← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

27 01

အပိုင်း (၂၇)

ယွင်ယွီသည် သောက်ရန် ရေတစ်ခွက်ကိုကိုင်ပြီး ထိုင်ခုံ၌ ထိုင်နေလေသည်။ ထိုရေထဲ၌ သူ(မ)အင်အားများကို ခပ်မြန်မြန် ပြန်ပြည့်စေမည့် ဝိညာဥ်စွမ်းအင်များ ပါလေသည်။

ရုတ်တရက် ချင်ယွီစွေ၏ ခန္ဓာကိုယ်မှ ရုန်းရင်းဆန်ခတ်ဖြစ်စေနိုင်သည့် အချက်ပြလက္ခဏာများကို သူ(မ)သတိထားမိလိုက်လေသည်။

မိစ္ဆာစွမ်းအင်များသည် လူကိုထိခိုက်အောင်လုပ်နိုင်ရုံသာမက ရုန့်ရင်းကြမ်းတမ်းသော ကိစ္စများကို ပြုလုပ်အောင် လူတစ်ယောက်၏ စိတ်ကိုလည်း ထိန်းချုပ်နိုင်ပေသည်။

ဒီလူအနားမှ မိစ္ဆာစွမ်းအင်များသည် သူ့ကို များများစားစား ဒုက္ခရောက်အောင် မလုပ်နိုင်သော်လည်း သူ စိတ်ခံစားချက်မျာ ပြင်းထန်သွားချိန်မှသာ သူ့ကို ဒုက္ခရောက်အောင်လုပ်နိုင်မည့် အခွင့်အရေး ရရှိသွားမည်ဖြစ်ပြီး ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့စေမည်ဖြစ်သည်။

"ဂရုစိုက်အုံး" ယွင်ယွီသည် များများစားစား တွေးနေရန် အချိန်မရှိပေ။ သူ(မ)သည် ထရပ်လိုက်ပြီး သူ့ပခုံးအား တစ်ချက်ပုတ်ကာ သူ(မ) ဒုက္ခသုက္ခခံ၍ စုစည်းထားရသော ဝိညာဥ်စွမ်းအင်အားလုံးကို လွှဲပေးလိုက်လေသည်။ ဒီလူ၏ ခွန်အားသည် ခြောက်လှန့်နေလေသည်။ သူသာ ထိန်းချုပ်မှု ကင်းမဲ့သွားလျှင် သူ(မ)တွင် ယခုလက်ရှိ၌ သူ့အား နှိမ်နင်းနိုင်သော အင်အား မရှိသေးပေ။ ထို့အပြင် သူ့တွင် တောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက် ရှိလေသည်။ သူသည် မိစ္ဆာဓာတ်ရောဟယင်ဓာတ်ရောကို မကြောက်သည့်အတွက် သူ(မ) သူ့အား ဘေးကျပ်နံကျပ်ဖြစ်အောင် လုပ်၍ရမည် မဟုတ်ပေ။ သူ့အား စိတ်အေးငြိမ်းစေရန် ဝိညာဥ်စွမ်းအင်ကိုသာ သုံးနိုင်လေသည်။

ရုန်းရင်းဆန်ခတ်ဖြစ်စေနိုင်သည့် မိစ္ဆာစွမ်းအင်များသည် ချက်ချင်း ရပ်တန့်သွားလေသည်။

“ကျေးဇူးတင်ပါတယ်” ချင်ယွီစွေသည် စိတ်သက်သာသွားပြီး ယွင်ယွီအား ကျေးဇူးတင်ကြောင်း ပြောလေသည်။ သူ့မျက်လုံးထောင့်များသည်တော့ အနည်းငယ် နီရဲနေလေသေးသည်။ သူ့အဖိုး၏ လေသံတိုးတိုးသည် ဖုန်းထဲမှတဆင့် “ ချင်ယွီ အဖွားကို အိမ်ကိုပဲ ပြန်သယ်ခဲ့လိုက်တော့”

ချင်ယွီစွေသည် ကွဲအက်နေသော အသံဖြင့် “ကောင်းပါပြီ”

သူ အရမ်းဝမ်းနည်းနေသည်ကို ယွင်ယွီ တွေ့လိုက်ရသည်။ သူ့မျက်နှာအား ဖတ်ကြည့်သော်လည်း သူ(မ)နားမလည်နိုင်ပေ။ သူ(မ)အရည်အချင်းနှင့်ဆိုလျှင် လူတစ်ယောက်၏ မျက်နှာအား သာမန်ကြည့်လိုက်ရုံဖြင့် မကြာသေးခင်အချိန်တုန်းက ထိုလူဘာဖြစ်ခဲ့သည်ဆိုတာကို သူ(မ)သိမြင်နိုင်လေသည်။ သို့သော် သူ(မ) ဒီလူအား ထိုသို့လုပ်၍ မရပေ။ သူ့အရင်ဘဝတုန်းက တစ်စွန်းတစ်စ ကံကြမ္မာ လက္ခဏာများကိုသာ မြင်ရလေသည်။

