက်သောအခါ လေထုထဲ၌ မကောင်းစွမ်းအင်များ အပြည့်ဖြစ်နေလေသည်။ အထဲသို့ သူ(မ) ပိုလျှောက်လာလေလေ မကောင်းစွမ်းအင်သည် ပိုပြင်းလာလေလေ ဖြစ်သည်။
“ခဏနေအုံး” စုန့်ချန်းမင်းသည် သူ့ရှေ့မှ မိန်းကလေး ထိခိုက်သွားမည်ကို စိတ်ပူလျက် သူသည် အလွန်အမင်း စိုးရိမ်နေလေသည်။ သူသည် သံလိုက်အိမ်မြှောင်အား ကိုင်လျက် ဖြူစုတ်နေသော မျက်နှာများဖြင့် ရန်ဖုကွေ့နှင့် ယန်မင်ခမ်းအား ထိုနေရာ၌ပင် ထားခဲ့ကာ လိုက်လာလေသည်။ သူတို့၂ယောက် သာမန်လူများ ဖြစ်နေသည်ကိုတောင်မှ ထိုနေရာ၌ ရပ်နေခြင်းနှင့်ပင် လေများတိုက်ခတ်နေသဖြင့် သူတို့ဦးရေပြားများ ထုံထိုင်းနေလေသည်။
ယွင်ယွီသည် သူ့အား စောင့်မနေချေ။ သူ(မ)တွင် အချိန်အကန့်အသတ် ရှိပေသည်။ မည်သို့ဖြစ်ပေါ်မှုမျိုး ရှိနေသည်ကို သိရှိရန် မကောင်းစွမ်းအင်၏ အဆိုးဆုံးမွန်းကြပ်မှုသည် မည်သည့်နေရာ၌ ရှိသည်ကို သူ(မ)သိချင်လေသည်။
ဒီဆောက်လုပ်ရေးဆိုက်သည် ဧကပေါင်းရာနှင့်ချီ၍ ကျယ်ပြီး တောင်အောက်ခြေအနားသို့ ရောက်သွားလေလေ မိစ္ဆာစွမ်းအင်သည် အားကောင်းလာလေလေ ဖြစ်လေသည်။
စုန့်ချန်းမင်းသည် ယွင်ယွီအား မှီလာခဲ့ပြီး သူ(မ)အား “မင်း ဒီမှာ ဘာလာလုပ်နေတာလဲ။ မင်း စနောက်စရာ တစ်ခုခုလို့ ထင်နေတာလား။ မင်းလို မိန်းကလေးငယ်ငယ်လေးက ဘာသိမှာလဲ။ ဒီနေရာက အရမ်း အန္တရာယ်များတယ်” ဟု အပြစ်တင်စကား ပြောပြန်သည်။ သူသည် သူ၏ဆရာဖြင့် ၁၀နှစ်ကျော်ကြာ လေ့ကျင့်လာခဲ့ခြင်းဖြစ်သည်။ သူ့ယခုလက်ရှိအဆင့်ဖြင့် သူ့ဘေးပတ်လည်ရှိ မိစ္ဆာစွမ်းအင်များနှင့် ယင်ဓာတ်မျာကိုသာ ခံစားနိုင်လေသည်။ ဖြစ်ပေါ်မှု၏ ဗဟိုချက်အား သိရှိလိုလျှင် သူသည် သံလိုက်အိမ်မြှောင်အား သုံးရမည်ဖြစ်သည်။ ယခုမူ သံလိုက်အိမ်မြှောင်သည် သုံးမရတော့သဖြင့် ဘာလုပ်ရမှန်း သူ မသိပေ။
23 02
