အခန်း ၄၀
Vol. 4 Ch. 40
40 01
အပိုင်း (၄၀)
မနက်တုန်းက သူ့မိန်းမက တစ်သိန်းပဲချေးဖို့ သဘောတူတော့ သူ သိပ်မကျေနပ်ခဲ့ဘူးလေ။ သူ့အမေက သူ့ရဲ့ တတိယညီရဲ့ တာဝန်ယူစိတ်မဲ့ပြီး ဖုန်းရှုကျန်းကို ကွာရှင်းပြီး တတိယမိသားစုဟောင်းကို သူ့အမေအိုလက်ထဲ ထိုးထည့်ခဲ့ကတည်းက ပင်ပန်းခဲ့ရတာ သူမြို့ကိုအပြောင်းကျလို့ခေါ်တော့လည်း သူ့အမေက ငြင်းပြီး သူ့ကိုပြောခဲ့တယ်လေ။ “ငါမြို့ကို မင်းနဲ့ လိုက်လာရင် ရှုကျန်းနဲ့ ကလေးသုံးယောက်က ဘယ်လိုလုပ်မှာလဲ။ ရှုကျန်းက စိတ်ဓာတ်ကျနေသေးတယ်။ ဒီကလေးတွေက ဘယ်လို အသက်ဆက်ရှင်နိုင်မှာလဲ။ ဒီသားအမိတစ်စုကို ငါပစ်သွားရင် ငါက အမေကောင်း ယောက္ခမကောင်း အဖွားကောင်း ဘယ်ဖြစ်ပါတော့မလဲဟဲ့။ ရှုကျန်းသာ အလုပ်ဆက်မလုပ်နိုင်ရင် အမေကပဲ တာဝန်ယူပြီး ကလေးတွေကို ပျိုးထောင်ရမှာပေါ့ သွားမဲ့ဟာ သွား”
နောက်ပိုင်းမှာ သူ့အမေကို သူ လျှို့ဝှက်ထောက်ပံ့ ခဲ့တယ်လေ။ သူ့မိန်းမ သိပေမဲ့ ဘာမှမပြောခဲ့ဘူး။
ဒီတစ်ကြိမ်မှာတော့ သူနှစ်သိန်း ချေးချင်ပေမဲ့ သူ့မိန်းမက တစ်သိန်းပဲချေးဖို့ သဘောတူခဲ့တယ်။ သူ့မိသားစုက သူတစ်ယောက်ထဲ ဆုံးဖြတ်လို့မရဘဲ နောက်နှစ်ယောက် ကျန်သေးတော့ သူ ဘာမှမပြောနိုင်ခဲ့ဘူးလေ။
“မောက်ကျုံး” ထန်မန်နီက ပြောလိုက်တယ်။ “ရှင် ကျွန်မကို ဘာလို့နှစ်သိန်းမချေးလဲလို့ မေးချင်တာသိတယ်။ ဒါပေမဲ့ ရှင်တွေးမိလား။ ဒါက ဟိုနွား တတိယသားရဲ့အလုပ်လေ။ ပြီးတော့ ဒုတိယသားရော ရှန်းဟွေ့ရော ရှိနေတော့ အကုန်လုံး ကျွန်မတို့ခေါင်းပေါ်ချည်း ရောက်နေရင် မဟုတ်တော့ဘူးလေ။ သူတို့လည်း တာဝန်ယူသင့်တယ်မလား။ ပြီးတော့ ဒီနှစ်တွေ အမေ့ကို ရှင်ပေးနေတာတွေအတွက် ကျွန်မ ဘာပြောခဲ့ဖူးလို့လဲ”
ယွင်မောက်ကျုံးက ဘာမှမပြောနိုင်ဘူး။ သူ့မိန်းမပြောတာက မှန်နေတယ်လေ။
“ဒါဖြင့် ဘာလို့ နေ့လယ်ကကျ”
