← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

45 01

အပိုင်း (၄၅)

ဖန်ရှန်းရှန်းက ဒီည ဆားစိမ်ဘဲဥကောင်းလွန်းတော့ စားခဲ့ပြီးတာတောင် ဆန်ပြုတ်တစ်ဇလုံ ထပ်ဝင်သွားတယ်။

အသီးအရွက်ချဉ်ကလည်း ကောင်းတယ်။ အပိုအရသာ ဆေးသကြားနဲ့ ဓာတုအချဉ်တွေမပါဘဲ သဘာဝအရသာစစ်စစ်မလို့ စားရတာ အရသာရှိလွန်းနေတယ်။ ဖန်ချွမ်ရှန်းက တအားသဘောကျနေတယ်။ သူက ဒီလိုမျိုးမှ အစားအသောက်အစစ်လို့တောင် ထင်နေပြီ။ စားပြီးတော့ သူတို့က ဧည့်ခန်းထဲမှာ ဝင်ထိုင်လိုက်ကြရင်း ယွီဇီမေ့က “ရှန်းရှန်း မနက်ဖြန် သမီးဝမ်းကွဲ စစ်ချီ မင်္ဂလာဆောင်နော် ခွင့်ယူလို့ရလား

“ရတာပေါ့ ဘယ်ဝမ်းကွဲလဲ ကောင်းမိသားစုကလား”

ယွီကျင်းမေ့က ခေါင်းညိတ်ရင်း “အမေ့ဝမ်းကွဲရဲ့သမီးလေ” ပြောရရင် တအားသွေးနီးတဲ့ ဝမ်းကွဲမဟုတ်ဘူးလေ။ ဒါပေမဲ့ နှစ်သစ်ကူးလိုမျိုး ပွဲတော်အချိန်တွေဆို တွေ့နေကျကိုး သူတို့ဆက်ဆံရေးက သိရုံပဲလို့ပြောလို့ရပေမဲ့ မျက်မှန်း တမ်းမိပါသေးတယ်။ သူတို့က ချွမ်ရှန်းရဲ့ ကြယ်ငါးပွင့်ဟော်တယ်မှာ ဆောင်ချင်ကြတာ။ ပြောရရင် အဲ့မှာမင်္ဂလာဆောင်ဖို့ ခန်းမငှားရင် ယွမ်သိန်းနဲ့ ချီပေးရတာကိုး။ ယွီကျင်းမေ့ရဲ့ ဝမ်းကွဲလင်မယားက သူတို့သမီး မင်္ဂလာဆောင်အတွက် ငှားချင်ပေမဲ့ သူမက ငြင်းလိုက်တယ်လေ။ ဒါပေမဲ့ ဖန်ရှန်းရှန်းကတော့ သူမရဲ့ ဒီဝမ်းကွဲနဲ့ စကားတောင် မပြောဖူးဘူးလေ။

“အမေ အဖေ သမီးရှောင်ယွီအာကို ခေါ်လာလို့ရလား။ သူက ဘွဲ့လာယူတာဆိုပေမဲ့ ကျင်းကျင်းက သူ့ကို အဖော်မလုပ်နိုင်တော့ သူက ပျင်းနေမှာ” သူမက သူမသူငယ်ချင်းကို ခေါ်ချင်တယ်လေ။

ဖန်ချွမ်ရှန်းကရယ်ရင်း “ဒါပေါ့ သူမက အဖေတို့ကို လက်ဆောင်တွေ အများကြီး ပေးထားတာ ခေါ်သာလည်လိုက်။ မနက်ဖြန်ညစာ စားပွဲပြီးရင် အသစ်ဖွင့်တဲ့ ပန်းခြံသွားလည်ကြ။ အဖေ့မှာ VIP လက်မှတ်ရှိတယ်”

“ကျေးဇူးအဖေ”