တော်တော်လေး ထူးဆန်းနေလေသည်။

ထိုဖုန်းခေါ်ဆိုလာမှုသည် အဆင်မပြေသည်ကို သူ(မ)သိသည်။ “ရှင့်မှာ လုပ်စရာရှိတယ်ဆိုရင် အရင်သွားလုပ်လိုက်ပါ”

မြန်မြန် သွားပါတော့။ နောက်ထပ် ဘာမှ မပတ်သက်ပဲ နေကြရအောင်။

“ကိုယ် ပြန်လာခဲ့မယ်” သူ့အသံသည် အက်ကွဲနေဆဲဖြစ်ပြီး သူ(မ)တို့အား ပြန်ပြောခွင့်တောင် မပေးပေ။ တံခါးမကြီးနားသို့ သွားပြီး ဖုန်းဆက်ကာ စကား၂ခွန်းပဲ ပြောပြီး ပြန်လာလေသည်။

ဖွားဖွားယွင်သည် မီးဖိုချောင်ထဲတွင် သန့်ရှင်းရေးလုပ်ရင်း အလုပ်ရှုပ်နေလေသည်။ သူတို့၂ဦးသည် ဆိုင်ထဲ ထိုင်နေကြပြီး ဘာစကားမှမပြောကြချေ။ ယွင်ယွီတွင် ဘာစွမ်းအင်မှ မရှိတော့သည့်အတွက် သူ(မ)သည် စားပွဲပေါ်တွင် ခြေပစ်လက်ပစ် လဲနေလေသည်။ ချင်ယွီစွေသည် သူ့အရပ်က လူတစ်ယောက်အား အုပ်မိုးခံထားရသည်ဟု ခံစားစေနိုင်သည်ကို သိသည့်အတွက် ယွင်ယွီနှင့် မျက်နှာချင်းဆိုင်တွင်သာ ဝင်ထိုင်လိုက်လေသည်။

သူသည် “ကိုယ့်နာမည်က ချင်ယွီစွေပါ”

“ကျွန်မ နည်းနည်း အိပ်ချင်နေတယ်” ယွင်ယွီသည် မှင်တေတေ ပြောလေသည်။ သူ့အသံကို ကြားရင်တောင် သူ(မ) သေချာရှင်းရှင်းလင်းလင်း နားလည်မည်မဟုတ်ပေ။ သူ(မ)သည် ချင်ယွီစွေထံသို့ သူ(မ)လက်ကျန်ဝိညာဥ်စွမ်းအင်များ ထည့်ပေးလိုက်ရသဖြင့် စားပွဲပေါ်တွင် ငိုက်မြည်းကာ ထိုင်နေရလေသည်။

ချင်ယွီစွေသည် နောက်ထပ် ဘာမှထပ်မပြောဘဲ သူ(မ)ကိုသာ ထိုင်ကြည့်နေလေသည်။

ဖွားဖွားယွင် မီးဖိုချောင်ထဲမှ ထွက်လာချိန်တွင် ကားအနက်တစ်စီးသည် ဆိုင်‌ရှေ့သို့ ထိုးရပ်လေသည်။ ရှလီမောင်းလာခြင်းဖြစ်သည်။ ချင်ယွီစွေသည် အိပ်ပျော်နေပြီဖြစ်သော ယွင်ယွီကို ချီကာ ကားထဲသို့ ဝင်လိုက်လေသည်။ ဖွားဖွားယွင်သည် ချီတုံချတုံဖြစ်နေပြီး ကျေးဇူးတင်ကြောင်းပြောကာ ကားထဲသို့ ဝင်လိုက်လေသည်။

27 02

မြို့ငယ်လေးသည် ချင်ဟဲရွာနှင့် သိပ်မဝေးပေ။ ရှလီသည် ဖြေးဖြေးမှန်မှန်မောင်းလာရာ မိနစ် ၂၀အကြာတွင် ယွင်အိမ်ရှေ့သို့ ရောက်သွားလေသည်။

