← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

29 01

အပိုင်း (၂၉)

အဖွားယွင်က သူမမြေးမအတွက် အကောင်းဆုံးက ရှောင်ချင်ကို လက်ထပ်တာပဲဆိုတာ သိတယ်လေ။ တစ်ကိုယ်တော်မိခင်အဖြစ်က ရွာမှာနေတဲ့ သူမတို့အတွက် မသင့်တော်ဘူး။ လက်မထပ်ဘဲ ကလေးရလာတာလောက် သိက္ခာကျတာမရှိတော့ အဲ့အဖြစ်မျိုး သူ့မြေးမကို မကြုံစေချင်ဘူးလေ။

“အဖွား သမီးစဉ်းစားပါရစေဦး”

သူမအသံက တိမ်ဝင်နေပြီး အသားရောင်က ဖျော့နေတယ်။ သူမတို့လို ရုပ်လွန်ပညာသမားတွေက အကုသိုလ်ကို အတတ်နိုင်ဆုံး ရှောင်ရတယ်။ လူ့အသက်ကိုယူတာမျိုးက လုံးဝတားမြစ်ထားတဲ့ အရာပဲလေ။ တကယ်လို့ မတော်တဆရလာတဲ့ ကလေးဆိုရင်တောင်ပေါ့။

“စဉ်းစားပါကွယ်။ ဒါဆိူ အဖွားသွားပြီနော်။ အော် ကလေးက ငါးပတ်ဆိုတော့ နောက်တစ်လကျော်လောက်ဆို ဗိုက်စထွက်လာလိမ့်မယ်”

အဖွားယွင်က သူမခေါင်းကို အသာပုတ်ပြီး ထသွားတဲ့နောက် နာရီဝက်လောက် သူမ မလှုပ်မယှက် ထိုင်နေတာ ဖုန်းလာတဲ့အထိပဲ။ သူမ ကြည့်လိုက်တော့ ဖုန်းက မြို့တော်ဖုန်းနံပါတ်မှန်း သိလိုက်ရတယ်။ သူ မတွန့်ဆုတ်နေပေမဲ့ ကိုင်လိုက်ပြီး နားနားကပ်လိုက်တယ်။ သူမကတော့ ဘာအသံမှမထွက်ဘူးလေ။ ယောက်ျားအသံက “ဟယ်လို”

ယွီယွီ မျက်မှောင် ကြုတ်လိုက်တယ်။ “ချင်” သူမ မှတ်မိတာ သူ့နာမည်က ချင်ပဲ။ အဖွားက ရှောင်ချင်လို့ခေါ်နေတာလေ။

“ချင်ယွိစွေပါ” တစ်ဖက်လူက ဖြည့်ပြောလာတယ်။

ယွီယွီက သူမှန်းလည်း သိရော တင်းသွားပြီး ဒေါသသံလေးနဲ့ ပြောမိတော့တယ်။ “ဘာလို့ကျွန်မကိုခေါ်လာတာလဲ အဲ့လောက် မရင်းနှီးဘူးမလား”

တစ်ဖက်လူက ပြောလာပြန်တယ်။ “ကိုယ် တောင်းပန်ပါတယ်”

ယွီယွီ ဘာမှမပြောခဲ့ဘူး။ အဲဒီအခါ ချင်ယွိစွေက “အဲ့နေ့ညက တကယ်အလုပ်ကိစ္စရှိလို့ ထွက်သွားရတာပါ။ ကိစ္စပြီးတော့ ကလပ်ကနေ ဘယ်သူက မင်းကို ဆေးခပ်တယ်ဆိုတာတွေ စူံစမ်းခဲ့တယ်။ ရဲတော့ မတိုင်ရသေးဘူး။ ပြီးတော့ ကိုယ် တာဝန်ယူချင်ပါတယ်။ မင်း ဘယ်လိုပဲ ဆုံးဖြတ်သည်ဖြစ်စေ ကိုယ် လိုက်နာပါ့မယ်”

သူ့မိသားစုနောက်ခံက ကြီးမှာသိတော့ အဲဒါလောက်က သာသာလေး စုံစမ်းရုံပဲမလား။ ယွီယွီက မေးလိုက်တယ်။

“ဘယ်သူကကျွန်မကို ဆေးခပ်ပြီး အကောက်ကြံရတာလဲ”

ချင်ယွိစွေက “မင်းရဲ့ ဖအေတူမအေကွဲညီမ။ သူက မင်းကို သူဌေးတစ်ယောက်ရဲ့အခန်းကို ပို့ဖို့လုပ်ခဲ့တာ”

ယွီယွီက ဒေါသထွက်လာပြီး “ဘယ်သူလဲ”