ထန်မန်နီက သက်ပြင်းချရင်း “ကျွန်မ အထင်လွဲခဲ့တာပဲလို့ ပြောရမှာပေါ့။ ဘယ်လိုပြောပြော ရှောင်ချင်က ရုတ်တရက် ပေါ်လာတယ်။ ဘာအမှားမှ မလုပ်ထားတဲ့ ပြည့်စုံတဲ့ပုံစံနဲ့ဆိုတော့ ဟုတ်မှဟုတ်ရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်လေနော်။ ပြီးတော့ ဆောက်မဲ့အိမ်ကိုက သိန်းချီနေတာ သူ့ပုံစံကိုက ချမ်းသာတယ်ဆိုတာမျိုးလေ။ အဲ့လိုလူက ယွင်ယွီနဲ့ကျတော့ တစ်မျိုးပဲလေ။ ယွီယွီ့ကို နှိမ်တာမဟုတ်ပေမဲ့ ဒါက ပုံပြင်ပြောနေတာ မဟုတ်ဘူးလေ။ အဲ့လိုအဖြစ်မျိုးက ဆယ်ခါတစ်ခါဖြစ်ဖို့ မလွယ်ဘူးမလား။အဲဒါကြောင့် သူ့ကို ကျွန်မက လူလိမ်လို့ထင်တာ”
သူမက ခဏရပ်ပြီး ဆက်ပြောတယ်။ “နေ့လယ်က သစ်သီးခြံက ပြန်လာတော့ သူရှိနေတဲ့ ဆောက်လက်စနေရာကို သွားပြီး ကျွန်မသူ့နဲ့ စကားသွားပြောတယ်လေ။ သူက ကျွန်မရဲ့ ဘဏ်အကောင့် တောင်းတယ်။ အဲတော့ ကျွန်မလည်း သူ ဘာလုပ်ချင်လဲသိရအောင် ပေးလိုက်တာ။ သူက ယွမ်နှစ်သိန်းလွဲပြီး အမေ့ကို ကျွန်မတို့ ငွေလိုလိုနဲ့ ပေးလိုက်ဖို့ပြောတယ်လေ”
ချင်ယွိစွေရဲ့ အေးစက်စက်စရိုက်က လွဲပြီးလဲ အပိုစကားမပြောဘဲ အိမ်ထဲ ဝင်သွားတယ်လေ။ သူမဘဏ်ကို ဖုန်းဆက်လိုက်တော့ သူမအကောင့်ထဲ ပိုက်ဆံက ရောက်နှင့်နေပြီ။ သူက လူလိမ် မဟုတ်ဘူးဘဲလေ။
ကြည့်ရတာသူ ယွင်ယွီကို တအားချစ်လို့ မြို့ကြီးကဘဝကိုပစ်ပြီး ဒီအထိ ရောက်လာတာပဲနေမှာလေ။ ဒါက သူမ တွေးနိုင်သမျှ အကောင်းဆုံး အကြောင်းပြချက်ပဲ။ ယွင်မောက်ကျုံးက
“ပိုက်ဆံကို ကျတော့”
“ဘာလုပ်နိုင်မှာလဲ အမေပြန်ဆပ်လာတဲ့အခါ သူ့ကို ပြန်လွဲပေးလိုက်ကြတာပေါ့”
…….
အိမ်က ချင်းဟယ်ကန်ဘေးက လမ်းမအနီးမှာ ဆောက်တာဖြစ်ပြီး လမ်းကြားထဲမှာ ဆောက်တာ မဟုတ်ဘူးလေ။ သူမအိမ်က ထွက်ထွက်ချင်းမှာပဲ ရွှီရှောင်ဖင်းကို ပွေ့ထားတဲ့ လင်မယားနဲ့ သူတိူ့နောက်က လိုက်လာတဲ့ အဖွားစွန်းကို တွေ့လိုက်ရတယ်လေ။
ကလေးက သူ့အဖွား ပေါ့ဆမှုကြောင့် ရေနစ်ထားတော့ အခုအထိ သူ့အမေလက်ထဲမှာ ပုန်းနေသေးတယ်လေ။ သူ့အမေ ဖင်းလီက ယွင်ယွီကိုမြင်တော့ “ယွင်ယွီ အပြင်သွားမလို့လား”
သူမက ခေါင်းညိတ်ပြရင်း “ရှောင်ဖင်းရော သက်သာပြီလား”
“သက်သာပါပြီကွယ်” ယွင်ယွီဆီကနေ အဆောင်ယူခဲ့တဲ့နေ့ကတည်းက ကလေးက မငိုတော့ဘဲ တည်ငြိမ်သွားတယ်လေ။ ဘယ်လိုပဲပြောပြော သူမကတော့ သူမသားကို ဒီပေါ့တီးပေါ့ဆ ဘွားတော်ဆီ မထားခဲ့နိုင်တော့ဘူး။ မြို့ကို ခေါ်သွားတော့မှာလေ။ ပြောရရင် ဟိုမှာဆို နေ့ကလေးထိန်းကျောင်းမှာ နေ့ခင်းပိုင်း ထားပေးလို့ရတာပဲ။ စက်တင်ဘာရောက်ရင် မူကြိုထားကြတာပေါ့။
