အခန်း ၂၅
Vol. 3 Ch. 25
25 01
အပိုင်း (၂၅)
လှပသော ကျောက်အမျိုးအစာတစ်မျိုးဖြစ်သည့် ကျောက်စိမ်းတွင် ကောင်းသောအချက် ၅ချက် (စေတနာသဒ္ဓါတရား၊ သမာသမတ်ကျမှု၊ ကျင့်ဝတ်မှန်ကန်မှု၊ ညဏ်ပညာကြီးမားမှု နှင့် ယုံကြည်အားကိုးရမှု ) ရှိလေသည်။ ယွင်ယွီ၏ နာမည်မှာ ကြင်နာတတ်ပြီး သီလရှိသူ (ကျောက်စိမ်း) ဟု အဓိပ္ပါယ်ရလေသည်။
ကောင်းမွန်သော အနက်အဓိပ္ပါယ် ရှိလေသည်။
ချင်ယွီစွေ၏ မျက်လုံးများသည် ထိုမိန်းကလေးပုံအား နောက်တစ်ကြိမ် ထပ်ကြည့်မိပြန်၏။ ခဏအကြာတွင် စားပွဲပေါ်မှ ဖုန်းသည် ထမြည်လာလေသည်။ တုန်ခါမှုသာ ဖွင့်ထားသဖြင့် အသံတော့မမြည်ပေ။ သူသည် နံပါတ်အား တစ်ချက်ကြည့်လိုက်ပြီး ကိုင်လိုက်ကာ “ဘာကိစ္စလဲ”
ဖုန်းထဲမှ လူသည် ဘာပြောလိုက်သည်ဆိုတာ မသိသော်လည်း ချင်ယွီစွေ၏ မျက်ခုံးများသည်တော့ ပြေလျော့သွားကာ “ချန်းရွှေမြို့” ထိုသို့သွားရန် သူ လက်ခံလိုက်လေသည်။
“အိုကေ”
သူသည် ဖုန်းချလိုက်ပြီး အိမ်ခန်းထဲသို့ ဝင်ကာ အဝတ်အစားလဲ၍ ထွက်လာလေသည်။
ကွေ့ယွမ်ဂိုဏ်း၌ လီကျိုးသည် သူ့ဆရာအား နှုတ်ဆက်လိုက်ပြီး ချန်းရွှေမြို့သို့ လေယာဥ်လက်မှတ် ဖြတ်လိုက်သည်။
ကွေ့ယွမ်ဂိုဏ်းသည် လေဆိပ်နှင့် မဝေးချေ။ ကွေ့ယွမ်ဂိုဏ်းတည်ရှိရာ တောင်ပေါ်မှ လေဆိပ်အထိ သွားရန် အချိန်နာရီဝက်သာ ကုန်လေသည်။ လေဆိပ်ရောက်သောအခါ သူနှင့်အတူတူ လိုက်ပါမည့်လူများအား ၁၀မိနစ်လောက် စောင့်လိုက်ရလေသည်။
ယောကျာ်းသား ၂ဦးရောက်လာလေသည်။ တစ်ဦးမှဦ အရပ်ရှည်ရှည်နှင့် အနက်ရောင်ဝတ်စုံပြည့် ဝတ်ဆင်ထားလေသည်။ ထိုလူသည် ဆံပင်ဘိုကေနှင့်ဖြစ်ပြီး အေးစက်စက်လူတစ်ဦး ဖြစ်သည်။ သူသည် အရပ်မြင့်မြင့် ခါးမတ်မတ်ဖြစ်ကာ သူ လမ်းလျှောက်လိုက်လျှင်လည်း သူကျောရိုးကို မတ်မတ် ထားလျှောက်လေသည်။
ကျန်တစ်ဦးမှာ ခုဏလူထက် အနည်းငယ်ပုကာ ကြွက်သားများ တောင့်တင်းလှလေသည်။ သူသည် ထိုအမည်းရောင်ဝတ်စုံနှင့် လူအား စကားပြောရန် ခေါင်းမော့လိုက်သည်။
သူတို့၂ဦးလုံးသည် လီကျိုးအချက်အလက်များကို သိထားပြီးဖြစ်၍ သူ့ရှေ့တွင် လာရပ်ကြလေသည်။
အနည်းငယ် ပုသောလူသည် လီကျိုးအား သွားများ ပေါ်သည်အထိ ပြုံးပြလာပြီး “ ဟယ်လို၊ လီကျိုးလားခင်ဗျ။ ကျွန်တော်တို့က ချန်းရွှေမြို့က အမှုမှာ ခင်ဗျားကို ကူညီပေးဖို့ အထက်က တာဝန်ပေးခံထားရတဲ့လူတွေပါ။ ကျွန်တော့်နာမည်ကတော့ ရှလီပါ။ ဒါကတော့ ကျွန်တော်တို့ ချင်အဖွဲ့ရဲ့ ခေါင်းဆောင် ချင်ယွီစွေပါ”
လီကျိုးသည် ချင်ယွီစွေအား မသိမသာ တစ်ချက်ကြည့်လိုက်ပြီး နှုတ်ဆက်သည့်သဘောဖြင့် သူတို့နှစ်ယောက်လုံးအား ခေါင်းညိတ်ပြလိုက်လေသည်။
