အခန်း ၄၄
Vol. 5 Ch. 44
44 01
အပိုင်း (၄၄)
ယွင်မောက်ကျုံးတို့မိသားစု ထွက်သွားပြီးတဲ့နောက်မှာ ယွင်ယွီတို့ မောင်နှမရယ် ချင်ယွိစွေရယ်ပဲ ကျန်ခဲ့တော့တယ်။ ယွင်ယွီက အသီးခြံကို သွားလိုက်ပေမဲ့ ချင်ယွိစွေက သူမ အလေးမမှာ စိုးရိမ်ပြီး အပြေးလိုက်လို့ မက်မွန်သီးနှစ်ခြင်းမပြီး သူမနဲ့အတူ ပြန်လာတော့တယ်။ အပြန်လမ်းမှာ ယွင်ယွီက အသံတစ်ခုကြားလို့ မြက်အုံထဲကို ရှာကြည့်တော့ စာကလေးပေါက် ဖြစ်နေတယ်။ ပေါက်ခါစစာကလေးတွေက အသက်ရှင်ဖို့ ခက်တော့ သူမအသိုက်ကို ရှာကြည့်ပေမဲ့ မတွေ့ဘူးလေ။ အဲတော့ သူမတွေးမိတာ ခွေးနက်တစ်ကောင်တောင်ကယ်ပြီးပြီပဲ။ ဘာလို့ စာကလေးပါ မကယ်ရမှာလဲလေ။ အိမ်ပြန်ရောက်တော့ အဝတ်ဟောင်းတွေနဲ့ အသိုက်လုပ်ပေးလိုက်တယ်။ သူမမှာ ဝိဉာဉ်စမ်းရေ ရှိနေတာ။ ဒီစာကလေး အသက်မရှင်ရင် သူမ အသုံးမကျရာ ကျတာပေါ့။
သူမ ကယ်ထားတဲ့ ခွေးနက်က အနားမှာ အမြီးရမ်းရင်း ပတ်ပြေးနေတယ်။ သူ့ဒဏ်ရာတွေက လုံးဝကောင်းသွားပြီလေ။ ယွင်ယွီက သူ့ကို ဝိဉာဉ်စမ်းရေ နေ့တိုင်းတိုက်တာကိုး။ ယွင်ယွီက သူ့ခေါင်းကို ထိရင်း”ဒီငှက်က ငါ မွေးထားတာနော်။ နင် စားရဲစားကြည့် ငါနဲ့တွေ့မယ်”
ဟေးတက ငှက်ကို အနံ့ခံလိုက်ပြီး အဲ့ဘေးမှာ လဲနေတော့တယ်။ ယွင်ယွီက စာကလေးကို လုပ်ပေးလို့ ပြီးတဲ့အချိန်မှာ ဟေးတက ခြံတံခါးဝကို ဟောင်တော့တယ်။ အပြင်က လူသံကလည်း တပြိုင်ထဲ ထွက်လာတယ်။ “အိမ်ရှင်တို့.....”
“ဘယ်သူများလဲ” ယွင်ယွီက တံခါးဖွင့်လိုက်တော့ ဟိုနေ့က တစ်ဖက်လှည့်နဲ့ ယွီယွီ့ဆီကနေ မက်မွန်သီး ဈေးဆစ်ဝယ်ဖို့ ကြံတဲ့လူ ရှီဖုန်း။
“သူဌေးရှီပဲ” ယွင်ယွီကမေးလိုက်တယ်။ “ဘာလိုအပ်လို့လဲရှင့်”
ရှီဖုန်းက ပြုံးရင်း “မင်းတို့ မက်မွန်သီးတွေနဲ့ ဖရဲသီးတွေ ဈေးလာမေးတာ” သူက အဖွားယွင်ကို သွားမေးတော့ အသီးတွေက သူမမြေးမ စီမံတာလို့ ပြောလွှတ်လိုက်တယ်လေ။ အသီးတွေအရည်အသွေးကို သိနေတော့ သူ လက်လွှတ်ခံစရာလားလေနော်။
ယွင်ယွီက “သူဌေးရှီ ကျွန်မတို့အသီးတွေက အရေးတကြီး ရောင်းဖို့ မလိုဘူးနော်။ အဲတော့ နှစ်ယွမ်နဲ့ဈေးဖြတ်ဖို့ မတွေးပါနဲ့တော့”
ရှီဖုန်းက ချွေးစေးတွေ ပြန်လာပြီး “တောင်းပန်ပါတယ် ကလေးမရယ်။ အရင်တစ်ခါက ဈေးမဖြတ်ခဲ့သင့်ပါဘူး။ ဒီတစ်ခါတော့ ဈေးကို ဆွေးနွေးရအောင်ပါကွယ်”
“သူဌေးရှီက အသီးကို ယူလို့ရပါတယ်” ယွင်ယွီက ပြောလိုက်တယ်။ “မက်မွန်သီး တစ်ပေါင်ကို ဆယ့်ငါးယွမ်၊ ဖရဲသီးက တစ်ပေါင်ကို လေးယွမ် အရည်အတွက်အနေနဲ့ တစ်နေ့ကို မက်မွန်သီးပေါင်လေးရာ ပေးနိုင်တယ်။ ဖရဲသီးကတော့ မှည့်တာ ရွေးယူလို့ရပါတယ်။ ပိုက်ဆံက နေ့ချင်း ရှင်းပေးရမယ်။ သုံးဧကလောက်ရှိတဲ့ အသီးခြံနဲ့ဆို ရှင် နှစ်လလောက် ရောင်းလို့ရပါတယ်”