ယွင်ယွီသည် မိစ္ဆာစွမ်းအင်များ၏ ရိုက်ခတ်မှုကြောင့် သူအဆင်မပြေမှန်း တွေ့သွားလေသည်။ ခုထိ လိုက်ဝင်ချင်နေတုန်းလား။ သူ(မ)သည် အဆောင်တစ်ခုအား ထုတ်လိုက်ပြီး သူ့အား ပေးလိုက်လေသည်။ ချန်မင်သည် ထိုအဆောင်အား ယူလိုက်သည်နှင့် မိစ္ဆာဓာတ်များ၏ ဖိအားသည် ချက်ချင်းပင် လွင့်ပျောက်သွားကြောင်း ခံစားလိုက်ရလေသည်။ သူ့မျက်နှာ၌ ထူးဆန်းသွားသော အမူအရာဖြင့် သူသည် “မင်းရဲ့ဆရာက ဘယ်သူလဲ။ ဒီဖြစ်ပေါ်မှုကို ဖျက်ဆီးဖို့ မင်းကို သူက အဆောင်တွေ အများကြီး ပေးလိုက်တာလား။ င့ါအထင်တော့ ဒီဖြစ်ပေါ်မှုက တော်တော်လေး အန္တရာယ် ပေးနိုင်လောက်တယ်။ နောက်ပြီး ဖြစ်ပေါ်မှုရဲ့ ဗဟိုချက်ကို ကျုပ်တို့ ရှာကိုရှာရမှာပဲ။ မင်း သံလိုက်အိမ်မြှောင် ယူခဲ့လား။ အဲ့ဒါမပါရင် ဗဟိုချက်ကို မင်းဘယ်လိုရှာမှာလဲ”
“စကားများလိုက်တာ” ယွင်ယွီသည် မျက်မှောင်ကြုတ်ထားကာ “ကျွန်မကို မနှောင့်ယှက်နဲ့။ ကျွန်မ အခု အဲ့ဒါကို ရှာနေတာ”
သူ(မ) ထိုဖြစ်ပေါ်မှုသည် မည်သည့်အမျိုးအစားဖြစ်သည်ကို သိနိုင်ရန် အခွင့်ကောင်းကို ရှာကိုရှာရမည်ဖြစ်သည်။
စုန့်ချန်မင်းသည် သူ့ထက်အငယ်ဆီမှ ဒုတိယအကြိမ် ပညာပေးခံလိုက်ရသဖြင့် သူ့မျက်နှာ၌ မခံမရပ်နိုင်ဖြစ်မှုများ ပေါ်လာလေသည်။ သူထွက်သွားလိုက်ချင်သော်လည်း ဒီကလေးမလေး အန္တရာယ်ဖြစ်သွားမည်ကို စိတ်ပူနေလေသည်။
ကွေ့ယွမ်ဂိုဏ်း၏ ရည်ရွယ်ချက်သည် မိစ္ဆာဝိညာဥ်များအား နှင်ထုတ်ရန်နှင့် လူများအား ကယ်တင်ရန် ဖြစ်သည်။
ထိုမိန်းကလေးငယ် အထဲသို့ ဆက်လျှောက်နေသည်ကို ကြည့်ကာ စုန့်ချန်းမင်သည် မမေးဘဲ မနေနိုင်တော့ဘဲ “ မင်း ဘယ်ကိုသွားနေတာလဲ။ ဒီအဆောင်က မင်းဆရာ ရေးဖွဲ့ထားတာလား။ အကျိုးရလဒ်က ငါ့ဆရာရေးဖွဲ့တာထက်တောင် ကောင်းနေတယ်”
ယွင်ယွီသည် သူ့အား လျစ်လျူရှု ထားလေသည်။ သူ(မ)တို့၂ဦး ၁၀မိနစ်လောက် ဆက်လျှောက်လာပြီးနောက် တောင်ခြေသို့ ရောက်သွားလေသည်။ ထိုအနီးတစ်ဝိုက်၌ မိစ္ဆာစွမ်းအင်များ အပြည့်ဖြစ်နေလေသည်။ ယွင်ယွီသည် တောင်ထိပ်သို့ ဆက်တက်လာရာ စုန့််ချန်းမင်းသည်လည်း လိုက်လာလေသည်။ ထိုကလေးမလေး ဘာလုပ်ချင်နေမှန်း သူ မခန့်မှန်းတတ်ပေ။ သူ(မ)အသက်အရွယ်လေးနှင့် ယခုကဲ့သို့ဖြစ်ပေါ်မှုမျိုးအား ဖျက်ဆီးနိုင်ဖို့ လုံးဝမဖြစ်နိုင်ချေ။
