အခန်း ၄၃
Vol. 5 Ch. 43
43 01
အပိုင်း (၄၃)
သူမက ချင်ယွိစွေကို ဖုန်းဆက်လို့ သူရှိနေတယ်ဆိုတဲ့ KFC ဆိုင်ကို သွားလိုက်တော့ ကိုယ်တော်က ကားထဲမှာ တမှေးအိပ်နေတယ်။ ယွင်ယွီက သူ့ကိုနိုးရင်း “မေ့ကျင်းရော”
ချင်ယွိစွေက သူ့မျက်လုံးတွေကိုဖွင့်လို့ “အထဲမှာ စားနေတယ်”
“ဒါဆို ကျွန်မသွားခေါ်လိုက်ဦးမယ်”
KFC ထဲမှာတော့ မေ့ကျင်းက မှာထားတဲ့ အာလူးချောင်းကြော်တွေကို ကိုက်ရင်း နားကြပ်တပ်လို့ တစ်ဖက်နဲ့ တိုက်ရိုက်စကားပြောပြီး ဂိမ်းကို သည်းကြီးမည်းကြီး ဆော့နေတယ်။ ယွင်ယွီရောက်သွားတော့ သူမက မိုက်ကိုပိတ်လို့ အမြန်ပြောလိုက်တယ်။ “အစ်မ ခဏလေးစောင့်ဦး ညီမပြီးတော့မယ်” သူမကားထဲ ပြန်မသွားနိုင်ဘူးလေ။ သူမခဲအိုက ဘာစကားမှ မပြောတာကြီးက သူမကို ဖိအားပေးနေသလိုပဲ။
ယွင်ယွီက သူမကိုထိုင်စောင့်ရင်း ကျန်တဲ့ အကြော်တွေကို ကုန်အောင် စားလိုက်တယ်။ ပြီးသွားတော့ မေ့ကျင်းက သူမကို “ဖြေရှင်းပြီးသွားပြီလား အစ်မ”
“ပြီးပြီ ဒါပြီးရင် ယွမ်ပေါင်အိမ်ကို ဝယ်ပြီး အဖွားဖန်အတွက် မီးရှို့ကြမယ်လေ”
မေ့ကျင်းက သိချင်နေတဲ့လေသံနဲ့ “အစ်မ အဲ့လိုဆိုရင် တကယ်ကြီး ချွေးမက ယောက္ခမကို သေအောင်လို့ ဆေးတွေ လဲပစ်တာပေါ့”
“အဲ့လို သဘောမဟုတ်ဘူး” ယွင်ယွီက ခေါင်းခါလိုက်တယ်။ “ချွေးမနဲ့ ယောက္ခမကြား ပြဿနာတက်တာက ဟိုးရှေးကတည်းက ကိစ္စလေ။ အမြဲတမ်း အဆိပ်သင့်နေတဲ့ ဆက်ဆံရေးပဲ”
ပြောရရင် သာမန်ပြဿနာတွေက ယောက္ခမက ချွေးမနေပုံထိုင်ပုံ သဘောမကျလို့ ပြောရာကနေစပြီး အဆိုးအနေနဲ့ အိမ်ထောင်ကွဲတာမျိုး ဖြစ်တတ်တယ်။ သာမန်မဟုတ်တာဆိုရင်တော့ အခုယောင်ကျင်းလန်တို့လိုပေါ့။ ချွေးမကချည်း ဆိုးတာလားဆိုလည်း မဟုတ်သေးဘူး။ သူမ ဖတ်ဖူးတဲ့ သတင်းထဲမှာဆို ယောက္ခမက ချွေးမကို လည်ပင်းပြတ်တဲ့အထိ ဓားနဲ့ခုတ်ပစ်တယ်တဲ့။ ကြောက်စရာပဲ အဲ့ကိစ္စနဲ့ယှဉ်တော့ ယောင်ကျင်းလန်တို့ကိစ္စကတောင် လူသားဆန်သေးတယ်။ နောက်များမှာ လက်တွဲဖော်ရှာရင် သေချာဂရုတစိုက် ကြည့်သင့်တယ်မလား။
အခုကိစ္စတွေက မေ့ကျင်းကို လန့်စေပြီး သူမက ပြောလိုက်တယ်။ “ကြီးလာလို့ ယောက်ျားယူရင် အစ်မကြည့်ကူပေးပါလား။ သူတို့စိတ်နေစိတ်ထားတွေက မကောင်းရင် ညီမဒုက္ခရောက်မှာ”
