အခန်း ၃၀
Vol. 3 Ch. 30
30 01
အပိုင်း (၃၀)
ချန်ရှီအန်းကို ပြောသင့်တာပြောပြီး သူပြန်ထွက်ခါနီးမှာ ကောချင် သူမကို လာပြောထားတာကို တွေ့လိုက်ရတယ်။
[ကောချင်: ယွင်ယွီ ခွေးမ နင်ငါ့ကိုဘာလုပ်သွားတာလဲ မြန်မြန်ထွက်လာစမ်း]
ယွီယွီက တန်းမဘလော့ခင်မှာ သူမရဲ့အချက်အလက်တွေကို ကြည့်လိုက်ပြီး သူမလက်က အပေါ်က ပြောထားတဲ့ တစ်ယောက်ကိုသွား ထိမိတော့ နာမည်က ချင်ယွိစွေဆိုတာ တွေ့လိုက်ရတယ်လေ။ သူ့ရဲ့ သူငယ်ချင်းစာရင်းက သုညဖြစ်နေတာပါတွေ့လိုက်ရတယ်။ သူမက ခဏစဉ်းစားပြီး
[မြေခွေးငယ်လေး: ကျေးဇူးတင်ပါတယ်]
ပြီးတာနဲ့ သူမက ဆေးကြောပြီး အိပ်လိုက်တော့တယ်။ မအိပ်ခင်မှာတော့ သူမဗိုက်ကို ထိရင်း
“မင်္ဂလာပါ အသေးလေးရေ”
။
မြို့တော်။ လုံမိသားစုအိမ်တော်။
လုံအိမ်မှာကတော့ ဗိုလ်ချုပ်လုံရှောက်ခွေ့နဲ့ သူ့ဇနီးကလွဲရင် ဘယ်သူမှ မနေကြဘူး။ အခါကြီးရက်ကြီးနဲ့ နှစ်သစ်ကူးတွေကျမှာ မိသားစုအားလုံး အဲဒီမှာ ဆုံလေ့ရှိတယ်။
လုံမိသားစုကို လုံမိသားစုရဲ့ အကြီးဆုံးဘိုးဘေး လုံဖုန်းရွှမ်းက အုပ်ချုပ်ပေမဲ့ သူမက ဆုံးသွားပြီလေ။ အထူးသဖြင့် သူမက ရွှမ်းလောကရဲ့ အထွတ်အထိပ်ဆိုတော့ အဲ့လောကကလူတွေ သူမအကူအညီ ယူဖူးတဲ့ စီးပွားရသမားတွေ စစ်တပ်အသိုင်းအဝိုင်းတွေက နောက်ဆုံးအနေနဲ့ ဂါရဝလာပြုကြတယ်လေ။
သေဆုံးရတဲ့အကြောင်းရင်းကို မသိပေမဲ့ ရုပ်လွန်ပညာနဲ့ ဆိုင်တာကိုတော့ သိကြတယ်လေ။
လုံဖုန်းရွှမ်း ဆုံးတဲ့သတင်းက မြို့တော်တစ်ခုလုံးကို တုန်လှူပ်စေပြီး ရှိသမျှ လုံမိသားစုဝင်တွေကို လုံမိသားစုအိမ်တော်မှာ သွားစုစေတော့တယ်။
ချင်ယွိစွေရဲ့မျိုးရိုးနာမည်က ချင်ဖြစ်ပေမဲ့ သူက လုံဖုန်းရွှမ်းရဲ့ အချစ်ဆုံး မြစ်မလို့ တက်ခွင့် ရတယ်လေ။ သူက ဝရံတာမှာရပ်နေရင်း လက်ထဲက ဆေးလိပ်ကို ငုံ့ကြည့်လိုက်တယ်။
ဒါသူ့ဘဝရဲ့ နှစ်ဆယ့်ကိုးနှစ်တာကာလမှာ ပထမဆုံးသောက်တဲ့ ဆေးလိပ်ပဲလေ။ သူက ဖုန်းကို ဖွင့်လိုက်တော့ ယွီယွီပို့လိုက်တဲ့ မက်ဆေ့ကို မြင်လိုက်ရတယ်။
[မြေခွေးငယ်လေး: ကျေးဇူးတင်ပါတယ်]
ထူးဆန်းတာပဲ။
အဲ့အချိန်မှာ သူ့နောက်ကနေ ခြေသံခပ်ဖျော့ဖျော့ကြားရပြီး သူ့နဲ့နည်းနည်းတူပေမဲ့ ပိုပြီးမိန်းမဆန်တဲ့ မျက်နှာပေါက်နဲ့ လူကို မြင်လိုက်ရတယ်။ အဲဒီလူက “ထပ်တူဝမ်းနည်းမိပါတယ် အစ်ကို”