သူ(မ)က အခြေအနေကို စုံစမ်းပြီး အိမ်မှာရှိတဲ့ အကြီးတစ်ယောက်ကို တင်ပြဖို့ စီစဥ်နေတာလား။ နောက်ပြီးတော့ လက်ထဲမှာ အဆောင်စက္ကူတွေ တစ်ပုံတစ်ပင်နဲ့ လျှောက်သွားနေတာက အာဏာရှင်ဆန်နေတာ မဟုတ်ဘူးလား။
စုန့်ချန်းမင်းသည် အရင်ဦးဆုံး နောက်မှ လိုက်သွားဖို့ စီစဥ်ထားလေသည်။ အန္တရာယ်ရှိသော အခြေအနေများ ရှိခဲ့လျှင် သူကူညီနိုင်ရန် ဖြစ်သည်။
ယွင်ယွီသည် တောင်ပေါ်ကို အမြန်တက်လေသည်။ သူ(မ) မျက်စိဖြင့် ကြည့်လိုက်သောအခါ သူ(မ)မျက်နှာသည် အကြီးအကျယ် ပြောင်းသွားလေသည်။
မိစ္ဆာစွမ်းအင် အားအပြင်းဆုံးနေရာသည် ဦးတည်ရာ ၇ခုဖြစ်နေလေသည်။ ထိုနေရာအမျိုးမျိုးကို ကြည့်ခြင်းအားဖြင့် နတ်ဆိုး၇ကောင်ဖျက်ဆီးခြင်းဖြစ်ပေါ်မှု ဖြစ်နေသည်ကို သိနိုင်လေသည်။ တော်တော်လေးအန္တရာယ်ပေးနိုင်သည့် ဖြစ်ပေါ်မှုမျိုး ဖြစ်လေသည်။ ယင်ဓာတ်ရှိသော အရာဝတ္ထု သို့မဟုတ် အမျိုးသမီးတစ်ဦး၏ လတ်ဆတ်သော သွေးဖြင့် ထိုဖြစ်ပေါ်မှု၏ ဗဟိုချက်အား မီးရှို့ပစ်ရမည်ဖြစ်သည်။ အမှန်တော့ ထိုအရာသည် အဲဒီလောက် မရိုးရှင်းပေ။ ဖြစ်ပေါ်မှုအား တည်ဆောက်ထားသည့် နည်းလမ်း၊ မှန်ကန်သော နေရာနှင့် အချိန်ကိုလည်း လိုအပ်ပေသည်။ အချိန်၊ နန်းတော်နှင့် လူများကဲ့သို့သော အမျိုးမျိုးသော အကြောင်းအရင်းများသည် ဖြစ်ပေါ်မှုအား အကျိုးရှိစေလေသည်။ ဒီဖြစ်ပေါ်မှုသည် သူ့ထဲတွင် ပိတ်မိသွားသော ဝိညာဥ်များကို ဖျက်ဆီးနိုင်သော မိစ္ဆာအဆိပ်အတောက်များ ရှိရုံသာမက မဖျက်ဆီးဘဲ အချိန်တော်ကြာ ဒီအတိုင်းဘဲ ထားပါက အနီးအနားမှ မြို့များ ရွာများကိုပင် ပျက်ဆီးစေလိမ့်မည် ဖြစ်သည်။ ၎င်းသည် အနီးအနားမှ ဝိညာဥ်စွမ်းအင်များကို စုပ်ယူပြီး ပတ်ဝန်းကျင်မှ အရာအားလုံးကို ဖျက်ဆီးပစ်ပေမည်။ ထို့အပြင် ဗဟိုချက်တည်ရှိသော ဧရိယာပေါင်းမြောက်များစွာသည်လည်း လူများနှင့် တိရစ္ဆာန်များ မဝင်ရောက်နိုင်သော နေရာသေတစ်ခုဖြစ်လာပေလိမ့်မည်။
စုန့်ချန်းမင်းသည် တစ်ခုခုအား သိလိုက်ရသည့်ပုံဖြင့် သူ့မျက်နှာသည် ဖြူစုတ်သွားလေသည်။ သူသည် လက်ထဲမှ လက်တံပတ်ချာလည်နေသော သံလိုက်အိမ်မြှောင်အား ဟိုဟိုဒီဒီလုပ်ကြည့်သော်လည်း ထိုအရာသည် ဘာမှ ပြမလာချေ။