ဒီလူတွေက မူလယွင်ယွီကိုသတ်တယ်။ ရောင်းစားဖို့လည်း ကြံသေးတယ်။ အဲ့လိုလူတွေ ပျော်ရွှင်မနေသင့်တာမလို့ တစ်ယောက်ကိုမှ သူမ အလွှတ်ပေးမှာ မဟုတ်ဘူး။

“ထန်ဟုန်းလျန်တဲ့။ ဖျော်ဖြေရေးလောကရဲ့ အဓိက အကျွေးအမွေးတာဝန်ခံလုပ်တဲ့ စားသောက်ဆိုင်တွေပိုင်တာ”

ချင်ယွိစွေက ပြောပြလိုက်တယ်။ ယွီယွီက ကျေးဇူးတင်စကား ပြောတော့

“လိုအပ်တာများ ရှိသေးလား”

“မရှိတော့ပါဘူး” ယွီယွီက “ကျွန်မတို့ဆကိဆံရေးကို ဒီမှာပဲရပ်ကြတာပေါ့။ ရှင်ကလည်း နှစ်နာသူပဲလေ။ အနာဂတ်မှာ မဆက်သွယ်ကြရအောင်”

တစ်ဖက်က တိတ်ဆိတ်နေတော့ သူမက “ကျွန်မကို အဲဒါအချက်အလက်လေးတွေ ပို့ပေးလို့ရမလား”

“ရတာပေါ့ ဝီချက်မှာ ပို့ပေးမယ်လေ”

ယွီယွီက သူမရဲ့ ကူးပြောင်းမလာခင် မူလကိုယ်ဖွင့်ပြီး သိပ်မသုံးဖြစ်တဲ့အကောင့်ကို လော့ဂ်အင်ဝင်ပြီး ချင်ယွိစွေဆီက အချက်အလက်တွေ လက်ခံယူလိုက်တယ်။

အဲ့မှာသိရတာက ထန်ဟုန်းလျန်က အကျွေးအမွေး တာဝန်ယူရာကနေ ဖျော်ဖြေရေးလောကနဲ့ ရင်းနှီးလာပြီး အဲ့ထဲကို သူ့အမြတ်တွေကို အရင်းအနှီး ထည့်ခဲ့တယ်လေ။ သူမက ယွင်ဝေးဝေးရဲ့ ဖျော်ဖြေရေးလောကထဲ ဝင်ချင်တဲ့နေရာမှာ လှေကားထစ်လေး ဖြစ်ခဲ့မလိုအခြေအနေ ရောက်ခဲ့တာလေ။

ဒါပေါ့ ယွင်ဝေးဝေးက အဲ့လိုလူအိုမှာ ခန္ဓာကိုယ်ပေးပြီး အမြင့်တက်ပါ့မလား။ သူမက ယွီယွီ့ပုံတွေပြပြီး ချောက်ချခဲ့တာလေ။

ကိုယ်ဝန်ရှိနေလို့လား မသိပေမဲ့ သူမစိတ်တွေက ဂယောက်ဂယက်နဲ့ ဖြစ်လာပြီး အိပ်မပျော်တော့တာကို သိလိုက်တဲ့ ယွီယွီက ဖုန်းပိတ်လို့ ဟူမရဲ့ ပြားချပ်နေသေးတဲ့ ‌ဗိုက်ကို ထိကိုင်လိုက်တယ်။

29 02

သူမက အရင်ဘဝက လက်မထပ်ပေမဲ့ လက်ထပ်သွားတဲ့ သူငယ်ချင်းမတွေ ရှိတယ်လေ။ သူတို့ကလေးတွေက နူးညံ့ပြီး ချစ်စရာကောင်းတဲ့အပြင် သူမကို ဒေါ်လေးမင်းသမီး လို့ ခေါ်ကြတယ်လေ။ သူမဆို ပြန်တောင် မလွှတ်ပေးချင်ဘူး။

အဲ့အချိန်မှာ ယွီယွီက ကလေးကို မွေးဖို့ ဆုံးဖြတ်လိုက်တော့တယ်။ နှစ်ဘဝ နေပြီးတဲ့နောက်ရလာတဲ့ လက်ဆောင်လို့ မှတ်တာပေါ့လေ။

ယွီယွီက သူမရဲ့ဖုန်းနဲ့ ဆက်ကစားနေတယ်။ မဝင်တာကြာတဲ့ ဝီချက်မှာ သတင်းတွေ တက်နေတာ အများကြီးပဲလေ။ သူမအကောင့်ကတော့ နာမည်အရင်းနဲ့ ပြုံးနေတဲ့ပုံလေး။ သူမက ပုံကိုကြည့်ရင်း လက်စားချေဖို့ ဆုံးဖြတ်ပြီး အကောင့်ပုံကို မေ့ယွီပုံပြောင်း နာမည်ကို မြေခွေးငယ်လေးလို့ ပြောင်းလိုက်တယ်။

