← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

39 01

အပိုင်း (၃၉)

ယွင်ယွီက “အန်တီ သမီးက မြို့တော်မှာ သူ့နဲ့တွေ့ခဲ့တာလေ။ အန်တီတို့ကို မပြောပြမိတာပါ” ဘယ်လိုပဲပြောပြာ သူမမှာ အကြောင်းပြစရာ အများကြီးရှိတယ်လေ။ ထန်မန်နီက နှာမှုတ်ရင်း ဒီကောင်လေးက သာမန်တော့ မဟုတ်ဘူးလိူ့ တွေးမိနေတယ်။ ယွင်မေကျင်းက ယွင်ယွီနဲ့ ချင်ယွီစုန့်ကို နှုတ်ဆက်လိုက်တယ်။ “အစ်မ ခဲအို”

သူမကိုတွေ့တော့ ယွင်ယွီကရယ်ရင်း “မေ့ကျင်းပါ ပါလာတာပဲ။ အစ်မ ဒီမနက်တင် ခူးလာတဲ့ မက်မွန်သီး ခွဲပေးမယ်”

မက်မွန်သီးတွေကို စရောင်းနေပြီး တစ်လုံးကို ဆယ်ယွမ်လို့ ကြားတဲ့အခါ ယွင်မောက်ကျုံးတို့လင်မယား အံ့ဩသွားတော့တယ်။ သူတို့ဆီကအသီးဆိုင်တွေတောင် ဒီလောက် ဈေးမကြီးဘူး။ ဈေးကြီးပေမဲ့လည်း အရသာက ဈေးနဲ့တန်တယ်လေ။

ဘယ်လိုပဲပြောပြော နိုင်ငံခြားက တင်ပို့လာတဲ့ အသီးတွေထက်စာရင် တော်တော်ကြီး သက်သာနေသေးတာပဲကိုး။

ခြင်းနှစ်ခြင်းစာ မက်မွန်သီးတွေက မနက်ဆယ်နာရီမထိုးခင်မှာတင် ကုန်သွားတယ်။ ဆယ်လုံးပါလာတဲ့ ဖရဲသီးတွေတောင် ဝယ်သွားတဲ့ လူတွေရှိကြသေး။ တစ်လုံးတစ်လုံးကို တအားလေးလို့ သိပ်သယ်မလာနိုင်တော့ ကံမကောင်းတဲ့လူတွေက ဖရဲသီး မဝယ်သွားနိုင်တော့ဘူးလေ။ ဒါပေမဲ့ ယွင်ယွီက အိမ်နေရာပြောပြပြီး အိမ်အထိ လာဝယ်နိုင်ကြောင်းကို ပြောပြခဲ့တယ်လေ။

ဘန်းမုန့်ဆိုင်ကို ဆယ်နာရီဝန်းကျင်မှာ ပိတ်လို့ ယွင်မိသားစုက ရွာကိုကားနှစ်စီးနဲ့ ပြန်လာကြတယ်။ ထန်မန်နီက မအောင့်နိုင်တော့ဘဲ သူမယောက်ျားကို “ယွီအာရဲ့ကောင်လေးက ယွီအာနဲ့ အသက် တအားကွာမယ်ထင်တယ်။ ကားကလည်း တော်တော်ဈေးကြီးမဲ့ပုံ လူလိမ်တော့ မဟုတ်လောက်ဘူးမလား”

ယွင်မောက်ကျုံးက “ငါသာဆို ရွာက လူကိုလိမ်ဖို့ ယွမ်ငါးသိန်းတန်ကား မဝယ်ဘူး”

“ကျွန်မတို့ယွီအာက ဒီလောက်လှတာ လိမ်ချင်စရာပုံစံမျိုးလေးလေ”

ယွင်မေကျင်းကတော့ “ခဲအိုက လူကောင်းပုံ ပေါက်ပါတယ်။ မလိမ်လောက်ပါဘူး”

“အမေတို့ ကြည့်ကြတာပေါ့”

ယွင်မောက်ကျုံးတို့ ရွာရောက်တော့ သူတို့အိမ်ဘေးမှာ အိမ်ဆောက်ဖို့ အုတ်ပုံ သဲပုံနဲ့ပြည့်နေပြီး မြေတူးနေတဲ့ အလုပ်သမားတစ်အုပ်ကိုကြည့်ရင်း မေးလိုက်မိတယ်။ “ဘယ်သူ အိမ်လာဆောက်နေတာလဲ”