ယွင်ယွီက ကလေးကိုထိကြည့်ရင်း “ကလေးကို ပင်လယ်သခွားသီးနဲ့ ကြက်ဥမဟုတ်ရင် ဘဲဥ တစ်ခုခုကို ရောပေါင်းပြီး ကျွေးသင့်တယ်။ ယန်ကို ထောက်ပံ့ပေးလိမ့်မယ်။ အော် ပြီးတော့ ကလေးကို တစ်နေ့မှာ ပင်လယ်သခွားသီးရဲ့ ငါးပုံပုံတစ်ပုံပဲကျွေး အဲ့ထက်များရင်လည်း မကောင်းဘူးလေ။ တန်ဆေးလွန်ဘေးတဲ့” ကလေးက ငယ်လွန်းပြီး လိပ်ပြာ ပြန်ခေါ်ထားရတာဆိုတော့ ယန်အား ကောင်းစေတဲ့ ပင်လယ်သခွားသီးလိုဟာမျိုးကို စားဖို့က သုံးနှစ်ကလေးအတွက် သင့်တော်တယ်လေ။
40 02
ဖင်းလီက သူမကို ကျေးဇူးတင်စကားပြောပြီးမှ သူမနောက်က လူတွေကို ကြည့်လိုက်မိတယ်။ ဘယ်လိုပြောပြော အခုက ရွာထဲမှာလေ။ သူမက မိတ်ဆက်ပေးရုံကလွဲရင် ဘာမှမတတ်နိုင်တော့ဘူး။ “ဒါက ကျွန်မကောင်လေးပါ။ ဟိုဖက်ကတော့ ကျွန်မ ဝမ်းကွဲညီမ”
ဖင်းလီက ပြုံးရင်း “မင်္ဂလာပါကွယ်”
အဖွားစွန်းကတော့ ချင်ယွိစွေနဲ့ ယွင်ယွီတို့အတွဲကို ကြည့်ရင်း ဟိုနေ့က သူမ တကယ်မှားတယ်လို့ တွေးမိလိုက်တယ်။ နှုတ်ဆက်ပြီး ရွာအဝင်ပေါက်ဖက်ကို ထွက်သွားတော့တယ်။ အဲ့နောက်မှာတော့ ချင်ယွိစွေကားပေါ်မှာ ယွင်ယွီက မောင်းသူဘေးကခုံမှာ ထိုင်ပြီး မေ့ကျင်းက အနောက်မှာ ထိုင်တယ်။ ဒါပေမဲ့ မေကျင်းက ဖင်မငြိမ်ဘဲ ချက်ချငိး ခေါင်းကိုဆန့်လို့ သူမကို မေးတော့တယ်။
“အစ်မ ခုဏက ဘယ်သူလဲ။ ပြီးတော့ မြို့ထဲကို ဘယ်အတန်းဖော်နဲ့ သွားတွေ့မလို့လဲ”
“ငါတို့က တစ်ရွာတည်းသားချင်းတွေလေ။ နှုတ်ဆက်ရမှာပေါ့။ အရင်ရက်ကတင် သူ့ကလေး ရေနှစ်တာ ငါ ကယ်ထားတာလေ” ပြီးတော့ သူမက စိတ်မပါတဲ့လေသံနဲ့ “မြို့ထဲရောက်ရင် မိသားစုကို ပြောမရတာတစ်ခု ငါလုပ်မလို့လေ။ ကလေးက ကလေးလိုနေပေါ့”
ယွင်မေကျင်းက ပြုံးစိစိလုပ်ရင်း “ညီမကို ပြောပြပါနော်။ အစ်မ ဘာလုပ်မလို့လဲ”
“ဖုန်းရွှေကိစ္စပါ” ယွင်ယွီက သူမဝမ်းကွဲညီမကို စိုက်ကြည့်ရင်း “အဖွားကို ပြန်သွားမပြောနဲ့နော်။ နင့်အဖွားက ငါ့ကို ဖုန်းရွှေနဲ့ပတ်သက်တာ ပေးမလုပ်ဘူး”
ယွင်မေကျင်းက “ဖုန်းရွှေကိစ္စ အစ်မက ဖုန်းရွှေဆရာသခင်လား”