ယွင်ယွီသည် အိပ်ပျော်နေဆဲဖြစ်သဖြင့် ချင်ယွီစွေသည် သူ(မ)အား ချီ၍ အခန်းထဲသို့ လိုက်ပို့ပေးလိုက်လေသည်။ သူ(မ)ကို ကုတင်ပေါ်သို့ သေသေချာချာချပေးပြီး စောင်ပါးတစ်ထည် ခြုံပေးခဲ့လေသည်။ သူပြန်အထွက်တွင် ဖွားဖွားယွင်သည် တံခါးပေါက်၌ မတ်တပ်ရပ်နေလေသည်။ သူသည် “အဖွား၊ ကျွန်တော် အင်ပါယာမြို့တော်ကို ပြန်ပြီး ဖြေရှင်းရမဲ့ ကိစ္စလေးရှိနေလို့ပါ။ ကျွန်တော့်မိသားစုကိစ္စ ဖြေရှင်းပြီးသွားတာနဲ့ ယွင်ယွီနဲ့လာပြီး စကားပြောပါ့မယ်။ ကျွန်တော့်ကို အခွင့်အရေး တစ်ကြိမ်လောက်ပေးပါ၊ အဖွား”

သူသည် ယဥ်ကျေးပျူငှာသော သူတစ်ဦးဖြစ်သည့်အတွက် ဖွားဖွားယွင်သည် မငြင်းခဲ့ပေ။ သူ(မ)သည် သက်ပြင်း တစ်ချက်ချလိုက်ပြီး “ ရှောင်းယွင်အာက ခုထိ ကိုယ်ဝန်အကြောင်း မသိသေးဘူး။ ဘယ်လိုပြောရမလဲဆိုတာကို ဖွားလည်း မသိသေးဘူး။ ဒီကိစ္စက မင်းတို့နှစ်ယောက်ကြားထဲက ကိစ္စပါကွယ်။ ဘာပဲဖြစ်ဖြစ် ဖွားကတော့ ရှောင်းယွင်အားရဲ့ဆုံးဖြတ်ချက်ကို လက်ခံပေးမှာပါ”

ကလေးမွေးသည်ဖြစ်စေ မမွေးသည်ဖြစ်စေ၊ ဒီလူငယ်နှင့် ဘာပဲဆက်လုပ်လုပ် ရှောင်းယွင်အာ ဆုံးဖြတ်ရမည်သာ ဖြစ်ပေသည်။

ဒါသည် သူ(မ)ဘဝသာ ဖြစ်သည်။

ချင်ယွီစွေသည် လေသံတိုးတိုးဖြင့် “ကောင်းပါပြီ။ ယွင်ယွီရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်‌လည်း လေးစားမှာပါ။ အဖွား ကျွန်တော့်ကို သူ(မ)ဖုန်းနံပါတ်လေး ‌ပေးလို့ရမလားဗျ။ အင်ပါယာမြို့တော်ကို ပြန်ရင် ကျွန်တော် သူ(မ)ကို ဆက်သွယ်ချင်လို့ပါ”

ဒါသည် ဖုန်းနံပါတ်လေးတစ်ခုသာ ဖြစ်ပေသည်။ မပေးနိုင်စရာမကြောင်း မရှိသည့်အတွက် ဖွားယွင်သည် ယွင်ယွီ့ဖုန်းနံပါတ်အား ပေးလိုက်လေသည်။

သူသည် ခေါင်းတစ်ချက်ညိတ်ကာ နှုတ်ဆက်လိုက်ပြီး ထွက်သွားလေသည်။

—————.

ကားလေးသည် ရွာထိပ်သို့ ရောက်လာချေပြီ။ ကားထဲ၌ ရှလီသည် ကားမောင်းရင်း စိတ်ပူစွာဖြင့် “ခေါင်းဆောင်ချင်၊ အဆင်ပြေရဲ့လားဗျ”

ရှလီသည် ဆိုက်ထဲ၌ နေခဲ့ရပြီး ရဲများနှင့်အတူ နောက်ဆက်တွဲကိစ္စများကို ဖြေရှင်းခဲ့ရလေသည်။ သူသည် ကျိုင်းသစ်သေတ္တာ၇လုံးကို ရဲစခန်းသို့ ယူသွားခဲ့ပြီး ရဲစခန်းရောက်တော့ ဖွင့်ကြည့်လိုက်ရာ စခန်းတစ်ခုလုံး လူသေကောင်ပုပ်နံ့များ လှိုင်သွားလေသည်။ သေတ္တာထဲမှ အ‌လောင်းကောင်ကို သူ တစ်ချက် ကြည့်လိုက်သောအခါ အလောင်းကောင်၏ ပုပ်သိုးဆွေးမြည့်နေပြီဖြစ်သော ဘယ်ဘက်လက်မတွင် ဝတ်ထားသည့် ကျောက်စိမ်းလက်စွပ်တစ်ကွင်းကို တွေ့လိုက်ရသည်။ လက်စွပ်ကို ကြည်တောက်သော ကျောက်နီအမျိုးအစားဖြစ်သည့် ရွှေပိုးကျောက်နီအမျိုးအစားဖြင့် ထုခွဲပြုလုပ်ထားပြီး ‌ရွှေကြိုးများ ကွပ်ထားလေသည်။ လက်စွပ်ပေါ်တွင်လည်း ပြာပုံကြားမှ ပြန်လည်နိုးထလာသော ဖီးနစ်ငှက်တစ်‌ကောင် ထွင်းထားလေသည်။

