အခန်း ၄၆
Vol. 5 Ch. 46
46 01
အပိုင်း (၄၆)
ကားပေါ်ကဆင်းပြီးတဲ့နောက် ဖန်ရှန်းရှန်းက သတို့သားနဲ့ သတို့သမီးကို သတိမထားမိဘူး။ သူမက ကားပါကင်ထိုးဖို့ သော့ပေးဖို့အတွက် ဟော်တယ်ပါကင်ဝန်ထမ်းကို ရှာနေတယ်။ ဝန်ထမ်းကို လုံးဝမတွေ့တဲ့အချိန် လုံခြုံရေးဝန်ထမ်းက ရောက်လာပြီး "မစ် အပြင်မှာ ကားပါကင်နေရာတွေ ပြည့်သွားတဲ့အတွက် မြေအောက်ကားပါကင်မှာ သွားထိုးရပါလိမ့်မယ်"
"ကျေးဇူး" ဖန်ရှန်ူရှန်းက သူ့ကို ကျေးဇူးတင်ပြီး ယွင်ယွီဖက်လှည့်လို့ "ရှောင်ယွီအာ ငါ ကားပါကင်သွားထိုးဦးမယ် ခဏစောင့်နေနောိ"
"သွားပါ"
ယွင်ယွီက ပြောပြီးလို့ သတို့သားကိုမြင်လိုက်တော့ အံ့ဩသွားတယ်။ သူမ တကယ်မထင်ထားဘူးလေ။ ရှန်းရှန်းဝမ်းကွဲနဲ့ လက်ထပ်မဲ့လူက ရှန်းရှန်းရဲ့ ရည်းစားဟောင်း ဖုချန်းဆိုတာကိုပေါ့။ သဘောက ဖုချန်းကို လုသွားတာ ရှန်းရှန်းရဲ့ဝမ်းကွဲပေါ့။
သူမ မှတ်မိလိုက်တာက ဖုချန်းမြို့တော်မှာနေဖိူ့ အိမ်ဝယ်နိုင်အောင် ယွမ်နှစ်သိန်းပေးတယ်ဆိုတဲ့ သူ့ကို နှစ်နှစ် သုံးနှစ်လောက် လိုက်ခဲ့တယ်ဆိူတဲ့ ကောင်မလေးက ဒါလေးပေါ့။
ကံကြမ္မာက ဆန်းကြယ်လွနိးတယ်လေ။
ယွင်ယွီက ရှန်းရှန်း မထိန်းချုပ်နိုင်မှာကိုတောင် စိတ်ပူသွားမိတယ်။
ဖုချန်းကလည်း သူ့ရည်းစားဟောင်းနဲ့ သူငယ်ချင်းကို သူ့မင်္ဂလာပွဲမှာ မြင်ရမယ်လို့ကို မထင်ခဲ့တာလေ။ ပြီးတော့ သူတစ်လလောက် မမြင်ခဲ့ရတဲ့ ဒီယွင်ယွီဆိုတဲ့ကောင်မလေးက သူ့ကို မှတ်မိတဲ့ပုံပဲ။
ဖုချန်းက ပန်းပွင့်လေးလိုလှနေတဲ့ ရှန်းရှန်း ဘာလို့လာရသလဲမသိဘူးလေ။ အဲဒါအပြင် ကားက တစ်သန်းလောက်တန်တဲ့ ပေါ်ရှေးကားကြီး။
ဖန်ရှန်းရှန်းက ကားပါကင်ထိုးပြီးတော့ အမြန်ပြန်လာပြီး ယွီယွီ့လက်ကိုတွဲရင်း "ဝင်ရအောင် ရှောင်ယွီအာ"
"ရှန်းရှန်း" ယွင်ယွီက သူမကိုခေါ်ပြီး မျက်လုံးက ဝင်ပေါက်တံခါးမဆီရောက်သွားတယ်။ ရှန်းရှန်းက သူမအကြည့်နောက်ကိုလိုက်ကြည့်ပြီးတော့ သတို့သားကိုမြင်တော့ မျက်မှောင် ကြုတ်သွားတော့တယ်။
"ရှန်းရှန်း နင်မသွားချင်ရင် ငါတိူ့ပြန်ကြမယ်"
ယွင်ယွီက ပြောတော့ ရှန်းရှန်းက လှောင်သလိုရယ်ရင်း "သူတို့ကမှ ကြောက်ရမှာ ငါက ဘာလို့ကြောက်ရမှာလဲ"