ဖရဲသီးတွေကို သယ်ပို့ဖို့ အိမ်မှာ ကုန်တင်ကား မရှိဘူးလေ။ သူက ယူချင်တယ်ဆိုလည်း တစ်ပေါင်ကို လေးယွမ်နဲ့ ယူပါစေ။
ရှီဖုန်းက နည်းနည်း တွေးလိုက်ရတယ်။ ဈေးက နည်းနည်းများပေမဲ့ အရသာက ထိပ်တန်းပဲ။ သူက အတော်ကြာအောင် တွေးပြီးတော့ “ဒါဆို အသီးခူးဖို့ လူခေါ်လိုက်တော့မယ်”
အခုအချိန်တွေမှာ အသီးစိုက်တဲ့လူတွေက ပိုက်ဆံသိပ်မရကြဘူးလေ။ သူတို့ဆီက ရောင်းဈေးက တအားနည်းပြီး ဈေးတွေက ထုတ်ပိုးခ ပို့ဆောင်ခနဲ့ တဖြည်းဖြည်း မြင့်လာတယ်လေ။ ဒီနေ့တော့ မက်မွန်သီးတွေကို ခူးပြီးတော့ သူမရှေ့မှာ အလေးချိန် ချိန်ဖို့ပြင်တယ်။ ယွင်ယွီက “ရပါတယ် ရှင်မဟုတ်တာ လုပ်မလုပ်ကို ရှင့်မျက်နှာမှာပေါ် ပါလိမ့်မယ်” သူ မဟုတ်တာလုပ်ရင် အပြစ်ရှိစိတ်က သူ့မျက်နှာမှာ ပေါ်လိမ့်မယ်လေ။
ရှီဖုန်းက သူမအကြောင်း မသိဘူး။ ဒီနေ့ငွေရှင်းတာက ယွမ်ကိုးထောင်ရတယ်လေ။ လူတွေရဲ့ ဝယ်လိုအားနဲ့ဆို သူမတို့ခြံက တစ်လလောက် ရောင်းလို့ရမယ်။ ကျန်တာတွေက မမှည့်သေးတဲ့အသီးတွေနဲ့ ဘန်းမုန့်တွေကို မှီခိုရတော့မှာလေ။
နေ့လယ်မှာ အဖွားယွင် ပြန်လာတော့ ယွင်ယွီက အသီးခြံအကြောင်းကို သူမမိသားစုကို ပြန်ပြောလိုက်တယ်လေ။ သူမက နောက်ရက်မှာ မြို့တော်ကိုသွားမှာလေ ဘွဲ့ကို ယူရမယ်မလား။
သူမက ယွင်ဝေးဝေးနဲ့ ထန်ဟုန်းလျန်နဲ့ ပြဿနာရှိသေးတယ်လေ။ ချန်းရွှေကိုလည်း သွားရမယ်မလား။ နောက်နေ့မှာတော့ ယွင်ယွီနဲ့ ချင်ယွိစွေက မနက်စာစားပြီး မြို့က အမြန်ရထားဘူတာကိုသွားလို့ မြို့တော်ကို သွားမဲ့ရထားကို စောင့်ဖို့ ပြင်တယ်။ အဲ့မသွားခင်မှာ ယွင်ရှန်းကို ကျောင်းလိုက်ပို့ခဲ့သေးတယ်လေ။ မုန့်ဖိုး ယွမ်တစ်ရာတောင် လိုက်သေး။ ယွင်ယွီက သူ့မောင် သုံးစရာပြတ်မှာ စိုးရိမ်တယ်လေ။
44 02
ယွင်ရှန်းကို ကျောင်းပို့ပြီး ယွင်ယွီက ကျောင်းထဲဝင်သွားတဲ့ သူ့မောင်ကို လက်ပြနေတုန်းမှာ ဖီထျန်းလေ့က ကျောပိုးအိတ်တွဲလောင်းနဲ့ ရောက်လာတယ်လေ။ သူက ယွင်ယွီကို မြင်သွားပြီး တွန့်တွန့်ဆုတ်ဆုတ်နဲ့ လာနှုတ်ဆက်ကြတယ်လေ။
ဟိုနေ့က အဆောင်ပြာပါတဲ့ရေကို သောက်ပြီးပေမဲ့ သူက ကြောက်နေသေးတယ်လေ။ ဘာလို့ဆို အိမ်ပြန်ရောက်ရင် အဖွားဖန်နဲ့ကြုံမှာကိုး။ ဒါပေမဲ့ သူက မကြုံခဲ့တဲ့အပြင် ယောင်ကျင်းလန်က ဆရာသခင်ကို ပင့်ပြီး အဖွားဖန်တစ္ဆေကို နှင်ပေမဲ့ တစ္ဆေဖော်လို့ သူမက သွေးတိုးဆေးတွေကို လဲထားတာ ပေါ်သွားတယ်လေ။ တိုက်ခန်းတစ်ခုလုံးက ရှုပ်ထွေးနေတာပဲ။ လူတွေ ပြောကြတာက ဆရာသခင်က ယွင်ရှန်းအစ်မလို့ ပြောကြတယ်လေ။
ယွင်ယွီက နှုတ်ဆက်လာတဲ့ ဖီထျန်းလေ့ကို ခေါင်းညိတ်ပြပြီး ကားထဲဝင်သွားတော့တယ်။ အမြန်ရထားဘူတာကိုရောက်တော့ ယွင်ယွီက “အနားမှာ ကားပါကင်ရော ရှိရဲ့လား”
“မပူပါနဲ့။ ကားပါကင်တွေ ရှိပါတယ်”
