← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

42 01

အပိုင်း (၄၂)

ဝေ့မင်က ဒေါသတကြီးနဲ့ ယောင်ကျင်းလန်နှဖူးကို တံခါးနဲ့ ဆောင့်ပစ်လိုက်တယ်။ “နင် ငါ့အမေရဲ့ဆေးတွေကို ပြောင်းပစ်တယ်ပေါ့။ ဒီစောက်ကျင့်မကောင်းတဲ့မိန်းမ နင့်ကို ငါ့အမေက ဘယ်လိုဆက်ဆံလဲ*

ယောင်ကျင်းလန်က ရုန်းချင်ပေမဲ့ ယောက်ျားအားနဲ့ မိန်းမအားက အကွာကြီးလေ။

သူမ မသတ်ဘူးလေ။ သူ မမသတ်ခဲ့ဘူး။

အဲ့အအိုကြီးက သူ့ဘာသာ လှေကားပေါ်က ပြုတ်ကျတာ။ ဘယ်လိုလုပ် သူမကြောင့် ဖြစ်မှာလဲ။ ဆေးတွေဆိုရင်လည်း သူမက အန္တရာယ်ဖြစ်စေတာတွေနဲ့ ပြောင်းတာမှ မဟုတ်တာ။ ရိုးရိုးဗီတာမင်ဆေးပြားလေးတွေပဲကို ဘာဖြစ်မှာမို့လို့လဲ။ ဒါပေမဲ့ သူမ ဆေးပြောင်းတာက ပြောင်းမိသွားပြီလေ။ တကယ်လို့ ရဲတွေသာလာရင် ဘယ်လိုလုပ်မလဲ။ သူမအဖွားကြီးတစ္ဆေကို အကြောက်လွန်နေတာနဲ့ သူမဆေးပုလင်းကို ဖျက်ဆီးဖို့ မေ့သွားတယ်။ ပြီးတော့ ဆရာသခင်က ဘယ်လိုသိရတာလဲ။ အဲ့ဘွားတော် ပြောပြတာလား။

တကယ်တော့ ဖန်ကွေ့ယင်းက သူမသေရတာ သူမချွေးမ ဆေးတွေ လဲပစ်လို့ဆိုတာ မသိဘူးလေ။ ပြောရရင် အဲ့ကိစ္စကို သိလည်းသိရော သူမ နောက်ကျသွားပြီလေ။ သူမဒေါသထွက်ရုံဘဲ တတ်နိုင်တော့တာကိုး။ သူမပြောခဲ့သလိုပဲ ယောင်ကျင်းလန်က မသေပဲ ဝဋ်ပြန်ခံရမဲ့လူ။ တော်သေးတာက အငြိုးကြီးဝိဉာဉ်အဖွားက သူမစကား နားထောင်ပြီး ဘဝကူးသွားလို့ ပြီးမှ သူမ ပိုက်ဆံတွေ မီးရှို့ပေးရလိမ့်မယ်လေ။ အခုတော့ ရဲခေါ်ပြီးပြီဆိုတော့ သူမစောင့်ရုံပဲ ကျန်တယ်လေ။

အဲ့အချိန်မှာတော့ ယောင်ကျင်းလန်က ယောင်မိသားစုကို ဖုန်းခေါ်ပြီး ဝေ့မိသားစုက သူမကို အနိုင်ကျင့်နေကြောင်း ပြောလိုက်တယ်။ ခဏကြာတော့ ယောင်မိသားစုက ရဲနဲ့ရှေ့ဆင့်နောက်ဆင့် ရောက်လာကြတော့ အခန်းက ဝရုန်းသုန်းကား ဖြစ်နေတော့တယ်။

အဲ့အချိန်မှာ ရဲက ရှေ့ထွက်လာပြီး။

“ကဲ ရဲတိုင်တာဘယ်သူလဲ ထွက်လာပြောပါ”