ချင်ယွီစွေ၏ နာမည်အား သူ ကြားဖူးပါသည်။ ချင်မိသားစု၏ သားသည် စစ်တပ်နှင့် ပတ်သက်မှုများ ရှိလေသည်။ သူ၏အဖွဲ့သည် အထူးဌာန၏ လက်အောက်မှ မဟုတ်သလို အရေးကြီးကိစ္စများအား ကိုင်တွယ်ရန် အထူးဖွဲ့စည်းထားသည့် ဌာန၏ လက်အောက်ခံလည်း မဟုတ်ချေ။ ထိုအစား သူတို့သည် ပို၍လျှို့ဝှက်သော တာဝန်များကိုသာ ဆောင်ရွက်ကြရသည်။ သူ၏ စစ်ဘက်ဆိုင်ရာ ရာထူးအဆင့်အတန်းသည် အလွန်မြင့်သော်လည်း အများပြည်သူကိုတော့ ချပြထားခြင်းမရှိပေ။ ချင်အဖွဲ့အား လျှို့ဝှက်ဖွဲ့စည်းထားပြီး ဌာနများစာရင်းတွင် သွားရှာပါက ကျိန်းသေပေါက် ရှာတွေ့မည် မဟုတ်ပေ။ ချင်ယွီစွေ၏ ကိုယ်ရေးအထောက်အထားတွင် ချင်မိသားစု၏ သားတစ်ယောက် ဖြစ်ရုံတင်မကပေ။ အင်ပါယာမြို့တော်တွင် ချင်မိသားစုသည် တောင့်တင်းသော နောက်ခံအင်အားရှိသည့် အင်အားကြီးမိသားစုတစ်ခုဖြစ်ပြီး ချင်ယွီစွေတွင်လည်း ဗိုလ်ချုပ်လုံ၏ မြေးဟူသော ကိုယ်ရေးအထောက်အထားတစ်ခု ရှိနေသေးသည်။
ထို့အပြင် လုံမိသားစု၏ ကိုယ်ရေးအထောက်အထားသည် ဗိုလ်ချုပ်မိသားစု ဟူသော ရာထူးသာ ရှိရုံ မဟုတ်ပေ။ သူတို့တွင် အတော်ရှုပ်ထွေးသော နောက်ခံအင်အား တစ်ခုရှိပေသည်။
လုံမိသားစု၏ အမျိုးသမီးအိမ်ထောင်ဦးစီးဖြစ်သည့် ချင်ယွီစွေ၏အဖွား လုံဖုန်းကျွင်းသည် ရုပ်လွန်ပညာရှင်တစ်ဦးဖြစ်ပြီး သူ(မ)တွင် ပညာအဆင့်အတော်မြင့်လေသည် (လုံဖုန်းကျွင်း=အပိုင်း၂၄တွင်ပါပြီး)။
လွန်ခဲ့သောနှစ်ပေါင်းတစ်ရာကျော်က လုံမိသားစုသည် ရုပ်လွန်ပညာရပ်တွင် အင်အားကြီးမိသားစု မဟုတ်ခဲ့ပေ။ သူတို့တွင် လုံဖုန်းကျွင်းဟုခေါ်သော သမီးတစ်ယောက်သာ ရှိခဲ့သည်။ လုံဖုန်းကျွင်း အရွယ်ရောက်လာသောအခါ လက်ထပ်ပြီး ကလေးများစွာ မွေးဖွားခဲ့သည်။ ထိုမှတစ်ဆင့် မိသားစုများ ထပ်ပွားကာ သားစဥ်မြေးဆက် ကြီးပွားချမ်းသားလာခဲ့ကြသည်။
လုံမိသားစုသည် ရုပ်လွန်ပညာရပ်တွင် ပါဝင်ပတ်သက်နေသဖြင့် လီကျိုးသည် ချင်ယွီစွေ၏ နာမည်အား ကြားဖူးနေခြင်းဖြစ်သည်။
ဒီချင်ယွီစွေ အနေဖြင့် ရုပ်လွန်ပညာရပ်နှင့် မသက်ဆိုင်သောသူဖြစ်ပြီး ထိုကိစ္စအား မကျွမ်းကျင်သူ ဖြစ်သည်။
ချင်ယွီစွေ၏ အကြည့်များသည် လီကျိုးဆီသို့ အေးတိအေးစက် ကျရောက်လာပြီး ပြန်ခေါင်းညိတ်ပြလေသည်။
လီကျိုးတောက်သည် “အဲ့ဒီက အခြေအနေတွေကို အထက်က ခင်ဗျားတို့ကို ပြောပြပြီးလောက်ပါပြီ။ ကျွန်တော်တို့ ခုပဲသွားကြတာပေါ့”
၉နာရီတွင် သူတို့၃ဦး ချန်းရွှေလေဆိပ်သို့ ဆိုက်ရောက်လေသည်။ သူတို့အား လေဆိပ်တွင် လာကြိုမည့်လူ ရှိပြီးသား ဖြစ်သည်။ သူတို့သည် ချက်ချင်းပင် ဟယ်ရှန်းမြို့ငယ်ရှိ ဆောက်လုပ်ရေးဆိုက်သို့ ထွက်ခွာကြလေသည်။
25 02