ချင်ယွိစွေက သူမကို နှစ်သိမ့်လိုက်တယ်။ ကားရပ်ပြီးတော့ သူက သေးပေမဲ့ လေးတဲ့ ခရီးဆောင်အိတ် နှစ်လုံးကို သယ်လိုက်ပြီး “သွားရအောင်”
သူက တခြားလူတွေကို ခရီးဆောင်အိတ်ကို ဆွဲမသွားဘဲ ဒီတိုင်းမသွားတယ်။ သူ လမ်းလျောက်တဲ့အခါ ခါးကမတ်နေပြီး မိန်းကလေးတွေက သူ့ဆီကနေ အကြည့် မလွဲနိုင်ကြတော့ဘူးလေ။ တချို့ဆို သူ့ကို ဓာတ်ပုံတောင် ခိုးရိုက်ကြသေး။
အမြန်ရထားပေါ် ရောက်ပြီးတော့ သူတို့က ခုံနေရာကို တွေ့သွားကြတယ်။ ယွင်ယွီက ပြတင်းပေါက်ဘေးခုံမှာ နေရာယူလိုက်ရင်း “ကျွန်မ ခဏအိပ်ဦးမယ်”
“အိပ်ပါ”
ယွင်ယွီက ဝိဉာဉ်ချီကို လှည့်ပတ်နေရင်း မှိန်းနေတော့တယ်။ တာ့ကျိုးထျန်းဆိုတာက သူမ အရင်ဘဝကသုံးခဲ့တဲ့ ကျင့်ကြံခြင်းနည်းစနစ်လေ။ ပြောရရင် သွေးကြောဆုံမှတ်တွေထဲကို ဝိဉာဉ်ချီ ဖြတ်စီးစေတာမျိူးပေါ့။
သူမ အိပ်တဝက်နိုးတဝက် အခြေအနေမှာ စကပ်တိုလေးနဲ့ ကောင်မလေးတစ်ယောက်က ချင်ယွိစွေကို စကားပြောနေတာ တွေ့လိုက်ရတယ်။ ချင်ယွိစွေကတော့ ခံစားချက်မရှိတဲ့ မျက်နှာနဲ့ပဲလေ။
ကောင်မလေးက “လူချောလေး ရှင်ရော မြို့တော်ကို သွားမလို့လား ဖုန်းနံပါတ်ချင်း လဲရအောင်”
“စိတ်မကောင်းပါဘူး” ချင်ယွိစွေက ငြင်းတယ်။ “မရဘူး”
ကောင်မလေးက တုန့်ဆိုင်းသွားတော့တယ်။ သူမကို ဘယ်သူကမှ မငြင်းလောက်ဘူးလို့ ထင်ထားခဲ့တာလေ။ သူမက “လူချောလေး ကရုဏာတရားလေး ဘာလေးထားစမ်းပါ။ ဆက်သွယ်ဖိူ့ ဖုန်းနံပါတ်ပဲ တောင်းတာ။ ဟိုရောက်ရင် ခေါ်လိုက်မယ်”
“ငါ့မှာ ဇနီးရှိတယ်”
ကောင်မလေးက နှာမှုတ်ပြီး ယွင်ယွီက သူမကို စိုက်ကြည့်နေမှန်းသိတော့ မျက်လုံးလှိမ့်ပြီး ထွက်သွားတော့တယ်။
“နှိုးမိသွားလား” ချင်ယွိစွေက မေးလိုက်တယ်။ သူ့လေသံက နည်းနည်း နူးညံ့လာတယ်လေ။ “ဟင့်အင်း” ယွင်ယွီက ကိုယ်ကို မတ်ထိုင်လိုက်ပြီး ပြတင်းပေါက်ကို ကြည့်လိုက်တယ်။ “ရောက်တော့မယ်”
အချိန်က ဆယ့်နှစ်နာရီဆိုတော့ နှစ်နာရီမှရောက်မဲ့ သူတို့အတွက် အချိန်နှစ်နာရီလောက်တော့ လိုသေးတယ်လေ။
“ဗိုက်ဆာလား” ယွင်ယွီက မေးလိုက်တယ်။ မနက်က ဘန်းမုန့်နှစ်ခုထဲ စားခဲ့တော့ သူမနည်းနည်းဆာပြီလေ။ မက်မွန်သီးတွေ ဖရဲသီးတွေပါပေမဲ့ ထုတ်ရလည်း ခက်သလို ဖန်ရှန်းရှန်းနဲ့ စုန့်ကျင်းကျင်းအတွက် သူမသယ်လာတာဆိုတော့ နေ့လယ်စာဘူးနှစ်ဘူးပဲမှာ လိုက်တော့တယ်။
အမြန်ရထားပေါ်က နေ့လယ်စာဘူးဆိုတာက သာမန်ရထားပေါ်က နေ့လယ်စာဘူးနဲ့ ဘာမှမထူးဘူး။ အရသာဆိုးတော့ သူမ စားမကုန်ဘူး။ ချင်ယွိစွေက ချေးများ မနေဘူး။ ကုန်အောင်စားပြီး သူနဲ့ ယွီယွီ့နေ့လယ်စာဘူးတွေကို သွားပစ်လိုက်တယ်။ သူ့နောက်ကို ခုဏက ကောင်မလေး လိုက်သွားတာမြင်တော့ ယွင်ယွီနှာမှုတ်မိတော့တယ်။
ချင်ယွိစွေက အမှိုက်ပစ်ပြီး ပြန်အလှည့်မှာ သူ့နောက်ကို လိုက်နေတဲ့တစ်ယောက်ကို တွေ့သွားတော့တယ်။ သူမက “လူချောလေး ကျွန်မ....”