ယွင်ယွီက ထသွားပြီး

“ကျွန်မပါ ကျွန်မက ဒီအိမ်ကငှားထားတဲ့ ဖုန်းရွှေဆရာသခင်ပါ။ ငှားရတဲ့အကြောင်းရင်းက ဒီအိမ်မှာ တလောက ဆုံးသွားတဲ့အဖွားအိုရဲ့တစ္ဆေက ခြောက်လှန့်နေတယ်ဆိုလို့ လာခဲ့တာပါ။ ရောက်လာမှ အဖွားအိုတစ္ဆေက သူမ‌ ဆုံးရတဲ့အကြောင်းရင်းက သူ့ချွေမ ဒီမိန်းမက သူ့ရဲ့ သွေးတိုးဆေးတွေကို တခြားဆေးနဲ့လဲပစ်လို့ သွေးဆောင့်တက်ပြီး လှေကားပေါ်က ပြုတ်ကျသေတယ်ဆိုလို့ တိုင်လိုက်တာပါ”

သူမပြောတဲ့ အကြောင်းကို ကြားတော့ ရောက်လာတဲ့ ရဲအရာရှိနှစ်ယောက်ထဲက ငယ်ရွယ်တဲ့ ရဲအရာရှိက မျက်မှောင်ကြုတ်ပြီး “ပေါက်ကရတွေ အလကားနေရင်း မဟုတ်တာကို တိုင်ကြားတာရဲ့ နောက်ဆက်တွဲကို သိရဲ့လား”

နည်းနည်းအသက်ကြီးတဲ့ ရဲအရာရှိကတော့ ဘာမှမပြောဘူး။ သူက အတွေ့အကြုံ ပိုရှိတော့ တချို့ ထူးထူးဆန်းဆန်းကိစ္စတွေကို မြင်ဖူးတယ်လေ။

ယွင်ယွီက “ရှင်တို့မယုံရင် အိမ်ရှင်ကို သူ့အမေရဲ့ရောဂါအကြောင်း မေးပြီး သူ့အမေရဲ့ဆေးပုလင်းကို ဓာတ်ခွဲကြည့်ပါ အဖြေပေါ်ပါလိမ့်မယ်”

ဝေ့မင်က ငိုချလိုက်ရင်း “ရဲအရာရှိကြီးတို့ဗျာ အမေက တကယ် သွေးတိုးရှိတာပါ သူ့ဆေးတွေက အိပ်ယာဘေးတန်းပေါ်မှာတင် ရှိပါတယ်။ ယူကြည့်လို့ ရပါတယ်။ဒီမကောင်းတဲ့မိန်းမက ဆေးတွေကို လဲထားတာ သေချာတယ်”

အဲ့အခါ ယောင်ကျင်းလန်ရဲ့ လူကောင်ကြီးကြီးနဲ့ အစ်ကိုက ဝေ့မင်ရဲ့ လည်ပင်းကော်လာစကို ဆွဲပြီး “အဲ့ဘွားတော် သူ့ဘာသာကျသေတာ။ ငါ့ညီမနဲ့ ဘာဆိုင်လို့လဲကွ”

“ရန်မဖြစ်နဲ့” ရဲအရာရှိက သူတို့ကို ခွဲပြီး အခန်းထဲဝင်လို့ ယောင်ကျင်းလန်ရဲ့ ပျက်နေတဲ့ မျက်နှာအောက်မှာပဲ အိပ်ယာဘေးက ဆေးပုလင်းကိူ ယူလိုက်တယ်။ “ဒါလား”

“ဟုတ်ပါတယ်ဗျာ” ဝေ့မင်က ပြန်ဖြေလိုက်တယ်။

“ကဲ မင်းတို့က ရဲတိုင်ထားပြီးမှတော့ အကုန်လုံး ရဲစခန်း လိုက်ခဲ့ကြပေတော့ ဒီဆေးကလည်း ဓာတ်ခွဲစစ်ရမယ်” ရဲက ပုလင်းက တစ်ခုခု ထူးဆန်းနေတာကို တွေ့သွားတယ်လေ။

42 02

ယောင်ကျင်းလန်က လှည့်စားချင်နေသေးတယ်။ “ကျွန်မက ဘာလို့သွားရမှာလဲ အဖွားကြီးက သူ့ဘာသာ လှေကားက ကျသေတာလေ။ ကျွန်မ ဘာမှမှ မလုပ်ခဲ့တာ” သူမပြောပြီးတော့ ယွင်ယွီကိုမြင်သွားပြီး တစ်စခန်း ထလာပြန်တယ်။ “ရဲအရာရှိကြီး ကျွန်မ င်စရာရှိတယ်။ ဒီကလေးမက ကျွန်မဆီက ယွမ်နှစ်သိန်း ချေးရုံတင်မကဘူး။ ကျွန်မကိုပါ အသရေဖျက်နေပါတယ်”