ယွင်ယွီက သူမကိုကြည့်ရင်း “နင်လေး စာမေးပွဲရလဒ်ကို စိတ်ပူနေတာမလား”
“အစ်မ” ယွင်မေကျင်းက နည်းနည်း တောင့်တင်းသွားတယ်။ “ဘာပြောတာလဲဟင်”
“နင် စဉ်းစားနေတာပဲလေ” ယွင်ယွီက လေသံခပ်အေးအေးနဲ့ “ဦးလေးက ဒီနွေရာသီမှာ နင်စာလုပ်တာကို စောင့်ပေးလိမ့်မယ်”
မေ့ကျင်းက ငိုမဲ့မဲ့တောင် ဖြင်သွားတယ်။ “သွားပါပြီ”
ယွင်ယွီက သက်ပြင်းချရင်း “ဂိမ်းလျော့ဆော့စမ်းပါ နောက်နှစ်ဆို အထက်တန်းမလား”
ယွင်ယွီက ကျောင်းစာက ဘဝတစ်ခုလုံးကို အဆုံးအဖြတ်ပေးတယ်လို့ မယူဆပေမဲ့။ ဂိမ်းကစားနေလို့ ကျောင်စာနောက်ကျတာကိုတော့ သူမ ခွင့်မလွှတ်ဘူးလေ။ ပြောရရင် အလုပ်လုပ်တာ အနားယူတာ အပျော်ရှာတာတွေကို လုပ်သင့်တဲ့အချိန်လုပ်တာမျိုးက ဘဝအတွက် အရေးကြီးတာတစ်ခု ရတယ်ဆိုပေမဲ့။ မိဘတွေက သူတို့သားသမီး ပညာတတ်ဖြစ်တာ မြင်ချင်ကြတယ်လေ။
အခု မေ့ကျင်းက ပြန်ပုန်ကန်ချင်တဲ့အရွယ်လေးဆိုတော့ နည်းနည်း ဂျစ်ကန်ကန် နိုင်တာပေါ့။
ယွင်ယွီက သူမ စိတ်မပျော်တာသိတော့ ဘာမှမပြောဘူး။ သူမက “ကဲ လုပ်စရာနည်းနည်းကျန်တာ လုပ်ပြီးရင် အိမ်ပြန်ရအောင်။ အဖွား ဘာချက်ကျွေးမလဲ မသိဘူး။
အစားအသောက်အကြောင်းတွေးမှ ပြန်ရွှင်လာတဲ့ မေ့ကျင်းကိုခေါ်ပြီး ယွင်ယွီက KFC ကထွက်လို့ ချင်ယွိစွေကို ဈေးဆိုင်ကို မောင်းခိုင်းပြီး ဖယောင်းတိုင် စားစရာတချို့ လူသေပိုက်ဆံနဲ့ အိမ်တွေကို ဝယ်လိုက်တယ်။ အဲ့နောက်မှာ နေရာတစ်ခုရှာပြီး ဖန်ကွေ့ယင်းနာမည်နဲ့ ဇာတာကိုရွတ်လို့ အကုန်လုံး မီးရှို့လိုက်တယ်။ အကုန်ပြာကျသွားတော့ ယွင်ယွီက အမှိုက်တွေကို သန့်ရှင်းရေးလုပ်ပြီး အမှိုက်ပုံးထဲ ပစ်လိုက်တယ်။ တည်ခင်းထားတဲ့ စားစရာတွေကိုမေ့ကျင်းက ကောက်ကိုင်ပြီး
“အစ်မ ဒါက ဖြုန်းတီးရာမကျဘူးလား”
ယွင်ယွီက သူမ ကိုင်ထားတာတွေ့တော့ “အဲ့ဟာတွေက အစ်မတို့ တမလွန်လောကသားတွေအတွက် ပေးလှူလိုက်ပြီလေ။ စားလို့လဲမရဘူး လေလွှင့်တိရိစ္ဆာန်တွေကိုလည်း ကျွေးလို့မရဘူး”
အဲ့လိုလှူလိုက်ရင် စားစရာက အရသာကင်းပြီး ဖယောင်းကို ဝါးရသလို ဖြစ်နေလိမ့်မယ်လေ။ ဘယ်သူမှ စားမရသလို အာဟာရမရတဲ့အပြင် ဥပါဒ်တောင် ဖြစ်နိုင်သေး။