သူမက လက်မလျော့ဘူးလေ။ ပြီးတော့ ဒီလူက ခြေတံရှည်ရှည် ပခုံးကျယ်ကျယ်နဲ့ ပြီးတော့ မျက်နှာက တအားမရင့်တော့ အခုမှ ကောလိပ်ကျောင်းသားအရွယ်ပေါ့။ ဘယ်လိုလုပ် ဇနီးရှိမှာလဲ။ ပြီးတော့ ခုဏကကောင်မလေးက နုနုနယ်နယ်လေး။ ဒီလူရဲ့ ညီမတို့ဘာတို့ဖြစ်မှာ အလကား သူမကို မကြွေချင်ဟန်ဆောင်ဖို့ အကြောင်းပြချက် သုံးတာနေမှာ။ အဲတော့ သူမကပဲ ဒီလူဖက်ကို တိုးလာရမယ်လေ။ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲပေါ့။
44 03
သူမမထင်ထားတာက အဲ့လူက အဲ့လိုကပ်နေတဲ့နေရာမျိုမှာ ရုတ်တရက် လှည့်လာပြီး သူမကို တိုက်ချသွားမယ်လို့လေ။ သူမက သံရေဇလားနဲ့ ခေါင်းနဲ့တိုက်ပြီး အသံထွက်လာတော့ ရထားတစ်ခုလုံးက လူတွေက ဝိုင်းကြည့်လာပြီး အနောက်တန်းက ရယ်သံထွက်လာတော့တယ်။
ချင်ယွိစွေက ယွီယွီ့ကိုပဲ “ရေသောက်ချင်လား” ယွင်ယွီက ခေါင်းရမ်းရင်း “တော်ပါပြီ ရှင် ခဏနားချင်လား”
“ဒါပေါ့” ချင်ယွိစွေက မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားကြတော့တယ်။
ခုဏက မိနိးကလေးက ဖုန်းချူးယောင်လို့ ခေါ်တယ်လေ။ သူမက နီရဲသွားတဲ့နှဖူးကိုပွတိရင်း သူမနေရာဆီ ပြန်ရောက်သွားတော့ နားရွက်သေးသေး ဆံပင်ပါးပါးနဲ့ကောင်မလေးတစ်ယောက်က “အစ်မချူးထောင် အဆင်ပြေလား”
ခပ်ဝဝနဲ့ ကောင်မလေးတစ်ယောက်ကျ နှာခေါင်းရှုံ့ရင်း “ပြေမှာပေါ့ဟဲ့။ သူ့မျက်နှာက မဟာတံတိုင်းလောက် ထူတာကို နာရကောင်းမှန်း ရှက်ရကောင်းမှန်းလည်း သိမှာမဟုတ်ဘူး”
ဖုန်းချူးထောင်က ဒေါသထွက်သွားပြီး “ဖုန်းဝက် နင့်ကိစ္စ မဟုတ်ဘူး? ပါးစပ်ပိတ်ထား” အဲ့အချိန်မှာ သူတို့နဲ့ မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ကြည့်ကောင်းတဲ့ လူငယ်လေးက မျက်မှန်ပင့်တင်ရင်း
“ချူးထောင် ငါတို့က လုပ်စရာရှိလို့ ရောက်နေတာနော်။ ငါတို့ကို အရှက်ရအောင်မလုပ်နဲ့။ သူ့မျက်နှာကို မဖတ်နိုင်ရင်တောင် သူက ဘယ်သူလဲ အရင်ကြည့်ရမယ်လေ။ မြို့တော်မှာ မငြိမ်မသက်ဖြစ်နေတယ်။ နှိမ့်ချပြီးနေကြရမယ်လေ”
ဖုန်းချူးထောင်က “ငါသူ့ကို ဒုက္ခမပေးပါဘူး ။သူ့ဘေးက ကောင်မလေးကတော့”
“ချူးထောင်” လူငယ်က မျက်မှောင် ကြုတ်လိုက်တယ်။ “နင်ဘာကြံနေတာလဲ အဲ့ကောင်မလေးက သာမန်လူလေ။ နင့်သိက္ခာကို နင်ထိန်း။ သူ့မှာ နင့်အပေါ် ဘာမကောင်းတဲ့ခံစားချက်မှ မရှိတာသေချာတယ်။ အပြစ်မဲ့တဲ့လူတွေအပေါ် ငါတို့ ဘာမှလုပ်မရဘူးလေ။ နင် တစ်ခုခုဆို ငါခေါင်းဆောင်ကို ပြောလိုက်မယ်”
“ဖုန်းယီချန် ငါတို့ ဒီလာတော့ သူက ငါတို့ စီစဉ်တာ လက်ခံမယ်လို့ ပြောတယ်မလား” ဖုန်းချူးထောင်က နှာခေါင်းရှုံ့ရင်း “ဖုန်းမိသားစုက နင့်လိုလူဆီကနေ ဘာမှနားထောင်စရာမလိုဘူး”
သူမက ပြောပြီးတာနဲ့ သူမဘေးက အိတ်ထဲကနေ ဆယ်စင်တီမီတာလောက်ရှိတဲ့ စက္ကူလူရုပ်လေးကို ဆွဲထုတ်လိုက်တယ်။ အဲဒါကို မြင်တော့ ခပ်ဝဝနဲ့ကောင်မလေးက “ဖုန်းချူးထောင် နင်တော်သင့်ပြီ”
ဖုန်းချူးထောင်က အဲ့စကားတွေကို နားထောင်မနေပဲ စက္ကူလူရုပ်ကို စားပွဲပေါ်တင်လို့ မန္တန်ရွတ်ရင်း သူမရဲ့ သွေးတစ်စက်ကိုချလိုက်တယ်။ “ဒီလာခဲ့” သွေးစိမ့်ဝင်သွားတာနဲ့ စက္ကူရုပ်က ချက်ချင်း မတ်တပ်ရပ်လို့ ဖုန်းချူးထောင်ကို လှည့်ကြည့်လာတယ်။ ဖုန်းမိသားစုကလူတွေက သူမကိုကြည့်လိုက်တယ်ာ သူမက ဖုန်းမိသားစုရဲ့ ပါရမီရှငိလေ။ သူမကပဲ စက္ကူရုပ်တွေလုပ်နိုင်တာကိုး။