အင်ပါယာမြို့တော်တွင် လုံမိသားစုနှင့် ရင်းနှီးသူတိုင်း လုံမိသားစု၏ အိမ်ထောင်ဦးစီးအမျိုးသမီးတွင် “ဖန်း” (ဖီးနစ်ငှက်) စရိုက်လက္ခဏာမျိုးရှိသည်ကို သိကြလေသည်။ လက်မစွပ် ကျောက်နီလက်စွပ်သည် လုံမိသားစု အိမ်ထောင်ဦးစီးအမျိုးသမီး ပိုင်ဆိုင်သောအရာ ဖြစ်လေသည်။

လက်စွပ်ကို မြင်လိုက်လိုက်ချင်း ရှလီသည် အထိတ်တလန့် ဖြစ်သွားခဲ့သည်။ သူသည် ချက်ချင်းပင် ရဲစခန်းအား နှိုင်းယှဥ်ကြည့်ရန် တောင်းဆိုလိုက်သည်။ ရဲစခန်းသည် လျစ်လျူမရှုရဲသဖြင့် DNAစစ်ဆေးချက်တစ်ခု အမြန်စစ်ကာ နှိုင်းယှဥ်ကြည့်လေသည်။ အလောင်းသည် အမှန်တကယ်ကို လုံမိသားစု အိမ်ထောင်ဦးစီးအမျိုးသမီး ဖြစ်နေလေသည်။ ခေါင်းဆောင်ချင်သည် ထိန်းချုပ်နိုင်စွမ်း မဲ့သွားမည်ကို စိတ်ပူ၍ သူသည် ခေါင်းဆောင်ချင်ကို ဖုန်းမဆက်ရဲခဲ့ပေ။ ထို့ကြောင့် အင်ပါယာမြို့တော်မှ ဗိုလ်ချုပ်လုံကိုသာ အ‌ခြေအနေတင်ပြရန် ဖုန်းအရင်ဆုံး ဆက်လိုက်ရလေသည်။

ဖုန်းချပြီးနောက် သူသည် အချိန်အတော်ကြာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့လေသည်။

အင်ပါယာမြို့တော်ကို ခြေဖဝါးအောက်မှာ ပြားပြားဝပ် ဖိနှိပ်နိုင်သော လုံမိသားစု၏ အိမ်ထောင်ဦးစီးအမျိုးသမီးသည် နတ်ဆိုး၇ကောင်ဖျက်ဆီးခြင်းဖြစ်ပေါ်မှုထဲတွင် အပိုင်းပိုင်း ပိုင်းဖြတ်ပြီး ပိတ်လှောင်ခံခဲ့ရသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် အရာပေတည်း။

အင်ပါယာမြို့တော်တွင် ဖရိုဖရဲကာလတစ်ခု ဖြစ်သွားခဲ့လေသည်။

လုံမိသားစု၏ အိမ်ထောင်ဦးစီးအမျိုးသမီးသည် ခေါင်းဆောင်ချင်၏ ဖွားဖွားကြီးဖြစ်ပြီး ခေါင်းဆောင်ချင်လည်းပဲ ဒီကိစ္စကို သိနေလောက်လေပြီ။

ချင်ယွီစွေသည် “ဟမ်” ဟုသာ ပြောပြီး ဘာမှထပ်မပြောချေ။

ရှလီသည် “ ရဟတ်ယာဥ် စီစဥ်ထားပါပြီ၊ ပြီးတော့ သခင်မကြီးကိုလည်း.....ရိုးရိုးရှင်းရှင်း သင်္ဂြိုလ်လိုက်ပါပြီ”

“ကောင်းပြီ” ချင်ယွီစွေ၏ အသံသည် ကွဲအက်နေလေသည်။

27 03

ယွင်ယွီနိုးလာသောအခါ အင်္ဂါနေ့ နေ့လည်ကိုပင် ရောက်နေလေပြီ။ သူ(မ)သည် တစ်နေ့နှင့်တစ်ည အိပ်ပျော်သွားခဲ့လေသည်။