ကားထဲတွင် ရှလီသည် အခြေအနေများအား တိတိကျကျ မေးမြန်းနေလေသည်။ လီကျိုးသည်လည်း ဖုံးကွယ်မနေချေ။ တစ်ဦးကမေးသည်ကို တစ်ဦးကပြန်ဖြေရင်း သူတို့၂ဦး စကားပြောနေကြသော်လည်း ချင်ယွီစွေသည်တော့ တစ်လမ်းလုံး ဘာမျှမပြောချေ။
သူတို့ ဆောက်လုပ်ရေးဆိုက်သို့ ရောက်သွားချိန်တွင် ၁၀နာရီခွဲနေလေပြီ။
လမ်းဘေးမီးတိုင်များသာ လင်းနေလေသည်။ သုံးယောက်လုံး ကားအပြင်သို့ ထွက်ခဲ့ကြသည်။ လီကျိုးသည် အပြင်ရောက်ရောက်ချင်း ကားဘေး၌ မတ်တပ်ရပ်နေသော သက်လတ်ပိုင်းလူကြီး၂ဦးအား တွေ့လိုက်ရသည်။ သူသည် ထိုလူများဆီသို့ လျှောက်သွားလိုက်ပြီး “ဆိုက်ထဲမှာ အခြေအနေဘယ်လိုရှိလဲ”
ရန်ဖုကွေ့၏ မျက်နှာသည် ဖြူဖျော့နေလေသည်။ သူသည် တုန်ရီနေသော အသံဖြင့် “မစ္စတာစုန့်တို့ ဝင်သွားတာ ၇နာရီ ၈နာရီလောက် ကြာနေပြီ” သူတို့နေ့ခင်း ၂နာရီလောက်ကတည်းက ရောက်နေကြခြင်း ဖြစ်သည်။
ရန်ဖုကွေ့၏ အခြေအနေသည် ပိုဆိုးနေလေသည်။ သူသည် တစ်နေ့လုံး ဘာမှမစားမသောက်နေရရုံသာမက ဘယ်ကိုမှလည်း မရွှေ့ရဲသေးချေ။
သူတို့၂ဦးသည် လီကျိုး၏ အနောက်တွင်ရပ်နေသော တည်ကြည်အေးစက်သည့် ခပ်ချောချောလူအား သတိထားမိလိုက်ကြသော်လည်း ကြာကြာမကြည့်ရဲကြပေ။
ယန်မင်ခမ်းသည် စိတ်ပူနေသော အသံဖြင့် “ဆရာမယွင်ရော အထဲကိုဝင်သွားတာ ခုထိ ထွက်မလာသေးဘူး”
လီကျိုးသည် “ သူနဲ့ နောက်ထပ် ဆရာတစ်ပါး ပါသွားသေးတာလား”
ယန်မင်ခမ်းနှင့် ရန်ဖုကွေ့သည် ပြိုင်တူ ခေါင်းညိတ်ပြကြလေသည်။
အနောက်တွင်ရပ်နေသော ထိုခပ်ရှည်ရှည်လူသည် ရုတ်တရက် “ ဆရာမယွင်”
ယန်မင်ခမ်းသည် ခေါင်းညိတ်ပြလိုက်သည်။
ချင်ယွီစွေသည် “ ဆရာမယွင်ရဲ့ နာမည်ကို ကျွန်တော့်ကို ပြောပြလို့ရမလား”
ရှလီသည် ခေါင်းဆောင်ချင်အား လှမ်းမကြည့်ဘဲ မနေနိုင်တော့ပေ။ လွန်ခဲ့သောတစ်လကျော်က ခေါင်းဆောင်သည် သူ့အား မိန်းကလေးတစ်ယောက်အကြောင်း စုံစမ်းခိုင်းပြီး ထိုမိန်းကလေးအမည်မှာ ယွင်ယွီဖြစ်ကြောင်း သူ သတိရသွားမိသည်။ ယန်မင်ခမ်းသည် သူတို့သည် သာမန်လူများ မဖြစ်နိုင်သဖြင့် ရိုးရိုးသားသားဖြင့် “ သူ(မ)နာမည်က ယွင်ယွီပါ။ ချင်ဟဲရွာသူဖြစ်ပြီးတော့ အရမ်းတော်တဲ့ ပညာရှင်တစ်ယောက်လေ”
ချင်ယွီစွေသည် ဘာစကားမှ မပြောဘဲ တိတ်ဆိတ်နေခဲ့လေသည်။
လီကျိုးသည် ဆိုက်အခြေအနေအား တစ်ချက်ကြည့်လိုက်ပြီး သံလိုက်အိမ်မြှောင်ကို ထုတ်ကာ ရှေ့သို့ခြေ၂လှမ်း လှမ်းလိုက်လေသည်။ လက်တံသည် တစ်ပတ်လည်နေပြီး ဘာမှ ဖတ်မရချေ။ သူသည် ခေါင်းစောင်းကာ “ ကျွန်တော် အထဲကို ဝင်ပြီး တစ်ချက် ကြည့်လိုက်အုံးမယ်။ ခင်ဗျားတို့၂ယောက်ရော” ချင်ယွီစွေနှင့် ရှလီအား ပြောခြင်းဖြစ်သည်။
ချင်ယွီစွေသည် “ကျွန်တော်လည်း လိုက်မယ်”