တကယ့်အရှုပ်ထုပ်ပဲ။

အခုတော့ အကုန်လုံး ရဲစခန်းရောက်တော့မယ်။ ယောင်မိသားစုကလည်း လိုက်လာရတာပေါ့။

သူမတို့ လှေကားအောက်ရော က်တဲ့အချိန်မှာ ချင်ယွိစွေရဲ့ကားက အနားကို မောင်းလာတော့တယ်။ သူမကားမှန်ကိုခေါက်တော့ မှန်ချလာတော့တယ်။ ယွင်မေကျင်းခေါင်းက ထွက်လာပြီး “အစ်မပြီးသွားပြီလား”

ယွင်ယွီက ကူရာမဲ့နေတဲ့လေသံနဲ့ “မပြီးသေးဘူး ဒီမိန်းမက သူ့ယောက္ခမရဲ့ဆေးတွေကို လဲထားတော့ သွေးတိုးပြီး လှေကားက ပြုတ်ကျသေတယ်လေ။ အစ်မက အဲ့ကိစ္စကို ရဲတိုင်လိုက်တော့ ငါပါလိုက်သွားရတော့မယ်။ နည်းနည်း ထပ်စောင့်လိုက်ဦးနော်”

ချင်ယွိစွေက “ဖြေရှင်းလို့လွယ်လား”

“လွယ်မှလွယ်” ယွင်ယွီက ကားနားမှာ ရပ်နေရင်း သူတို့ကို “ရှင်နဲ့ မေ့ကျင်း ဒီမှာစောင့်မလား။ မြို့ထဲ သွားမလား”

မေ့ကျင်းက အလောတကြီးနဲ့ “ဒါဆို ကျွန်မခဲအိုနဲ့ မြို့ထဲသွားနေတော့မယ်” ပြောရရင် သူမခဲအိုက ဘာစကားမှမပြောတော့ ကားထဲ ထိုင်နေရတာ နေရခက်တယ်လေ။

ရဲအရာရှိတွေက ကျိုးကြောင်း ဆီလျော်တယ်လေ။ စကားပြောပြီးတဲ့အထိ စောင့်နေပေးတယ်။ အဲ့နောက်မှာ ရဲတွေနဲ့အတူ ရဲစခန်းကို ထွက်သွားတော့တယ်။ ပြောရရင် အခုက အမှုက နည်းနည်းများနေပြီလေ။ အထူးသဖြင့် ယောင်ကျင်းလန်ရဲ့ ဆေးလဲတဲ့ကိစ္စအတွက် ဆေးတွေကို ဓာတ်ခွဲဖို့ လုပ်ကြတယ်။ ဒါပေမဲ့ ယောင်ကျင်းလန်က အဲဒါကို ဂရုမစိုက်ဘဲ ယွင်ယွီက သူမဆီက ငွေနှစ်သိန်း လိမ်ပါတယ်လို့ တွင်တွင်ပြောနေတော့တယ်။ ဒါလည်း တိုင်တာပဲဆိုတော့ သူတို့လည်း စစ်ဆေးရတယ်လေ။ အဲတော့ ဒီနေ့မှာတင် ယောက်ကျင်းလန်က နှစ်သိန်း လွဲထားတာကို တွေ့လိုက်ရတယ်။

ယွင်ယွီက “ကျွန်မတကယ် ဖုန်းရွှေအတွက်သွားခဲ့တာပါ ရဲအရာရှိရှင့် မယုံရင် ဖုန်းထဲမှာ မှတ်တမ်း တင်ထားပါတယ်” သူမက ဖုန်းကို ရဲအရာရှိလက်ထဲကို လွဲပေးလိုက်တယ်။ ဖုန်းထဲက မြင်ကွင်းက မည်းမှောင်မွှန်းကြပ်တဲ့ ခံစားချက်ကို ရစေတဲ့ လှေကားကိုတွေ့ရပြီး ယွီယွီ့အသံက ထွက်လာတယ်။ “မစ္စယောင် ရှင့်မိသားစုက ထူးခြားတဲ့အခြေအနေ ဖြစ်နေတယ်။ ရှင့်ယောက္ခမကို ရှင်က သေစေခဲ့တဲ့နေရာရဲ့ ဖုန်းရွှေက သိပ်မကောင်းဘူး.....”