ရွာထဲမှာက လမ်းမဘေးမှာပဲ အိမ်လာဆောက်တတ်ကြတာလေ။ သူတို့လိုအစွန်တွေမှာက အပြင်ကလူတွေ သိပ်လာမဆောက်တတ်ကြဘူလေ။

အဖွားက “ရှောင်ယွီ့မင်္ဂလာအိမ်ပေါ့ဟယ်။ လာ စကားပြောရအောင်”

ယွင်ယွီက သူမအဖွား ပိုက်ဆံကိစ္စ ပြောမှာသိတော့ ချင်ယွိစွေကို “ရှင် အိမ်ဆောက်နေတဲ့နေရာကို တစ်ချက်သွားကြည့်လိုက်ပါလား”

“သွားမယ်လေ” ချင်ယွိစွေက ထွက်သွားတော့ ယွင်ယွီက လှမ်းအော်လိုက်တယ်။ “ရှင့်ကို ခဏနေ ကျွန်မ ပြန်လာကြိုမယ်”

အဖွားက သူ့သားနဲ့ချွေးမကို ဧည့်ခန်းထဲ ခေါ်သွားပြီး ယွီယွီ့လက်ထပ်ပွဲအကြောင်းပြောပြရင်း ပိုက်ဆံကိစ္စကို ပြောတယ်။ “ယွီအာက လက်ထပ်တော့မယ်။ အဲ့အိမ်က သူတို့ လက်ထပ်ပြီးရင်နေဖို့လေ။ ရှောင်ချင်က သူပဲ အကုန်ခံဆောက်မယ်ပြောပေမဲ့ ခန်းဝန်ပစ္စည်းတောင် မထည့်နိုင်ရင် သမီးကို လက်ထပ်ပေးတာ မဟုတ်ဘဲ သမီးကို ရောင်းစားတာဖြစ်နေမှာပေါ့။ အိမ်ဆောက်တာက သန်းတစ်ဝက်လောက် ကုန်မှာဆိုတော့ အမေတို့က တစ်ဝက်ပေးဖို့ လုပ်ထားတယ်။ အမေနဲ့ ရှုကျန်းလက်ထဲမှာ ငါးသောင်းရှိတယ်။ သားတို့ဆီကနေ တစ်သိန်းလောက် ချေးချင်လို့ ပြန်မရမှာတော့ မပူနဲ့။ အမေတို့ဘန်းမုန့်ဆိုင်က ဘန်းမုန့်ရော အသီးတွေပါ ရောင်းရင် လနည်းနည်းလောက်ဆို ပြန်ဆပ်နိုင်ပြီ”

ယွင်မောက်ကျုံးက သဘောတူတော့မလို့ပဲ။ ဘယ်လိုပြောပြော သူနဲ့မန်နီရဲ့လစာက မြင့်တယ်။ ပြီးတော့ ပိုက်ဆံ သိပ်မသုံးကြတော့ နှစ်သိန်းလိုရင်တောင် တန်းထုတ်ပေးနိုင်တယ်လေ။ ပြီးတော့ သူ့အမေစိတ်နဲ့ဆို ပြန်မဆပ်ဘဲ မနေဘူးလေ။

ထန်မန်နီက “ချေးပေးတာက ရတာပေါ့အမေရယ်။ ဒါပေမဲ့ ရှောင်ချင်အကြောင်းကို အမေတို့ ဘယ်လောက်သိလဲ။ သူက လူလိမ်တော့ မဟုတ်ဘူးမလား။ အခုခေတ်က လူလိမ်တွေ ပေါကပေါနဲ့အမေရယ် ပြီးတော့ မြို့တော်ကလူက မြို့တော်က ဘဝကိုပစ်ပြီး တောကြိုအုံကြားမှာ ယွင်ယွီနဲ့လာနေချင်စိတ် ရှိတယ်ဆိုတာ ဟုတ်ကိုမဟုတ်တာ သိလား။ အမေ အဲ့လိုလာနေတော့ သူ့အလုပ်က သူ့ကို ဘာမှမပြောဘူးလား။ အမေ ညီမ ကျွန်မစကားကို တလွဲမထင်နဲ့။ ယွင်ယွီလိုသာ မြို့တော်က ကျောင်းကောင်းကောင်းမှာ ဘွဲ့ရရင် ဘယ်သူက တောကြိုအုံကြားထဲ ပေါင်းနှုတ်နေချင်မှာလဲ”