အဲ့နောက်မှာတော့ သူမက တံခါးဆီကို ဦးတည်လျောက်သွားတော့တယ်။
ဝင်ပေါက်မှာတော့ ကောင်းစစ်ချီက ရယ်ရင်း "ဝမ်းကွဲရောက်လာပြီပဲ မဟုတ်ရင် ငါနင့်ကို လူလွှတ်ခေါ်ခိုင်းတော့မလို့" သူမလေသံက ဆွဲဆောင်အားတွေ ပြည့်နေတယ်လေ။
"ဝမ်းကွဲ...." ဖုချန်း တောင့်ခဲသွားတော့တယ်။
ကောင်းစစ်ချီကပြုံးရင်း "အားချန်း ဒါက ကျွန်မဝမ်းကွဲ ရှန်းရှန်း ပြီးတော့ သူက" သူမက ယွီယွီ့ကို ကြည့်လိုက်တယ်။
ဖန်ရှန်းရှန်းက ငြိမ်သက်နေတဲ့အသံနဲ့ "ဒါက ငါ့အချစ်ဆုံးသူငယ်ချင်းလေ။ ပြီးတော့ နင်တိူ့လင်မယားလည်း အိုအောင်မင်းအောင် ပေါင်းဖက်လို့ သားသမီး များများရပါစေနော်"
သူမတို့တွေ ဟော်တယ်ထဲ ဝင်သွားတော့ ဖုချန်းမျက်နှာက တွန့်နေပြီး သူပိုသိချင်နေတယ်။ မေးရအောင်ကလည်း ဧည့်သည်တွေ ဆက်လာနေတော့ ဆိုင်းငံ့ထားပြီး လိုက်နှုတိဆက်နေရုံပဲ တတ်နိူင်တယ်လေ။
ဖန်ရှန်းရှန်းက ဟော်တယ်ထဲဝင်လာရင်း သူမမျက်လုံးတွေက နည်းနည်းရဲနေတယ်။ ယွင်ယွီက "ရှန်းရှန်း နင်အဆင်မပြေရင် ဦးလေးနဲ့ ဒေါ်လေးကို ပြောပြပြီး ပြန်ရအောင်လေဟာ”
"ရတယ်" ဖန်ရှန်းရှန်းက ခေါင်းခါလိုက်တယ်။ "ငါက အဲ့ကောင်ပြောတဲ့ သူ့ကို သုံးနှစ်လောက် လိုက်ကြိုက်တဲ့အပြင် အိမ်ဝယ်ပေးတယ်ဆိုတဲ့ ကောငိမလေးက ငါ့ဝမ်းကွဲ ဖြစ်မယ်မထင်ခဲ့ရုံပဲ" သူမက ခါးသီးနေတဲ့ လေသံနဲ့ "တကယ့်ကောင်ကို ငါကြိုက်မိတာပဲ"
ယွင်ယွီက သူမခေါင်းကိုပုတ်ပေးရင်း "ရှန်းရှန်းက ပိုကောငိးတဲ့လူနဲ့တွေ့မှာ။ သူက နင် ဘယ်သူလဲဆိုတာသိရင် နောင်တတွေရဦးမယ်။ အခုကတော့ သူတို့အမျိုးတွေ ပြဿနာလာမရှာအောင် သတိထားပေါ့လေနော်"
ဖန်ရှန်းရှန်းက "ကျေးဇူးပါပဲ ယွီအာရယ် ငါက နည်းနည်းအံ့ဩရုံပါ ဘာမှမဖြစ်ဘူး"
46 02
သူမတို့က ဖန်မိသားစု ထိုင်နေတဲ့နေရာကို ရောက်လာတယ်လေ။
ယွီဇီမေ့က "သမီးက ရှန်းရှန်းသူငယ်ချင်းပဲနေမယ်။ လာထိုင် သမီး"
ယွင်ယွီက ယဉ်ကျေးစွာနဲ့ပဲ "ဦးလေး ဒေါ်လေး ကျွန်မနာမည်က ယွင်ယွီပါ ရှန်းရှန်းသူငယိချင်းပါ"
ဖန်ချွမ်ရှန်းနဲ့ ယွီဇီမေ့က သူမရဲ့ သိမ်မွေ့နူးညံ့ပြီး ယဉ်ကျေးလိမ္မာရှိတဲ့ပုံလေးကို သဘောကျသွားကြတယ်။