“ဆရာသခင် ကူညီပေးပါ....”

“နှစ်သိန်းပေးမယ်ဆိုရင် ကူညီပေးလို့ရ......”

“အပေါ်ရောက်တာနဲ့ နှစ်သိန်း လွဲလိုက်ပါ့မယ်......”

အဲ့နောက်မှာ ခြေသံနဲ့အတူ မြင်ကွင်းက အရှေ့ကိုဆက်ရွေ့နေပြီး နောက်ဆုံးမှာ အနီရောင်တံခါးနဲ့ အခန်း ၅၀၃လို့ ရေးထားတဲ့ အခန်းနံပါတ်ပြားကို တွေ့လိုက်ရတယ်။ ခဏအကြာမှာ နှစ်ယောက်သား ညှိနှိုင်းနေတဲ့စကားသံတွေနဲ့ နောက်ဆုံးမှာ ယောင်ကျင်းလန်က ပိုက်ဆံလွဲလိုက်ကြောင်းပြောတာ ကြားလိုက်ရတယ်။

ထို့နောက်တွင် အတော်ကြာတဲ့အထိ ဘာအသံမှမကြားရဘဲ တိတ်ဆိတ်နေတယ်။ ဖုန်းပေါ်ကပုံရိပ်မှာတော့ ခပ်မှိန်မှိန်ပဲ အလင်းရောင်ရှိတဲ့ အခန်းတစ်ခုကို မြင်နေရပြီး ကြည့်နေတဲ့လူတွေကို စိတ်ဓာတ် ကျစေလောက်တယ်။

အဲ့အချိန်မှာ စားပွဲပေါ်က ဖန်ခွက်က သူ့ဘာသာလွှင့်ပြီး ခွမ်းကနဲ ကွဲသွားတာက ကြည့်နေတဲ့ ရဲအရာရှိနဲ့ တခြားလူတွေကို တုန်သွားစေတယ်။ သူတို့က သေချာအောင် အဲဒီနေရာကို နှစ်ခါတောင် ပြန်ကြည့်လိုက်သေး။ ဒါပေမဲ့ ခွက်က ဘယ်သူမှမထိဘဲ သူ့ဟာသူ လွှင့်သွားတာလေ။

အဲ့နောက်မှာ ယောင်ကျင်းလန်ရဲ့ ဖြူဆုတ်သွားတဲ့မျက်နှာကို ခဏပြပြီး ယွီယွီ့အသံကို ကြားလိုက်ရတယ်။ “ဒါကတော့ ရှင့်အပြစ်ပဲလေ။ ဒီအိမ်က ရှင်ဝယ်ထားမှတော့ ဘာလို့ သူ့ကို ပြန်နှင်မချရတာလဲ”

မသိရင် သူမက သူမဘာသာ စကားပြောနေသလိုလို သာမန်လူမမြင်နိုင်တဲ့ တစ်စုံတစ်ယောက်နဲ့ စကားပြောနေသလိုလိုဖြစ်နေတဲ့ ယွီယွီ့ပုံက အဲ့အချိန်မှာ တစ်မျိုး ခြောက်ခြားစရာ ကောင်းနေတယ်။ ယွင်ယွီက သူမတစ်ယောက်ထဲ စကားဆက်ပြောနေရင်း ရုတ်တရက် ယောင်ကျင်းလန်နားကပ်ပြီး နှဖူးကို ထိရင်း “ရှင့်မျက်လုံးကို ဖွင့်ပေးလိုက်မယ်”

အဲ့နောက်မှာတော့ ယောင်ကျင်းလန်က သွေးပျက်စရာတစ်ခုခုကို တွေ့လိုက်ပြီး တအားကြောက်သွားတယ်။ ခဏနေတော့ သူမရဲ့လည်ပင်းက လက်နဲ့ညစ်သလိုမျိုး ရှုံ့သွားတော့တယ်။ သူမရဲ့ခြေထောက်တွေကလည်း ဦးတည်ရာမဲ့ လျောက်ကန်နေတော့တယ်။ အဲ့နောက်မှာတော့ ဝေ့မင်ကထွက်လာပြီး သူ့အမေကို တွေ့ချင်ကြောင်းပြောပြီး ဒူးထောက်လို့ ငိုတော့တယ်။ အဲ့နောက်မှာ ယွင်ယွီက တစ်ခုခုကိုဆွဲလို့ “ကျွန်မ ဖြေရှင်းလိုက်မယ်။ ရှင်တို့စောင့်နေ” လို့အော်ရင်း အခန်းတစ်ခုထဲဝင် တံခါးကို ဆောင့်ပိတ်လိုက်တာမှာ ဗွီဒီယို အဆုံးသတ်သွားတော့တယ်။