သူမအရင်ဘဝက နာမည်က ဖုယွီ သူမခမည်းတော်နဲ့ မယ်တော်က သူမကို ရှောင်ဖုယွီလို့ ခေါ်ပေမဲ့ သူမအစ်ကိုတော်တွေက မြေခွေးလေးလို့ပဲခေါ် ကြတာကို အစွဲပြုပြီး ပေးလိုက်တာလေ။

သူမက စုန့်ကျင်းကျင်းနဲ့ ဖန်ရှန်းရှန်းတို့ ထားတဲ့စာတွေကို ဝင်ဖတ်လိုက်တယ်။ များသောအားဖြင့်ကတော့ ဖန်ရှန်းရှန်းကို နှစ်သိမ့်ပေးနေကြောင်း သူမအမေ အခြေအနေမေးတာနဲ့ မြို့တော်ကို ပြန်လာမလာမေးတာတွေပဲလေ။

ကျန်တာကတော့ အတန်းဖော်တွေ စကားပြောထားကြတာတွေချည်းပဲ။ ဒါပေမဲ့ အဲ့မှာ ချန်ရှီအန်းဆိုတဲ့တစ်ယောက် ပြောတာတွေကိုတွေ့ရတယ်လေ။ အစောပိုင်းကတော့ သာမန်နှုတ်ဆက်ရုံပဲ။

[ချန်ရှီအန်း: မင်္ဂလာနံနက်ခင်းပါ ရှောင်ယွီအာ]

[ချန်ရှီအန်း: ကောင်းသောညပါ ရှောငိယွီအာ]

[ချန်ရှီအန်း: ညီမအမေ နေမကောင်းလို့ အိမ်ပြန်သွားတယ်ဆို အန်တီ သက်သာလား]

ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ရက်မှာတော့

[ချန်ရှီအန်း: ရှောင်ယွီအာ ရှောင်ယွီအာ အိမ်မှာလား ဘာလို့ ဘာမှပြန်မပြောတာလဲ]

သူက နှစ်ရက်တစ်ခါလောက် စာပို့နေပေမဲ့ စာမပြန်တာ ကြာလာတဲ့အခါ သူ စိတ်ပူလာတာလေ။ ပြောရရင် မူလယွင်ယွီနဲ့ သူက အဆင်ပြေပြေနဲ့ ချစ်ကြိုက်ခါနီး အဆင့်မှာ ရှိပေမဲ့ နှစ်ယောက်လုံး မပွင့်လင်းသေးတာမျိုးပေါ့။ ဒါပေမဲ့ အခုယွီယွီက မတူတော့ဘူးလေ။

[မြေခွေးငယ်လေး: ဟုတ် ကျွန်မအိမ်မှာ အလုပ်ရှုပ်နေလို့ပါ”

တဖက်လူက ချက်ချင်း စာပြန်လာတော့တယ်။

[ချန်ရှီအန်း: အဆင်ပြေလား ရှောင်ယွီအာ အန်တီရောသက်သာလား]

[မြေခွေးငယ်လေး: သက်သာပါတယ် စိတ်ပူပေးလို့ ကျေးဇူးပါ]

တအားယဉ်ကျေးလွန်းနေတဲ့ ပြန်စာအရ သူမ စိတ်ပြောင်းစ ပြုနေတာကို ချန်ရှီအန်း နားလည်လိုက်တယ်။

[ချန်ရှီအန်း: ရှောင်ယွီအာ အဆင်ပြေရဲ့လား မြို့တော်ကိုဘယ်အချိန်ပြန်လာမှာလဲ]

[မြေခွေးငယ်လေး: မလာဖြစ်လောက်တော့ဘူး ထင်ပါတယ်]

ချန်ရှီအန်းက ယွီယွီ အိမ်ပြန်သွားပြီး တအားပြောင်းလဲသွားတာ သိပေမဲ့ သူ လက်မလျော့ချင်ဘူးလေ။

[ချန်ရှီအန်း: ရှောင်ယွီအာ ကိုယ်မင်းကိုကြိုက်တယ် ကိုယ့်ကောင်မလေး ဖြစ်လာပေးနိုင်မလား]

[မြေခွေးငယ်လေး: တောင်းပန်ပါတယ် စီနီယာ]

အချိန်အတော် ကြာပြီးတော့မှ

[ချန်ရှီအန်း: အိုး ဟုတ်ပါပြီ]

သူမစိတ်ထဲကနေ တောင်းပန်လိုက်မိတယ်။ သူမ မူလကိုယ်မဟုတ်တော့ မူလကိုယ်လို သူ့အပေါ် ခံစားချက်ရှိလာမှာ မဟုတ်လို့ မြန်မြန်ဖြတ်လိုက်တာ အကောင်းဆုံးပဲလေ။

******

All Chapters