"ထိုင်ကြလေကွယ်" ယွီဇီမေ့က ပြောလိုက်တယ်။ အဲ့နောက်မှာ ရှန်းရှန်းမျက်လုံးတွေ နီနေတာ သိလိုက်ရတော့
"ဟော ရှန်းရှန်း သမီး ဘာဖြစ်လာတာလဲ"
ရှန်းရှန်းက ရယ်ရင်း "ဘာမှမဖြစ်ဘူးအမေ သမီးမျက်လုံး ပွတ်တာ ကြမ်းသွားလို့"
သူမက မကောင်းတဲ့ ရည်းစားဟောင်းပစ်သွားရုံနဲ့ မိဘတွေကို စိတ်မပူစေချင်ဘူးလေ။
ဖန်ချွမ်ရှနိးက ယွင်ယွီနဲ့ သီးပင်စားပင်တွေကို ဂရုစိုက်ဖို့နည်းကို ပြောနေတယ်။ ယွင်ယွီကလည်း ဂရုတစိုက် နားထောင်နေလိုက်တယ်။
နေ့လယ်ဆယ့်နစ်နာရီထိုးတော့ မင်္ဂလာသတို့သားနဲ့ သတို့သမီးက ဝင်လာတော့တယ်။ ရယ်စရာကောင်းတာက သတို့သားက နည်းနည်းလွှတ်နေတာကို သတို့သမီးက မသိတာပဲ။ သူတို့စုံတွဲက မိဘတွေကို လက်ဖက်ရည် ဆက်ပြီးတဲ့နောက်မှာတော့ စားသောက်ပွဲက စတော့တယ်။
ယွင်ယွီက စားခါနီးမှာ နှုတ်ခမ်းနီကို ဖျက်လိုက်တယ်။ ပြောရရင် သူမက ကိုယ်ဝန်ရှိနေတော့ နှုတ်ခမ်းနီကိုရောပြီး အစားအစာနဲ့ မျိုချမိတာက ကောင်းတဲ့အရာ မဟုတ်ဘူးလေ။ အဲ့နောက်မှာတော့ မင်္ဂလာစုံတွဲက တစ်ဝိုင်းချင်းလိုက်လို့ နှုတ်ဆက်ရင်း ဂုဏ်ပြုခံကြတော့တယ်။
နှစ်ဖက်မိဘတွေရှိနေတော့ ပထမဆုံး သတို့သားအမျိုးတွေဖက် သွားရတယ်။ ဒါပေမဲ့ သတို့သားအမျိုးက များများစားစား ပါမလာကြတော့ ခဏလေးပြီးသွားပြီး သတို့သမီးရဲ့အမျိုးတွေကို နှုတ်ဆက်ဂုဏ်ပြုရမဲ့ အချိန်ရောက်လာတော့တယ်။
အနီးဆုံးဖြစ်တဲ့ ရှန်းရှန်းတို့ဆီရောက်လာတော့ သူမက မိတ်ဆက်ပေးတယ်။ "ယောက်ျား ဒါက ကျွန်မဦးလေး နဲ့ အဒေါ် ပြီးတော့ သူတိူ့သမီးရှန်းရှန်း"
ဖုချန်းက သဘောပေါက်တယ်။ သူ့အရှေ့က မိသားစုက သူ့မိန်းမအမျိုးတွေထဲမှာမှ ချမ်းသာတဲ့လူတွေ ဒါပေမဲ့ ဘာလို့ ရှန်းရှန်းရဲ့မိသားစု ဖြစ်ရတာလဲ။
ဘာလို့ ရှန်းရှန်းက သူ့မိန်းမရဲ့ ဝမ်းကွဲဖြစ်ရတာလဲ။
ဘာလို့ ရှန်းရှန်းက သူမအိမ်က စီးပွားရေလုပ်ငန်းအသေးလေးလို့ ပြောရတာလဲ။
ရှန်းရှန်းသာ အခြေအနေမှန်ကိုပြောရင် သူတို့ အခုဘာများဖြစ်နေမှာလဲ။
သူက တကယ်တုံးတာပဲ ဘာလို့ရှန်းရှန်းမိသားစုနဲ့ လိုက်မတွေ့မိတာလဲ။ သုံးနှစ် တွဲခဲ့တာတောင်မှလေ။