ရှလီသည် “ကောင်းပါပြီ။ ကျွန်တော်ကတော့ ကြိုမသိနိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်လို့ ဒီမှာပဲ အဆင်သင့် စောင့်နေခဲ့ပါ့မယ်။ ခေါင်းဆောင်ချင်၊ ခေါင်းဆောင်ကတော့ ဆရာလီနဲ့ လိုက်သွားလိုက်ပါ။’
လီကျိုးနှင့် ချင်ယွီစွေသည် ဆိုက်ထဲသို့ ဝင်သွားလေသည်။
လီကျိုးသည် သူ့ဆရာဆီတွင် ရုပ်လွန်ပညာရပ်အား သင်ယူနေသည်မှာ နှစ်၂၀ကျော်ကြာပြီ ဖြစ်သည့်အတွက် သူ၏အရည်အချင်းသည် မဆိုးလှပေ။ သူသည် အခြေအနေအား သိရရန် တောင်ပေါ်သို့ တက်လာလေသည်။ အချိန်အတော်ကြာ သူ လိုက်ကြည့်လိုက်ပြီးနောက် သူ့မျက်နှာသည် ပြောင်းလဲသွားပြီး “နတ်ဆိုး၇ကောင်ဖျက်ဆီးခြင်းဖြစ်ပေါ်မှုပဲ၊ ဒါပေမဲ့ တစ်ယောက်ယောက်က အဲ့ဒါကို အတင်းဖျက်ဆီးနေတယ်။ ခုထိ မပြီးသေးဘူး။ သူတို့ကို မြန်မြန်သွားရှာရအောင်” သူသည် အလွန်စိုးရိမ်သွားကာ ဒီဖြစ်ပေါ်မှုကို အတင်းဖျက်ဆီးနေသော သူသည် သူ၏မိုက်ရူးရဲဆန်သော ဆရာတူညီလေး ဖြစ်နေမည်ကို စိတ်ပူသွားမိသည်။
ချင်ယွီစွေသည် ဘာစကားမှ မပြောပဲ အဝေးသို့ လှမ်းကြည့်လိုက်သည်။
———————————————————————————————————————-
ယွင်ယွီဿည် အတင်းအကြပ်ဖြင့် စတုတ္ထမြောက် ဗဟိုချက်အား ဖျက်ဆီးလိုက်ပြီး သူ(မ)ခွန်အားများ ကုန်ခမ်းသွားလေသည်။ သူ(မ)မျက်နှာသည် ဖြူဖျော့နေလေသည်။ သူ(မ)အိတ်ထဲမှ စိမ့်စမ်းရေကို ထုတ်ကာ အငမ်းမရ သောက်လေသည်။
“မင်း ဘာလို့ ခဏမနားရတာလဲ” စုန့်ချန်းမင်သည် သူ(မ)အား စိုးရိမ်နေကာ “ ဒီလိုဆက်လုပ်နေရင် မင်းခွန်အားတွေ အကုန် ကုန်သွားလိမ့်မယ်”
25 03
ယွင်ယွီသည် ခေါင်းခါလိုက်ပြီး “မဟုတ်ဘူး။ အချိန်ကန့်သတ်ချက် ရှိတယ်။ မနက်ဖြန်နေ့လည် မရောက်ခင် ကျွန်မတို့ အကုန်ဖျက်ဆီးပစ်မှ ရမှာ။ မဟုတ်ရင် ကျွန်မတို့၂ယောက်လုံး သေမှာ” သူ(မ)ဆံပင်များသည် ချွေးများစိုနေပြီး နဖူးနှင့် ပါးတွင် ကပ်နေလေသည်။ သူ(မ)သည် အတော်အားနည်းနေပုံ ပေါ်လေသည်။
စုန့်ချန်းမင်သည် သက်ပြင်း ချလိုက်လေသည်။
သူသည် နှုတ်ခမ်းတစ်ချက် သပ်လိုက်ပြီး အလွန်ရေဆာနေသဖြင့် “ ရှောင်းယွင်အာ၊ ကျုပ်ကိုလည်း ရေနည်းနည်း တိုက်ပါ” သူတို့၂ဦးသည် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးသွားကြပြီဖြစ်ပြီး သူသည် သူ(မ)အား ရှောင်းယွင်အာ ဟုခေါ်လေသည်။
ယွင်ယွီသည် ငြင်းလိုက်ပြီး “မရဘူး”
ညလယ်ခေါင် ဖြစ်နေပြီကို မြင်သွားသည်နှင့် ယွင်ယွီသည် ထရပ်လိုက်ပြီး “သွားကြစို့။ နောက်ထပ် ၃ခုတောင် ကျန်သေးတယ်။ ပြီးတာနဲ့ အိမ်ပြန်ပြီး မနက်စာ စားလို့ရပြီ။ ကျွန်မ ရှင့်ကို ဘန်းမုန့်ပေါင်း ကျွေးမယ်။ ကျွန်မတို့ဆိုင်က ဘန်းမုန့်က အရသာ အရမ်းကောင်းတယ်၊ ကျွန်မတို့ နောက်ကျသွားရင် ကုန်သွားလိမ့်မယ်”