သူမအဖေ ကားမတော်တဆမှုကိစ္စကနေ သီသီလေးလွှတ်လာတာ သူ့အစ်မ ကယ်လို့များလား။
ယွင်ယွီက “ဒါပေါ့ အစ်မက ဒီအလုပ်ပဲ လုပ်တော့မှာ”
“အစ်မ ညီမလည်း လိုက်ခဲ့ချင်တယ်။ ညီမကို လိုက်ခွင့်ပေး” သူမက ဝတ္ထုဖတ်ရတာ ကြိုက်တဲ့ ကောင်မငယ်လေးပဲ ရှိသေးတာလေ။ အခုကိစ္စက ဝတ္ထုထဲကလိုပဲမလား သူမ သေချာပေါက် စိတ်ဝင်စားတာပေါ့။
“မရဘူး” ယွင်ယွီက ငြင်းလိုက်တယ်။ “ဒါက တအား အန္တရာယ်များနိုင်တယ်။ အကူအညီ တောင်းတဲ့လူက ဘာဖြစ်တယ်ဆိုတာ မပြောသေးတော့ အဲဒီက အခြေအနေကို မသိရသေးဘူးလေ။ အဲတော့ အန္တရာယ်များနေရင် ဒုက္ခရောက်လိမ့်မယ်။ နင့်ခဲအိုနဲ့ ကားထဲထိုင်နေ မဟုတ်ရင် မြို့ထဲက KFC ဖြစ်ဖြစ် သွားစားနေပေါ့”
မေ့ကျင်းက ပစ်ပယ်ခံလိုက်ရသလို ရုပ်လေးလုပ်ပြီး “မရဘူးလေ။ အစ်မ ညီမက အဖွား ကျွေးတာစားဖို့ ဗိုက်နေရာ ချန်ရဦးမှာ။ အဖွားချက်တာက တအားကောင်းတော့ ညီမမစားရလို့ မဖြစ်ဘူး။ ညီမ အပတ်တိုင်းတောင် ပြန်လာမလို့ ကြံနေတာ”
သူမက ရွာထဲမှာ ပျင်းဖို့ကောင်းတယ် ပြောပေမဲ့ အခုတော့ အဖွားရဲ့ စားစရာတွေအတွက် နေချင်နေပြန်ရော။
မကြာခင်မှာ သဘောတူထားတဲ့ နေရာဖြစ်တဲ့ တိုက်ခန်းအိုဆီ ရောက်လာတော့တယ်။ ချင်ယွိစွေက ကားကို ပါကင်ထိုးလိုက်တယ်။ သူက တစ်လမ်းလုံး စကားမပြောဘဲ ယွင်ယွီနဲ့ မေကျင်း ပြောသမျှကို နားထောင်လာတယ်။ သူမတို့ ကားပေါ်က ဆင်းတော့ တိုက်ခန်းရှေ့မှာ ခပ်ဝဝမိန်းမတစ်ယောက် ရပ်နေတာ တွေ့လိုက်ရတယ်။ သူမက ညအိပ်ဝတ်စုံ ဝတ်ထားပြီး မျက်အိတ်တွေက ဖောင်းလို့ လည်ပင်းမှာလည်း တစ်ခုခုနဲ့ ခိုက်မိထားသလို အပြာရောင် အမှတ်ကြီးရှိနေတယ်။ ယွင်ယွီက အနားကပ်သွားပြီး “ရှင်က ယောင်ကျင်းလန်လား”
ရက်အတော်ကြာအောင် ထူးထူးဆန်းဆန်းကိစ္စတွေ ကြုံနေရလို့ ဆရာသခင်တစ်ယောက်ကို အမျှော်ကြီးမျှော်နေတဲ့ ယောင်ကျင်းလန်က အမြန်ပြောလိုက်တယ်။ “ဟုတ်ပါတယ် ဆရာသခင် ကျွန်မ ယောင်ကျင်းလန်ပါ ဆရာသခင်ယွင် ဟုတ်တယ်မလား”
ဒီနေ့က မိုးမရွာပေမဲ့ မိုးက အုံ့နေတယ်လေ။ ယွင်ယွီက တိုက်ခန်းအဝမှာ ရပ်နေတဲ့ သေပြီးသား အဖွားကြီးကို မြင်နေရတယ်။ ယွင်ယွီက ယွင်မေကျင်းကို “မေ့ကျင်း မလိုက်လာနဲ့။ နင့်ခဲအိုနဲ့ ကားထဲမှာ ဝင်ထိုင်နေ”