စစ်ချီက ရှန်းရှန်းတို့မိသားစုက ကြယ်ငါးပွင့်ဟော်တယ်ကြီးကို စီမံတယ်ဆိုတာ သိလိုက်ရတာ်လေ။ လူတော်တော်များများထက် သာလွန်နေပြီလေ။
သူအရင်က ရှန်းရှန်းမိသားစုအကြောငိး မေးလိုက်ရင် သူမဘာပြောလဲ။ အသေးစား စီးပွားရေးလုပ်ငန်းပါတဲ့။
အဲတော့ သူက မြို့ခံဖြစ်တဲ့ ရှန်းရှန်းတို့က သူ့ကို ဒီမှာ အိမ်ဝယ်ဖို့ ကူညီပေးနိုင်မလားလို့မေးတော့ ရှန်းရှန်းက အံ့အားတကြီးနဲ့ သူမက ဘာလို့သူမမိဘအိမ်ကို ရောင်းပြီး အိမ်ဝယ်ရမှာလဲလို့ မေးတယ်လေ။
သူတွေးတော့လည်း ဟုတ်တာပေါ့။ အိမ်တောင် ဝယ်နိုင်နေတာ သူ့ကို မကူညီချင်လို့ပဲလို့ တွေးမိတယ်လေ။ သူက ဖန်ရှန်းရှန်းကို အကြာကြီး စိုက်ကြည့်မိတော့ သူမမိဘတွေရဲ့ မျက်နှာမှာ သဘောမကျဟန်တွေ ပေါ်လာတော့တယ်။
ကောင်းစစ်ချီက သိပ်မကျေနပ်နေဘူး။ သူက ဖုချန်းကို တို့လိုက်ရင်း "ရှင်ဘာလုပ်နေတာလဲ ဦးလေးနဲ့ အဒေါ်ကို ဂုဏ်ပြုလိုက်လေ"
"မင်း...." ဖုချန်းက ဖန်ရှန်းရှန်းကို စိုက်ကြည့်နေတုန်းပဲ။ ဖန်ချွမ်ရှန်းက မျက်မှောင်ကြုတ်ရင်း "ကောင်လေး မင်းဘာလုပ်နေတာလဲ"
ကောင်းစစ်ချီရဲ့မိဘတွေကလည်း သိပ်တော့ပျော်မနေဘူး။ "ရှောင်ဖူ မင်းဦးလေးမိသားစုကို ဂုဏ်ပြုလိုက်လေ"
နောက်ဆုံးတော့ သူက အသိပြန်ဝင်လာပြီး လက်ဖက်ရည်ခွက်ကို မြှောက်လို့ အသံကျယိကျယ်နဲ့ "ဦးလေး အဒေါ် ဝမ်းကွဲ"
46 03
ပြီးတော့ နောက်တစ်ဝိုင်း ကူးသွားကြေတာ့တယ်။ ဖန်ချွမ်ရှန်းက သူ့သမီးရဲ့ စိတ်ညစ်နေတဲ့ မျက်နှာကို ကြည့်ရင်း တစ်ခုခုကို သဘောပေါက်သွားတော့တယ်။
အရင်က သူ့သမီးက ကောင်လေးရှိတယ်ပြောပေမဲ့ တစ်ရက်မှာ ပြတ်သွားကြပြီဆိုပြီး အတော်လေး ဝမ်းနည်းနေခဲ့သေးတယ်လေ။
နှုတ်ဆက်ပြီးတဲ့နောက် ဖုချန်းက သန့်စင်ခန်းထဲ ခဏသွားရင်း စိတ်လျော့ဖို့ လုပ်လိုက်တယ်။
ကောင်းစစ်ချီက ထူးထူးဆန်းဆန်းလုပ်နေတဲ့ သူ့နားလာပြီး "ရှင်ဘာဖြစ်နေတာလဲ အိန္ဒြေမဲ့လောက်အောင်ကို ကျွန်မ ဝမ်းကွဲကို စိုက်ကြည့်နေတာ ရှင်မရှက်ဘူးလား။ ဘာလဲ သူတိူ့မိသားစုက ကျွန်မတို့ထက် ချမ်းသာတော့ ရှင်နောင်တရနေတာလား"
"စစ်ချီ မဟုတ်တာမပြောပါနဲ့ကွာ ငါတို့လက်ထပ်ပွဲတောင် လုပ်နေပြီကို"
"ဒါဆို ဘာလို့စိုက်ကြည့်နေတာလဲ" သူမ ခက်ခက်ခဲခဲ လိုက်ခဲ့ရတဲ့လူလေ။ သူမသေချာပေါက် ဂရုစိုက်ရမှာပေါ့။