စုန့်ချန်းမင်းသည် ထူးဆန်းသော အမူအရာဖြင့် “မင်းတို့မိသားစုက ဘန်းမုန့်ဆိုင် ဖွင့်ထားတာလား” ယခုကဲ့သို့ ပညာအဆင့်မျိုးဖြင့် သူ(မ)သည် ဘာကြောင့် ဘန်းမုန့်ဆိုင်ဖွင့်ရန် လိုအပ်နေပါသေးသနည်း။ သူ(မ)သာ မြို့တော်ကို သွားလျှင် လူများသည် အုပ်လိုက်ကျင်းလိုက် သူ(မ)နှင့် တွေ့ဆုံရန် သူတို့ဘာသာသူတို့ လာကြမည်ဖြစ်သည်။ သူ(မ) ဘာကို မရရှိနိုင်ရမှာလဲ။
သူ(မ)၏ အလွန်ဖြူဖျော့နေသော မျက်နှာကို ကြည့်၍ စုန့်ချန်းမင်သည် စိတ်မသက်မသာဖြစ်နေကာ “ ငါမင်းကို ဘာလို့ ကျောပိုးလို့ မရတာလဲ” ယခုကဲ့သို့ ညမျိုးတွင် သူတို့၂ဦးသည် ကောင်းခြင်း ဆိုးခြင်းမှန်သမျှ မျှဝေသင့်သည်ဟု သူထင်လေသည်။
ယွင်ယွီသည် ငြင်းချင်သော်လည်း နောက်ထပ် ဗဟိုချက်၃ခု ကျန်သေးသည်ကို သတိရသွားလေသည်။ သူ(မ)၏ခွန်အားကို ထိန်းသိမ်းရန် လိုအပ်သဖြင့် ခေါင်းညိတ်သဘောတူလိုက်လေသည်။
စုန့်ချန်းမင်သည် ထရပ်လိုက်ပြီး ယွင်ယွီအား ကျောပိုးရန် ပြင်လိုက်စဥ် ခြေသံများနှင့် ရင်းနှီးသောအသံတစ်ခုအား အဝေးမှ ကြားလိုက်ရလေသည်။ “ချန်းမင်”
“ဆရာတူအကို” စုန့်ချန်းမင်သည် အလွန်ပျော်သွားကာ အသံကြားရာဆီသို့ လှမ်းကြည့်လိုက်လေသည်။ လရောင်အောက်တွင် သူ့ဆရာတူအကို လီကျိုးအား ထင်ထင်ရှားရှားတွေ့လိုက်ရလေသည်။ သူ၏နောက်တွင်လည်း အရပ်ရှည်ရှည် လူတစ်ယောက် ပါလာလေသည်။
ယွင်ယွီသည်လည်း လှမ်းကြည့်လိုက်လေသည်။ သူ(မ)သည် တစ်ယောက်ယောက် ဝင်လာလိမ့်မည်ဟု မထင်ထားပေ။
ထိုလူ၂ဦးသည် တဖြည်းဖြည်းအနားသို့ ရောက်လာသောအခါ ထို၂ယောက်ထဲမှ တစ်ယောက်အား တွေ့လိုက်ချိန်တွင် သူ(မ)မျက်မှောင်များ ကြုတ်သွားပြီး ခန္ဓာကိုယ်သည်လည်း တောင့်တောင့်ကြီးဖြစ်သွားလေသည်။
အင်ပါယာမြို့တော်မှ ထိုလူအား နောက်တစ်ကြိမ်ပြန်တွေ့ရမည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ရုံသာမက ယခုကဲ့သို့ အခြေအနေမျိုးနှင့်ပါ ပြန်တွေ့လိုက်ရလေသည်။ တစ်ခဏလောက်တော့ သူ(မ)တွင် ပြောစရာစကား ပျောက်သွားလေသည်။
စုန့်ချန်းမင်သည် သူ(မ)အား မူမမှန်စွာ အာရုံစိုက်မနေခဲ့ချေ။ သူ့မျက်နှာပေါ်တွင် ခပ်မြူးမြူး ဖြစ်နေလေသည်။ စုန့်ချန်းမင်သည် လီကျိုးဆီသို့ လျှောက်သွားလိုက်ပြီး သူ့ဘေးနားမှ ထိုလူအား သတိတောင်မထားလိုက်မိဘဲ သူ့ဆရာတူအကိုအား “ဆရာတူအကိုကြီး၊ အကိုကြီး ရေယူလာသေးလား”
လီကျိုးသည် ခေါင်းခါလိုက်ပြီး ရုတ်တရက် ကြောင်သွားလေသည်။ သူဘယ်လိုလုပ် ရေယူလာဖို့ တွေးမိပါ့မလဲ။
စုန့်ချန်းမင်သည် အော်ငိုမိမတတ် ဖြစ်သွားလေသည်။
ချင်ယွီစွေသည် ယွင်ယွီအား ငုံံ့ကြည့်လိုက်ပြီး “ ဟယ်လို”
ယွင်ယွီသည် သူ့အား စကားမပြောချင်သော်လည်း သူ၏နှုတ်ဆက်လာခြင်းအား အင်တင်တင်ဖြင့် ပြန်နှုတ်ဆက်လိုက်ရလေသည်။ သူ(မ)သည် သူ့ဘေးမှ အခြေအနေအား ကြည့်လိုက်ပြီး လျှာသပ်လိုက်လေသည်။