ယွင်မေကျင်းက နည်းနည်း စပ်စုချင်နေတယ်လေ။ “ညီမလိုက်ခဲ့လို့ မရဘူးလား”
“မရဘူး”
အဝင်ပေါက်မှာရပ်နေတဲ့ အဖွားကြီးက ယောင်ကျင်းလန်ကို တကယ့်ကို ဒေါသတကြီးနဲ့ စိုက်ကြည့်နေတာ။ တစ်ခုခု မမျှော်လင့်တာဖြစ်လာမှာ သူမ စိုးရိမ်တယ်လေ။
ယွင်မေကျင်းက သူမဝမ်းကွဲက တကယ် အတည်ပြောနေမှန်း သတိထားမိတော့ အပျော်လုပ်မနေတော့ဘဲ ခေါင်းညိတ်ပြလိုက်တယ်။ “ဟုတ်ပြီ အစ်မ ညီမ ခဲအိုနဲ့ စောင့်နေမယ်နော် အစ်မလည်း ဂရုစိုက်ပါ”
ချင်ယွိစွေက သူမကို ကြည့်ပြီး “ဂရုစိုက်”
40 03
ယွင်ယွီက ယောင်ကျင်းလန်ကို ပိုပြီး အေစက်ပြီး စက်ဆုပ်တဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး “မစ္စယောင် ဒီကိစ္စကို ကျွန်မ ယွမ်နှစ်သိန်းရရင် ကူညီပေးနိုင်တယ်”
မေကျင်းက မသွားရသေးဘူး။ အဲတော့ သူမက ယွမ်နှစ်သိန်းဆိုတာကြီးကိုကြားပြီး တအားအံ့ဩသွားတယ်။ သူမက ရာစုသစ်ရဲ့ ကျောင်းသူကောင်းလေးမလို့ သရဲတစ္တေတွေကို မယုံဘူး ဒါပေမဲ့ သူမအစ်မ ယွမ်နှစ်သိန်းကို ပက်ခနဲ တောင်းတဲ့ပုံက တအားလွှမ်းမိုးနိုင်တယ်လို့ ခံစားလိုက်ရတယ်။
“ဘာ” ယောင်ကျင်းလန်က မျက်နှာပျက်သွားပြီး “ဓားပြ လာတိုက်နေတာလား”
ယွင်ယွီက သူမနောက်ကို စိုက်ကြည့်နေရင်း “ဒါက ရှင့်အိမ်မှာဖြစ်နေတာတွေနဲ့စာ ရင်တော့ အသေးအဖွဲပါ။ နှစ်သိန်းကို တစ်ပြားလျော့ရင်တောင် ကျွန်မ ကူညီပေးမှာ မဟုတ်ဘူး။ ပြီးတော့ ရှင့်ယောက္ခမက ရှင့်နောက်ကို တစ်သက်လုံး လိုက်နေမှာ” သူမမျက်လုံးတွေက တိုက်ခန်းဝင်ပေါက်ပေါ် ဖြတ်သွားရင်း “ရှင့်ရဲ့ ယောက္ခမက သွေးပရပွနဲ့ သေသွားရပြီး အငြိုးအတေးတွေ ပြည့်နေတာ။ ရှင့်ကိုလည်း ရှင်မသေမချင်း လွှတ်ပေးမှာ မဟုတ်ဘူး။ ရှင့်ဘဝက ယွမ်နှစ်သိန်း တန်မတန်ကတော့ ရှင်ကိုယ်တိုင် ဆုံးဖြတ်ရမှာပဲ”
ယောင်ကျင်းလန်က ရှက်ရွံ့သွားတော့တယ်။ အရင်တစ်ပတ်က သူမနဲ့မတည့်တဲ့ ဘေးအိမ်က ဝမ်ဖန်းက သူမဆီလာပြီး ဖီထျန်းလေ့က သူမယောက္ခမရဲ့ တစ္ဆေ လှေကားပေါ် လမ်းလျောက်နေတာတွေ့တယ်လို့ လာပြောတယ်လေ။ သေချာပေါက် သူမ မယုံဘူးပေါ့။ ဒါပေမဲ့ အဲ့နေ့ည ဆယ့်နှစ်နာရီမှာ တံခါးခေါက်သံကြားရပြီး ဘယ်သူမှ မတွေ့ဘူးလေ။ အဲ့ညကတည်းက အိမ်မှာ ထူးဆန်းတာတွေ စဖြစ်တော့တာပဲ။ အဲဒီနေ့ည သူမ ဘီလူးစီးသလိုဖြစ်ပြီး သူမယောက္ခမက အိပ်ယာဘေးကနေ သူမကို စိုက်ကြည့်နေတာ မြင်လိုက်ရတယ်လေ။