သူသည် သူ့နဘေးမှ တဖြည်းဖြည်း မျက်နှာအမူအရာ ပြောင်းလဲနေသော မိန်းကလေးအား ကြည့်လိုက်သည်။ အတော်ကြာထိ ထိုပုံစံအတိုင်း ဖြစ်နေသဖြင့် သူသည် “ ဘယ်လို ဖြစ်ပေါ်မှုမျိုးလဲဆိုတာ မင်း တွေ့ရလား”
ယွင်ယွီသည် သူ့အား တစ်ချက်ကြည့်လိုက်ပြီး “ နတ်ဆိုး၇ကောင်ဖျက်ဆီးခြင်းဖြစ်ပေါ်မှု”
“ဘာ” စုန့်ချန်းမင်း၏ မျက်နှာသည် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားကာ “ နတ်ဆိုး၇ကောင်ဖျက်ဆီးခြင်းဖြစ်ပေါ်မှု ဟုတ်လား။ ဒီနေရာမှာ ဘယ်လိုလုပ် ဒီလို အန္တရာယ်ကြီးတဲ့ ဖြစ်ပေါ်မှုမျိုး ရှိနေရတာလဲ” ဒီဖြစ်ပေါ်မှုအကြောင်း သူသိလေသည်။ “နေအုံး၊ ဘာဖြစ်ပေါ်မှုလဲဆိုတာ မင်းက ဘယ်လိုလုပ် ပြောနိုင်ရတာလဲ” ဘာကိုမှ အကူအညီမယူဘဲ သူ(မ)သည် ဘာဖြစ်ပေါ်မှုဆိုသည်ကို ပြောနိုင်လေသည်။ သူ့ဆရာ၏အဆင့်၌ ရှိသောသူများသာ ထိုကဲ့သို့ လုပ်နိုင်လေသည်။
ဒီမိန်းကလေးက ဘယ်သူလဲ။
23 03
“ရှင်က တအားစကားများတာပဲ” ယွင်ယွီသည် ပြန်လှည့်လိုက်ပြီး တောင်အောက်သို့ ဆင်းလေသည်။
စုန့်ချန်းမင်းသည် “မင်း ဘယ်သွားနေတာလဲ။ ကျုပ်တို့၂ယောက်ထဲနဲ့ ဒါကို ဖြေရှင်းနိုင်ပါ့မလား။ တောင်အောက်ကို ဆင်းပြီး ကျုပ်ဆရာကို ခေါ်လိုက်မယ်။ ကျုပ်ဆရာနဲ့ ကျုပ်ရဲ့ အကြီးဆုံးဆရာတူအစ်ကိုကို ခေါ်လိုက်မယ်။ ဒါကသာ နတ်ဆိုး၇ကောင်ဖျက်ဆီးခြင်းဖြစ်ပေါ်မှုဆိုရင် ဒါကိုဖျက်ဆီးဖို့ အနည်းဆုံး အဆင့်မြင့်ဆရာ ၇ယောက်လိုလိမ့်မယ်။ အစိုးရကိုလည်း တင်ပြရမှာပဲ”
ယွင်ယွီသည် “ကျွန်မ ကျောက်စိမ်း သွားရှာလိုက်အုံးမယ်” သူ(မ)တွင် ထိုဖြစ်ပေါ်မှုအား ဖျက်ဆီးရန် နည်းလမ်းရှိသဖြင့် အဆောင်လုပ်ရန် ကျောက်စိမ်း လိုအပ်ပေသည်။ ကျောက်စိမ်းတွင် ဝိညာဥ်စွမ်းအားများရှိပြီး ၎င်းသည် အသုံးပြုရန် အကောင်းဆုံးဖြစ်သည်။
စုန့်ချန်းမင်းသည် ချက်ချင်းပင် “ ကျောက်စိမ်း။ ကျုပ်မှာ ရှိတယ်” ဒီဖြစ်ပေါ်မှုအား ဖျက်ဆီးရန် ကျောက်စိမ်းဖြင့် ရေးဖွဲ့သောအဆောင်သည် အကောင်းဆုံးဖြစ်ကြောင်း သူ သိပါသည်။ အဆောင်လက်ဖွဲ့ သူမရေးဖွဲ့နိုင်သော်လည်း ကျောက်စိမ်းသည် ဝိညာဥ်စွမ်းအင်များ ရှိလေသည်။ ထိုကြောင့် ၎င်းအား ထိုဖြစ်ပေါ်မှုအား ဖျက်ဆီးရန် သုံးရပေမည်။ သိုသော် နတ်ဆိုး၇ကောင်ဖျက်ဆီးခြင်းဖြစ်ပေါ်မှုအား ဖျက်ဆီးရန် ၎င်းအား အသုံးပြုဖို့ မဖြစ်နိုင်ပေ။
