အခန်း ၂၈
Vol. 3 Ch. 28
28 01
အပိုင်း (၂၈)
ယန်မင်ခမ်း မေးလာတာက သူတစ်ယောက်ယောက်နဲ့ သွားရှုပ်မိလို့များ သူ့ကို ဒီလိုဖြစ်အောင် လုပ်ထားကြသလားပေါ့။
ယွီယွီကတော့ ဖြေရှာပါတယ်။ “သူဌေးယန် အလကား စိတ်ပူနေတာပါ။ ရှင်က ကံညံ့နေရုံလေး”
သူ့မျက်နှာအရ တစ်ယောက်ယောက် ပြုစားတာမဟုတ်တဲ့အပြင် အစီအရင်ကလည်း သူ့ကို ပစ်မှတ်ထားတာ မဟုတ်ဘူးလေ။
ဒါပေါ့ ဝိဉာဉ်ပိတ်လှောင်အစီအရင်ကို မြို့ငယ်လေးက မြေရှင်တစ်ယောက်ကို ထိခိုက်အောင် ဘယ်လိုသုံးမှာလားပဲ။ ဒါ့အပြင် အစီအရင်သက်တမ်းက ကြာတော့ အထဲမှာတောင် ဝိဉာဉ်တွေ မရှိတော့ဘူး။ သူမက ယွမ်နှစ်သိန်း လှူလိုက်တယ်။ သူမ ကုသိုလ်ကိုမြင့်ဖို့ လှူပေမဲ့ ရသမျှရဲ့တစ်ဝက်ကို လှူစရာမလိုဘူးလေ။
ယွီယွီနဲ့ ဝူလီက ဂျုံတွေရိတ်ဖို့ သွားပြီး အစုကိုးစု ပုံလိုက်ကြတယ်။ အားလုံးပေါင်းရင် ဂျုံကီလို သုံးသောင်းပေါ့။ အဲဒါတွေကို ငွေရှင်းတဲ့အခါ သုံးရ အဆင်ပြေလွယ်ကူတဲ့ ဖုန်းကနေ ငွေတိုက်ရိုက်လွဲတဲ့နည်းကိုပဲ ယွီယွီ အားထားလိုက်တယ်။
ဒါပေမဲ့ ဖုန်းသုံးရတာ အဆင်မပြေတဲ့လူကြီးပိုင်းတွေနဲ့ဆိုရင်တော့ သူမငွေသားနဲ့ပဲပေါ့။
အခုအချိန်မှာတော့ ယွီယွီ့ရဲ့ ရုတ်တရက် ပြောင်းထရိတ်ခြင်းက ရွာထဲမှာ အာရုံစိုက်စရာ ဖြစ်နေတယ်လေ။ လယ်ချင်းကလည်းကပ်နေတော့ သူတို့က “ရှောင်ယွီ ရှောင်လီ ဘာလို့ပြောင်းတွေ ရိတ်နေတာလဲ”
ယွီယွီက “ကျွန်မ ဘန်းမုန့်ဆိုင် ဖွင့်ထားတယ်လေ အပြင်ကနေ ဂျုံမှုန့် မဝယ်ချင်လို့”
“ရောင်းကောင်းလားကွ”
“ရောင်းတာတော့ ရောင်းနေရတာပါပဲ။ ကြုံရင်အား ပေးပါဦးနော်”
အဲ့လူက ခေါင်းညိတ်ပြပြီး ဆက်မမေးတော့ဘူး။