သူမ ကြောက်လန့်တကြား အော်ပြီးထလာတော့ သူမရဲ့ခြေလက်တွေမှာ တစ်ယောက်ယောက်က အတင်းဆုပ်ကိုင်ထားသလို လက်ချောင်းရာ အညိုအမည်းတွေ ဖြစ်နေတယ်လေ။ သူမယောက်ျားက အသံကြားလို့ လာကြည့်တော့ သူက အကြောက်ကြောက်အလန့်လန့်နဲ့ “ယောက်ျား ရှင့်အမေ ပြန်လာပြီ။ ရှင့်အမေ ပြန်ရောက်လာပြီ”
သူမယောက်ျားက နှာမှုတ်ပြီး ဧည့်ခန်းထဲပြ န်ဝင်သွားတော့ သူမ ဒေါသထွက်လွန်သလို့ လဲကျမလိုပါ ဖြစ်သွားတယ်။
အဲ့နောက်မှာတော့ ကိစ္စတွေက အဆိုးဖက်ကို ရောက်လာတော့တာပဲ။ ပြောရရင် ပစ္စည်းတွေက အလိုလိုနေရင်း မပြုတ်ကျသင့်ဘဲ ပြုတ်ကျနေတာမျိုးပေါ့။ စားပြီးရင် လုံးဝမပြုတ်ကျသင့်တဲ့ စားပွဲခင်းက လှန်တက်ပြီး ကြမ်းပြင်ပေါ် ကျတယ်လေ။ ညဖက်တွေ အိပ်မက်ဆိုး မက်တယ်။ တစ်ညကဆို သူမကို တရွတ်တိုက် ဆွဲခေါ်နေသလို ခံစားရပြီးနိုးလာတော့ သူမခြေကျင်းဝတ်မှာ လက်ရာအကွင်းလိုက် ရှိတာမျိုးပေါ့။
သူမနောက်ဆုံးတော့ ဝမ်ဖန်းဆီသွားပြီး ဝမ်ဖန်းက ဖီထျန်းလေ့က မြင်ရတယ်ပြောပေမဲ့ အခုမမြင်ရတော့ဘူးဆိုတော့ ဘယ်လိုလုပ်သလဲ သွားမေးတော့တယ်။ အဲ့ကျမှ ဝမ်ဖန်းက စွမ်းအားမြင့်ဆရာသခင်တစ်ယောက်ကို ငှားကြောင်းသိရတော့ ကြိုးကြိုးစားစားနဲ့ ဆရာသခင်ကို ခေါ်နိုင်ပေမဲ့ သူက ပိုက်ဆံစကားကို အမြင့်ကြီး ပြောနေတယ်လေ။
ယောင်ကျင်းလန်က မကျေမနပ် ပြောလိုက်တယ်။ “သရဲမြင်ရသလိုလို သဘာဝလွန်သခင်မကြီးလိုလို ဟန်မဆောင်စမ်းပါနဲ့။ ငါ့ယောက္ခမအကြောင်း ဒီတိုက်ခန်းက လူတွေသိတာပဲ။ လိုက်မေးပြီး ပြန်ပြောနေရင် ဘယ်လိုလုပ်မလဲ။ ငါ့ကို အရူးလာမလုပ်နဲ့နော်” သူမက ယွင်ယွီဒီကိစ္စတွေကို လိုက်စုံစမ်းပြီး သိလာတယ် ထင်နေတာလေ။
ယွင်ယွီက ယောင်ကျင်းလန်နောက်ကို စိုက်ကြည့်နေရင်း “ရှင်ကျွန်မကို မယုံရင် ရှင့်ကို မြင်ရအောင် လုပ်ပေးရမလား။ ရှင့်ယောက္ခမက တိုက်ခန်းအဝင်ဝမှာ ရပ်နေတယ်။ တစ်ကိုယ်လုံး သွေးအလူးလူးနဲ့ ခြေကကျိုးနေတယ်။အရပ်က ရှင့်နဲ့အတူတူလောက် ဆံပင်တိုတို ခပ်ပိန်ပိန်....”