လီကျိုးသည် သူ့ဆရာတူညီငယ်လေးအား အခြေအနေကို မေးလေသည်။ စုန့်ချန်းမင်သည် ခါးခါးသီးသီးမျက်နှာဖြင့် အခြေအနေအား ရှင်းပြလေသည်။ လီကျိုးသည် သူ့ရှေ့မှ မိန်းမငယ်လေးသည် ဖြစ်ပေါ်မှုအား ဖျက်ဆီးပစ်သည်ဟု ကြားသိရသောအခါ သူ(မ)အား ခဏခဏ လှမ်းကြည့်နေမိတော့သည်။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်လေးနှင့် သူ(မ)လုပ်နိုင်စွမ်း ရှိသည်ဆိုတာကို သူ အံ့ဩနေလေတော့သည်။
ယခုအချိန်သည် နောက်ကြောင်းပြန်ပြောနေရမည့် အချိန်မဟုတ်သေးသည့်အတွက် ယွင်ယွီသည် ကောင်းကင်အား တစ်ချက်မော့ကြည့်လိုက်ပြီး “သွားကြရအောင်။ ကျွန်မတို့ ကျန်နေသေးတဲ့ဟာတွေကို မြန်မြန်ရှင်းပစ်မှ ရမယ်”
25 04
စုန့်ချန်းမင်သည် ခါးကိုင်းပေးလိုက်ပြီး “ရှောင်းယွင်အာ၊ မြန်မြန်တက်”
အနားတွင် လူများရှိနေသဖြင့် သူ့အား ကျောပိုးခိုင်းရန် ယွင်ယွီ အနည်းငယ် ရှက်နေမိလေသည်။
သူ(မ)ငြင်းမည့်အချိန်တွင် ချင်ယွီစွေသည် အနားသို့ရောက်လာပြီး ဆောင့်ကြောင့်ထိုင်ကာ “ကိုယ့်အပေါ်တက်”
ယွင်ယွီသည် ပါးစပ်ဟလိုက်သော်လည်း ဘာစကားမှ မပြောဖြစ်ခဲ့သလို သူ့ကျောပေါ်လည်း မတက်ဖြစ်ခဲ့ချေ။
စုန့်ချန်းမင်နှင့် လီကျိုးသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်မိလိုက်ကြသည်။ သူတို့ချင်းသာ နားလည်သော အကြည့်ဖြစ်လေသည်။
ချင်ယွီစွေသည် အရပ်အလွန်ရှည်သော်လည်း ဒူးကိုကွေးကာ ဆောင့်ကြောင့်ထိုင်ထားပြီး သူ(မ)အား သူ့ကျောပေါ်၌ ချီပိုးရန် စောင့်နေလေသည်။ အကုန်လုံးသည် သူ(မ)အား စိုက်ကြည့်နေကြလေသည်။
သူ့ပခုံးအား လှမ်းမကိုင်မီ သူ(မ)သည် ချီတုံချတုံဖြစ်နေသော်လည်း သူ့ကျောပေါ်သို့သာ တက်လိုက်ရလေသည်။ သူ(မ)သည် သေးသွယ်ကျစ်လစ်သည့်သူ ဖြစ်သဖြင့် သူသည် ကျောပေါ်၌ လေးမနေချေ။
“သွားကြစို့” ဟု ယွင်ယွီ ပြောလိုက်သည်။
သူသည် မြန်မြန်မှန်မှန် လျှောက်နေသဖြင့် ယွင်ယွီသည် သက်တောင့်သက်သာ ဖြစ်နေလေသည်။သူ(မ)အား တစ်စုံတစ်ယောက်မှ ချီထားသဖြင့် ခနအနားယူလို့ ရပေသည်။ တခြားဘာမှ တွေးမနေတော့ပေ။
ထို့အပြင် သူ၏ခြေလှမ်းများသည် အလွန်မြန်သဖြင့် သူ(မ)တို့ ၄ဦးသည် ၅ခုမြောက်ဗဟိုချက်ဆီသို့ မိနစ်၂၀အကြာတွင် ရောက်သွားကြလေသည်။
ယွင်ယွီသည် တပလ္လင်ခွေထိုင်လိုက်ပြီး မိစ္ဆာစွမ်းအင်များကို ဖြန့်ကျက်ကာ ဖြစ်ပေါ်မှုဗဟိုချက်ကို မြေကြီးထဲမှ တူးလိုက်ပြီးနောက် သူ(မ)၏ ဝိညာဥ်စွမ်းအင်များကိုသုံး၍ ကျူရှားအင်းစာရွက်ကို ဖျက်ဆီးလေသည်။ ၂နာရီကြာပြီးနောက် အင်းစာရွက်သည် တစ်စစီ စုတ်ပြဲပျက်စီးသွားပြီး သူ(မ)မျက်နှာသည်လည်း ပို၍ဖြူဖျော့လာလေသည်။