သူ(မ)သည် တကယ်တော့ တစ်ရေးနိုးလာြခင်းသာဖြစ်ပြီး ဝိညာဥ်စိမ့်စမ်းရေတစ်ခွက်ကို အိပ်ချင်မူးတူးနှင့်သောက်ကာ ပြန်အိပ်သွားလေသည်။

သူ(မ) အိပ်ရေးဝ၍ နိုးလာသောအခါ ကြက်သားစွပ်ပြုတ်နံ့ ခပ်မွှေးမွှေးကို အနံ့ရလိုက်လေသည်။ ယွင်ယွီသည် ရေချိုးခန်းထဲတွင် ရေဝင်ချိုးလိုက်လေသည်။ ရေများသည် သူ(မ)ခန္ဓာကိုယ်မှတစ်ဆင့် ရေချိုးခန်းကြမ်းပြင်သို့ စီးကျသွားလေသည်။ ဖြစ်ပေါ်မှုကို ဖျက်ဆီးနေချိန်တုန်းက သူ(မ)ဝိညာဥ်စွမ်းအင်များကို အလွန်အကျွံသုံးခဲ့ခြင်းကြောင့် သူ(မ)ခန္ဓာကိုယ်တွင် ဝိညာဥ်စွမ်းအင်ပြင်းပြင်ထန်ထန် အားထုတ်ထားရမှု ရှိနေလေသည်။ သူ(မ)ဝိညာဥ်စွမ်းအင်များသည် သူ(မ)၏ ပျိုမြစ်နုနယ်ခြင်းများ အားလုံးနီးပါးတွင် ဖြတ်သန်းနေပြီး သူ(မ)ခန္ဓာကိုယ်မှ မသန့်စင်မှုများကိုလည်း သန့်စင်စေကာ သူ(မ)၏ ပညာအဆင့်ကိုလည်း တိုးတက်စေလေသည်။

သူ(မ)သည် အညစ်အကြေးများကို သန့်ရှင်းပစ်ရန် ရေချိုးခြင်းဖြစ်သည်။ အညစ်အကြေးဆိုသည်မှာ မျက်စိဖြင့်မြင်ရသော အညစ်အကြေးကို ပြောခြင်း မဟုတ်ပေ။ ဖုန်မှုန့်ကဲ့သို့ မသန့်စင်မှုကို ပြောခြင်းဖြစ်သည်။

သန့်စင်ပြီးသွားချိန်တွင် အစက ဖြူဖွေးပြီး ညက်ချောသော သူ(မ)အသားအရေသည် ယခုမူ အခွံချွတ်ထားသော ကြက်ဥကဲ့သို့ ဖြူစွတ်နူးညံ့သွားလေသည်။

သူ(မ)အရင်ဘဝက အလိုလိုက်ခံခဲ့ရပြီး ကြီးပြင်ခဲ့ရသဖြင့် သူ(မ)အသားအရည်သည် ထိုကဲ့သို့ နူးညံ့ချောမွေ့နေခြင်း ဖြစ်သည်။

သူ(မ)၏ ယခင်က အဝါရောင်ခြောက်သွေ့သွေ့ဆံပင်များသည် ဝိညာဥ်စိမ့်စမ်း‌ရေ၏ အကျိုးအာနိသင်ကြောင့် ယခုမူ တဖြည်းဖြည်း ဖြောင့်စင်းချောမွတ်လာပြီး မဲနက်လာလေသည်။ သူ(မ)ဆံသားများသည် နူးညံ့ဖြောင့်စင်းပြီး ထူထပ်လေသည်။ ခြောက်သွားသောအခါ သူ(မ)တစ်ခေါင်းလုံးသည် ပိုးချည်များကဲ့သို့ နူးညံ့အိစက်သွားလေသည်။

ဒီခန္ဓာကိုယ်တစ်ခုလုံးကို အတော်ကြာ ဂရုစိုက်ထိန်းသိမ်းလိုက်ပြီးနောက် ယွင်ယွီသည် သူ(မ)ကိုယ်သူ(မ) ပိုကြည့်ကောင်းလာသည်ဟု ခံစားရလေသည်