“မပြောပါနဲ့တော့။ မပြောပါနဲ့တော့” ယောင်ကျင်းလန်က လဲကျချင်သလို ဖြစ်သွားတယ်။ “နှစ်သိန်းပေးပါ့မယ် အဲ့သရဲမကြီးကို သတ်ပေးပါ။ အဲ့သရဲမကြီး ပျောက်သွားအောင်သာ လုပ်ပေးပါ”
အဲ့အချိန်မှာ အဖွားကြီးရဲ့ အငြိုးကြီးဝိဉာဉ်က ဒေါသတကြီးနဲ့ ယောင်ကျင်းလန်ကို စိုက်ကြည့်လိုက်တယ်။ ယွင်ယွီက နှာမှုတ်ရင်း ဘယ်လို မကောင်းတဲ့မိန်းမလဲလို့ တွေးလိုက်မိတော့တယ်။
ယွင်မေကျင်းက သူမကျောပြင်တစ်ခုလုံး အေးစက်လာသလို ခံစားရတော့ ချင်ယွိစွေကို ပြောလိုက်တယ်။ “ခဲအို ကားဆီ အမြန်သွားရအောင်” သူတို့ကားထဲဝင်သွားမှ ယွင်ယွီလည်း ယောင်ကျင်းလန်နဲ့ တိုက်ခန်းထဲ ဝင်သွားတော့တယ်။
ယွင်မေကျင်းက ချွေးအေးတွေပါ ပြန်လာတော့တယ်။ သူတို့သိသလောက်ဆို သူမက ဘာဖြစ်နေမှန်းတောင် မသိဘူးလေ။ ဒါပေမဲ့ ရောက်ရောက်ချင်း ယောင်ကျင်းလန်ရဲ့ ယောက္ခမဖြစ်နေတဲ့ပုံစံကို ပြောပြတဲ့အပြင် တိုက်ခန်းအဝင်မှာ ရပ်နေတယ်လို့ပါ ပြောလိုက်သေးတယ်။ ကြောက်စရာပဲ။
အပေါ်မှာတော့ ယွင်ယွီနဲ့ ယောင်ကျင်းလန်က အခန်းဆီကို ဦးတည်နေကြတယ်။ အငြိုးကြီးဝိဉာဉ် အဖွားအိုက လိုက်လာတော့ ယွင်ယွီနဲ့ အကြည့်ချင်း ဆုံသွားကြတယ်။ ယွင်ယွီက ကပ်စေးနဲပြီး တစ်ကိုယ်ကောင်းဆန်ဟန်ရှိတဲ့အပြင် ရက်စက်တဲ့စိတ်ထားရှိတဲ့ ယောင်ကျင်းလန်မျက်နှာကို ကြည့်လိုက်တယ်။ သူမရဲ့ ယောက္ခမကိုတောင် သေစေခဲ့တာမလား။
40 04
သူမက ဖုန်းကို ကလိနေရင်း ပြောလိုက်တယ်။ “မစ္စယောင် ရှင့်မိသားစုက ထူးခြားတဲ့အခြေအနေဖြစ်နေတယ်။ ရှင့်ယောက္ခမကို ရှင်က သေစေခဲ့တဲ့နေရာရဲ့ ဖုန်းရွှေက သိပ်မကောင်းဘူး။ ပြီးတော့ ရှင့် ယောက္ခမနာမည်မှာ သစ်သားဓာတ် ပါနေတယ်။ အဲတော့ ဒေါသတကြီး သေပြီးတဲ့နောက်မှာ သူမက ပြန်လည်ဝင်စားဖို့ထက် ရှင့်ကို ဒုက္ခပေးဖို့ကို ပိုလိုလားလိမ့်မယ်”
ယောင်ကျင်းလန်က ငိုယိုရင်း “ဆရာသခင် ကျွန်မကို ကယ်မှရမယ်။ ကျွန်မ အဖွားကြီး ပျောက်ကွယ်သွားတာပဲ လိုချင်ပါတယ်။ မဟုတ်ရင် သူမကျွန်မကို ရန်ပြုတော့မှာ”
ယွင်ယွီမျက်နှာက ပိုအေးစက်လာပြီး “ဒါပေါ့ ဒါပေမဲ့ သူမက ထွက်သွားချင်တဲ့ပုံမပေါ်ဘူး ဒါပေမဲ့ နှစ်သိန်းဆိုရင်တော့”
အရှေ့ကနေ လမ်းလျောက်နေတဲ့ ယောင်ကျင်းလန်မျက်လုံးတွေက တွန့်သွားပြီးမှ ပြောလိုက်တယ်။ “ဒါပေါ့ရှင် အပေါ်ရောက်တာနဲ့ တန်းလွဲလိုက်ပါ့မယ်”
ငါးထပ်မြောက် ရောက်လို့ ယောင်ကျင်းလန်က အခန်းတံခါးကို ဖွင့်လိုက်တော့ ယွင်ယွီက ဖုန်းကို မြှောက်လိူ့ ဓာတ်ပုံတစ်ချက် ရိုက်လိုက်တယ်။ အဖွားအိုက အနောက်ကနေ လိုက်ဝင်သွားတယ်လေ။ အထဲရောက်တော့ ယွင်ယွီက
