အခန်း ၃၁
Vol. 4 Ch. 31
31 01
အပိုင်း (၃၁)
သူ ဖရဲသီး စားပြီးတဲ့အချိန်အထိ စုန့်ချန်းမင်းက နှင်းဆီနံရံကို ရှုစားလို့ကောင်းနေတုန်းပဲ။ သူက ယွင်ယွီနဲ့ အဖီအကြောင်း ပြောဖို့လာခဲ့တာလေ။ မီးဖိုချောင်နံဘေးမှာရှိတဲ့ ကျောက်စားပွဲနဲ့ ကျောက်ကုလားထိုင်တွေအပေါ်မှာရှိမဲ့ အဖီလေး။ မိုးရွာတဲ့ရက်တွေမှာ အဲဒီအဖီအောက်မှာထိုင်ပြီး လက်ဖက်ရည်လေးသောက်ပေါ့။ သူက ပြောသေးတာ။ ဒီလိုတိတ်ဆိတ်ငြိမ်သက်တဲ့ ခြံဝန်းတစ်ခု သူ တအားလိုချင်ကြောင်းပေါ့။ တိတ်ဆိတ်ပြီး သက်တောင့်သက်သာရှိမဲ့ ခြံဝန်းလေး။ ဘယ်သူကများ မလိုချင်ဘဲ နေပါ့မလဲ။
“ဖြစ်မှာ မဟုတ်ဘူး” ယွင်ယွီက ပြောလိုက်တယ်။ သူမက မအားတဲ့အပြင် သူမမိသားစုထဲက မိန်းမသားတွေကလည်း မလုပ်နိုင်ဘူးလေ။ သူမ မအားတာက ကျေးရွာကော်မတီဆီ သွားပြီး အဲ့မဖြစ်ထွန်းတဲ့မြေနေရာရှိတဲ့တောင်ကို စာချုပ်ချုပ်ဖို့ ကြံနေတာကိုး။
သူမလက်ထဲ ငွေသန်းချီရှိနေတဲ့အပြင် အဲ့နေရာမှာကလည်း ဝိဉာဉ်စမ်းရေက ရှိသေးတော့ အရှုံးမရှိဘူးလေ။
စုန့်ချန်းမင်းက ရယ်ပြီး
“မင်းခြံနောက်မှာ ဝါးတောရှိတယ်မလား။ ကိုယ်ဝါးပင်တွေ ခုတ်ပြီး အဖီလေး လုပ်ပေးမယ်လေ။ အဲ့လိုဆို မိုးရွာတာပဲဖြစ်ဖြစ် နှင်းကျတာပဲဖြစ်ဖြစ် အဲဒီအောက်ကနေ ကြည့်နေရင် တအားဇိမ်ကျနေမှာ”
“ကျေးဇူးပါ” ယွင်ယွီ အမြန်ကျေးဇူးတင်လိုက်တယ်။ သူမလည်း အဲ့လို နှင်းဆီနွယ်တွေနဲ့ အဖီလေး လိုချင်တယ်လေ။ သူမတို့အိမ်ခြံဝန်းက တအားလှနေတော့မှာပဲ။
စုန့်ချန်းမင်းက လက်မှုပညာလုပ်ရတာ သဘောကျတယ်လေ။ ကွေ့ယွမ်တံခါးတုန်းကို လက်မှုပညာအလုပ်တွေအကုန် သူပဲ လုပ်ခဲ့တာ။ လီကျိုးက အဲဒီလိုလုပ်ရတာ မကြိုက်တော့ အဖီအတွက် ဝါးသွားခုတ်ပါစေပေါ့။ မျှစ်စို့တချို့ကိုတောင် သူ့ဆရာနဲ့ ဆရာတူညီမအတွက် ယူသွားချင်မိသေးတယ်။ အရသာကလည်း ရှိတာကိုး။ သူ ထောင်ယွမ်ကို ရောက်ရောက်ချင်းမှာတင် သူမအဖွားအိမ်ဘေးက အသီးအရွက် စိုက်ခင်းကို မြင်လိုက်ရတယ်။ ယွင်ယွီက သူမအဖွားအိမ်ကိုတောင် လွမ်းမိသွားတယ်။