ဒီဖြစ်ပေါ်မှုအား သူ(မ) လျှော့တွက်ခဲ့မိလေသည်။ ထို့အပြင် သူ(မ)ခန္ဓာကိုယ်သည် အလွန်အားနည်းနေပြီ ဖြစ်သည်။ အိမ်ပြန်ရောက်လျှင် ဆေးစိမ်ကန်ဖြင့် ရေချိုးရန် လိုအပ်နေလေပြီ။
ချင်ယွီစွေသည် စကားအများကြီး ပြောမနေဘဲ ဖြစ်ပေါ်မှု၏ ဗဟိုချက်ဖြစ်သည့် ကျိုင်းသစ်သေတ္တာကို သူအရင်ယူသယ်လိုက်ပြီး ဘေးသို့ သေချာချပေးလိုက်လေသည်။ သူသည် အလောင်းကောင်ပုပ်နံ့ကိုလည်း အနံ့ရပုံ မပေါ်ပေ။
ယွင်ယွီသည် သူ(မ)လက်ချောင်းကို ဖောက်၍ သွေးနှင့် ကျောက်စိမ်းအဆောင် ထပ်ရေးဖွဲ့ရပြန်သည်။
သူ(မ)လက်သည် နာကျင်နေလေပြီ။
သွေးကို မသုံးချင်သော်လည်း သွေးသည်သာ အကောင်းဆုံးဖြစ်သောကြောင့် သုံးနေရခြင်း ဖြစ်သည်။
ထို့နောက် ယခင်အတိုင်း စိမ့်စမ်းရေကို ထုတ်သောက်လေရာ စုန့်ချန်းမင်သည် သူ(မ)အား မျှော်လင့်တကြီး ကြည့်လေသည်။
ယွင်ယွီသည် သူ့အား မမြင်ချင်ယောင် ဆောင်နေလိုက်လေသည်။ ထို့နောက် ချင်ယွီစွေသည် သူ(မ)အား ကျောပိုးပြီး နောက်တစ်နေရာသို့ ဆက်သွားရပြန်သည်။
ဖြစ်ပေါ်မှုဗဟိုချက် နောက်ဆုံးတစ်ခုအား ရှင်းပစ်လိုက်ပြီးနောက် မိုးလင်နေပြီဖြစ်ပြီး ယွင်ယွီ့ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများသည်လည်း ချွေးများနှင့် စိုရွဲနေလေပြီ။ ရေကန်မှ ငါးဖမ်းပြန်လာသောသူကဲ့သို့ ဖြစ်နေလေသည်။ နောက်ဆုံး ကျောက်စိမ်းအဆောင်အား မြေမြှုပ်လိုက်ပြီးနောက် ကြယ်စဥ်၇လုံးဝိညာဥ်စုဆောင်းခြင်း ဖြစ်ပေါ်မှုသည် ပြည့်စုံသွားလေသည်။
ယွင်ယွီသည် အလွန်မောပန်းနေပြီဖြစ်သဖြင့် စိတ်ချလက်ချဖြစ်သွားပြီး သတိ မေ့သွားတော့သည်။
————
မိုင်ပေါင်းထောင်ချီကွာဝေးသော အင်ပါယာမြို့တော်၌၊
ခမ်းနားထည်ဝါလှသည့် အဆောက်အအုံထဲရှိ လူအိုကြီးသည် ပါးစပ်ထဲမှ သွေးများပွက်ခနဲ အန်ထွက်လာရာ ခပ်ချောချောလူရွယ်သည် အနားသို့ပြေးလာပြီး စိတ်ပူစွာဖြင့် “သခင်ကြီး၊ ဘာဖြစ်တာလဲ”
25 05
“တစ်ယောက်ယောက်က ငါ့ရဲ့ နတ်ဆိုး၇ကောင် ဖျက်ဆီးခြင်းဖြစ်ပေါ်မှုကို အောင်အောင်မြင်မြင် ဖျက်ဆီးပစ်လိုက်ပြီ” ထိုလူကြီး၏ မျက်လုံးထဲမှ ထိတ်လန့်မှုများသည် မှေးမှိန်သွားခြင်း မရှိပေ။
လူရွယ်သည် မျက်မှောင်ကြုတ်ကာ “ ဒီကမ္ဘာပေါ်မှာ တကယ်ကိုပဲ သခင်ကြီး ဖန်တီးထားတဲ့ ဖြစ်ပေါ်မှုကို ဖျက်ဆီးပစ်နိုင်တဲ့သူ ရှိနေတာလား။ သခင်ကြီး စုံစမ်းဖို့ လူလွှတ်သင့်နေပါပြီ”
လူအိုကြီးသည် “မလိုဘူး။ ငါအခု လူထုရဲ့ တုံ့ပြန်မှု ရပြီးသား။ ငါပညာအဆင့်ကို မြှင့်တင်ရမယ်။ အခုတော့ ဒီကိစ္စကို လွှတ်ထားပေးလိုက်ရအောင်။ လုံဖုန်းကျွင်းရဲ့ ခန္ဓာကိုယ်ကိုလည်း တူးရအုံးမှာ၊ ဒါကြောင့် ဒီရက်ပိုင်း လျှောက်မသွားနဲ့။ ဂရုစိုက်နေ”