“မစ္စယောင် ငွေအရင်လွဲပါ။ ငွေလွဲပြီးတာနဲ့ ကျွန်မ အလုပ်စပါ့မယ်”
ယောင်ကျင်းလန်က တွန့်ဆုတ်နေပြီး “အရင်ဖြေရှင်းပေးပါလား ဒါမှ လူလိမ် ဟုတ်မဟုတ်သိရမှာပေါ့”
“နောင်တရတာလား” ယွင်ယွီက စိတ်ဆိုးမနေဘူးလေ။ သူမက ရောက်ကတည်းက လှည့်ပြန်ချင်နေတာကိုး “ရနေရင်လည်း ထားလိုက်ပါတော့။ ဒီလိုကိစ္စကနေ ငွေက သိပ်ရချင်တာ မဟုတ်ဘူး။ ရှင် မကောင်းတာ လုပ်ထားရင် မကောင်းတာ ပြန်ခံရမှာပဲလေ”
ယောင်ကျင်းလန်က သူမကို ဆွဲပြီး “ဆရာသခင် ကျွန်မမှားပါတယ်။ အခုပဲလွဲလိုက်ပါ့မယ် မသွားပါနဲ့”
ယွင်ယွီက သူမကိုရှောင်ပြီး ဖုန်းထဲငွေလွဲဝင်တာကို စောင့်နေတယ်။ ငွေလွဲဝင်ပြီးတော့ ယွင်ယွီက ဖုန်းကို မပိတ်ဘဲ ဘေးဘီကို ကြည့်လိုက်တယ်။ အဲ့အချိန်မှာ စားပွဲပေါ်က ဖနိခွက်က ချက်ချင်း ကြမ်းပေါ်ရိုက်ချခံရပြီး ကွဲသွားတော့တယ်။ ယောင်ကျင်းလန်မျက်နှာက ဖြူဆုတ်သွားတော့တယ်။ သူမ မမြင်ရပေမဲ့ တအား ကြောက်လန့်သွားတယ်လေ။
အဲဒါက ယောင်ကျင်းလန်ရဲ့ ယောက္ခမက ဖန်ခွက်ကို ရိုက်ချလိုက်တာလေ။ သူမက ယွင်ယွီကို ဒေါသတကြီး ကြည့်လာရင်း “ကလေးမ နင်က ဆရာသခင်တစ်ယောက်ဆိုရင် ဒီမိန်းမ ငါ့ကိုအနိုင်ကျင့်တာတွေ သိရမယ်မလား။ ဒါဆို ဘာလို့ သူမကို ကူညီဦးမှာလဲ။ သူမ ငါ့သားနဲ့ လက်ထပ်တယ်။ စရိတ်အကုန် ငါတို့ပဲခံတယ်။ ကလေးလည်း မွေးပြီးရော ရွာက အိမ်ကိုရောင်းပြီး မြို့မှာ အိမ်ဝယ်ပေးဖို့ပြောတယ်။ ငါ့ကိုလည်း ကလေးလာထိန်းပေးတဲ့။ ကလေးငယ်တုန်းက ကိစ္စမရှိဘူး။ ကြီးလာတော့ ငါ့ကို နှင်ချတယ်၊ ငါ့ရွာက အိမ်မှမရှိတော့တာ ဘယ်မှာသွားနေရမှာလဲ။ နောက်တော့ သူ့အတွက် ကျွန်လို အလုပ်လုပ်ပေးပြီးနေရတယ်။ သူကအစားကောင်းစာ ငါက အကျန်တွေစား။ ငါက အိုလာပြီ။ ငါ့လက်တွေ မမြဲဘူး။ နှလုံးနဲ့သွေးတိုးလည်း ရှိတယ်။ ဒါကို နေ့ခင်းနေအပူကြီး တို့ဟူး ဝယ်ခိုင်းတယ်။ ငါ့ကို သေစေချင်တာပဲ မဟုတ်ဘူးလား”
ယွင်ယွီက ထိုင်နေရင်း “ဒါကတော့ ရှင့်အပြစ်ပဲလေ ဒီအိမ်က ရှင်ဝယ်ထားမှတော့ ဘာလို့ သူ့ကို ပြန်နှင်မချရတာလဲ”
ယောင်ကျင်းလန်က သူမကိုကြည့်ရင်း “ဆရာသခင် ကျွန်မကို ကူညီမှာမလား”
ယွင်ယွီက “ဒါပေါ့ ရှင့်သောကတွေ ပျောက်အောင် ကျွန်မကူညီဖို့ ရောက်နေတာပဲလေ” သူမအသံက အေးစက်နေတယ်။
အငြိုးကြီးဝိဉာဉ်အဖွားအိုက အသံကျယ်ကျယ်နဲ့ “ကလေးမ ငါနင့်ကို မကြောက်ဘူး။ ဒီဟာမ မသေမချင်း ငါ မလွှတ်ပေးဘူး”
******