စိတ်ပျော်ရွှင်စွာနှင့်ပဲ သူ(မ)သည် အဝတ်အစားလဲလိုက်ပြီး ဖွားဖွားယွင်ကိုရှာရန် ထွက်လာလေသည်။ ဖွားဖွားယွင်သည် မီးဖိုချောင်ထဲတွင် ကြက်သားစွပ်ပြုတ် ပြုတ်နေလေသည်။ ယွင်ယွီ နိုးလာသည်ကို မြင်လိုက်ရချိန်မှသာ သူ(မ)စိတ်အေးသွားရလေသည်။

“မြေးက တစ်နေ့လုံး ဒီလိုကြီးပဲ အိပ်နေတာ။ ဖွားဖွားတော့ စိတ်ပူလွန်းလို့ သေတော့မယ်ကွယ်”

ယွင်ယွီသည် ခုထိ သူ(မ)ကိုယ်ဝန်အကြောင်းကို မသိသေးပေ။ သူ(မ)သည် ခါတိုင်းလို ဖွားဖွားယွင်၏ လက်မောင်းကို ပြေးဖက်လိုက်ပြီး “ဖွားဖွား၊ သမီး နောက်တခါ ထပ်မလုပ်ရဲတော့ပါဘူး။ သမီး ခေါင်းမမာတော့ပါဘူး။ နောက်နောင်ကျရင် ဗေဒင်ဟောတာမျိုးတို့ ဖုန်းရွှေကြည့်ပေးတာမျိုးတို့လို အလုပ်တွေပဲ ရှာပါတော့မယ်”

ဖွားဖွားယွင်သည် သူ(မ)အနီးနားကပ်နေသော တိုဖူးကဲ့သို့ နုဖတ်နေသော မျက်နှာလေးကို ကြည့်၍ အပြစ်မတင်ရက်တော့ပေ။

ဘာပဲဖြစ်ဖြစ် သူ(မ)သည် ယွင်ယွီ ပိုလှလာသည်ဟုသာ ခံစားနေရလေသည်။

ထိုသို့လှပလာြခင်းသည် အိမ်တွင် သူ(မ)ပျိုးထားသော မြေနှင့်ရေကြောင့်ဟု ဖွားဖွားယွင် တွေးနေလေသည်။ နောက်ပြီး ရှောင်းယွင်အာသည် အင်ပါယာမြို့တော်မှ ပြန်လာပြီးကတည်းက ပိုပိုလှလာနေလေသည်။

ဖွားဖွားယွင်သည် သက်ပြင်းတစ်ချက်ကို ချလျက် “ဟုတ်ပါပြီ။ လာခဲ့၊ ကြက်စွပ်ပြုတ် သောက်ရအောင်။ မျှစ်ချိုလတ်လတ်ဆတ်ဆတ်လေးနဲ့ ပြုတ်ထားတာ။ အိမ်နောက်ဘက်က ဝါးတောက တအားကြီးဖြစ်လာပြီ။ မနက်က ဖွား သွားကြည့်လိုက်တော့ နုတဲ့အတက်လေးတွေ အများကြီးထွက်နေပြီမို့ နှစ်ခုလောက်နှုတ်လာပြီး စွပ်ပြုတ်တစ်ခုခုချက်ဖို့ ပြန်လာတာ။ တော်တော်လေးကို လတ်ဆတ်ပြီး အရသာရှိတာပဲ။ ဖွားဖွားယွင်သည် ညနေခင်းတွင် သူ(မ)မြေးမလေးနှင့် ကိုယ်ဝန်အကြောင်း စကားအေးအေးဆေးဆေးပြောရန် စီစဥ်ထားလေသည်။ သူ(မ)ကိုယ်တိုင်လည်း ခုထိရှော့ခ်ရနေဆဲ ဖြစ်ပေသည်။၊

ယွင်မိသားစု၏ခြံ တောင်ဘက်တွင် အတော်လေးအိုနေပြီဖြစ်သော သကြားသီးပင်တစ်ပင်ရှိပြီး ထိုအပင်အနောက်ဘက်တွင် ဝါးတောရှိလေသည်။ ယွင်ယွီသည် ဘာမှလုပ်စရာမရှိသည့်အချိန်မျိုးတွင် ထိုနေရာသို့သွားပြီး ဝိညာဥ်စိမ့်စမ်းရေကိုသုံးကာ ရေလောင်းပေးလေ့ရှိသည်။ ထို့ကြောင့် သကြားသီးပင်နှင့် ဝါးပင်များသည် တအားဖြစ်လာရခြင်းဖြစ်ပေသည်။