42 03

အပြင်မှာ နေကျစ်ကျစ်တောက် ပူနေပေမဲ့ ဒါကိုကြည့်မိတဲ့ ရဲတွေအားလုံး သူတို့ကျောထဲစိမ့်လို့ ချွေးစေးတွေပြန်ပြီး ကြက်သီးထနေကြတယ်။

ရဲတစ်ယောက်က တံထွေးမျိုချပြီးမှ ယောင်ကျင်းလန်ကို “ခင်ဗျားဘာပြောချင်သေးလဲ ပိုက်ဆံကို ကိုယ့်စိတ်နဲ့ကိုယ်လွဲလိုက်တာ အသိသာကြီးပဲ။ အခုကြည့်သွားတဲ့ထဲမှာ......” အဲဒီထဲမှာ သရဲပါနေပေမဲ့ လုံးဝ သိပ္ပံနည်းမကျတော့ သူ့လို ရဲအရာရှိပေါက်စလေးက ဘယ်လိုပြောနိုင်မှာလဲလေ။

ယောင်ကျင်းလန်က ဒေါသတကြီးနဲ့ “သူမကို ကျွန်မပေးခဲ့ပေမဲ့ သူမပုံက မဖြေရှင်းထားပေးတဲ့ပုံပဲကြီးကို အိမ်ပြန်ရောက်မှ အဲဒီသရဲမကြီးနဲ့ ဆက်နေရရင် ဘယ်လိုလုပ်မလဲ”

ယွင်ယွီက “ရတယ်လေ ရှင်စိုးရိမ်နေရင် နောက်တစ်ခါ မျက်လုံးထပ်ဖွင့်ပေးမယ် အိမ်ပြန်ပြီး ရှိသေးလား မရှိလားကြည့်လိုက်ပေါ့။ ပြီးရင်တော့ ပြန်ဖျောက်မရတော့ဘူးနော်။ ရှင့်တစ်သက်လုံး သရဲတစ္တေတွေကို မြင်နိုင်နေတော့မှာ” သူမက ယောင်ကျင်းလန်နှဖူးကို ထိဖို့ကြိုးစားလိုက်တော့ ယောင်ကျင်းလန်က အလန့်တကြားနဲ့ အနောက် ဆုတ်သွားတော့တယ်။

အသက်ငယ်တဲ့ရဲအရာရှိက ဘာဆက်ပြောရမယ်မသိတဲ့အချိန်မှာ အသက်ကြီးတဲ့ ရဲအရာရှိက ရှေ့ထွက်လို့ သူ့ပခုံးကို အသာပုတ်ရင်း “ဒီဗွီဒီယို အထောက်အထားထဲမှာ ပိုက်ဆံက ခင်ဗျားကိုယ်တိုင် လွဲခဲ့တယ်။ စာချုပ်ဘာညာမရှိပေမဲ့ ဒါက အထူးအခြေအနေ ဖြစ်နေတော့ ကျော်လိုက်ရအောင်။ ကိစ္စက တစ်ယောက်ယောက်က ကိစ္စဖြေရှင်းပေးရင် ပိုက်ဆံကို ပြန်ရဖို့ မမျှော်လင့်တော့နဲ့”

အသက်ငယ်တဲ့ ရဲအရာရှိက “အဖွဲ့မှူးယန် ဒါက မရနိုင်ဘူးလေ”

အဖွဲ့မှူးယန်က အဲ့ရဲအရာရှိလေးကို ကြည့်ရင်း “တချို့ဟာတွေက တကယ်ရှိတယ်ကွ” သူက အသက်ကြီးပြီး ထူးဆန်းတာတွေလည်း အများကြီးကြုံဖူးပြီးပြီလေ။