ကိစ္စရှင်းပြီးတော့ သူမတို့က ချင်းဟယ်ရွာကို ပြန်လာကြတယ်။ တစ်နေကုန် ရှုပ်နေတော့ သူမတို့ ပြန်ရောက်တဲ့အချိန်က ည၇နာရီထိုးနေပြီလေ။ ညစာတောင် စားတော့မယ်။ ဖုန်းရှုကျန်းက
“အိုက်ယား နင်တို့တစ်နေကုန် ဘယ်သွားနေတာလဲ။ မြန်မြန်လာစားတော့”
43 02
ညစာက ကြက်သားနှပ်၊ ငါးနဲ့ ဝက်သားကင်လေ။ အဲဒါအပြင် ပုစွန်နဲ့ ငါးရှဉ့်တွေကို ကြော်ထားသေးတာ။ မေ့ကျင်းက အဲ့ဟင်းနဲ့တင် ထမင်း နှစ်ပန်းကန် ဝင်သွားတယ်လေ။
ညစာစားပြီးရငိ ရွာထဲမှာ တခြားပျော်စရာမရှိတော့ အကုန်လုံးက ရုပ်ရှင်ကြည့်ကြတော့တယ်။ မေ့ကျင်းက နှင်းဆီစင်အောက်ပုန်းပြီး ဂိမ်းဆော့နေတယ်။ ယွင်ယွီက သူမကို လာအဖော်လုပ်တော့ ယွင်ယွီကိုပါ 5v5 ဂိမ်းကိုကစားဖိူ့ ခေါ်တော့တယ်။ ယွင်ယွီက ပထမဆုံးအနေနဲ့ ဂိမ်းဆော့တော့တယ်။ ဒေါင်းလုတ်ဆွဲပြီး ဂိမ်းထဲဝင်တော့ မေ့ကျင်းက “အစ်မ အရင်ကဆော့ဖူးလား”
ယွင်ယွီက “အခုက ပထမဆုံးပဲ”
မေ့ကျင်းက အဲ့အချိန်ကစပြီး ဟီးရိုးအမျိုးအစားတွေ ဆော့ရတဲ့ပုံတွေ ဂိမ်းစည်းကမ်းတွေနဲ့ ဟီးရိုးစကေးတွေကို စရှင်းပြတော့တယ်။ အစမ်းဆော့တာ ပြီးသွားတော့ မေ့ကျင်းနဲ့ တစ်သင်းထဲအဖြစ် ဖိတ်ခေါ်ခံလိုက်ရတယ်။ မေ့ကျင်းက “အစ်မ Mage မဟုတ်ရင် Marksman ကိုင် ညီမက Roamer ကို Tank ကိုင်ပြီး အစ်မကို ကာပေးမယ်”
ယွင်ယွီက ဟီးရိုးမိတ်ဆက်ကို ခဏကြည့်ပြီး Mage-assassin ဟီးရိုးကို ရွေးလိုက်တယ်။ မေ့ကျင်းက
“အစ်မ ဒီဟီးရိုးက ကိုင်ရတာ နည်းနည်းခက်တယ် စဆော့တဲ့လူအနေနဲ့ကျ...”
“ဝယ်သာဝယ်ပါဟယ်”
မေ့ကျင်းက ဝယ်ပေးလိုက်ပြီး ယွီယွီ့ကိုဖိတ်ခေါ်လို့ ဂိမ်းထဲ ဝင်သွားတော့တယ်။ ပထမဆုံးပွဲမှာ ယွီယွီ့အခြေအနေက မဆိုးဘူးပြောရမယ်။ ငါးခါသတ် ငါးခါသေဆိုတော့ ပထမဆုံးစဆော့တဲ့လူအနေနဲ့ တအားမဆိုးဘူးပေါ့လေ။ ဒါပေမဲ့ ရှုံးတာပါပဲ။
သူမတို့က လက်မလျော့ဘဲ နောက်တစ်ပွဲစဆော့လိုက်ကြတယ်။ ဒီတစ်ခါမှာတော့ ယွင်ယွီက တကယ်ကြမ်းတမ်းပြီး တစ်ခါမှမသေပဲနဲ့ ခေါင်းတစ်ဒါဇင်လောက် ရသွားတယ်လေ။ နိုင်သွားပြီးတဲ့နောက် သူမက
“အစ်မ ဘယ်လို လုပ်လိုက်တာလဲ”
“လွယ်ပါတယ်။ ရှေ့ကို ကြိုတွက်ရတာက တအားမခက်ဘူးလေ”
ဂိမ်းက တအားမခက်တဲ့အပြင် သူမလက်တွေက မြန်တယ်လေ။ ရှေ့ဖြစ်ဟောနေကျ ဖုန်းရွှေဆရာသခင်လည်း ဖြစ်နေတော့ ဘာဖြစ်မယ်ဆိုတာ သူမက ရှေ့ဖြစ်တွက်စရာတောင် မလိုဘဲ သိတယ်လေ။