အဲဒီအဖွားက ယွင်ယွီတို့အိမ်ရှေ့မှာ နေတာ။ သူ့သမက်က အဝေးမှာ အလုပ်လုပ်နေပြီး သူ့မြေးကို သူနဲ့ ထားခဲ့တာလေ။ သူ့သမီးကတော့ ဆုံးသွားတာ နှစ်နည်းနည်း ကြာနေပြီ။ ဒါပေမဲ့ အဲ့အဖွားပါးစပ်က အပြောမတတ်တဲ့အတွက် ယွင်ယွီကတော့ သိပ်အဆက်အဆံ မလုပ်ချင်နေဘူး။
ဒါပေမဲ့ အဲ့အဖွားက ယွင်ယွီ လူတစ်ယောက်ကို ထောင်ယွမ်တစ်လျောက် လိုက်ပြနေတာကို တွေ့သွားတော့တယ်။ အဲဒါနဲ့ အပြေးထွက်လာပြီး ယွင်ယွီကို မေးပါလေရော “ရှောင်ယွီ သမီးကောင်လေးကို အိမ်ခေါ်လာတာလား”
လီကျိုးက အသက်၃၂နှစ်ရှိပြီဖြစ်ပြီး သူ့ဆီမှာ အေးချမ်းတဲ့စရိုက်ရှိတော့ အဲဒီစကားတွေကို အေးဆေးပဲပြန်ငြင်းပါတော့တယ်။ “အဖွားက အထင်လွဲနေပါပြီ”
ယွင်ယွီကလည်း “အဖွားအထင်မလွဲနဲ့။ သူ့မက်မွန်သီးတွေ လာဝယ်တာ”
အဖွားစွန်းက ရယ်ပြီး “အိုး မရှက်ပါနဲ့ ဒီအဖွားကြီးက ပေါက်ကရတွေ လျောက်မပြောပါဘူး။ ဒီလူငယ်လေးက လူကောင်းလေးပုံ ပေါက်ပေမဲ့ မင်းထက် အသက်ကြီးတယ်ဆိုရင် အသက်ရလာတဲ့အခါ မင်းကို နာကျင်စေနိုင်.....”
အဖွားကြီးက ပြောလို့မပြီးခင်မှာ ယွင်ယွီက သူ့မျက်နှာကိုလှမ်းကြည့်ပြီး မျက်မှောင် ကြုတ်သွားတော့တယ်။ “အဖွားမြေး ရှောင်ဖင်းရော”
အဖွားစွန်းက ဟွန့်ကနဲ နှာမှုတ်ပြီး ပြောလိုက်တယ်။ “ခုဏကမှ ဒီနားမှာ ဆော့နေသေးတာ။ အခုဘယ်ရောက်သွားပြန်ပြီလဲ မသိဘူး” ရွှီရှောင်ဖင်းက အသက်သုံးနှစ်ပဲ ရှိသေးတာ။ တအားပိန်တဲ့ခပ်ဆိုးဆိုးကလေးပေါ့။ ဒါပေမဲ့ သူမနဲ့တော့ သိပ်မကြုံရဘူးလေ။
“အဖွား ရှောင်ဖင်း တစ်ခုခုဖြစ်နေမယ်။ မြန်မြန်သွားရှာသင့်တယ်”
“ကလေးတွေက လျောက်ပြေးနေကျပါပဲ” အဖွားစွန်းက သိပ်ဂရုမစိုက်နေဘူး။
ယွင်ယွီက အဖွားစွန်းမျက်နှာကို ညွန်ပြရင်း “အဖွားရဲ့ ကလေးနန်းဆောင်မှာ တစ်ခုခု လွဲနေတယ် အခုလိုက်မရှာရင် အဖွား နောင်တရလိမ့်မယ်နော်” ကလေးနန်းဆောင်ပေါ်မှာ ကန့်လန့်ဖြတ်မျှဉ်းတစ်ခု ရှိနေပြီး နှစ်ခြမ်းတောင် ခွဲပစ်တော့မလိုပဲ။ ရှောင်ဖင်း မတော်တဆဖြစ်နေမှာကို သူမ စိုးရိမ်မိတယ်။