သူမက အဲ့စက္ကူရုပ်လေးကို ခပ်တိုးတိုးကပ်ပြောလိုက်တယ်။ “သွား သူ့ကို သင်ခန်းစာနည်းနည်းပေးလိုက်” သူမက ယွီယွီ့ကို လက်ညိုးထိုးပြလိုက်တော့ စက္ကူလူရုပ်လေးက ခုန်ချပြီ ယွင်ယွီဆီထွက်သွားတော့တယ်။
“ချူးထောင် နင်ကတော့လေ”
ဖုန်းယီချန်က စိတ်ပူနေတဲ့မျက်နှာနဲ့ လိုက်ကြည့်နေတော့ ဖုန်းချူးထောင်က “သာမန်လူလေးပဲကို ဘာဖြစ်နိုင်မှာမလို့လဲ ငါက သူ့ကို သင်ခန်းစာပေးရုံပါပဲ မသတ်ပါဘူး”
။
ယွင်ယွီက ချင်ယွိစွေအိပ်သွားတာနဲ့ လုပ်စရာမရှိတော့ သူမဖုန်းကိုထုတ်ပြီး ကစားတော့တယ်။ သူမက ရှန်းရှန်းနဲ့ ကျင်းကျင်းကို သူမ နေ့လယ်နှစ်နာရီမှာရောက်မယ်လို့ပြောလိုက်တယ်။ ပြီးတော့ သူမက စုန့်ချန်းမင်းကိုမြင်လိုက်ရပြီး တွန့်ဆုတ်စွာနဲ့ စာပို့လိုက်တော့တယ်။
စုန့်ချန်းမင်းက ချက်ချင်းပြန်ဖြေလာတယ်လေ။ “ရှောင်ယွီအာ ဒီနေ့ မြို့တော်လာမှာလား”
“အင်း နှစ်ရက်လောက်နေမှာ ဘွဲ့ယူရမယ်လေ”
စုန့်ချန်းမင်းက “နှစ်ရက်ပဲလား ဒီမှာ တကယ်စိတ်ဝင်စားစရာကိစ္စလေးရှိနေတော့ ဝင်ပါချင်သေးလား”
ယွင်ယွီက “တော်ပြီ တော်ပြီ အိမ်မှာကိစ္စတွေရှိသေးတယ်”
စုန့်ချန်းမင်းက အော်တော့မတတ်ပဲ။ “ယွီအာလေး အပင်စိုက်တာထက် စိတ်ဝင်စားဖို့ကောင်းတာတွေ အများကြီးပါကွာ သုံးရက်ကြာရင် ရွှမ်းမန်မှာ ဆွေးနွေးပွဲရှိတယ် ဆုကြေးက ယွမ်တစ်သန်းနော်”
သူမတို့က ဖန်ရှန်းရှန်းရဲ့ အခန်းရှေ့မှာရပ်နေရင်း ယွင်ယွီက သူ့ကိုကြည့်ရင်း “ကျေးဇူးပါ အစ်ကိုချင်”
44 04
သူမက သူ ဒီရက်ပိုင်း လုပ်ပေးခဲ့တာတွေအတွက် ဘာပြောရမှန်း တကယ်မသိဘူးလေ။ ပြီးတော့ သူမမိသားစုက သူ့ကိုလက်ခံခဲ့ပေမဲ့ စိမ်းနေကြသေးတယ်။ အထူးသဖြင့် သူက စကားနည်းတဲ့အခါမျိုးမှာပေါ့။ သူအနေကြုတ်နေပေမဲ့ သူမတို့စိတ်မကောင်းမဖြစ်အောင် ဘာမှမပြောဘူးလေ။ သူ့အတွက်တော့ ခက်ခဲမှာလေ။
“ကိစ္စမရှိပါဘူး” သူက သူမကို ဆက်ဆံပြောဆိုရင် အတတ်နိုင်ဆုံး နူးနူးညံ့ညံ့ပဲပြောတယ်လေ။ ယွင်ယွီက တွန့်ဆုတ်နေပေမဲ့ ပြောလိုက်တယ်လေ။ “ရှင့်မှာသာ လုပ်စရာတာဝန်တွေရှိရင် မြို့တော်မှာပဲနေမယ်ဆိုလည်း ရတယ်နော်။ ကျွန်မတို့ရွာနဲ့ကျ ဟိုကူးဒီသန်းမလို့”
“ကိုယ် ခွင့်ယူထားတယ်” ချင်ယွိစွေက ပြောလိုက်တယ်။ “ဒီတစ်ခါ မြို့တော်ပြန်လိုက်တာက အိမ်က အကြီးအကဲတွေကို ကိုယ်လက်ထပ်မဲ့အကြောင်း အသိပေးဖို့လိုတယ်လေ။ ယိုယ့်မိဘတွေကိုက မလိုပေမဲ့ အိမ်ကအကြီးအကဲတွေကိုတော့ အသိပေးရမှာပေါ့”
ယွင်ယွီက လေသံတိုးတိုးနဲ့ “အိမ်ပြန်လိုက်ရင် ခွင့်ရက် တိုမသွားဘူးလား”
ချင်ယွိစွေက ပြတငိးပေါက်ကိုမှီနေရင်းကနေ သူမဖက်ကို ကိုင်းညွတ်လို့ သူမကိုငုံ့ကြည့်ရင်း ပြန်ဖြေတယ်။ “ကိုယ်ပါမှဖြစ်မဲ့တာဝန်မဟုတ်ရင် ကိုယ်က အားလပ်ရက်လိုမျိုးပဲ နေလို့ရတယ် မင်းနဲ့အတူ ရွာပြန်လိုက်ခဲ့မှာပါ။ ယွင်ယွီ အိမ်ဆောက်ပြီးရင် လက်ထပ်လို့အဆငိပြေတယ်မလား”