“အစ်မ နောက်နှစ်ပွဲလောက်”
သူမတို့ နောက်နှစ်ပွဲကစားပြီး နားလိုက်ကြတော့တယ်။
ဟယ်ရှန်းကျန်းရဲစခန်းက ဘာကိစ္စကြီးမှရှိမနေဘူး။ အလွန်ဆုံးမှ နေ့လယ်က ဝေ့အိမ်ရဲ့ ချွေးမက ယောက္ခမကို သတ်တဲ့အမှုပဲရှိတာ။ အခုကတော့ နေ့လယ်က ယွင်ယွီ ရှေ့ဖြစ်ဟောပေးလိုက်တဲ့ ဝူရှောင်ရွှီဆိုတဲ့ ရဲလေးက ည၉နာရီခွဲမှာ အိမ်ပြန်ရောက်လာတယ်။ သူက ထီထိုးထားတာ သတိရသွားပြီး ထီတိုက်ဖို့ ဖုန်းကို ထုတ်လိုက်တယ်။ နေ့လယ်က ကလေးမက တကယ်ကြီးမှန်တာဟ။ ယွမ်တစ်သိန်းဝန်းကျင်လို့ပြောတာ ထီဒိုင်ပြန်ပေးရတာတွေ ဖယ်ရင်တောင် သူ ကိုးသောင်းကျန်သေးတယ်။ သူ မယုံချင်ရငိတောင် ဖုန်းရွှေကို ယုံရတော့မယ်လေ။ နောက်များ အဲ့ဆရာသခင်မလေး အကူအညီလိုရင် သေချာပေါက် ကူညီဖိူ့ ကြံထားလိုက်တယ်။
ယွင်မိသားစုက ည၉နာရီမှာ အိပ်ယာဝင်ကြတယ်လေ။ အခန်းအပိုနှစ်ခန်းမှာ တစ်ခန်းက ချင်ယွိစွေအိပ်ပြီး နောက်တစ်ခန်းက ယွင်မောက်ကျုံးနဲ့ ထန်မန်နီတို့ အိပ်ကြတယ်လေ။
မေ့ကျင်းက ပုံမှန်အိပ်ချိန်ဆိုတာ ရှိတာမဟုတ်ဘူး။ တချို့ညတွေဆို သူမက ညသန်းခေါင်မှအိပ်တာ။ ဒါပေမဲ့ ဒီညတော့ သူမအစ်မကို အနှောက်အယှက်ပေးမိမှာ စိုးရိမ်ပြီး ဖုန်းပိတ်လို့ ငြိမ်ငြိမ်လေးလဲနေရင်း အိပ်ပျော်သွားတော့တယ်။ အိပ်မက်တောင် မမက်ဘူး။
မနက်ကျတော့ သူမက ၇နာရီလောက်မှာ နိုးလာပြီး အိပ်ယာဘေးမှာ ထိုင်လိုက်တယ်။ ညက သူမအိပ်လို့ တကယ်ကောင်းတာလေ။ အခုတော့ အပြင်ကနေ ငှက်တွေ ကျီကျီကျာကျာ အော်နေတဲ့အသံတွေတောင် ကြားနေရပြီ။
သူမထသွားတော့ သူမအမေ ထန်မန်နီက မြို့ကိုတောင် ပြန်သွားပြီလေ။ မနက်စာက ယွင်မောက်ကျုံးရဲ့ လက်လုပ်ခေါက်ဆွဲ။ မနက်စာစားပြီးတော့ သူတို့က ပြန်ဖို့ ပြင်ကြတော့တယ်။ ကားနောက်ခန်းက ဂျုံမှုန့်အိတ်နှစ်အိတ်၊ မက်မွန်သီးတစ်ခြင်း ဖရဲသီးတချို့နဲ့ ပြည့်ကြပ်သွားတော့တယ်။ မေ့ကျင်းက “အစ်မ အစ်ကိုရှောင်ရှန်း နောက်အပတ်ကျရင် ထပ်လာခဲ့မယ်နော်”
သူမ ဒီလိုအေးချမ်းတဲ့နေရာကို သဘောကျသွားပြီလေ။ ယွင်ယွီက
“နောက်အပတ်ကစပြီး နွေရာသီအားလပ်ရက်မလား။ နင့်အစ်ကိုနဲ့တူတူ စာလုပ်ကြလေ”
“ဟုတ် ဟုတ်”
မေ့ကျင်းက ပျော်သွားတယ်။ သူမဝမ်းကွဲအစ်ကိုကူရင် သူမရဲ့ကုစားက ပိုလွယ်မယ်လို့ထင်တယ်လေ။
******