လူရွယ်သည် သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်လေသည်။ ချင်ယွီစွေသည် ယွင်ယွီအား တောင်အောက်အထိ ပွေ့ခေါ်လာသော်လည်း သူ(မ)သည်တော့ ထိုအရာအား သိမည်မဟုတ်ပေ။
ယန်မင်ခမ်းနှင့် ရန်ဖုကွေ့သည် တစ်ညလုံးစောင့်နေခဲ့ကြလေသည်။ သူတို့မျက်လုံးများ ကျိန်းစက်နေကြပြီး မျက်နှာများသည်လည်း ဖြူဖျော့နေကြလေသည်။ သူတို့သည် ရေတစ်ငုံလောက်သာ သောက်ထားကြရပြီး ဘာမှလည်း မစားရဲကြချေ။ မနေ့ညက ယွင်မိသားစုသည် ယွင်ယွီအား လာရှာလေသည်။ ယန်မင်ခမ်းသည် သူတို့အား အတော်ကြာအောင် နားချဖျောင်းဖျလိုက်ရလေသည်။ ဖွားဖွားယွင်သည်လည်း တောင်ပေါ်သို့ လိုက်တက်မသွားခဲ့သော်လည်း သူတို့နှင့်အတူ ထိုနေရာမှာ ညလုံးပေါက် စောင့်နေခဲ့လေသည်။
ဆရာမယွင်၏ မောင်လေးလည်း ပါလာပြီး သူသည်တော့ ကားပေါ်တွင်သာ အသံမထွက်ဘဲ ထိုင်နေခဲ့လေသည်။
သူတို့အားလုံး ယွင်ယွီအား ပွေ့ခေါ်လာရသည်ကို မြင်သောအခါ စိတ်ပူသွားကြလေသည်။
ဖွားဖွားယွင်သည် ည၈နာရီ၌ ယွင်ယွီ ညစာထွက်မစားသည့်အတွက် ယွင်ရှန်းအား မေးလေသည်။ သူသည် သူ့အစ်မလတ်သည် အခန်းထဲ၌ နားနေကြောင်း လိမ်ပြောလိုက်သည်။ ဖွားဖွားယွင်သည် ည၁၀နာရီ၌ သူ(မ)မြေးမလေးအား သွားကြည့်ရာ ရှောင်းယွင်အာသည် အခန်းထဲ၌ မရှိသဖြင့် သူ(မ)သည် ယွင်ရှန်း ငေါက်ငမ်းလေတော့သည်။ ယွင်ရှန်းသည် သူကြာကြာဆက်ဖုံးထား၍မရသဖြင့် သူ့အစ်မလတ်သည် ဆောက်လုပ်ရေးဆိုက်သို့ သွားကြောင်း အမှန်အတိုင်းသာ ပြောလိုက်ရလေသည်။
ဖွားဖွားယွင်သည် ဆိုက်ထဲသို့ လိုက်လာပြီး ယွင်ရှန်းသည်လည်း နေ့ဘက်တွင် ကျောင်းတက်ရမည်ဖြစ်သဖြင့် တခါတည်း လိုက်လာလေသည်။
သူ(မ)တို့အားလုံး ဆိုက်ထဲမှာပဲ ညလုံးပေါက် စောင့်ခဲ့ကြရလေသည်။ ဖွားဖွားယွင်သည် ခဏခဏ ငိုလေသည်။ မနက်၁၀နာရီကျော်တွင် တစ်ယောက်ယောက်သည် ခပ်လှမ်းလှမ်းလာနေသည်ကို လှမ်းမြင်လိုက်ရသည့်အတွက် သူ(မ)သည် ကားထဲမှ ယိုင်တိုင်တိုင်ဖြင့် ထွက်ခဲ့လိုက်လေသည်။ အနီးသို့ရောက်သောအခါ ရှောင်းယွင်အာသည် အရပ်ရှည်ရှည်ယောကျာ်းတစ်ယောက်၏ လက်မောင်းများကြားတွင် အပွေ့ခံထားရသည်ကို တွေ့လိုက်ရလေသည်။
ရှောင်းယွင်အာသည် ချွေးများလည်း မနည်းမနော ထွက်နေလေသည်။ သူ(မ)မျက်နှာသည် အလွန်ဖြူဖျော့နေပြီး ထိုလူ၏ လက်မောင်းများကြားတွင် သတိလစ်နေလေသည်။
ဖွားဖွားယွင်၏ မျက်နှာသည် ထိတ်လန့်မှုကြောင့် ဖြူဖတ်သွားလေသည်။ ချင်ယွီစွေသည် “သူ(မ)အဆင်ပြေပါတယ်။ တအားပင်ပန်းသွားလို့ ဖြစ်သွားတာပါ။ အားပြည့်သွားအောင် ဆေးချိတ်ဖို့ ဆေးရုံကို ပို့ကြတာပေါ့”
သူသည် ဖွားဖွားယွင်အား မသိသော်လည်း သူ့မသိစိတ်ကတော့ ယွင်ယွီ့အမျိုးဖြစ်ကြောင်း သိနေလေသည်။
******