ယွင်ယွီသည် ရပ်လိုက်ပြီး သူ့အား လှည့်ကြည့်ကာ “ကျွန်မကို ပြပါ” ထိုလူသည် ၂၇နှစ် ၂၈နှစ်လောက်ရှိမည်ဖြစ်ကာ ဖြူစင်သောနှလုံးသားနှင့် စကားအရမ်းများကြောင်း သူ(မ)သိလေသည်။
“ဒါနဲ့ ဘာလုပ်မလို့လဲ” စုန့်ချန်းမင်းသည် အိတ်ထဲမှ ဒေါင်လိုက်ခုတ်ထားသော ကျောက်စိမ်းပြားအား ထုတ်ပြလိုက်လေသည်။ ထိုအရာသည် ဒင်္ဂါးပြားလောက် အရွယ်ရှိပြီး ၅မီလီမီတာလောက် ထူလေသည်။ ၎င်းသည် စိုစွတ်ချောမွေ့နေလေသည်။ အလွန်ကောင်းလှပေသည်။
ယွင်ယွီသည် ကျောက်စိမ်းပြားအား သူ့ထံမှ ယူလိုက်ပြီး “နောက်ထပ် ရှိသေးလား”
စုန့်ချန်းမင်သည် “ရှိသေးတယ်လေ။ မင်း ဘာလုပ်မလို့လဲ”
ယွင်ယွီသည် ထိုကျောက်စိမ်းမျာအား လက်ထဲ၌ ပွတ်တိုက်လိုက်ပြီး “ ဒီဖြစ်ပေါ်မှုကို ဖျက်ဆီးမလို့။ ဒီဖြစ်ပေါ်မှု တစ်ရက်ထပ်ရှိနေတာက ပတ်ဝန်းကျင်ကို ပိုဒုက္ခဖြစ်စေတယ်။ တတ်နိုင်သလောက် မြန်မြန်လုပ်မှ ဖြစ်မယ်” သူ(မ)သည် အနီးနားမှ ရွာများ မြို့များအား ဒီဖြစ်ပေါ်မှုက ဖျက်ဆီးပစ်မည်ကို မလိုချင်ပေ။ ဒီနေရာအား နိဗ္ဗာန်ဘုံအစိတ်အပိုင်းအဖြစ် ပြောင်းလဲရန်လည်း စီစဥ်ထားသည်။ ဒီဖြစ်ပေါ်မှုက သူ(မ)အစီအစဥ်ကို ဖျက်ဆီးမည်ကိုလည်း ခွင့်မပြုနိုင်ပေ။
“မင်း အရူးထနေတာလား” စုန့်ချန်းမင်းသည် အံ့ဩသွားလေသည်။ သူသည် ယွင်ယွီအား အရူးတစ်ယောက်လို သတ်မှတ်ကာ “ ဒီဖြစ်ပေါ်မှုကို ဘယ်လိုဖျက်ဆီးရမလဲဆိုတာ မင်းသိလို့လား။ ဖြစ်ပေါ်မှုရဲ့ ဗဟိုချက် ဦးတည်ရာ ၇ခုမှာ ထိုင်ပြီး ဝိညာဥ်စွမ်းအင်နဲ့သန့်စင်ပေးဖို့ အဆင့်မြင့်ဆရာ အနည်းဆုံး ၇ယောက်လိုတယ်။ ဒါကိုဖျက်ဆီးဖို့ ရက်ကြာမှာ။ မင်းတစ်ယောက်တည်းနဲ့ ဘယ်လို ဖျက်ဆီးဖို့ တွေးနေတာလဲ”
“အားရပါးရ ဖျက်ဆီးပစ်မှာ” ယွင်ယွီသည် သူ(မ)၌ အရည်အချင်းရှိသည်ဟု ယုံကြည်လေသည်။