ပြောရရင် သူတို့က ဖအေတူ မအေကွဲ ညီအစ်ကိုတွေပေါ့။ သူ့မိခင် မရှိတဲ့နောက် သူ့အဖေရဲ့ နောက်မိန်းမကနေမွေးတဲ့သား ချင်နျန်ချီတဲ့လေ။
ယွီယွီနိုး လာတဲ့အချိန် မနက်လေးနာရီ ထိုးနေပြီလေ။ အဖွားယွင်က ဘန်းမုန့်ဆိုင်ကို သွားလိုက်ပြီဆိုပေမဲ့ အမေယွင်ကတော့ ဆေးရုံသွားပြမှာမလို့ မသွားနိုင်ဘူး။
သူမက ခြောက်နာရီအထိ ဝိဉာဉ်စမ်းရေသောက် ကျင့်ကြံပြီးတော့ အဲ့နောက်မှာ အသီးအရွက်တွေခူးပြီး တုန်ကျန်းဟိုင်ကို ရောင်းတယ်လေ။ အဲဒီနောက်မှာ သူမက အိမ်ပြန်ပြီး ရေချိုးလိုက်တော့တယ်။ သူမရေချိုးနေရင်း လက်ဖဝါးပေါ်က အနီမှတ်ကို ကြည့်လိုက်တယ်။ သူမရဲ့ခန္ဓာကိုယ်က သန့်စင်လေလေ ဒီဟာက ပိုနီရဲလာလေပဲလေ။
အဲ့အချိန်မှာ အသီးအရွက်တွေ ဝယ်ပြီးတဲ့ တုန်ကျန်းဟိုင်က အနားကခြင်းထဲက မက်မွန်သီးကို ယူစားကြည့်ပြီး ချိုမြိန်မှုထဲမှာ မျောနေတော့တယ်။ ယွီယွီ ပြန်ထွက်လာတော့ သူမက မက်မွန်သီးကို စားနေတဲ့လူကြီးကို တွေ့လိုက်ရတော့တယ်။ သူက
“ကလေးမ ယွင်ယွီ ဒါတွေက ချိုသားပဲ ရောင်းဖို့လား ဘယ်လောက်နဲ့လဲ”
ယွီယွီက ရယ်ရင်း “တစ်လုံး ဆယ်ယွမ်ပါ”
ဒီမက်မွန်သီးက အမျိုးကောင်းပြီး သဘာဝစစ်စစ် ဖြစ်တယ်လေ။ အရောင်လှပြီး အသားက နူးညံ့တဲ့အပြင် ချိုလည်းချိုတယ်။ ဆယ်ယွမ်က မများပါဘူး။
တုန်ကျန်းဟိုင်ရဲ့ဇနီးနဲ့ သမီးက သစ်သီးဝလံတွေ ကြိုက်တော့ သူက အသီးဆိုင်တွေကို ခဏခဏ သွားရတတ်တယ်လေ။ အခုလိုချိုတဲ့အသီးတွေ့တော့ သူက သေချာပေါက် ဝယ်သွားချင်တာပေါ့။ ယွီယွီက သူ့ကို ဆယ်လုံး ရောင်းပေးလိုက်တယ်။ ပြောရရင် အသီးတွေက သိပ်မမှည့်သေးတော့ သူမ ဘန်းမုန့်ဆိုင်မှာပါ သွားရောင်းချင်ရင် တုန်ကျန်းဟိုင်ကို ဒီလောက်ပဲ ရောင်းနိုင်မှာလေ။
ယွီယွီက အဲ့နောက် သူမအမေကို ဆေးရုံ ကူလိုက်ခဲ့တယ်။ ဆရာဝန်က စစ်ဆေးပြီးတော့ “ဒဏ်ရာက သက်သာပါပြီ ကျောက်ပတ်တီး ဖြည်ပြီးရင် လမ်းပြန်လျောက်လို့ ရပါလိမ့်မယ်”
ကျောက်ပတ်တီး ဖြည်ပြီးတော့ သူမတို့က ဘန်းမုန့်ဆိုင်ကို ကူညီဖို့ သွားလိုက်ကြတော့တယ်။
တုန်ကျန်းဟိုင်က ယွီယွီပြောခဲ့တဲ့အတိုင်း စမ်းတဝါးဝါးသွားပြီး ဘန်းမုန့်ဆိုင်ကို အသီးတွေ သွားပို့ခဲ့တယ်။ အပြန် သူဘန်းမုန့်တွေ ဝယ်ပြန်ပေမဲ့ အဖွားယွင်က ပိုက်ဆံ မယူခဲ့ဘူး။ သူ စားကြည့်ပြီး အရသာကောင်းတာ သိလိုက်တော့ နောက်ဆို မနက်စာ အဲဒီမှာသွားစားဖို့ တွေးလိုက်တော့တယ်။