ယွင်ယွီက ဒီလူလက်ထပ်တာနဲ့ ပတ်သက်ပြီး တအားစိတ်စွဲနေတာကို သိတဲ့ယွင်ယွီက ချက်ချင်းခေါင်းညိတ်လိုက်တယ်။ “ဒါဆို လုပ်စရာရှိတာသွားလုပ်လေ။ ကျွန်မ စောင့်နေမယ်။ ကျွန်မ မြို့တော်မှာ တစ်ပတ်လောက် နေလို့ရတယ်” ထန်ဟုန်လျန်ကိစ္စနဲ့ ဘွဲ့ယူဖို့က သုံးရက်လောက် ပြီးရင် ရုပ်လွန်ပညာဆွေးနွေးပွဲတက်ပြီး ယွမ်တစ်သန်းပါသွားယူမယ်လေ။
ချင်ယွိစွေက နည်းနည်းတုန့်ဆိုင်းနေရင်း “ကိုယ်မင်းရဲ့ ကိုယ်တိုင်းတွေသိချင်လို့ ဖုန့်ကွမ်းရှ နဲ့ဆိုရင် ကြိုပြီးချုပ်ရမယ်လေ အဝတ်အစားအတွက် ကျွမ်းကျင်သူလည်းရှိတယ်။
ယွီယွီ့ထိရှသွားတော့တယ်။ ဖုန့်ကွမ်းရှက ရှေးခေတ်မှာတောင်မှ တအားလှတာ။ မိန်းကလေးတစ်ယောက်လက်ထပ်ခါနီးကျရင် သူ့မင်္ဂလာအဝတ်ကို ကိုယ်တိုင်မဟုတ်ရင် သူမရဲ့ မိခင်နဲ့ ညီအစ်မတွေက ချုပ်ပေးရတယ်လေ။ သူမလို မင်းသမီးဆိုရင် သူမမယ်တော်က တိုင်းပြည်ရဲ့ အကောင်းဆုံး အပ်ချုပ်သမားကို အပ်ပေးမယ်လေ။ သူမက ဒီဘဝရောက်လာတာတောင် အနောက်တိုင်းပုံ လက်ထပ်ပွဲကို သဘောမကျဘူးလေ။ သူမက တရုတ်ရိုးရာဖုန့်ကွမ်းရှကို ပိုသဘောကျတယ်။ ပြီးတော့ သူမရဲ့ ခမည်းတော်နဲ့ မယ်တော်ကလည်း ကောင်းကင်ဘုံကနေကြည့်ရင် ပျော်ရတာပေါ့လေ။ ဘယ်လိုပဲပြောပြော သူမက အခုသာမန်လူပဲလေ။ လွန်ခဲ့တဲ့နှစ်နှစ်ထောင်လောက်က ဝေ့မင်းဆက်ရဲ့ မင်းသမီးလေးမဟုတ်တော့ဘူးလေ။
သူမက မေးလိုက်တယ်။ “အဲဒါက ဈေးများလား”
လက်အပ်အထည်တွေက ဈေးမြှောက်တတ်တယ်လေ။
“ဈေမများပါဘူး”
ချင်ယွိစွေက သူမကို နှစ်သိမ့်လိုက်တယ်။
“ကိုယ့်အဖိုးက သူ့အပေါ်မှာ ကျေးဇူးရှိတယ်လေ အဖိုးက ကိုယ်သာလက်ထပ်ရင် သူ့ဆီမှာ ဖုန့်ကွမ်းရှချုပ်ခိုင်းမယ်ပြောထားဖူးတယ်”
လိုအပ်တဲ့ပစ္စည်းတွေကတော့ သေချာပေါက် သူပြင်ရမှာပေါ့။ သူမြို့တော်ပြန်လာတာက အကြီးအကဲတွေကို အသိပေးတာအပြင် လက်ထပ်ဝတ်စုံအပ်ဖို့ပါပါတယ်လေ။ ဖီနစ်သရဖူတစ်မျိုးထဲကတင် ရွှေ၊ငွေ၊ကျောက်မျက်ရတနာအမျိုးမျိုးလိုအပ်တယ်လေ။ အထူးသဖြင့် ရွှေအစစ်နဲ့လုပ်တာမျိုပေါ့။
“တကယ်လား” ယွင်ယွီက ချင်ယွိစွေသူမကို ရွှေအစစ်နဲ့လုပ်တဲ့ ဖီးနစ်သရဖူဆောင်းခွင့်ပြုမယ်လို့ မထင်ခဲ့ဘူးလေ။
“ဒါပေါ့”
“ကောင်းပြီလေ ကျွန်မအစား အဖိုးကို နှုတ်ဆက်ပေးပါ” ယွင်ယွီက သူ့အဖိုးအကြောင်း ထည့်ပြောတာကြားတော့ သူမနှုတ်ဆက်သင့်တယ်ဆိုတာ သိလိုက်တယ်လေ။
သူမတို့လက်ထပ်ပြီးရင် သူမအဖိုး ဖြစ်လာမှာပဲမလား။ သူမဂရုမစိုက်ရင်တောင် ယဉ်ကျေးမှုနဲ့ ဂါရဝတရားထားသင့်တယ်လေ။ ချင်ယွိစွေရဲ့ လက်တွေ တင်းကြပ်သွားပြီး “အဖိုးက ဦးလေးရဲ့ အလောင်းကနေ ဝိဉာဉ်ကိုနှင်ရာမှာ ဆုံးသွားပြီ”
ယွင်ယွီတောင့်တင်းသွားတယ်။ “တောင်းပန်ပါတယ် ကျွန်....ကျွန်မ....”
သူမက ချင်ယွိစွေမျက်နှာမှာ ချစ်ခင်ရတဲ့မိသားစုဝင် သေဆုံးတာ နှစ်ခုတွေ့ထားတယ်လေ။ တစ်ခုက သူ့အဖိုးဖြစ်နေတာပဲ။
“အဆင်ပြေပါတယ်”
44 05
သူ့အဖိုးကို သူမြုပ်နှံလို့ အုတ်ဂူရှေ့မှာ ခုနှစ်ရက် နေပြီးပြီလေ။ အခုတော့ တအားဝမ်းမနည်းတော့ပါဘူး။
“တောင်းပန်ပါတယ်” ယွင်ယွီက ပြောလိုက်တယ်။ “ရှင် ပြန်သွားတော့မှာလား”
“ကိုယ့်ကို တောင်းပန်ဖို့မလိုပါဘူး” သူက ပြောလိုက်တယ်။ “ကိုယ်တို့ လက်ထပ်တော့မှာပဲဟာ”