စုန့်ချန်းမင်းသည် သူ(မ)အား စိတ်ကြီး ဝင်နေသည်ဟု သဘောထားကာ လှောင်ရယ်လျက် “မင်းရဲ့ဆရာက ဘယ်သူလဲ။ ဒီလို ညဏ်နည်းတဲ့ တပည့်ကို မွေးထုတ်ထားတာပဲ”
ယွင်ယွီသည် မော့ကြည့်လိုက်ပြီး “ဒါဆို အဆင့်မြင့်ဆရာ၇ယောက်ကို ရှာဖို့ ဘယ်လောက် ကြာမယ်လို့ ရှင်ထင်လဲ”
စုန့်ချန်းမင်းသည် ပြန်မပြောနိုင်ပေ။ သူ၏ဆရာအပါအဝင်မှ မြို့တော်တွင် ကျော်ကြားသော ဆရာ၂ပါး ၃ပါးသာရှိလေသည်။ တခြားဖုန်းရွှေဆရာများ ရှိသော်လည်း ဒီဖြစ်ပေါ်မှုအား ဖျက်ဆီးရန် အရည်အချင်းရှိသော ဆရာ လုံလောက်အောင်မရှိပေ။ တကယ်တော့ ကမ္ဘာပေါ်တွင် ပုန်းလျှိုးနေသော ကျွမ်းကျင်သူများ ရှိလေသည်။ သို့သော် မင်း သူတို့အား ရှာပြီး အကူအညီတောင်းချင်ရင်တော့ တစ်သက်လုံးကြာမည်ဖြစ်သည်။ လူလုံလောက်အောင် စုပြီးတဲ့ထိ စောင့်နေမယ်ဆိုရင် ဒီနန်းတော်ကြီးသည် သင်္ချိုင်းသာ ဖြစ်သွားပေမည်။
သူသည် ဘာမှ မပြောချေ။ ယွင်ယွီသည် သူ(မ)လက်အား သူ့ဆီသို့ လှမ်းထုတ်ပြီး “ ကျွန်မကို ကျောက်စိမ်းပြားပေးပါ”
စုန့်ချန်းမင်းသည် တွန့်ဆုတ်နေသော်လည်း သူ့အိတ်ထဲမှ ကျောက်စိမ်းပြား၆ပြားအား ထုတ်ပေးလိုက်လေသည်။ သူသည် မပြောဘဲ မနေနိုင်တော့ကာ “မင်းရဲ့ဆရာကို လာဖို့ အရင်ခေါ်ချင်လား” ထိုကဲ့သို့ လောကီရေးရာ ကျွမ်းကျင်သူများတွင် တခြားဖြေရှင်းနည်း ရှိနိုင်ပေသည်။
“ဆရာ မရှိဘူး” ယွင်ယွီသည် သူ့လက်ထဲမှ ကျောက်စိမ်းပြားအား ယူလိုက်ပြီး “ငါ့ဆရာက ဆုံးပါးသွားပြီ” ဟု ပြောလိုက်လေသည်။
စုန့်ချန်းမင်းသည် ဆက်မပြောတော့ဘဲ သူ(မ)အား ကျောက်စိမ်းပြား ပေးလိုက်လေသည်။
ယွင်ယွီသည် လက်ထဲ၌ ကျောက်စိမ်းပြား၇ပြားအား ကိုင်၍ တောင်ပေါ်သို့ တက်သွားလေသည်။ လမ်းလျှောက်နေရင်း သူ(မ)သည် လမ်းတစ်ဝက်၌ ရပ်ကာ တစ်ခုခု စဥ်းစားနေလေသည်။ သူ(မ) နောက်ပြန်လှည့်လိုက်ပြီး “ဒါကို... ရှင့်ကို အဖိုးအခ ပေးရအုံးမှာလား။ ပေးရမယ်ဆိုရင် တောင်ခြေကို သွားပြီး ယန်မင်ခမ်းဆီက သွားတောင်းလိုက်။ သူက ဒီဆိုက်ရဲ့ သူဌေးပဲ” ဒီလိုကျောက်စိမ်းပြားများ၏ တန်ဖိုးသည် အလွန်မြင့်လေသည်။ အပိုင်းအစ သေးသေးလေးကိုပင် သိန်းချီလေသည်။ သူ(မ)တွင် ပိုက်ဆံလည်း မရှိသလို တတ်လည်းမတတ်နိုင်ပေ။