အဖွားယွင်က သက်ပြင်းချရင်း “နင့်ကို မဖုံးထားပါဘူး။ ယွီအာက တောင်ကြောတစ်ကြောလုံးကို စာချုပ်နဲ့ငှားပြီးပြီ။ ပြီးတော့ ရှောင်ချင်က မြို့တော်က အမေ မရှိတော့ဘဲ သူ့အဖေက နောက်မိန်းမ ယူသွားတယ်။ သူ့အလုပ်က ဘာမှန်းမသိပေမဲ့ နေရာပြောင်းလို့ရတယ်နေမှာ”

“အမေ” ထန်မန်နီက ပြောတယ်။ “ဒါလူလိမ်တွေ လုပ်နေကျပုံကြီးကို ဒီနေ့ပိုက်ဆံပေးလိုက် နောက်နေ့ တန်းပျောက်သွားလိမ့်မယ်”

ယွင်မေကျင်းက “အစ်မမစိုးရိမ်နဲ့ အမေက စိုးရိမ်စိတ်တအားများတာ”

39 02

“တိတ်စမ်း မေကျင်း” ထန်မန်နီက ခေါင်းပါကိုက်လာတော့တယ်။ “ယွီအာ အန်တီက စိုးရိမ်လို့ပြောတာ နှစ်သိန်းဆိုတာ မနည်းဘူးလေ။ သမီး ဒုက္ခရောက်မှာစိုးလို့ပါ”

ယွင်ယွီက ခပ်မတ်မတ်ထိုင်လိုက်ပြီး “သူက လူလိမ်မဟုတ်တာ သမီးသိပါတယ်။ အန်တီ”

ထန်မန်နီက သက်ပြင်းချရင်း “ဒါဆို အန်တီတို့ တစ်သိန်း အရင်ပေးထားမယ် ။အန်တီတို့ဆီမှာ တစ်သိန်းပဲရှိသေးလိူ့”

ယွင်မောက်ကျုံးက သူ့မိန်းမကို ကြည့်လိုက်မိတယ်။

‌”ကျေးဇူးတင်ပါတယ် အန်တီ” ယွင်ယွီက ကျေးဇူးတင်လိုက်တယ်။

အဲ့အချိန်မှာ ယွင်ရှန်းက အိမ်စာပြီးလို့ ထွက်လာတော့ ယွင်မေကျင်းက တအားအံ့ဩသွားပြီး “ရှောင်ရှန်း ငါ့မောင် တအားထွားလာတာပဲ”

သူမအရင်တစ်ခါလာတော့ သူက သူမနဲ့အရပ်တူတူဖြစ်တဲ့ 163စင်တီလောက်ပဲ ရှိသေးတယ်။ ဘယ်လောက်မှမကြာသေးဘူး သူမထက် တအားမြင့်သွားပြီ။

ယွင်ရှန်းက ခေါင်းညိတ်ရင်း “နည်းနည်း အရပ်ထွက်လာတာ” သူကျောင်းမှာ တိုင်းကြည့်တော့ 172 စင်တီမီတာရှိပြီလေ။ သူများတွေနဲ့စာရင် သူအရပ်မြင့်လာတာက နောက်တောင် ကျနေသေးတယ်။

ယွင်မေကျင်းက သူမမောင်အတွက် ဝမ်းသာနေတယ်လေ။

“ရှောင်ရှန်း ငါတို့ကို မက်မွန်ခြံလိုက်ပို့ပေး။ မနက်ဖြန် အိမ်ပြန်ရင် ယူသွားဖို့ မက်မွန်သီးနဲ့ ဖရဲသီးတွေခူးချင်လို့” သူမ မနက်ကစားခဲ့တဲ့ မက်မွန်သီးနဲ့ဖရဲသီးတွေက တအားအရသာရှိတော့ သူမ တန်းတန်းစွဲသွားပြီလေ။

သူတို့ပြန်လာတော့ ထန်မန်နီက အဖွားယွင်နား သွားပြီး “အမေ ကျွန်မသူငယ်ချင်းကို ချေးထားတဲ့ ပိုက်ဆံပြန်ရလာပြီ နှစ်သိန်းပေးနိူင်မယ်လို့ ထင်တယ်။ မနက်ဖြန်ကျ ဘဏ်မှာ သွားထုတ်မယ်လေ”