“ဖွားဖွားချက်တဲ့ ကြက်သားစွပ်ပြုတ်က အကောင်းဆုံးပဲ” ယွင်ယွီသည် မီးဖိုနားသို့သွားပြီး သူ(မ)တစ်ပန်းကန်၊ ဖွားဖွားယွင်အတွက် တစ်ပန်းကန်နှင့် အမေယွင်အတွက် တစ်ပန်းကန် ခပ်လိုက်လေသည်။ အမေယွင်သည် သူ(မ)တခြားသူအတွက် ဖြစ်ပေါ်မှုကို ဖျက်ဆီးဖို့ ကူညီပေးသည့်အတွက် မဟုတ်လျှင် သူ(မ) သေလုအောင် ကြောက်နေပေမည်။

27 04

ယွင်ယွီသည် အခန်းထဲသို့ ဝင်သွားလိုက်ပြီး အမေယွင်နှင့် စကားခဏပြောလေသည်။ ဖုန့်ရှုကျန်းသည် ယွင်ယွီအား “ယွင်အာ၊ အမေ မနက်ဖြန် ဆေးရုံသွားပြီး ပတ်တီးဖြေတော့မလို့။ အမေ့ခြေထောက်တွေ အကုန်ပြန်ကောင်းနေပြီလို့ ခံစားနေရတယ်။ သမီးအဖွား အလုပ်တွေ များနေတာ တစ်လကျော်လောက်ရှိနေပြီ။ အမေစောစောထပြီး သူ(မ)ကို ကူလုပ်ပေးချင်နေပြီ”

သူ(မ)ခြေထောက်နှစ်ဖက်လုံးသည် ပတ်တီးကြောင့် လှုပ်မရဘဲ လဲရုံသာလဲ၍ရသဖြင့် သက်တောင့်သက်သာ မဖြစ်ပေ။

ယွင်ယွီသည် အမေယွင်၏ ကျိုးသွားသောခြေထောက်များသည် ဒီရက်ပိုင်းတွင် ဝိညာဥ်စိမ့်စမ်းရေများ ထည့်တိုက်နေသဖြင့် သက်သာနေပြီဟု ယုံကြည်လေသည်။ သူ(မ)သည် ခေါင်းညိတ်ပြလိုက်ပြီး “မနက်ဖြန်ကျ ဆေးရုံမှာ ဓာတ်မှန်ရိုက်ကြည့်ဖို့ သမီး အဖော်လိုက်ခဲ့မယ်။ အကုန်ကောင်းတယ်ဆိုရင် သမီးတို့ ပတ်တီးဖြေကြတာပေါ့”

ဖုန့်ရှုကျန်းသည် ပြုံးပြီး “ဟုတ်ပြီ”

သူ(မ)သည် စွပ်ပြုတ်တစ်ငုံ သောက်လိုက်ပြီး “ဒီကြက်စွပ်ပြုတ်က အရသာရှိလိုက်တာ။ သမီးလည်း သောက်သင့်တယ်၊ ယွင်အာ။ အမေ့ကို စောင့်ပေးဖို့ မလိုပါဘူး။ ဖွားဖွားကိုလည်း တိုက်လိုက်ပါအုံးကွယ်”

မိသားစုအများစုတွင် ချွေးမနှင့်ယောက္ခမကြား၌ သဘောထား ကွဲလွဲမှုများရှိသော်လည်း ယွင်မိသားစုတွင်တော့ ထိုသို့မဟုတ်ချေ။ ယွင်မောက်လျန် သူ့ဇနီးနှင့် သားသမီးများကို ထားပစ်ခဲ့ချိန်တွင် ဖုန့်ရှုကျန်းသည် အလွန်အမင်း စိတ်ထိခိုက်ခဲ့ရသည်။ ဖွားဖွားယွင်သည်တော့ မိသားစုကို မစွန့်ပစ်ခဲ့သလို အမြဲအတူတူ ရှိနေပေးခဲ့လေသည်။ အမေယွင်၏ ဘဝတွင် အလေးစားရဆုံးသူမှာ ထိုအမယ်အိုဖြစ်ပြီး ထိုအမယ်အိုအား သူ(မ) အမြဲချစ်ခင် ရိုသေလေသည်။

ယွင်ယွီသည် ပြုံး၍ “ဟုတ်ကဲ့ အမေ။ သမီးသွားတော့မယ်။ စားပြီးရင် နားလိုက်အုံးနော်။ ပြီးမှပဲ သမီးလာပြီး ပန်းကန် လာသိမ်းလိုက်တော့မယ်”

သူ(မ) မီးဖိုချောင်ထဲသို့ ဝင်သွားသောအခါ ဖွားဖွားယွင်သည် ကြက်စွပ်ပြုတ်တစ်ပန်းကန် ကုန်နေလေပြီး ဥယျာဥ်ထဲသို့သွားကာ သစ်သီးသစ်ရွက်များ ခူးနေလေသည်။ သူ(မ)သည် ပြီးလျှင်တော့ ဘန်းမုန့်ဆိုင်သို့ သွားရမည်ဖြစ်သည်။