“ကလေးမ ဘယ်လိုတောင် ပြောရတာလဲ” အဖွားစွန်းက သိပ်မကျေနပ်တော့ဘူး။ ယွင်ယွီက သူမကို စကားပြန်ပြောမနေပဲ လီကျိုးဖက်လှည့်လို့ “အစ်ကိုလီ ကျွန်မကိုကူပြီး ကလေးရှာပေးပါဦး။ ရေရှိတဲ့နားတွေ သွားတာ ပိုကောင်းတယ်”
ပြီးတာနဲ့ သူမက တောထဲကို ဦးတည်ပြေးတော့တယ်။ တောထဲမှာက ရေကန်လေးတွေ ရှိတယ်လေ။ ချင်းဟယ်ကန် ရှိတယ်ဆိုပေမဲ့ သူ့လောက်မကြီးတဲ့ ရေကန်ငယ်လေးတွေက အများကြီးရှိတာကိုး။ တောထဲဆို စမ်းချောင်းတွေတောင် ရှိသေးတယ်။
ယွင်ယွီ တောထဲဝင်သွားတော့ အဖွားစွန်းက အပြင်မှာ နည်းနည်းထပ်ရှာပြီး မတွေ့တော့ သူမမြေးက တောထဲသွားရတာ သဘောကျတာသတိရပြီး ယွင်ယွီနောက်ကနေ တောထဲ လိုက်ဝင်လာတော့တယ်။ တောထဲမှာ ယွင်ယွီက ရေတွေနှောက်နေတဲ့ ဘဲစာပင်အပြည့်နဲ့ကန်ကို တွေ့သွားတော့တယ်။
တစ်ချက်ကြည့်ရုံနဲ့ ကလေးက ကန်အလယ်မှာ မှောက်ခုံကြီးမျောနေတာ တွေ့လိုက်ရပါလေရော။ အဖွားစွန်းက အဲ့အဖြစ်ကိုလည်းမြင်ရော မျက်နှာက သွေးဆုတ်သလို ဖြူဖျော့သွားပြီး အော်တော့တယ်။ “ရှောင်ဖင်း ငါ့ရဲ့ရှောင်ဖင်း”
သူမအသံက ကျယ်လွန်းလို့ မနီးမဝေးမှာ အလုပ်လုပ်နေတဲ့ ရွာသားတွေပါ ကြားသွားတော့တယ်။ သူတို့က ရောက်လာကြပြီး အဖွားစွန်းကို “ဘာဖြစ်တာလဲအဖွား အဲဒါ အဖွားမြေးလား ဘုရားရေ” ဆိုပြီး အသံတွေ စုံသွားကြတယ်။ အဖွားစွန်းကတော့ မြေပေါ် ခွေလဲနေပါပြီ။ ယွင်ယွီကမြန်တယ် သူမခါးအောက်လောက်ရှိတဲ့ ရေကန်ထဲ အမြန်ဆင်းသွားပြီး ကလေးကို ဆယ်လို့ ကမ်းခြေကို ရောက်လာတော့တယ်။
လီကျိုးက အခြေအနေကို ပြေးကြည့်ရင်း အရေးပေါ်နံပါတ်ကို ခေါ်တော့တယ်။ ပြီးတော့မှ ကလေးအခြေအနေကို သေချာကြည့်တော့တယ်။ ကလေးက ယွီယွီ့လက်ပေါ် လဲနေတာကို အဖွားကြီးက ငိုယိုရင်း ကလေးဆီကို တွားသွားလာလို့ ကလေးကို ဖက်ထားဖို့ ကြိုးစားလိုက်တယ်။
“ဖယ်လိုက်” ယွင်ယွီက ပြောလိုက်တယ်။ “ရှောင်ဖင်းကို ကယ်ချင်သေးရင် မရှုပ်နဲ့ ကျွန်မ လုပ်ကြည့်လိုက်မယ်”
အနားက ရွာသားနှစ်ယောက်လောက်ကလည်း “ကလေးရဲ့ ဗိုက်ကို နှိပ်လိုက်ရင် ရေတွေ ပြန်ထွက်လာလိမ့်မယ်” လို့ ပြောလိုက်ကြတယ်။ အဖွားစွန်းကလည်း အလန့်တကြားနဲ့ ကလေးကို လွှတ်လိုက်တော့တယ်။