23 04
“မလိုဘူး။ မလိုဘူး” စုန့်ချန်းမင်းသည် ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။ သူ့အား အထက်မှ လွှတ်လိုက်ခြင်းဖြစ်ပြီး အထက်သည် သူ့အား အဖိုးအခပေးမည် ဖြစ်သည်။
ထိုစကားအား ကြားပြီးနောက် သူ(မ)အရှေ့သို့ ပြန်လှည့်သွားသည်ကို ကြည့်ကာ စုန့်ချန်းမင်းသည် အသံတိတ် ကြိမ်းမောင်းလေသည်။ သူသည်လည်း သူ(မ)အနောက်မှ လိုက်၍ တောင်ပေါ်သို့ လိုက်တက်လေသည်။ စိုးရိမ်စိတ် ရှိနေသေးသဖြင့် သူ့ဖုန်းအားထုတ်ကာ သူ့ဆရာအား ဖုန်းခေါ်လိုက်သော်လည်း လိုင်းမမိပေ။ ဒေါသထွက်သွားပြီး ဖုန်းအား အဝေးသို့ ပစ်လိုက်ကာ “ ငါက ဒီလိုနေရာမှာ ဒီလိုပုံစံနဲ့ လွယ်လွယ် မသေပါဘူး” ဟု တတွတ်တွတ် ရွတ်နေလေသည်။
ယွင်ယွီသည် စိတ်အေးလက်အေးဖြင့် “ စိတ်မပူပါနဲ့။ ကျွန်မ ရှင့်မျက်နှာကို နမိတ် ဖတ်ကြည့်ပြီးပြီ။ ဘာမတော်တဆမှုမှလည်း ဖြစ်မှာမဟုတ်သလို အသက် ၇၀ ၈၀အရွယ်ထိလည်း ဘာပြဿနာမှမရှိဘဲ နေနိုင်မှာပါ”
စုန့်ချန်းမင်းသည် စိတ်မချမ်းမသာဖြစ်နေပြီး ဘာစကားမှ ပြန်မပြောချေ။
ယွင်ယွီသည် နတ်ဆိုး၇ကောင် ဖျက်ဆီးခြင်းဖြစ်ပေါ်မှု၏ ဗဟိုချက်များ တည်ရှိရာနေရာများကို မှတ်လိုက်ပြီး မကြာမီပင် ဖြစ်ပေါ်မှုဗဟိုချက်၏ ပထမဆုံးတစ်ခု တည်နေရာသို့ ရောက်သွားလေသည်။
နတ်ဆိုး၇ကောင် ဖျက်ဆီးခြင်းဖြစ်ပေါ်မှုသည် ကြယ်စဥ်၇လုံးဝိညာဥ်စုဆောင်ခြင်း ဖြစ်ပေါ်မှုကို အခြေခံထားခြင်းဖြစ်သည်။ ထျန်းရှု၊ ထျန်းရွှမ်၊ ထျန်းကျီ၊ ထျန်းချွမ်၊ ယွီဟန်၊ ခိုင့်ရန် နှင့် ယောင်ကွမ်းတို့သည် ကြယ်စဥ်၇လုံး၏ တည်နေရာများဖြစ်လေသည်။ ဖြစ်ပေါ်မှုကို ဖန်တီးသည်ဖြစ်စေ ဖျက်ဆီးသည်ဖြစ်စေ ထျန်းရှုတည်ရှိရာ မူလအစမှ စတင်ရလေသည်။
ဖြစ်ပေါ်မှု ပုံစံအမျိုးမျိုး ရှိပြီး ၎င်းတို့၏ အုပ်စုများသည်လည်း ကွဲပြားလေသည်။ ယန်ဓာတ်နှင့်ယဥ်ဓာတ်၏ ဒြပ်စင်၅ခု၊ ဆင်၄ကောင်၊ ပါမန့်သွမ့်ကျာ (ဝင်္ကပါအမည်)၊ နန်းတော်၉ခု နှင့် အခြားထိတ်ထိတ်ကြဲပစ္စည်းများကို အသုံးပြု၍ ဖြစ်ပေါ်မှုကို ဖျက်ဆီးနိုင်ပေသည်။