“ကောင်းပြီလေ” ယွင်ယွီက ပြုံးပြလိုက်တယ်။ ပြီးတော့ တစ်ချက်တုန့်ဆိုင်းနေပေမဲ့ ရှေ့ကိုတိုးလို့ သူ့ကို ဖက်လိုက်တယ်။ “ကောင်းကောင်းသွားပါ အစ်ကိုချင်”
သူမဖက်လိုက်တာက အကြာကြီးမဟုတ်သလို ဖက်ပြီး လွှတ်လိုက်ရုံလေးပဲလေ။ ချင်ယွိစွေက ခဏတုန့်ဆိုင်းသွားတယ်။ အဲဒီခပ်သေးသေးခန္ဓာကိုယ်လေး သူ့ဆီကနေ ခွာသွားတာ မြန်လွန်းသလိုပဲလေ။ သူက ပြန်ပြောလိုက်တယ်။ “အင်း”
ယွင်ယွီက တံခါးကိုဖွင့်လို့ အခန်းထဲဝင်ပြီး ခရီးဆောင်အိတ်ကို သွင်းလိုက်တယ်။ ချောင်းကြည့်ပေါက်ကနေ သူထွက်သွားတာကို သူမမြင်နေရတယ်လေ။ ယွင်ယွီက ဆိုဖာပေါ်ထိုင်လို့ ခဏနားလိုက်ပြီး ခဏနေကျတော့ ပြန်ထလို့ အိတ်ထဲက ပစ္စည်းတွေ အပြင်ကိုထုတ်တော့တယ်။
မက်မွန်သီးတွေက ကြွပ်ပြီး ချိုတယ်။ မက်မွန်သီးအပျော့တွေက ဒီလိုသယ်လာရင် အကုန်ပျက်ဆီးကုန်မယ်လေ။ ပြီးတော့ သူမက ရေခဲရေတစ်ပုံးထဲကို ဖရဲသီး ထည့်ထားလိုက်တယ်။ ဆားစိမ်ဥတွေနဲ့ အချဉ်တွေကတော့ ထုတ်ထားလိုက်တယ်။
ဖန်ရှန်းရှန်းက အလုပ်ပြီး ညနေငါးနာရီခွဲလောက်မှာ ပြန်ရောက်လာတယ်။ သူမသူငယ်ချင်း ရောက်နေမှန်းလည်းသိရော သူမက ပြေးဖက်ရင်း “ရှောင်ယွီအာ ရောက်လာသေးတယ်နော်”
သူမပုံကပျော်ရွှင်နေပြီး လမ်းခွဲရာကနေ နာကျင်တာလည်း မရှိတော့တဲ့ပုံပဲ။ ယွင်ယွီကရယ်ရင်း “နင့်အလုပ်ရော ဘယ်လိုနေလဲ”သူမတို့က ဆိုဖာပေါ် ထိုင်နေကြရင်းနဲ့ ဖန်ရှန်းရှန်းက “မဆိုးဘူးဟဲ့ ငါ့လုပ်ဖော်ကိုင်ဖက်တွေက လူကောင်းတွေ ပြီးတော့ ငါဖန်သားပြင်ပေါ်ရောက်နိုင်ချေ ရှိမယ်ထင်တယ်”
“ကောင်းတာပေါ့” ယွင်ယွီက သူမသူငယ်ချင်းအတွက် ပျော်မိတယ်လေ။ “နင့်အိမ်ကရော ဘာပြောသေးလဲ”
“ငါ့ကို သုံးနှစ် လုပ်ချင်ရာလုပ်တဲ့” ပြီးတော့သူမက ယွီယွီ့ကို “နင်ရော ဘာအလုပ်လျောက်မှာလဲ”
ယွင်ယွီကရယ်ရင်း “ငါမြို့တော်မှာ အလုပ်လုပ်ဖို့ မကြံပါဘူးဟယ်။ ငါတောင်ထိပ်ကို စာချုပ်နဲ့ငှားပြီး အပင်စိုက်မလို့ နောက်ကျ နင်နဲ့ ကျင်းကျင်း လာလည်ရမယ်နော်”
“ကောင်းလိုက်တာ မြင်ကွင်းလှလှ ပန်းတွေနဲ့ ငှက်တွေ တွေးရုံနဲ့တောင် လိုက်ခဲ့ချင်နေပြီ”
သူမတို့ စကားပြောနေတုန်းမှာ စုန့်ကျင်းကျင်းက ပြန်ရောက်လာတယ်။ သူတို့က ဆုံခဲကြတော့ ညစာအပြင်ထွက်စားဖို့ ကြံလိုက်ကြတယ်။
ယွင်ယွီက သူတို့ကို မက်မွန်သီးခွဲပေးလိုက်တယ်။ အစကတော့ သူတို့ သိပ်ဂရုမစိုက်ပေမဲ့ တစ်စိတ် မြည်းပြီးတဲ့နောက်မှာတော့ “ရှောင်ယွီအာ နင့်မက်မွန်သီးတွေက ကောင်းလိုက်တာဟာ”
အခုခေတ်အသီးအနှံတွေက အရသာမရှိတာ မဟုတ်ရင် အချိုကဲလွန်းတာတွေ များတယ်လေ။ စားပြီးရင် တခြားဟာစားရင် အရသာပျက်ရော။
ယွင်ယွီက “ငါအိမ်မှာ ဒီလို အသီးပင်တွေ စိုက်မလို့ အခြေအနေပေးရင် ယာတောအိမ်ပါ ဖွင့်မယ်လေ”
“ကောင်းသားပဲ” စုန့်ကျင်းကျင်းက ပြောလိုက်တယ်။ “အသီးကကောင်းတော့ မရောင်းရမှာ မပူရဘူး။၊ လူချမ်းသာတွေက ယာတောအိမ်တွေမှာ ညစာစား ငါးမျှားရင်း အချိန်ဖြုန်းရတာ သဘောကျကြတယ်လေ။ ငါသာဆိုလည်း ကိုယ့်မြို့မှာကိုယ် ပိုက်ဆံရှာနိုင်ရင် မြို့တော်ကို လာချင်မှာ မဟုတ်ဘူး။ ဒီမှာက မနက်တိုင်း ရထားမှီအောင်ထ လူတွေကြားထဲ အတင်းတိုးလိူ့ မျက်နှာမပျက်အောင်က ထိန်းရသေးတယ် ဟင်း...”