ယွင်ယွီက ကလေးရဲ့အပ်စိုက်မှတ်တွေကို ဖိရင်း မန္တာန်ကို ရွတ်တယ်။ “အဝါရောင်လောကမှ နတ်ဆိုးဝိဉာဉ်လွှင့်ပါးစေ၊ ဝိဉာဉ်၃ခုနှင့် ဝိဉာဉ်၉ခုပြန်လာစေ၊ အခုချက်ချင်း ပြန်လည်ပေါ်ထွက်လာလော့”
မန္တာန်ဆုံးတာနဲ့ ကလေးက ရေတွေကို အန်ထုတ်လိုက်တော့တယ်။ ယွင်ယွီက ရေမကုန်မှာစိုးလို့ ကလေးဗိုက်ကိုတောင် ဖိလိုက်သေးတယ်။ ကလေး သက်သာသွားတော့တယ်။ အဖွားစွန်းက အခုအထိ အလန့်မပြေသေးတဲ့မျက်နှာနဲ့ ယွင်ယွီကို ကြည့်လိုက်တယ်။ သူမ ဘာမှမပြောရဲနေဘူး။ အနားက ရွာသားတွေကလည်း ယွင်ယွီကို အလန့်တကြား ကြည့်နေမိတယ်။ သူတို့ပါ ကြောက်သွားတာကိုး။
ကလေးအခြေအနေ ကောင်းတာမြင်တော့ သူမက ကလေးကို သူ့အဖွားလက်ထဲ ပြန်အပ်ရင်း “ကလေးက အသက်ရှုနေလို့ တော်သေးတယ် မဟုတ်ရင် ဘယ်နတ်ဘုရား ဆင်းကယ်ကယ်ရတော့မှာ မဟုတ်ဘူး။ နောက်ဆို ဂရုစိုက်ပါအဖွားရယ်။ ကလေးက ငယ်သေးတယ်။ ပြီးတော့ ဒီလိုကန်တွေက ဘဲစာပင်တွေ ရေညှိတွေအပြည့်နဲ့ ကလေးက ချော်ကျရင် ပြန်မတက်နိုင်ဘူး”
“ဟုတ်ပါပြီကွယ် ဟုတ်ပါပြီ။ အဖွားနောက်ကျ သတိထားပါ့မယ်” အဖွားရော ရှောင်ဖင်းရော ငိုကြတော့တယ်။ ကလေးကလည်း ကယ်ပြီးပြီ အရေးပေါ်ကားက ရောက်မလာသေးတော့ အဖွားက ရှောင်ဖင်းကို ရွာရဲ့ အရေးပေါ်ယာဉ်ဆီပဲ သယ်သွားလိုက်တော့တယ်။ သူမလန့်နေသေးပြီး ခြေမခိုင်တာ သိလိုက်တော့ ရွာသားတွေက သွားတွဲကူကြတော့တယ်။
ယွင်ယွီကတော့ သွားကူမနေတော့ဘူး။ သူမကစိုရွဲနေပြီဆိုတော့ အိမ်ပြန် အဝတ်အစား လဲသင့်နေပြီလေ။ သူမ ဒီနေ့ အသက်နှစ်ချောင်းကယ်ခဲ့ပေမဲ့ တကယ်လို့ ကယ်တာကသာ သူမကို ထိခိုက်စေမယ်ဆို သူမ မလုပ်ဘူးလေ။ ကလေးတစ်ယောက်အတွက်နဲ့တော့ သူမ အသေမခံနိုင်ဘူးမလား။
သူမ အိမ်ပြန်လာတော့ စုန့်ချန်းမင်းက ဝါးတွေခုတ်လို့ သူ့ဘာသာ ပျော်ပျော်ကြီး အဖီကို ဆောက်နေတယ်။ ယွီယွီ့အဖြစ်ကိုမြင်တော့ သူက မျက်ခုံးပင့်ရင်း “ရှောင်ယွီလေး ဘာဖြစ်လာတာလဲ”
“ရေကန်ထဲ ဆင်းလာမိလို့ အကိုလီ ရေတော့ ကိုယ့်ဘာသာပဲ ငှဲ့သောက်လိုက်တော့နော် ကျွန်မ အဝတ်လဲရတော့မယ်”