“ရှင်က ဖုန်းရွှေကို မယုံဘူးလား” ယွင်ယွီက ရဲအရာရှိငယ်ရဲ့မျက်နှာကို တစ်ချက် ဖတ်လိုက်တယ်။ သူမက “မဆိုးပါဘူး။ ရှင့်မှာ ဒီညနေအတွက် ကံကောင်းမှုကြီး ရှိတယ်”

ရဲအရာရှိလေး အံ့ဩသွားတယ်။ သူ ထီထိုးထားတာ ဒီညနေ ထီဖွင့်ရင် သူများ ထီပေါက်မှာလား။ သူ လစဉ်ထိုးပေမဲ့ အများဆုံးပေါက်ဖူးတာ ငါးယွမ်လေ။ ဒီညနေရော နောက်ထပ် ငါးယွမ်လား။

ယွင်ယွီက သူ့အတွေးကို သတိထားမိတော့ ရယ်ရင်း “တစ်သိန်းလောက်”

“တကယ်လား” သူက မေးပြီးမှ နောင်တအပြည့်နဲ့ တိုင်နဲ့ခေါင်း ပစ်ဆောင့်ချင်သွားတယ်။

“ဒါပေါ့” ယွင်ယွီကပြုံးလိုက်တယ်။

“အဟမ်း” အဖွဲ့မှူးယန်က ချောင်းဟန့်ရင်း “ရှောင်ဝူ ဆေးစစ်ချက်အဖြေလေး တစ်ချက် သွားယူပေးစမ်းပါကွာ”

ရှောင်ဝူလို့ခေါ်တဲ့ ရဲအရာရှိက ထွက်သွားတော့ ယောင်ကျင်းလန်က ရစ်ပြန်တယ်။ “ရဲအရာရှိကြီးရှင့် ဘာဖြစ်ဖြစ် ကျွန်မ ဂရုမစိုက်ဘူး။ သူ့ကိုသာ ကျွန်မပိုက်ဆံနှစ်သိန်း မြန်မြန်ပြန်ပေးခိုင်းပါ”

အဲ့အချိန်မှာ ဝေ့မင်က “ကျွန်တော်ကတော့ ဆရာသခင့်ကို ကျွန်တော့်အမေကို ကောင်းရာမွန်ရာ ရောက်အောင် လုပ်ပေးတဲ့အတွက် နှစ်သိန်းပေးချင်စိတ် အပြည့်အဝရှိပါတယ်။ လုံးဝပြန်ပေးစရာ မလိုပါဘူး”

ယောင်ကျင်းလန်က သူ့ကို တိုက်ခိုက်ချင်ပေမဲ့ ရဲတွေက တားလိုက်တယ်။

ယောင်ကျင်းလန်မိဘတွေနဲ့ အစ်ကိုက သဘောမတူဘူး။ “ငါတို့ကျင်းလန်ရဲ့ပိုက်ဆံကို မင်းဘာသာမင်း အဲ့လိုပေးပစ်လို့ရမလားကွ ဟမ်”

“ငါ့ညီမကို ပိုက်ဆံ ပြန်မပေးရင် မင်းတို့သက်သာမယ် မထင်နဲ့”

ဝေ့မင်က ဒေါသတကြီးနဲ့ “ဒီပိုက်ဆံတွေက ဘယိလိုလုပ် သူ့ဟာရမှာလဲ။ ငါ နေ့မနားညမအား အလုပ်လုပ်ပြီး ရှာခဲ့ရတဲ့ပိုက်ဆံတွေကွ။ အိမ်အလုပ်တောင် သေချာမလုပ်တဲ့ မိန်းမကများ သူ့ကိုပေးမဲ့အစား ငါ့အမေအတွက် ဆရာသခင်ကို ပေးလိုက်မယ်”

ယောင်မိသားစုက ဝေ့မင်ကို ထိုးကြိတ်ချင်ပေမဲ့ ရဲတွေ တားတာကိုပဲ ခံလိုက်ရတယ်။

မကြာခင်မှာ ရှောင်ဝူက ဆေးစစ်ချက်အဖြေနဲ့တကွ ပြန်ရောက်လာတယ်။ “ဆရာ ဒါက ရိုးရိုး ဗီတာမင်ပဲ”

42 04

ယောင်ကျင်းလန်က ဝံ့ကြွားနေတဲ့လေသံနဲ့ “တွေ့လား ရိုးရိုးဗီတာမင်ပဲကို။ ငါ ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ပါဘူးနော်”