နောက်တစ်နေ့မနက်။

စုန့်ကျင်းကျင်းက အလုပ်သွားပြီ။ ယွင်ယွီက လုပ်နေကျအလုပ်တွေပြီးတာနဲ့ ဆန်ပြုတ်နဲ့ ဘဲဥဆားစိမ်ကို စားနေလိုက်တယ်။ စားလို့ပြီးတဲ့အချိန်လောက်မှာ ဖုန်းက မက်ဆေ့ဝင်လာတာ သိလိုက်ရတယ်လေ။ ဖွင့်ကြည့်တော့ ချင်ယွိစွေဆီကပဲ။ အကြောင်းက ယွင်ဝေးဝေးနဲ့ ထန်ဟုန်းလျန်တို့ရဲ့ လိပ်စာ၊ မွေးရကါ၊ မိသားစုဝင်တွေအကြောင်းပါတဲ့ ဖိုင်တစ်ခုပဲ။

သူမဘာလုပ်ချင်လဲ သူသိတယ်လေ။

ယွင်ယွီက အဲ့ဖိုင်ကို သိမ်းလိုက်ပြီး ပျော်နေတဲ့ရုပ်ပြောင်ပုံနဲ့အတူ “ကျေးဇူးနော် အစ်ကိုချင်” လို့ပြန်ပို့လိုက်တယ်။

မကြာခင်မှာ စာပြန်လာတော့‌တယ်။ “အစစအရာရာဂရုစိုက် ပြီးရင် တစ်ခုခုလိုရင် ကိုယ့်ကိူပြော ခေါင်းမာပြီး တစ်ယောက်ထဲ လျောက်မလုပ်နဲ့”

သူမက ထွက်ပြီး ထန်ဟုန်လျန်ရဲ့ အချက်အလက်ကို ကြည့်လိုက်တယ်။ သူက ဒီနှစ်ပိုင်းမှာ ချမ်းသာလာတာ။ ပြီးတော့ တတိယမြောက် မြို့ပတ်လမ်းပေါ်မှာနေတဲ့ မိသားစုကလေ။ ချင်ယွိစွေဆီက အချက်အလက်က တကယ်အသေးစိတ်ကျနေတယ်။

ယွင်ဝေးဝေးကတော့ အခန်းငှားနေရင်း ဒရာမာတစ်ခုမှာ ဝင်သရုပ်ဆောင်နေတယ်လေ။

အဲ့နေရာက သူ့ကို ထန်ဟုန်လျန်က ပေးထာတာ။ မြို့တွင်းကလပ်မှာတုန်းက ယွင်ယွီ အခန်းမှားဝင်ပြီးတဲ့နောက်မှာ ယွင်ဝေးဝေးက အတန်းထဲက တခြားကောင်မလေးတစ်ယောက်ကို ထန်ဟုန်လျန်နဲ့ ချိတ်ပေးခဲ့တယ်လေ။ သူ့နဲ့အိပ်ပြီးတဲ့နောက် အဲ့ကောင်မလေးကို စပျိုးထောင်ပါလေရော။ ယွင်ယွီက တွေးရင်းနဲ့တောင် ရွံရှာလာတော့တယ်။

ကိုးနာရီလောက်မှာ ရှန်းရှန်း သူမကိုလာခေါ်တော့ ယွင်ယွီက ဖုန်းကို သည်းကြီးမည်းကြီး အာရုံစိုက်နေတုန်း။ ရှန်းရှန်းက “ရှောင်ယွီအာ ငါ့နဲ့လိုက်ခဲ့။ နေ့လယ်ကျရင် ပန်းခြံအသစ်မှာ သွားဆော့ရအောင် ငါ့အဖေက VIP လက်မှတ်ပေးလိုက်တယ် တန်းစီစရာ မလိုဘူး”

ယွင်ယွီက ထန်ဟုန်လျန်အိမ်ကိူ သွားဖို့ကြံနေခဲ့တာ။ ဒါပေမဲ့ သူမသူငယ်ချင်းနှဖူးမှာ မည်းနေတာတွေ့တော့ ကံဆိုးတော့မှာသိလို့ လိုက်သွားဖို့ ဆုံးဖြတ်လိုက်တော့တယ်။