ယွီယွီတိူ့သားအမိ ရောက်လာတော့ အဖွားယွင်က ပျော်သွားပြီး “ရှုကျန်း လမ်းလျောက်နိုင်ပြီပေါ့”
30 02
“လျောက်နိုင်ပြီအမေ။ နောက်ဆို အမေကို ဒီမှာ လာကူလို့ရပြီ”
“ဒါပေါ့”
အချိန်ကို ကြည့်ပြီး အဖွားယွင်က “မနက်စာ မစားရသေးဘူးမလား လာစား”
ယွီယွီက အလုပ်ရှုပ်နေတဲ့ ဆိုင်ကို ကြည့်ပြီး
“မပူနဲ့အဖွား။ သမီးတို့ဘာသာ ယူစားလိုက်မယ်”
သူမ ဘန်းမုန့်တချို့ယူပြီး အထဲဝင်သွားမှ စုန့်ချင်းမင်နဲ့ သူ့ဆရာတူအစ်ကိုကို တွေ့တော့တယ်။
သူမက သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး “ဘာလို့ ဒီရောက်နေတာလဲ”
စုန့်ချင်းမင်က “ငါတို့ဒီမှာလာစားနေတာ နှစ်ရက်လောက်ရှိပြီ။ တအားကောင်းတာပဲ”
“နှစ်ရက်တောင် အားပေးခဲ့တာပေါ့”
အဲ့အချိန်မှာ ဈေးဝယ်သူတစ်ယောက်က မက်မွန်သီးတွေကို တွေ့သွားပြီး မေးလာတော့တယ်။
“မက်မွန်သီးတွေက ရောင်းဖို့လား”
“ဟုတ်ပါတယ် တစ်လုံးဆယ်ယွမ်ပါ”
“ဟမ် ဓားပြပဲ တိုက်စားပါတော့လား ဈေးကြီးချက်”
ဆိုင်မှာစားနေတဲ့ မိန်းကလေးတစ်ယောက်က ဝေဖန်လာတော့ ယွီယွီက မက်မွန်သီးတစ်လုံးကိုယူ ရှစ်စိတ်လောက် စိတ်ပြီး အမြည်း ကျွေးလိုက်တော့တယ်။ သူမက စားကြည့်ပြီး ချက်ချင်း ဝယ်လာတယ်။
“ကျွန်မကို နှစ်လုံးပေး”
အဲ့နောက်မှာတော့ အဖွားယွင်ရဲ့ဖိတ်ခေါ်မှုနဲ့ စုန့်ချင်းမင်တို့ ညီအစ်ကိုက သူမနဲ့ရွာကို နေ့လယ်မှာ ပြန်လိုက်လာတော့တယ်။
ရွာအဝင်နားမှာရှိတဲ့ အမှိုက်ကန်နား ရောက်တော့ အနံ့အသက် မကောင်းတဲ့ အမှိုက်တွေကြားမှာ လဲနေတဲ့ သွေးသံတရဲရဲနဲ့ ခွေးနက်တစ်ကောင်ကို မြင်လိုက်ရတော့တယ်။
ယွီယွီက ကယ်လာလိုက်တယ်။ အိမ်ရောက်တော့ ဝိဉာဉ်စမ်းရေ တိုက်ပြီး ဗိုက်က ဓားဒဏ်ရာကို ဆေးထည့်ပေးတယ်။ ကြည့်ရတာ ဓားကတုံးနေတဲ့ပုံပဲ မဟုတ်ရင် ဗိုက်ပွင့်နေလောက်ပြီလေ။
ပြီးတော့ အဝတ်ဟောင်းတွေနဲ့ နွေးထွေးမဲ့အိပ်ရာ လုပ်ပေးလိုက်တယ်။ အဲ့အချိန်မှာ စုန့်ချင်းမင်က သူမကျွေးတဲ့ ဖရဲသီးကိုစားရင်း စလာတော့တယ်။
“ရှောင်ယွီအာ ငါ မင်းအိမ်မှာပဲ နေတော့မယ်။ အဖွားကို ငါ့ကိုမြေးအဖြစ် မွေးစားဖိူ့ ပြောပါလား”
လီကျိုးက သူ့ကိုကြည့်ပြီး “အရူးလုပ်မနေနဲ့။ ဆရာက မြန်မြန်ပြန်လာဖို့ ပြောထားတယ်”
******