အဖွဲ့မှူးယန်က “သွေးတိုးရှိတဲ့လူက ဆေးကို နေ့တိုင်းပုံမှန်သောက်ရတယ်။ ဒါကို ပုံမှန်မသောက်ဖြစ်အောင် တခြားဆေးနဲ့လဲရင် ဒါလူသတ်မှုပဲ”

“ငါ ငါမလုပ်ဘူး” ယောင်ကျင်းလန်အသံက တုန်နေတယ်။ “ဘာဖြစ်သွားမှန်း လုံးဝမသိခဲ့ဘူး။ ငါ မလုပ်ဘူး”

ရဲတွေ အကြပ်ရိုက်တော့တယ်။ သူမက ဝန်မခံဘဲ ငြင်းချင်နေတယ်။ ခံရသူက သေသွားပြီ စစ်ဆေးလို့ မရတော့ဘူး။ သူမသေချာပေါက် ဆေးတွေလဲခဲ့ရင်တောင် သူတို့ ဘာမှလုပ်မရတော့ဘူး။ ယွင်ယွီက သက်ပြင်းချလို့ လက်ဟန်တစ်ခုလုပ်ပြီး ပါးစပ်က တီးတိုးရေရွတိလိုက်တယ်။

ယောင်ကျင်းလန်က ရုတ်တရက် သွေးဆူလာသလိုခံစားရပြီး သူမယောက္ခမအပေါ် သူမရဲ့ အမုန်းတရားတွေကို ဒေါသတကြီး ဖွင့်ထုတ်တော့တယ်။ “အဲ့စောက်အဖွားကြီးက ငါ့မျက်စိရှေ့မှာ အမြဲရှုပ်နေတာ။ အဲတော့ ငါသူ့ဆေးကို ယူပြောင်းလိုက်တယ်လေ။ ပြီးတော့ သူ့ဟာသူ လှေကားက ပြုတ်ကျသေရောလေ။ ဘယ်လောက် ကောင်းလဲ။ ငါလဲတဲ့ဆေးကလည်း ဘာဆိုးကျိုးမှမှမရှိတာ မဟုတ်ဘူးလား”

သူမအသံက ကျယ်လွန်းတော့ အကုန်သေချာကြားရတယ်လေ။ ယောင်မိသားစုကတောင် အနောက်ဆုတ်သွားတော့တယ်။ အခုယောင်ကျင်းလန်က ဆိုးဝါးလွန်းတယ်။ သူတို့သူမကို ကာကွယ်ချင်ရင်တောင် ဘာမှလုပ်မရတော့ဘူး။

အခုတော့ ယောင်ကျင်းလန်က သူမဆေးလဲခဲ့မှန်း ကိုယ်တိုင်ဝန်ခံသွားပြီဆိုတော့ ရဲတွေက သူမကို ချုပ်ထားတော့တယ်။

ယွင်ယွီတို့ ရဲစခန်းက ထွက်လာတော့ ဝေ့မင်က ယွီယွီ့နောက်ကနေ တိတ်တဆိတ် လိုက်လာတယ်။ ယွင်ယွီက သူ့ကိုကြည့်လိုက်ပြီး “ရှင့်ကို ရှင့်အမေက အပြစ်မတင်ပါဘူး။ ဘဝကို ပိုကောင်းကောင်း ဖြတ်သန်းဖိူ့ပဲ ကြိုးစားပါ”

ဝေ့မင်က “ဆရာသခင် ကျွန်တော့်အမေက....”

“ဘာမှမလုပ်ခဲ့ပါဘူး။ ပြန်လည်ဝင်စားခြင်းလမ်းကိုပဲ ပို့ပေးခဲ့တာ”

သူမက ဝေ့မင်ကို တစ်သိန်း ပြန်လွဲပေးရင်း “ဒါကတော့ ကျွန်မ ပြန်လှူတာပါ ရှင့်အမေအတွက် လူသေပိုက်ဆံလေးဘာလေး မီးရှို့ပေး။ ပြီးရင် ရှင့်ကလေးတွေက မနက်ဖြန် ပြန်လာမယ်ထင်တယ်။ သူတို့ကို သေချာရှင်းပြပေါ့။ ပြီးတော့ ဒီငွေတွေက သူတို့ပညာရေးအတွက်လည်းပါတယ်”

******

All Chapters