ဒါက မြို့ကြီးတွေရဲ့ ပြယုဂ်ပဲလေ။ မီးရောင်တောက်တောက်တွေ အလောတကြီး ပြေးလွှားနေရတဲ့ လူတွေနဲ့ပြည့်နေတာ။ နောက်ဆုံးမှာတော့ ရှင်သန်နိုင်ရုံလေးပဲလေ။ ဖန်ရှန်းရှန်းကလည်း ခေါင်းညိတ်လိုက်တယ်။ မစောတော့တာတွေ့တော့ သူတို့က ညစာထွက်စားလိုက်ကြပြီး ပြန်လာတော့ ဖရဲသီးခွဲကြပါလေရော။ ညစာစားပြီး အချိုဓာတ်လေးပါတဲ့ ဖရဲသီးစားတာ ကောင်းတယ်လေ။
ညရှစ်နာရီထိုးတော့ ဖန်ရှန်းရှန်းက အထုတ်ထပြင်တော့တယ်။ သူမက “ငါ့ဝမ်းကွဲ မင်္ဂလာပွဲရှိလို့ ငါပြန်ရမယ် နင်တို့ အေးဆေးအိပ်”
“ရတယ် အေးဆေးသွား”
44 06
ဖန်ရှန်းရှန်းက မက်မွန်သီးရယ် ဖရဲသီးကျန်တဲ့တစ်ဝက်ရယ် ဆားစိမ်ဥနဲ့ အသီးအရွက်ချဉ်တွေမပြီး သူမအိမ်ကို အပြေးနှင်တော့တယ်။
ညကိုးနာရီမှာ ဖန်ချွမ်ရှန်းက ကုမ္ပဏီကနေ အိမ်ပြန်ရောက်လာတယ်။ သူက အားလပ်ရက်ယူဖို့တောင် မအားနေဘူးလေ။ ဖန်ချွမ်ရှန်းရဲ့ ဇနီး ယွီဇီမေ့က လှပပြီး နူးညံ့တဲ့ အမျိုးသမီး သူက ဖန်ချွမ်ရှန်းနဲ့ လက်ထပ်ထားတာ နှစ်နှစ်ဆယ်လောက်ရှိပြီလေ။ ဒီည သူမယောက်ျားက နောက်ကျပြီး သူမသမီးပါ ပြန်လာတော့ နောက်ကျမှ ဟင်းချက်ထားလိုက်တယ်။ ရှန်းရှန်းနဲ့ ချွမ်ရှန်းက ရှေ့ဆင့်နောက်ဆင့် ရောက်လာကြတာ။
“ရှန်းရှန်း ချွမ်ရှန်း ထမင်းစားကြမယ်လေ”
ဖန်ရှန်းရှန်းက မီးဖိူထဲမှာ ဖရဲသီးနဲ့ ဆားစိမ်ဥတွေ လှီးနေတယ်။ သူမက အဲဒါတွေကို သူမမိဘတွေကို ပေးမြည်းချင်တယ်လေ။ ယွီဇီမေ့က “ဒါတွေက ရှန်းရှန်းအတန်းဖော် ယူလာတာတဲ့”
“ဟုတ်ပါ့ ရှောင်ယွီအာက သူ့မြို့ကနေ ယူလာတာလေ။ ဓာတ်မြေဩဇာကင်းပြီး ချိုမှချို”
ဖန်ချွမ်ရှန်းက “အခုအသီးတွေတိုင်းက ချိုတာပါပဲ”
ဖန်ရှန်းရှန်းက မကျေမနပ်နဲ့ “အရင်စားကြည့်ပါဦး အဖေရယ်”
ဖန်ချွမ်ရှန်းက အသီးအနှံတွေကို ကြိုက်တတ်တဲ့လူမျိုး မဟုတ်ဘူး။ ဒါပေမဲ့ သူ့သမီး တကူးတက သယ်လာတာဆိုတော့ ယူစားလိုက်တယ်လေ။ ပြီးတော့ သူအံ့ဩရုံပဲ တတ်နိုင်တော့တယ်။ “ခုဏကပြောတာ အဖေပြန်ရုတ်သိမ်းတယ်၊ ဒီဖရဲသီးက ကောင်းချက်ပဲ အဖေတို့ငယ်ငယ်က ဖရဲသီးခင်းထဲမှာ ဖရဲသီးရွေးခူးပြီး ခွဲစားရတုန်းကလိုပဲ ချိုလိုက်တာ”
သူက ဟော်တယ်ကို စီမံနေတော့ အစားအသောက် ကောင်းမှန်သမျှ စားဖူးတယ်လေ။ အဲ့ထဲမှာ ဒီဖရဲသီးကတော့ ထိပ်တန်းပဲ။ ပြီးတော့ သူက မက်မွန်သီးနဲ့ တခြားဟာတွေပါ မြည်းကြည့်လိုက်တယ်။ အကုန်လုံးကအရသာရှိနေတော့ သူမေးရတော့တယ်။ “ရှန်းရှန်း ဒါတွေအားလုံးက သမီးသူငယ်ချင်းအိမိထွက်လား”
သူက ဟော်တယ်လုပ်ငန်းလေ။ သူ့ဟော်တယ်မှာ တည်ခင်းလိူ့ ပိုက်ဆံဝင်နိုင်လောက်တဲ့ အဆင့်အတန်းရှိတဲ့ အစားအသောက်ဆိုမှတော့ သူ စိတ်မဝင်စားဘဲနေပါ့မလား။
သူ့အဖေစိတ်ကိုသိတဲ့ ဖန်ရှန်းရှန်းပ “အဖေ ဒီနှစ်တော့ မသေချာလောက်ဘူး။ သူမက သုံးဧကစာ အသီးခြံလေးပဲရှိသေးတာ။ ဒါပေမဲ့ တောင်ထိပ်တစ်ခုလုံးငှားပြီး အပင်စိုက်မယ်ကြားတယ်။ နောက်နှစ်တွေအတွက် ရမယ်ထင်တယ်”
“သမီးသူငယ်ချင်းက ရဲသားပဲကွ။ လူငယ်တွေက အဲ့လိုရဲနေရမှာ။ ရှန်းရှန်း သမီးသူငယ်ချင်းကိုပြောပေး။ အသီးတွေ မရောင်းရမှာ မပူနဲ့လို့။ သမီးအဖေက ဟော်တယ်တွေအတွက် ဒိုင်ခံယူပေးမယ်လို့။ ပြီးတော့ အခုငွေရေးကြေးရေး အခက်အခဲရှိခဲ့ရင်လည်း ကူညီမယ်ပြောလိုက်ကွာ နော်သမီး”
******