ဆယ့်နှစ်နာရီမှာ မင်္ဂလာပွဲက စတုတ္ထမြို့ပတ်လမ်းမှာရှိတဲ့ ကြယ်သုံးပွင့်ဟော်တယ်မှာ ကျင်းပမှာလေ။ ယွင်ယွီက တီရှပ်လက်ရှည် ဂျင်းဘောင်းဘီရှည်နဲ့ဆိုတော့ ရှန်းရှန်းက သူမကို ကျောတစ်ဝက်ဖော်ထားတဲ့ ပွဲတက်ဂါဝန်တစ်ထည် ဝယ်ပေးတယ်လေ။ ပြီးတော့ ယွင်ယွီ ဒေါက်မြင့်ဖိနပ် မစီးတာသိတော့ လှတဲ့ ကြိုးသိုင်းဖိနပ်တစ်ရံ‌ ဝယ်ပေးတယ်။ ပြောရရင် ခြေအိတ်မဝတ်ပဲ ကြိုးသိုင်းဖိနပ်စီးထားတဲ့ ယွင်ယွီက တကယ်လှပနေတာလေ။

သူမအဝတ်လဲပြီး ထွက်လာတော့ ဖန်ရှန်းရှန်းက “ရှောင်ယွီအာ နင်ဘာဆေးစားလို့ အသားအရေ အဲ့လောက်လှရတာလဲ။ လာ လာ ငါနှုတ်ခမ်းနီဆိုးပေးမယ်”

သူမက ယွီယွီ့ကို နှုတ်ခမ်းနီဆိုးပေး ဆံပင်ပြင်ပေးပြီး ကိုယ်လူံပေါ်မှန်ရှေ့ ခေါ်လာရင်း “ရှောင်ယွီအာ လှမှလှ”

ယွင်ယွီက သူမရဲ့ ဗလာဖြစ်နေတဲ့လက်တွေကို ထိရင်း “ဒါက ဖော်ပြလွန်းရာ မကျဘူးလား” သူမက လက်မောင်းပေါ်တဲ့ အဝတ်တွေကိုတောင် သိပ်ဝတ်တာမဟုတ်ဘူး။

45 02

“ဖော်ပြတယ်” ဖန်ရှန်းရှန်းက သူမလက်ကိုဆွဲရင်း “နင်ဖော်ပြတာကို စိုးရိမ်မနေနဲ့။ ငါရွေးပေးတာက အလုံခြုံဆုံးတွေထဲ ပါတယ်နော်”

သူမတွေးကြည့်တော့လည်း မင်္ဂလာဆောင်ကို တီရှပ်နဲ့ ဘောင်းဘီရှည်နဲ့သွားတာက သိပ်မသင့်တော်ဘူးမလား။

“ထားပါတော့ဟယ်”

ဖန်ရှနိူရှန်းက အဝတ်လဲလိုက်ပြီး ဆယ်နာရီနားလောက်မှာ ထွက်လာကြတော့တယ်။ ကားသိပ်မမောင်းပေမဲ့ အခုကတော့ အရင်လဝက်က ဝယ်ခဲ့တဲ့ တစ်သန်းတန် အနီရောင်ပေါ်ရှေးကားကို မောင်းလာပြီလေ။

ဆယ့်တစ်နာရီမှာ သူမတို့က ကြယ်သုံးပွင့်ဟော်တယ်ရှေ့ ရောက်လာတယ်လေ။ ‌ရှန်းရှန်းဝမ်းကွဲ ကောင်းစစ်ချီနဲ့ သူ့သတို့သားက ဧည့်သည်တွေကို ကြိုဆိုနေတယ်လေ။

ဖန်ရှန်းရှန်းကားရပ်သွားတော့ လူတွေက နှစ်ခါပြန်လှည့်ကြည့်ချင်သွားတယ်။ ယွင်ယွီကားထဲကထွက်တော့ သတို့သားက သတိထားမိသွားပြီး ကောင်းစစ်ချီကို မေးလာတော့တယ်။ “အဲဒါမင်းအမျိုးလား”

အနက်ရောင်အနောက်တိုင်းဝတ်စုံနဲ့ ရွှေကိုင်းမျက်မှန်တပ်ထားတဲ့ သတို့သားလက်ကို တွဲထားတဲ့ ‌ကောင်းစစ်ချီက မရေမရာ ပြောတယ်။ “ဟုတ်မယ်ထင်တယ်”

ဒါပေမဲ့ ဖန်ရှန်းရှန်း ထွက်လာတဲ့အခါမှာတော့ သတို့သားရဲ့ မျက်လုံးတွေက မယုံနိုင်ဟန်နဲ့ ပြူးကျယ်သွားတော့တယ်။

******

All Chapters