နောက်နေ့မှာတော့ ဆန်ဈေးကို သိရတော့တယ်။ ယွီယွီက တစ်ကီလိုငါးယွမ်နဲ့ဝယ်တော့ အဲဒီမှာ တချို့က ယွီယွီ့ကို သွားမရှာပေမဲ့ တချို့အရေထူတဲ့လူတွေကတော့ မတူဘူးလေ။ အဲဒီထဲက တစ်ယောက်က ကျောက်ကျင်းဟွာတဲ့။ သူမက အပျင်းကြီးပြီး တနေကုန် ဖဲလည်ရိုက်နေတတ်တော့ သူမအိမ်ကိုတောင် ဧည့်သည် မလာတာကြာပြီလေ။
ဒါပေါ့ အဲဒီလောက် အပျင်းထူမှတော့ သူတို့လယ်တွေကို သေချာကြည့်ဖို့ဆိုတာ မဖြစ်နိုင်တာဘဲလေ။
သုမက သူမရဲ့ဂျုံတွေ ဈေးမရတော့ ယွီယွီ့ဆီသွားပြီး “ယွင်ယွီ နင်တို့ဂျုံတွေကို တစ်ကီလို ငါးယွမ်နဲ့ ဝယ်နေတယ်ဆို ငါတို့ဟာဆို ရောင်းတောင်မရောင်းရသေးဘူး။ ဝယ်ပေးမလား”
“အန်တီကျောက် ကျွန်မတို့က ဘန်းမုန့်ဆိုင်အတွက်ဝယ်တာ။ ဘန်းမုန့်က အရသာရှိဖို့ဆို အစေ့အဆန်ပြည့်တဲ့ ဂျုံလိုတယ်လေ”
ကျောက်ကျင်းဟွာက “ဂျူံချင်းအတူတူကို ဒီအရသာက ဒီအရသာပဲပေါ့”
“အန်တီကျောက် အရသာကကွာမှာပဲ အစားအသောက်ဆိုတာ အရသာရယ် သန့်ရှင်းမှုရယ်အပေါ်မှာ မူတည်တာ၊ အန်တီတို့တောင် မစားနိုင်တဲ့ဂျုံကို ကျွန်မဝယ်မှာ မဟုတ်ဘူးလေ”
အနားက လာရောင်းတဲ့လူတွေက “နင့်မိသားစုဂျုံက နင်တို့တောင် မစားနိုင်လို့ လက်သိပ် ထိုးရောင်းရတာ မဟုတ်ဘူးလား”
ကျောက်ကျင်းဟွာက စိတ်ရှုပ်လာပြီး “ဘာသောက်မဟုတ်မတရားတွေ ပြောနေတာလဲ။ ဘာကိုလက်သိပ် ထိုးရောင်းရမှာလဲ” သူမက ယွီယွီ့ကို ဆွဲထားချင်နေသေးပြီး “ဝယ်ပေးလေကွယ် တစ်ကီလိုနှစ်ယွမ်လဲရတယ်”
ယွီယွီငြင်းတဲ့အခါ ကျောက်ကျင်းဟွာက သူမရဲ့ အဆိုးတကာ့ အဆိုးဝါးဆုံး အသုံးအနှုန်းတွေနဲ့ ဆဲဆိုတော့တယ်။
“ဒီစောက်မကောင်းတဲ့ ဟာလေးတွေ....”