ယွင်ယွီသည် ဖြစ်ပေါ်မှု၏ ဗဟိုချက်ကို ရှာဖွေနေရသည့်အတွက် စုန့်ချန်းမင်အား ရေကြီးခွင်ကျယ် လုပ်ခွင့်ပေးထားရလေသည်။
သူ(မ)သည် တပလ္လင်ခွေထိုင်ချလိုက်သည်။ ကျောပိုးအိတ်အား ဘေးဘက်သို့ ချထားလိုက်ပြီး တူရွင်းအသေးစားလေးကို ထုတ်ကာ မြေကြီးအား စတူးလေသည်။ ဖြစ်ပေါ်မှု ဗဟိုချက်၏ အားပြင်းသော မိစ္ဆာစွမ်းအင်သည် သူ(မ)အပြုအမူအား သတိထားမိသွားပြီး ယွင်ယွီဆီသို့ တဟုန်ထိုး ဝင်ရောက်လာလေသည်။ စုန့်ချန်းမင်သည် မြေကြီးထဲမှ မွန်းကျပ်ဖွယ်ကောင်းသော အေးစက်မှုများ ထွက်လာနေသည်ကို ခံစားလိုက်ရလေသည်။ ယွင်ယွီပေးထားသော အဆောင်နှင့် သူ့ဆရာထည့်ပေးလိုက်သော အကာအကွယ်ပစ္စည်းအား မြဲမြဲဆုပ်ထားလိုက်လေသည်။
ယွင်ယွီ၏ မျက်နှာသည် တည်ငြိမ်နေလေသည်။ လက်၂ချောင်းကြား၌ အဆောင်စက္ကူအား ညှပ်ကိုင်လိုက်ပြီး တဟုန်ထိုးလာနေသော မိစ္ဆာစွမ်းအင်ဆီသို့ ပစ်လွှတ်လိုက်ကာ “ ပျက်စီးစေ!”
မိစ္ဆာစွမ်းအင်သည် ချက်ချင်း ပျက်စီးသွားပြီး လွင့်ပျောက်သွားလေသည်။
သူ(မ)သည် တပလ္လင်ပြန်ခွေထိုင်လိုက်ပြီး ဖြစ်ပေါ်မှုဗဟိုချက်အား ဆက်တူးလေသည်။ မီတာဝက်ကျော်ကျော်လောက် တူးပြီးနောက် အနံ့ဆိုးတစ်ခု ထွက်လာလေသည်။ သူ(မ)တို့၂ဦးလုံး၏ မျက်နှာများ ပြောင်းလဲသွားလေသည်။ စုန့်ချန်းမင်းသည်လည်း သူ(မ)ဘေး၌ ဆောင့်ကြောင့်ထိုင်လိုက်ပြီး “ ဒါက ဘာလဲ” ယခုကဲ့သို့ ဖြစ်ပေါ်မှုအမျိုးအစား၏ ဗဟိုချက်အား ဖန်တီးရန် လိုအပ်သည့်အရာကိုတော့ သူ နည်းနည်း သိထားလေသည်။ ယင်ယန် အရာဝတ္ထုတစ်ခု ဖြစ်မည်ဟု သူ ထင်ထားသော်လည်း ယခုတော့ ထိုကဲ့သို ဟုတ်မနေပေ။
ယွင်ယွီသည် ထိုပစ္စည်းပေါ်မှ မြေကြီးများအား သေသေချာချာ ခါထုတ်လိုက်ရာ အဝါရောင်အဆောင်စက္ကူဖြင့် ပတ်ထားသော သစ်သားသေတ္တာတစ်လုံးအား တွေ့လိုက်ရလေသည်။ ယွင်ယွီ နားလည်သွားပြီဖြစ်လေသည်။ ကျူရှားအဆောင် (မိစ္ဆာစွမ်းအင်များ စုစည်းထားသောအဆောင်) ဖြစ်လေသည်။
စုန့်ချန်းမင်းသည် လေသံတိုးတိုးဖြင့် “ ကျိုင်းသစ်နဲ့လုပ်တဲ့ သေတ္တာထင်တယ်” ကျိုင်းသစ်တွင် ယင်ဂုဏ်သတ္တိများ ရှိလေသည်။
******