"ပြဿနာမရှာပါနဲ့ကွာ ။ဒီနေ့က ပင်ပန်းဦးမှာ တစ်ခုခုသွားစားရအောင်"
ကောင်းစစ်ချီက သူ့ကိုအတင်းဆွဲထားရင်း "ဘာတွေဖြစ်နေတာလဲ ငါ့ကို အရင်ရှင်းပြစမ်း"
ဖုချန်းက "ဒီနေ့လို နေ့ထူနေ့မြတ်မှာ မင်းနဲ့ ငါရန်မဖြစ်ချင်ဘူးကွာ"
"နင်ငါ့ကိုပြော" သူမက သူ့အင်္ကျီစကို အတင်းဆွဲရင်း " နင်ဘာလုပ်တာလဲ ငါ့ကိုပြော"
ဖုချန်းက ရှက်လည်းရှက် ဒေါသလည်းထွက်တော့ "မင်း အဲ့လောက်သိချင်နေရင် အဲဒါငါ့ကောင်မလေးပဲ မင်းနဲ့သာ လက်မထပ်ဖြစ်ရင် သူ့နဲ့ငါ လက်ထပ်ဖြစ်မှာ"
ကောင်းစစ်ချီက တအားလန့်သွားတော့တယ်။ သူ့ကို သူမစလိုက်တုန်းက သူ့မှာ ကောင်မလေးမရှိဘူး။ လနည်းနည်းကြာတော့ ကောင်မလေးရသွားပြီလို့ ပြောတယ်လေ။ သူမဘယ်လိုစုံစမ်းစုံစမ်း ဘယ်သူလဲဆိုတာ မသိခဲ့ရဘူး။ အခုမှ သူမ သိလိုက်ရတာက ဖုချန်းရဲ့ ရည်းစားဟောင်းက သူမဝမ်းကွဲလို့လေ။ ဖုချန်းပြောတော့ သူ့အတွက် ဟိုကောင်မလေးက အိမ်ရောင်းပြီး ပိုက်ဆံမပေးချင်လို့ သူဖြတ်တာတဲ့။ သဘောက ဖန်ရှန်းရှန်းက သူမအိမ်အခြေအနေကို ဖုချန်းကို မပြောပြထားဘူးပေါ့ ဟာသပဲ။
သူမက သေချာစဉ်းစားရမဲ့ဟာတွေကို လျစ်လျူရှုလို့ သူမရဲ့ သဝန်တိုစိတ်က ကြီးစိုးသွားတော့တယ်။ ဒီလူက သူမတန်ဖိုးထား လိုက်ခဲ့ရတာ။ သူ့ကို ရိုက်နှက်ကန်ကျောက်တာ သူမမလုပ်နိုင်ဘူး။ အဲတော့ သူမ ဝမ်းကွဲကိုပဲ ရိုက်ရမှာပေါ့။ သူက အမျိုးတွေရှိတဲ့ဝိုင်းကို အပြေးသွားလိုက်တယ်။ ဖန်ရှန်းရှန်းက "နင်မနားဘူးလား နင်ဧည့်ခံရဦးမှာ ဘာလာလုပ်တာလဲ"
"ငါ ဘာလာလုပ်တယ်ထင်လဲ" ကောင်းစစ်ချီက လှောင်လိုက်တယ်။ ဖန်ချွမ်ရှန်းကတော့ တစ်ခုခုမှားနေပြီလို့ ထင်လိုက်တယါ။ သူ့သမီး တစ်ခုခုဖြစ်မှာ သူစိုးရိမ်တယ်လေ။ ကောင်းစစ်ချီကတော့
"ငါ့ယောက်ျားကို ခိုးသွားဖူးပြီးတာတောင် ငါ့မင်္ဂလာပွဲကို တက်ရဲတယ်ပေါ့လေ"
ပြီးတော့ အပြေးလိုက်လာပြီး တားတဲ့ ဖုချန်းမမှီခင် လက်ကိူမြှောက်လို့ ရိုက်ချလိုက်တယ်။ ဒါပေမဲ့ ယွင်ယွီရဲ့ ခြေထောက်တစ်ဖက်က သူမလက်ကို ပိတ်ကာသွားတော့တယ်။ တိုက်ခိုက်မယ်ဆိူ ခြေထောက်က လက်ထက်ပိုရှည်တော့ အသုံးချရ ပိုအဆင်ပြေတယ်လေ။
******