ဝူလီက “အန်တီကျောက် လွန်မလာသင့်ဘူးနော်”
“နှုတ်ကြောင့်သေ လက်ကြောင့်ကြေတဲ့”
ကျောက်ကျင်းဟွာက တောင့်သွားပြီး “ဘာပြောတယ်”
“မနက်ဖြန်ကျ သိပါလိမ့်မယ်”
ကျောက်ကျင်းဟွာက ထွက်သွားတော့တယ်။ ဝူလီကတော့ ယွီယွီ့ကို သေချာမကာကွယ်ပေးနိုင်လိုက်ကြောင်း တွေးပြီး အာရုံပျက်နေတော့တယ်။
ညမှာတော့ အဖွားယွင်က သူမမြေးမက ဖုန်တလူးလူးနဲ့ ရောက်လာတာမြင်တော့ “ခြေလက်သွားဆေး အဖွား ငါးစတူး ချက်ထားတယ်”
“သမီး ခြေလက်ဆေးဦးမယ်။ အဖွားစားရင်စားနှင့်နော်” သူမက ဆေးကြောပြီး အဝတ်လဲပြီးမှ ပြန်လာစားတော့တယ်။ စားပြီးတော့ သူမက သူမအမေခြေထောက်ကို နှိပ်ပေးပြီး အဖွားအခန်းဆီ ရောက်သွားတော့တယ်။
28 02
“ရှောင်ယွီအာ” အဖွားက သူမကို ဆိုဖာပေါ် ခေါ်သွားပြီး သက်ပြင်းချရင်း “အဖွား မြေးကို ပြောစရာရှိလို့ ခေါ်လိုက်တာ”
ယွီယွီက သူမအဖွား ဘာပြောမယ်ဆိုတာ လုံးဝသိမနေဘူးလေ။ “ဘာများလဲအဖွား”
အဖွားရဲ့မျက်လုံးတွေက ရဲနေပြီး “အဖွားပြောတာကို မြေး လန့်ကောင်းလန့်နိုင်ပေမဲ့ စိတ်မပူနဲ့နော်။ အဖွားတို့က မိသားစုပဲ မြေးကိုအမြဲထောက်ပံ့နေမှာ”
“အဖွား ဘာများလဲ။ သမီးကို လန့်အောင် မလုပ်ပါနဲ့”
အဖွားယွင်က “မနေ့ကစစ်ဆေးမှုမှာ ဆရာဝန်က မြေးဆီမှာ ကိုယ်ဝန်ငါးပတ်ရှိပြီ ပြောတယ်”
ယွီယွီ တောင့်ခဲသွားတယ်။ “ကိုယ်ဝန်ငါးပတ် ဘယ်တုန်းကများရှိတာလဲ”
သူမ ဘယ်လိုလုပ် ကိုယ်ဝန်ရတာလဲ။ “ခဏအကြာမှာတော့ သူမမျက်နှာက ဖြူဆုတ် သွားတော့တယ်။ သူမရဲ့ အရင်ဘဝတုန်းက သက်တောင့်သက်သာဘဝကြောင့် ဓမ္မတာစက်ဝန်းက တအားမှန်တာ။ အခုဘဝမှာတော့ တစ်ခါမှ မကြုံသေးဘူးလေ။ ပြန်တွက်ကြည့်တော့ အတော်ကြာနေပြီမလား။
ယွီယွီ ငိုချမိမလို ဖြစ်သွားတယ်။ သူမနှစ်ဘဝလုံးမှာ တစ်ခါမှမကြုံဖူးတဲ့အရာပဲလေ။ သူမက “အ အဖွား သမီး ဘာဆက်လုပ်ရမလဲ ဘာလုပ်ရတော့မလဲ”
အဖွားယွင်က “အဲ့နေ့က ရှောင်ချင်လည်း ရှိတယ်လေ။ သူက သိရတော့ ဒူးထောက်ပြီး သူ့ကလေးဖြစ်ကြောင်း တာဝန်ယူချင်ေကြာင်း ပြောပေမဲ့ လက်ထပ်တာက မြေးဆုံးဖြတ်ရမှာလေ။ မြေး ဘာလုပ်ချင်လုပ်ချင် အဖွား ထောက်ပံ့ပေးမယ်”
သူမတို့တုန်းကဆို လက်ထပ်တာက သဘောတူရင် တစ်ခါနှစ်ခါလောက်တွေ့ ပြီးရင် လက်ထပ်ကြပြီလေ။ နောက်ပိုင်းက ကံဆိုးကံကောင်းပေါ့။ သူမကတော့ သူမကို အကောင်းဆုံး ဆက်ဆံပေးတဲ့လူနဲ့ တွေ့ခဲ့တယ်။ အခုရှောင်ချင်ကလည်း အဲဒီလိုစရိုက်ကောင်းလေးရှိပုံ ပေါ်တယ်လေ။
လက်ထပ်ဖြစ်သွားကြရင်တော့ အကောင်းဆုံးပေါ့။ ကလေးက မိဘလက်ထဲကြီးလာတာ အသင့်တော်ဆုံးပဲလေ။
******