အဖွားယွင်က ပျော်သွားတော့တယ်။ “တကယ်လား ကောင်းတာပေါ့ကွယ် လနည်းနည်းစောင့်ရင် အမေနဲ့ ရှုကျန်းလည်း ပြန်ဆပ်နိုင်မှာပါ”

ထန်မန်နီက “မလောပါဘူး အမေရယ်။ အေးဆေးနေမှပြန်ဆပ် ဟုတ်ပြီလား”

မိသားစုက နေ့လယ်စာစားနေတဲ့အချိန် ယွင်ယွီက ဖုန်းဝင်လာလို့ ကိုင်ရင်း ထသွားတော့တယ်။

ယွင်ယွီက ဖုန်းပြောပြီး ပြန်ဝင်လာတယ်။ သူမလုပ်မဲ့ဟာကို သူမမိသားစုကို မပြောပြရဲဘူး။ နေ့လယ်စာစားပြီးတဲ့နောက်မှာ ဧည့်ခန်းထဲထိုင်နေကြတုန်း ယွင်ယွီက ပြောလိုက်တယ်။ “အဖွား သမီးမြို့ထဲ ခဏသွားမလို့”

ဖုန်းရှုကျန်းက “မြို့ထဲ ဘာသွားလုပ်မလို့လဲ”

လူတစ်ယောက်က သူတို့အိမ်က ပြဿနာကို လာရှင်းပေးစေချင်ပေမဲ့ သူမယန်မိသားစု ဆောက်လုပ်ရေးဆိုက်ကိစ္စကတည်းက သူမမိသားစုက ဖုန်းရွှေနဲ့ပတ်သက်တာ ဘာမှပေးမလုပ်တော့ဘူးလေ။ သူတို့ကတော့ အိမ်က စီးပွားရေးက လုံလောက်ပြီမလို့ အန္တရာယ်များတာတွေ လုပ်ဖို့မလိုဘူးလို့ ပြောကြတယ်လေ။ သူမအရင်နှစ်ရက်က ကျောင်းကို ခိုးသွားပြီးလုပ်တဲ့ဟာကိုတောင် သူမ မပြောရဲဘူး။

“သမီး အတန်းဖော်ဟောင်းနဲ့တွေ့ဖို့ပါ” ယွင်ယွီက ဆင်ခြေတစ်ခုကို ဖျစ်ညှစ်စဉ်းစားလိုက်ပြီး ပြောလိုက်တယ်။ “သမီး အိမ်ပြန်ရောက်နေမှန်းသိလို့ လှမ်းခေါ်တာ”

“ဒါဆို မြန်မြန်သွား စောစောပြန်ခဲ့”

ယွင်မေကျင်းက ထရပ်လိုက်ပြီး “အစ်မ သမီးကိုပါခေါ်သွား ရွာမှာဆို သမီးပျင်းနေမှာ”

သူမက ငြိမ်ငြိမ်ထိုင်မနေတတ်တဲ့လူမျိုးလေ။ ထန်မန်နီက ဆူဖို့ပြင်လိုက်ပေမဲ့ ယွင်မေကျင်းက ယွီယွီ့လက်ကိုဆွဲထားပြီး ခုန်ပေါက်လို့ သူ့ကိုခေါ်သွားဖို့ အတင်းချွဲနေတော့တယ်။

ယွင်ယွီက ရယ်ချင်ပက်ကျိနဲ့ သဘောတူလိုက်ပြီး ချင်ယွိစွေလိုက်ပို့တဲ့နောက် နှစ်ယောက်သား လိုက်သွားကြတော့တယ်။ ကားထွက်သွားတော့ အဖွားယွင်က “မောင်ကျုံး မန်နီ အခန်းပြင်ထားပေးတယ်။ တရေးတမောအိပ်လိုက်ကြလေ။

သူတို့က အခန်းထဲဝင် တရေးအိပ်ပြီးတော့ ယွင်မောက်ကျုံးက မေးလိုက်တယ်။ “အစက တစ်သိန်းပဲ ပေးမယ်ဆိုပြီး ဘယ်လိုလုပ် နှစ်သိန်း ဖြစ်သွားတာလဲ”

******

All Chapters