ယွင်ယွီသည် ကြက်စွပ်ပြုတ်အား မြည်းကြည့်လိုက်သောအခါ တော်တော်လေး အရသာရှိလှပေသည်။ မျှစ်ချိုများသည် ပါးစပ်ထဲတွင် ပျော်ဝင်သွားပြီး အလုတ်တိုင်းသည် အားရလောက်အောင် အရသာရှိနေပေသည်။

စွပ်ပြုတ်ကုန်သွားပြီးနောက် သူ(မ)သည် ဆက်ထိုင်မနေတော့ပေ။ မီးဖိုချောင်ကို သန့်ရှင်းလိုက်ပြီးနောက် ဝူလီအိမ်သို့ ဂျုံများကို ‌ငွေရှင်းပေးရန် ထွက်လာလိုက်လေသည်။

ဝူလီ၏ မိသားစုသည် ဒီနှစ်တွင် ဂျုံတော်တော်လေ စိုက်ထားလေသည်။ မိသားစုသုံးရန် လိုသလောက် သိမ်းထားပြီးနောက် ဂျုံ ကီလို၄၀၀၀ကျော် ကျန်နေသေးလေသည်။ ထိုဂျုံအားလုံးကို ယွမ်၆၀၀၀နှင့်သာ ရောင်းလေသည်။

ယွင်ယွီသည် ဝူလီအား ဖုန်းဖြင့် ငွေလွှဲပေးလိုက်လေသည်။

ဝူလီသည် ယွင်ယွီနားသို့ တိုးလာပြီး “ရှောင်းယွင်အာ၊ ငါ အိမ်တွေကို ဂျုံရောင်းမှာလားလို့ နင့်အတွက် လိုက်မေးတာ၊ သူတို့က ရောင်းချင်နေကြလို့ ငါ သူတို့ကို ဂျုံတွေ ချန်ထားခိုင်းလိုက်ပြီ။ ခုနေ့လည် ငါတို့ တစ်အိမ်ချင်း လိုက်ပြီး သွားယူကြစို့။ ငါတို့ ၂အိမ်ပေါင်းလိုက်ရင် ဂိုထောင်က ဂျုံကီလိုသောင်းချီပြီး ဆန့်ပါတယ်ဟ။ နင့်ဆီမှာ ငွေရှိရင် ချေဖို့ ကျန်တော့တယ်။ တကယ်လို့ မရှိရင် ငါအရင် ချေးပေးထားမယ်လေ”

သူသည် အမှန်တကယ်ကို ယွင်ယွီအပေါ် ချစ်ခင်ကြင်နာလေသည်။

ယွင်ယွီသည် ပြုံး၍ “ငါ့မှာ လုံလုံလောက်လောက် ရှိပါတယ်။ စိတ်မပူနဲ့။ သွားယူကြစို့”

ယန်ထျန်းလန်အား သရဲခြောက်ခံရသည့်ကိစ္စကို ကူညီပေးလိုက်သည့်အတွက် ပါးပါးယန်သည် သူ(မ)ကို ယွမ်၁သိန်း လွှဲပေးခဲ့လေသည်။ မ‌နေ့မနက်က ဖြစ်ပေါ်မှုအား ဖျက်ဆီးပြီးချိန်တွင်လည်း ယန်မင်ခမ်းသည် ညနေခင်းအိမ်ပြန်ရောက်ချိန်၌ သူ(မ)အား ယွမ်၁သန်းလွှပေးခဲ့ပြီး ဆောက်လုပ်ရေးပြီးစီးသွားလျှင် သူ(မ)အား ဗီလာတစ်ခု ပေးမည်ဖြစ်ကြောင်း စာပို့ခဲ့လေသည်။်

သူ(မ)ဒီနေ့နေလည် နိုးလာချိန်တွင် စာကို ဖတ်ခဲ့သည်။ ယန်မင်ခမ်းအား ဆိုက်ထဲမှ မိစ္ဆာဝိညာဥ်အကြွင်းအကျန်များ လွင့်ပျောက်သွားစေရန် ဝိညာဥ်စုဆောင်းခြင်းအား ဖန်တီးရန် လဝက်လောက် ကြာမည်ဖြစ်သဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများကို လဝက်လောက်နေမှ စလုပ်ရန် ပြန်စာပို့ခဲ့လေသည်။

******

All Chapters