စုန့်ချန်းမင်းက ပြောလိုက်တယ်။ “အစ်ကို တွင်းရေသောက် တွင်းရေက ပိုချိုတယ်ဗျ”
ယွင်ယွီက အဝတ်မလဲခင် ရေချိုးလိုက်တယ်။ ဒီနေ့သူမနဲ့ ရေချိုးတာက မခွဲအတူနေရဖို့ ကံပါတယ်ထင်တယ်လေ။ မက်မွန်သီးခူးတော့ တစ်ခါ၊ ခွေးတွေနဲ့ ကလေးကို ကယ်တာကနေ တစ်ခါစီ သုံးခါ ရေချိုးရတယ်ဆိုတာမျိူး။
ရေချိုးနေရင်း သူမက ဗိုက်ကို ငုံ့ကြည့်လိုက်မိတယ်။ သူမရဲ့ ဝမ်းဗိုက်အောက်ပိုင်း ပြားကပ်နေတုန်းပဲ။ သူမကိုယ်ဝန်က ဘာမှလက္ခဏာ ပြမနေဘူးလေ။ သူများတွေ ကိုယ်ဝန်ရှိရင် တစ်ချိန်လုံးနီးပါး ပျို့အန်နေကြတာ။ ဖြစ်နေရင် အသုံးဝင်တာလဲမရှိတော့ ကျန်းကျစ်ထိုဆီ လွဲပေးလိုက်တာပဲ ကောင်းတယ်လေ။
သူမရေချိူပြီးတဲ့အချိန်မှာ စုန့်ချန်းမင်းက လီကျိုးဆီကနေ သူမလုပ်ခဲ့တာတွေသိသွားမှန်း သိလိုက်ရတယ်။ သူမက သူ့ကိုကြည့်လိုက်တော့ ချက်ချင်း အလုပ်လုပ်တဲ့ဖက် ပြန်လှည့်သွားလေရဲ့။
အဲဒီအချိန်မှာ မြေးအဖွားတစ်တွဲကတော့ အရေးပေါ်ကား အလွဲအပြောင်းမှာ ကလေးအဖေဆီ ဆက်သွယ်လိုက်တော့တယ်။
သူမ ဒီနေ့ ပြဿနာတက်ခဲ့တယ်လေ။ သူမမြေးက ရေနှစ်သွားတာက ရွာထဲမှာ ပြန့်နေလောက်ပြီ တကယ်လို့ သူမသမက်ကသာ ပြန်လာပြီးမှ ရွာသားတွေဆီကနေ သိသွားရင် တအားလန့်သွားလိမ့်မယ်လေ။ တကယ်လို့ သူမမြေးကသာ တစ်ခုခုဖြစ်သွားရင် သူမ ဘယ်လိုစိတ်နဲ့ ဆက်အသက်ရှင်ရမလဲ သိမှာမဟုတ်ဘူး။ အဖွားစွန်းက အခုအထိ တုန်နေသေးတယ်။ ဒီအဖြစ်အပျက်က သူမကို သေရာပါ မှတ်မိသွားစေလိမ့်မယ်လေ။ သူမသမက်က သိတော့ တအားလန့်သွားပြီး ခြေမကိုင်မိ လက်မကိုင်မိနဲ့ အလုပ်ကနေ ခွင့်သွားယူတော့တယ်။
ဆေးရုံကို ရောက်လို့ ဆရာဝန်က အဖြစ်ကိုလည်းကြားရော သူက သက်ပြင်းချမိတော့တယ်။ ဒီလိုအဖြစ်မျိုးတွေက နှစ်တိုင်းဖြစ်ပေမဲ့ လူတွေက ကိုယ်တိုင် မကြုံသေးရင် ဂရုမစိုက်ကြဘူးလေ။ ဒီကလေးက အခြေအနေ တော်တော် ကောင်းသေးတယ်။ ရေနှစ်တာက ဘယ်လောက် အန္တရာယ်များသလဲဆိုတာ ဂရုပြုသင့်ကြတယ်လေ။
ဆေးရုံမှာတော့ အဖွားစွန်းက သွေးသံတရဲရဲနဲ့ ကုတင်ပေါ် လဲနေတဲ့ ကျောက်ကျင်းဟွာကို သွားတွေ့တော့တယ်။
******